ဘုရား၏ကြီးစိုးမှုကို သိခြင်းအားဖြင့် လွတ်မြောက်ခြင်းကို ရရှိ၏ကျူး
၁ ထိုကဲ့သို့ လူတို့သည်လူသား၏ အရာအားလုံးနှင့် လူသား၏ ကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် အချက်ကို အမှန်တကယ် သတိမပြုမိဆိုလျှင်၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို အမှန်တကယ် မလိုက်လျှောက်နိုင်လျှင် သူတို့အတွက် “လူတစ်ယောက်၏ကံကြမ္မာက သူ့လက်ထဲမှာရှိသည်” ဆိုသည့် အယူအဆအားဖြင့် မကန့်သတ်ထားစေဖို့၊ တွန်းအားမဖြစ်စေဖို့ ခက်ခဲပါလိမ့်မည်။ ဖန်ဆင်းရှင်၏ အခွင့်အာဏာနှင့် ကံကြမ္မာကို ဆန့်ကျင်ပြီး ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားခြင်း၏ နာကျင်မှုတွေကို ဖယ်ထုတ်ဖို့ ခက်ခဲပါလိမ့်မည်။ ပြောစရာမလိုပါ။ သူတို့ အမှန်တကယ် လွတ်မြောက်ပြီး လွတ်လပ်ဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူတွေ ဖြစ်လာဖို့ ခက်ခဲပါလိမ့်မည်။
၂ ဤအခြေအနေမှ လွတ်မြောက်ဖို့ အရိုးရှင်းဆုံး နည်းလမ်းတစ်ခု ရှိပါသည်။ ယခင်က အသက်ရှင်နေထိုင်သည့်ပုံစံကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝပန်းတိုင်ကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝနေထိုင်မှုပုံစံ၊ ဘဝအပေါ်ရှုမြင်ပုံ၊ အားထုတ်ချက်များ၊ အလိုဆန္ဒများနှင့် စံသတ်မှတ်ချက်များကို အနှစ်ချုပ်ကာ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ဖြစ်သည်၊ ထို့နောက်တွင် ၎င်းတို့ကို ဘုရားသခင်၏ အလိုတော်နှင့် လူသားအတွက် တောင်းဆိုချက်များနှင့် နှိုင်းယှဉ်ကြည့်ပြီး ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘုရားသခင်၏ အလိုတော်နှင့် တောင်းဆိုမှုများနှင့် ကိုက်ညီမှုရှိမရှိ၊ ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘဝ၏ မှန်ကန်သည့် တန်ဖိုးကို ပေးအပ်ခြင်းရှိမရှိ၊ သမ္မာတရားကို ပိုပြီးနားလည်မှုဆီသို့ ဆိုက်ရောက်စေခြင်းရှိမရှိ၊ လူ့သဘာဝနှင့် လူသားပုံသဏ္ဌာန်နှင့် နေထိုင်ခွင့်ပေးခြင်းရှိမရှိ ကြည့်ဖို့ဖြစ်သည်။
၃ လူတို့ကြိုးစားအားထုတ်သည့် ဘဝပန်းတိုင် အမျိုးမျိုးနှင့် ၎င်းတို့၏ မတူကွဲပြားသော ဘဝနေထိုင်မှုပုံစံအမျိုးမျိုးကို သင့်အနေဖြင့် ထပ်တလဲလဲ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် စိတ်ဖြာကြည့်သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချိန်က သူ၏ နဂိုမူရင်း ရည်ရွယ်ချက်နှင့် မည်သည့်အရာကမျှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့်မည်။ ဤအရာအားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏အဝေးသို့ လူတို့ကို ဆွဲခေါ်သွားသည်။ ၎င်းတို့အားလုံးသည် လူသားမျိုးနွယ်သက်ဆင်းသည့် ငရဲကိုရောက်သော ကျင်းများဖြစ်သည်။ ဤအရာကို သင်အသိအမှတ်ပြုပြီးနောက် သင်၏တာဝန်မှာ သင်၏ ဘဝအပေါ် ရှုမြင်ပုံဟောင်းကို ဘေးချိတ်ထားပြီး ထောင်ချောက်အမျိုးမျိုးကို ဝေးဝေးရှောင်ကာ သင့်ဘဝကို ဘုရားသခင်အား တာဝန်ယူစေ၍ သင့်အတွက် အစီအစဉ်များ ပြုလုပ်စေပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် လမ်းညွှန်မှုကိုသာ နာခံလျက် ရွေးချယ်စရာမရှိဘဲ ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာရန် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။