ဘုရားသခင်၏ လက်ရှိအမှုတော်ကို သိကျွမ်းခြင်း

ယနေ့ခေတ်၌ ဘုရားသခင်၏အမှုကို သိရန်မှာ အများအားဖြင့် နောက်ဆုံးသောကာလ လူ့ဇာတိခံ ဘုရားသခင်၏ အဓိကအမှုတော်နှင့် ဘုရားသခင်သည် မည်သည့်အမှုကိုပြုဖို့ ကမ္ဘာမြေသို့ ကြွလာသည်ကို သိရန် ဖြစ်သည်။ ဘုရားသခင်သည် မထွက်ခွာမီ စံနမူနာတစ်ခုပြရန် (နောက်ဆုံးသော ကာလအတွင်းတွင်) ကမ္ဘာမြေသို့ ကြွလာပြီးဖြစ်သည်ကို ယခင်က ငါ၏ နှုတ်ကပတ်တော်များထဲ၌ ငါဖော်ပြပြီးဖြစ်သည်။ ဘုရားသခင်သည် ဤစံနမူနာကို မည်သို့ ချမှတ်သနည်း။ သူသည် နှုတ်ကပတ်တော်များ ပြောဆိုခြင်း၊ အမှုပြုခြင်းနှင့် နယ်မြေအနှံ့ ပြောဆိုခြင်းတို့အားဖြင့် ထိုသို့ လုပ်ဆောင်ပေသည်။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ အမှုဖြစ်သည်။ ကမ္ဘာမြေသည် နှုတ်ကပတ်တော်များ၏ လောကဖြစ်လာစေရန်အတွက်၊ လူတိုင်းသည် သူ၏နှုတ်ကပတ်တော်များအားဖြင့် ထောက်ပံ့ခံရကာ ဉာဏ်ပွင့်စေခြင်းခံရ၍ ထိုသို့ဖြင့် ၎င်းတို့၏ ဝိညာဉ်ထဲတွင် ရှင်းလင်းသော သိနားလည်မှု ရရှိပြီး ရူပါရုံများနှင့် ပတ်သက်၍ ရှင်းလင်းမှု ရရှိဖို့အတွက် သူသည် စကားပြောရုံသာ ပြောလေသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီး နှုတ်ကပတ်တော်များ မိန့်မြွက်ရန်အတွက် ကမ္ဘာမြေသို့ ကြွလာပြီဖြစ်သည်။ ယေရှု ကြွလာခဲ့ချိန်တွင် သူသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားဟောခဲ့ပြီး ကားစင်တင်ခံရခြင်းနှင့်ဆိုင်သည့် ရွေးနုတ်ခြင်းအမှုကို ဖြစ်မြောက်အောင်မြင်ခဲ့လေသည်။ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး အိုဟောင်းသော အရာအားလုံးကို ဖျက်သိမ်းခဲ့သည်။ ယေရှု၏ ကြွရောက်ခြင်းသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ခဲ့သည်။ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ဘုရားသခင်၏ ကြွရောက်ခြင်းသည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေပြီး ဖြစ်သည်။ သူသည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူကို စုံလင်အောင်ပြုဖို့နှင့် လူကို အလင်းပေးပြီး ဉာဏ်ပွင့်စေဖို့အတွက် နှုတ်ကပတ်တော်များကို အသုံးပြုရန်၊ ဤသို့ဖြင့် လူ၏ စိတ်နှလုံး၌ရှိသော မရေရာသော ဘုရား၏နေရာကို ဖယ်ရှားရန် ကြွလာခြင်း ဖြစ်သည်။ ယေရှုကြွလာခဲ့သောအခါ သူသည် ဤအမှုတော်အဆင့်ကို မဆောင်ရွက်ခဲ့ပေ။ သူကြွလာခဲ့သောအခါတွင် အံ့ဖွယ်အမှုများစွာကို လုပ်ဆောင်ခဲ့သည်။ မကျန်းမာသောသူများကို အနာရောဂါငြိမ်းစေခဲ့ပြီး နတ်ဆိုးများကို နှင်ထုတ်ခဲ့ကာ ကားစင်တင်ခံရခြင်းနှင့်ဆိုင်သည့် ရွေးနုတ်ခြင်း အမှုကို လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူတို့၏ အယူအဆများတွင် ဤသည်မှာ ဘုရားသခင် ဖြစ်သင့်သည့်ပုံဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ အကြောင်းမှာ ယေရှု ကြွလာခဲ့ချိန်တွင် သူသည် လူသား၏နှလုံးသားထဲမှ မရေရာသော ဘုရား၏ ပုံရိပ်အား ဖယ်ရှားခြင်းအမှုကို မလုပ်ဆောင်ခဲ့ပေ။ သူကြွလာခဲ့ချိန်တွင် သူသည် ကားစင်တင်ခံခဲ့ရသည်၊ မကျန်းမာသောသူများကို အနာငြိမ်းစေခဲ့ပြီး နတ်ဆိုးများကို နှင်ထုတ်ခဲ့ကာ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိ တရား​ေဟောခဲ့သည်။ တစ်ဖက်တွင် နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူသား၏ စိတ်နှလုံးထဲတွင် မရေရာသော ဘုရား၏ ပုံရိပ်မရှိတော့ရန်အလို့ငှာ လူသား၏ အယူအဆများထဲမှ မရေရာသည့် ဘုရားက ထိန်းသိမ်းထားသည့် နေရာကို ဖယ်ရှားလေသည်။ သူ၏ လက်တွေ့ကျသော နှုတ်ကပတ်တော်များနှင့် အမှု၊ နေရာအမျိုးမျိုးသို့ သူ၏ သွားရောက်လည်ပတ်မှုနှင့် လူသားအလယ် သူလုပ်ဆောင်ခဲ့သည့် အထူးလက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုမှတစ်ဆင့် လူသားကို ဘုရားသခင်၏ လက်တွေ့ကျခြင်းအား သူသိစေပြီး လူသား၏နှလုံးသားထဲက မရေရာသည့် ဘုရားသခင်၏ နေရာကို ဖယ်ရှားလေသည်။ အခြားတစ်ဖက်တွင် ဘုရားသခင်သည် လူသားကို စုံလင်စေရန်နှင့် အရာခပ်သိမ်းကို ပြီးမြောက်စေရန် သူ၏ လူ့ဇာတိက ပြောဆိုသော နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်က ပြီးမြောက်စေမည့် အမှုဖြစ်သည်။

သင်တို့သိရမည့်အရာမှာ

၁။ ဘုရားသခင်၏ အမှုသည် သဘာဝလွန်ဖြစ်ရပ် မဟုတ်သည့်အပြင် ယင်းနှင့်ပတ်သက်၍ အယူအဆများ သင်တို့ မသိုထားသင့်ပေ။

၂။ လူ့ဇာတိခံ ဘုရားသခင်က ဤအကြိမ်တွင် လုပ်ဆောင်ရန် ကြွဆင်းလာပြီးဖြစ်သည့် အဓိကအလုပ်ကို သင်တို့နားလည်ရမည်။

ဘုရားသခင်သည် မကျန်းမာသူများကို အနာရောဂါ ငြိမ်းစေဖို့ဖြစ်စေ၊ နတ်ဆိုးများကို နှင်ထုတ်ဖို့ဖြစ်စေ၊ နိမိတ်လက္ခဏာများကို ပြသဖို့ဖြစ်စေ ကြွလာခြင်း မဟုတ်သည့်အပြင် နောင်တတရားနှင့်ဆိုင်သော ဧဝံဂေလိတရားဟောဖို့ဖြစ်စေ၊ လူသားကို ရွေးနုတ်ခြင်းပေးဖို့ဖြစ်စေ ကြွလာခြင်းမဟုတ်ပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ယေရှုသည် ဤအမှုကို လုပ်ဆောင်နှင့်ပြီး ဖြစ်သည့်အပြင် ဘုရားသခင်သည် တူညီသော အမှုကို ထပ်မပြုသောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ဖို့နှင့် ကျေးဇူးတော်ခေတ်၏ အလေ့အထများအားလုံးကို ဖျက်သိမ်းဖို့ ကြွလာပြီးဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်သည် အဓိကအားဖြင့် သူ၏ လက်တွေ့ကျမှုကို ထုတ်ဖော်ဖို့ ကြွလာပြီဖြစ်သည်။ ယေရှုကြွလာခဲ့ချိန်တွင် သူသည် များစွာ မပြောခဲ့ချေ။ သူသည် အဓိကအားဖြင့် ထူးဆန်းသောတန်ခိုးများ ပြသခဲ့သည်၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို လုပ်ဆောင်ခဲ့ပြီး မကျန်းမာသူများကို အနာငြိမ်းစေကာ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည် သို့မဟုတ်ပါက သူသည် အမှန်တကယ် ဘုရားသခင်ဖြစ်ပြီး သူသည် လူ့ဇာတိဆိုင်ရာ ခံစားချက်များမရှိသည်ကို လူတို့အား လုံးလုံး ခိုင်မာသော ထင်မြင်ယူဆချက်ဖြင့် သူ့အပေါ် ယုံကြည်စေကာ မြင်စေရန်အလို့ငှာ ပရောဖက်ပြုချက်များကို ပြောဆိုခဲ့သည်။ နောက်ဆုံးတွင် ကားစင်တင်ခံရခြင်း အမှုကို သူ ပြီးစီးခဲ့သည်။ ယနေ့ခေတ် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မပြသည့အပြင် မကျန်းမာသူများ အနာငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့လည်း မရှိပေ။ ယေရှုကြွလာခဲ့ချိန်တွင် သူ လုပ်ဆောင်ခဲ့သောအမှုသည် ဘုရားသခင်၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုခဲ့သော်လည်း ဤအကြိမ်တွင် ဘုရားသခင်သည် အချိန်ကျပြီဖြစ်သော အမှု၏ အဆင့်ကို လုပ်ဆောင်ရန် ကြွလာပြီဖြစ်သည်။ ဘုရားသခင်သည် အမှုတစ်မျိုးတည်းကို ထပ်မလုပ်ပေ၊ သူသည် အစဉ်သဖြင့် သစ်လွင်ပြီး မည်သည့်အခါမျှ မအိုဟောင်းသော ဘုရားသခင် ဖြစ်သည်၊ ထို့ကြောင့် ယနေ့ သင် မြင်သမျှအားလုံးသည် လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ ဖြစ်သည်။

နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူသား၏ အသက်အတွက် လိုအပ်သမျှ အားလုံးကို ရှင်းပြရန်၊ မည်သည့်အရာထဲသို့ လူသား ဝင်ရောက်သင့်သည်ကို ညွှန်ပြရန်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို လူသားအားပြသရန်နှင့် ဘုရားသခင်၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့် အံ့ဖွယ်ဖြစ်ခြင်းတို့ကို လူသားအား ပြသရန် လူ့ဇာတိခံယူခဲ့ပြီဖြစ်သည်။ ဘုရားသခင်ပြောဆိုသည့် နည်းလမ်းများစွာမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ အထွတ်အထိပ်ဖြစ်မှု၊ ဘုရားသခင်၏ ကြီးမြတ်မှုတို့နှင့် ထိုထက်ပို၍ပင် ဘုရားသခင်၏ နှိမ့်ချမှုနှင့် ကွယ်ဝှက်မှုတို့ကို ရှုမြင်ရသည်။ ဘုရားသခင်သည် အထွတ်အထိပ် ဖြစ်သော်လည်း သူသည် နှိမ့်ချပြီး ကွယ်ဝှက်သည့်အပြင် အားလုံးထဲမှ အငယ်ဆုံးသောသူ ဖြစ်လာနိုင်သည်ကို လူသားက မြင်ရသည်။ သူ၏နှုတ်ကပတ်တော်ထဲမှ အချို့ကို ဝိညာဉ်တော်၏ ရှုထောင့်မှ တိုက်ရိုက် ပြောဆိုခဲ့သည်၊ အချို့ကို လူသား၏ရှုထောင့်မှ တိုက်ရိုက်ပြောဆိုပြီး အချို့ကို တတိယလူ၏ ရှုထောင့်မှ ပြောဆိုလေသည်။ ဤအရာတွင် ဘုရားသခင်၏ အမှု နည်းဟန်များသည် အလွန် ကွဲပြားပြီး ယင်းကို လူသားအား သူ မြင်တွေ့စေသည်မှာ နှုတ်ကပတ်တော်များမှတစ်ဆင့် ဖြစ်သည်ကို တွေ့မြင်နိုင်သည်။ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏အမှုသည် ပုံမှန်ဖြစ်သည့်အပြင် လက်တွေ့လည်းကျသည်။ ထို့ကြောင့် နောက်ဆုံးသောကာလရှိ လူစုသည် အကြီးမားဆုံးသော စမ်းသပ်မှုကို ခံရလေသည်။ ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျခြင်းကြောင့် လူအားလုံးသည် စမ်းသပ်မှုများအလယ် ဝင်ရောက်ကြပြီးဖြစ်သည်။ လူသားတို့သည် ဘုရားသခင်၏ စမ်းသပ်မှုများထဲသို့ သက်ဆင်းရပြီးဖြစ်သည်မှာ ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျခြင်းကြောင့် ဖြစ်သည်။ ယေရှု၏ခေတ်အတွင်းတွင် အယူအဆများ သို့မဟုတ် စမ်းသပ်မှုများ မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယေရှုပြုခဲ့သည့် အမှုအများစုသည် လူသား၏ အယူအဆများနှင့် ကိုက်ညီခဲ့ခြင်းကြောင့် လူများက သူ့နောက်လိုက်ခဲ့ကြကာ သူနှင့်ပတ်သက်ပြီး အယူအဆများ မရှိခဲ့ကြချေ။ ယနေ့၏ စမ်းသပ်မှုများသည် လူသားက ရင်ဆိုင်ဖူးသည့် အကြီးမားဆုံးသော စမ်းသပ်မှုဖြစ်ပြီး ဤလူတို့သည် ကြီးမားသော ဆင်းရဲဒုက္ခမှ ထွက်ပေါ်လာကြပြီးဖြစ်သည်ဟု ဆိုသည့်အခါတွင် ဤသည်မှာ ရည်ညွှန်းထားသည့် ဆင်းရဲဒုက္ခ ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ဆင်းရဲဒုက္ခကို လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ကို လူတို့အထဲတွင် ဖြစ်ပေါ်လာစေရန် စကားပြောဆိုလေသည်။ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များသည် လူသား၏ သဘာဝ အနှစ်သာရနှင့်အညီ၊ လူသား၏ အပြုအမူ၊ သရုပ်သကန်တို့နှင့်အညီ၊ ယနေ့ခေတ် လူသား ဝင်ရောက်သင့်သည့်အရာနှင့်အညီ ပြောဆိုထားခြင်း ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များသည် လက်တွေ့ကျသည့်အပြင် ပုံမှန်လည်း ဖြစ်သည်။ သူသည် မနက်ဖြန်အကြောင်း မပြောဆိုသည့်အပြင် ယမန်နေ့ကိုလည်း ပြန်မလှည့်ကြည့်ပေ။ ယနေ့ ဝင်ရောက်သင့် သည့်အရာ၊ လက်တွေ့လုပ်ဆောင်သင့်သည့်အရာနှင့် နားလည်သင့်သည့် အရာများကိုသာ သူ ပြောဆိုသည်။ မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြသနိုင်သည့်အပြင် နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး မကျန်းမာသူများကို အနာငြိမ်းစေနိုင်ကာ များစွာသော ထူးဆန်းသောအမှုများကို ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟု အခိုင်အမာဆိုလျှင် ဤသည်မှာ ဆိုးယုတ်သော ဝိညာဉ်တစ်ကောင်က အယောင်ဆောင်တုပခြင်းဖြစ်မည်၊ ယင်းမှာ ယေရှုကို လိုက်တုသည့် ဆိုးယုတ်သော ဝိညာဉ်တစ်ကောင်၏ လုပ်ရပ်သာဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ကာ ဘုရားသခင်သည် အမှု၏ ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် မကိုက်ညီချေ။ ဥပမာအနေဖြင့် ဓမ္မဟောင်းကျမ်းသည် မေရှိယ ကြွလာခြင်းကို ကြိုတင်ဟောကိန်းထုတ်ခဲ့ပြီး ဖြစ်ချင်တော့ ယေရှုသည် ကြွလာသည့်သူ ဖြစ်နေသည်။ သို့ဖြစ်၍ နောက်ထပ်မေရှိယတစ်ပါး ကြွလာခြင်းမှာ မှားမည်ဖြစ်သည်။ ယေရှုသည် တစ်ကြိမ်ကြွလာနှင့်ပြီးဖြစ်ကာ ဤတစ်ကြိမ်တွင် “ယေရှု” တစ်ဖန်ကြွလာခြင်းက မှားမည်ဖြစ်သည်။ ခေတ်တိုင်းအတွက် နာမတစ်ခုရှိပြီး နာမအသီးသီးတွင် ထိုခေတ်၏ ဂုဏ်အင်္ဂါကို သရုပ်ဖော်ချက် ပါဝင်လေသည်။ လူသား၏ အယူအဆများတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို အစဉ်အမြဲ လုပ်ဆောင်ရမည်၊ မကျန်းမာသောသူများကို အစဉ်အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အစဉ်အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ ယေရှုကဲ့သို့ အစဉ်အမြဲ ဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင် ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို လုပ်ဆောင်နေဆဲဖြစ်ခဲ့ပါက နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက၊ သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သည့်အပြင် ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အဓိပ္ပာယ် သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက် ဆိုးယုတ်သော ဝိညာဉ်များက လိုက်တုရန် ကြိုးစားကြပြီး စာတန်သည် ဘုရားသခင်နောက် ထက်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင် ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက် ဆိုးယုတ်သော ဝိညာဉ်များက ယင်းကို လိုက်တုရန် ကြိုးစားကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။ ယနေ့ ဘုရားသခင်၏ အမှုသည် အဘယ်ကြောင့် ယေရှု၏ အမှုနှင့် မတူ ကွဲပြားရသနည်း။ ယနေ့ ဘုရားသခင်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မဆောင်ရွက်သနည်း၊ နတ်ဆိုးများကို မနှင်ထုတ်သနည်း၊ ပြီးလျှင် အဘယ်ကြောင့် မကျန်းမာသောသူများကို အနာမငြိမ်းစေသနည်း။ ယေရှု၏ အမှုသည် ပညတ်တော်ခေတ်အတွင်း လုပ်ဆောင်ခဲ့သော အမှုနှင့် တူညီနေခဲ့မည်ဆိုပါက သူသည် ကျေးဇူးတော်ခေတ်၏ ဘုရားသခင်ကို ကိုယ်စားပြုပြီး ဖြစ်နိုင်မည်လော။ သူသည် ကားစင်တင်ခံရခြင်း အမှုကို ပြီးစီးပြီး ဖြစ်နိုင်မည်လော။ ပညတ်တော်ခေတ်ထဲကကဲ့သို့ ယေရှုသည် ဗိမာန်တော်ထဲသို့ဝင်ပြီး ဥပုသ်နေ့ကို စောင့်ထိန်းခဲ့ပါက၊ သူသည် မည်သူ၏ နှိပ်စက်ညှဉ်းပန်းခြင်းကိုမျှ မခံခဲ့ရဘဲ အားလုံးက ကြိုဆိုလက်ခံခဲ့ကြပါက သူသည် ကားစင်တင်ခံခဲ့ရပြီး ဖြစ်နိုင်မည်လော။ ရွေးနုတ်ခြင်းအမှုကို သူ ပြီးစီးပြီးဖြစ်နိုင်မည်လော။ နောက်ဆုံးသော ကာလ၏ လူ့ဇာတိခံ ဘုရားသခင်သည် ယေရှုပြုခဲ့သကဲ့သို့ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ဆောင်ရွက်ခဲ့ပါက အဘယ် အဓိပ္ပာယ် ရှိမည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင်သည် သူ့အမှု၏ နောက်တစ်ပိုင်း၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အစိတ်အပိုင်းကို ကိုယ်စားပြုသည့် အရာတစ်ခုကို လုပ်မှသာ လူသားသည် ဘုရားသခင်နှင့် ပတ်သက်သည့် သာ၍ နက်ရှိုင်းသော သိကျွမ်းမှုကို ရရှိနိုင်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် ပြီးစီးနိုင်ပေသည်။

နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင်သည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကိုပြောရန် ကြွလာပြီး ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ရှုထောင့်မှ၊ လူသား၏ရှုထောင့်နှင့် ဘေးလူတစ်ဦး၏ရှုထောင့်မှ စကားပြောသည်။ သူသည် အချိန်ကာလ တစ်ခုအတွက် နည်းလမ်းတစ်ခုကို အသုံးပြုရင်း မတူကွဲပြားသော နည်းလမ်းများဖြင့် စကားပြောဆိုကာ လူသား၏အယူအဆများကို ပြောင်းလဲရန်နှင့် လူသား၏နှလုံးသားထဲက မရေရာသော ဘုရားသခင်၏ ပုံရိပ်ကို ဖယ်ရှားရန် ဤစကားပြောခြင်း နည်းလမ်းများကို အသုံးပြုသည်။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်သည့် အဓိကအမှုဖြစ်သည်။ အကြောင်းမှာ ဘုရားသခင် ကြွလာသည့်အခါတွင် သူသည် မကျန်းမာသူကို အနာငြိမ်းစေမည်၊ နတ်ဆိုးများကို နှင်ထုတ်ကာ ထူးဆန်းသောတန်ခိုးများကို ပြပြီး လူတို့အပေါ် ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးမင်္ဂလာများ ပေးသနားမည်ဟု လူတို့က ယုံကြည်သောကြောင့် ဘုရားသခင်သည် လူသား၏ အယူအဆများထဲရှိ ထိုအရာများကို ဖယ်ရှားရန်အတွက်၊ လူတို့အား ဘုရားသခင်၏ လက်တွေ့ကျမှုနှင့် ပုံမှန်ဖြစ်မှုတို့ကို သိရှိစေရန်အတွက်၊ လူတို့၏ စိတ်နှလုံးထဲမှ ယေရှု၏ ပကတိပုံရိပ်ကို ဖယ်ရှားရန်အတွက်၊ လူတို့၏ စိတ်နှလုံးကို နေရာယူရန် ဘုရားသခင်၏ ပုံရိပ်အသစ်ဖြင့် အစားထိုးနေရာယူစေရန်အတွက် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အလုပ်ဖြစ်သည့် ဤအလုပ်အဆင့်ကို ဆောင်ရွက်လေသည်။ လူသား၏အတွင်းရှိ ဘုရားသခင်၏ ပုံရိပ်သည် ဟောင်းလာသည်နှင့်တစ်ပြိုင်နက် ယင်းသည် ရုပ်တုဆင်းတုတစ်ခု ဖြစ်လာလေသည်။ ယေရှု ကြွလာခဲ့ပြီး အမှု၏ အဆင့်ကို ဆောင်ရွက်ခဲ့ချိန်တွင် သူသည် ဘုရားသခင်၏ အလုံးစုံကို ကိုယ်စားမပြုခဲ့ပေ။ သူသည် နိမိတ်လက္ခဏာအချို့နှင့် အံ့ဖွယ်အမှုအချို့ကို ပြသခဲ့သည်၊ နှုတ်ကပတ်တော်အချို့ ပြောခဲ့ပြီး နောက်ဆုံးတွင် ကားစင်တင်ခံခဲ့ရသည်။ သူသည် ဘုရားသခင်၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုခဲ့သည်။ သူသည် ဘုရားသခင်နှင့်ဆိုင်သော အရာအားလုံးကို ကိုယ်စားမပြုနိုင်ခဲ့ဘဲ ယင်းထက် ဘုရားသခင်၏ အမှု တစ်စိတ်တစ်ဒေသကို လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်ကို ကိုယ်စားပြုခဲ့သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် အလွန် ကြီးမြတ်ပြီး အလွန် အံ့ဖွယ်ဖြစ်ကာ သူသည် သိနားလည်၍ မရနိုင်သောကြောင့် ဖြစ်ပြီး ခေတ်တိုင်းတွင် ဘုရားသခင်သည် သူ၏ အမှု၏ တစ်စိတ်တစ်ပိုင်းကိုသာ လုပ်ဆောင်သောကြောင့် ဖြစ်သည်။ ဤခေတ်အတောအတွင်း ဘုရားသခင် လုပ်ဆောင်သော အမှုသည် အဓိကအားဖြင့် လူသားအတွက် အသက်နှုတ်ကပတ်တော်များ ထောက်ပံ့ပေးခြင်း၊ လူသား၏ သဘာဝ အနှစ်သာရ၊ ပြီးလျှင် ၎င်း၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဖော်ထုတ်ခြင်းနှင့် သူ၏ ဘာသာရေးဆိုင်ရာ အယူအဆများ၊ မြေရှင်ပဒေသရာဇ်စနစ် အတွေးအခေါ်၊ ခေတ်မမီတော့သော အတွေးအခေါ်အပြင် အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားရှင်းလင်းခြင်း ဖြစ်သည်။ ဤအရာများအားလုံးတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် သန့်စင်စေရမည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို အသုံးမပြုဘဲ သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းတို့ကို မြင်လာစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ရှုမြင်ရန်အလို့ငှာ ဘုရားသခင်သည် လူသားကို ထုတ်ဖော်ဖို့၊ လူသားကို တရားစီရင်ဖို့၊ လူသားကို ပြစ်တင်ဆုံးမဖို့နှင့် လူသားကို စုံလင်စေဖို့ သူ၏နှုတ်ကပတ်တော်များကို အသုံးပြုလေသည်။ ပညတ်တော်ခေတ်အတွင်းတွင် ယေဟောဝါသည် သူ၏နှုတ်ကပတ်တော်များဖြင့် မောရှေကို အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ခဲ့ပြီး ဣသရေလလူမျိုးများထံ နှုတ်ကပတ်တော်အချို့ ပြောဆိုခဲ့သည်။ ထိုအချိန်တွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များထဲမှ တစ်စိတ်တစ်ပိုင်းကို ထုတ်ဖော်ပြခဲ့သော်လည်း လူသား၏အရည်အချင်းသည် အကန့်အသတ်ရှိပြီး လူသား၏အသိပညာကို မည်သည့်အရာကမျှ မပြည့်စုံစေနိုင်ခဲ့သောကြောင့် ဘုရားသခင်သည် ဆက်လက်စကားပြောဆိုကာ အမှုပြုခဲ့ရသည်။ ကျေးဇူးတော်ခေတ်တွင် လူသားသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များထဲမှ တစ်စိတ်တစ်ပိုင်းကို နောက်တစ်ကြိမ် မြင်ခဲ့ရသည်။ ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများ ပြနိုင်ခဲ့သည်၊ မကျန်းမာသူများကို အနာငြိမ်းစေနိုင်ခဲ့ပြီး နတ်ဆိုးများကို နှင်ထုတ်နိုင်ခဲ့ကာ ကားစင်တင်ခံနိုင်ခဲ့သည်၊ ယင်းနောက် သုံးရက်မြောက်နေ့တွင် ရှင်ပြန်ထမြောက်ပြီး လူရှေ့တွင် လူ့ဇာတိဖြင့် ပေါ်ထွန်းခဲ့သည်။ ဘုရားသခင်နှင့် ပတ်သက်၍ လူသားသည် ဤအရာထက် ပို၍ မသိပေ။ လူသားသည် ဘုရားသခင်က သူ့ကို ထုတ်ဖော်ပြသလောက် သိပြီး ဘုရားသခင်သည် လူသားကို နောက်ထပ် မည်သည့်အရာမျှ ထုတ်ဖော်မပြခဲ့ပါက ယင်းမှာ ဘုရားသခင်နှင့် သက်ဆိုင်သည့် လူသား၏ ဘောင်ခတ်မှု အတိုင်းအတာ ဖြစ်ပေမည်။ ထို့ကြောင့် သူနှင့်ပတ်သက်သည့် လူသား၏အသိပညာ သာ၍ နက်ရှိုင်းလာနိုင်စေဖို့နှင့် ဘုရားသခင်၏ အနှစ်သာရကို လူသားက တဖြည်းဖြည်း သိလာနိုင်စေဖို့အလို့ငှာ ဘုရားသခင်သည် ဆက်လက် အမှုပြုလေသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူသားကို စုံလင်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖော်ထုတ်ပြီး သင်၏ ဘာသာရေး အယူအဆများကို ဘုရားသခင်၏ လက်တွေ့ကျခြင်းက အစားထိုးလေသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် အဓိကအားဖြင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိထဲ ကြွလာသည်နှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” ဟူသည့် နှုတ်ကပတ်တော်များကို ပြည့်စုံစေရန် လူ့ဇာတိခံယူခဲ့ပြီဖြစ်ကာ ဤအရာနှင့်သက်ဆိုင်သည့် စေ့စပ်သေချာသော သိနားလည်မှုတစ်ခု သင့်ထံတွင် မရှိပါက သင်သည် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။ နောက်ဆုံးသောကာလအတောအတွင်းတွင် ဘုရားသခင်သည် အဓိကအားဖြင့် နှုတ်ကပတ်တော်က လူ့ဇာတိ၌ ပေါ်လာသည့် အမှု၏အဆင့်တစ်ခုကို ဖြစ်မြောက်အောင်မြင်ရန် ရည်ရွယ်ပြီး ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် အလုပ်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ထို့ကြောင့် သင်တို့၏ အသိသည် စေ့စေ့စပ်စပ် ဖြစ်ရမည်။ ဘုရားသခင် မည်သို့အမှုပြုသည်ဖြစ်စေ၊ ဘုရားသခင်သည် သူ့ကို ဘောင်ခတ်ရန် လူသားကို အခွင့်မပေးပေ။ ဘုရားသခင်သည် ဤအမှုကို နောက်ဆုံးသောကာလအတောအတွင်းတွင် မလုပ်ဆောင်ခဲ့ပါက ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အသိပညာသည် နောက်ထပ်ရှေ့ဆက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် ကားစင်တင် ခံရနိုင်ပြီး သောဒုံမြို့ကို ဖျက်ဆီးနိုင်သည်၊ ပြီးလျှင် ယေရှုသည် သေရာမှ ရှင်ပြန်ထမြောက်နိုင်ပြီး ပေတရုထံ ကိုယ်ထင်ပြနိုင်သည်ကိုသာ သင်သိပေမည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များက အရာခပ်သိမ်းကို ပြီးမြောက်စေနိုင်သကဲ့သို့ လူသားအား သိမ်းပိုက်နိုင်သည်ဟု သင် လုံးဝ ပြောမည် မဟုတ်ချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခြင်းမှတစ်ဆင့်သာ သင်သည် ထိုသို့သော သိကျွမ်းမှုကို ပြောဆိုနိုင်သည်။ သင် ဘုရားသခင်၏ အမှုကို သင်ပို၍ တွေ့ကြုံလေ၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏ သိကျွမ်းမှုသည် သာ၍ နှံ့စပ်လေလေ ဖြစ်လာလိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်ကို သင်၏ အယူအဆများအတွင်း ဘောင်ခတ်လိမ့်မည် မဟုတ်တော့ပေ။ လူသားသည် ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်းအားဖြင့် ဘုရားသခင်ကို သိကျွမ်းလာသည်။ ဘုရားသခင်ကို သိကျွမ်းရန် မှန်ကန်သည့် အခြားနည်းလမ်း မရှိပေ။ ယနေ့တွင် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများ၊ ပြီးလျှင် ကြီးမားသည့် ကပ်ဘေးများ၏ အချိန်ကာလကိုသာ စောင့်ဆိုင်းကြသည့် လူများစွာရှိလေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သလော သို့မဟုတ် ကြီးမားသည့် ကပ်ဘေးများကို ယုံကြည်သလော။ ကြီးမားသော ကပ်ဘေးများ ရောက်ရှိချိန်တွင် အလွန် နောက်ကြသွားလိမ့်မည်ဖြစ်ပြီး ဘုရားသခင်သည် ကြီးစွာသော ကပ်ဘေးကို မစေလွှတ်ပါက သူသည် ဘုရားမဟုတ်တော့သလော။ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ယုံသည်လော သို့မဟုတ် ဘုရားသခင် ကိုယ်တိုင်ကို သင်ယုံသလော။ ယေရှုသည် အခြားသူများက သူ့ကို လှောင်ပြောင်ခဲ့ချိန်တွင် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မပြခဲ့ပေ၊ သို့သော် သူသည် ဘုရားသခင် မဟုတ်ခဲ့သလော။ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ယုံသလော၊ သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရကို ယုံသလော။ ဘုရားသခင်၌ ယုံကြည်မှုနှင့် ပတ်သက်သည့် လူသား၏အမြင်များသည် မှားယွင်း၏။ ယေဟောဝါသည် ပညတ်တော်ခေတ်အတောအတွင်းတွင် နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့သည်၊ သို့သော် ထိုနှုတ်ကပတ်တော်များထဲမှ အချို့သည် ယနေ့ထက်ထိတိုင် မပြည့်စုံသေးပေ။ ယေဟောဝါသည် ဘုရားသခင်မဟုတ်ဟု သင်ပြောနိုင်သလော။

ယနေ့တွင် နောက်ဆုံးသောကာလ၌ ဘုရားသခင် ပြီးမြောက်သည်မှာ အဓိကအားဖြင့် “နှုတ်ကပတ်တော် လူ့ဇာတိခံယူသည်” ဟူသည့် အချက်ဖြစ်သည်ကို သင်တို့အားလုံးအဖို့ ရှင်းရှင်းလင်းလင်း သိသင့်ပေသည်။ ကမ္ဘာမြေပေါ်က သူ၏ လက်တွေ့ကျသော အမှုမှတစ်ဆင့် လူသားက သူ့ကို သိစေပြီး သူနှင့် ထိတွေ့ဆက်ဆံစေကာ သူ၏ လက်တွေ့ကျသော လုပ်ဆောင်ချက်များကို မြင်စေခဲ့သည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ဆောင်ရွက်နိုင်သည့်အပြင် ထိုသို့ သူ မလုပ်ဆောင်နိုင်သော အချိန်များလည်း ရှိသည်ကို ဘုရားသခင်သည် လူသားအား ရှင်းရှင်းလင်းလင်း တွေ့မြင်စေသည်။ ဤသည်မှာ ခေတ်အပေါ် မူတည်ပေသည်။ ဤအရာမှ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ဆောင်ရွက်နိုင်စွမ်း မရှိဘဲ ယင်းအစား လုပ်ဆောင်ရမည့် အမှုနှင့် အညီ၊ ပြီးလျှင် ခေတ်နှင့်အညီ သူ၏ အမှုပြုခြင်း နည်းလမ်းအား ပြောင်းလဲသည်ကို သင် မြင်နိုင်ပေသည်။ အမှု၏ လတ်တလောအဆင့်တွင် သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မပြသပေ။ ယေရှုခေတ်၌ နိမိတ်လက္ခဏာအချို့နှင့် အံ့ဖွယ်အမှုအချို့ကို သူ ဆောင်ရွက်ခဲ့သည်မှာ ထိုခေတ်၌ သူ၏အမှုသည် မတူကွဲပြားသောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် ထိုအမှုကို မလုပ်ဆောင်သည့်အပြင် လူအချို့က နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို သူ ဆောင်ရွက်နိုင်စွမ်း မရှိဟု ယုံကြည်ကြသည် သို့မဟုတ် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို သူ မဆောင်ရွက်သည့်အတွက် ဘုရားသခင် မဟုတ်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ ယင်းမှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ဆောင်ရွက်နိုင်သော်လည်း သူသည် မတူကွဲပြားသောခေတ်တွင် အမှုပြုနေခြင်းဖြစ်သောကြောင့် ထိုကဲ့သို့သောအမှုကို သူ မလုပ်ဆောင်ပေ။ မတူကွဲပြားသော ခေတ်များတွင်လည်းကောင်း၊ သူ့အမှုတော်၏ မတူကွဲပြားသော အဆင့်များအရလည်းကောင်း ဘုရားသခင်သည် မတူကွဲပြားသော လုပ်ဆောင်ချက်အမျိုးမျိုးကို ထင်ရှားပြသလေသည်။ ဘုရားသခင်၌ လူသား၏ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများ၌ ယုံခြင်းမဟုတ်သည့်အပြင် ထူးဆန်းသောတန်ခိုးများ၌လည်း ယုံခြင်းမဟုတ်ဘဲ အသစ်သောခေတ်အတွင်း သူ၏ လက်တွေ့ကျသော အမှုကို ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုပြုသည့် နည်းဟန်မှတစ်ဆင့် လူသားသည် ဘုရားသခင်ကို သိကျွမ်းလာပြီး ဤသိကျွမ်းမှုက လူ၏အထဲ၌ ဘုရားသခင်ကို ယုံကြည်မှု၊ ဆိုလိုသည်မှာ ဘုရားသခင်၏အမှုနှင့် လုပ်ဆောင်ချက်များ၌ ယုံကြည်မှုကို ဖြစ်ပေါ်စေသည်။ အမှု၏ဤအဆင့်တွင် ဘုရားသခင်သည် အဓိကအားဖြင့် စကားပြောဆိုသည်။ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မြင်ရဖို့ မစောင့်ဆိုင်းနှင့်။ တစ်ခုတစ်လေကိုမျှ သင်တွေ့ရလိမ့်မည် မဟုတ်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ကျေးဇူးတော်ခေတ်အတွင်းတွင် မွေးဖွားခဲ့ခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ သင်‌ မွေးဖွားခဲ့ပါက နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မြင်တွေ့နိုင်ပြီး ဖြစ်ပေမည်၊ သို့သော် သင်သည် နောက်ဆုံးသောကာလအတွင်း မွေးဖွားခဲ့သောကြောင့် ဘုရားသခင်၏ လက်တွေ့ကျခြင်းနှင့် ပုံမှန်ဖြစ်မှုတို့ကိုသာ သင် မြင်တွေ့နိုင်သည်။ နောက်ဆုံးသောကာလအတွင်းတွင် သဘာဝလွန်ယေရှုကို မြင်တွေ့ရဖို့ မမျှော်လင့်နှင့်။ သင်သည် မည်သည့် ပုံမှန် လူသားနှင့်မျှ မကွဲပြားသည့် လက်တွေ့ကျသော လူ့ဇာတိခံ ဘုရားသခင်ကိုသာ မြင်နိုင်ပေသည်။ ခေတ်အသီးသီးတွင် ဘုရားသခင်သည် မတူကွဲပြားသော လုပ်ဆောင်ချက်များကို ထင်ရှားပြသသည်။ ခေတ်အသီးသီးတွင် သူ၏ လုပ်ဆောင်ချက်များထဲမှ တစ်စိတ်တစ်ဒေသကို ထင်ရှားပြသပြီး ခေတ်အသီးသီး၏ အမှုသည် ဘုရားသခင်၏ စိတ်သဘောထား၏ တစ်စိတ်တစ်ဒေသနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုလေသည်။ သူ ထင်ရှားပြသတော်မူသော လုပ်ဆောင်ချက်တို့သည် သူ အမှုပြုသော ခေတ်ကာလအလိုက် ကွဲပြားခြားနားကြသော်လည်း ယင်းတို့အားလုံးသည် ဘုရားသခင်နှင့်ပတ်သက်သော လူသား၏ သိကျွမ်းမှုကို ပိုမိုနက်ရှိုင်းစေပြီး လူသားအား ဘုရားသခင်အပေါ် ပိုမိုစစ်မှန်၍ ခိုင်မာသော ယုံကြည်ခြင်းရှိစေသည်။ လူက ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးကြောင့် ဘုရားသခင်သည် အလွန်အံ့ဖွယ်ဖြစ်၍ အလွန်ကြီးမြတ်ကာ အနန္တတန်ခိုးရှိသောကြောင့်၊ သူသည် နားလည်၍မရနိုင်သောကြောင့် ဘုရားသခင်ကို ယုံကြည်၏။ ထိုအကြောင်းတို့ကြောင့် လူသားသည် ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြနိုင်ပြီး မကျန်းမာသောသူများကို အနာငြိမ်းစေကာ နတ်ဆိုးများကို နှင်ထုတ်နိုင်သောကြောင့် ဘုရားသခင်ကို သင် ယုံကြည်ပါက သင်၏အမြင်သည် မှားယွင်းပြီး လူအချို့က “ဆိုးယုတ်သော ဝိညာဉ်များသည်လည်း ထိုသို့သော အရာများကို လုပ်ဆောင်နိုင်သည် မဟုတ်လော” ဟု သင့်ကို ပြောကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ပုံရိပ်ကို စာတန်၏ပုံရိပ်ဖြင့် ရောထွေးခြင်းနှင့် ညီမျှသည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၌ လူသား၏ ယုံကြည်မှုမှာ သူ၏ များစွာသော လုပ်ဆောင်ချက်များ၊ သူလုပ်ဆောင်သည့် အမှု၏ ကြီးမားသော ပမာဏနှင့် သူပြောဆိုသည့် နည်းလမ်းများစွာကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် လူသားကို သိမ်းပိုက်ကာ စုံလင်အောင်ပြုသည်။ လူသားက ဘုရားသခင်ကို သူ၏ လုပ်ဆောင်ချက်များစွာကြောင့် ယုံကြည်ခြင်းဖြစ်ပြီး သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြနိုင်သောကြောင့် ယုံကြည်ခြင်း မဟုတ်ပေ။ လူတို့သည် ဘုရားသခင်ကို သူ၏ လုပ်ဆောင်ချက်များအား မျက်မြင်တွေ့ခြင်းအားဖြင့်သာ သိရှိလေသည်။ ဘုရားသခင်၏ လက်တွေ့ကျသော လုပ်ဆောင်ချက်များ၊ သူမည်သို့အမှုပြုသည်၊ မည်သည့် ဉာဏ်ပညာ ရှိသော နည်းစနစ်ကို သူ အသုံးပြုသည်၊ သူမည်သို့စကားပြောဆိုပြီး လူသားကို မည်သို့စုံလင်စေသည်တို့ကို သိရှိခြင်းအားဖြင့်သာ၊ ဤသွင်ပြင်လက္ခဏာများကို သိရှိခြင်းအားဖြင့်သာ၊ သင်သည် မည်သည့်အရာကို သူနှစ်သက်သည်၊ မည်သည့်အရာကို သူ စက်ဆုပ်ရွံရှာသည်ဆိုသည်နှင့် လူသားအပေါ် သူမည်သို့အမှုပြုသည် ဆိုသည်တို့ကို သိလျက် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို သဘောပေါက်နိုင်ပြီး သူ၏ စိတ်သဘောထားကို နားလည်နိုင်ပေသည်။ ဘုရားသခင်၏ ကြိုက်သည့်အရာများနှင့် သူ စက်ဆုပ်ရွံမုန်းသည့်အရာများကို သိနားလည်ခြင်းအားဖြင့် သင်သည် အပြုသဘောဆောင်သောအရာနှင့် အပျက်သဘောဆောင်သော အရာတို့အကြား ခွဲခြားနိုင်ကာ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏သိကျွမ်းမှုမှတစ်ဆင့် သင်၏ အသက်တာတွင် တိုးတက်မှုရှိပေသည်။ တိုတိုပြောရလျှင် သင်သည် ဘုရားသခင်၏ အမှုနှင့်ပတ်သက်သည့် သိကျွမ်းမှုကို ရရှိရမည် ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်သည့် သင်၏အမြင်ကို ပြုပြင်ရမည်ဖြစ်သည်။

အရှေ့သို့- လက်တွေ့ကျသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်

နောက်တစ်ခုသို့- ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။