လက်တွေ့ကျသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်

လက်တွေ့ကျသော ဘုရားသခင်အကြောင်း သင် မည်သည့်အရာကို သိသင့်သနည်း။ ဝိညာဉ်တော်၊ ဇာတိအဖြစ်တော်နှင့် နှုတ်ကပတ်တော်တို့က လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကို ဖြစ်စေပြီး၊ ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ အကယ်၍ သင်သည် ဇာတိအဖြစ်တော်ကိုသာ သိသော်လည်း- သူ၏ အမူအကျင့်များနှင့် ပင်ကိုအရည်အသွေးကိုသာ သင် သိသော်လည်း- ဝိညာဉ်တော်၏ အလုပ်ကိုမသိပါက သို့မဟုတ် လူ့ဇာတိတွင် မည်သည့်အမှုကို ဝိညာဉ်တော် ပြုသည်ကို သင်မသိပါက၊ ပြီးလျှင် ဝိညာဉ်တော်နှင့် နှုတ်ကပတ်တော်ကိုသာ သင်အာရုံစိုက်ပြီး ဝိညာဉ်တော်ရှေ့တွင်သာ ဆုတောင်းသော်လည်း၊ လက်တွေ့ကျသော ဘုရားသခင်၌ ဘုရားသခင်၏ ဝိညာဉ်တော်၏ အမှုကို မသိပါက၊ ဤအရာက လက်တွေ့ကျသော ဘုရားသခင်ကို သင်မသိသေးသည်ကို သက်သေပြပေသည်။ လက်တွေ့ကျသော ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာတွင် သူ၏ နှုတ်ကပတ်တော်များကို သိခြင်းနှင့် တွေ့ကြုံခြင်း၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ စည်းမျဉ်းများနှင့် အခြေခံသဘောတရားများ၊ ဘုရားသခင်၏ ဝိညာဉ်တော်က လူ့ဇာတိ၌ မည်သို့အမှုပြုသည်ကို သဘောပေါက်ခြင်းတို့ ပါဝင်သည်။ ယင်းမှာ လူ့ဇာတိ၌ ဘုရားသခင်၏ လုပ်ရပ်တိုင်းကို ဝိညာဉ်တော်က အုပ်စိုးကြောင်းနှင့် သူပြောကြားသည့် နှုတ်ကပတ်တော်များသည် ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက်ဖြစ်ကြောင်းတို့ကို သိရှိခြင်းလည်း ပါဝင်ပေသည်။ ထို့ကြောင့် လက်တွေ့ကျသော ဘုရားသခင်ကို သိရှိရန်၊ လူ့သဘာဝနှင့် ဘုရားသဘောသဘာဝ၌ မည်သို့ ဘုရားသခင် အမှုပြုသည်ကို သိရှိဖို့သည် ပဓာနဖြစ်သည်။ ထိုအကြောင်းကြောင့် ဤသည်မှာ လူအားလုံး ပါဝင်ပတ်သက်သည့် ဝိညာဉ်တော်၏ ဖော်ပြချက်များနှင့်လည်း သက်ဆိုင်ပေသည်။

ဝိညာဉ်တော်၏ ဖော်ပြချက်များနှင့်ဆိုင်သည့် ရှုထောင့်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ တစ်ခါတစ်ရံ ဘုရားသခင်သည် လူ့သဘာဝ၌ အမှုပြုပြီး၊ တစ်ခါတစ်ရံ ဘုရားသဘောသဘာဝ၌ အမှုပြုသည်- သို့သော် ကိစ္စရပ် နှစ်ခုလုံးတွင် ဝိညာဉ်တော်က ကွပ်ကဲအုပ်ချုပ်ပေသည်။ လူတို့အတွင်းတွင် မည်သည့် ဝိညာဉ်ရှိသည် ဖြစ်စေ၊ ၎င်းတို့၏ အပြင်ပန်း ဖော်ပြခြင်းသည် ထိုသို့ဖြစ်ပေသည်။ ဝိညာဉ်တော်သည် ပုံမှန်အားဖြင့် အလုပ်လုပ်သော်လည်း၊ ဝိညာဉ်တော်အားဖြင့် သူ၏ ဦးတည်ချက် နှစ်ပိုင်းရှိသည်- တစ်ပိုင်းမှာ လူ့သဘာဝ၌ သူ၏ အမှုဖြစ်ပြီး အခြားတစ်ပိုင်းမှာ ဘုရားသဘောသဘာဝမှတစ်ဆင့် သူ၏ အမှုဖြစ်သည်။ ဤအရာကို သင် ရှင်းရှင်းလင်းလင်း သိသင့်သည်။ ဝိညာဉ်တော်၏ အလုပ်သည် အခြေအနေများအရ ကွဲပြားသည်။ သူ၏ လူသားအမှုကို လိုအပ်သောအခါ၊ ဝိညာဉ်တော်သည် ဤလူသားအမှုကို လမ်းညွှန်ပြီး၊ သူ၏ ဘုရားသဘောသဘာဝ အမှု လိုအပ်သောအခါ၊ ဘုရားသဘောသဘာဝက ယင်းကို ဆောင်ရွက်ရန် တိုက်ရိုက် ပေါ်ထွန်းလေသည်။ ဘုရားသခင်သည် လူ့ဇာတိ၌ အမှုပြုပြီး လူ့ဇာတိ၌ ပေါ်ထွန်းသောကြောင့်၊ သူသည် လူ့သဘာဝနှင့် ဘုရားသဘောသဘာဝ နှစ်ခုလုံးဖြင့် အမှုပြုလေသည်။ လူသဘာဝ၌ သူ၏ အမှုကို လူတို့၏ သွေးသားလိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန်၊ ၎င်းတို့၏ သူနှင့်အတူ ပါဝင်ပတ်သက်မှုကို လွယ်ကူ ချောမောစေရန်၊ ဘုရားသခင်၏ လက်တွေ့အရှိတရားနှင့် သာမန် ဖြစ်မှုတို့ကို ၎င်းတို့အား ရှုမြင်ခွင့်ကိုပေးရန်နှင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိဖြင့် ကြွလာပြီးဖြစ်ကာ၊ လူသားအလယ်တွင် ရှိပြီး လူသားနှင့်အတူ နေထိုင်ကာ၊ လူသားတို့နှင့် ထိတွေ့ဆက်ဆံသည်ကို ၎င်းတို့အား တွေ့မြင်ခွင့်ပေးရန်အလို့ငှာ ဝိညာဉ်တော်က လမ်းညွှန်ပြီး လုပ်ဆောင်လေသည်။ ဘုရား သဘောသဘာဝရှိ သူ၏ အမှုကို လူတို့၏ အသက်ကို ထောက်ပံ့ပေးရန်နှင့် လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲကာ လူ့ဇာတိ၌ ဝိညာဉ်တော်၏ ပေါ်ထွန်းခြင်းကို အမှန်တကယ် ရှုမြင်ခွင့်ပေးရင်း၊ အပြုသဘော ဆောင်သည့်ဘက်မှ လူတို့ကို အရာရာတိုင်း၌ လမ်းပြရန်အလို့ငှာ လုပ်ဆောင်ခြင်း ဖြစ်သည်။ အဓိကအားဖြင့် လူသား၏ အသက်၌ ကြီးထွားမှုကို ဘုရားသဘောသဘာဝ၌ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များမှတစ်ဆင့် တိုက်ရိုက် စွမ်းဆောင်ရရှိပေသည်။ လူတို့သည် ဘုရားသဘောသဘာဝရှိ ဘုရားသခင်၏ အမှုကို လက်ခံမှသာ ၎င်းတို့၏ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို ၎င်းတို့ စွမ်းဆောင် ရရှိနိုင်ပြီး၊ ထိုအခါမှသာ ၎င်းတို့၏ စိတ်ဝိညာဉ်၌ ဆန္ဒပြည့်ဝနိုင်ပေသည်။ ဤအရာအပြင် လူ့သဘာဝထဲက အမှုရှိမှသာ- ဘုရားသခင်၏ ထိန်းကျောင်းခြင်း၊ ပံ့ပိုးမှုနှင့် လူ့သဘာဝ၌ ထောက်ပံ့မှုများ ရှိမှသာ- ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ရလဒ်များကို အပြည့်အဝ စွမ်းဆောင် ရရှိနိုင်ပေသည်။ ယနေ့ပြောကြားထားသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်သည် လူ့သဘာဝနှင့် ဘုရားသဘောသဘာဝ နှစ်ခုလုံးဖြင့် အမှုပြုသည်။ လက်တွေ့ကျသော ဘုရားသခင်၏ ပေါ်ထွန်းခြင်းမှတစ်ဆင့်၊ ကိုယ်တော်၏ ပုံမှန် လူသားအလုပ်နှင့် အသက်တာ၊ သူ၏ လုံးဝ ဘုရားသဘောသဘာဝ အမှုတို့ကို စွမ်းဆောင် ရရှိပေသည်။ သူ၏ လူ့သဘာဝနှင့် ဘုရားသဘောသဘာဝတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းထားပြီး၊ နှစ်ခုလုံး၏ အမှုကို နှုတ်ကပတ်တော်များမှတစ်ဆင့် ပြီးမြောက်ပေသည်။ လူ့သဘာဝတွင် ဖြစ်စေ၊ ဘုရားသဘောသဘာဝတွင် ဖြစ်စေ၊ သူသည် နှုတ်ကပတ်တော်များကို မြွက်ဆိုသည်။ ဘုရားသခင်သည် လူ့သဘာဝ၌ အမှုပြုချိန်တွင်၊ လူတို့အနေဖြင့် ပါဝင်ပတ်သက်ပြီး နားလည်နိုင်ကြဖို့အလို့ငှာ၊ လူ့သဘာဝနှင့်ဆိုင်သော ဘာသာစကားကို ပြောသည်။ သူ၏ နှုတ်ကပတ်တော်များကို ရိုးရှင်းစွာ ပြောဆိုထားပြီး၊ နားလည်ရ လွယ်ကူသည်မှာ ယင်းတို့ကို လူအားလုံးထံ ထောက်ပံ့ ပေးနိုင်ပေသည်။ လူတို့သည် အသိပညာ ပိုင်ဆိုင်ကြသည်ဖြစ်စေ သို့မဟုတ် ပညာရေး အားနည်းသည် ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အားလုံး ရရှိနိုင်ကြသည်။ ဘုရားသဘောသဘာဝရှိ ဘုရားသခင်၏ အမှုကိုလည်း နှုတ်ကပတ်တော်များမှတစ်ဆင့် ဆောင်ရွက်သော်လည်း၊ ယင်းသည် ထောက်ပံ့ခြင်း အပြည့် ဖြစ်သည်၊ အသက်နှင့် ပြည့်ဝသည်၊ လူသား စိတ်ကူးများဖြင့် မစွန်းထင်းပေ၊ ယင်းသည် လူသား နှစ်သက်မှုများ မပါဝင်သကဲ့သို့ လူသား အကန့်အသတ်များ မပါရှိပေ၊ ယင်းသည် မည်သည့် ပုံမှန်လူ့သဘာဝမဆို၏ ဘောင် အပြင်ဘက်တွင် ရှိ၏။ ယင်းကိုလူ့ဇာတိ၌ ဆောင်ရွက်သော်လည်း၊ ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက် ဖြစ်သည်။ အကယ်၍ လူတို့သည် လူ့သဘာဝထဲရှိ ဘုရားသခင်၏ အမှုကိုသာ လက်ခံပါက၊ ၎င်းတို့သည် အချို့သော နယ်ပယ်အထိ မိမိတို့ကိုယ်ကိုယ် ကန့်သတ်မိလိမ့်မည် ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့ထဲတွင် ပြောင်းလဲမှု အနည်းငယ်မျှပင် ရှိဖို့အတွက်အလို့ငှာ၊ ရေရှည် ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ လိုအပ်ပေလိမ့်မည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် မျက်မှောက်မရှိဘဲနှင့်၊ ၎င်းတို့သည် ၎င်းတို့၏ လမ်းဟောင်းများကိုသာ အမြဲ အားကိုးအားထား ပြုကြလိမ့်မည် ဖြစ်သည်။ ဤရောဂါများနှင့် ချို့တဲ့ခြင်းတို့ကို ပြုပြင်နိုင်သည်မှာ ဘုရားသဘာဝ၏ အမှုမှတစ်ဆင့်သာ ဖြစ်ပြီး၊ ထိုအခါမှသာ လူတို့သည် စုံလင်စေခြင်းခံရနိုင်ပေသည်။ ခံနိုင်စွမ်းရှိသည့် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့အစား၊ လိုအပ်သည်မှာ အားနည်းချက်များအားလုံးကို ပြုပြင်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရင်း၊ လူတို့၏ အခြေအနေတိုင်းကို ထုတ်ဖော်ပြရန် နှုတ်ကပတ်တော်များကို အသုံးပြုရင်း၊ ၎င်းတို့၏ အသက်တာများ၊ ၎င်းတို့၏ မြွက်ဆိုမှုတိုင်း၊ ၎င်းတို့၏ လုပ်ရပ်တိုင်းကို လမ်းညွှန်ရန်၊ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဖွင့်ဟရန် နှုတ်ကပတ်တော်များကို အသုံးပြုရင်း၊ အပြုသဘောဆောင်သော ထောက်ပံ့မှု ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင်၏ စစ်မှန်သော အမှုဖြစ်သည်။ ထို့ကြောင့် လက်တွေ့ကျသော ဘုရားသခင်အပေါ် သင်၏ သဘောထားတွင်၊ သင်သည် သူ၏ လူ့သဘာဝ ရှေ့မှောက်တွင် သူ့ကို သတိပြုကာ အသိအမှတ်ပြုရင်း၊ တစ်ပြိုင်နက် ကျိုးနွံနာခံသင့် သကဲ့သို့၊ ထို့အပြင် သူ၏ သဘောသဘာဝနှင့်သက်ဆိုင်သော အမှုနှင့် နှုတ်ကပတ်တော်များကို လက်ခံကာ နာခံသင့်သည်။ လူ့ဇာတိ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်၏ အမှုနှင့် နှုတ်ကပတ်တော်များအားလုံးကို သူ၏ ပုံမှန်လူ့သဘာဝနှင့် သူ၏ လူ့ဇာတိခံ ခန္ဓာမှတစ်ဆင့် လုပ်ဆောင်သည်ဟု ဆိုလိုပေသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏ လူသားအမှုကို လမ်းညွှန်ပြီး လူ့ဇာတိ၌ ဘုရားသဘောသဘာဝ၏ အမှုကို တစ်ပြိုင်နက် ဆောင်ရွက်ပေသည်၊ လူ့ဇာတိခံ ဘုရားသခင်၌ သင်သည် လူ့သဘာဝထဲရှိ ဘုရားသခင်၏ အမှုနှင့် သူ၏ လုံးဝ ဘုရားသဘောသဘာဝ အမှု နှစ်ခုလုံးကို တွေ့နိုင်ပေသည်။ ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင်၏ လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အရေးပါမှုဖြစ်သည်။ ဤအရာကို သင် ရှင်းလင်းစွာ တွေ့မြင်နိုင်ပါက၊ ဘုရားသခင်၏ မတူကွဲပြားသော အစိတ်အပိုင်းအားလုံးကို သင် ဆက်စပ်နိုင်လိမ့်မည်။ သင်သည် ဘုရားသဘောသဘာဝထဲရှိ သူ၏ အမှုအပေါ် လွန်ကဲသော အရေးပါမှုထားခြင်းကို ရပ်တန့်လိမ့်မည် ဖြစ်ပြီး၊ လူ့သဘာဝထဲရှိ သူ၏ အမှုကို လွန်ကဲသည့် အထင်သေးမှုဖြင့် ရှုမြင်ခြင်းကို ရပ်တန့်လိမ့်မည်ဖြစ်ကာ သင်သည် အစွန်းရောက်လိမ့်မည် မဟုတ်သကဲ့သို့၊ မည်သည့်လမ်းလွဲကိုမျှ လျှောက်လိမ့်မည် မဟုတ်ပေ။ ယေဘုယျအားဖြင့်၊ လက်တွေ့ကျသော ဘုရားသခင်၏ အဓိပ္ပာယ်မှာ လူတို့က သူသည် အထင်းသားဖြစ်ပြီး အသက်ပါသည်၊ စစ်မှန်ပြီး မှန်ကန်သည်ကို မြင်တွေ့နိုင်ကြဖို့အလို့ငှာ၊ ဝိညာဉ်တော်က လမ်းညွှန်ပေးသည်နှင့်အမျှ သူ၏ လူ့သဘာဝ အမှုနှင့် ဘုရား သဘောသဘာဝ အမှုတို့ကို သူ၏ လူ့ဇာတိမှတစ်ဆင့် ဖော်ပြခြင်း ဖြစ်သည်။

လူ့သဘာဝ၌ ဘုရားသခင် ဝိညာဉ်တော်၏ အမှုသည် အသွင်ကူးပြောင်းခြင်းဆိုင်ရာ အဆင့်များရှိသည်။ လူ့သဘာဝကို ပြီးပြည့်စုံစေခြင်းအားဖြင့်၊ သူသည် သူ၏ လူ့သဘာဝအား ဝိညာဉ်တော်၏ လမ်းညွှန်မှုကို ရရှိနိုင်စေသည်၊ ယင်းနောက်တွင် သူ၏ လူ့သဘာဝသည် အသင်းတော်များကို ပံ့ပိုးပေးနိုင်ပြီး ထိန်းကျောင်းပေးနိုင်လေသည်။ ဤသည်မှာ ဘုရားသခင်၏ ပုံမှန်အမှု၏ ဖော်ပြချက် တစ်ခု ဖြစ်သည်။ ထို့ကြောင့် လူ့သဘာဝထဲက ဘုရားသခင် အမှု၏ အခြေခံသဘောတရားများကို ရှင်းလင်းစွာ သင် မြင်နိုင်ပါက၊ လူ့သဘာဝထဲရှိ ဘုရားသခင်၏ အမှုနှင့် ပတ်သက်သည့် အယူအဆများကို သိုထားရန် သင် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ အခြားမည်သည့်အရာမဆိုကို ပဓာန မထားဘဲ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် မမှားယွင်းနိုင်ပေ။ သူသည် မှန်ကန်ပြီး အမှားအယွင်းမရှိပေ။ သူသည် မည်သည့်အရာကိုမျှ မမှန်မကန် မလုပ်ပေ။ ဘုရားသဘောသဘာဝနှင့် ဆိုင်သော အမှုသည် လူ့သဘာဝ၏ ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ၊ ဘုရားသခင် အလို၏ တိုက်ရိုက် ဖော်ပြချက် ဖြစ်သည်။ ယင်းသည် စုံလင်စေခြင်းကို မကြုံရသော်လည်း၊ ဝိညာဉ်တော်ထံမှ တိုက်ရိုက် လာပေသည်။ သို့သော် သူသည် ဘုရားသဘောသဘာဝ၌ အမှုပြုနိုင်သည်ဆိုသည့်အချက်မှာ သူ၏ ပုံမှန် လူ့သဘာဝ ကြောင့်ဖြစ်သည်။ ယင်းသည် အနည်းငယ်မျှ သဘာဝလွန် မဟုတ်သကဲ့သို့၊ ပုံမှန်လူတစ်ဦးက လုပ်ဆောင်ထားသည့်ပုံရသည်။ ဘုရားသခင်သည် အဓိကအားဖြင့် လူ့ဇာတိမှတစ်ဆင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖော်ပြရန်၊ လူ့ဇာတိအားဖြင့် ဘုရားဝိညာဉ်တော်၏ အမှုကို ပြီးပြည့်စုံစေရန်အလို့ငှာ ကောင်းကင်မှ မြေကြီးသို့ ကြွလာခဲ့ပေသည်။

ယနေ့တွင် လက်တွေ့ကျသော ဘုရားသခင်နှင့်ဆိုင်သည့် လူတို့၏ အသိပညာသည် တစ်ဖက်သတ်ဆန်လွန်းပြီး၊ လူ့ဇာတိခံခြင်း၏ အရေးပါမှုနှင့်ဆိုင်သော ၎င်းတို့၏ သိနားလည်မှုသည် အလွန် သေးနုပ်လွန်းဆဲ ဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိကြောင့် ဘုရားသခင်၏ ဝိညာဉ်တော် အလွန်ပါဝင်သည်၊ သူသည် အလွန် များပြား ကြွယ်ဝသည်ဆိုသည်ကို သူ၏ အမှုနှင့် နှုတ်ကပတ်တော်များ မှတစ်ဆင့် လူများ မြင်တွေ့ရသည်။ သို့သော် မည်သို့ပင် ဆိုစေကာမူ၊ ဘုရားသခင်၏ သက်သေခံချက်သည် ဘုရားသခင်၏ ဝိညာဉ်တော်မှ အခြေခံအားဖြင့် လာပေသည်- လူ့ဇာတိ၌ ဘုရားသခင် ပြုသည့်အရာ၊ မည်သည့် အခြေခံသဘောတရားများဖြင့် သူ အမှုပြုသည်၊ လူ့သဘာဝ၌ သူ လုပ်ဆောင်သည့်အရာနှင့် ဘုရား သဘောသဘာဝ၌ သူ လုပ်ဆောင်သည့်အရာတို့ ဖြစ်သည်။ လူတို့သည် ဤအရာနှင့်ပတ်သက်သည့် အသိပညာ ရှိကြရမည်။ ယနေ့တွင် ဤလူကို သင် ကိုးကွယ် နိုင်သော်လည်း၊ အနှစ်သာရအားဖြင့်၊ သင်သည် ဝိညာဉ်တော်ကို ကိုးကွယ်နေခြင်း ဖြစ်ပြီး၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏ အသိပညာဖြင့် လူတို့ အနည်းဆုံး စွမ်းဆောင်ရရှိသင့်သည့်အရာဖြစ်သည်- လူ့ဇာတိမှတစ်ဆင့် ဝိညာဉ်တော်၏ အနှစ်သာရကို သိခြင်း၊ လူ့ဇာတိထဲ၌ ဝိညာဉ်တော်၏ ဘုရားသဘောသဘာဝနှင့် သက်ဆိုင်သော အမှုနှင့် လူ့ဇာတိ၌ လူသားအလုပ်တို့ကို သိခြင်း၊ လူ့ဇာတိ၌ ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များ အားလုံးကို လက်ခံခြင်းနှင့် လူ့ဇာတိကို ဘုရားသခင်၏ ဝိညာဉ်တော်က လမ်းညွှန်ပုံနှင့် လူ့ဇာတိထဲ၌ သူ၏ တန်ခိုး ပြသပုံတို့ကို တွေ့မြင်ခြင်းတို့ ဖြစ်သည်။ ဤသည်မှာ လူသည် ကောင်းကင်ဘုံရှိ ဝိညာဉ်တော်ကို လူ့ဇာတိမှတစ်ဆင့် သိလာကြသည်ဟု ဆိုရပေမည်။ လူသားအလယ် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်၏ ပေါ်ထွန်းခြင်းသည် လူတို့၏ အယူအဆများ ထဲရှိ မရေရာသော ဘုရားသခင်ကို ပပျောက်စေပြီး ဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ကို လူတို့၏ ကိုးကွယ်ခြင်းသည် ဘုရားသခင်ကို ၎င်းတို့၏ နာခံမှုအား တိုးပွားစေပြီး ဖြစ်သကဲ့သို့၊ လူ့ဇာတိ၌ ဘုရားသခင် ဝိညာဉ်တော်၏ ဘုရားသဘောသဘာဝ အမှုနှင့် လူ့ဇာတိ၌ လူသား အလုပ်တို့မှတစ်ဆင့်၊ လူသားသည် ဖွင့်ပြခြင်းကို ရရှိပြီး ထိန်းကျောင်းခံရကာ လူသား၏ အသက်စိတ်သဘောထား ထဲတွင် ပြောင်းလဲမှုများကို ရရှိပေသည်။ ဤသည်မှာ လူ့ဇာတိ၌ ဝိညာဉ်တော် ရောက်ရှိခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်၊ ယင်း၏ အဓိကရည်ရွယ်ချက်မှာ လူတို့သည် ဘုရားသခင်နှင့် ထိတွေ့နိုင်ဖို့၊ ဘုရားသခင်အပေါ် ကိုးစားပြီး ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာသို့ ဆိုက်ရောက်နိုင်ကြဖို့အလို့ငှာ ဖြစ်သည်။

အဓိကအားဖြင့် လက်တွေ့ကျသော ဘုရားသခင်အပေါ် လူတို့သည် မည်သည့် သဘောထားကို ရှိသင့်သနည်း။ လူ့ဇာတိခံယူခြင်း၊ လူ့ဇာတိ၌ နှုတ်ကပတ်တော်၏ ပေါ်ထွန်းခြင်း၊ လူ့ဇာတိ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်း၊ လက်တွေ့ကျသော ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ မည်သည့်အရာကို သင် သိရှိပါသနည်း။ ယနေ့ ဆွေးနွေးခြင်း၏ အဓိက အကြောင်းအရာများမှာ မည်သည့်အရာများ ဖြစ်သနည်း။ လူ့ဇာတိခံယူခြင်း၊ လူ့ဇာတိ၌ နှုတ်ကပတ်တော်၏ ရောက်ရှိခြင်းနှင့်၊ လူ့ဇာတိ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းအားလုံးတို့သည် နားလည်ထားရမည့် ကိစ္စရပ်များ ဖြစ်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုနှင့် ခေတ်တို့ကို အခြေခံ၍ ဤကိစ္စရပ်များကို သင်တို့ တဖြည်းဖြည်း သိနားလည်လာရမည် ဖြစ်ပြီး၊ သင်တို့ အသက် အတွေ့အကြုံထဲက ယင်းတို့နှင့် သက်ဆိုင်သည့် ရှင်းလင်းသော အသိပညာကို ရှိလာရမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတို့တွေ့ကြုံသည့် ဖြစ်စဉ်သည် လူ့ဇာတိ၌ ဘုရား နှုတ်ကပတ်တော်များ၏ ပေါ်ထွန်းမှုကို ၎င်းတို့သိကြသည့် ဖြစ်စဉ်နှင့် တူညီပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတို့ သာ၍ ကြုံတွေ့ရလေလေ၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို ၎င်းတို့ သာ၍ သိရှိလေလေ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခြင်းမှတစ်ဆင့် ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သော အခြေခံသဘောတရားများကို လူတို့ သဘောပေါက်ကြပြီး၊ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ကို သိလာကြသည်။ အမှန်တွင် ဘုရားသခင်သည် လူတို့ကို စုံလင်စေကာ ရယူသောအခါတွင်၊ ၎င်းတို့ကို လက်တွေ့ကျသော ဘုရားသခင်၏ လုပ်ဆောင်ချက်များအား သိစေလေသည်။ သူသည် လူ့ဇာတိခံယူခြင်း၏ တကယ့် အရေးပါမှုကို လူတို့အား ပြသဖို့၊ လူသားရှေ့မှောက်တွင် ဘုရားသခင်၏ ဝိညာဉ်တော် အမှန်တကယ် ပေါ်ထွန်းပြီးဖြစ်သည်ကို ၎င်းတို့အား ပြသဖို့ရန်၊ လက်တွေ့ကျသော ဘုရားသခင်၏ အမှုကို အသုံးပြုနေပေသည်။ လူတို့သည် ဘုရားသခင်၏ ရယူခြင်းခံရကာ စုံလင်စေခြင်းခံရသည့်အခါ၊ လက်တွေ့ကျသော ဘုရားသခင်၏ ဖော်ပြချက်များက ၎င်းတို့ကို သိမ်းပိုက်ပြီးဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ကို ပြောင်းလဲပြီးဖြစ်ကာ၊ ၎င်းတို့ကို သူ၏ ဖြစ်ခြင်းဖြင့် ပြည့်စေရင်း၊ (ယင်းမှာ သူ၏ လူ့သဘာဝ၌ ဖြစ်ခြင်းဖြစ်စေ၊ ဘုရားသဘာဝ၌ဖြစ်ခြင်းဖြစ်စေ)၊ သူ၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရဖြင့် ၎င်းတို့ကို ပြည့်စေရင်း၊ ပြီးလျှင် လူတို့အား သူ၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်စေရင်း၊ သူ၏ ကိုယ်ပိုင်အသက်ကို ၎င်းတို့ထဲသို့ အမှုပြုလေသည်။ လူတို့ကို ဘုရားသခင် ရယူသည့်အခါ၊ အဓိကအားဖြင့် ၎င်းတို့ လိုအပ်သည့်အရာကို ရရှိစေရင်းနှင့် လူသားအလယ် ဘုရားသခင် ကြွလာပြီးဖြစ်သည်ကို ၎င်းတို့အား ပြသရင်း၊ လူတို့၏ ချို့တဲ့မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ၎င်းတို့၏ ပုန်ကန်တတ်သော စိတ်သဘောထားကို တရားစီရင်ကာ ထုတ်ဖော်ပြရန် နည်းလမ်းတစ်ခုအနေဖြင့်၊ လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များကို သူအသုံးပြုလေသည်။ အရေးအကြီးဆုံးမှာ လက်တွေ့ကျသော ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် လူအယောက်တိုင်းကို ညစ်ညူးသော နယ်မြေမှ ခေါ်ဆောင်သွားရင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပပျောက်စေရင်း၊ ၎င်းတို့ကို စာတန်၏ စွမ်းအားမှ ကယ်တင်ခြင်းနှင့် သက်ဆိုင်ပေသည်။ လက်တွေ့ကျသော ဘုရားသခင်၏ ရယူခံရခြင်းနှင့်ဆိုင်သည့် အနက်နဲဆုံးသော အရေးပါမှုမှာ စံနမူနာနှင့် စံပြတစ်ခု အဖြစ် လက်တွေ့ကျသော ဘုရားသခင်နှင့်အတူ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်ခြင်း၊ သွေဖည်မှု သို့မဟုတ် ခွဲသွေခြင်း စိုးစဉ်းမျှမရှိဘဲ လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့် သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ သူပြောသည့် မည်သည့်အရာကိုမဆို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူတောင်းဆိုသည့် မည်သည့်အရာကိုမဆို စွမ်းဆောင်ရရှိနိုင်ခြင်း ဖြစ်သည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရပြီးဖြစ်လိမ့်မည်။ ဘုရားသခင်၏ ရယူခြင်းကို သင်ခံရသောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်ပိုင်ဆိုင်သည်သာ မဟုတ်။ အဓိကအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် အသက်ရှင်နေထိုင်နိုင်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိခြင်းမျှဖြင့် သင်သည် အသက်ရှိပြီဟု မဆိုလိုပေ။ အဓိကကျသောအချက်မှာ ဘုရားသခင်၏ ရယူခြင်းကို သင် ခံရနိုင်ခြင်း ရှိ မရှိဆိုသည်နှင့် ဆက်နွှယ်သည့်၊ သင်နှင့်သက်ဆိုင်သည့် လက်တွေ့ကျသော ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင် ပြုမူနိုင်ခြင်းရှိ၊ မရှိ ဆိုသည့်အရာ ဖြစ်သည်။ ဤသည်တို့မှာ လူ့ဇာတိ၌ လက်တွေ့ကျသော ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကြီးမြတ်ဆုံးသော အဓိပ္ပာယ် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် စစ်မှန်စွာနှင့် အမှန်တကယ် လူ့ဇာတိ၌ ပေါ်ထွန်းခြင်းနှင့် အထင်းသားဖြစ်ပြီး အသက်ပါခြင်း၊ လူတို့က မြင်တွေ့နိုင်ခြင်း၊ ဝိညာဉ်တော်၏ အလုပ်ကို လူ့ဇာတိ၌ အမှန်တကယ် လုပ်ဆောင်ခြင်းနှင့် လူများအတွက် လူ့ဇာတိ၌ စံနမူနာအဖြစ် ပြုမူခြင်းအားဖြင့် လူတစ်စုကို ဘုရားသခင် ရယူသည်ဟု ပြော၍ ရသည်။ လူ့ဇာတိ၌ ဘုရားသခင် ရောက်ရှိခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ စစ်မှန်သော လုပ်ဆောင်မှုများကို လူသားတို့အား တွေ့မြင်နိုင်စေရန်၊ ပုံပန်းသဏ္ဌာန်မဲ့သည့် ဝိညာဉ်တော်အဖို့ အသွေးအသား ပုံသဏ္ဌာန် ပေးရန်နှင့် သူ့ကို လူတို့အား မြင်တွေ့ခွင့်နှင့် ထိတွေ့ခွင့် ပေးရန် ရည်ရွယ်ပေသည်။ ဤနည်းဖြင့်၊ သူ၏ စုံလင်စေခြင်းခံရသူများသည် သူ့ကို အသက်ရှင်နေထိုင်ကြလိမ့်မည်၊ သူ၏ ရယူခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ သူ၏ စိတ်နှလုံးနှင့် ညီညွတ်ကြလိမ့်မည် ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် ကောင်းကင်ဘုံတွင်သာ စကားပြောပြီး၊ မြေကြီးပေါ်သို့ အမှန်တကယ် ကြွလာခြင်း မရှိခဲ့ပါက၊ လူတို့သည် ဘုရားသခင်ကို သိနိုင်စွမ်း ရှိကြဦးမည် မဟုတ်ပေ။ ၎င်းတို့သည် အနှစ်မဲ့သော သီအိုရီကို အသုံးပြုလျက် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ဟောပြောရုံ ဟောပြောနိုင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့အရှိတရားအဖြစ် ရှိကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် အဓိကအားဖြင့် သူရယူမည့် သူများအတွက် နမူနာနှင့် စံပြအဖြစ် ပြုမူဆောင်ရွက်ရန် မြေကြီးပေါ်သို့ ကြွလာပြီ ဖြစ်သည်။ ထိုသို့ဖြင့်သာ၊ လူတို့သည် ဘုရားသခင်ကို အမှန်တကယ် သိရှိနိုင်သည်၊ ဘုရားသခင်ကို တို့ထိနိုင်ပြီး၊ သူ့ကို မြင်နိုင်ကာ၊ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်း အမှန်တကယ် ခံရနိုင်ပေသည်။

အရှေ့သို့- နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ

နောက်တစ်ခုသို့- ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။