နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ

ဘုရားသခင်သည် ဤလူစုတွင် မည်သည့်အမှု ပြီးမြောက်စေမည်ကို သင်တို့ တွေ့မြင်ပြီးကြပြီလော။ အနှစ်တစ်ထောင် နိုင်ငံတော်ထဲ၌တွင်ပင် လူများသည် သူ၏ မိန့်မြွက်ချက်များကို ရှေ့ဆက်လိုက်လျှောက်ကြရဦးမည်ဖြစ်ပြီး၊ အနာဂတ်တွင် ဘုရားသခင်၏ မိန့်မြွက်ချက်များသည် ကောင်းသော ခါနန်ပြည်ထဲတွင် လူ့အသက်တာကို တိုက်ရိုက် လမ်းပြလိမ့်ဦးမည်ဖြစ်သည်ဟု ဘုရားသခင်သည် တစ်ခါက ပြောဆိုခဲ့သည်။ မောရှေသည် တောထဲ၌ ရှိခဲ့ချိန်တွင်၊ ဘုရားသခင်က သူ့ကို တိုက်ရိုက်လမ်းညွှန်ပြီး စကားပြောခဲ့သည်။ ဘုရားသခင်သည် လူတို့ မွေ့လျော်ဖို့ အစားအစာ၊ ရေနှင့် မန္နမုန့်များကို ကောင်းကင်မှ ပို့ပေးခဲ့ပြီး၊ ယနေ့တွင် ထိုသို့ ဖြစ်နေဆဲဖြစ်သည်- ဘုရားသခင်သည် လူတို့ မွေ့လျော်ရန် စားဖို့၊ သောက်ဖို့ အရာများကို ကိုယ်တိုင်ကိုယ်ကျ ချပေးဆဲဖြစ်ပြီး၊ လူတို့ကို ပြစ်တင်ဆုံးမရန် ကျိန်ခြင်းအမင်္ဂလာများကို ကိုယ်တိုင်ကိုယ်ကျ စေလွှတ်ပြီးဖြစ်သည်။ ထို့ကြောင့် သူ့အမှု၏ အဆင့်တိုင်းသည် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ထားခြင်း ဖြစ်သည်။ ယနေ့တွင် လူများသည် ဖြစ်ရပ်မှန်များ၏ အဖြစ်အပျက်ကို ရှာဖွေကြသည်၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို ၎င်းတို့ ရှာဖွေကြပြီး၊ ဘုရားသခင်၏အမှုသည် တိုး၍တိုး၍ လက်တွေ့ကျလာနေသည့်အတွက်၊ ထိုသို့သောလူများ အားလုံး ပစ်ပယ်ခံရဖို့ ဖြစ်နိုင်ပေသည်။ ဘုရားသခင်သည် ကောင်းကင်မှ ဆင်းကြွပြီး ဖြစ်သည်ကို မည်သူမျှ မသိကြပေ၊ ဘုရားသခင်သည် အစားအစာနှင့် အားဆေးများကို ကောင်းကင်မှ ချပေးပြီးသည်ကိုလည်း ၎င်းတို့ မသိကြပေ- သို့သော် ဘုရားသခင် အမှန်တကယ် တည်ရှိပြီး၊ လူများ စိတ်ကူးကြသည့် အနှစ်တစ်ထောင် နိုင်ငံတော်နှင့် ပတ်သက်သည့် စေ့ဆော်သော မြင်ကွင်းများသည် ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်ချက်များ ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်ပြီး ဤအရာကိုသာလျှင် ကမ္ဘာမြေပေါ်၌ ဘုရားသခင်နှင့် အတူ အုပ်စိုးခြင်းဟု ခေါ်ပေသည်။ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်နှင့် အတူ အုပ်စိုးခြင်းသည် လူ့ဇာတိကို ရည်ညွှန်းပေသည်။ လူ့ဇာတိနှင့် မသက်ဆိုင်သောအရာသည် ကမ္ဘာမြေပေါ်တွင် မတည်ရှိပေ၊ ထို့ကြောင့် တတိယ ကောင်းကင်ဘုံသို့ သွားခြင်းအပေါ် အာရုံစိုက်သော သူအားလုံးသည် အချည်းနှီး ထိုသို့ လုပ်ဆောင်ကြပေသည်။ တစ်နေ့တွင်၊ စကြဝဠာတစ်ခုလုံး ဘုရားသခင်ထံ ပြန်လာသောအခါတွင်၊ အာကာသတစ်လျှောက်လုံး သူ၏ အမှု ဗဟိုသည် သူ၏ မိန့်မြွက်ချက်များနောက်ကို လိုက်လိမ့်မည်။ အခြားတစ်နေရာရာတွင်၊ ဘုရားသခင်၏ မိန့်မြွက်ချက်များကို ရရှိဖို့ အချို့လူများက ဖုန်းကို အသုံးပြုကြလိမ့်မည်၊ အချို့က လေယာဉ်ပျံ စီးကြလိမ့်မည်၊ အချို့က ပင်လယ်ဖြတ်ကာ လှေစီးကြလိမ့်မည်ဖြစ်ပြီး၊ အချို့သည် လေဆာကို အသုံးပြုကြလိမ့်မည်။ အယောက်တိုင်းသည် ချစ်ခင်ကြင်နာ ကြလိမ့်မည်ဖြစ်ပြီး၊ တမ်းတခြင်းနှင့် ပြည့်ကြလိမ့်မည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်ဆီသို့ တိုးဝင်ချဉ်းကပ်လာကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ဆီသို့ စုရုံးကြလိမ့်မည်ဖြစ်ကာ အားလုံးသည် ဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည်- ပြီးလျှင် ဤအရာ အားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ ဖြစ်လိမ့်မည်။ ဤအရာကို အောက်မေ့လော့။ ဘုရားသခင်သည် အခြား တစ်နေရာရာ၌ နောက်တစ်ဖန် ဧကန်မုချ မည်သည့်အခါတွင်မျှ စတင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအချက်အား ပြီးမြောက်စေမည် ဖြစ်သည်- သူသည် စကြဝဠာ တစ်လျှောက်လုံးရှိ လူအားလုံးကို သူ့ရှေ့မှောက်သို့ လာစေကာ ကမ္ဘာကြီးပေါ်၌ ဘုရားသခင်ကို ကိုးကွယ်စေလိမ့်မည်ဖြစ်ပြီး၊ အခြားနေရာများရှိ သူ၏ အမှုသည် ရပ်စဲလိမ့်မည်ဖြစ်ကာ လူများသည် မှန်ကန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ယင်းသည် ယောသပ်ကဲ့သို့ ဖြစ်လိမ့်မည်- သူ့ထံ၌ စားစရာများ ရှိသည့်အတွက်၊ အယောက်တိုင်းသည် အစားအစာအတွက် သူ့ထံလာကြပြီး သူ့ရှေ့၌ ဦးညွှတ်ကြသည်။ ငတ်မွတ်ခေါင်းပါးခြင်းကို ရှောင်ရှားဖို့ရန်အလို့ငှာ၊ လူများသည် မှန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ဘာသာရေးအသိုင်းအဝိုင်း တစ်ခုလုံးသည် ပြင်းထန်သော ငတ်မွတ်ခေါင်းပါးခြင်းကို ခံစားရလိမ့်မည်ဖြစ်ပြီး၊ ယနေ့၏ ဘုရားသခင် တစ်ပါးတည်းသာ အသက်စမ်းရေတွင်း ဖြစ်သည်၊ လူ၏ မွေ့လျော်မှုအတွက် ထောက်ပံ့သည့် အစဉ်စီးဆင်းသော စမ်းရေတွင်းကို ပိုင်ဆိုင်ကာ လူများသည် သူ့ထံလာပြီး မှီခိုကြလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ ထုတ်ဖော်ပြခံရကာ ဘုရားသခင် ဘုန်းအသရေရရှိသည့် အချိန် ဖြစ်လိမ့်မည်။ စကြဝဠာ တစ်လျှောက်ရှိ လူအားလုံးသည် ဤသာမည “လူသား” ကို ကိုးကွယ် ကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက် ဖြစ်လိမ့်မည် မဟုတ်ပေလော။ တစ်နေ့တွင်၊ အသက်ကြီးသော သင်းအုပ်ဆရာများသည် အသက်စမ်းရေတွင်းမှ ရေကိုရှာဖွေရင်း ကြေးနန်းများ ပေးပို့ကြလိမ့်မည်။ ၎င်းတို့သည် အသက်အရွယ်ကြီးရင့် ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့ အထင်အမြင်သေးခဲ့ကြသည့် ဤလူကို ကိုးကွယ်ဖို့ လာကြလိမ့်ဦးမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ နှုတ်များဖြင့် သူ့ကို ဝန်ခံကြလိမ့်မည်ဖြစ်ပြီး၊ မိမိတို့၏ စိတ်နှလုံးများဖြင့် သူ့ကို ကိုးစားကြလိမ့်မည်ဖြစ်သည်- ဤသည်မှာ နိမိတ်လက္ခဏာတစ်ခုနှင့် အဖွယ်ရာတစ်ခု ဖြစ်သည် မဟုတ်လော။ နိုင်ငံတော်တစ်ခုလုံး ဝမ်းမြောက်သည့် အချိန်သည် ဘုရားသခင် ဘုန်းအသရေနေ့ရက် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်တို့ထံလာပြီး ဘုရားသခင်၏ သတင်းကောင်းကို ရရှိသူမည်သူမဆို ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရလိမ့်မည်။ ပြီးလျှင် ထိုသို့လုပ်ဆောင်သော နိုင်ငံများနှင့် လူများသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းနှင့် ဂရုစိုက်ခြင်းကို ခံရကြလိမ့်မည်။ အနာဂတ် ဦးတည်ချက်များက ထိုသို့ ဖြစ်လိမ့်မည်- ဘုရားသခင်၏ နှုတ်မှ မိန့်မြွက်ချက်များကို ရရှိသူများသည် ကမ္ဘာမြေပေါ်၌ လျှောက်လှမ်းဖို့ လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး စီးပွားရေးသမားများဖြစ်စေ၊ သိပ္ပံပညာရှင်များဖြစ်စေ၊ ပညာသင်ကြားပေးသူများဖြစ်စေ၊ စက်မှုလုပ်ငန်းရှင်များဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိသောသူတို့သည် ခြေလှမ်းတစ်လှမ်း လှမ်းဖို့ပင် ခက်ခဲသည့်အချိန် ရှိလိမ့်မည်ဖြစ်ပြီး၊ မှန်ကန်သော လမ်းခရီးကို ရှာဖွေဖို့ တွန်းအားပေးခံရလိမ့်မည်။ ဤသည်မှာ၊ “သမ္မာတရားနှင့်အတူ လောကတစ်ခွင်လုံးကို သင် လျှောက်လှမ်းလိမ့်မည်၊ သမ္မာတရား မရှိပါက၊ မည်သည့်နေရာကိုမျှ ရောက်မည်မဟုတ်။” ဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အမှန်တရားများမှာ ဤသို့ဖြစ်သည်- ဘုရားသခင်မှာ စကြဝဠာ တစ်ဝှမ်းလုံးကို ကွပ်ကဲဖို့နှင့် လူသားမျိုးနွယ်ကို အုပ်စိုးကာ သိမ်းပိုက်ဖို့ရန် လမ်းခရီးကို (သူ၏နှုတ်ကပတ်တော် အားလုံးကို ဆိုလိုသည်) အသုံးပြုမည် ဖြစ်သည်။ လူသားများသည် ဘုရားသခင်၏ အမှုပြုခြင်း နည်းလမ်းများဖြင့် ကြီးမားသော အလှည့်အပြောင်းတစ်ခုကို အမြဲမျှော်လင့်ကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင်၊ လူတို့ကို ဘုရားသခင် ထိန်းချုပ်သည်မှာ နှုတ်ကပတ်တော်များမှတစ်ဆင့် ဖြစ်ပြီး၊ သင်ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူပြောသည့်အရာကို သင်လုပ်ဆောင်ရမည် ဖြစ်သည်။ ဤသည်မှာ ဓမ္မဓိဌာန်ကျသော အချက်တစ်ချက်ဖြစ်ပြီး အားလုံး နာခံရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည်လည်း အားလုံးက ရှောင်လွဲ၍မရသကဲ့သို့ သိရှိထားသည့်အရာ ဖြစ်သည်။

သန့်ရှင်းသော ဝိညာဉ်တော်သည် လူများကို ခံစားချက်တစ်ခုပေး၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရရှိသူများသည် အနှစ်မဲ့ခြင်းကို ခံစားရသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် လူတို့သည် မိမိတို့၏ စိတ်နှလုံးများတွင် တည်ကြည်ခိုင်မာကာ ငြိမ်သက်ခြင်း ခံစားရလေသည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တန်ခိုးဖြစ်သည်။ လူများသည် ထိုနှုတ်ကပတ်တော်များကို ဖတ်ရှုရမည်ဖြစ်ပြီး၊ ဖတ်ရှုပြီးနောက် အာဟာရပြည့်ကာ နှုတ်ကပတ်တော်မပါဘဲ၊ ၎င်းတို့ မလုပ်ဆောင်နိုင်ကြပေ။ ယင်းသည် လူတို့ဘိန်းရှူ သည့်အခါကဲ့သို့ ဖြစ်သည်- ယင်းက ၎င်းတို့ကို ခွန်အားပေးပြီး၊ နှုတ်ကပတ်တော်မရှိဘဲနှင့် ၎င်းတို့သည် ယင်း၏ အားကောင်းသော ဆွဲဆောင်မှုကို ခံစားရပြီး ခွန်အားမရှိကြချေ။ ယင်းမှာ ယနေ့ လူများကြား၌ ဖြစ်တတ်မှု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် လူတို့ကို ခွန်အားပေးသည်။ ထိုနှုတ်ကပတ်တော်များကို ၎င်းတို့ မဖတ်ရှုပါက၊ နုံးချည့်သည်ကို ၎င်းတို့ ခံစားရသော်လည်း၊ ဖတ်ရှုပြီးနောက်တွင်၊ “လူမမာ ကုတင်” ပေါ်မှ ချက်ချင်းကို ထကြလေသည်။ ဤသည်မှာ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော် တန်ခိုးအာဏာစွဲကိုင်ခြင်းနှင့် အုပ်စိုးခြင်း ဖြစ်သည်။ အချို့က ဘုရားသခင်၏ အမှုကို စွန့်ခွာလိုကြသည် သို့မဟုတ် တိုး၍ ငြီးငွေ့ကြလေသည်။ သို့သော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ မကွာနိုင်ကြချေ။ ၎င်းတို့ မည်မျှ အားနည်းနေသည် ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ၎င်းတို့ အသက်ရှင်ရဦးမည် ဖြစ်ပြီး၊ ၎င်းတို့ မည်မျှထိ ပုန်ကန်တတ်သည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစွန့်ခွာဝံ့ကြသေးပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိမိတို့၏ တန်ခိုးကို အမှန်တကယ် ပြသသောအချိန်သည် ဘုရားသခင် အုပ်စိုးပြီး တန်ခိုးအာဏာ စွဲကိုင်ချိန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် အမှုပြုပုံ ဖြစ်သည်။ နောက်ဆုံးတွင်မူ ဤသည်မှာ ဘုရားသခင် အမှုပြုသည့် နည်းလမ်းဖြစ်ပြီး မည်သူမျှ မစွန့်ခွာနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မရေမတွက်နိုင်သော အိမ်များအလယ် ပျံ့နှံ့လိမ့်မည်၊ ၎င်းတို့ကို အားလုံးက သိရှိလာကြလိမ့်မည်၊ ထိုအခါမှသာ သူ၏ အမှုသည် စကြဝဠာတစ်လျှောက်လုံးသို့ ပျံ့နှံ့သွားလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမှုသည် စကြဝဠာတစ်ခွင်လုံးတစ်လျှောက် ပျံ့နှံ့ဖို့ရန်ဆိုပါက၊ သူ၏ နှုတ်ကပတ်တော်များ ပျံ့နှံ့ရမည် ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မိမိတို့၏တန်ခိုးနှင့် ဩဇာအာဏာကို ပြသလိမ့်မည်။ ရှေးအတီတေမှ ယနေ့တိုင် သူ၏ နှုတ်ကပတ်တော် တစ်ခွန်းစီတိုင်းသည် ပြီးမြောက်လိမ့်မည်ဖြစ်ပြီး အမှန်တကယ် ဖြစ်လာလိမ့်မည်။ ဤနည်းဖြင့်၊ ဘုန်းအသရေသည် ကမ္ဘာမြေပေါ်တွင် ဘုရားသခင်အဖို့ ဖြစ်လိမ့်မည်- ယင်းမှာ သူ၏ နှုတ်ကပတ်တော်များသည် ကမ္ဘာမြေပေါ် အုပ်စိုးလိမ့်မည်ဟု ဆိုရပေမည်။ ဆိုးယုတ်သောသူ အားလုံးသည် ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းကို ခံရကြလိမ့်မည်၊ ဖြောင့်မတ်သော သူအားလုံးသည် သူ၏နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များ၏ ကောင်းချီးပေးခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ အရာအားလုံးသည် ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များအားဖြင့် တည်ထောင်ခြင်းကို ခံရပြီး၊ ပြည့်စုံစေခြင်း ခံရလိမ့်မည်။ သူသည် မည်သည့် နိမိတ်လက္ခဏာ သို့မဟုတ် မည်သည့်အံ့ဖွယ်ရာကိုမျှ ထင်ရှားစေမည်မဟုတ်။ အရာအားလုံးသည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် ပြီးမြောက်လိမ့်မည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များသည် အမှန်တရားများကို ဖြစ်ပေါ်စေလိမ့်မည်။ ကမ္ဘာပေါ်ရှိ အယောက်တိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချီးကျူးဂုဏ်ပြုကြလိမ့်မည်၊ လူကြီးဖြစ်စေ၊ ကလေးများဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ အသက်ကြီးသူဖြစ်စေ၊ အသက်ငယ်သူဖြစ်စေ လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအောက်တွင် ကျိုးနွံနာခံကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မြေကြီးပေါ်၌ လူတို့ကို ထင်ရှားစွာနှင့် အသက်ပါပါ မြင်ခွင့်ပေးရင်း လူ့ဇာတိ၌ ပေါ်ထွန်း၏။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် လူ့ဇာတိခံယူခြင်းအတွက် ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်” ဟူသောအချက်ကို အဓိကအားဖြင့် ပြည့်စုံစေဖို့ ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်သည်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို (ဘုရားသခင်၏ အသံသည် ကောင်းကင်မှ တိုက်ရိုက် ထုတ်ပြန်သည့်အချိန် ဓမ္မဟောင်းကျမ်းထဲက မောရှေ၏ အချိန်ကာလကဲ့သို့ မဟုတ်ဘဲ) လူ့ဇာတိမှ ထုတ်ပြန်နိုင်ဖို့အလို့ငှာ သူ ကြွလာပြီးဖြစ်သည်။ ထို့နောက်တွင်၊ သူ၏ နှုတ်ကပတ်တော်အားလုံးသည် နှစ်တစ်ထောင် နိုင်ငံတော်ကာလအတွင်းတွင် ပြည့်စုံလိမ့်မည်၊ ထိုနှုတ်ကပတ်တော်များသည် လူများ၏ မျက်စိရှေ့တွင် မြင်တွေ့နိုင်သော အမှန်တရားများ ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ လူများသည် ခြားနားချက် စိုးစဉ်းမျှမရှိဘဲ မိမိတို့၏ ကိုယ်ပိုင် မျက်လုံးများကို အသုံးပြုရင်း ထိုနှုတ်ကပတ်တော်များကို ရှုမြင်ရကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လူ့ဇာတိကို ခံယူခြင်းနှင့်သက်ဆိုင်သည့် အဆုံးစွန် အဓိပ္ပာယ်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် လူ့ဇာတိမှတစ်ဆင့်နှင့် နှုတ်ကပတ်တော်များ မှတစ်ဆင့် ပြီးမြောက်ခြင်းဖြစ်သည်။ ဤသည်မှာ “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်” နှင့် “လူ့ဇာတိ၌ နှုတ်ကပတ်တော်၏ ပေါ်ထွန်းခြင်း” တို့၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင် တစ်ပါးတည်းသာ ဝိညာဉ်တော်၏ အလိုကို ပြောနိုင်ပြီး လူ့ဇာတိ၌ရှိသော ဘုရားသခင်ကသာ ဝိညာဉ်တော် ကိုယ်စား ပြောနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ့ဇာတိခံ ဘုရားသခင်၌ ပေါ်လွင်ထင်ရှားပြီး အယောက်တိုင်းသည် ထိုနှုတ်ကပတ်တော်များ၏ လမ်းပြခြင်းခံရလေသည်။ မည်သူမျှ ကင်းလွတ်ခြင်းမရှိ၊ ၎င်းတို့အားလုံး ဤနယ်ပယ်အတွင်းတွင် တည်ရှိ၏။ ဤမိန့်မြွက်ချက်များမှသာ လူများသည် သိလာနိုင်သည်။ ဤနည်းလမ်းဖြင့် မရရှိသောသူများသည် ကောင်းကင်မှ မိန့်မြွက်ချက်များ ရရှိနိုင်သည်ဟု ၎င်းတို့ ထင်ပါက၊ စိတ်ကူးယဉ်အိပ်မက်မက်နေကြခြင်း ဖြစ်သည်။ ယင်းမှာ အားလုံးကို ယင်းအား လုံးလုံး ယုံကြည်လောက်ဖွယ် အနှစ်သာရဖြင့် ယုံကြည်စေရင်း၊ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာ၌ ဖော်ပြထားသော ဩဇာအာဏာ ဖြစ်သည်။ ကြည်ညိုကိုင်းရှိုင်းဖွယ်ရာ ကျွမ်းကျင်သူများနှင့် ဘာသာရေး သင်းအုပ်ဆရာများပင်လျှင် ဤနှုတ်ကပတ်တော်များကို မပြောဆိုနိုင်ကြပေ။ ၎င်းတို့အားလုံးသည် ထိုနှုတ်ကပတ်တော်များအောက်၌ ကျိုးနွံနာခံရမည်ဖြစ်ပြီး၊ မည်သူမျှ အခြားသော အစပြုခြင်းကို ပြုလုပ်နိုင်မည် မဟုတ်။ ဘုရားသခင်သည် စကြဝဠာကို သိမ်းပိုက်ဖို့ နှုတ်ကပတ်တော်များကို အသုံးပြုလိမ့်မည်။ သူသည် ဤအရာများကို သူ၏ လူ့ဇာတိခံ ခန္ဓာဖြင့် လုပ်ဆောင်လိမ့်မည်မဟုတ်ဘဲ၊ စကြဝဠာ တစ်ခုလုံးရှိ လူအားလုံးကို သိမ်းပိုက်ရန် လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်မှ မိန့်မြွက်ချက်များကို အသုံးပြုခြင်းမှတစ်ဆင့် လုပ်ဆောင်မည်ဖြစ်သည်။ ဤအရာသည်သာ နှုတ်ကပတ်တော် လူ့ဇာတိကို ခံယူခြင်းဖြစ်ပြီး ဤအရာသည်သာ လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်ခြင်း ဖြစ်သည်။ လူသားများအဖို့ ဘုရားသခင်သည် အမှုများစွာ မလုပ်ဆောင်သေးသည့်အလား ထင်ရသော်လည်း- ဘုရားသခင်၏ သူ၏နှုတ်ကပတ်တော်များကိုသာ မိန့်မြွက်ရမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် လုံးလုံးလျားလျား ယုံကြည်လက်ခံကြလိမ့်မည် ဖြစ်ကာ အံ့ဩကြလိမ့်မည်ဖြစ်သည်။ အမှန်တရားများ မရှိဘဲနှင့်၊ လူများသည် အော်ဟစ်ကာ ပွတ်လောရိုက်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အတူ ၎င်းတို့ ဆိတ်ငြိမ်ကျသွားကြသည်။ ဤသည်မှာ ကမ္ဘာမြေပေါ်သို့ နှုတ်ကပတ်တော်၏ ရောက်ရှိခြင်း အမှန်တရားကို ပြီးမြောက်စေခြင်း ဖြစ်သည့် ဘုရားသခင်၏ ကြာရှည်တည်ဆောက်ထားသည့် အစီအစဉ်ဖြစ်သည့်အတွက်၊ ဘုရားသခင်သည် ဤအမှန်တရားကို ဧကန်မုချ ပြီးမြောက်စေလိမ့်မည်။ အမှန်တွင်၊ ငါ့အတွက် ရှင်းပြန်ရန် မလိုပေ- ကမ္ဘာမြေပေါ်သို့ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကမ္ဘာမြေပေါ်သို့ ရောက်ရှိခြင်း ဖြစ်သည်။ ကောင်းကင်မှ ဆင်းသက်သော ယေရုရှလင်မြို့သစ် ဆိုသည်မှာ လူသားအလယ် အသက်ရှင်ဖို့၊ လူ၏ လုပ်ရပ်တိုင်းနှင့် သူ၏ အတွင်းကျကျ အတွေးများအားလုံးကို အဖော်ပြုရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရောက်ရှိလာခြင်း ဖြစ်သည်။ ဤသည်မှာလည်း ဘုရားသခင် ပြီးမြောက်စေမည့် အမှန်တရားတစ်ခု ဖြစ်သည်။ ဤသည်မှာ အနှစ်တစ်ထောင် နိုင်ငံတော်၏အလှတရား ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ချမှတ်ထားသော အစီအစဉ် ဖြစ်သည်- သူ၏ နှုတ်ကပတ်တော်များသည် ကမ္ဘာပေါ်တွင် နှစ်တစ်ထောင်ကြာ ပေါ်ထွန်းလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင် သူ၏ လုပ်ဆောင်ချက်များ အားလုံးကို ထင်ရှားစေမည်ဖြစ်ကာ သူ၏ အမှုအားလုံးကို ပြည့်စုံစေမည်ဖြစ်သည်၊ ထို့နောက်တွင် လူသားမျိုးနွယ်၏ ဤအဆင့်သည် အဆုံးသတ်ဖို့ ရောက်လာလိမ့်မည်ဖြစ်သည်။

အရှေ့သို့- ခေတ်သစ်၏ ပညတ်တော်များ

နောက်တစ်ခုသို့- လက်တွေ့ကျသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။