နောက်ဆုံးသောကာလ၏အမှုသည် အဓိကအားဖြင့် လူကို အသက်ပေးရန်တည်းကျူး
၁ အလုပ်၏ ဤနောက်ဆုံးအဆင့်တွင် ရလဒ်များကို နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုအားဖြင့် ရယူသည်။ နှုတ်ကပတ်တော်အားဖြင့် လူသည် နက်နဲရာအချက် အများအပြားနှင့် အတိတ်ကာလ မျိုးဆက်များတစ်လျှောက် ဘုရားသခင်လုပ်ဆောင်ခဲ့သော အလုပ်တို့ကို နားလည်လာသည်၊ နှုတ်ကပတ်တော်အားဖြင့် လူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို ခံရသည်၊ နှုတ်ကပတ်တော်အားဖြင့် လူသည် ယခင်မျိုးဆက်များက မည်သည့်အခါမျှ မဖော်ထုတ်ခဲ့သော နက်နဲရာအချက်များကိုသာမက အတိတ်အချိန်များမှ ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်နှင့် သူတို့အလုပ်လုပ်ခဲ့သော နိယာမများတို့ကို နားလည်လာသည်၊ နှုတ်ကပတ်တော်အားဖြင့် လူသည် ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားကိုသာမက လူ၏ပုန်ကန်မှုနှင့် ခုခံခြင်းတို့ကိုလည်း နားလည်လာပြီး၊ သူတို့ကိုယ်တိုင်၏ အနှစ်သာရများကိုလည်း သိနားလည်လာသည်။ ယင်းအလုပ်အဆင့်များနှင့် ပြောကြားခဲ့သော နှုတ်ကပတ်တော်များ အားလုံးမှတစ်ဆင့် လူသည် ဝိညာဉ်တော်၏ အလုပ်၊ ဘုရားသခင်ခံယူသော ဇာတိခန္ဓာ၏ အလုပ်နှင့် ထို့ထက်မက သူ၏စိတ်သဘောထား တစ်ခုလုံးကို သိလာသည်။
၂ နှစ်ပေါင်း ခြောက်ထောင်ကျော်ကြာ ဘုရားသခင်၏ စီမံခန့်ခွဲမှုများအပေါ် သင်၏သိနားလည်မှုကိုလည်း နှုတ်ကပတ်တော်မှတစ်ဆင့် ရရှိသည်။ သင်၏ ယခင်က အယူအဆများအပေါ် သင်၏သိနားလည်မှုနှင့် ယင်းတို့ကို ဘေးဖယ်ထားရာ၌ အောင်မြင်မှုသည်လည်း နှုတ်ကပတ်တော်မှတစ်ဆင့် ရခဲ့သည်မဟုတ်လော။ ယခင်အဆင့်တွင် ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို လုပ်ခဲ့သော်လည်း ယခုအဆင့်တွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ မရှိတော့ပေ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အဘယ်ကြောင့် သူမထုတ်ဖော်တော့သည်ကို သင်၏နားလည်မှုသည်လည်း နှုတ်ကပတ်တော်အားဖြင့် ရရှိသည်မဟုတ်လော။ ထို့ကြောင့် ဤအဆင့်တွင် ပြောကြားထားသော နှုတ်ကပတ်တော်တို့သည် အတိတ်မျိုးဆက်များမှ တမန်တော်များနှင့် ပရောဖက်များလုပ်ခဲ့ကြသော အလုပ်ကို ကျော်လွန်သွားသည်။ ပရောဖက်များပြောကြားခဲ့ကြသော ပရောဖက်ပြုချက်များသည်ပင်လျှင် ဤရလဒ်ကို မရရှိနိုင်ခဲ့ပေ။ ဤအဆင့်တွင် ပြောကြားခဲ့သော စကားလုံးများမှ ပရောဖက် ပြုချက်နှင့် သမ္မာတရားများ ဖြစ်သော်လည်း သူတို့အနေဖြင့် လူအပေါ်တွင် အသက်ကို ပေးရန် အစေခခံခဲ့ ကြသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။