၈၆ ကျွန်ုပ်ကို ချစ်သောသူသည် အနန္တတန်ခိုးရှင် ဘုရားသခင်ပါ

၁ အနန္တတန်ခိုးရှင် ဘုရားသခင် ကျွန်ုပ်ကို ချစ်တော်မူ၍ ပလ္လင်ရှေ့သို့ ချီဆောင်သောသူ သိုးသူငယ်မင်္ဂလာဆောင်ပွဲကို တက်ရောက်ရင်း ဝမ်းမြောက်ခြင်းန နှုတ်ကပတ်တော်ကို ကျွန်ုပ် ခံယူရရှိ။ ဘုရား၏မျက်နှာတော်ကို တွေ့မြင်ရတာ ပျော်ရွှင်မြူးတူးဖွယ်တစ်ခုလိုကျွန်ုပ်ခံစားရ။ ကယ်တင်ရှင် ပြန်ကြွလာခြင်းကို ကြိုဆိုရသည်မှာ အံ့မခန်းဖြစ်ပေသည်။ အို၊ အနန္တတန်ခိုးရှင် ဘုရားသခင် အလွန် ချစ်ဖွယ်ပါတကား။ သူ၏ တရားစီရင်ခြင်းသည် ကျွန်ုပ်ကို သန့်ရှင်းစေပြီ။ ဇဝေဇဝါဖြစ်ခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်း မရှိတော့ဘဲ၊ သမ္မာတရားကို ကျွန်ုပ် နားလည်ကာ လွတ်မြောက်ခြင်းခံရပေ။ အို၊ အနန္တတန်ခိုးရှင် ဘုရားသခင် အလွန် ချစ်ဖွယ်ပါတကား။ သူ၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို သိမ်းပိုက်လေပြီ။ သူ၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပေ။ ဤအရာကို ကျွန်ုပ် ရှာဖွေကာ ရရှိရမည်။ သမ္မာတရား၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်ခြင်းသည် ဘုရားသခင်ကို နှစ်သိမ့်ကျေနပ်စေသည်။

၂ ကျွန်ုပ်ကို ချစ်သောသူသည် အနန္တတန်ခိုးရှင် ဘုရားသခင် ပါ၊ ကိုယ်တော်၏နှုတ်ကပတ်တော် ကျွန်ုပ်ကို စင်ကြယ်စေ၍ ပြောင်းလဲစေ။ သူ၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြခြင်းတို့၏ နှုတ်ကပတ်တော်တိုင်းနှင့်ဆိုင်သည့် သမ္မာတရားသည် ကျွန်ုပ် စိတ်နှလုံး၏ အကြောင်းရင်းမှန်ကို ပြောဆိုသည်။ သူ၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို ကျွန်ုပ် လက်ခံကာ ကျွန်ုပ် မည်မျှ အကြီးအကျယ် ဖောက်ပြန်ပျက်စီးခဲ့သည်ကို မြင်ရပေ။ ကျွန်ုပ် အမှန်တကယ် နောင်တရသည်၊ ရိုးသားသော လူတစ်ဦး ဖြစ်လာကာ သူ့ကို ဖြူစင်စွာ ချစ်သည်။ အို၊ အနန္တတန်ခိုးရှင် ဘုရားသခင် အလွန် ချစ်ဖွယ်ပါတကား။ သူ၏ တရားစီရင်ခြင်းသည် ကျွန်ုပ်ကို သန့်ရှင်းစေပြီ။ ကောင်းချီးမင်္ဂလာများ သို့မဟုတ် ကပ်ဘေး ကျွန်ုပ် တွေ့ကြံရသည်ဖြစ်စေ၊ ဘုရားသခင်၏ အစီအစဉ်များကို ကျွန်ုပ် ကျိုးနွံနာခံကာ အခြား မည်သည့် ရွေးချယ်မှုမျှ မပြုပေ။ အို၊ အနန္တတန်ခိုးရှင် ဘုရားသခင် အလွန် ချစ်ဖွယ်ပါတကား။ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်နှလုံးသားကို ရယူပြီ။ စစ်မှန်ရိုးသားမှုအားလုံးဖြင့်၊ သူ၏ အချုပ်အခြားအာဏာနင့် အစီအစဉ်များကို ကျိုးနွံနာခံရင်း၊ ဘုရားသခင်ထံ ကျွန်ုပ်၏ စိတ်နှလုံးကို ကျွန်ုပ် လွှဲပြောင်းပေးအပ်သည်။ သမ္မာတရား၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်ခြင်းသည် ဘုရားသခင်ကို နှစ်သိမ့်ကျေနပ်စေသည်။

၃ ကျွန်ုပ်ကို ချစ်သောသူသည် အနန္တတန်ခိုးရှင် ဘုရားသခင်၊ နှုတ်ကပတ်တော် ကျွန်ုပ်ကို အစဉ် လမ်းပြပို့ဆောင်။ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်၏၊ ထိုနှုတ်ကပတ်တော်က ကျွန်ုပ်၏အသက် ဖြစ်လာသည်။ ဘာဖြစ်ဖြစ်၊ ခရီးလမ်း ဘယ်လောက်ကြမ်းကြမ်း ဘုရားသခင် ကျွန်ုပ်ကို လမ်းပြပို့ဆောင်။ နောက်မဆုတ်ဘဲ ဘုရားနောက် စွဲစွဲမြဲမြဲ လိုက်ပါမည်။ အို၊ အနန္တတန်ခိုးရှင် ဘုရားသခင် အလွန် ချစ်ဖွယ်ပါတကား။ သူ၏ တရားစီရင်ခြင်းသည် ကျွန်ုပ်ကို သန့်ရှင်းစေပြီ။ ဘုရားသခင်၏ အလိုတော် ဖြည့်ဆည်းခံရနိုင်ဖို့အလို့ငှာ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းခြင်းအဖို့ ကျွန်ုပ် ဆက်ကပ်သည်။ အို၊ ဘုရားသခင် ကျွန်ုပ်အား ချစ်သည်၊ အို၊ ဘုရားသခင် ကျွန်ုပ်အား ချစ်သည်၊ ကျွန်ုပ်ဘဝတစ်လျှောက်လုံး ကိုယ်တော်ကို ချစ်ဖို့ ကျွန်ုပ် ကြိုးစားမည်။ အလိုတော်ကို ဆောင်ရွက်၊ အမှုတော်ကို သက်သေခံခြင်းသည် ကျွန်ုပ်တို့ ဘဝတာဝန်ပါ။ သမ္မာတရား၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်ခြင်းသည် ဘုရားသခင်ကို နှစ်သိမ့်ကျေနပ်စေသည်။

အရှေ့သို့- ၈၅ လမ်းတစ်လျှောက် ကိုယ်တော် အဖော်ပြု

နောက်တစ်ခုသို့- ၈၇ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကမ္ဘာပေါ်ပြည့်လျှံသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။