၃၀၆ ဖောက်ပြန်သော လူသားမျိုးနွယ်သည် ခရစ်တော်ကို မြင်တွေ့ရန် မထိုက်တန်ကျူး

၁ သင်တို့သည် အမြဲပင် ခရစ်တော်ကို တွေ့လိုကြသည်၊ သို့သော်လည်း သင်တို့အနေဖြင့် မိမိကိုယ်ကို လွန်စွာ အထင်မကြီးကြရန် ငါတိုက်တွန်း၏။ မည်သူမဆို ခရစ်တော်ကို မြင်ကောင်းမြင်နိုင်သော်လည်း မည်သူမျှ ခရစ်တော်ကိုမမြင်ထိုက်ဟု ငါဆိုသည်။ လူသား၏သဘောသဘာဝသည် ဆိုးယုတ်ခြင်း၊ မောက်မာခြင်း၊ ပုန်ကန်လိုခြင်းတို့နှင့် ပြည့်နေသောကြောင့် သင်သည် ခရစ်တော်ကို မြင်သောအခိုက်တွင် သင်၏သဘောသဘာဝသည် သင့်ကို ဖျက်ဆီးပြီး သေခြင်းသို့ စီရင်ချက်ချမှတ်လိမ့်မည်။ မည်သည့်အချိန်တွင်မဆို သင်၏အယူအဆများ အမြစ်စွဲလာနိုင်ပြီး သင်၏မောက်မာမှု အပင်ပေါက်လာကာ သင်၏ပုန်ကန်မှုသည်လည်း သဖန်းသီးကို သီးစေလိမ့်မည်။ ဤကဲ့သို့သော လူ့သဘာဝ ရှိနေသည့်သင်သည် ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံရန် မည်သို့ ထိုက်တန်နိုင်မည်နည်း။

၂ သင်သည် နေ့တိုင်းအချိန်တိုင်း သူ့ကို အမှန်တကယ်ပင် ဘုရားသခင်အဖြစ် ဆက်ဆံနိုင်မည်လော။ ဘုရားသခင်ကို ကျိုးနွံနာခံမှု၏ စစ်မှန်မှု သင်၌ရှိလိမ့်မည်လော။ သင်တို့သည် မိမိတို့စိတ်နှလုံးများထဲရှိ မြင့်မြတ်သောဘုရားကို ယေဟောဝါအဖြစ် ကိုးကွယ်ကြသော်လည်း မြင်နိုင်သည့်ခရစ်တော်ကိုမူ လူသားတစ်ဦးအဖြစ် မှတ်ယူကြ၏။ သင်တို့၏အသိစိတ်သည် နိမ့်ကျလွန်းပြီး သင်တို့၏ လူ့သဘာဝသည်လည်း ယုတ်ညံ့လွန်း၏။ သင်တို့သည် ခရစ်တော်ကို ဘုရားသခင်အဖြစ် အမြဲတစေ မှတ်ယူနိုင်ခြင်းမရှိ၊ ရံဖန်ရံခါ သင်တို့သဘောတွေ့သည့်အခါမှသာလျှင် သူ့ကို ဖမ်းဆွဲဆုပ်ကိုင်၍ ဘုရားသခင်အဖြစ် ကိုးကွယ်ကြ၏။ ဤအကြောင်းကြောင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်သူများမဟုတ်၊ ခရစ်တော်ကို ဆန့်ကျင်တိုက်ခိုက်သည့် ကြံရာပါလူတစ်စုဖြစ်၏ဟု ငါဆို၏။

၃ သင့်အနေဖြင့် ပြုပြင်ခြင်း သို့မဟုတ် စီရင်ခြင်းကို မခံခဲ့ရဘဲ ဘုရားသခင်ကို သွားတွေ့ပါက သင်သည် ဘုရားသခင်၏ရန်ဘက်တစ်ဦး ဧကန်မုချ ဖြစ်လာပြီး ပျက်စီးခြင်းအဖို့ သတ်မှတ်ခံရလိမ့်မည်။ လူသား၏ သဘောသဘာဝသည် ပင်ကိုအားဖြင့် ဘုရားသခင်ကို ရန်လို၏။ အကြောင်းမှာ လူသားများအားလုံးသည် စာတန်၏ အကြီးအကျယ် ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံထားရခြင်းကြောင့်ဖြစ်သည်။ လူသားသည် သူ၏ဖောက်ပြန်ပျက်စီးခြင်းထဲမှနေ၍ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရန် ကြိုးစားနေသည်ဆိုပါက ဤအရာမှ ကောင်းမွန်သောအရာ ဘာမျှထွက်မလာနိုင်သည်မှာ သေချာသည်။ သူ၏လုပ်ရပ်များနှင့် စကားလုံးများက နေရာတိုင်းအချိန်တိုင်း၌ သူ၏ဖောက်ပြန်ပျက်စီးမှုကို မြင်သာအောင်ပြမည်မှာ အသေအချာ ဖြစ်ပြီး၊ သူသည် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံသည့်အခါ သူ၏ပုန်ကန်မှုမှာ ရှုထောင့်တိုင်းမှ ဖော်ထုတ်ခြင်းခံရလိမ့်မည်။ အမှုမဲ့အမှတ်မဲ့ဖြင့် လူသားသည် ခရစ်တော်ကို ဆန့်ကျင်လာမည်၊ ခရစ်တော်ကို လှည့်ဖြားလာမည်၊ ခရစ်တော်ကို ပစ်ပယ်လာမည်။ ဤအရာဖြစ်လာသည့်အခါ လူသားသည် ပို၍ပင် စိတ်မချရသော အခြေအနေသို့ ရောက်လိမ့်မည်ဖြစ်ပြီး ဤသို့ဆက်ဖြစ်ပါက သူသည် အပြစ်ဒဏ်ပေးခံရသည့်သူ ဖြစ်လာလိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၀၅ ထိုသို့သော ဆင်ခြင်တုံတရားဖြင့် ဘုရားသခင်ကို ဆက်သွယ်ရန် သင်မထိုက်တန်ကျူး

နောက်တစ်ခုသို့- ၃၀၇ ဤသည်မှာ သင်၏ယုံကြည်ခြင်းလော

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။