လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်ကို နောက်ဆုံးသောကလတွင် လူ့ဇာတိခံယူခြင်းဖြင့် စုံလင်စေ၏ကျူး
၁ ယေရှုသည် “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏” နှင့်စပ်ဆိုင်သည့် အနှစ်သာရကိုသာ ဖြည့်ဆည်းခဲ့သော အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏ သမ္မာတရားသည် ဘုရားသခင်နှင့် အတူရှိပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်မှာ ဇာတိခန္ဓာနှင့် အတူရှိကာ သူ့ထံမှ ခွဲခြားထား၍ မရပါ၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် အတူရှိကာ၊ ယင်းသည် လူ့ဇာတိခံယူသော ယေရှုမှာ ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်းဖြစ်သည်ဆိုခြင်း၏ သာ၍ကြီးမားသော သက်သေပင်ဖြစ်သည်။ အလုပ်၏ ဤအဆင့်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူ၏” နှင့်စပ်ဆိုင်သည့် အတွင်းပိုင်း အနက်အဓိပ္ပာယ်ကို ဖြည့်ဆည်းခဲ့ပြီး၊ “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏” အတွက် သာ၍နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်ကို ပံ့ပိုးပေးခဲ့ကာ၊ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏” ဟူသည့် နှုတ်ကပတ်တော်များကို သင့်အနေဖြင့် ခိုင်မာစွာယုံကြည်ရန် ခွင့်ပြုပေးလေသည်။ အလုပ်၏ ဤအဆင့်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူ၏” နှင့်စပ်ဆိုင်သည့် အတွင်းပိုင်း အနက်အဓိပ္ပာယ်ကို ဖြည့်ဆည်းခဲ့ပြီး၊ “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏” အတွက် သာ၍နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်ကို ပံ့ပိုးပေးခဲ့ကာ၊ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏” ဟူသည့် နှုတ်ကပတ်တော်များကို သင့်အနေဖြင့် ခိုင်မာစွာယုံကြည်ရန် ခွင့်ပြုပေးလေသည်။
၂ ဆိုလိုသည်မှာ ဖန်ဆင်းချိန်တွင် ဘုရားသခင်၌ နှုတ်ကပတ်တော်များ ရှိသည်၊ သူ၏ နှုတ်ကပတ်တော်များမှာ သူနှင့်အတူရှိခဲ့ကာ သူ့ထံမှ ခွဲခြားထား၍ မရခဲ့ချေ၊ ထို့ပြင် နောက်ဆုံးသောခေတ်သည် သူ့နှုတ်ကပတ်တော်များ၏ အာဏာနှင့် တန်ခိုးကို သာ၍ပင် ရှင်းလင်းအောင် ပြုလုပ်ပြီး၊ လူသားအား သူ့နှုတ်ကပတ်တော်များ အားလုံးကို မြင်တွေ့ရန်၊ သူ၏ နှုတ်ကပတ်တော်များ အားလုံးကို နာကြားရန် ခွင့်ပြုပေးသည်။ ယင်းသည် နောက်ဆုံးသောခေတ်၏ အလုပ်ပင် ဖြစ်သည်။ သင်သည် ဤအရာများကို အူမချေးခါးမကျန် သိရှိလာရမည် ဖြစ်သည်။ ယင်းမှာ ဇာတိပကတိကို သိရှိခြင်း၏ ကိစ္စရပ် မဟုတ်ဘဲ၊ နှုတ်ကပတ်တော်နှင့် ဇာတိပကတိကို သိရှိခြင်း၏ ကိစ္စရပ်သာ ဖြစ်သည်။ ဤသည်မှာ သင်သက်သေခံရမည့် အရာဖြစ်ပြီး၊ လူတိုင်း သိရမည့်အရာလည်း ဖြစ်သည်။ ဤသည်မှာ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း၏ အလုပ်၊ ထို့ပြင် ဘုရားသခင် လူ့ဇာတိခံယူသည့် နောက်ဆုံးအကြိမ် ဖြစ်သောကြောင့် ယင်းသည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို လုံးလုံးလျားလျား စုံလင်စေကာ၊ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ အလုပ်အားလုံးကို ထုတ်ဆောင်လျက် စေ့စေ့စပ်စပ် ဆောင်ရွက်ပြီး ဇာတိခန္ဓာထဲရှိ ဘုရားသခင်ဖြစ်ခြင်း၏ ခေတ်ကာလကို အဆုံးသတ်စေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။