မေးခွန်း (၃) ကျမ်းစာထဲမှာဗျာဒိတ်ပေးခဲ့သလိုပါပဲ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) သခင်ယေရှုရှင်ပြန်ထမြောက်တုန်းက ကောင်းကင်ကိုတက်ကြွသွားတာဟာ ဝိညာဉ်ကိုယ်ခန္ဓာပဲဖြစ်တယ် သူပြန်လာတဲ့အခါလည်း သူ့ရဲ့ဝိညာဉ်ကိုယ်ခန္ဓာပဲ မိုးတိမ်စီးပြီးဆင်းကြွလာမှာ ဒါပေမဲ့ ဘုရားသခင်က နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့ လူသားအဖြစ် လူ့ဇာတိခံပြီလို့ အစ်ကိုကပြောတယ်နော်။ ဒါကသမ္မာကျမ်းစာနဲ့ သိသိသာသာကိုကိုက်ညီမှုမရှိဘူး။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ဘာသာရေးခေါင်းဆောင်တွေက သခင်လူ့ဇာတိခံယူပြီး ပြန်လာလိမ့်မယ်ဆိုတဲ့ သက်သေခံချက်တွေက မှားတယ်လို့ပြောကြတယ်။ ဒါ့ကြောင့် သခင်လူ့ဇာတိခံယူပြီးပြန်လာမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ် အစ်ကို့ရဲ့သက်သေခံမှုကို ကျွန်တော်တော့လက်မခံနိုင်ဘူး ကျွန်တော်ကတော့ သခင်ကကျွန်တော်တို့ကို ကောင်းကင်နိုင်ငံကိုယူဆောင်သွားဖို့အတွက် မိုးတိမ်စီးပြီးဆင်းကြွလာမှာကိုပဲစောင့်နေမယ်။ အဲ့ဒါကမမှားနိုင်ဘူးလေ။

အဖြေ- သခင်က အသွေးအသားကိုယ်ခန္ဓာနဲ့ပြန်လာမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ အစ်ကိုပြောတယ်နော်။ အဲ့ဒါအမှန်ပဲလို့အစ်ကိုထင်လား သမ္မာကျမ်းစာထဲမှာ သခင်ကလူ့ဇာတိနဲ့ပြန်လာမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ရေးသားထားပါတယ် အဲ့ဒါကိုမတွေ့မိဘူးလို့ အစ်ကိုဆိုလိုတာဖြစ်နိုင်တယ် သခင်ပြန်လာတာနဲ့ပတ်သက်ပြီး ဗျာဒိတ်ပြုထားချက်တွေအများကြီးရှိပါတယ် လူ့ဇာတိခံယူပြီး ပြန်မယ်ဆိုတဲ့ အဲ့ဒီထဲကတစ်ခုကို သမ္မာကျမ်းစာထဲမှာရှင်းရှင်းလင်းလင်း ဖော်ပြထားတယ် ဥပမာ သခင်ယေရှုက.. “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇)ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) လူသားအနေနဲ့ပြန်လာမယ်လို့ သခင်ယေရှုကဗျာဒိတ်ပေးခဲ့တယ် လူသားဆိုတာ ဘုရားသခင် လူ့ဇာတိခံယူတာ ကိုရည်ညွှန်းပါတယ် လူ့ဇာတိခံယူထားတဲ့သခင်ယေရှုဟာ အပြင်က သာမန်လူသားတစ်ယောက်လိုပါပဲ စားမယ် သောက်မယ် အိပ်မယ် ပြီးတော့လမ်းလျှောက်မယ် ဒါပေမဲ့ သူပြန်လည်ရှင်ပြန်ထမြောက်လာပြီးနောက်ဖြစ်လာတဲ့ ဝိညာဉ်ခန္ဓာကတော့ ကွဲပြားခြားနားတယ် သူကနံရံတွေကိုထိုးဖောက်သွားလာနိုင်တယ်၊ ကိုယ်ထင်ပြလို့ရတယ် ဖျောက်လို့ရတယ်.. ဒါကသဘာဝလွန်ဖြစ်ရပ်ပဲ အဲ့ဒါကြောင့်သူ့ကို လူသားလို့ ခေါ်လို့မရနိုင်ဘူး လူသားအဖြစ် ပြန်လာတာနဲ့ ပတ်သက်ပြီး သခင်ယေရှုက.. “ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်(ရှင်လုကာခရစ်ဝင် ၁၇:၂၅) လို့ပြောထားတယ်။ ဒါပေမဲ့ အစ်ကို့ရဲ့ပြောဆိုချက်အရ သခင်ကဝိညာဉ်ခန္ဓာကိုယ်နဲ့ မိုးတိမ်ကိုစီးပြီး လူတွေရဲ့ရှေ့မှောက်ကို ဆင်းကြွလာမယ်.. လူတိုင်းကသူ့ကို ဦးချဝတ်ပြုကြလိမ့်မယ်၊ ဘယ်သူကသူ့ကိုဆန့်ကျင်ရှုတ်ချရဲမှာလဲ ဆိုတဲ့သဘောပဲ သခင်ယေရှုက “ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၅) ဒီစကားတွေက ဘယ်လိုပြည့်စုံလာမှာလဲ ဘုရားသခင်လူ့ဇာတိခံယူပြီး လူသားအဖြစ်ပေါ်ထွန်းပြီး အမှုတော်ဆောင်တဲ့အခါ၊ သူတို့တွေကသူ့ကို အသိအမှတ်မပြုတဲ့အခါမှသာ၊ သူတို့ရဲ့ထင်မြင်ယူဆချက်တွေအတိုင်း သူ့ကိုငြင်းပယ်ရှုတ်ချရဲကြမှာလေ ဒါကတကယ့်စဉ်းစားစရာလို့ အစ်ကိုပြောတာမဟုတ်လား သခင်ယေရှုက နောက်ထပ်ပရောဖက်ပြုခဲ့သေးတယ်.. “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန် မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိတော်မူ၏။(ရှင်မဿဲခရစ်ဝင် ၂၄:၃၆)ထို့ကြောင့် စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင် မသိရ။(ဗျာဒိတ်ကျမ်း ၃:၃) အကယ်၍သခင်က ဝိညာဉ်ခန္ဓာနဲ့မိုးတိမ်ကိုစီးပြီးဆင်းကြွလာရင် လူတိုင်းက အဲ့ဒါကိုသိရှိပြီးမြင်နိုင်ကြလိမ့်မယ် ဒါပေမယ့် သခင်ယေရှုက သူပြန်လာတဲ့အခါမှာ၊ အဲဒါကို ဘယ်သူမှမသိဘူး သားတော်လည်းမသိဘူး သူခိုးကဲ့သို့ စတာတွေ ဖြစ်မယ်လို့ ဗျာဒိတ်ပေးခဲ့တာဖြစ်တယ်။ ဒီစကားတွေက ဘယ်လိုပြည့်စုံလာမှာလဲ သခင်ယေရှုက ဝိညာဉ်ခန္ဓာနဲ့ပေါ်လာခဲ့ရင် သူ့ကိုယ်သူဒါနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်မသိတာလဲ နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူသားအဖြစ် လူ့ဇာတိခံယူပြီး သာမန်လူသားတစ်ယောက်ဖြစ်လာမှသာ သားတော်လည်းမသိ ဆိုတဲ့စကားတွေပြည့်စုံလာပါလိမ့်မယ် သခင်ယေရှုအဖြစ် သူ့ရဲ့အမှုတော်တွေကိုမဆောင်ရွက်ခင်က သူက လူသားတွေကိုရွေးနှုတ်ကယ်တင်ဖို့ကြွလာတဲ့ ခရစ်တော်ဖြစ်တယ် ဆိုတာကိုတောင်မသိခဲ့ဘူး ဒါကြောင့် သခင်ယေရှုက ကောင်းကင်ဘုံရှင်ဘုရားသခင်ထံကို မကြာခဏဆုတောင်းခဲ့တာပေါ့ သခင်ယေရှု သူ့ရဲ့အမှုတော်တွေကို ပြည့်စုံအောင်စတင်ဆောင်ရွက်တော့မှ သူမည်သူမည်ဝါဖြစ်ကြောင်း သဘောပေါက်လာခဲ့တာ ဒါကိုဒီနည်းအတိုင်းနားလည်တာ ပိုပြီးလက်တွေ့ကျတယ်မဟုတ်လား ဒါဆိုရင်အခု သမ္မာကျမ်းစာထဲမှာ သခင်ကလူ့ဇာတိခံယူပြီးပြန်လာမယ်ဆိုတဲ့ ဗျာဒိတ်ပြုထားချက်မရှိဘူးလို့ ပြောနိုင်ပါဦးမလား ဒါက သခင်ယေရှု ဗျာဒိတ်ပေးခဲ့တဲ့အရာပဲ “လူသား” ဆိုတာ ဘုရားသခင် လူ့ဇာတိခံယူတာကို ရည်ညွှန်းတာ မဟုတ်လား။ တစ်ချို့လူတွေက သူလူ့ဇာတိခံယူပြီးပြန်လာမယ်ဆိုလည်း ဘာဖြစ်လို့အဲ့ဒီအကြောင်းကို တိုက်ရိုက်မပြောခဲ့တာလဲလို့လည်း တွေးမိလိမ့်မယ် လူသား ပေါ်ထွန်းခြင်းအကြောင်းကို သူဘာလို့ ပြောခဲ့ရမှာလဲ ဒါဟာ ဗျာဒိတ်တွေရဲ့သဘောသဘာဝပဲ။ ဗျာဒိတ်တော်တွေဆိုတာ နားလည်ရခက်ခဲတဲ့အရာတွေပဲ တကယ်လို့သာ သူက လူ့ဇာတိအဖြစ်နဲ့ပြန်လာမယ်လို့ပြောခဲ့ရင်၊ ဒါရိုးရိုးစကားပဲဖြစ်သွားလိမ့်မယ်။ ဗျာဒိတ်မဟုတ်တော့ဘူး အမြော်အမြင်ရှိတဲ့လူတွေ လူသား ဆိုတဲ့အဓိပ္ပါယ်ကို သေချာဂရုပြုပြီးတွေးဆရင် သူတို့တွေဉာဏ်အလင်းရလာလိမ့်မယ် ပြီးတော့ လူသား ဆိုတဲ့အဓိပ္ပါယ်က လူ့ဇာတိခံယူခြင်းပဲဆိုတာကိုလည်း သဘောပေါက်နားလည်လာလိမ့်မယ် အနန္တတန်ခိုးရှင်ဘုရားသခင် လူ့ဇာတိခံယူတဲ့ နက်နဲမှုကို ထုတ်ဖော်ပြသတဲ့အခါကြတော့မှ သိလာခဲ့တယ် သမ္မာကျမ်းစာရဲ့ဗျာဒိတ်ဖြစ်တဲ့ လူသားရောက်ရှိလာခြင်း ဆိုတာ တကယ်တော့ လူ့ဇာတိခံယူခြင်းကိုဆိုလိုတာပဲ အခုကျွန်တော်တို့တွေ သခင်လူ့ဇာတိမှာပေါ်လာမယ်ဆိုတာကို အားလုံးသိသွားကြတော့ .. သူက လူ့ဇာတိမှာ ဘုရားသခင် ပေါ်ထွန်းခြင်းဖြစ်တယ်ဆိုတာကို ဘယ်လိုကျိန်းသေအောင်လုပ်ရမလဲ ကျွန်တော်တို့တွေ ဘုရားသခင်ရဲ့အသံတော်ကို မှတ်မိနေနိုင်ဖို့လိုအပ်တယ် တစ်စုံတစ်ယောက်က လူသားအဖြစ်နဲ့ လူ့ဇာတိခံယူပြီးပေါ်လာခဲ့ရင် သူကကြီးမားတဲ့အမှန်တရားတွေကို ဖော်ပြလိမ့်မှာပဲ ပြီးတော့ ဘုရားသခင် ပေါ်ထွန်းလာခြင်းနဲ့အမှုတော်တွေရဲ့ ဇစ်မြစ်နဲ့ရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်းလင်းရှင်းပြနိုင်လိမ့်မယ် ပြီးတော့လည်း သမ္မာတရားကိုဖော်ပြရင်း သတ်သတ်မှတ်မှတ်ဖြစ်တဲ့အမှုတော်တွေကို လုပ်ဆောင်လိမ့်မယ် အဲ့ဒါကြောင့် နောက်ဆုံးသောကာလရဲ့ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားတွေကိုကယ်တင်ခြင်းအမှုပြုမယ့် သမ္မာတရားကိုဖော်ပြခဲ့ပြီး ဘုရားသခင်ရဲ့အိမ်တော်ကနေစတင်ပြီး တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ခဲ့တာဖြစ်တယ် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြခဲ့တဲ့နှုတ်ကပတ်တော်ဟာ အသင်းတော်တွေကိုပြောတဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ပြောစကားတွေပါ ဘုရားသခင်ဟာ အသွေးအသားကနေတဆင့် သူ့ရဲ့ပေါ်ထွန်းလာမှုကိုမျှော်လင့်နေကြတဲ့သူတွေရဲ့ တံခါးတွေကိုခေါက်ပြီး စကားပြောနေတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ စကားတွေကို သမ္မာတရားနဲ့ ဘုရားသခင်ရဲ့ အသံတော်အဖြစ် သိရှိသဘောပေါက်တဲ့သူတွေဟာ ဘုရားသခင်ရဲ့ရှေ့မှောက်မှာ သိုးသငယ်ရဲ့ မင်္ဂလာစားသောက်ပွဲကို ခေါ်ဆောင်ခြင်းခံကြရတဲ့ ဉာဏ်ပညာရှိတဲ့သတို့သမီးကညာတွေ ဖြစ်ကြတယ် သူတို့တွေဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ နောက်ဆုံးသောနှုတ်ကပတ်တော်တွေကို နေ့စဉ်စားသောက်ကြရသလို နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့အမှုတော်တွေကိုလည်း ကြုံကြရပြီး အဲ့ဒါတွေဟာ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ပေါ်ထွန်းမှုနဲ့ အမှုတော်တွေဆိုတာကို အတည်ပြုနိုင်ကြမှာဖြစ်တယ် အဲ့ဒါကြောင့်သူတို့တွေဟာ သခင်ယေရှု ဟာ လူ့ဇာတိခံယူတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လာကြောင်း အမျိုးမျိုးသောဂိုဏ်းဂဏတွေကို သက်သေခံကြတယ် ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့ ဖော်ပြချက်တွေဖြစ်တဲ့- နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏- ဆိုတဲ့ဘုရားသခင်ရဲ့ အသံတော်ကို လူတွေကိုလာရောက်နားထောင်စေတယ် ဒါသခင်ယေရှုရဲ့ ဗျာဒိတ်ပြုချက်ပြည့်စုံလာတာပဲဖြစ်ပါတယ် “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) ဘုရားသခင်ရဲ့အသံတော်ကို မမှတ်မိရုံတင်မက နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့အမှုတော်တွေကို ပြစ်တင်ရှုတ်ချကြတဲ့သူတွေဟာ ဖယ်ထုတ်ရှင်းလင်းခြင်းခံကြရတဲ့ မိုက်မဲတဲ့သတို့သမီးကညာတွေဖြစ်ကြတယ် ပြီးတော့အဲ့ဒီလူတွေဟာ ငိုကြွေးခြင်း အံသွားခဲကြိတ်ခြင်း စတဲ့ဘေးဒုက္ခတွေ ခံစားကြရလိမ့်မယ်။

သခင့်ကိုနှုတ်ဆက်ရမယ့်အဖြစ်မျိုးကြုံလာတဲ့အခါ ကျွန်တော်တို့တွေက သူမိုးတိမ်ကိုစီးပြီးဆင်းကြွလာမလား ဆိုပြီး ကောင်းကင်ကိုမျှော်ကြည့်တာကိုပဲရွေးချယ်ကြတယ်ဆိုရင် ဘုရားသခင်ရဲ့အသံတော်ကိုနားထောင်တာ အသင်းတော်တွေဆီကိုပြောတဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့စကားတွေကို ရှာဖွေတာတွေကိုမရွေးချယ်ပဲ သင်းအုပ်ဆရာတွေရဲ့စကားတွေကိုမျက်စိမှိတ်နားထောင်ပြီး သခင်ပြန်လာမယ်ဆိုတဲ့သက်သေခံချက်တွေ မှားနေတယ်ဆိုပြီးခွဲခြားသတ်မှတ်ကြမယ်ဆိုရင် ကျွန်တော်တို့တွေ သမ္မာကျမ်းစာကို ဆန့်ကျင်နေသလိုဖြစ်မနေဘူးလား အဲ့ဒါကို သမ္မာကျမ်းစာထဲမှာဘယ်လိုပြောထားလဲ တမန်တော်ရှင်ယောဟန် ရှင်းလင်းဖော်ပြထားတာကတော့ “လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများ တို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။” (ရှင်ယောဟန် ဩဝါဒစာ ဒုတိယစောင် ၁:၇) “လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရား သခင်နှင့်မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင် လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။” (ရှင်ယောဟန် ဩဝါဒစာ ပဌမစောင် ၄:၃) သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဘုရားသခင်လူ့ဇာတိခံယူတဲ့အဖြစ်ကို ငြင်းပယ်ရှုတ်ချတာဟာ သမ္မာကျမ်းစာနဲ့ ကိုက်ညီမှုရှိပါ့မလား သူတို့တွေက သခင်လူ့ဇာတိကိုခံယူပြီးပြန်လာတယ်ဆိုတဲ့ သက်သေခံချက်တွေအားလုံးဟာ အမှားတွေလို့ဆိုကြတယ် ဒါဟာ လှည့်ဖြားတဲ့အရာလို့ထင်လား တမန်တော်ကြီးရှင်ယောဟန်ရဲ့ စကားတွေအတိုင်းဆိုရင် လူ့ဇာတိခံယူခြင်းကိုငြင်းပယ်ကြတဲ့ အဲ့ဒီဘာသာရေးခေါင်းဆောင်တွေဟာ တကယ်တော့ အန္တိခရစ်လိုလုပ်ဆောင်နေကြတာမဟုတ်လား အဲ့ဒီလို သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေ ဖြန့်နေတဲ့ လှည့်ဖြားပြီးအဓိပ္ပါယ်ကင်းမဲ့တဲ့စကားတွေကို နားထောင်မယ်ဆိုရင် သခင့်ကိုနှုတ်ဆက်ခွင့်ရနိုင်ကြပါ့မလား ဘုရားသခင်ပေါ်ထွန်းလာခြင်းကို မြင်နိုင်ပါ့မလား ပညာသတိရှိတဲ့သတို့သမီးကညာတွေလို ဘုရားသခင်ရှေ့မှောက်ကို ခေါ်ဆောင်ခံရပါ့မလား။

ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်တွေကို ဘယ်လိုလုပ်တွေ့နိုင်ကြပါ့မလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည်မှာ “လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

ဤအကြောင်းကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ ‘ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။’ ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို လူတို့၏ အယူအဆများနှင့် ချိန်ညှိ၍ မရနိုင်ချေ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌၊ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်၏ ကိုယ်ပိုင် အယူအဆများကို ထားခဲ့ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ ကိုယ်ပိုင် အကန့်အသတ်များထဲတွင် ထားပြီး သင်၏ကိုယ်ပိုင် အယူအဆများအတွင်း သူ့ကို ကန့်သတ် ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေရမည်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံရမည်၊ ပြီးလျှင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံရမည်တို့ကို သင့်ကိုယ်သင် တောင်းဆိုသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး နာခံသင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏)

မချောမွေ့တဲ့ ကောင်းကင်နိုင်ငံသို့ သွားရာလမ်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

နောက်တစ်ခုသို့- မေးခွန်း (၁) သခင်ယေရှုဟာပြန်ကြွလာခဲ့ပြီး တရုတ်ပြည်မှာ သူ့ ရူပါရုံနဲ့အမှုတော်တွေကိုပြုနေပြီလို့ မင်းတို့သက်သေခံကြတာကို ကျွန်တော်ယုံတယ် ဘာလို့လဲဆိုတော့ ကျမ်းစာထဲမှာ သခင်ယေရှု ပရောဖက်ပြုထားတာက “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ဒါပေမဲ့ကျွန်တော်တို့ကိုကောင်းကင်နိုင်ငံတော်သို့ခေါ်ဆောင်ဖို့ ကိုယ်တော်ပြန်ကြွလာခြင်းသဏ္ဍန်ဟာ အနည်းဆုံးတော့ တို့တွေကို ကိုယ်တော်က မိုးတိမ်နဲ့တကွ ချီဆောင်တာဖြစ်သင့်တယ်လို့ကျွန်တော်တို့ထင်တယ် သမ္မာကျမ်းစာထဲမှာ ရှင်ပေါလုပြောခဲ့သလိုပေါ့ “ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်” (သက်သာလောနိတ် ဩဝါဒစာ ပဋ္ဌမစောင် ၄:၁၇) တဲ့။ ဒါပေမဲ့ မင်းတို့ရဲ့သွန်သင်ချက်မှာကျ ကိုယ်တော်ဟာ ဘာလို့ကျမ်းစာထဲကပြောထားတဲ့ပုံစံပြန်မလာတာလဲ တို့တွေကို ကောင်းကင်နိုင်ငံတော်သို့ခေါ်သွားဖို့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလစီရင်ခြင်းအမှုတော်ဆိုတာဘာလဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။