အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

ကောက်နုတ်ချက် (၇၉)

“အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ” ဟူသည့် ဓမ္မသီချင်းကို သီဆိုပြီးနောက် သင်တို့၏ထင်မြင်ချက်များသည် အဘယ်နည်း။ သင်သည် ထိုးထွင်းအမြင်တစ်ခုခု ရလိုက်သလော။ ရှင်သန်နေထိုင်ဖူးသူတိုင်းသည် ဒုက္ခဆင်းရဲများစွာကို ကြုံတွေ့ဖူးကြသော်လည်း အဘယ်ကြောင့် ဖြစ်ရသည်ကို သူတို့ အမှန်တကယ် မသိကြပေ။ ထို့ပြင် ယင်းက ကြုံတွေ့ဖို့ ထိုက်တန်သည်ဖြစ်စေ၊ ဤသို့နေထိုင်ရန် လူများအတွက် မှန်ကန်သည်ဖြစ်စေ ဤဒုက္ခဆင်းရဲများ၏ မူလအရင်းအမြစ်က အဘယ်အရာဖြစ်သည်ကို မည်သူမျှ စေ့စေ့စပ်စပ် ချင့်ချိန်မစဉ်းစားကြပေ။ လူများသည် ငယ်ရွယ်သည့်အချိန်က ဝတ်ဖို့ အဝတ်အစားကောင်းများနှင့် စားဖို့ ကောင်းသောအရာများ ရှိရန် အမြဲ လိုချင်ကြပြီး ဤသည်မှာ ပျော်ရွှင်ဖို့ နည်းလမ်းဖြစ်သည်ဟု သူတို့ ခံစားကြရသည်။ ကြီးပြင်းလာသောအခါ လူများသည် လူအုပ်ထဲတွင် ပေါ်လွင်ထင်ရှားပြီး ကောင်းမွန်သောဘဝနေထိုင်မှုတခုကို စံစားရဖို့အလို့ငှာ သူတို့၏ လေ့လာမှုများတွင် မည်သို့အလုပ်ကြိုးစားဖို့ လိုကြောင်းကို စတင် ချင့်ချိန်စဉ်းစားလာကြသည်။ အသက်အရွယ်ရ၍ ရင့်ကျက်လာသောအခါ လူများသည် ငွေအမြောက်အမြား ရှာရန်၊ ထင်ပေါ်ကျော်ကြားမှုနှင့် အမြတ်အစွန်းရရန်နှင့် တန်ခိုးအာဏာနှင့် ဩဇာအရှိန်အဝါတို့ကို စွမ်းဆောင်ရရှိရန် စတင်လိုချင်လာကြသည်။ သူတို့သည် ကျန်သည့်လူများထက် သာလွန်လိုကြသည်။ သူတို့သည် အစိုးရပိုင်းတွင် ရာထူးနေရာတစ်ခုရရန်နှင့် လူအများ၏ လေးစားမှုနှင့် အားကျမှုတို့ကို ရရန် အစဉ်သဖြင့် ရှာကြသည်။ သူတို့တွင် သားသမီးများ ရလာသောအခါ သူတို့၏ သားစဉ်မြေးဆက်သည် မျိုးရိုးစဉ်ဆက် ရှင်သန်ရန်နှင့် ဆက်၍ ကြီးပွားချမ်းသာပြီး တိုးတက်ရန် မျှော်လင့်ကြသည်။ လူများ ဤခြေလှမ်းများအားလုံးကို စတင် လျှောက်လှမ်းရခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်သည် အဘယ်နည်း။ လူများသည် အဘယ်ကြောင့် ဤသို့စဉ်းစားကြသနည်း။ သူတို့အားလုံးသည် အဘယ်ကြောင့် ဤသို့ ရှင်သန်နေထိုင်ကြသနည်း။ လူများသည် လမ်းကြောင်းတစ်ခုမရှိဘဲ ရှင်သန်နေကြသည်။ လမ်းကြောင်းမရှိဟု အဘယ်ကြောင့် ငါ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူများသည် သူတို့ မည်သည့်နေရာမှလာသည် သို့မဟုတ် သူတို့ မည်သည့်နေရာကိုသွားနေသည်ဆိုသည်တို့ကို မသိသောကြောင့်ဖြစ်ပြီး ဤဘဝတွင် သူတို့ မည်သည့်အရာကို လုပ်ရမည်၊ မည်သို့ရှင်သန်နေထိုင်သင့်သည် သို့မဟုတ် သူတို့၏ဘဝလမ်းကြောင်းကို မည်သို့လျှောက်လှမ်းရမည်ဆိုသည်တို့ကို မသိကြချေ။ လူများသည် ဤအရာများကို မသိကြပေ။ သို့ဆိုလျှင် လူများသည် အဘယ်ကြောင့် ထင်ပေါ်ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် ပျော်ရွှင်စရာ ဘဝတစ်ခုတို့နောက်သို့ သေသည့်တိုင်အောင် နောက်ပြန်မလှည့်ဘဲ မမောနိုင်မပန်းနိုင် လိုက်နိုင်နေဆဲဖြစ်ရသနည်း။ ယင်းမှာ လူများသည် စာတန်၏ဖျက်ဆီးခြင်းကို ခံရပြီး သူတို့သည် အသက်တာနှင့်ပတ်သက်၍ မှားယွင်းသော စိတ်ဓာတ်နှင့် အမြင်တစ်ခုကို ဖြစ်ပေါ်လာသောကြောင့် ဖြစ်သည်။ သူတို့သည် ဤရှင်သန်နေထိုင်မှုနည်းလမ်းကို မှန်ကန်သည့်အရာတစ်ခုအဖြစ် ရှုမြင်ကြပြီး ထင်ပေါ်ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့နောက်ကို လိုက်ခြင်းကို မှန်ကန်ပြီး သင့်တော်သည်ဟု မြင်ကြသည်။ သူတို့သည် ထင်ပေါ်ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့ ရခြင်းသည် ပျော်ရွှင်မှုဖြစ်သည်ဟု ထင်ကြပြီး ဤယုံကြည်ချက်များအတိုင်း ရှင်သန်နေထိုင်ကြသည်။ ဤသည်မှာ လူများ ထင်ပေါ်ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့ကို လိုက်စားသည့်လမ်းကြောင်းတစ်ခုပေါ်တွင် တက်သုတ်ရိုက်ကာ ဆင်ကန်းတောတိုး သွားနေပုံဖြစ်ပြီး ရလဒ်မှာ သူတို့သည် သေသည့်တိုင်အောင်ပင်လျှင် ပျော်ရွှင်မှုကို မည်သည့်အခါမျှ ရှာမတွေ့ပေ။ လူတိုင်း ဤကဲ့သို့ ရှင်သန်နေထိုင်ကြသည်။ ဤကမ္ဘာတွင် လျှောက်ရန် အခြားလမ်းကြောင်းမရှိပေ။ လူတိုင်းသည် ငွေရှာပြီး ကောင်းမွန်သောဘဝတစ်ခုကို စံစားလိုကြသည်။ ဘဝသည် ငွေမရှိလျှင် ခက်ခဲပြီး ငွေရှိလျှင် သင်ဖြစ်မြောက်အောင်မြင်နိုင်သည့်အရာ အများအပြားရှိသောကြောင့် လူတိုင်းက ငွေပို၍ ရှာလိုကြသည်။ ဘဝက ကြီးပွားချမ်းသာလာသောအခါ သူတို့သည် သူတို့၏ ဥစ္စာဓနကို ဆုပ်ကိုင်ထားပြီး သူတို့၏အရိုက်အရာကို သားသမီးများအား ဆက်ခံစေလိုကြသည်၊ ထို့ပြင် ဤကဲ့သို့ ရှင်သန်နေထိုင်ခြင်းသည် အနှစ်သာရ မဲ့ကြောင်းကို မည်သူမျှ နားမလည်ကြပေ။ လူတိုင်းသည် နောင်တများ၊ အဖြေမရသော မေးခွန်းများနှင့် တွန့်ဆုတ်သောစိတ်တို့ဖြင့် ဤကမ္ဘာမှ ထွက်ခွာသွားကြသည်။ လူများသည် ဤအသက်တာကို ဆင်းရဲခြင်းဖြင့်လည်းကောင်း၊ စည်းစိမ်ဥစ္စာဖြင့်လည်းကောင်း ကျော်ဖြတ်ကြပြီး အသက်ရှည်ရှည်ဖြင့်လည်းကောင်း၊ အသက်တိုတိုဖြင့်လည်းကောင်း ရှင်သန်ကြသည်။ အချို့သည် သာမန်ပြည်သူများဖြစ်ကြပြီး အခြားသူတို့သည် မင်းစိုးရာဇာများနှင့် အထက်တန်းလွှာများ ဖြစ်ကြသည်။ လူ့အဖွဲ့အစည်း၏ အဆင့်တိုင်းမှ လူများ ရှိကြသော်လည်း သူတို့အားလုံးသည် အခြေခံအားဖြင့် တစ်ပုံစံတည်း အသက်ရှင်နေထိုင်ကြသည်။ သူတို့သည် သူတို့၏ အလိုဆန္ဒများ၊ ရည်မှန်းချက်များနှင့် ဆိုးယုတ်သော စိတ်သဘောထားများနှင့်အညီ ထင်ပေါ်ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် ယှဉ်ပြိုင်ကြပြီး ဤရည်မှန်းချက်ပန်းတိုင်များကို မရဘဲ သူတို့ အေးချမ်းစွာ အနားယူနိုင်ကြမည် မဟုတ်ပေ။ ဤအခြေအနေများကို မြင်ပြီး “အဘယ်ကြောင့် လူများ ဤသို့ ရှင်သန်နေထိုင်ကြသနည်း။ တခြားလျှောက်ရန် လမ်းကြောင်း မရှိတော့သလော။ လူတို့သည် သေသည်အထိ တစ်ချိန်လုံး ကောင်းစွာ စားသောက်ရန်အတွက်သာ အမှန်တကယ် ရှင်သန်နေထိုင်ကြသလော။ ထို့နောက်တွင် သူတို့ မည်သည့်နေရာကို သွားကြသနည်း။ လူတို့၏ မြောက်မြားစွာသော မျိုးဆက်များ အားလုံးသည် အဘယ်ကြောင့် ဤတစ်ပုံစံတည်းသော နည်းလမ်းအတိုင်း နေထိုင်လာခဲ့ကြသနည်း။ ဤအရာအားလုံး၏ မူလအရင်းအမြစ်မှာ အဘယ်နည်း” ဟု လူများက စဉ်းစားကောင်း စဉ်းစားနိုင်သည်။ လူသားများသည် သူတို့ မည်သည့်နေရာမှလာသည်၊ ဘဝတွင် ခံယူထားသည့် သူတို့၏အထူးတာဝန်က မည်သည့်အရာ ဖြစ်သည် သို့မဟုတ် မည်သူက တာဝန်ခံဖြစ်သည်နှင့် ဤအရာများအားလုံးအပေါ် မည်သူက အချုပ်အခြာအာဏာ ကိုင်စွဲထားသည် ဆိုသည်တို့ကို မသိကြပေ။ မျိုးဆက်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပြီး ကွယ်ပျောက်သွားသည်၊ ပြီးလျှင် လူတစ်ဦးချင်းစီသည် တူညီသောနည်းလမ်းအတိုင်း ရှင်သန်နေထိုင်ပြီးနောက် သေဆုံးသွားကြသည်။ သူတို့အားလုံးသည် တူညီသောနည်းလမ်းအတိုင်း ဖြစ်ပေါ်လာပြီး ကွယ်ပျောက်သွားသည်၊ ပြီးလျှင် ရှင်သန်နေထိုင်ခြင်းအတွက် စစ်မှန်သောနည်းလမ်း သို့မဟုတ် လမ်းကြောင်းတစ်ခုကို မည်သူမျှ ရှာမတွေ့ပေ။ ဤအထဲက သမ္မာတရားကို မည်သူမျှ မရှာဖွေကြပေ။ ရှေးခေတ်ကာလများမှနေ၍ ယခုအထိ လူများအားလုံးသည် တူညီသော နည်းအတိုင်း ရှင်သန်နေထိုင်လာခဲ့ကြသည်။ ယင်းကို တစ်ဦးတစ်ယောက်မျှ မသိဘဲ သို့မဟုတ် မြင်ခွင့်မရဘဲ လူသားမျိုးနွယ် မည်သည့်ပုံစံရှိမည်ကို သူတို့အားလုံးသည် ရှာဖွေနေကြ၍ စောင့်ဆိုင်းနေကြကာ မြင်ရန် ဆန္ဒရှိနေကြသည်။ နောက်ဆုံးအနှစ်ချုပ်လိုက်သောအခါ ဤအရာအားလုံးအပေါ် အုပ်စိုးပြီး အချုပ်အခြာအာဏာစွဲကိုင်ထားသူသည် မည်သူဖြစ်သည် သို့မဟုတ် ထိုသူရှိမရှိဆိုသည်ကိုပင် လူများသည် တကယ်ကို မသိကြတော့ချေ။ ဤအရာ၏အဖြေကို သူတို့ မသိကြပေ၊ ထို့ပြင် သူတို့လုပ်နိုင်သမျှအားလုံးမှာ ယခုအချိန်အထိ တစ်နှစ်ပြီးတစ်နှစ် တောင့်တပြီး တစ်ရက်ပြီးတစ်ရက် သည်းခံရင်း အားကိုးရာမဲ့လျက် ဆက်နေသွားရန်သာ ဖြစ်သည်။ ဤအရာအားလုံးသည် အဘယ်ကြောင့် ဖြစ်ကြောင်းကို လူများ သိခဲ့လျှင် ဤသည်က သူတို့ကို သူတို့နေထိုင်သင့်သည့် နည်းလမ်းအတွက် လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ပေးလိမ့်မည်လော။ ထိုအခါ သူတို့သည် ဤဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်ပြီး လူသား၏ အလိုဆန္ဒများနှင့် မျှော်လင့်ချက်များအတိုင်း နေထိုင်ဖို့ မလိုတော့ဘဲ ရှိမည်လော။ လူတို့အဘယ်ကြောင့် အသက်ရှင်ကြောင်း၊ အဘယ်ကြောင့် သေကြကြောင်းနှင့် ဤကမ္ဘာတွင် မည်သူက တာဝန်ခံဖြစ်သည်တို့ကို လူတို့ နားလည်သောအခါ၊ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူသည် ဖန်ဆင်းခြင်းအားလုံး၏ သခင် ဖြစ်သည်ဆိုသည့်အဖြေကို သူတို့ နားလည်လာသောအခါ သူတို့တွင် လိုက်လျှောက်ရမည့်လမ်းကြောင်းတစ်ခု ရှိလာလိမ့်မည်။ ရှေ့ဆက်ဖို့လမ်းတစ်ခုကို ရှာဖွေရန် ဘုရားသခင်၏နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို သူတို့ ရှာဖွေသင့်သည်ဆိုသည်ကို သူတို့သိလာလိမ့်မည်။ သည့်ပြင် အလိုဆန္ဒများနှင့် မျှော်လင့်ချက်များအပေါ် မှီခိုအားထားရသည့် အဆိုပါစိတ်ဒုက္ခထဲတွင် သူတို့ နေထိုင်ဖို့ မလိုအပ်တော့ပေ။ အဘယ်ကြောင့် သူတို့ ရှင်သန်နေထိုင်ရကြောင်းနှင့် သေရကြောင်းတို့နှင့်ပတ်သက်သော အဖြေကို လူများ ရှာဖွေတွေ့ရှိလျှင် လူသား၏စိတ်ဒုက္ခနှင့် အခက်အခဲများအားလုံးအတွက် ဖြေရှင်းချက်တစ်ခု ရှိလာလိမ့်မည် မဟုတ်လော။ ဤသည်က လူများကို လွတ်မြောက်အောင်လုပ်ပေးလိမ့်မည် မဟုတ်လော။ လူများသည် လွတ်မြောက်ခြင်းကို အမှန်တကယ် ရှာတွေ့ပြီးဖြစ်လိမ့်မည်၊ ထို့ပြင် သူတို့သည် လုံးဝ လွတ်မြောက်သွားကြလိမ့်မည်။

“အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ” ဟူသည့် သီချင်းကို ကြားပြီးနောက်တွင် သင်တို့၏စိတ်နှလုံးထဲတွင် မည်သည့်အရာကို သင်တို့ တွေးသင့်သနည်း။ သူတို့ အဘယ်ကြောင့် ရှင်သန်နေထိုင်ရကြောင်းနှင့် အဘယ်ကြောင့် သေရကြောင်း၊ ထို့အပြင် ဤကမ္ဘာနှင့် အရာအားလုံးတို့၏ အချုပ်အခြာအာဏာရှင်နှင့် အရာခပ်သိမ်းအပေါ် အုပ်စိုးသောသူသည် အမှန်စင်စစ် မည်သူဖြစ်သည်၊ ပြီးလျှင် အတိအကျ မည်သည့်နေရာတွင် သူရှိသည်နှင့် လူသားထံမှ သူမည်သည့်အရာကို တောင်းဆိုသည်တို့ကို လူသားမျိုးနွယ် သိခဲ့လျှင်၊ ဤအရာများကို လူသားမျိုးနွယ် နားလည်နိုင်ခဲ့လျှင် ဖန်ဆင်းရှင်ကို မည်သို့ဆက်ဆံရမည်ဖြစ်ကြောင်းနှင့် သူ့ကို မည်သို့ကိုးကွယ်ပြီး နာခံရမည် ဖြစ်ကြောင်းတို့ကို သူတို့ သိလိမ့်မည်။ သူတို့၏ စိတ်နှလုံးထဲတွင် ထောက်ခံအားပေးမှုကို သူတို့ ရလိမ့်မည်၊ သူတို့သည် ငြိမ်းချမ်းပြီး ပျော်ရွှင်လိမ့်မည်။ ပြီးလျှင် အဆိုပါညှဉ်းပန်းမှုနှင့် စိတ်ဆင်းရဲမှုတို့အထဲတွင် သူတို့ မနေရတော့ပေ။ နောက်ဆုံးစိတ်ဖြာလေ့လာချက်မှာ လူများသည် သမ္မာတရားကို နားလည်ရမည်။ သူတို့၏ အသက်တာများအတွက် သူတို့ရွေးချယ်သော လမ်းကြောင်းသည် အရေးပါသည်၊ ပြီးလျှင် သူတို့ မည်သို့ရှင်သန်နေထိုင်သည်ကလည်း အရေးကြီးသည်။ လူတစ်ဦး ရှင်သန်နေထိုင်ပုံနှင့် လျှောက်သော လမ်းကြောင်းတို့က လူတစ်ဦး၏ အသက်တာသည် ပျော်ရွှင်စရာ ဟုတ်မဟုတ်၊ ဝမ်းနည်းစရာ ဟုတ်မဟုတ်ကို ဆုံးဖြတ်ပေးသည်။ ဤသည်မှာ လူများ နားလည်သင့်သည့်အရာတစ်ခု ဖြစ်သည်။ “လူသားမျိုးနွယ်အားလုံး၏ အသက်တာများသည် ဤပုံစံမျိုးနောက်သို့ လိုက်သည်၊ ရှေးခေတ်လူများသည် ခြွင်းချက် မဟုတ်ခဲ့ပေ၊ သည့်ပြင် ယခုခေတ်လူများသည် ရှေးကလူများကဲ့သို့ အတူတူဖြစ်သည်။ ယခုခေတ်လူများသည် ဤနည်းများကို မပြောင်းလဲကြပေ။ ထို့ကြောင့် လူသားမျိုးနွယ်အကြားတွင် အချုပ်အခြာအာဏာ ပိုင်သူတစ်ဦး၊ အရာခပ်သိမ်းအတွက် တာဝန်ခံသည့် ဒဏ္ဍာရီလာဘုရားသခင်တစ်ပါး ရှိသလော။ အကယ်၍ အရာခပ်သိမ်းအတွက် တာဝန်ခံသည့် ဘုရားသခင်ကို ရှာနိုင်ပါက လူသားမျိုးနွယ်သည် ပျော်ရွှင်မှုကို ခံစားနိုင်စွမ်းရှိလိမ့်မည်မဟုတ်လော။ ယခု အဓိကသော့ချက်မှာ လူသားမျိုးနွယ်၏ မူလအရင်းအမြစ်ကို ရှာဖို့ ဖြစ်သည်။ ဤမူလအရင်းအမြစ်က မည်သည့်နေရာတွင် ရှိသနည်း။ ဤမူလအရင်းအမြစ်ကို ရှာတွေ့ပြီးသည့်နောက်တွင် လူသားမျိုးနွယ်သည် အခြားနယ်ပယ်မျိုးတွင် နေထိုင်နိုင်သည်။ အကယ်၍ ၎င်းကို လူသားမျိုးနွယ်က ရှာမတွေ့နိုင်ဘဲ ယခင်ကအတိုင်း တစ်ပုံစံတည်းသော အသက်တာမျိုးများတွင် ဆက်လက် နေထိုင်သွားပါက သူတို့သည် ပျော်ရွှင်မှုကို ရယူနိုင်စွမ်းရှိလိမ့်မည်လော” ဤဓမ္မသီချင်းကို လူများက ကြားသောအခါ သူတို့၏ စိတ်နှလုံးများထဲတွင် ထိုသို့သော နက်ရှိုင်းသည့် ခံစားချက်တစ်ခု ရှိကောင်းရှိလာနိုင်သည်။ လူများသည် ဘုရားသခင်ကို မယုံကြည်ပါက လူသားမျိုးနွယ်သည် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေကြောင်းကို သူတို့ သိလျှင်ပင် ထိုအခါ သူတို့ ဘာလုပ်ရမည်နည်း။ ဖောက်ပြန်ပျက်စီးမှု၏ လက်တွေ့ကျသော ပြဿနာကို သူတို့ ဖြေရှင်းနိုင်သလော။ ကယ်တင်ခြင်း ခံရဖို့လမ်းကြောင်းတစ်ခု သူတို့တွင် ရှိသလော။ သင်သည် ပိုကောင်းအောင် ပြောင်းလဲပစ်ဖို့နှင့် လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်ဖို့ ဆန္ဒရှိသော်လည်း သင်လုပ်နိုင်သလော။ ထိုသို့လုပ်ဆောင်ရန် သင်၌ လမ်းကြောင်း မရှိပေ။ ဥပမာအနေဖြင့် လူအချို့သည် သူတို့၏သားသမီးများအတွက် ရှင်သန်နေထိုင်ကြသည်၊ သင်က ထိုသို့လုပ်ဖို့ ဆန္ဒမရှိဟု သင်ပြောကောင်းပြောနိုင်သည်၊ သို့သော် ဤသည်ကို သင်ဖြစ်မြောက်အောင်လုပ်နိုင်သလော။ လူအချို့သည် ဓနဥစ္စာအတွက်၊ ထင်ပေါ်ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် အပြေးအလွှား အလုပ်များကြသည်။ ဤအရာများအတွက် ပြေးလွှားနေဖို့ ဆန္ဒမရှိဟု သင်ဆိုကောင်းဆိုနိုင်သော်လည်း သင်သည် အမှန်တကယ်တွင် ဤသို့နေနိုင်ပါသလော။ သင့်ကိုယ်သင်မသိလိုက်ဘဲ ဤလမ်းကြောင်းအပေါ် သင်တက်ရောက်လိုက်ပြီးဖြစ်နေသည့်အပြင် မတူသောရှင်သန်နည်းတစ်ခုကို ပြောင်းရန် ဆန္ဒရှိသော်လည်း သင်မပြောင်းနိုင်ပေ။ ဤကမ္ဘာတွင် သင်၏နေထိုင်ပုံနေထိုင်နည်းကို သင်မထိန်းချုပ်နိုင်ပေ။ ဤအရာ၏ မူလအရင်းအမြစ်မှာ အဘယ်နည်း။ စစ်မှန်သော ဘုရားသခင်ကို လူများက မယုံကြည်ဘဲ သမ္မာတရားကို လူများ မရရှိခြင်းကြောင့်ဖြစ်သည်။ လူသား၏စိတ်ဓာတ်ကို အဘယ်အရာက အားဖြည့်ပံ့ပိုးပေးသနည်း။ ဝိညာဉ်ရေးရာ အထောက်အပံ့အတွက် သူတို့ မည်သည့်နေရာတွင် ရှာကြသနည်း။ ဝိညာဉ်ရေးရာ အထောက်အပံ့အတွက် လူများသည် မိသားစု ပြန်လည်ပေါင်းဆုံခြင်း၊ အိမ်ထောင်ရေးသာယာမှု၊ ရုပ်ဝတ္ထုပစ္စည်းများမှ ရသောပျော်ရွှင်မှု၊ ဓနဥစ္စာ၊ ထင်ပေါ်ကျော်ကြားမှုနှင့် အမြတ်အစွန်း၊ သူတို့၏အဆင့်အတန်း၊ သူတို့၏ ခံစားချက်များနှင့် သူတို့၏ အသက်မွေးမှုများအပြင် နောက်မျိုးဆက်၏ ပျော်ရွှင်မှုတို့ထံမှ အားကိုးတကြီး မျှော်လင့်ကြသည်။ ဝိညာဉ်ရေးရာအထောက်အပံ့အတွက် ဤအရာများထံမှ ဝိညာဉ်ရေးရာ ပံ့ပိုးမှုကို အားကိုးတကြီး မမျှော်လင့်သူ တစ်ဦးတလေ ရှိသလော။ သားသမီးရှိသူများက သူတို့၏ သားသမီးများထံတွင် ယင်းကို ရှာကြသည်၊ သားသမီးမရှိသူများက ယင်းကို သူတို့၏ အသက်မွေးမှုများ၊ အိမ်ထောင်ရေး၊ လူ့အဖွဲ့အစည်းရှိ အဆင့်အတန်းနှင့် ထင်ပေါ်ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အထဲတွင် ရှာကြသည်။ ထို့ကြောင့် အကျိုးဆက်အားဖြင့် ဖြစ်လာသော ဘဝနေထိုင်မှု နည်းလမ်းများသည် အားလုံး အတူတူပင်ဖြစ်သည်။ စာတန်၏ထိန်းချုပ်နိုင်ခြင်းနှင့် တန်ခိုးတို့ကို ခံရလျက် လူတို့အားလုံးသည် ထင်ပေါ်ကျော်ကြားမှု၊ အမြတ်အစွန်း၊ သူတို့၏ရှေ့ရေးများ၊ အသက်မွေးမှုများ၊ အိမ်ထောင်ရေးများ၊ မိသားစုများအတွက်ဖြစ်စေ၊ နောက်မျိုးဆက်အတွက်ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ သာယာမှုများအတွက်ဖြစ်စေ လူအားလုံးသည် မရည်ရွယ်ဘဲ ပြေးလွှား၍ အလုပ်များကြသည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်း ဟုတ်သလော။ ဤကမ္ဘာ၌ လူများ မည်မျှ ပျားပန်းခပ်မျှ လှုပ်ရှားနေပါစေ၊ သူတို့ အတတ်ပညာပိုင်းဆိုင်ရာတွင် မည်မျှ ဖြစ်မြောက်အောင်မြင်ပါစေ၊ သူတို့၏မိသားစုများ မည်မျှ ပျော်ရွှင်ပါစေ၊ သူတို့၏မိသားစု မည်မျှ ကြီးပါစေ၊ သူတို့၏အဆင့်အတန်း မည်မျှ ဂုဏ်သတင်း ကြီးပါစေ၊ လူသားအသက်တာ၏ လမ်းကြောင်းမှန်ပေါ်သို့ သူတို့ တက်ရောက်လျှောက်လှမ်းနိုင်စွမ်း ရှိသလော။ ထင်ပေါ်ကျော်ကြားမှုနှင့် အမြတ်အစွန်း၊ ကမ္ဘာကြီးနောက်သို့ လိုက်ခြင်းဖြင့် သို့မဟုတ် သူတို့၏အသက်မွေးမှုများကို လိုက်စားခြင်းဖြင့် ဘုရားသခင်က လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို စွဲကိုင်ထားပြီး အရာအားလုံးကို ဖန်ဆင်းထားသည်ဟူသည့် အချက်ကို သူတို့ မြင်နိုင်စွမ်းရှိကြသလော။ ယင်းသည် မဖြစ်နိုင်ပေ။ အကယ်၍ လူများသည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာကို စွဲကိုင်ထားသည် ဟူသည့် အချက်ကို အသိအမှတ်မပြုပါက သူတို့၏ သီးသန့် လိုက်စားမှု သို့မဟုတ် လမ်းကြောင်းက မည်သည့်အရာပင်ဖြစ်ပါစေ သူတို့လျှောက်သည့် လမ်းကြောင်းသည် မှားသည်။ ယင်းသည် မှန်ကန်သောလမ်းကြောင်း မဟုတ်ပေ၊ သို့သော် မရိုးဖြောင့်သောလမ်းကြောင်း၊ ဆိုးယုတ်သော လမ်းကြောင်းဖြစ်သည်။ သင်၏ဝိညာဉ်ပိုင်းဆိုင်ရာ အထောက်အပံ့မှ စိတ်ကျေနပ်မှုကို သင်ရသည်ဖြစ်စေ သို့မဟုတ် မရသည်ဖြစ်စေ၊ ထို့ပြင် ထိုအထောက်အပံ့ကို မည်သည့်နေရာက သင်ရသည်ဆိုသည်က အရေးမကြီးပေ။ ယင်းသည် စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ပေ၊ ပြီးလျှင် ၎င်းသည် လူသားအသက်တာအတွက် မှန်ကန်သော လမ်းကြောင်း မဟုတ်ပေ။ စစ်မှန်သောယုံကြည်ခြင်း ရှိရန်ဆိုသည်မှာ အဘယ်နည်း။ ယင်းက ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို လက်ခံခြင်းနှင့် ဘုရားသခင် ဖော်ပြပြီးသော သမ္မာတရားအားလုံးကို လက်ခံခြင်းဖြစ်သည်။ ဤသမ္မာတရားသည် လူသားအသက်တာအတွက် မှန်ကန်သော လမ်းကြောင်းဖြစ်ပြီး လူများ လိုက်စားသင့်သည့် သမ္မာတရားနှင့် အသက် ဖြစ်သည်။ ဘဝတွင် မှန်ကန်သောလမ်းကြောင်းကို လျှောက်ခြင်းသည် ဘုရားသခင်နောက်ကို လိုက်ခြင်းနှင့် တတ်စွမ်းနိုင်ခြင်းဖြစ်သည်၊ သူ့နှုတ်ကပတ်တော်များ၏ ဦးဆောင်မှုအောက်တွင် သမ္မာတရားကို နားလည်ရန်၊ မကောင်းမှုနှင့် ကောင်းမှုကို ခွဲခြားသိမြင်ရန်၊ အပြုသဘောဆောင်ခြင်းက မည်သည့်အရာ ဖြစ်ကြောင်းနှင့် အပျက်သဘောဆောင်ခြင်းက မည်သည့်အရာဖြစ်ကြောင်းတို့ကို သိရန်နှင့် သူ၏အချုပ်အခြာအာဏာနှင့် အနန္တတန်ခိုးကို နားလည်ရန်ဖြစ်သည်။ ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသည်သာမက စကြဝဠာနှင့် အလုံးစုံအပေါ်တွင်လည်း အချုပ်အခြာအာဏာ ရှိကြောင်းကို လူများက မိမိတို့၏စိတ်နှလုံးများထဲတွင် စစ်မှန်စွာ နားလည်သောအခါ သူတို့သည် သူ၏ စီစဉ်ညွှန်ကြားခြင်းများနှင့် ကြိုတင်စီစဉ်မှုများ အားလုံးကို နာခံနိုင်ပြီး သူ့နှုတ်ကပတ်တော်များအတိုင်း နေထိုင်နိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်ကြဉ်နိုင်သည်။ ဤသည်မှာ လူ့အသက်တာအတွက် မှန်ကန်သော လမ်းကြောင်းကို လျှောက်ခြင်းဖြစ်သည်။ ဘဝတွင် မှန်ကန်သော လမ်းကြောင်းကို လူများ လျှောက်သောအခါ လူများ အဘယ်ကြောင့် ရှင်သန်ကြောင်းနှင့် အလင်းထဲတွင် ရှင်သန်နေထိုင်ဖို့နှင့် ဘုရားသခင်၏ကောင်းချီးနှင့် လက်ခံမှုတို့ကို ရဖို့အလို့ငှာ သူတို့ မည်သို့နေထိုင်သင့်ပုံတို့ကို သူတို့ နားလည်နိုင်သည်။

ယခု သင်တို့ မည်သည့်အရာအတွက် အသက်ရှင်ရပ်တည်နေသနည်း။ သင်တို့ နားလည်သလော။ (အထူးတာဝန်များနှင့် ကျွန်ုပ်တို့ကို ဘုရားသခင်က ပေးသည့် ယုံကြည်အပ်နှံခြင်းများကို ပြီးဆုံးအောင်လုပ်ရန်၊ ပြီးလျှင် ဖန်ဆင်းခံသတ္တဝါများ၏ တာဝန်ကို ထမ်းဆောင်ရန် ကျွန်ုပ်တို့ ရှင်သန်နေထိုင်ပါသည်။) အကယ်၍ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏တာဝန်ကို သင်ထမ်းဆောင်လိုပြီး ဘုရားသခင်၏ ယုံကြည်အပ်နှံမှုကို ပြီးဆုံးအောင်လုပ်လိုပါက ဤသည်မှာ သင်၏ခံစားချက်အရဖြစ်သော အလိုဆန္ဒတခုနှင့် သင်ရွေးချယ်လိုက်သော ဘဝလမ်းကြောင်းဖြစ်ပြီး ဤသည်မှာ မှန်ကန်သည်။ သို့သော် သင်သိရမည့်အချက်တစ်ချက်ရှိသည်၊ လူများသည် ဤကမ္ဘာလောကတွင် နေထိုင်ကြသည်၊ ပြီးလျှင် ဤသည်ကို ဘုရားသခင်က စီစဉ်ပေးထားသည်။ လူတိုင်းသည် အထူးတာဝန်တစ်ခုနှင့်အတူ ကမ္ဘာလောကသို့ ဝင်ရောက်လာသည်။ သူတို့သည် ကြုံရာကျပန်းသက်သက်သာ ရောက်လာခြင်း မဟုတ်ပေ။ ဘုရားသခင်က အားလုံးကို အမှားအယွင်း အနည်းငယ်မျှပင် မရှိစေဘဲ အုပ်စိုး၍ ကြိုတင်စီစဉ်ကာ စီစဉ်ညွှန်ကြားထားပါသည်။ လူတိုင်း ကမ္ဘာလောကသို့ ဝင်ရောက်လာသည့်အတွက် သူတို့လေ့လာသမျှ သို့မဟုတ် လုပ်သမျှ မည်သည့်အရာမဆို အားလုံးသည် ကမ္ဘာလောကအတွင်းတွင် အခန်းကဏ္ဍတစ်ခု ထမ်းဆောင်ဖို့ဖြစ်သည်။ ဤအခန်းကဏ္ဍမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ ဤကမ္ဘာလောကတွင် သူတို့သည် လုပ်ငန်းတာဝန်တစ်ခုကို ပြီးဆုံးအောင်လုပ်ရမည်။ သူတို့ လုပ်ရမည့်ကိစ္စများရှိသည်။ ဥပမာအနေဖြင့် လူနှစ်ဦး အိမ်ထောင်ပြုပြီး ကလေးတစ်ယောက် မွေးလာသည်၊ သူတို့သုံးယောက်သည် ပြီးပြည့်စုံသော မိသားစုတစ်ခုကို ဖြစ်စေသည်။ ဤမိသားစုအတွင်းတွင် ဇနီးက သူမ၏ကလေးနှင့် ခင်ပွန်းကို ပြုစုစောင့်ရှောက်ရသည့်၊ မိသားစုကို ဂရုစိုက်ရသည့် သူမ၏အထူးတာဝန်ကို ထမ်းဆောင်ရန် ရှင်သန်နေထိုင်သည်။ သို့ဆိုလျှင် ကလေးက မည်သည့်အရာအတွက် အသက်ရှင်နေထိုင်သနည်း။ သူသည် မည်သည့်အခန်းကဏ္ဍမှ နေသနည်း။ မိသားစု၏ အမွေဆက်ခံသူတစ်ဦးအနေဖြင့် သူသည် မိသားစုမျိုးရိုးကို ဆက်ခံသည်။ သူသည် ဤမိသားစု၏နောက်မျိုးဆက် ဖြစ်လေသည်။ ဤကလေး ရောက်လာသောကြောင့် ဤမိသားစုသည် ပြီးပြည့်စုံသည်၊ ပြီးလျှင် ဤသည်မှာ သူတို့ကပြရသည့် ပထမဆုံး အခန်းကဏ္ဍ ဖြစ်သည်။ သူတို့သည် သားတစ်ယောက်ဖြစ်စေ၊ သမီးတစ်ယောက်ဖြစ်စေ သူတို့တွင် သူတို့၏ကိုယ်ပိုင် အထူးတာဝန် ရှိကြသည်။ သူတို့၏အနာဂတ်ကံကြမ္မာ၊ သူတို့ကြီးပြင်းလာပြီးနောက် သူတို့တွင် မည်သည့်ပညာရပ်ဆိုင်ရာ သင့်တော်သော အရည်အချင်းများ၊ ကျွမ်းကျင်မှုများ သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာတို့ ရှိသည်၊ သို့မဟုတ် ဘုရားသခင်ကို သူတို့ ယုံကြည်ပြီးနောက်ပိုင်းတွင် မည်သည့်တာဝန်ကို သူတို့ ထမ်းဆောင်သည် စသည်တို့အတွက်မူ ဤအဆင့်များအားလုံး၏ တစ်ခုချင်းစီကို ဘုရားသခင်က ကြိုတင်ကြံဆပြီး စီစဉ်ထားသည်မဟုတ်လော။ (ဟုတ်ပါသည်။) သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရှိသလော။ (မရှိပါ။) မိသားစုတစ်ခုအတွင်းသို့ တစ်စုံတစ်ဦး မွေးဖွားလာကတည်းက သူတို့ကံကြမ္မာ၏ မည်သည့်အဆင့်တစ်ဆင့်ကမျှ သူတို့၏ရွေးချယ်မှု မဟုတ်ခဲ့ပေ။ ယင်းကို ဘုရားသခင်က ကြိုတင်စီစဉ်ထားခြင်းသာဖြစ်သည်။ ၎င်းတို့အားလုံးကို ဘုရားသခင်က စီစဉ်ထားခြင်း ဖြစ်သည်၊ ထို့ပြင် ဤအထဲတွင် သမ္မာတရားရှိသည်။ ဤသည်က လူများ မည်သည့်အရာအတွက် အသက်ရှင်နေထိုင်ကြသည်ဆိုသည်နှင့် ဆက်စပ်သည်။ ဥပမာအားဖြင့် သင်သည် ဂီတကို လေ့လာပြီး ယင်းအတွက် သင့်တွင် အခြေအနေများနှင့် မိသားစုပတ်ဝန်းကျင်ရှိပါက ထိုအခါ ဂီတကို လေ့လာခြင်းသည် သင်ရွေးချယ်လိုက်သည့် အရာတစ်ခုဖြစ်သလော။ (မဟုတ်ပါ။) ဤပတ်ဝန်းကျင်တွင် သင့်ကို မွေးဖွားခဲ့သည်၊ ဤပတ်ဝန်းကျင်၏ မြေတောင် မြှောက်ပေးခြင်းမှတစ်ဆင့် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို သင်လေ့လာခဲ့ပြီး ဤအထူးတာဝန်ကို ပြီးမြောက်ခဲ့သည်။ ၎င်းကို ပြီးမြောက်ဖို့ မည်သည့်အရာက သင့်ကို ထောက်ကူပေးခဲ့သနည်း။ ၎င်းကို ဘုရားသခင်က စီမံခဲ့သောကြောင့်ဖြစ်သည်၊ ၎င်းကို သင်က ရွေးချယ်ခဲ့သောကြောင့် မဟုတ်ပေ။ ဤသည်ကို ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုကြောင့် ပြီးမြောက်ခဲ့သည် မဟုတ်လော။ ယခု သင့်တာဝန်ကို သင်ထမ်းဆောင်၍ သင်သိရှိပြီး လေ့လာထားခဲ့သည့် အရာတို့ကို ယင်းအတွက် အသုံးချသော်လည်း ဤသည်ကို မည်သူက ဆုံးဖြတ်ပေးခဲ့သနည်း။ (ဘုရားသခင်က ပေးခဲ့သည်။) ယင်းကို ဘုရားသခင်က ဆုံးဖြတ်ပေးခဲ့သည်၊ သင်က ဆုံးဖြတ်ပေးခြင်းမဟုတ်ပေ။ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် သင်သည် ယခု မည်သူ့အတွက် ရှင်သန်နေထိုင်သနည်း။ (ဘုရားသခင်အတွက် ကျွန်ုပ်တို့ ရှင်သန်နေထိုင်သည်။) လက်တွေ့အရှိတရားတွင် ယင်းသည် လူတိုင်းအတွက် အတူတူဖြစ်သည်။ ၎င်းကို သူတို့ သိသည်ဖြစ်စေ သို့မဟုတ် မသိသည်ဖြစ်စေ၊ သတိထားမိသည်ဖြစ်စေ သို့မဟုတ် သတိမထားမိသည်ဖြစ်စေ သူတို့အားလုံးသည် ဘုရားသခင်၏အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုတို့အတွက် ရှင်သန်နေထိုင်ကြသည်။ လူများသည် ကစားပွဲတစ်ခုထဲမှ အပိုင်းအစများကဲ့သို့ ဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်သည့်နေရာတွင်မဆို နေရာချထားပါစေ၊ သူက သင့်ကို တစ်ခုခုလုပ်ခိုင်းဖို့ မည်သည့်အရာကိုမဆို စီစဉ်ထားပါစေ၊ ထို့ပြင် သူက သင့်ကို တစ်နေရာရာတွင် မည်မျှကြာအောင် နေခိုင်းထားပါစေ အားလုံးမှာ သူ၏စီစဉ်ညွှန်ကြားချက်အောက်တွင် ဖြစ်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအရ လက်တွေ့အရှိတရားရှိ လူများအားလုံးသည် သူ၏အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုအတွက်လည်းကောင်း သူ၏စီမံခန့်ခွဲမှုအတွက်လည်းကောင်း ရည်ရွယ်၍ ရှင်သန်နေထိုင်ကြသည်၊ ပြီးလျှင် သူတို့သည် ထိန်းချုပ်မှု မရှိပေ။ သင်သည် မည်မျှတတ်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ သို့မဟုတ် အထုံပါရမီပါသည်ဖြစ်စေ သင်သည် ဘုရားသခင်က သင့်အတွက် စီမံပေးပြီးဖြစ်သည့် ကံကြမ္မာကို ကျော်လွန်၍ မလုပ်နိုင်ပေ။ ဤကန့်သတ်ချက်များကို ကျော်လွန်၍ သို့မဟုတ် သူတို့အတွက် ဖန်ဆင်းရှင်မှ သတ်မှတ်ပေးပြီး ကြိုတင်စီစဉ်ထားသည့် ကံကြမ္မာနှင့် အသက်တာကို ကျော်လွန်၍ဖြစ်စေ၊ ဖောက်ထွက်၍ဖြစ်စေ မည်သူမျှ အသက်မရှင်နိုင်ပေ။ ဤအရာများသည် လက်တွေ့အရှိတရားတွင် လူများ လုံးဝ မသိသောအရာများအားလုံးဖြစ်ကြပြီး ယခုတိုင်အောင် ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုနှင့် အချုပ်အခြာအာဏာအောက်တွင် အမှုမဲ့အမှတ်မဲ့နှင့် မရည်ရွယ်ဘဲ ဖြစ်နေကြသည်။ ဤသည်ကို အရှိအတိုင်းမြင်လျှင် လူများသည် မည်သည့်အရာကို နားလည်ကြသနည်း။ (သူတို့၏အသက်တာနှင့် သေခြင်းတို့သည် သူတို့အပေါ်တွင် မူမတည်သော်လည်း ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုတို့အောက်တွင် ရှိသည်။) (သူတို့သည် သူတို့ကိုယ်ပိုင်ကံကြမ္မာနှင့်ပတ်သက်၍ ကြီးကြပ်ဖို့ မကြိုးစားသင့်ကြပေ၊ ပြီးလျှင် သူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုတို့ကို နာခံသင့်သည်။) သင်သည် ယင်းကို ဤကဲ့သို့ မြင်နိုင်လျှင် သင်တိုးတက်လိမ့်မည်။ ဘုရားသခင်ကို နာခံနိုင်ဖို့ မည်သည့်သမ္မာတရားများကို သင်နားလည်သင့်သနည်း။ မည်သို့သော မိသားစုမျိုးတွင် သင်နေထိုင်သည်ဖြစ်စေ၊ သင့်အစွမ်းအစ၊ သင့်ဉာဏ်ရည်နှင့် သင့်အတွေးများကဲ့သို့ ဤအရာများသည် မည်သည့်အရာဖြစ်ပါစေ သင့်ကံကြမ္မာနှင့် သင့်အကြောင်းအကုန်လုံးတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် ရှိသည်။ သင့်တွင် ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။ ဤသည်မှာ လူများ ရွေးချယ်သင့်သည့်လမ်းကြောင်းဖြစ်သည်။ သင်နှင့်ပတ်သက်သော ဤအရာများအားလုံးကို ဘုရားသခင်က သင့်အဖို့ မည်သို့စီစဉ်ထားကြောင်း၊ ယင်းကို သူမည်သို့ လမ်းညွှန်ထားပုံ၊ အနာဂတ်တွင် ယင်းကို သူမည်သို့လမ်းညွှန်လိမ့်မည်ဆိုသည်တို့ကို နားလည်ခြင်း၊ ဘုရားသခင်၏အလိုတော်နှင့် ရည်ရွယ်ချက်တို့ကို နားလည်ရန် ကြိုးစားခြင်းနှင့် ထို့နောက်တွင် ဖန်ဆင်းရှင်က အုပ်စိုးပြီး စီစဉ်ညွှန်ကြားသည့် ကံကြမ္မာလမ်းကြောင်းပေါ်တွင် အသက်ရှင်နေထိုင်ခြင်းတို့ဖြစ်သည်။ ယင်းသည် အမှုအရာများအတွက် ယှဉ်ပြိုင်ခြင်း၊ လုယူခြင်း၊ သို့မဟုတ် အမှုအရာများကို ဖမ်းဆုပ်ထားခြင်း မဟုတ်ပေ။ ယင်းသည် ဖန်ဆင်းရှင်၏ အလိုတော်ကို စိစစ်ခြင်း သို့မဟုတ် ခုခံခြင်းအကြောင်း မဟုတ်ပေ၊ သင့်အတွက် ဘုရားသခင်က ကြိုတင်စီစဉ်ပေးပြီး ဖြစ်သော အရာအားလုံးကို စိစစ်ခြင်း သို့မဟုတ် ခုခံခြင်းအကြောင်း မဟုတ်ပေ။ ဤသည်က သင်၏နေထိုင်ခြင်းကို မှန်ကန်ပြီး သင့်တော်အောင် လုပ်ပေးသည် မဟုတ်လော။ ဤသည်က “လူများ အဘယ်ကြောင့် အသက်ရှင်ရသနည်းနှင့် သူတို့ အဘယ်ကြောင့် သေရသနည်း” ဟူသော သံသယများ သို့မဟုတ် “ရှင်နေသူများသည် သေဆုံးပြီးသောသူများ၏ အလားတူ ဝမ်းနည်းဖွယ်ရာ သမိုင်းကို တစ်ဖန်ပြန်လုပ်ကြသည်” ဟူသည့် စိတ်ဆင်းရဲမှုကို အဆုံးသတ်ပေးသည်။ လူများသည် ဤဘဝကို အသက်ရှင်နေထိုင်ရန် အမှန်တကယ်တွင် မည်သည့်အခက်အခဲမျှမရှိဟု ခံစားမိကြပြီး သူတို့သည် အသက်တာ၏အရင်းအမြစ်ကို ရှာတွေ့ခဲ့ပြီးဖြစ်သည်။ ကံကြမ္မာသည် မည်သည့်အရာကို ဆိုလိုသည်ကို သူတို့ နားလည်ကြသည်၊ ဖန်ဆင်းရှင်၏ ကြိုတင်စီစဉ်မှုကို လူများ မည်သို့နာခံသင့်ပုံကို သူတို့ သိကြပြီး သူတို့ မခုခံကြပေ။ ဤသည်မှာ အဓိပ္ပာယ်ရှိသော နေထိုင်နည်းတစ်ခု ဖြစ်သည်။ လူများသည် ပျော်ရွှင်မှုအတွက် ရုန်းကန်လှုပ်ရှားပြီး ယှဉ်ပြိုင်ရန် သူတို့စိတ်များမှ စိတ်ကူးများ သို့မဟုတ် သူတို့၏ ကိုယ်ပိုင်အင်အားတို့အပေါ် မှီခိုအားထားခြင်း မရှိကြတော့ပေ။ ဤအရာအားလုံးမှာ မိုက်မဲပြီး ခေါင်းမာခြင်း ဖြစ်ကြောင်းကို သူတို့ သိကြပြီး ယင်းကို သူတို့ မလုပ်ကြတော့ပေ။ သူတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုတို့ကို နာခံဖို့ လေ့လာခဲ့ကြပြီး ဤသည်က ဆင်းရဲဒုက္ခများစွာကို ရှောင်ကြဉ်နိုင်ခဲ့ပြီတကား။ သို့ဆိုလျှင် ယခု သင်တို့သည် ဤကဲ့သို့ နေထိုင်နေကြသလော။ သင်သည် ဘဝတွင် မတရားသဖြင့် အပြုခံထားရပြီး တန်ဖိုးထားမခံရဘဲ နေထိုင်နေရသည်ဟု ခံစားရသလော။ သင်၏ ပါရမီများနှင့် သင်၏ တာဝန်တို့ကို ဘုရားသခင်က စီစဉ်ပေးထားပြီး သင့်ထံ ပေးထားသည်ကို သင်သိသော်လည်း သင်သည် မတရားသဖြင့်အပြုခံထားရပြီး သင့်တွင်ရှိသော ဤတာဝန်သည် သင်၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော်ဖို့ ခွင့်မပြုဟု သင်ခံစားနေရဆဲဖြစ်သည်။ အကယ်စင်စစ် သင့်တွင် ပို၍ကြီးကျယ်ခမ်းနားသော သဘာဝတစ်ခုဖြစ်ဖို့ ရည်မှန်းချက်ပန်းတိုင်များ ရှိသော်လည်း သင်တာဝန်ထမ်းဆောင်နေရသော ဤသီးသန့်နယ်ပယ်က သင့်အား ၎င်းတို့ကို အကောင်အထည်ဖော်ဖို့ အမှန်တကယ် ခွင့်မပြုပေ။ ဤကဲ့သို့ သင်သည် တွေးနေသလော။ (မတွေးပါ။) သင့်တွင် ရည်မှန်းချက်များ သို့မဟုတ် လိုအင်ဆန္ဒများ မရှိပေ၊ သင့်တွင် လိုအပ်ချက်များ အလွန်အကျွံ မရှိပေ၊ သင် ဘေးဖယ်သင့်သည့် အရာအားလုံးကို ဘေးဖယ်ထားပြီး သည့်ပြင် သင်လိုနေသည့်တစ်ခုတည်းသောအရာမှာ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို နားလည်ခြင်းဖြစ်သည်။ ဤသည်က လူများ လျှောက်သင့်သောလမ်းကြောင်းနှင့် သူတို့ သွားသင့်သော ဦးတည်ရာတို့ကို ပို၍ ရှင်းလင်းပြတ်သားအောင် လုပ်ပေးသည်။ “လူများ အဘယ်ကြောင့် အသက်ရှင်ရသနည်း၊ သူတို့ အဘယ်ကြောင့် သေရသနည်း၊ အရာအားလုံးကို အုပ်စိုးသောသူသည် မည်သူနည်း” ဟူသကဲ့သို့သော မေးခွန်းများကို မေးဖို့ သူတို့ မလိုအပ်တော့ပေ။ သင်လိုက်စားသည်မှာ မည်သည့်အရာဖြစ်စေ၊ သင့်အလိုဆန္ဒများက မည်သည့်အရာဖြစ်စေ ဖန်ဆင်းရှင်၏မျက်မှောက်တော်သို့ ပြန်လာခြင်း၊ သင်လုပ်သင့်သည့်အရာကို တာဝန်ကျေစွာ ပြီးမြောက်အောင်မြင်ခြင်းနှင့် သင့်တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပြီးစီးအောင်လုပ်ခြင်းတို့ဖြင့်သာ ရှင်းလင်းသောအသိတရားတစ်ခုကို ဆောင်ယူလာပေးသည့် နည်းလမ်းတစ်ခုဖြင့် သင်နေထိုင်နိုင်မည်ဖြစ်ပြီး ယင်းသည် မှန်ကန်ပြီး သင့်တော်သည်။ ဆင်းရဲဒုက္ခခံစားရခြင်း တစ်ခုမျှ မပါဝင်ပေ။ ဤသည်မှာ ရှင်သန်နေထိုင်ခြင်း၏ အဓိပ္ပာယ်နှင့် တန်ဖိုးဖြစ်သည်။

ကောက်နုတ်ချက် (၈၀)

ဘုရားသခင်သည် လူသား၏ ကံကြမ္မာအပေါ် အုပ်စိုးသည်၊ ထို့ပြင် လူတစ်ဦး၏ တစ်ဘဝလုံးသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ဟု လူတိုင်းက အသိအမှတ်ပြုကြသည်။ သို့သော် လူတစ်ဦးဘဝ၏ အချိန်တိုင်းနှင့် ကာလအပိုင်းအခြားတိုင်းရှိ ကြီးမားသော အဖြစ်အပျက်အားလုံးသည် ထိုသူ၏ ကိုယ်ပိုင် အစီအမံများနှင့် အစီအစဉ်များအတိုင်း မဟုတ်ဘဲ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် မည်သို့စီစဉ်ထားပုံကို သင်အမှန်တကယ် တွေ့ကြုံနိုင်လျှင်၊ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ကံကြမ္မာကို သို့မဟုတ် ၎င်းတို့ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံရမည့် မည်သည့် ဆင်းရဲဒုက္ခမဆိုကို မကျော်လွှားနိုင်ကြောင်း သင်မြင်နိုင်လျှင်၊ ဤအရာများကို သင်တွေ့ကြုံခံစားနိုင်သောအခါ ဤသည်မှာ စစ်မှန်သော ယုံကြည်မှုရှိခြင်းပင် ဖြစ်သည်။ “ဘုရားသခင်သည် လူသား၏ ကံကြမ္မာအပေါ် အုပ်စိုးသည်။ ထို့ပြင် အရာရာတိုင်းသည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိသည်” ဟု သင်ပြောသောအခါ ထိုအချက်က များစွာ ပို၍ စစ်မှန်စေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာအပြင် သူ၏ အစီအစဉ်များနှင့် ကြံစည်ရည်ရွယ်ချက်တို့ကို တွေ့ကြုံရခြင်းသည် သိမ်မွေ့သောအရာ ဖြစ်သည်။ ယင်းသည် တွေ့ကြုံခံစားရသည့် အရာဖြစ်ပြီး မဖြတ်သန်းဖူးလျှင် ရှင်းပြ၍ မရနိုင်သည့် အရာဖြစ်သည်။ သို့သော် ပို၍ တွေ့ကြုံခံစားရပြီး ပို၍ ဖြတ်သန်းဖူးလေလေ ပို၍ ကောင်းကောင်း ရှင်းပြနိုင်လေလေ ဖြစ်သည်။ “အသက် ၅၀ အရွယ်တွင် ကိုယ့်ကံကြမ္မာကို ကိုယ်နားလည်လာသည်” ဟူသည့် ဆိုရိုးစကားတစ်ခု ရှိသည်။ ကိုယ့်ကံကြမ္မာကို ကိုယ်နားလည်လာသည် ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ အသက်နှစ်ဆယ်ကျော် လူများသည် လောကကြီးကို ရင်ဆိုင်တွေ့ဖူးခါစသာ ရှိသေးသည်။ သူတို့သည် ငယ်ရွယ်ပြီး အဆင်အခြင်မဲ့ကာ ဘာကိုမျှ မသိကြပေ။ ထို့ပြင် ဤလူ့ဘဝသည် ဘုရားသခင်၏ လက်ထဲတွင် လုံးဝ ရှိသည်ကို သူတို့ နားမလည်နိုင်ကြ။ သူတို့သည် သူတို့၏ ကံကြမ္မာကို ဆက်လက် တွန်းလှန်ရုန်းကန်လိုကြပြီး သူတို့တွင် အရည်အချင်းနှင့် ကျွမ်းကျင်မှု ရှိသည်ဟု ဆက်လက် ထင်နေကြသည်။ ထို့ပြင် နာမည်တစ်လုံး ရရန်၊ စည်းစိမ်ဥစ္စာနှင့် ရာထူးနေရာတို့ကို ရရန် သူတို့နည်း သူတို့ဟန်ဖြင့် ဆက်လက်၍ ကြိုးပမ်းနေကြသည်။ ရှုံးနိမ့်သွားသည့်အခါတွင်ပင်လျှင် နောက်တစ်ကြိမ် ကြိုးပမ်းခွင့် ရရန် အမြဲ ဆက်လက် ကြိုးစားကြသည်။ ထို့နောက် အသက် ၅၀ ကျော်အရွယ်တွင် သူတို့သည် ပြန်လည်တွေးတောကြည့်ကြကာ “အလိုလေး၊ ကမ္ဘာမြေကြီးပေါ်တွင် ဤနှစ်ပေါင်းသုံးဆယ်ဝန်းကျင်လုံးလုံး ပြေးလွှားလှုပ်ရှားပြီး အလုအယက် တိုးဝှေ့ကြိုးပမ်းလုပ်ရခြင်း အားလုံးက အကယ်ပင် ခက်ခဲလှချေတော့သည်။ ငါအိမ်ထောင်ပြုခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုကို တည်ဆောက်ခြင်း၊ ကလေးယူခြင်းတို့၏ မည်သည့်အဆင့်တစ်ဆင့်ကမျှ ငါ့ကိုယ်ပိုင် အစီအမံများနှင့် အတွက်အချက်များအတိုင်း ဖြစ်မလာခဲ့။ အားလုံးက ကံကြမ္မာအတိုင်းသာ ဖြစ်နေချေသည်” ဟု တွေးမိကြသည်။ ဤသည်မှာ မိမိကံကြမ္မာကို နားလည်ခြင်း ဖြစ်သည်။ ကံကြမ္မာကို ထပ်၍ မတိုက်ခိုက်ကြတော့ပေ။ အသက် ၅၀ အရွယ်တွင် မိမိ၏ကံကြမ္မာကို နားလည်လာခြင်းဟူသည်မှာ အမှန်တွင်တော့ ဘဝ၌ လိမ့်လည်းဆုတ်ယုတ်မှုပေါင်း များစွာကို ကြုံရပြီးနောက်တွင် လူများ အသက် ၅၀ အရွယ်သို့ ရောက်ပြီး ကံကြမ္မာနှင့် ငြိမ်းချမ်းရေးယူတတ်သွားကြခြင်းသာ ဖြစ်သည်။ လူများသည် သူတို့၏ ကံကြမ္မာကို နားလည်သွားသောအခါ ၎င်းကို မတိုက်ခိုက်တော့ဘဲ ရပ်လိုက်ကြ၏။ လူ့ဘဝဆိုသည်မှာ အဘယ်အရာ ဖြစ်သည်၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာဆိုသည်မှာ အဘယ်အရာ ဖြစ်သည်၊ လူတို့အနေဖြင့် အတိအကျ အဘယ်အရာအတွက် အသက်ရှင်နေထိုင်သင့်ပြီး မည်ကဲ့သို့ အသက်ရှင်နေထိုင်သင့်သည် ဆိုသည့်အရာများအတွက်မူ လူတို့သည် ၎င်းတို့ကို လုံးဝ နားလည်ကြသလော။ မယုံကြည်သူများသည် ဤအရာများကို နားမလည်နိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်ကို မယုံကြည်သောကြောင့် ဖြစ်သည်။ ထို့ပြင် သူတို့ အလုပ်နိုင်ဆုံးသောအရာသည် သူတို့၏ ကံကြမ္မာကို လက်ခံရန်နှင့် ၎င်းကို ခုခံခြင်းသည် အသုံးမဝင်ကြောင်း နားလည်ရန်သာ ဖြစ်သည်။ ထို့နောက် သူတို့၏ သားသမီးမြေးမြစ်များက ကံကြမ္မာကို တိုက်ခိုက်နေခြင်းကို သူတို့ မြင်ပြီး “သဘာဝအတိုင်းသာ ဖြစ်ပါစေလေ။ မျိုးဆက်အသီးသီးတွင် သူ့ကိုယ်ပိုင်ကောင်းချီးများ ရှိသည်ပင်။ ထားလိုက်ပါလေ။ သူတို့ အသက် ၅၀ ရောက်လာသည့်အခါ ကံကြမ္မာကို တိုက်ခိုက်နေခြင်းကို ရပ်ပစ်လိုက်ကြလိမ့်မည်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဤအတိုင်းသာ ဖြစ်သည်။ သူတို့ အသက်ကြီးလာပြီး မတိုက်နိုင်တော့သည့်အချိန်အထိ ကံကြမ္မာကို သူတို့အားလုံး တိုက်ခိုက်ကြသည်ချည်းပင်။ သူတို့၏ ကံကြမ္မာကို သူတို့ လက်ခံပြီး သင်ခန်းစာယူကြလိမ့်မည်။ အလွန်အမင်း ပမာမခန့်လုပ်ပြီး မောက်မာထောင်လွှားခြင်း ရှိတော့မည် မဟုတ်ဘဲ ပိုပြီး အခြေကျလာကြလိမ့်မည်” ဟု ပြောကြသည်။ ဤသည်မှာ မယုံကြည်သူများ မြင်နိုင်သလောက် အစွမ်းကုန်သာ ဖြစ်သည်။ သို့သော် သူတို့သည် သမ္မာတရားကို နားလည်နိုင်သလော။ ကျိန်းသေ နားမလည်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သူတို့ မယုံကြည်ဘဲ ဘုရား၏ နှုတ်ကပတ်တော်များကို သူတို့ မဖတ်သောကြောင့် ဖြစ်သည်။ သူတို့သည် သမ္မာတရားကို မည်သို့နားလည်နိုင်ပါမည်နည်း။ အသက် ၅၀ အရွယ်တွင် မိမိကံကြမ္မာကို သိခြင်းသည် သမ္မာတရားကို နားလည်ခြင်း ဖြစ်သည်ဟု ဆိုလိုသလော။ “လူ၏ ကံကြမ္မာကို ကောင်းကင်ဘုံက ဆုံးဖြတ်သည်” ဟု လူတို့ ယုံကြည်ကြသည်။ ဤသည်က သူတို့သည် ကောင်းကင်ဘုံ၏ အလိုတော်ကို ကျိုးနွံနာခံသည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) ဤသည်ကို ယုံကြည်ရုံမျှဖြင့် အလုပ်မဖြစ်ပေ။ ဤအရာများကို သိခြင်းက ကံကြမ္မာကို တွန်းလှန်ရုန်းကန်မှု မပြုခြင်းသက်သက်သာ ဖြစ်၏။ သမ္မာတရားကို နားလည်ခြင်းကား မဟုတ်သေး။ လူတို့သည် သမ္မာတရားကို နားလည်ရန် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ လာပြီး သူ၏ ကယ်တင်ခြင်းကို လက်ခံရမည်။ သူ့နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို လက်ခံရမည်။ ဆန်းကြယ်နက်နဲမှုအားလုံးကို နားလည်ရန် ပေးထားသော သမ္မာတရားနှင့် အသက်တာကို လက်ခံရမည်။ ထိုသို့မဟုတ်လျှင် လူတို့သည် အသက် ၇၀၊ ၈၀ သို့မဟုတ် တစ်ရာအထိ အသက်ရှင်ရလျှင်ပင် လူ့ဘဝက အဘယ်အရာ ဖြစ်သည်၊ လူတို့ အဘယ်ကြောင့် အသက်ရှင်နေထိုင်ကြပြီး အဘယ်ကြောင့် သေကြသည်တို့ကို သိကြလိမ့်ဦးမည် မဟုတ်ပေ။ လူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ခဏတာမျှသာ ခရီးနှင်၍ လူ့ဘဝက အဘယ်အရာ ဖြစ်သည်ကို သဘောမပေါက်ဘဲ ဆယ်စုနှစ်အချို့ကြာ အသက်ရှင်နေထိုင်ပြီးနောက် ဘဝကုန်ဆုံးသွားကြသည်။ သေသည့်အခါ သူတို့သည် စိတ်ကျေနပ်ခြင်းမရှိဘဲ ထိုထိုဤဤတို့ကို ဆက်၍ တနုံ့နုံ့တွေးနေကြကာ နောက်ဆုံးတွင် နောင်တကို ရင်ဝယ်ပိုက်ရင်း ဤကမ္ဘာမှ ထွက်သွားရပြီး ဘာမျှ မရလိုက်ကြပေ။ နောက်ဘဝတွင် သူတို့ တစ်ဖန် ပြန်လည်မွေးဖွားပြီး ဤကဲ့သို့ ဆက်၍ အသက်ရှင်နေထိုင်လျှင် ဝမ်းနည်းဖွယ် ကောင်းနေမည် မဟုတ်လော။ (ဟုတ်ပါသည်။) မျိုးဆက်အသီးသီးမှ လူများသည် တစ်ယောက်ပြီးတစ်ယောက် ဝမ်းနည်းကြေကွဲဖွယ်ကောင်းစွာ လာပြီး ပြန်ထွက်သွားကြသည်။ ရှင်ကျန်နေသူများက ထွက်ခွာသွားသူများကို လိုက်ပို့ကြသည်။ ပြီးနောက် သူတို့ကိုလည်း နောက်မျိုးဆက်က လိုက်ပို့ကြရပြန်သည်။ သူတို့သည် ဘာကိုမျှ နားမလည်ဘဲ ကြောင်တက်တက် နေထိုင်ရင်း ဤအတိုင်း စက်ဝိုင်းတစ်ခုလို သံသရာလည်ကာ ဆက်သွားနေကြသည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီးသော သင်တို့အတွက်မူ မတူပေ။ နောက်ဆုံးသော ကာလတွင် လူသားမျိုးနွယ်ကို ကယ်တင်ရန် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဤအဖိုးထိုက်၍ ရတောင့်ရခဲ ရှားပါးသော အခွင့်အရေးကို သင်တို့ အမိအရ ဖမ်းယူထားသည်။ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရရှိနိုင်ကြပြီး ဘုရားသခင်ကိုယ်တော်တိုင်၏ သိုးထိန်းခြင်းနှင့် ဦးဆောင်ခြင်းကို ရရှိနိုင်ကြသည်။ ဆန်းကြယ်နက်နဲမှုများစွာနှင့် သမ္မာတရား အမြောက်အမြားကို သင်တို့ နားလည်ကြပြီး ဖန်ဆင်းခံသတ္တဝါများအဖြစ် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနိုင်ကြသည်။ သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သန့်စင်ခြင်းခံရနိုင်ပြီး ပြောင်းလဲ၍ ရနိုင်သည်။ အတိတ်က သန့်ရှင်းသူများ၏ မျိုးဆက်များထက် ပို၍ မြောက်မြားစွာ သင်တို့ ရရှိထားကြသည်။ ဤသည်မှာ မင်္ဂလာအရှိဆုံးသောအရာ ဖြစ်သည်မဟုတ်လော။ သင်တို့သည် အားလုံးထဲတွင် မင်္ဂလာအရှိဆုံးသောသူများ ဖြစ်ကြသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး ၎င်းတို့၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို နှစ်များစွာ တွေ့ကြုံပြီးနောက်တွင် လူသားမျိုးနွယ်ကို ဘုရားသခင် စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက်နှင့် လူသားမျိုးနွယ်ကို ဘုရား စီမံခန့်ခွဲခြင်းနှင့် ကယ်တင်ခြင်းတို့၏ ဆန်းကြယ်နက်နဲမှုတို့ကို သင်တို့သည် တဖြည်းဖြည်း နားလည်လာပြီဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်လာပြီး သူ၏ အုပ်စိုးမှုကို သိလာပြီဖြစ်သည်။ ဘုရားသခင်ကို နာခံရန် မိမိနှလုံးသားထဲတွင် ဆန္ဒရှိနေပြီး ဘုရားကို နာခံနိုင်စွမ်းလည်း ရှိနေသည်။ အသက်ရှင်နေထိုင်ရခြင်းက လုံခြုံပြီး ပြည့်စုံသည်ဟု ခံစားရသည်။ သင့်ကို ဘုရားသခင်က အသက်ရှင်နေထိုင်ခွင့် ပေး၍ သင်သည် ဘုရားသခင်အတွက် အသက်ရှင်နေထိုင်ပြီး သင့်တာဝန်ကို ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် ဖြည့်ဆည်းရန် အသက်ရှင်နေထိုင်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိသော ရှင်သန်နေထိုင်နည်း ဖြစ်သည်။ အကယ်၍ လူတို့သည် သမ္မာတရားကို လက်ခံခြင်း သို့မဟုတ် နားလည်ခြင်း မရှိဘဲ အသက်ရှင်နေထိုင်ပြီး လူ့ဇာတိအတွက်သက်သက်သာ အသက်ရှင်နေထိုင်ပါက ထိုသို့နေထိုင်ခြင်းတွင် တန်ဖိုး လုံးဝ မရှိပေ။ ယခု သင်တို့အားလုံးသည် သမ္မာတရားဆီသို့ ကြိုးပမ်းနေကြပြီး ပို၍ပို၍ အသိတရားရှိရှိ၊ အသိစိတ်ရှိရှိဖြင့် ရှင်သန်နေထိုင်နေကြသည်။ သင်သည် လူသားတစ်ယောက် ဖြစ်သင့်သည့်အရာ ပို၍ ပို၍ ဖြစ်လာပြီး သမ္မာတရားကို ပို၍ ပို၍ နားလည်လာသည်။ ဘုရားသခင်ကို နာခံရန် ပို၍ ပို၍ သိလာပြီး ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် ဘုရားသခင်အတွက် သက်သေခံလာနိုင်သည်။ ဤကဲ့သို့ ရှင်သန်နေထိုင်ခြင်းသည် သင့်နှလုံးသားကို ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ဖြင့် ပြည့်လာစေလိမ့်မည်။ ထို့ပြင် ဤသည်မှာ အဓိပ္ပာယ်အရှိဆုံး ဘဝလည်းဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အားလုံးအထဲ၌ သင်တို့သာလျှင် ရထားသော ကောင်းချီးမင်္ဂလာတစ်ခုဖြစ်သည်။ ဤကျယ်ပြောလှသော ကမ္ဘာကြီးထဲနှင့် လူသားမျိုးနွယ်အားလုံးထဲတွင် ဘုရားသခင်သည် သင်တို့ လူနည်းစုကိုသာလျှင် ရွေးချယ်ခဲ့ပြီး ဤနောက်ဆုံးခေတ်အတွင်း၊ အဆင်းနီသော နဂါးကြီး၏ နိုင်ငံအတွင်းတွင် သင်တို့ကို မွေးဖွားလာစေခဲ့သည်။ သင်တို့သည် ဘုရား၏ တာဝန်ပေး စေခိုင်းခြင်းကို လက်ခံရရှိနိုင်ကြပြီး မိမိတာဝန်ကို ဖြည့်ဆည်းနိုင်ကြ၏။ ဘုရားအတွက် အသုံးတော်ခံနိုင်ကြ၏။ သင်တို့သည် ဘုရားသခင်၏ မျက်နှာသာပေးခြင်းနှင့် ရွေးချယ်ခြင်းကို ခံထားရသည့်သူများ ဖြစ်ကြသည်။ ဤအရာသည် မင်္ဂလာအရှိဆုံးသောအရာဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အင်မတန် မင်္ဂလာရှိလှသောအရာ ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်ကြသော်လည်း မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းရန် အရာအားလုံးကို ဘေးဖယ်မထားနိုင်သည့် လူများရှိကြသည်။ ဤသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။ သမ္မာတရားကို နားမလည်သော လူများလည်း ရှိကြ၏။ ထိုသူတို့အနေနှင့် သူတို့၏ တာဝန်ကို ဖြည့်ဆည်းကြလျှင်ပင် ဘုရားသခင်အတွက် အစေခံနေသည်ဟုသာ ဆိုနိုင်သည်။ သူတို့သည် မိမိတို့၌ ရှိသော အင်အားကို ပေးကြသော်လည်း သူတို့၏ နှလုံးသားထဲတွင်မူ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးပမ်းပြီး ကောင်းချီးမင်္ဂလာများ ရရန် မျှော်လင့်နေကြသည်။ တစ်နေ့ သမ္မာတရားကို နားလည်လာသောအချိန်တွင် သူတို့သည် စိတ်အေးတည်ငြိမ်နိုင်လာပြီး သူတို့၏ တာဝန်ကို လိုလိုလားလား ဖြည့်ဆည်းနိုင်လာလိမ့်မည်။ သင်တို့၏ ယခု အသက်တာအပြင် ဘုရားသခင်ကို သက်သေခံပြီး ဘုရားနိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေရန် သင်တို့ နေ့တိုင်း အသက်ရှင်နေထိုင်ခြင်းသည် ဘုရားလိုလားသဘောကျသည့် အသက်ရှင်နေထိုင်နည်း ဖြစ်သည်။ ရိုးရှင်းအောင် ပြောရလျှင် ဘုရားသခင်က သင်တို့အား ဤကဲ့သို့ အသက်ရှင်နေထိုင်ခွင့် ပေးထားခြင်း ဖြစ်သည်။ ဤအခွင့်အရေးကို သင်တို့အား ပေးထားသည်မှာ ဘုရားသခင်ပင်ဖြစ်သည်။ ဘုရားသခင်က သင့်အား ဤအခွင့်အရေးကို ပေးထားပြီး သင့်တာဝန်အား ဖြည့်ဆည်းစေကာ သူ့အတွက် အသုံးတော်ခံစေရင်း သင့်အား အသက်ရှင်နေထိုင်စေခဲ့သည်။ ဤသည်မှာ အဓိပ္ပာယ်အရှိဆုံးအရာ ဖြစ်သည်။ သင်တို့သည် အားရကျေနပ်ပြီး ဂုဏ်ယူသင့်ကာ ဤအခွင့်အရေးကို မြတ်နိုးတန်ဖိုးထားသင့်သည်။ သင်တို့သည် အလွန် ငယ်ရွယ်ကြ၍ ဘေးဒုက္ခကြားတွင်၊ ဤကဲ့သို့ ရန်လိုသော ပတ်ဝန်းကျင်များနှင့် အခြေအနေများကြားတွင် မိမိတို့တာဝန်ကို ဖြည့်ဆည်းထမ်းဆောင်ရန်၊ ဘုရားနောက်တော်ကို လိုက်ရန်နှင့် ဘုရားကို သက်သေခံရန်တို့မှာ မည်မျှရှားပါးလှသည့် အခွင့်အရေးမျိုးနည်း။ လူသားမျိုးနွယ်သည် သမ္မာတရားကို ရပြီး သန့်စင်ခြင်းခံရနိုင်စေရန်အလို့ငှာ လူသားမျိုးနွယ်ကို လုံးဝ ကယ်တင်ရန် နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် သမ္မာတရား များစွာကို ဖော်ပြခြင်းသည် အရှားပါးဆုံးသော အခွင့်အရေးဖြစ်သည်။ အချိန်ကား သိပ်မရှိဘဲ မျက်စိတမှိတ်အတွင်းတွင် ကုန်သွားတတ်သည်။ သင်တို့သည် ဤအခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ပြီး ရသင့်သော သမ္မာတရားအားလုံးကို ရယူသင့်သည်။ ဤသည်မှာ အကြီးမြတ်ဆုံးသော ကောင်းချီးမင်္ဂလာဖြစ်ပြီး အတိတ်ခေတ်က သန့်ရှင်းသူအားလုံး၏ ကောင်းချီးများထက် ပို၍ ကြီးမြတ်သော ကောင်းချီးမင်္ဂလာတစ်ပါးဖြစ်သည်။

ကောက်နုတ်ချက် (၈၁)

ဘုရားသခင်နောက်သို့ လိုက်လျှောက်သည့် သူများသည် အနည်းဆုံးအနေဖြင့် မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်နိုင်စွမ်း ရှိရမည်။ သမ္မာကျမ်းစာထဲတွင် ဘုရားသခင် တစ်ချိန်က ပြောကြားခဲ့သည်မှာ “သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ။” (ရှင်လုကာခရစ်ဝင် ၁၄:၃၃) ဟူ၍ ဖြစ်သည်။ မိမိ၌ ရှိသမျှအားလုံးကို စွန့်လွှတ်ခြင်း ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ မိမိ၏ မိသားစုကို စွန့်လွှတ်ခြင်း၊ မိမိ၏ အလုပ်အကိုင်ကို စွန့်လွှတ်ခြင်း၊ မိမိ၏ လောကီသံယောဇဉ်များအားလုံး စွန့်လွှတ်ခြင်းတို့ကို ဆိုလိုသည်။ ဤသည်မှာ လုပ်ဆောင်ရလွယ်သည့် အရာတစ်ခုဖြစ်သလော။ ယင်းမှာ အလွန် ခက်ခဲ၏။ ထိုသို့လုပ်ဆောင်ရန် စိတ်ဆန္ဒမရှိပါက ဖြစ်မြောက်အောင် လုံးဝ လုပ်ဆောင်၍ မရနိုင်ပေ။ အကြင်သူသည် စွန့်လွှတ်ဖို့ စိတ်ဆန္ဒရှိသည့်အခါတွင် ဆင်းရဲဒုက္ခကို ခါးစည်းခံဖို့ စိတ်ဆန္ဒကို အလိုအလျောက် ပိုင်ဆိုင်လေသည်။ အကြင်သူသည် ဆင်းရဲဒုက္ခကို ခါးစည်းမခံနိုင်လျှင် စွန့်လွှတ်ရန် ဆန္ဒရှိကောင်း ရှိနေနိုင်သော်ငြားလည်း မည်သည့်အရာကိုမျှ စွန့်လွှတ်နိုင်လိမ့်မည် မဟုတ်။ မိမိတို့၏ မိသားစုကို စွန့်လွှတ်ကာ မိမိတို့ ချစ်ခင်ရသူများနှင့် ခပ်ကင်းကင်းနေရသဖြင့် မိမိတို့၏ တာဝန်များကို ခဏတာ ထမ်းဆောင်ပြီးနောက် အိမ်ကို လွမ်းလာသည့်သူအချို့ ရှိ၏။ ၎င်းတို့ အမှန်တကယ်ကို မခံစားနိုင်ပါက တစ်ချက်မျှကြည့်ရန် အိမ်သို့ တိတ်တဆိတ် ပြန်ပြေးသွားပြီးနောက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ ပြန်လာကောင်း ပြန်လာနိုင်သည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ အိမ်မှ ထွက်လာခဲ့ကြသောသူအချို့သည် နှစ်သစ်ကူးနှင့် အခြားသော အခါကြီးရက်ကြီးများတွင် မိမိတို့ ချစ်ခင်ရသူများကို မလွမ်းဘဲ မနေနိုင်ကြ၍ ညအခါ အခြားသော လူတိုင်း အိပ်စက်နေချိန်တွင် တိတ်တဆိတ် ငိုကြွေးကြသည်။ ငိုကြွေး၍ ပြီးသွားသည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းကြကာ များစွာ စိတ်သက်သာရာရပြီးနောက် မိမိတို့၏ တာဝန်များကို ဆက်လက်ထမ်းဆောင်ကြလေသည်။ ဤလူများသည် မိမိတို့၏ မိသားစုကို စွန့်လွှတ်နိုင်စွမ်း ရှိသော်ငြားလည်း ကြီးမားသော စိတ်ဆင်းရဲမှုကို ခါးစည်းခံနိုင်စွမ်းကား မရှိကြ။ ၎င်းတို့သည် လူ့ဇာတိနှင့်သက်ဆိုင်သော ဤဆွေမျိုးသားချင်းများအတွက် မိမိတို့၏ ခံစားချက်များကို ဖယ်ရှားနိုင်စွမ်းပင် မရှိကြပါက မိမိတို့ကိုယ်ကို ဘုရားသခင်အတွက် မည်သို့များ အမှန်တကယ် အသုံးခံနိုင်စွမ်း ရှိကြမည်နည်း။ လူအချို့သည် မိမိတို့၏ အလုပ်အကိုင်များနှင့် မိမိတို့၏ မိသားစုကို စွန့်လွှတ်ကာ မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်နိုင်ပြီး ဘုရားသခင်နောက်သို့ လိုက်လျှောက်နိုင်ကြသည်။ သို့သော် ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ အချို့သော လူများသည် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ရရှိဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။ အချို့မှာမူ ပေါလုကဲ့သို့ပင် သရဖူနှင့် ဆုလာဘ်နောက်ကို လိုက်နေကြခြင်းသာ ဖြစ်သည်။ လူအနည်းငယ်ကသာ သမ္မာတရားနှင့် အသက်ကို ရရှိဖို့နှင့် ကယ်တင်ခြင်းကို ရဖို့ မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်ကြသည်။ သို့ဖြစ်၍ အဆိုပါ လိုက်စားမှုများထဲမှ အဘယ်အရာသည် ဘုရားအလိုတော်နှင့် ကိုက်ညီသနည်း။ သမ္မာတရားကိုလည်းကောင်း၊ အသက်ရရှိရေးကိုလည်းကောင်း လိုက်စားခြင်း ဖြစ်သည်မှာ ပြောဖို့ပင်မလို။ ဤသည်မှာ ဘုရားအလိုတော်နှင့် လုံးလုံးလျားလျား ကိုက်ညီပြီး ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရေးအကြီးဆုံးသော ကဏ္ဍဖြစ်၏။ လောကီအရာများကို သို့မဟုတ် စည်းစိမ်ဥစ္စာကို လက်မလွှတ်နိုင်လျှင် အကြင်သူသည် သမ္မာတရားကို ရရှိနိုင်သလော။ ဧကန်မုချ မရရှိနိုင်။ မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်ပြီး မိမိတို့၏ တာဝန်များကို တာဝန်ယူဆောင်ရွက်ခဲ့သည့် လူအချို့ရှိသော်လည်း ၎င်းတို့သည် သမ္မာတရားကို မလိုက်စားဘဲ မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် အစဉ်သဖြင့် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြသည်။ နှစ်အတန်ငယ်ကြာအောင် ဤကဲ့သို့ ပြီးပြီးရော နေလာခဲ့ပြီးနောက်တွင် ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်ခုမျှ မရှိသည့်အပြင် မည်သည့်အရာမျှလည်း လုံးဝကို မရရှိခဲ့။ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းတို့ကိုသာ လိုက်စားသည့်သူများနှင့် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်သောသူများသည် သမ္မာတရားကို ရရှိခြင်းငှာ သာ၍ပင် မစွမ်းဆောင်နိုင်ပေ။ ဘုရားသခင်ကို ယုံကြည်ရာတွင် မိမိတို့၏ အားလပ်ချိန်၌ မိမိတို့၏ တာဝန် အနည်းငယ်ကို ထမ်းဆောင်ခြင်းသာ ပါဝင်သည့် လူများစွာ ရှိသည်။ ထိုသို့သော လူများအတွက် သမ္မာတရားကို ရရှိဖို့ လွယ်ကူမည်လော။ ငါမြင်ရသလောက်မှာမူ လွယ်ကူမည်မဟုတ်။ သမ္မာတရားကို ရရှိရေးသည် ရိုးရှင်းသည့် ကိစ္စရပ် မဟုတ်ချေ။ အကြင်သူသည် ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံပြီး ကြီးစွာသော အဖိုးအခကို ပေးရပေမည်။ အထူးသဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်း၊ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်သည်။ အဆိုပါ ဆင်းရဲဒုက္ခအားလုံးကို ခါးစည်းခံရမည်။ ကြီးစွာသော စိတ်ဆင်းရဲခြင်းကို ခါးစည်းမခံဘဲ သမ္မာတရားကို မရရှိနိုင်။ ဤအချိန်ကာလအတွင်းတွင် အကြင်သူသည် အကြိမ်ရေမည်မျှ ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရမည်နည်း။ ဘုရားသခင်ထံ နောင်တမျက်ရည် မည်မျှကျပြရမည်နည်း။ အကြင်သူသည် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်း မခံရမီ ဘုရားနှုတ်ကပတ်တော်မည်မျှ ဖတ်ရှုရမည်နည်း။ စာတန်ကို အနိုင်မရနိုင်မီ ဝိညာဉ်ရေးရာ တိုက်ပွဲမည်မျှ ကြုံတွေ့ရမည်နည်း။ ပြီးလျှင် အဆိုပါအရာများကို တွေ့ကြုံရသည့် ဖြစ်စဉ်သည် အချိန်မည်မျှကြာသနည်း။ နောက်ဆုံးတွင် သမ္မာတရားကို ရရှိပြီး ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ကြိုးပမ်းရရှိနိုင်သည်အထိ နှစ်ပေါင်းမည်မျှကြာသနည်း။ ပေတရု၏ အတွေ့အကြုံကို ကြည့်လော့။ ကြည့်လျှင် သင်တို့သိလိမ့်မည်။ လူကို ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းသည် လူတို့စိတ်ကူးသကဲ့သို့ ရိုးရှင်းသလော။ မိမိ၌ ရှိသမျှအားလုံးကို စွန့်လွှတ်ခြင်းသည် ရိုးရှင်းသော ကိစ္စတစ်ရပ် မဟုတ်။ မိမိ၌ ရှိသမျှအားလုံးကို စွန့်လွှတ်ခြင်းဟူသည်မှာ အမှန်တကယ်တွင် အဘယ်အရာကို ဆိုလိုသနည်း။ “မိမိ၌ ရှိသမျှအားလုံး” တွင် အပြင်ပန်းအရာများထက်မက ပါဝင်သည်။ မိသားစု၊ ချစ်ခင်ရသောသူများ၊ မိတ်ဆွေများထက်မက ပါဝင်သည်။ မိမိ၏ အလုပ်အကိုင်၊ လစာ၊ စည်းစိမ်ဥစ္စာ၊ ရှေ့ရေးတို့ထက်မက ပါဝင်သည်။ အဆိုပါအရာများသာမက အသိပညာ၊ သင်ယူလေ့လာခြင်း၊ အမှုကိစ္စများအပေါ် မိမိ၏ သဘောထားပုံ၊ အသက်ရှင်နေထိုင်ခြင်း စည်းမျဉ်းများ၊ မိမိ၏ လူ့ဇာတိဆိုင်ရာ နှစ်သက်လိုလားမှုများအပြင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းတို့ကဲ့သို့ မိမိလိုက်စားပြီး ရည်သန်မျှော်မှန်းသော အရာများဖြစ်သည့် စိတ်နှင့်ရော ဝိညာဉ်တို့နှင့်ပါ သက်ဆိုင်သော အရာများ ပါဝင်သည်။ မိမိ၌ ရှိသမျှအရာအားလုံးကို စွန့်လွှတ်ခြင်းတွင် အဓိကအားဖြင့် အဆိုပါအရာများ ပါဝင်၏။ ယင်းတို့အားလုံးသည် မိမိ၌ ရှိသမျှအရာအားလုံးကို စွန့်လွှတ်ခြင်းဟူသည့်အရာတွင် ပါဝင်သည်။ အပြင်ပန်းအရာများကို တစ်ချက်တည်းနှင့် စွန့်လွှတ်ရန် လွယ်ကူ၏။ သို့ရာတွင် မိမိတို့၏ စိတ်နှလုံးထဲ၌ လူတို့နှစ်သက်သည့်၊ လိုက်စားသည့်၊ ထိန်းသိမ်းထားသည့် အရာများကသာ ၎င်းတို့အတွက် အရေးအကြီးဆုံးနှင့် တန်ဖိုးအရှိဆုံးသော အရာများဖြစ်သည်။ ယင်းတို့သည် လူတစ်ဦးတွင် ရှိသမျှအရာအားလုံးကို ကိုယ်စားပြုပြီး ယင်းတို့သည်ပင်လျှင် စွန့်လွှတ်ရန် အခက်ခဲဆုံးသော အရာများဖြစ်၏။ လက်ရှိအချိန်တွင် လူအများစု မစွန့်လွှတ်နိုင်ရသည့် အဓိကအကြောင်းရင်းမှာ အဆိုပါအရာများသည် ၎င်းတို့ အထူးတလည် အမြတ်တနိုး တန်ဖိုးအထားရဆုံးသော အရာများဖြစ်သည်နှင့်အညီ ယင်းတို့ကို လက်မလွှတ်နိုင်၍ ဖြစ်သည်။ ဥပမာအားဖြင့် ဂုဏ်သိက္ခာနှင့် အဆင့်အတန်း သို့မဟုတ် ထင်ပေါ်ကျော်ကြားမှုနှင့် ငွေကြေးစည်းစိမ်၊ မိမိမြတ်နိုးသော အသက်မွေးမှု သို့မဟုတ် တန်ဖိုးအထားဆုံးသော အရာများဖြစ်သည့် အဆိုပါအရာများသည် လူတစ်ဦးတွင် ရှိသမျှအရာအားလုံး ဖြစ်ပြီး စွန့်လွှတ်ရန် အခက်ခဲဆုံးသော အရာများဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်လာသည့် ဘဏ်မန်နေဂျာတစ်ဦး ရှိသည်။ ဘုရားနှုတ်ကပတ်တော်များသည် အကယ်စင်စစ် သမ္မာတရားဖြစ်သည်ကို သူမြင်တွေ့ခဲ့ပြီး ဘုရားသခင် လုပ်ဆောင်သမျှ အရာအားလုံးသည် လူတို့ကို ကယ်တင်ရေးအမှု ဖြစ်ကြောင်းကိုလည်း မြင်တွေ့ခဲ့သည်။ သို့သော် သူ၌ ရှိသမျှအားလုံးကို စွန့်လွှတ်ပြီး ဘုရားသခင်နောက်သို့ လိုက်ရန် သူဆုံးဖြတ်သည့်အခါတွင်မူ ဘဏ်ရှိ သူ၏ ရာထူးနှင့်ပတ်သက်ပြီး အခက်ကြုံရလေတော့သည်။ “ဘဏ်တွင် ငါ့ရာထူးသည် တန်ဖိုးရှိသည့်အရာ ဖြစ်သည်။ လစာကောင်းပြီး ဩဇာရှိသည်” ဟု ဤတစ်ခဏ၌ သူတွေး၏။ နောက်တစ်ခဏ၌မူ “ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သမ္မာတရားနှင့် ထာဝရအသက်ကို ငါရရှိနိုင်သည်။ ယင်းမှာ အရေးကြီးသည့်အရာ ဖြစ်သည်” ဟု သူတွေးပြန်သည်။ သူ့စိတ်နှလုံးထဲတွင် မပြတ် ရုန်းကန်လွန်ဆွဲနေ၏။ ဤတစ်ခဏတွင် သူသည် ဘဏ်မန်နေဂျာ ဖြစ်လိုသော်လည်း နောက်တစ်ခဏတွင်မူ ဘုရားသခင်ကို ယုံကြည်လိုသည်။ ဤတစ်ခဏတွင် သူသည် ငွေကြေးကို အမိအရ ယူလိုပြီး နောက်တစ်ခဏတွင်မူ သမ္မာတရားကို ရရှိလိုသည်။ ဤတစ်ခဏတွင် သူသည် မိမိ၏ အဆင့်အတန်းကို လက်မလွှတ်နိုင်ဘဲ ဖြစ်နေပြီး နောက်တစ်ခဏတွင်မူ သူသည် ထာဝရအသက်ကို ရရှိလိုသည်။ သူ၏စိတ်နှလုံးက ချီတုံချတုံ ဖြစ်နေ၏။ ဘဏ်မန်နေဂျာဟူသည့် သူ၏ အဆင့်အတန်းသည် သူ့အတွက် အလွန်တန်ဖိုးရှိနေပြီး ယင်းကို သူလက်မလွှတ်နိုင် ဖြစ်နေသည်။ မရေတွက်နိုင်သော လပေါင်းများစွာကြာအောင် သူ၏ စိတ်နှလုံးထဲတွင် ဤတိုက်ပွဲကို ဆင်နွှဲနေပြီး နောက်ဆုံးတွင်မှ ဝန်လေးစွာဖြင့် သူလက်လွှတ်လိုက်ခြင်း ဖြစ်ကောင်းဖြစ်မည်။ သူ၌ ရှိသမျှအားလုံးကို စွန့်လွှတ်ဖို့ သူ့အတွက် ခက်ခဲလိုက်လေခြင်း။ ဘဏ်မန်နေဂျာဟူသည့် သူ၏ရာထူးသည် မီးခိုးငွေ့တစ်စလို ပျောက်ကွယ်သွားနိုင်သည့် တဒင်္ဂသာခံသောအရာ ဖြစ်ကြောင်းကို သူသိသော်ငြားလည်း သူ့အတွက်မှာမူ လက်လွှတ်ဖို့ရာ မလွယ်ကူဆဲပင် ဖြစ်နေခဲ့သည်။ အချို့သော လူများသည် ဆရာဝန်များ သို့မဟုတ် ရှေ့နေများ သို့မဟုတ် ရာထူးကြီး အလုပ်အမှုဆောင်အရာရှိများဖြစ်ပြီး ၎င်းတို့၏ လုပ်အားခနှင့် လစာသည် များပြား၏။ အဆိုပါအရာများကို လက်လွှတ်ဖို့ရန်မှာ မလွယ်ကူ။ လက်လွှတ်ဖို့ ၎င်းတို့၏ စိတ်ထဲတွင် လပေါင်းမည်မျှကြာအောင် ရုန်းကန်လွန်ဆွဲရမည်ကို မည်သူမျှမသိ။ နှစ်အတန်ကြာ ရုန်းကန်တွန်းလှန်ပြီးမှ ထိုအရာများကို လက်လွှတ်ပြီး ထိုအချိန်၌ ဘုရားအမှုတော်က ပြီးဆုံးနေပြီဖြစ်လျှင် ယင်းသည် အဓိပ္ပာယ်တစ်စုံတစ်ရာရှိလိမ့်မည်လော။ ထိုအချိန်တွင် အကြင်သူသည် ငိုကြွေးမြည်တမ်းကာ အံသွားခဲကြိတ်ရင်း ဘေးဒုက္ခများထဲသို့သာ ကျရောက်သွားနိုင်သည်။ ဘုရားသခင်နောက်ကို လိုက်လျှောက်ရန်နှင့် သင်၏တာဝန်ကို ထမ်းဆောင်ရန်၊ ပြီးလျှင် သမ္မာတရားကို လိုက်စားရန်နှင့် အသက်ကို ရရှိရန် သင့်အတွက် အရေးအကြီးဆုံးဖြစ်သော အရာမှန်သမျှကို သင်စွန့်လွှတ်နိုင်မှသာလျှင် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ သင်ဝင်ရောက်နိုင်လိမ့်မည်။ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက သင်သည် မိမိ၌ ရှိသမျှအားလုံးကို စွန့်လွှတ်ပြီး ဘုရားသခင်နောက်သို့ လိုက်လျှောက်နိုင်ကြောင်း၊ သူ၏နှုတ်ကပတ်တော်များကို အလေးထားနိုင်ကြောင်း၊ အရာရာတွင် သူ့ကို နာခံလျက် သူ၏ စီစဉ်မှုများကို ကျိုးနွံနာခံနိုင်ကြောင်း ဆိုလို၏။ ယင်းမှာ သူသည် သင်၏ အရှင်သခင်နှင့် သင်၏ ဘုရားသခင် ဖြစ်လာပြီးဖြစ်ကြောင်းကို ဆိုလိုသည်။ ဘုရားသခင်အတွက် ယင်းက သင်သည် သူ၏နိုင်ငံတော်ထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ သင့်အပေါ် မည်သည့်ဘေးဒုက္ခကျရောက်ပါစေ သူ၏ ကွယ်ကာမှုကို သင်ရလိမ့်မည် ဖြစ်ပြီး ရှင်သန်ကျန်ရစ်နိုင်လိမ့်မည် ဖြစ်သည့်အပြင် သင်သည် သူ့နိုင်ငံသားများထဲမှ တစ်ယောက် ဖြစ်လိမ့်မည်ဟူသည့် သဘောဖြစ်လေသည်။ သင့်အား သူ၏ နောက်လိုက်တစ်ဦးအဖြစ် ဘုရားသခင်က အသိအမှတ်ပြုလိမ့်မည် သို့မဟုတ် သင့်ကို စုံလင်အောင် ပြုပေးမည်ဟူသည့် သူ၏ကတိတော်ကို သူပေးလိမ့်မည်။ သို့ရာတွင် သင်၏ ပထမဆုံးခြေလှမ်းအနေဖြင့် သင်သည် ခရစ်တော်နောက်ကို လိုက်လျှောက်ရမည်။ ထိုနည်းအားဖြင့်သာ နိုင်ငံတော်၏ လေ့ကျင့်ပေးခြင်းတွင် သင်သည် ပါဝင်လုပ်ဆောင်ဖို့ ကဏ္ဍတစ်ခု ရှိလိမ့်မည်။ ခရစ်တော်နောက်ကို သင်မလိုက်လျှောက်ဘဲ ဘုရားနိုင်ငံတော်၏ ပြင်ပတွင် ရှိနေလျှင် ဘုရားသခင်သည် သင့်ကို အသိအမှတ်ပြုလိမ့်မည် မဟုတ်။ ပြီးလျှင် သင့်အား ဘုရားသခင် အသိအမှတ်မပြုလျှင် သင့်အနေဖြင့် ကယ်တင်ခြင်းခံရလိုပြီး ဘုရားသခင်၏ ကတိတော်နှင့် သူ၏ စုံလင်အောင် ပြုပေးခြင်းတို့ကို ရရှိလိုလျှင်ပင် အဆိုပါအရာများကို သင်ရရှိနိုင်မည်လော။ ရရှိမည် မဟုတ်။ ဘုရားသခင်၏ လက်ခံမှုကို ရရှိလိုလျှင် သူ၏နိုင်ငံတော်ကို ဝင်ရောက်ဖို့ သင်သည် ဦးစွာ အရည်အချင်းပြည့်မီရမည် ဖြစ်သည်။ သမ္မာတရားကို လိုက်စားရန် သင်၌ ရှိသမျှအားလုံးကို စွန့်လွှတ်နိုင်လျှင်၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် သမ္မာတရားကို သင်ရှာဖွေနိုင်လျှင်၊ သင်သည် စည်းမျဉ်းများအတိုင်း ဆောင်ရွက်နိုင်လျှင်၊ ထို့အပြင် သင်သည် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ရှိလျှင် သင်သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန်နှင့် သူ၏ ကတိတော်ကို လက်ခံရရှိရန် အရည်အချင်းပြည့်မီ၏။ ဘုရားသခင်နောက်ကို လိုက်လျှောက်ရေးအတွက် သင်၌ ရှိသမျှအားလုံးကို မစွန့်လွှတ်နိုင်လျှင် သင်သည် သူ၏နိုင်ငံတော်ကို ဝင်ရောက်ဖို့ အရည်အချင်းပင် မပြည့်မီဘဲ သူ၏ ကောင်းချီးမင်္ဂလာများနှင့် သူ၏ကတိတော်တို့ကို တောင်းခံခွင့် လုံးဝ မရှိ။ ယခုအခါတွင် မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်ပြီးဖြစ်ကာ ဘုရားအိမ်တော်တွင် တာဝန်များကို ထမ်းဆောင်နေကြသော လူအများအပြား ရှိကြ၏။ သို့တိုင်အောင် ၎င်းတို့သည် သမ္မာတရားကို သေချာပေါက် ရရှိနိုင်မည်ကား မဟုတ်။ သမ္မာတရားကို မရရှိနိုင်မီ သမ္မာတရားကို ချစ်မြတ်နိုးနိုင်ပြီး လက်ခံနိုင်ရမည်။ သမ္မာတရားကို မလိုက်စားလျှင် သမ္မာတရားကို မရရှိနိုင်ချေ။ မိမိတို့၏ အားလပ်ချိန်တွင် မိမိတို့၏တာဝန် ထမ်းဆောင်သူများကိုမူ ထုတ်ဖော်ပြောဆိုရန်ပင် မလိုအပ်။ ဘုရားအမှုနှင့်ပတ်သက်သော ၎င်းတို့၏ အတွေ့အကြုံသည် အလွန်နည်းပါးသဖြင့် ၎င်းတို့အတွက် သမ္မာတရားရရှိဖို့က ပို၍ ခက်ခဲလိမ့်မည်။ လူတစ်ဦးသည် မိမိ၏ တာဝန်ကို မထမ်းဆောင်ပါက သို့မဟုတ် သမ္မာတရားကို မလိုက်စားပါက ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စုံလင်အောင် ပြုပေးခြင်းတို့ကို ရရှိဖို့ အံ့ဩဖွယ်ကောင်းသော အခွင့်အရေးနှင့် လွဲချော်လိမ့်မည်။ လူအချို့သည် ဘုရားသခင်ကို ယုံကြည်ကြောင်း အခိုင်အမာဆိုကြသော်လည်း မိမိတို့၏ တာဝန်များကိုမူ မထမ်းဆောင်ကြဘဲ လောကီအရာများကို လိုက်စားကြသည်။ ဤသည်မှာ မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်ခြင်းလော။ အကြင်သူသည် ဘုရားသခင်ကို ဤနည်းအားဖြင့် ယုံကြည်လျှင် ဘုရားနောက် အဆုံးတိုင် လိုက်လျှောက်နိုင်မည်လော။ သခင်ယေရှု၏ တပည့်တော်များကို ကြည့်လော။ ၎င်းတို့ထဲတွင် တံငါသည်များ၊ တောင်သူလယ်သမားများအပြင် အခွန်ကောက်ခံသူတစ်ဦး ပါသည်။ သခင်ယေရှုက ၎င်းတို့အား ခေါ်ပြီး “ငါ့နောက်သို့ လိုက်လော့” ဟု ဆိုသောအခါ ၎င်းတို့သည် မိမိတို့၏ အလုပ်များကို ချထားခဲ့ပြီး သခင့်နောက်သို့ လိုက်ကြသည်။ ၎င်းတို့သည် မိမိတို့၏ အလုပ်အကိုင်ကိစ္စကို စဉ်းစားခြင်း မရှိသကဲ့သို့ နောက်ပိုင်းတွင် ကမ္ဘာလောကထဲ ရှင်သန်ရပ်တည်ရေး လမ်းကြောင်း ရှိမည် မရှိမည်ကိုလည်း မစဉ်းစားကြဘဲ သခင်ယေရှုနောက်သို့ မဆိုင်းမတွ လိုက်ခဲ့ကြသည်။ ပေတရုသည် သူ့ကိုယ်သူ စိတ်ရောကိုယ်ပါ ဆက်ကပ်ခဲ့ပြီး သခင်ယေရှု၏ တာဝန်ပေးစေခိုင်းချက်ကို အဆုံးတိုင် ဖြည့်ဆည်းကာ သူ၏ တာဝန်ကို ထိန်းသိမ်းခဲ့သည်။ သူ၏ တစ်ဘဝလုံးတွင် သူသည် ဘုရားသခင်အား ချစ်ခြင်းကို လိုက်စားခဲ့ပြီး အဆုံး၌ ဘုရားသခင်၏ စုံလင်အောင် ပြုပေးခြင်းကို ခံခဲ့ရသည်။ ယခုအခါတွင် မိမိတို့၌ ရှိသမျှအားလုံးကိုပင် မစွန့်လွှတ်နိုင်သည့်တိုင် နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ဆန္ဒရှိကြသည့် လူအချို့ ရှိသည်။ ၎င်းတို့သည် အိပ်မက်မက်နေခြင်း မဟုတ်လော။

ဘုရားသခင်ကို ယုံကြည်ဖို့ရာ စိတ်အားထက်သန်ခြင်း ရှိရုံဖြင့် မလုံ‌လောက်ချေ။ သူ၏ အလိုတော်၊ လူများကို စုံလင်အောင် သူပြုပေးသည့် နည်းလမ်း၊ မည်သည့်လူများကို စုံလင်အောင် သူပြုပေးသည်၊ ပြီးလျှင် လူများကို စုံလင်အောင် ဘုရားသခင် ပြုပေးခြင်းအပေါ် ထားရှိသင့်သည့် သဘောထားနှင့် အမြင်တို့ကို သင်နားလည်ရမည်။ ထို့ပြင် ဘုရားသခင်၏ နောက်လိုက်တစ်ဦးအနေဖြင့် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းသည် မည်မျှအရေးကြီးသည်ကို သိရမည်။ ဤအရာက သမ္မာတရားကို လူတစ်ဦးရရှိနိုင်ခြင်း ရှိမရှိဟူသည့် ကိစ္စနှင့် သက်ဆိုင်သည်။ ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းဟူသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှသာ အကြင်သူသည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံခြင်း ဖြစ်သောကြောင့် သမ္မာတရားကို လိုက်စားခြင်းသည် သမ္မာတရားကို ရရှိဖို့အတွက် ပဓာနကျလေသည်။ လူတစ်ဦးသည် သမ္မာတရားကို နားမလည်ပါက သို့မဟုတ် သမ္မာတရားအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိပါက သမ္မာတရားကို ရရှိဖို့ ဖြစ်နိုင်မည် မဟုတ်။ ထိုအကြောင်းကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အရေးအကြီးဆုံးအပိုင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်သူများသာလျှင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိနိုင်သည်။ ၎င်းတို့သာလျှင် သမ္မာတရားကို အပြည့်အဝ နားလည်နိုင်ပြီး သမ္မာတရားကို အပြည့်အဝ နားလည်နိုင်သည့်သူများသာလျှင် ဘုရားသခင်ကို သိကျွမ်းကြ၏။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ဤအရာများအားလုံးကို စွမ်းဆောင်ရရှိလေသည်။ ဘုရားသခင်ကို လူဦးရေမည်မျှ ယုံကြည်ကြပါစေ ၎င်းတို့ထဲမှ မည်သူသည် သူ၏ လမ်းခရီးကို လိုက်လျှောက်သည်ကိုလည်းကောင်း၊ ၎င်းတို့ထဲမှ မည်သူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်သည်ကိုလည်းကောင်း၊ ၎င်းတို့ထဲမှ မည်သူသည် သူ့အပေါ် အမှန်တကယ် ကျိုးနွံနာခံသည်ကိုလည်းကောင်း ဘုရားသခင်က ကြည့်လေသည်။ ဘုရားသခင်ကို ယုံကြည်သူများသည် သူ၏အလိုတော်ကို လိုက်လျှောက်ပြီး သူ့ကို ကျိုးနွံနာခံသည့်လူများ ဖြစ်လာဖို့အတွက် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရမည်။ လူတို့သည် မိမိတို့၏ ဘဝများတွင် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သင့်ကြောင်း၊ ဘုရားသခင်သည် ကမ္ဘာပေါ်သို့ ကြွလာကတည်းက လူတို့ကို ကယ်တင်ခြင်းအလုပ်ကို မည်သို့ လုပ်ဆောင်နေခဲ့ကြောင်း၊ အကြင်သူသည် ကယ်တင်ခြင်းမရမီ၊ ဘုရားသခင်၏ ကတိတော်နှင့် ကောင်းချီးကို ရဖို့ အရည်အချင်း မပြည့်မီတွင် သမ္မာတရားကို မိမိ၏ လိုက်စားခြင်း၌ မည်သည့်အရာကို စွမ်းဆောင်ရရှိရမည်ဖြစ်ကြောင်းတို့ကို သမ္မာတရား လိုက်စားသူများက ဦးစွာ နားလည်ရမည်။ ယခင်က ဤသမ္မာတရားများကို မည်သူမျှ နားမလည်ခဲ့ကြချေ။ လူတိုင်းက လူ့အယူအဆနှင့် စိတ်ကူးများအတိုင်း ဘုရားသခင်ကို ယုံကြည်ခဲ့ကြပြီး ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းချီးများ ရခြင်း၊ သရဖူတစ်ခုနှင့် ဆုလာဘ်တစ်ခု ရခြင်းနှင့်ပတ်သက်ကြောင်း တွေးထင်ခဲ့ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့အားလုံးသည် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်ကာ မှန်သော လမ်းခရီးမှ လမ်းလွဲခဲ့ကြပြီး အန္တိခရစ်တို့၏ လမ်းကြောင်းကို စတင် လျှောက်လှမ်းခဲ့ကြသည်။ သို့ဖြစ်၍ အကြင်သူသည် သမ္မာတရားကို နားလည်ဖို့၊ သမ္မာတရားကို ရရှိဖို့၊ ကယ်တင်ခြင်းခံရဖို့ ဆန္ဒရှိပါက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်သည့် ဤမှားယွင်းသော ယခင်က အမြင်များကို ပြုပြင်ရမည်။ လူတို့၏ ဘာသာရေး အယူအဆများနှင့် စိတ်ကူးများ၊ ၎င်းတို့၏ ဘာသာရေးယုံကြည်မှုဆိုင်ရာ အမြင်များသည် အထူးသဖြင့် အဓိပ္ပာယ်မဲ့၏။ ယင်းတို့အားလုံးသည် သမ္မာတရားကို အကြီးအကျယ် ဆန့်ကျင်ပြီး ဟုတ်မှန်သယောင် ရှိသော်လည်း စင်စစ်မှားနေသည့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းမှုများ ဖြစ်သည်။ ဘုရားသခင်သည် ဘာသာရေးပုဂ္ဂိုလ်များ ယုံကြည်သော နည်းလမ်းများကို လုံးဝ မချီးကျူးပေ။ လူများသည် ထိုနည်းလမ်းများကို ယခုအချိန်တွင် ဆက်လက်ထိန်းသိမ်းနေပြီး ကောင်းချီးများကိုရော သရဖူနှင့် ဆုလာဘ်တို့ကိုပါ ဆက်လက်လိုက်စားနေလျှင်၊ ၎င်းတို့သည် ဘုရားသခင်ကို ဤသဘောထားမျိုးဖြင့် ဆက်လက်ယုံကြည်နေလျှင် သမ္မာတရားနှင့် အသက်တို့ကို ရရှိနိုင်မည်လော။ လုံးဝ ရရှိနိုင်မည်မဟုတ်။ သို့ဆိုလျှင် ဘုရားသခင်ကို မိမိတို့၏ ယုံကြည်ခြင်း၌ လူများသည် မည်သည့်အမြင်ကို ကျင့်သုံးသင့်သနည်း။ သင်သည် ဘုရားအလိုတော်ကို နားလည်ခြင်းနှင့် လူများကို သူမည်သို့ကယ်တင်သည်ကို ရှင်းလင်းစွာ မြင်ခြင်းတို့အားဖြင့် စတင်ရမည်ဖြစ်သည်။ သင်သည် သမ္မာတရားကို မရှာဖွေဘဲ သင်၏ အယူအဆများ၊ စိတ်ကူးများအတိုင်း ဘုရားသခင်ကို ဆက်လက်ယုံကြည်နေလျှင်၊ ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ စည်းစိမ်ဥစ္စာတို့အပြင် လောကီအရာများကို ဆက်လက် လိုက်စားနေလျှင် တစ်ကမ္ဘာလုံးကို သင်ရသည့်တိုင်အောင် အဆုံး၌ သင်၏ အသက်ကို ဆုံးရှုံးရပါက ယင်းသည် တန်မည်လော။ လူအချို့က “ကျွန်ုပ် ငွေအလုံအလောက် ရှာဖွေကာ အောင်မြင်သည့် အသက်မွေးမှုတစ်ခု ရှိပြီးသည်နှင့် ကျွန်ုပ်၏ ရည်မှန်းချက်များ ပြည့်ဝပြီး ကျွန်ုပ်၏ အိပ်မက်များ အကောင်အထည်ပေါ်သည့်အခါ ကျွန်ုပ်လာပြီး ယုံကြည်သူကောင်းတစ်ဦးအဖြစ် နေပါမည်” ဟု ပြောကြသည်။ ဘုရားသခင်သည် သင့်အတွက် စောင့်ဆိုင်းသလော။ ဘုရားသခင်၏အမှုသည် သင့်အတွက် စောင့်ဆိုင်းသလော။ သင်သည် ယခုအချိန်တွင် အဆိုပါအရာများကို လက်မလွှတ်နိုင်ပါက ချက်ချင်း လက်လွှတ်ရန် သင့်ကို ဘုရားသခင်မတောင်းဆိုပေ။ သို့သော်လည်း သင်သည် လက်လွှတ်ရေးကိုမူ လက်တွေ့လုပ်ဆောင်ရမည်။ သင်အမှန်တကယ် မလုပ်ဆောင်နိုင်ပါက ဘုရားသခင်ထံ ဆုတောင်းပြီး သူ့အပေါ် အမှီပြုလော့။ သူ့ကို သင့်အား လမ်းပြစေလော့။ ထို့ပြင် သင်သည် ပူးပေါင်းဆောင်ရွက်ကာ သင်၏ တာဝန်များကို ထမ်းဆောင်ရမည်။ မိမိတာဝန်ကို ထမ်းဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ စင်စစ်အားဖြင့် ယင်းမှာ ကောင်းမှုများကို ပြင်ဆင်ဖို့ ရည်ရွယ်၏။ သင်သည် အဆုံးတွင် လုံးလုံးလျားလျား မစုံလင်လာနိုင်ပင်လျှင် အနည်းဆုံးအနေဖြင့် ကောင်းမှုအနည်းငယ်ကိုကား ပြင်ဆင်ထားရမည်။ ဤသို့အားဖြင့် ဘုရားသခင်က ကောင်းမြတ်သူများကို ဆုလာဘ်ချီးမြှင့်ပြီး ဆိုးယုတ်သူများကို အပြစ်ဒဏ်ပေးသည့်အချိန် ရောက်လာသည့်အခါတွင် သူ့ကို ထိုကောင်းမှုများအကြောင်း ဖြစ်ကြောင်းကုန်စင် သင်ပြောပြနိုင်ရန် ဖြစ်သည်။ တစ်နေ့တွင် ဘုရားသခင်၏ အမှုသည် အဆုံးသတ်မည် ဖြစ်ပြီး သူသည် စတင်၍ ကောင်းမြတ်သူများကို ဆုလာဘ်ချီးမြှင့်ပြီး ဆိုးယုတ်သူများကို အပြစ်ဒဏ်ပေးလိမ့်မည်။ သူသည် သင့်အား သင်၏ကောင်းမှုများကို တင်ပြခိုင်းလိမ့်မည်ဖြစ်၍ သင့်တွင် ကောင်းမှုတစ်ခုမျှ မရှိလျှင် သင်သည် ဇာတ်သိမ်းသွားပြီဖြစ်သည်။ သင်သည် ဧကန်မုချ အပြစ်ဒဏ်ပေးခြင်း ခံရလိမ့်မည်။ ဥပမာအားဖြင့် သင်သည် ဘုရားသခင်ကို ယုံကြည်လာသည်မှာ ဆယ်နှစ်ခန့်ရှိနေသော်လည်း သင်ထမ်းဆောင်ထားသည့် တန်ဖိုးအရှိဆုံးသော တာဝန်မှာ သင်၏ အားလပ်ချိန်တွင် ဧဝံဂေလိတရားကို ဖြန့်ဝေကာ ထိုနည်းအားဖြင့် ယုံကြည်သူအသစ်အနည်းငယ်ကို ခေါ်ဆောင်လာခြင်းသာ ဖြစ်သည်ဟု ဆိုကြပါစို့။ ထိုလူများသည် အဆုံးတွင် ခိုင်မာစွာ ရပ်တည်နိုင်ခြင်း ရှိမည် မရှိမည်ကိုပင် သင်မသိဟု ဆိုကြပါစို့။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်ကို သင်ဖြစ်ကြောင်းကုန်စင် ပြောပြနိုင်သလော။ သင်မပြောပြနိုင်မည်မှာ သေချာပေါက်ပင်ဖြစ်၏။ မည်သည့်ရလဒ်မျိုးကို ဘုရားသခင်ထံ သင်ဖြစ်ကြောင်းကုန်စင် ပြောပြနိုင်ကြောင်း၊ ဘုရားသခင်စိတ်ကျေနပ်အောင် လုပ်နိုင်ဖို့နှင့် သင့်အား သူ့နောက်လိုက်အဖြစ် ဘုရားသခင်အသိအမှတ်ပြုအောင် လုပ်နိုင်ဖို့ မည်သည့်အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မျိုး သင်၌ ရှိရမည်ဖြစ်ကြောင်းတို့ကို သင်သည် ဆင်ခြင်တွေးတောရမည်။ ဘုရားသခင်၏ လက်ရှိ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော အချက်ကို အသိအမှတ်ပြုရုံသက်သက်၊ နောက်ဆုံးသောကာလ ခရစ်တော်ကို သင်၏စိတ်နှလုံးထဲမှ လက်ခံရုံသက်သက်ဖြင့်သာ သင်စိတ်ကျေနပ်နေ၍ မရပေ။ ဘုရားသခင် တွေ့မြင်လိုသည်မှာ သင်၏ စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်နှင့် သူ့အမှုကို သင်၏ကျိုးနွံနာခံခြင်းနှင့် ပတ်သက်သော အကျိုးဖြစ်ထွန်းမှုတို့ဖြစ်သည်။ အဆုံးတွင် ဘုရားသခင် စစ်ဆေးမည့် အရာမှာ သင်သည် သမ္မာတရားကို ရပြီးခြင်း ရှိမရှိနှင့် သင့်ထံ၌ အသက်ရှိမရှိတို့ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို သင်နားလည်ရမည်။ အသင်းတော်၏ တာဝန်ကျစာရင်းတွင် သင့်နာမည်ထည့်သွင်းရုံမျှသာ သို့မဟုတ် တာဝန်ထမ်းဆောင်ရုံမျှသာ ရှိပြီး သမ္မာတရားကို မလိုက်စားဘဲ ဘုရားသခင်ကို နှစ်အနည်းငယ် ယုံကြည်ပြီးနောက်တွင် သင်သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် မရှိပါက ဘုရားသခင်သည် သင့်ကို အသိအမှတ်ပြုနိုင်ဦးမည်လော။ ဘုရားသခင်က သင့်အား အသိအမှတ်မပြုလျှင် သင်သည် သူ့အိမ်တော်၏ ပြင်ပတွင် ဆက်လက်တည်ရှိနေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည်ဟု အခိုင်အမာဆိုရုံမျှသာ ရှိပြီး သမ္မာတရားကိုမူ မလိုက်စားပါက ဘုရားသခင်ကို သင်၏ယုံကြည်ခြင်းသည် အဆုံးတွင် မည်သည့်အရာကို ရရှိနိုင်သနည်း။ သင်သည် ဘုရားသခင် တောင်းဆိုသော စံနှုန်းများနှင့် အလွန်ပင် ဝေးကွာနေပြီးဖြစ်လိမ့်မည်။ သမ္မာတရားကို ရရှိရေးသည် လူတို့ စိတ်ကူးသကဲ့သို့ မရိုးရှင်းလှ။ သမ္မာတရားကို မရရှိနိုင်မီနှင့် ဘုရားသခင်ကို မသိကျွမ်းနိုင်မီတွင် အကြင်သူသည် စမ်းသပ်မှုများနှင့် ဘေးဒုက္ခများအပြင် များစွာသော စိတ်ဆင်းရဲခြင်းနှင့် စစ်ဆေးခြင်းတို့ကို ခါးစည်းခံရမည်ဖြစ်သည်။ ဘုရားအမှု၏ ဤနည်းဟန်ကို သင်တွေ့ကြုံသည့်အခါ သူ့နောက်လိုက်ဖို့ သင်၌ ရှိသမျှအားလုံးကို မစွန့်လွှတ်လျှင် သင်သည် ကယ်တင်ခြင်းခံရနိုင်သလော။ သင်၏အားလပ်ချိန် အနည်းငယ်တွင် ဘုရားကို ယုံကြည်ရုံဖြင့် ဘုရားသခင်၏ အမှုကို သင်တွေ့ကြုံနိုင်သလော။ နေအိမ်တွင် ဘုရားသခင်ကို ယုံကြည်နေရုံဖြင့် ယင်းကို သင်မည်သို့များ တွေ့ကြုံနိုင်မည်နည်း။ ပြင်ပလောကတွင် ရှင်သန်နေထိုင်ခြင်းဖြင့် ယင်းကို သင်မည်သို့များ တွေ့ကြုံနိုင်မည်နည်း။ သို့ဖြစ်၍ မိမိရှိသမျှအားလုံးကို စွန့်လွှတ်ရေးသည် ဘုရားသခင်နောက် လိုက်ခြင်းနှင့်သက်ဆိုင်သော လိုအပ်ချက်တစ်ခု ဖြစ်သည်။ သင့်ထံ၌ ရှိသမျှအားလုံးကို မစွန့်လွှတ်နိုင်လျှင် သမ္မာတရားကို သင်လုံးဝ ရရှိနိုင်မည် မဟုတ်ပေ။ သင်သမ္မာတရားကို မရရှိနိုင်လျှင် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ အရည်အချင်း မပြည့်မီပေ။ ဤသည်မှာ မည်သည့်လူတစ်ဦးမျှ မပြောင်းလဲနိုင်သည့် အမှန်တရားဖြစ်၏။

ကောက်နုတ်ချက် (၈၂) (ညီအစ်ကို မောင်နှမများထံမှ မွေးခွန်းများကို ဖြေဆိုခြင်း)

(ကျွန်ုပ်သည် မိမိ၏တာဝန်ကို ဖြည့်ဆည်းချိန်တွင် မိသားစုအပေါ် ခင်တွယ်မှု၏ ထိန်းချုပ်ခြင်းကို ခံနေရဆဲဖြစ်သည်။ ကျွန်ုပ် ရံဖန်ရံခါ သူတို့ကို လွမ်းသည်။ ယင်းသည် ကျွန်ုပ်၏တာဝန်ကို ဖြည့်ဆည်းခြင်းအား ထိခိုက်စေသည်။ ကျွန်ုပ်၏ အခြေအနေမှာ ယခုနောက်ပိုင်းတွင် အနည်းငယ် တိုးတက်လာပါသည်။ သို့သော် အဆင်းနီသော နဂါးကြီးသည် ကျွန်ုပ်ကို ခြိမ်းခြောက်ရန်အတွက် ကျွန်ုပ်၏ မိသားစုဝင်များကို ဖမ်းဆီးလေမည်လောဟု တစ်ခါတစ်ရံတွင် စိုးရိမ်မိပါသေးသည်။ ထိုအခါတွင် ကျွန်ုပ်သည် ခိုင်မာစွာ မရပ်တည်နိုင်မည်ကို စိုးရိမ်ကြောက်ရွံ့မိပါသည်။) ယင်းတို့မှာ အခြေအမြစ်မရှိသည့် အကြောက်တရားများ ဖြစ်သည်။ ဤအရာတို့နှင့်ပတ်သက်၍ သင်တွေးပါက ဆုံးဖြတ်ချက်တစ်ခုအတွက် သမ္မာတရားကို သင်ရှာဖွေသင့်သည်။ သင်မည်သည့်အခြေအနေများနှင့် ကြုံရစေကာမူ ဘုရားသခင်က ယင်းကို စီစဉ်ညွှန်ကြားကာ စီစဉ်ထားသည်ကို သင်နားလည်ရန် လိုအပ်သည်။ ဤကဲ့သို့ အနေအထားမျိုးနှင့် ကြုံရပါက သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး သမ္မာတရားကို ရှာဖွေနိုင်ကာ ခိုင်မာစွာ ရပ်တည်နိုင်ရန် သင်ယူသင့်သည်။ ဤသည်မှာ လူတို့ သင်ယူရမည့် သင်ခန်းစာတစ်ခုဖြစ်သည်။ ဤကာလတွင် ဘုရားသခင်သည် သင့်ကို ရေလောင်းပေးကာ သိုးထိန်းပေးနေသည်ကို မည်သို့ တွေ့ကြုံနေရသနည်းဟုလည်းကောင်း၊ သင်၏ တကယ့် ဝိညာဉ်ရင့်သန်မှုမှာ အဘယ်နည်းဟုလည်းကောင်း၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို မည်သို့ ဖြည့်ဆည်းရမည်ဟုလည်းကောင်း သင်သည် မကြာခဏ ချင့်ချိန်တွေးဆသင့်သည်။ သင်သည် ယင်းတို့ကို အဖြေရှာရမည်။ သင်သည် အဆင်းနီသော နဂါးကြီး သင့်အား ခြိမ်းခြောက်မည့် အကြောင်းကိုပင် တွေးနိုင်ပါက သမ္မာတရား စစ်မှန်မှုသို့ မည်သို့ ဝင်ရောက်ရမည်ကို အဘယ်ကြောင့် မတွေးသနည်း။ အဘယ်ကြောင့် သမ္မာတရားကို မချင့်ချိန်မတွေးဆသနည်း။ (ကျွန်ုပ်တွင် ဤအတွေးတို့ ဝင်လာချိန်၌ ကျွန်ုပ်သည် ဘုရားသခင်ထံ အမှန်တကယ် ဆုတောင်းကာ အကယ်၍ တစ်နေ့နေ့တွင် ကျွန်ုပ်သည် ဤအခြေအနေတို့ကို အမှန်တကယ် တွေ့ကြုံလာရပါက သေသည်အထိ ဘုရားသခင်အပေါ် သစ္စာစောင့်သိမည်ဟု အဓိဋ္ဌာန်ပြုလိုက်ပါသည်။ သို့သော် ကျွန်ုပ်၏ သေးငယ်သော ဝိညာဉ်ရင့်သန်မှုဖြင့် ယင်းကို အောင်မြင်အောင် မလုပ်ဆောင်နိုင်မည်ကို စိုးရိမ်မိပါသည်။) ထိုအခါ “ဘုရားသခင်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ သေးငယ်သော ဝိညာဉ်ရင့်သန်မှုဖြင့် ယင်းကို အောင်မြင်အောင် မလုပ်ဆောင်နိုင်မည်ကို စိုးရိမ်ကြောက်ရွံ့မိပါသည်။ သေလောက်အောင် ကြောက်မိပါသည်။ ကျေးဇူးပြုပြီး ထိုသို့ မလုပ်ပါနှင့်။ ကျွန်ုပ်တွင် ဝိညာဉ်ရင့်သန်မှု ရှိသောအခါ ကိုယ်တော် လုပ်ဆောင်နိုင်ပါသည်”ဟု သင်ဆုတောင်းသည်။ ဤသည်မှာ ကောင်းမွန်သော ဆုတောင်းနည်း ဖြစ်သလော။ (မဟုတ်ပါ။) “ဘုရားသခင်၊ ကျွန်ုပ်သည် ယခု ဝိညာဉ်ရင့်သန်မှုနှင့် ယုံကြည်မှုတို့တွင် သေးငယ်ပါသည်။ ကျွန်ုပ်သည် တစ်စုံတစ်ရာ တွေ့ကြုံရမည်ကို ကြောက်ရွံ့ပါသည်။ အမှန်မှာမူ ကိစ္စများနှင့် အမှုအရာများအားလုံးသည် ကိုယ်တော့်လက်ထဲတွင် ရှိသည်ဟု ကျွန်ုပ် အမှန်တကယ် မယုံကြည်ပါ။ ကျွန်ုပ်ကိုယ်ကျွန်ုပ် ကိုယ်တော့်လက်ထဲ မအပ်နှံရသေးပါ။ ပုန်ကန်လိုက်လေခြင်း။ ကျွန်ုပ်သည် ကိုယ်တော်၏ စီစဉ်မှုနှင့် စီစဉ်ညွှန်ကြားမှုများထံ ကျိုးနွံနာခံဖို့ လိုလားပါသည်။ ကိုယ်တော် မည်သည့်အရာကို လုပ်သည်ဖြစ်စေ ကျွန်ုပ်၏ စိတ်နှလုံးသည် ကိုယ်တော့်အတွက် သက်သေခံဖို့ လိုလားပါသည်။ ကိုယ်တော့်ကို ကျက်သရေမညှိုးစေရဘဲ ကျွန်ုပ်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် လိုလားပါသည်။ ကိုယ်တော်လိုရာ လုပ်ဆောင်ပါလေ” ဟု သင်ဆုတောင်းသင့်သည်။ သင်၏ ပြင်းပြသောဆန္ဒများနှင့် သင်ပြောလိုသည့်အရာများကို ဘုရားသခင်ရှေ့မှောက်တွင် ထားရှိရန် လိုအပ်သည်။ ဤသည်ကား စစ်မှန်သည့် ယုံကြည်မှုကို ဖြစ်ပေါ်စေသည့်နည်းပင် ဖြစ်သည်။ သင်သည် ဤသို့ဆုတောင်းရန်ပင် တွန့်ဆုတ်နေပါက သင်၏ ယုံကြည်မှုသည် သေးငယ်လိုက်မည့်ဖြစ်ခြင်း။ သင်သည် မကြာခဏ ဤသို့ဆုတောင်းရန် လိုအပ်သည်။ သင် ဤသို့ တကယ်ဆုတောင်းလျှင်ပင် ဘုရားသခင်က သေချာပေါက် တုံ့ပြန်ချင်မှ တုံ့ပြန်လိမ့်မည်။ ဘုရားသခင်သည် လူတို့ကို သူတို့ ထမ်းပိုးနိုင်သည်ထက် ပိုသောဝန်ကိုမပေး။ သို့သော် သင်သည် သင်၏ သဘောထားနှင့် စိတ်ဆုံးဖြတ်ချက်တို့ကို ရှင်းလင်းအောင်လုပ်လျှင် ဘုရားသခင်သည် ကျေနပ်လိမ့်မည်။ ဘုရားသခင်သည် ကျေနပ်လျှင် သင်၏ စိတ်နှလုံးသည် ဤကိစ္စကြောင့် အနှောင့်အယှက်ဖြစ်ကာ စိတ်ကျဉ်းကျပ်နေတော့မည် မဟုတ်။ “ခင်ပွန်း၊ သားသမီး၊ မိသားစု၊ ပစ္စည်းဥစ္စာတို့ကဲ့သို့ အရာများအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ ယင်းတို့သည် အရေးပင်မပါ။ စကြဝဠာတစ်ခုလုံးသည် ဘုရားသခင်၏လက်ထဲတွင် ရှိသည်။ ငါ့မိသားစုသည်လည်း သူ့လက်ထဲတွင် ရှိသည်မဟုတ်လော။ သူတို့အတွက် စိုးရိမ်နေသည်မှာ ဘာအကျိုးရှိသနည်း။ ငါ့မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိ။ ငါသည် မစွမ်းဆောင်နိုင်။ ငါသည် သူတို့ကို မကာကွယ်နိုင်။ သူတို့၏ ကံကြမ္မာနှင့် သူတို့နှင့် သက်ဆိုင်သမျှ အရာအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်” ဟူ၍ဖြစ်သည်။ သင့်တွင် ဘုရားသခင်ရှေ့မှောက် လာရောက် ဆုတောင်းကာ ခိုင်မာစွာ စိတ်ဆုံးဖြတ်ချက်ချပြီး ဘုရားသခင်၏ စီစဉ်မှုများထံသို့ ကျိုးနွံနာခံရန် စိတ်ဆုံးဖြတ်နိုင်သည့် ယုံကြည်မှုရှိရမည်။ သို့ဆိုလျှင် သင့်အတွင်းမှ အခြေအနေသည် ပြောင်းလဲသွားလိမ့်မည်။ သင့်တွင် စိုးရိမ်စိတ်များ မရှိတော့ဘဲ စိုးရိမ်မှုလည်း နောက်ထပ်ခံစားရတော့မည် မဟုတ်။ သင်သည် အလွန်အကြူး သတိထားမနေတော့ဘဲ သင်လုပ်သမျှတွင်လည်း ကြောင့်ကြမှုဖြင့် ပြည့်လျှံနေတော့မည် မဟုတ်ချေ။ အခြားလူတိုင်းက ရှေ့သို့တက်လှမ်းနေကြချိန်တွင် သင်က နောက်တွင် ကျန်နေခဲ့သည်။ အစဉ်အမြဲ ထွက်ပြေးလိုသည်။ ဤသည်မှာ သူရဲဘောနည်းသူတစ်ဦး လုပ်သသည့်အရာပင် မဟုတ်လော။ ဘုရားသခင်၏ လူများသည် နိုင်ငံတော်တွင် သူတို့၏ တာဝန်များကို ဖြည့်ဆည်းကြပြီး ဖန်ဆင်းခံတို့သည် ဖန်ဆင်းရှင် ရှေ့မှောက်၌ သူတို့၏ တာဝန်များကို ဖြည့်ဆည်းကြချိန်တွင် သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်နှလုံးဖြင့် စိတ်အေးစွာ ရှေ့သို ဆက်လှမ်းသင့်သည်။ သူတို့သည် စမ်းတဝါးဝါး သွားခြင်းသော်လည်းကောင်း၊ နောက်သို့ တွန့်ဆုတ်ခြင်းသော်လည်းကောင်း၊ လွန်စွာစိုးရိမ်တကြီး လျှောက်လှမ်းခြင်းသော်လည်းကောင်း မလုပ်သင့်။ သင်သည် ဤအခြေအနေက မှားကြောင်း သိနေကာ ယင်းကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရမည့်အစား ယင်းကြောင့် အမြဲမပြတ် စိုးရိမ်နေလျှင် သင်သည် ယင်း၏ချုပ်တည်းခြင်းနှင့် ချည်နှောင်ခြင်းတို့ ခံရနေပြီဖြစ်၍ သင်၏တာဝန်ကို ဖြည့်ဆည်းနိုင်တော့မည်မဟုတ်။ သင်သည် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတို့နှင့် ဖြည့်ဆည်းလိုပါသော်လည်း သင် စွမ်းဆောင်ရရှိနိုင်ပါ၏လော။ သင့်စိတ်နှလုံးသည် သင်၏တာဝန်ပေါ်တွင် တည်ရှိမနေသဖြင့် သင်သည် သင်၏ စိတ်နှလုံးတစ်ခုလုံးကို ပေးအပ်နိုင်သည့် အခြေအနေကို မရောက်နိုင်။ သင်သည် အလွန်ဆုံး သင့်စိတ်နှလုံး၏ ဆယ်ဖို့တစ်ဖို့မျှသာ အပ်နှံထားသည်။ သင်၏ စိတ်နှလုံး အကြွင်းမဲ့မရှိဘဲ သင်၏ ဉာဏ်ရှိသမျှနှင့် သင်၏ အစွမ်းသတ္တိရှိသမျှကို မည်သို့ပေးအပ်နိုင်မည်နည်း။ သင့်စိတ်နှလုံးသည် တာဝန်ပေါ်တွင် မရှိဘဲ သင့်တွင် ရှိသည်မှာ ယင်းကို ဖြည့်ဆည်းဖို့ လိုလားမှုအနည်းငယ်သာ ဖြစ်သည်။ သင်၏ စိတ်နှလုံးအကြွင်းမဲ့နှင့် သင်၏ ဉာဏ်ရှိသမျှတို့ဖြင့် တာဝန်ကို ဖြည့်ဆည်းနိုင်မည်လော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ချက် သင့်တွင်မရှိ။ ထို့ကြောင့် သင်သည် မိသားစုအားဖြင့်လည်းကောင်း၊ သူတို့အပေါ် သင်၏ ခင်တွယ်မှုတို့အားဖြင့်လည်းကောင်း စိတ်ကျဉ်းကျပ်ဖို့ သေချာပေသည်။ သူတို့က သင့်ခြေလက်တို့ကို ချည်နှောင်လိမ့်မည်။ သူတို့က သင့်အတွေးနှင့် စိတ်နှလုံးကို ထိန်းချုပ်လိမ့်မည်။ ထို့ပြင် သင်သည် သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်တို့ကို မပြည့်မီဘဲ ရှိလိမ့်မည်။ သင့်တွင် စိတ်ဆန္ဒရှိသော်လည်း ခွန်အားမရှိဖြစ်လိမ့်မည်။ ထို့ကြောင့် သင်သည် ဘုရားသခင်ရှေ့မှောက်တွင် ဆုတောင်းရမည်။ တစ်ဖက်တွင် ဘုရားသခင်၏ အလိုတော်ကို နားလည်ထားပြီး ဖန်ဆင်းခံ တစ်ယောက်အနေဖြင့် မည်သည့်နေရာတွင် ရပ်တည်သင့်သည်ကိုလည်း သိထားရမည်။ သင်ပိုင်ဆိုင်ရမည့် စိတ်ဆုံးဖြတ်ချက်နှင့် သဘောထားတို့ကို ရယူကာ ဘုရားသခင်၏ ရှေ့မှောက်၌ ထားရှိရမည်။ ဤကား သင် ထားရှိရမည့် သဘောထားဖြစ်သည်။ အခြားသူများတွင် ဤစိုးရိမ်စိတ် အဘယ်ကြောင့် မရှိရသနည်း။ အခြားသူများတွင် မိသားစု၊ သို့မဟုတ် ဤကဲ့သို့သော အခက်အခဲများ မရှိဟု သင်ထင်သလော။ အမှန်မှာမူ လူတိုင်းတွင် လူ့ဇာတိနှင့်ဆိုင်သော မိသားစုဆိုင်ရာ အရှုပ်အယှက်တစ်ခုခု ရှိကြသည်။ သို့သော် အချို့လူများမှာ ဘုရားသခင်ထံဆုတောင်းကာ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ယင်းတို့ကို ဖြေရှင်းနိုင်ကြသည်။ ကာလတစ်ခုကြာ ရှာဖွေပြီးချိန်တွင် သူတို့သည် ဤလူ့ဇာတိ၏ ခင်တွယ်မှုတို့ကို ပိုင်းခြားသိမြင်လာကြပြီး ယင်းတို့ကို သူတို့၏ စိတ်နှလုံးမှ လက်လွှတ်လိုက်နိုင်သည်။ ထို့နောက်တွင် ယင်းတို့သည် သူတို့အတွက် အခက်အခဲများ မဟုတ်ကြတော့။ ထိုအရာများကြောင့် သူတို့သည် ထိန်းချုပ်ခံရခြင်း သို့မဟုတ် စိတ်ကျဉ်းကျပ်ခြင်း မရှိကြတော့။ ယင်းတို့သည် သူတို့၏ တာဝန်ဖြည့်ဆည်းခြင်းကို မထိခိုက်တော့သောကြောင့် သူတို့သည် လွတ်မြောက်လာကြသည်။ သမ္မာကျမ်းစာထဲတွင် “သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ။” (ရှင်လုကာခရစ်ဝင် ၁၄:၃၃) ဟုဆိုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော် စာတစ်ကြောင်းရှိသည်။ မိမိ၌ရှိသမျှကို စွန့်ခြင်းဆိုသည်မှာ ဤအရာသည် မည်သည်နည်း။ “ရှိသမျှ” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် ကြွယ်ဝမှု၊ မိသားစု၊ မိတ်ဆွေများ၊ ပိုင်ဆိုင်မှုကဲ့သို့ အရာများအားလုံးသည် “ရှိသမျှ” ဆိုသည့် စကားလုံးတွင် ပါဝင်ပေသည်။ သို့ဆိုလျှင် သင်၏စိတ်နှလုံးထဲရှိ အရေးပါသောနေရာကို မည်သည့်အရာများက နေရာယူထားသနည်း။ ယင်းမှာ အချို့အတွက် သားသမီးများဖြစ်သည်၊ အချို့အတွက်က မိဘများဖြစ်သည်၊ အချို့အတွက်မူ ကြွယ်ဝမှုဖြစ်ပြီး အချို့အတွက်မှာကား အဆင့်အတန်း၊ ကျော်ကြားမှုနှင့် ကြွယ်ဝမှုတို့ ဖြစ်ကြသည်။ သင်သည် ဤအရာများကို တန်ဖိုးထားပါက ယင်းတို့က သင့်ကို ထိန်းချုပ်လိမ့်မည်။ ယင်းတို့ကို သင်တန်ဖိုးမထားသကဲ့သို့ လုံးလုံးလျားလျား လက်လွှတ်ပါက ယင်းတို့က သင့်ကို မထိန်းချုပ်နိုင်ပေ။ ယင်းတို့အပေါ်ထားသည့် သင်၏ သဘောထားနှင့် ဤအရာများကို သင်မည်သို့ ကိုင်တွယ်ပုံတို့အပေါ်တွင်သာ မူတည်ပေသည်။

ဘုရားသခင်သည် သူ၏အလုပ်ကို မည်သည့်ကာလနှင့် မည်သည့်အဆင့်တွင် လုပ်သည်ဖြစ်စေ သူသည် သူနှင့်အတူလုပ်ဆောင်ရန် လူတစ်စုကို အစဉ်အမြဲလိုအပ်ကြောင်း သင်တို့နားလည်ထားရန် လိုအပ်သည်။ ဘုရားသခင်၏ အလုပ်နှင့် ပူးပေါင်းလုပ်ဆောင်ကြသည့် သို့မဟုတ် ဧဝံဂေလိတရားတို့ကို ဖြန့်ရာ၌ ပူးပေါင်းလုပ်ဆောင်ကြသည့် ဤလူတို့ကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသည်။ သို့ဖြစ်၍ ဘုရားသခင်သည် သူ ကြိုတင်ပြဋ္ဌာန်းထားသော လူတစ်ယောက်ချင်းစီအတွက် တာဝန်ပေးစေခိုင်းချက် ရှိပါသလော။ လူတိုင်းတွင် အထူးတာဝန်တစ်ခုနှင့် ဝတ္တရားတစ်ခု ရှိကြသည်။ လူတိုင်းတွင် တာဝန်ပေးစေခိုင်းချက် တစ်ခုရှိကြသည်။ ဘုရားသခင်က သင့်ကို တာဝန်ပေးစေခိုင်းသည့်အခါ ယင်းသည် သင်၏ ဝတ္တရားဖြစ်လာသည်။ သင်သည် ဤဝတ္တရားကို တာဝန်ယူ လက်ခံရမည်။ ဤကား သင့်တာဝန်ပင်။ တာဝန်ဟူသည် အဘယ်နည်း။ ယင်းသည် ဘုရားသခင်က သင့်ကိုပေးထားသည့် အထူးတာဝန်ပင်ဖြစ်သည်။ အထူးတာဝန်ဟူသည် အဘယ်နည်း။ (ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်သည် လူသား၏ အထူးတာဝန်ဖြစ်သည်။ အကြင်လူ၏ အသက်တာကို ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် နေထိုင်သင့်သည်။ ဤတာဝန်ပေးစေခိုင်းချက်သည် သူ၏စိတ်နှလုံးအတွင်းရှိ တစ်ခုတည်းသော အရာဖြစ်ပြီး ၎င်းတို့သည် အခြားမည်သည့် အရာအတွက်မှ အသက်မရှင်သင့်ပေ။) ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်သည် လူသား၏ အထူးတာဝန်ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောပေါက်မှုဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောသူများသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြည့်စုံစေရန်အတွက် ကမ္ဘာမြေပေါ်သို့ စေလွှတ်ခံရခြင်းဖြစ်သည်။ သင်သည် ဤအသက်တာတွင် လူမှုအဆင့်အတန်းကို တိုးတက်စေရန်၊ ဥစ္စာပေါများရန်၊ ကောင်းမွန်သော ဘဝကိုနေထိုင်ရန်၊ မိသားစုနှင့် အတူရှိခြင်းကို မွေ့လျော်ရန်နှင့် ကျော်ကြားမှု၊ ကြွယ်ဝမှုနှင့် အဆင့်အတန်းတွင် ပျော်ရွှင်မြူးထူးရန်တို့ကိုသာ လိုက်စားကာ သင်သည် လူမှုအဆင့်အတန်း တိုးတက်၍ သင့်မိသားစုသည် အရေးပါလာပြီး သင်၏ မိသားစုဝင်တိုင်းသည် လုံခြုံစိတ်ချလာသော်လည်း ဘုရားသခင်က သင့်ကိုပေးအပ်ထားသည့် အထူးတာဝန်ကို သင်ဥပက္ခာပြုပါက သင်အသက်ရှင်နေထိုင်နေသော သင်၏ ဤအသက်တာသည် တန်ဖိုးတစ်စုံတစ်ရာ ရှိပါ၏လော။ သင်သေလွန်ပြီးချိန်တွင် ဘုရားသခင်ကို သင်အဘယ်သို့ အဖြေပေးမည်နည်း။ သင်အဖြေပေးနိုင်မည်မဟုတ်။ ပြီးလျှင် ဤသည်မှာ အကြီးကျယ်ဆုံးသော ပုန်ကန်မှုဖြစ်သည်။ ဤသည်မှာ အကြီးကျယ်ဆုံးသော အပြစ်ဖြစ်သည်။ ယခု သင်တို့ထဲမှ မည်သူသည် ဘုရားသခင်အိမ်တော်ရှိ သင်၏တာဝန်ကို မတော်တဆ ဖြည့်ဆည်းမိသည့်သူ ရှိသနည်း။ သင်၏တာဝန်ကို ဖြည့်ဆည်းရန် မည်သည့်နောက်ခံအခြေအနေမှ ရောက်ရှိလာသည်ဖြစ်စေ မည်သည်ကမျှ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာသည်မရှိပေ။ ဤတာဝန်သည် ယုံကြည်သူအသစ်များကို ကြုံသလိုရှာဖွေပေးရုံဖြင့် ဖြည့်ဆည်း၍မရပေ။ ဤသည်မှာ ခေတ်များမတိုင်မီကပင် ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသော အရာတစ်ခုဖြစ်ခဲ့သည်။ တစ်စုံတစ်ခုကို ကြိုတင်ပြဋ္ဌာန်းထားသည်ဆိုသည်မှာ မည်သည့်သဘောဖြစ်သနည်း။ တိတိကျကျမှာ မည်သည်နည်း။ ယင်းမှာ ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံးတွင် အချိန်ကြာမြင့်စွာကပင် သင် ကမ္ဘာပေါ်သို့ အကြိမ်မည်မျှ လာရောက်မည်၊ နောက်ဆုံးသောကာလတွင် သင်သည် မည်သည့်အမျိုးအနွယ်နှင့် မည်သည့် မိသားစုထဲတွင် မွေးဖွားမည်၊ ဤမိသားစု၏ အနေအထား မည်သို့ရှိမည်၊ သင်သည် ယောကျ်ား သို့မဟုတ် မိန်းမ မည်သည်ဖြစ်မည်၊ သင်၏ အားသာချက်များမှာ မည်သည့်အရာများ ဖြစ်မည်၊ သင်သည် မည်သည့်ပညာအရည်အချင်း အဆင့်ရှိမည်၊ သင်သည် မည်မျှ ရှင်းလင်းစွာ ပြောဆိုနိုင်မည်၊ သင်၏အစွမ်းအစမှာ မည်သည်ဖြစ်မည်နှင့် သင်၏ အဆင်းမှာ မည်သို့ရှိမည်တို့ကို စီစဉ်ခဲ့သည်ဟူသည့် သဘောဖြစ်သည်။ သူသည် သင်ဘုရားသခင်၏ အိမ်တော်သို့ လာရောက်ကာ သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရမည့် အသက်အရွယ်နှင့် မည်သည့်အချိန်တွင် မည်သည့်တာဝန်ကို သင်ထမ်းဆောင်ရမည်ဟူ၍လည်း စီစဉ်ခဲ့သည်။ ဘုရားသခင်က သင့်အတွက် အဆင့်တစ်ခုချင်းစီကို အစောကတည်းက ကြိုတင်ပြဋ္ဌာန်းထားသည်။ သင် မမွေးဖွားမီနှင့် သင်ရှေးလွန်ခဲ့သော ဘဝများစွာက ကမ္ဘာသို့လာခဲ့စဉ်ကပင် အမှု၏ဤနောက်ဆုံးအဆင့် အတောအတွင်းတွင် မည်သည့်တာဝန် သင်ဖြည့်ဆည်းရမည်ကို ဘုရားသခင်သည် စီစဉ်ပေးထားပြီး ဖြစ်သည်။ ဤသည်မှာ ဟာသတစ်ခုမဟုတ်ပေ။ ဤနေရာတွင် သင်ဒေသနာ ကြားနာနိုင်သည်ဟူသည့်အချက်သည် ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ ယင်းကို ပေါ့ပေါ့တန်တန် မှတ်ယူရမည့်အရာ မဟုတ်။ ထို့အပြင် သင်၏ အရပ်အမောင်းကိုလည်းကောင်း၊ သင်၏ အဆင်းသဏ္ဌာန်ကိုလည်းကောင်း၊ သင့်မျက်လုံးသည် ဘယ်ပုံရှိသည်ကိုလည်းကောင်း၊ သင်၏ ကိုယ်လုံးကိုယ်ပေါက်ကိုလည်းကောင်း၊ သင့်ကျန်းမာရေး အခြေအနေကိုလည်းကောင်း၊ သင့်ဘဝအတွေ့အကြုံများမှာ မည်သည်ဖြစ်သည်နှင့် အရွယ်တစ်ခုရောက်လျှင် သင်မည်သည့် တာဝန်များကို ထမ်းဆောင်နိုင်မည်ကိုလည်းကောင်း၊ မည်သည့် အစွမ်းအစနှင့် လုပ်နိုင်စွမ်းတို့ သင်ပိုင်ဆိုင်ထားသည်ကိုလည်းကောင်း ယင်းတို့ကို လွန်ခဲ့သည့် ကာလများစွာကတည်းက သင့်အတွက် ဘုရားသခင်က ကြိုတင်သတ်မှတ်ခဲ့ပြီး ဖြစ်သည်။ ယခုမှ စီစဉ်နေခြင်း လုံးဝမဟုတ်။ ဘုရားသခင်က သင့်အတွက် ကြိုတင်သတ်မှတ်ခဲ့သည်မှာ ကြာလှပေပြီ။ ဆိုလိုသည်မှာ အကယ်၍ သူသည် သင့်ကို အသုံးပြုရန် ရည်ရွယ်လျှင် သင့်ကို ဤတာဝန်ပေးစေခိုင်းချက်နှင့် ဤအထူးတာဝန်တို့ မပေးမီကပင် သူသည် သင့်ကို ကြိုတင်ပြင်ဆင်ပေးပြီး ဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် ယင်းမှ ရှောင်ပြေးသွားရန်ကား သင့်အတွက် လက်ခံဖွယ်ရှိသလော။ ယင်းအတွက် စိတ်မပါလက်မပါဖြစ်ခြင်းက သင့်အတွက် လက်ခံဖွယ်ရှိသလော။ နှစ်ခုလုံး လက်ခံဖွယ်မရှိ။ ယင်းမှာ ဘုရားသခင်ကို စိတ်ပျက်စေခြင်း ဖြစ်လိမ့်မည်။ မိမိတို့၏ တာဝန်ကို စွန့်လွှတ်ခြင်းသည် လူတို့အတွက် အဆိုးဆုံးသော ပုန်ကန်မှုမျိုးဖြစ်သည်။ ယင်းမှာ အလွန်ယုတ်မာသော လုပ်ရပ်ပင် ဖြစ်သည်။ ဘုရားသခင်သည် သင်ယနေ့အထိ အသက်ရှင်ပြီး ဤအထူးတာဝန်ကို ပေးအပ်ခံရစေရန် ရှေးပဝေသဏီကတည်းက ကြိုတင်သတ်မှတ်ထားလျက် စဉ်းစဉ်းစားစားဖြင့် လေးလေးနက်နက် ကြိုးပမ်းအားထုတ်ခဲ့သည်။ သို့ဆိုလျှင် ဤအထူးတာဝန်သည် သင်၏ဝတ္တရား မဟုတ်သလော။ ယင်းသည် သင်၏ ဤအသက်တာကို နေထိုင်ရန် တန်ဖိုးရှိစေသည့်အရာ မဟုတ်သလော။ အကယ်၍ သင်သည် ဘုရားသခင်က သင့်ကို ပေးအပ်သည့် အထူးတာဝန်ကို မပြီးဆုံးပါက အသက်ရှင်ခြင်း၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့ကို သင်ဆုံးရှုံးကာ သင်နေထိုင်ခဲ့သည်မှာ အချည်းနှီးကဲ့သို့ပင် ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် မှန်ကန်သော အနေအထား၊ ပတ်ဝန်းကျင်နှင့် နောက်ခံအခြေအနေတို့ကို စီစဉ်ပေးသည်။ သင့်ကို ဤအစွမ်းအစနှင့် ဤလုပ်နိုင်စွမ်းတို့ကို နှင်းအပ်ကာ ဤအသက်အရွယ်ထိနေနိုင်ရန် ပြင်ဆင်ပေးပြီး သင်၏ဤတာဝန်ကို ဖြည့်ဆည်းရန် သင်လိုအပ်မည့် အရည်အချင်းများအားလုံး ရှိစေရန် ပြင်ဆင်ပေးသည်။ ဤအရာများအားလုံးကို သင့်အတွက် သူသည် စီစဉ်ပေးထားသည်။ သို့တိုင်အောင် သင်သည် ဤတာဝန်ကို ဝီရိယရှိရှိ ထမ်းဆောင်ခြင်း မရှိ။ သင်သည် စုံစမ်းသွေးဆောင်ခြင်းတို့ကို ကြံကြံမခံနိုင်ဘဲ ရုန်းထွက်ရန် ရွေးချယ်သည်။ ကောင်းမွန်သော ဘဝကို နေနိုင်ရန်နှင့် လောကီအရာများကို လိုက်စားရန်သာ အစဉ်အမြဲ ရှာဖွေနေသည်။ သင့်ကို ဘုရားသခင်ကပေးထားသည့် ဆုကျေးဇူးနှင့် လုပ်နိုင်စွမ်းတို့ကို ယူကာ စာတန်ကို အစေခံသည်။ စာတန်အတွက် နေထိုင်သည်။ ယင်းသည် ဘုရားသခင်ကို မည်သို့ ခံစားရစေမည်နည်း။ သင့်အတွက် သူ၏မျှော်လင့်ချက်တို့ ဤသို့မပြည့်ဝဖြစ်သွားသောကြောင့် သူက သင့်ကို မစက်ဆုပ်သလော။ သူကသင့်ကို မမုန်းတီးသလော။ သင့်အပေါ် သူ၏ ကြီးစွာသော အမျက်ဒေါသတို့ကို ကျရောက်စေလိမ့်မည်။ သို့ဆိုလျှင် ဤကိစ္စကို ပြေလည်သွားပြီဖြစ်သည်ဟု ယူဆမည်လော။ သင်တွေးထင်ထားသလောက် ရိုးရှင်းနိုင်သလော။ ဤဘဝတွင် သင်၏အထူးတာဝန်ကို သင်မပြီးဆုံးလျှင် ယင်းတို့အားလုံးက သင်သေခြင်းနှင့်အတူ ပြီးဆုံးသွားပြီဟု သင်ထင်သလော။ ထိုနေရာတွင် မပြီးဆုံးသေးဘဲ ယင်းနောက်တွင် သင်၏ ဝိညာဉ်သည် အန္တရာယ်ကျရောက်လိမ့်မည်။ သင်သည် သင်၏ တာဝန်ကိုလည်း မဖြည့်ဆည်းခဲ့၊ ဘုရား၏ တာဝန်ပေးစေခိုင်းချက်ကိုလည်း လက်မခံခဲ့သည့်အပြင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်မှ ထွက်ပြေးခဲ့သည်။ ကိစ္စများမှာ ကြောက်စရာကောင်းလာပြီဖြစ်သည်။ သင် ဘယ်ဆီသို့ ပြေးနိုင်သနည်း။ ဘုရားသခင်၏ လက်မှ သင်ထွက်ပြေးနိုင်သလော။ ဤသို့လူမျိုးကို ဘုရားသခင်က မည်သို့ အမျိုးအစားသတ်မှတ်သနည်း။ (၎င်းတို့သည် သူ့ကို သစ္စာဖောက်သည့် လူများဖြစ်သည်။) သူ့ကို သစ္စာဖောက်သည့် လူများကို ဘုရားသခင်က မည်သို့ အဓိပ္ပာယ်သတ်မှတ်သနည်း။ သူ၏ တရားပလ္လင်တော်မှ ပြေးထွက်သွားသူတို့ကို ဘုရားသခင်ကမည်သို့ အမျိုးအစား သတ်မှတ်သနည်။ ယင်းတို့သည် ပျက်စီးခြင်းကို ခံစားရကာ ဖျက်ဆီးခံရမည့် လူများဖြစ်သည်။ သင့်အတွက် နောက်ထပ်အသက်တာ သို့မဟုတ် နောက်ထပ် ပြန်လည်မွေးဖွားခြင်းတို့ မည်သည့်အခါမျှ ရှိမည်မဟုတ်။ ထို့ပြင် ဘုရားသခင်သည် သင့်ကို နောက်ထပ် တာဝန်ပေးစေခိုင်းချက် တစ်ခုခု ပေးအပ်နိုင်မည် မဟုတ်ပေ။ သင့်အတွက် အထူးတာဝန် တစ်ခုမျှ မရှိတော့ဘဲ ကယ်တင်ခြင်း ခံရရန် အခွင့်အလမ်း မရှိတော့ချေ။ ဤသည်ကား လေးနက်သော ပြဿနာပင်တည်း။ ဘုရားသခင်က “ဤလူသည် ငါ့ တရားပလ္လင်တော်နှင့် ငါ၏ မျက်မှောက်တော်တို့မှ ရှောင်ပြေးသွားကာ ငါ့မျက်စိရှေ့မှ တစ်ခါ ရှောင်ပြေးသွားခဲ့ပြီးပြီ။ သူ၏ အထူးတာဝန်ကိုလည်း မထမ်းဆောင်ခဲ့၊ သို့မဟုတ် သူ၏ တာဝန်ပေးစေခိုင်းချက်ကို မပြီးစီးခဲ့။ သူ့အသက်သည် ဤတွင် အဆုံးသတ်ပြီ။ ဤကား ပြီးလေပြီ။ နိဂုံးချုပ်သွားပြီဖြစ်သည်” ဟု ဆိုလေမည်။ ဝမ်းနည်းဖွယ်အဖြစ်ဆိုး ပါတကား။ ယခုအခါတွင် ဘုရားသခင်၏ အိမ်တော်၌ သင်တို့၏တာဝန်ကို ဖြည့်ဆည်းနိုင်ဖို့အတွက်မှာ ယင်းတာဝန်သည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ရုပ်ပိုင်းဖြစ်စေ၊ စိတ်ပိုင်းဖြစ်စေ၊ ပြင်ပကိစ္စများ ကိုင်တွယ်ရသည်ဖြစ်စေ၊ အတွင်းပိုင်း အလုပ်ကိုင်တွယ်ရသည်ဖြစ်စေ မည်သူ့ တာဝန်ထမ်းဆောင်ခြင်းမျှ မတော်တဆ ဖြစ်ပေါ်လာခြင်း မဟုတ်။ ဤကား အဘယ်သို့များ သင်၏ရွေးချယ်မှု ဖြစ်နိုင်ပေမည်နည်း။ ဤအရာအားလုံးကို ဘုရားသခင်က ဦးဆောင်သည်။ ဘုရားသခင်က သင့်ကို တာဝန်ပေးစေခိုင်းနေခြင်းကြောင့်သာ သင်ဤသို့ လှုံ့ဆောင်ခြင်းခံရကာ သင့်၌ အထူးတာဝန်၊ ဝတ္တရားတို့နှင့်ပတ်သက်သော အသိစိတ်ရှိနေပြီး သင့်တာဝန်ကို ဖြည့်ဆည်းနိုင်နေခြင်းဖြစ်သည်။ မယုံကြည်သူများထဲတွင် ကြည့်ကောင်းသူ၊ ဗဟုသုတပြည့်ဝသူ သို့မဟုတ် ပါရမီရှိသူ များစွာရှိသော်လည်း ထိုသူတို့ကို ဘုရားကမျက်နှာသာပေးသလော။ မပေးပါ။ ဘုရားသခင်က သူတို့ကို မရွေးချယ်ခဲ့ဘဲ သင်တို့ လူစုကိုသာ မျက်နှာသာပေးခဲ့သည်။ သူက သူ၏ စီမံခန့်ခွဲမှု အလုပ်များတွင် သင်တို့အားလုံးကို ကဏ္ဍအမျိုးအစား အားလုံးကို လုပ်ဆောင်စေကာ တာဝန်အမျိုးအစားအားလုံးကို ဖြည့်ဆည်းပြီး ဝတ္တရားအမျိုးမျိုးကို တာဝန်ယူစေသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသတ်သို့ရောက်ပြီး အောင်မြင်ဖြစ်မြောက်သွားချိန်တွင် ဤသည်မှာ ဂုဏ်ယူဖွယ်နှင့် အထူးအခွင့်အရေး ဖြစ်လိမ့်မည်တကား။ သို့ဆိုလျှင် ယနေ့သူတို့၏ တာဝန်ကို ဖြည့်ဆည်းရာ၌ အခက်အခဲ အနည်းငယ် ခံစားရသည့်အခါတွင်လည်းကောင်း၊ သူတို့ အရာအချို့ စွန့်လွှတ်လိုက်ရကာ သူတို့ကိုသူတို့ အနည်းငယ်အသုံးခံပြီး အဖိုးအခတစ်ခုခု ပေးဆပ်လိုက်ရသည့်အခါတွင်လည်းကောင်း၊ ကမ္ဘာပေါ်ရှိ သူတို့၏ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် ကြွယ်ဝမှုတို့ကို ဆုံးရှုံးရသည့်အချိန်တွင်လည်းကောင်း၊ ဤအရာများအားလုံး ကုန်သွားသည့်အချိန်တွင်လည်းကောင်း သူတို့ဆီမှ ဘုရားသခင်က အားလုံး ယူသွားလိုက်သည်ဟု ထင်ရသော်လည်း သူတို့သည် ပိုမို အဖိုးထိုက်ပြီး တန်ဖိုးရှိသော အရာတစ်ခုကို ရရှိလိုက်ပြီးဖြစ်သည်။ ဘုရားသခင်ထံမှ လူများသည် အဘယ်ကို ရရှိလိုက်ပြီးဖြစ်သနည်း။ သူတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းဖြင့် သမ္မာတရားနှင့် အသက်ကို ရလိုက်သည်။ သင်၏တာဝန်ကို ဖြည့်ဆည်းပြီးသည့်အချိန်မှသာ၊ ဘုရား၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးသည့်အချိန်မှသာ၊ ဘုရားသခင်က သင့်အား ပေးအပ်သည့် သင်၏ အထူးတာဝန်နှင့် တာဝန်ပေးစေခိုင်းချက်တို့အတွက် သင့်အသက်တာတစ်ခုလုံးကို အသက်ရှင်နေထိုင်သည့်အချိန်မှသာ၊ သင့်တွင် လှပသော သက်သေခံချက် ရှိသည့်အချိန်မှသာ၊ သင်သည် တန်ဖိုးရှိသော အသက်တာကို နေထိုင်သည့်အချိန်မှသာ သင်သည် စစ်မှန်သော လူတစ်ယောက်ဖြစ်သည်။ သင်သည် စစ်မှန်သော လူတစ်ယောက် ဖြစ်သည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ဘုရားသခင်သည် သင့်ကို ရွေးချယ်ကာ သူ၏ စီမံခန့်ခွဲမှုအတွင်းရှိ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင်၏တာဝန်ကို ဖြည့်ဆည်းခိုင်းခဲ့ခြင်းကြောင့်ဖြစ်သည်။ ဤသည်မှာ သင်၏ အသက်တာတွင် တန်ဖိုးအကြီးဆုံးနှင့် အဓိပ္ပာယ်အရှိဆုံးပင် ဖြစ်သည်။

ဘုရားသခင်သည် လူတို့ထံမှ များစွာမတောင်းဆိုပေ။ ဘုရားသခင်က သင့်ကို တာဝန်ပေးစေခိုင်းချက်တစ်ခုနှင့် ဝတ္တရားတစ်ခုပေးသည့်အခါတွင် သင့်တွင် ယုံကြည်မှုအနည်းငယ်သာ ရှိကြောင်းနှင့် ဤသည်မှာ သင်စိုက်ထုတ်နိုင်သမျှ အများဆုံးအားထုတ်မှုဖြစ်ကြောင်း၊ ဤသည်မှာ သင်ပေးနိုင်သမျှ အများဆုံးဖြစ်ကြောင်းနှင့် ဤအရာများသည် သင်တာဝန်ယူနိုင်သည့် အရာများဖြစ်ကြောင်း သင်ကဆိုလေလျှင် ဘုရားသခင်သည် သင့်ကို တွန်းအားပေးမည် မဟုတ်။ ဤသည်မှာ သူက သင့်ကို ရာခိုင်နှုန်းပြည့် တောင်းဆိုသည့်အခါ သင်က ကိုးဆယ့်ငါး ရာခိုင်နှုန်းသာပေး၍ သူက စိတ်မကျေနပ်ဖြစ်လိမ့်ကာ သင့်ကို သက်ညှာမည် မဟုတ်ဘဲ သူတောင်းဆိုသည့် ရာခိုင်နှုန်းပြည့် ရောက်နိုင်အောင် အစဉ်မပြတ် နှိုးဆော်ကာ တွန်းအားပေးသည့် ပုံစံမျိုးမဟုတ်ချေ။ ဘုရားသခင်က ဤသို့လုပ်လိမ့်မည်မဟုတ်။ ထိုအစား သူသည် သင့်ကို သင်၏ ဝိညာဉ်ရင့်သန်မှု၊ စွမ်းအားနှင့် သင်စွမ်းဆောင်နိုင်သည့်အလျောက် တစ်ဆင့်ချင်း တရွေ့‌ရွေ့ တိုးတက်လာအောင် ကြိုးစားစေမည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အလုပ်တွင် မျှတကာ အကျိုးအကြောင်းဆီလျော်သည်။ သူသည် လူတို့ကို တွန်းအားမပေး။ သင့်ကို သက်သောင့်သက်သာနှင့် စိတ်အေးလက်အေးရှိစေသည်။ သူက သင်လုပ်ဆောင်သမျှတွင် သင့်ကို နားလည်ကာ ထောက်ထားနိုင်ကြောင်း သင့်ကိုခံစားရစေသည်။ လူတို့သည် ဘုရားသခင်၏ အပတ်တကုတ် အားထုတ်မှုကိုသာမက လူသားမျိုးနွယ်အတွက် သူ၏ သနားကရုဏာ၊ မေတ္တာကျေးဇူးတော်နှင့် စိတ်ရှည်သည်းခံနိုင်မှုတို့ကို သတိမူမိရမည်။ သို့ဆိုလျှင် လူတို့ မည်သည့်အရာကို လုပ်ဆောင်ကာ မည်နည်းမည်ပုံ ပူးပေါင်းဆောင်ရွက်ရမည်နည်း။ လူတို့ ပူး‌ပေါင်းဆောင်ရွက်သင့်သည့် နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်သည်။ “ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် ငါဦးတည် ကြိုးပမ်းရမည်။ ဘုရားသခင်က ငါ့ထံမှ ရာခိုင်နှုန်းပြည့် လိုချင်သည်။ ငါ ခြောက်ဆယ်ရာခိုင်နှုန်း ပေးနေနိုင်ချိန်တွင် သုံးဆယ်ရာခိုင်နှုန်းမျှသာ ပေးမည်မဟုတ်။ ငါ့ရှိသမျှ အားအင်အကုန်ပေးမည်။ ငါသည် ကလိန်ကျကာ လှည့်ဖျားမည်မဟုတ်။ ငါသည် အပါးမခို။ ထို့ပြင် ကံအပေါ် မှီခိုသည့် စိတ်မျိုး ထားမည်မဟုတ်”ဟူ၍ဖြစ်သည်။ ဤကား အလုပ်ဖြစ်လိမ့်မည်။ ဘုရားသခင်က လူတစ်ယောက်၏ စိတ်နှလုံးကို ကြည့်သည်။ သူ့တွင် လူတိုင်းအတွက် ထပ်တူညီသော သတ်မှတ်ချက်များ ရှိမနေပေ။ တခြားတစ်ယောက်က စွန့်လွှတ်သဖြင့် သင်သည် သင့်သားသမီး၊ မိသားစုတို့ကို စွန့်ခွာရမည်၊ သို့မဟုတ် သင့်အလုပ်ကို လိုက်စွန့်လွှတ်ရမည်ဟု မဟုတ်။ ဘုရားသခင်တွင် အားလုံးအတွက် တစ်သမတ်တည်း ချဉ်းကပ်ပုံမျိုး မရှိ။ သူသည် သင်၏ ဝိညာဉ်ရင့်သန်မှုနှင့် သင်စွမ်းဆောင်ရရှိနိုင်သည့်အရာနှင့်အညီ သင့်ကို တောင်းဆိုသည်။ သို့ဆိုလျှင် သင်သည် မည်သည့်စိတ်သောကကိုဖြစ်စေ၊ မည်သည့်ဖိစီးမှုကိုဖြစ်စေ ခံစားရန် မလိုအပ်ပေ။ သင် စွမ်းဆောင်ရရှိနိုင်စွမ်းရှိသည့်အရာကို အခြေခံပြီး ဘုရားသခင်ရှေ့မှောက်တွင် ဆုသာတောင်းပါလေ။ မည်သည့် ခက်ခဲမှုရှိသည်ဖြစ်စေ၊ မည်သည့် အကန့်အသတ်ရှိနေသည်ဖြစ်စေ ၎င်းတို့ထံမှ နောက်တွန့်မသွားနှင့်။ ယင်းတို့ သင့်ကို မထိခိုက်စေနှင့်။ ဤကား နည်းမှန်ပင်။ သင်သည် ယင်းတို့ အထိခိုက်ခံရသည်နှင့် “ငါ ကောင်းကောင်းမလုပ်ခဲ့။ ဘုရားသခင်သည် ငါနှင့်ပတ်သက်၍ မပျော်ရွှင်သည် မဟုတ်လော။ ငါဂရုကောင်းကောင်း စိုက်ရမည်။ ငါအရမ်းကာရော တွန်း၍မဖြစ်။ အသက်ရှုချောင်စရာ နေရာချန်ဖို့ လိုအပ်သည်”ဟု မပြတ် တွေးနေလိမ့်မည်။ ဤကား မှားယွင်းပေသည်။ ဤကား ဘုရားသခင်အပေါ် နားလည်မှု လွဲမှားခြင်းပင်။ ဤအတွေ့အကြုံမျိုး၏ တဖြည်းဖြည်းဖြစ်လာသော အဆင့်တစ်ခုချင်းတိုင်းသည် လူတို့ကို ဘုရားသခင်အား မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံပြီး သံသယပင် ဝင်နိုင်သည့် အနေအထားထိရောက်အောင် မိမိတို့၏ ယုံကြည်မှုသည် သေးငယ်လွန်းသည်ဟု ပိုပိုပြီး ခံစားရစေသည်။ “မသူတော်၏စံနှင့် သူတော်ကိုနှိုင်း” ဟူသည့် စကားပုံအတိုင်းပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်ပါသော်လည်း သူ့အပေါ်မှီခိုရန် ကြောက်ရွံနေကြသည်။ သူတို့သည် ဘုရားသခင်၏ အုပ်စိုးမှုကို ယုံကြည်ပါသော်လည်း သူ့ကို အရာအားလုံး လက်လွှဲပေးရန် ကြောက်ရွံနေကြသည်။ လူတို့သည် “ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးသည်”နှင့် “အရာခပ်သိမ်းသည် ဘုရားသခင် လက်ထဲတွင်ရှိသည်”ဟု မကြာခဏ ဆိုကြသော်လည်း အခြေအနေအချို့နှင့် ကြုံတွေ့ရသည့်အခါ “ဘုရားသခင်သည် အမှန်တကယ် ထိန်းချုပ်နိုင်ပါ၏လော။ သူသည် အမှန်တကယ် မှီခိုလို့ ရပါ၏လော။ ငါသည် အခြားသူများကိုသာ မှီခိုလိုက်သည်က ပိုကောင်းမည်။ ပြီးလျှင် အကယ်၍ ယင်းသည် အလုပ်မဖြစ်ပါက ငါ့ဘာသာငါ တစ်ခုခု ကြံဆမည်” ဟုတွေးကြသည်။ ယင်းနောက် သူတို့သည် မည်မျှပင် မရင့်ကျက်ဘဲ အဓိပ္ပာယ်မဲ့ကာ ဝိညာဉ်ရင့်သန်မှု သေးငယ်သည်ကို သဘောပေါက်ကြတော့သည်။ သို့နှင့် သူတို့သည် ဘုရားခင်ကို မှီခိုလိုကြသဖြင့် နောက်ထပ် ပြန်လှည့်ကြသော်လည်း လမ်းကြောင်းမရှိသေးသည်ကိုသာ တွေ့ကြရသည်။ သို့ရာတွင် ၎င်းတို့၏ စိတ်ထဲတွင် ဘုရားသခင်က သစ္စာစောင့်သိပြီး သူ့ကို မှီခိုနိုင်သည်ဟု အတွင်းနက်နက်၌ သူတို့သိကြသော်လည်း သူတို့သည် သေးငယ်သော ယုံကြည်မှုရှိပြီး အစဉ်အမြဲ လွန်စွာ သံသယပွားနေကြခြင်းသာဖြစ်သည်။ ဤပြဿနာကို မည်သို့ဖြေရှင်းမည်နည်း။ သင်သည် သင်၏ အတွေ့အကြုံနှင့် သမ္မာတရားကို လိုက်စားနားလည်ခြင်းတို့ အပေါ်မှီခိုရမည်။ သို့မှသာ သင်သည် စစ်မှန်သော ယုံကြည်မှု ဖြစ်ပေါ်နိုင်မည်။ သင်ပိုမို တွေ့ကြုံရလေလေနှင့် ဘုရားသခင်အပေါ် ပိုမိုမှီခိုလေလေ သူ့ကို မှီခိုနိုင်သည်ဟု သင်ပိုမို ခံစားလာရလေလေဖြစ်သည်။ သင်သည် ကိစ္စများကို ပိုမိုကြုံတွေ့လာရပြီး ဘုရားသခင်က သင့်ကို အခက်အခဲများနှင့် အန္တရာယ်တို့ကို‌ ရှောင်လွှားနိုင်ရန် ကူညီပေးရင်း အကြိမ်ကြိမ် ကာကွယ်ပုံကို မြင်ရသဖြင့် သင့်တွင် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်မှုနှင့် မှီခိုမှုတို့ အမှုမဲ့အမှတ်မဲ့ ဖြစ်ပေါ်လာလိမ့်မည်။ ဘုရားသခင်သည် ယုံကြည်ထိုက်ကာ ကိုးစားထိုက်သည်ဟု သင်ခံစားရမည်။ သင့် စိတ်နှလုံးတွင် ဤယုံကြည်မှု ပထမဦးစွာရှိလာရန် လိုအပ်သည်။

လူတစ်ယောက်ချင်းစီတိုင်းတွင် သူတို့ကိုယ်ပိုင် ကံကြမ္မာရှိသည်။ ထို့ပြင် ယင်းကို ဘုရားသခင်က အားလုံး ကြိုတင်ပြဋ္ဌာန်းထားသည်။ မည်သူကမျှ အခြားတစ်စုံတစ်ယောက်၏ ကံတရားကို ဦးစီးဦးဆောင် မလုပ်နိုင်။ သင့်မိသားစုအတွက် စိတ်ဖိစီးနေသည်ကို ရပ်လိုက်ပြီး အရာအားလုံးကို လက်လွှတ်ကာ စွန့်လွှတ်ရန် သင်ယူသင့်သည်။ ဤသည်ကို သင်မည်သို့ လုပ်ဆောင်မည်နည်း။ နည်းလမ်းတစ်ခုမှာ ဘုရားသခင်ထံ ဆုတောင်းရန်ဖြစ်သည်။ ဘုရားသခင်ကို မယုံကြည်သည့် သင်၏ဆွေမျိုးများသည် လောကီအရာများ၊ ကြွယ်ဝမှုနှင့် ဇိမ်ခံပစ္စည်းများကို မည်သို့ လိုက်စားသည်ကို သင်ချင့်ချိန်တွေးဆရမည်။ သူတို့သည် စာတန်နှင့် သက်ဆိုင်ကာ သူတို့သည် သင်နှင့် ကွဲပြားခြားနားသော လူစားမျိုးဖြစ်သည်။ သင်၏ တာဝန်ကို မဖြည့်ဆည်းဘဲ သူတို့အကြား၌ သင်နေထိုင်လျှင် သင်သည် ဒုက္ခခံစားရသည့် အသက်တာကို သင် အသက်ရှင်နေထိုင်လိမ့်မည်။ သင်သည် ကိစ္စများကို သူတို့နှင့် ကွဲပြားစွာ မြင်သဖြင့် သင်သည် သူတို့နှင့် ကောင်းစွာသင့်မြတ်ခြင်း ရှိရမည့်အစား ညှဉ်းဆဲခံရလိမ့်မည်။ စိတ်ဆင်းရဲမှုသာရှိပြီး ပျော်ရွှင်ခြင်းမရှိ ဖြစ်လိမ့်မည်။ ခင်တွယ်မှုသည် သင့်ကို ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုတို့ ပေးနိုင်ပါသလား။ လူ့ဇာတိကို လိုက်လျောဖြည့်ဆည်းနေခြင်းသည် သင့်ကို ဒုက္ခ၊ အနှစ်မဲ့ခြင်းနှင့် တစ်သက်တာ နောင်တတို့ကိုသာ ဖြစ်စေလိမ့်မည်။ ဤကား သင် လုံးလုံးလျားလျား နားလည်သဘောပေါက်ရန် လိုအပ်သည့် အရာတစ်ခုဖြစ်သည်။ သို့ဖြစ်၍ သင့်မိသားစုကို လွမ်းနေခြင်းသည် တစ်ဖက်သတ်ကျကာ ယင်းသည် မလိုအပ်ဘဲ ခံစားချက်လွန်ကဲနေခြင်းပင်။ သင်သည် သူတို့နှင့် ခြားနားသော လမ်းတစ်ခုကို လျှောက်နေသည်။ ဘဝ၊ လောကီအမြင်၊ ဘဝလမ်းကြောင်း၊ လိုက်စားခြင်း၏ ရည်မှန်းချက်တို့အပေါ် သင်၏အမြင်သည် အားလုံးခြားနားသည်။ သင်သည် သင့်မိသားစုနှင့် ယခုအတူရှိမနေသော်လည်း သင်သည် သွေးသားတော်စပ်နေသောကြောင့် သင်သည် သူတို့နှင့် ရင်းနှီးနေကာ သင်တို့သည် မိသားစုတစ်ခုတည်း ဖြစ်ကြသည်ဟု သင်အမြဲ ခံစားရသည်။ သို့သော် သင်သူတို့နှင့် အမှန်တကယ် နေထိုင်ကာ ရက်အနည်းငယ် ဆက်ဆံရသည့်အခါတွင် သင့်ကို လုံးဝ စိတ်အနှောင့်အယှက် ဖြစ်သွားစေလိမ့်မည်။ သူတို့သည် အလိမ်အညာများနှင့် ပြည့်နေသည်။ သူတို့ ပြောကြသည့်အရာ အကုန်လုံးမှာ မှားယွင်းကာ စကားချိုပြီး လှည့်စားသော အရာချည်းသာဖြစ်သည်။ သူတို့၏ ပြုမူပုံနှင့် လောကကြီးကို ကိုင်တွယ်ပုံ နည်းလမ်းသည် ဆိုးယုတ်သော အတွေးအမြင်များနှင့် ဘဝနီတိတို့ အပေါ်အားလုံးအခြေခံထားသည်။ သူတို့၏ အတွေးနှင့် အမြင်များအားလုံးသည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့ကာ တကယ်ကို ကြားနာရန်ပင် မခံမရပ်နိုင်ပေ။ သို့ဖြစ်၍ “ငါ့စိတ်ထဲတွင် သူတို့ကို အချိန်ပြည့် ထားရှိခဲ့ဖူးသည်။ ပြီးလျှင် သူတို့ကောင်းစွာ အသက်ရှင်နေထိုင်ရခြင်း မရှိသည်ကို ငါအမြဲမပြတ် စိုးရွံ့နေခဲ့သည်။ သို့သော် ဤလူများနှင့် ယခုနေနေရသည်မှာ တကယ်ကို မခံနိုင်စရာပင်” ဟု သင့်ကိုယ်သင် တွေးလိမ့်မည်။ သင်သည် သူတို့ကို အော့ကြောလန်သည်။ သူတို့သည် မည်ကဲ့သို့ လူစားမျိုး ဖြစ်ကြသည်ကို သင်သဘောမပေါက်ရသေးသဖြင့် မိသားစုသံယောဇဉ်သည် အခြားမည်သည့်အရာထက်မဆို ပိုအရေးကြီးကာ ပိုစစ်မှန်သည်ဟု သင်ထင်နေဆဲဖြစ်သည်။ သင်သည် ခင်တွယ်မှုက ဘောင်ခတ်ခြင်းကို ခံနေရဆဲဖြစ်သည်။ ထိုခင်တွယ်မှုနှင့်ဆိုင်သော အရာများကို သင်တတ်နိုင်သလို စွန့်လွှတ်ရန်ကြိုးစားလော့။ သင်မလုပ်နိုင်လျှင် သင့်တာဝန်ကို ရှေ့တန်းတင်လော့။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် သင်၏ အထူးတာဝန်သည် အရေးအကြီးဆုံးဖြစ်သည်။ တာဝန်ကို ဦးစွာဖြည့်ဆည်းခြင်းသည် အခြားအရာများထက် သာလွန်ထိပ်ရောက်သည်။ ထို့ပြင် လူ့ဇာတိရှိ သင်၏ဆွေမျိုးကိစ္စများနှင့်သက်ဆိုင်သောအရာများဖြင့် ယခု စိတ်ရှုပ်မခံနှင့်။ သင်၏ တာဝန်ပေးစေခိုင်းချက်နှင့် တာဝန်တို့ ပြည့်ဝသွားသည့်အချိန်တွင်၊ သမ္မာတရားသည် သင့်အတွက် ပို၍ ပို၍ ရှင်းလင်းလာသည့်အချိန်တွင်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပို၍ ပို၍သာမာန်ဖြစ်လာသည့်အချိန်တွင်၊ သင်၏ ဘုရားသခင်ကို နာခံသည့် စိတ်နှလုံးသည် ယခင်ကထက် ပိုမိုကြီးထွားလာ၍ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်နှလုံးသည် ယခင်ကထက် ပိုမိုကြီးထွားကာ ပေါ်လွင်လာသည့်အချိန်တွင် သင်၏ အခြေအနေသည် ပြောင်းလဲလိမ့်မည်။ သင်၏ အခြေအနေပြောင်းလဲ လာသည်နှင့် သင်၏ လောကီအမြင်နှင့် ခင်တွယ်မှုတို့သည် မှေးမှိန်သွားကာ သင်သည် ယင်းတို့ကို ဖွေရှာတော့မည်မဟုတ်။ ထို့ပြင် သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို မည်သို့ချစ်ရန်၊ သူ့ကို မည်သို့ စိတ်ကျေနပ်အောင် လုပ်ဆောင်ရန်၊ သူ့ကို ကျေနပ်စေမည့် ပုံစံဖြင့် မည်သို့နေထိုင်ရန်နှင့် သမ္မာတရားနှင့်မည်သို့ နေထိုင်ရန်တို့ကိုသာ ရှာဖွေလိုတော့မည်။ သင့်စိတ်နှလုံးသည် ဤသည်ကို ကြိုးပမ်းသည်နှင့် လူ့ဇာတိကို ခင်တွယ်ခြင်းနှင့်သက်ဆိုင်သော အရာများသည် တဖြည်းဖြည်းချင်း မှေးမှိန်သွားပြီး သင့်ကို ချည်နှောင်နိုင်ခြင်း၊ သို့မဟုတ် ထိန်းချုပ်နိုင်ခြင်း ရှိတော့မည် မဟုတ်ပေ။

လူအချို့က “ကျွန်ုပ်သည် မိမိ၏တာဝန်များကို ထမ်းဆောင်သည့်အချိန်တွင် ကျွန်ုပ်၏ မိသားစုအပေါ် ခင်တွယ်မှု၏ ချုပ်တည်းခြင်းကို မခံရသော်လည်း အားလပ်သည့်အချိန်ခဏရှိတိုင်း သူတို့ကို စလွမ်းမိပါသည်”ဟု ဆိုကြသည်။ ကောင်းပြီ။ သင့်မိသားစုကို လွမ်းခြင်း၏ အကျိုးဆက်များကား အဘယ်နည်း။ အကယ်၍ ယင်းသည် သင့်ကို အပျက်သဘောဆောင်လာစေကာ သင့်တာဝန်များ ဖြည့်ဆည်းရန် စိတ်မပါဖြစ်စေနိုင်လျှင် သင်သည် ဖြေရှင်းချက်အတွက် သမ္မာတရားကို ရှာရမည်။ ပြဿနာကို သင်ဖြေရှင်းလိုက်သည်နှင့် သင်သည် နောက်ထပ် အားလပ်သည့်အချိန်ခဏရှိလျှင် သင့်မိသားစုကို အမြဲမပြတ် လွမ်းနေတော့မည်မဟုတ်ဘဲ အကျိုးဆက်များလည်း ဖြစ်စေမည် မဟုတ်။ သို့ကြောင့် မည်သည့် ပြဿနာမဆို ပေါ်ပေါက်လာပါက သင်သည် ယင်းတို့ကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေသင့်သည်။ ဤကား အရေးအကြီးဆုံးတည်း။ သင့်မိသားစုကို လွမ်းနေခြင်းသည် စိုးရိမ်ဖွယ်ရာ မဟုတ်။ အမြဲမပြတ် သင့်အိမ်လွမ်းနေခြင်း၏ အကျိုးဆက်က မည်သည့်အရာ ဖြစ်ကြောင်းနှင့် ယင်းကို မည်သို့ဖြေရှင်းသင့်ကြောင်းတို့ကို သင်တွေးရန်လိုအပ်ခြင်းသည် အဓိကအချက်ဖြစ်သည်။ “ဤစိတ်အခြေအနေသည် မည်သို့ပေါ်ပေါက်လာသနည်း။ ငါ့မိသားစုကို ငါဘာကြောင့် အမြဲလွမ်းနေရသနည်း။ သမ္မာတရား၏ မည်သည့်အစိတ်အပိုင်းသည် ငါ့အတွက် မရှင်းလင်းသနည်း။ မည်သည့် သမ္မာတရားကို ငါဝင်ရောက်သင့်သနည်း”ဟု သင်ချင့်ချိန်တွေးဆသင့်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်လျှင် သင်သည် သမ္မာတရားသို့ ဝင်ရောက်မှုကို လျင်မြန်စွာ ရလိမ့်မည်။ သင်သည် သင်၏စိတ်တွင် သမ္မာတရားကို အမြဲချင့်ချိန်တွေးဆနေရမည်။ သင်များများ လုပ်ဆောင်လေလေ သမ္မာတရားအပေါ် သင်၏နားလည်မှု ပိုမိုရှင်းလင်းလာလေလေ ဖြစ်ကာ သင်၏စိတ်တွင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများ ပိုရှိလေလေဖြစ်လိမ့်မည်။ ဤသည်က သမ္မာတရားနှင့်ပတ်သက်ပြီး မတောက်တခေါက် သိမြင်မှုရှိရုံမျှသာမဟုတ်ဘဲ သမ္မာတရားအပေါ် အမှန်တကယ်နားလည်ခြင်းသို့ ရောက်စေလိမ့်မည်။ ဤအခြေအနေတွင် သင်သည် မိတ်သဟာယဖွဲ့ရန် လူများ ရှာဖွေလိုလိမ့်မည်။ မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်သည်ကား အဘယ်နည်း။ ယင်းကား အတည်ပြုချက် ရယူရန်နှင့် မည်သည့်ကွဲလွဲမှုမျှ မရှိဘဲ သမ္မာတရားကို ပိုမို တိကျမှန်ကန်စွာ နားလည်ရန်ဖြစ်သည်။ ဤနည်းအားဖြင့် သင့်တွင် အခက်အခဲတစ်ခုမျှ ရှိလိမ့်မည်မဟုတ်ဘဲ သင့်စိတ်သည် လွတ်မြောက်ခြင်းနှင့် လွတ်လပ်ခြင်းတို့ ရရှိကာ အချုပ်အနှောင်များ တစ်ခုမျှ ရှိတော့မည်မဟုတ်။ သင်သည် သင့်မိသားစုကို အမြဲမပြတ် လွမ်းနေတော့မည်မဟုတ်ဘဲ လောကီအနှောင်အဖွဲ့များမှ ရုန်းထွက်နိုင်လိမ့်မည် ဖြစ်သည်။ သင့်အခြေအနေသည် ပို၍ ပို၍ သာမာန်ဖြစ်လာလိမ့်မည်။ သင်တို့အားလုံး သမ္မာတရားကို ချင့်ချိန်တွေးဆရန် သင်ယူရမည်။ ယင်းကို အဘယ်သို့ လုပ်ရသနည်း။ ဥပမာ သင်ယနေ့ တစ်စုံတစ်ခုလုပ်ခဲ့ပြီးကာ သင့်အနေဖြင့် သိပ်မှန်ကန်သည်ဟု မခံစားရသလို ယင်းသည် စည်းမျဉ်းများနှင့် ဆန့်ကျင်သည်ဟုထင်ရသော်လည်း ပြဿနာသည် အဘယ်တွင် ရှိသည်ကို သင်မသိဟု ဆိုကြပါစို့။ ယင်းသည် “ဤကိစ္စသည် မည်သည့် သမ္မာတရားနှင့်ဆက်စပ်နေသနည်း။ မည်သည့် စည်းမျဉ်းနှင့် ဆက်စပ်နေသနည်း” ဟုတွေးကာ ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားရှာဖွေသင့်သည့် အချိန်ပင်ဖြစ်သည်။ သင်သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ကာ ပြန်ဆင်ခြင်ပြီး သုံးသပ်ရန် တစ်စုံတစ်ယောက်ကို ရှာဖွေသင့်သည်။ သင်သည် နောက်ဆုံးတွင် ပြဿနာ၏ရင်းမြစ်ကို ရှာဖွေတွေ့ရှိကာ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ယင်းကို ဖြေရှင်းသည့်အချိန်တွင် သင့်တွင် ဘုရားသခင်အပေါ် ယုံကြည်မှု ပိုရှိလာပြီး သမ္မာတရားနှင့် ပတ်သက်၍ ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်လိုက်သည်ဟု သင်ခံစားရမည်။ သင်သည် ကိစ္စအချို့ကို ပိုင်းခြားသိမြင်နိုင်ပြီး ဝိညာဉ်ဆိုင်ရာ စကားလုံးအချို့ကို နားလည်နိုင်လိမ့်မည်။ သို့မဟုတ် သင်သည် အများအားဖြင့် ထပ်ကာဆိုနေသည့် ဩဝါဒအချို့ သို့မဟုတ် ဆောင်ပုဒ်အချို့တို့ မည်သည့်အရာကို ညွှန်းဆိုကာ ဆိုလိုသည်ကို သင်နားလည်လာနိုင်လိမ့်မည်။ ဤကား သမ္မာတရားကို နားလည်မှုအချို့ရှိခြင်းနှင့် ယင်းကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိခြင်းပင်ဖြစ်သည်။ ထို့နောက်တွင် သင်သည် ဆက်လက်ကာ အခြားသူများနှင့် မိတ်သဟာယဖွဲ့လိမ့်မည်။ ယင်းဆောင်ပုဒ်ကို ရှင်းရှင်းလင်းလင်း နားလည်သည်အထိ မိတ်သဟာဖွဲ့ကာ ယင်းကို လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲလိုက်မည်။ ဤကား ကောင်းသောအရာမဟုတ်လော။ ဤကား နောက်ထပ်ရှေ့ဆက်နည်းပင် ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် အချို့သော အခြေအနေဖြင့် လူတစ်ဦးကို တွေ့မည်ဖြစ်ပြီး သင်သည် “ဤလူသည် အဘယ်ကြောင့် ဤအခြေအနေရှိသနည်း။ ၎င်း၏ ဤအခြေအနေသည် မည်သို့ ဖြစ်လာသနည်း။ ငါ့တွင် အဘယ်ကြောင့် ဤသို့အခြေအနေမျိုး မရှိရသနည်း။ ၎င်းပြောသည့် အရာသည် အခြေအနေနှင့် စိတ်နေစိတ်ထားတစ်ရပ်ရပ်ကို ကိုယ်စားပြုသည်။ ၎င်း၏ ဤစိတ်နေစိတ်ထားသည် မည်သို့ပေါ်ပေါက်လာသနည်း။ ပြဿနာသည် မည်သည့်နေရာမှ ပေါ်ထွန်းလာသနည်း။ သမ္မာတရား၏ မည်သည့်ရှုထောင့်ဖြင့် ဆက်စပ်သနည်း။ ငါရော သမ္မာတရားကို မရှာဖွေသင့်သလော” ဟု ချင့်ချိန်တွေးဆနိုင်သည်။ မိတ်သဟာယဖွဲ့ခြင်းနှင့် ရှာဖွေခြင်းမှ သင်သည် ထိုပြဿနာကို တွေ့ကာ ၎င်း၏ ယင်းအခြေအနေသည် သင့်တွင်လည်းရှိသည့် အရာတစ်ခုဖြစ်ကြောင်း သင်သဘောပေါက်လာသည်။ ၎င်း၏ အခြေအနေကို သင်၏ အခြေအနေဖြင့် သင် နှိုင်းယှဉ်လိုက်ပြီးဖြစ်သည် မဟုတ်လော။ ယင်းအားထုတ်မှုသည် မထိုက်တန်သလော။ (ထိုက်တန်ပါသည်။) ပြဿနာကို ရှာဖွေဖော်ထုတ်ပြီးလျှင် မိတ်သဟာယဖွဲ့ရန် တစ်စုံတစ်ယောက်ကို သင်ရှာသည်။ နောက်ဆုံးတွင် သင်အဖြေကို ရှာတွေ့ပြီး ပြဿနာမှာ မည်သည်ဖြစ်သည်ကို သိရှိသည့် အချိန်တွင် ပြဿနာသည် ပြေလည်သွားသည်။ ပြဿနာကို ရှာဖွေဖော်ထုတ်နိုင်သည့်အချိန်တွင် ဖြေရှင်းရန်လွယ်ကူသည်။ သင် ရှာဖွေ မဖော်ထုတ်နိုင်လျှင် ထိုပြဿနာသည် ဘယ်သောအခါမျှ ဖြေရှင်းနိုင်မည်မဟုတ်။ တစ်ခါတစ်ရံတွင် သင့်စိတ်သည် ဆိတ်ငြိမ်သွားသည့်အချိန်သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာရုံပြုဆင်ခြင်ရန် အကောင်းဆုံးအချိန် ဖြစ်နိုင်သည်။ မည်သည့်အရာကို သင်လုပ်သည်ဖြစ်စေ ဤအခွင့်အရေးကို သင့်မိသားစုဖြင့် ပြန်လည်ဆုံတွေ့ခြင်းအကြောင်း အမြဲမပြတ်တွေးကာ စိတ်ခံစားချိတ်ဆက်မှုများကို မွေးထားရာတွင် မဖြုန်းပစ်လေနှင့်။ ယင်းမှာ ပြဿနာရှိသည်။ သင်သည် သင့်မိသားစု အတွက် အမြဲမပြတ် စိုးရိမ်နေကာ သင်ရရှိသမျှ အခွင့်အလမ်းများကို သူတို့နှင့် စိတ်ခံစားမှုဆိုင်ရာ ချိတ်ဆက်ရန် မလွတ်တမ်း အသုံးချနေပါက သင့်စိတ်သည် ယင်း စိတ်ခံစားချက် အနှောင်အဖွဲ့များနှင့် အမြဲပြည့်နေလိမ့်မည်ဖြစ်သည်။ သင်သည် ဤသံယောဇဉ်များကို မဖြတ်နိုင်သလို လက်မလွှတ်နိုင် ဖြစ်လိမ့်မည်။ သင်သည် ပိုမိုဆုတောင်းကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုပြီး သင်၏ ညီအစ်ကို မောင်နှမများနှင့် မကြာခဏ မိတ်သဟာယဖွဲ့သင့်သည်။ သင်သည် သမ္မာတရားကို နားလည်သည့်အခါတွင် အနည်းဆုံးအနေဖြင့် သင့်မိသားစု၊ လူ့ဇာတိ သို့မဟုတ် ခင်တွယ်မှုများ၏ ချုပ်နှောင်ခြင်းခံရတော့မည်မဟုတ်။ ဤအရာတို့ကို လက်လွှတ်ရန် လွယ်ကူလိမ့်မည်။ ယင်းမှာ ရှေ့ဆက်ရန် လမ်းပင်ဖြစ်သည်။ အမှန်မှာမူ လူအများအပြား၏ အတွေ့အကြုံများမှာ ဤသို့ပင်ဖြစ်သည်။ စိတ်ခံစားမှု ကိစ္စရပ်များကို ဖြေရှင်းခြင်းသည် အတွေ့အကြုံကာလတစ်ခု အစဉ်သဖြင့် လိုအပ်သည်။ သင်သမ္မာတရားကို နားလည်သည်နှင့် ကိစ္စရပ်များသည် ဖြေရှင်းရန် လွယ်ကူလာသည်။

ကောက်နုတ်ချက် (၈၄)

ထိုင်ဝမ်နိုင်ငံသည် ပြည်သူလူထုက ချမ်းသာဝပြောစွာ နေထိုင်ကြကာ တည်ငြိမ်သည့် လူ့အဖွဲ့အစည်း ရှိသည့် ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်သည်။ ငြိမ်ဝပ်ပိပြားမှု၊ ဘဝ အရည်အသွေး၊ ယဉ်ကျေးမှု စံနှုန်းများ အစရှိသည်တို့အားလုံးသည် တရုတ်ပြည်မကြီးထက် များစွာ ပိုမိုသာလွန် ကောင်းမွန်သည်။ လူတို့သည် လွန်စွာ သက်သောင့်သက်သာရှိသော ဘဝများကို နေထိုင်ကြသည်။ သက်သောင့်သက်သာ နေထိုင်ခြင်းသည် ကောင်းမွန်သည့်အရာဖြစ်သော်ငြား ဘုရားသခင်ကို ယုံကြည်ပြီး သက်သောင့်သက်သာနေထိုင်ကြသူ အများအပြားသည် ဒုက္ခခံစားရန် သို့မဟုတ် အဖိုးအခပေးဆပ်ရန် မဆိုထားလင့် သူ့နောက်လိုက်ရန်ပင် မလိုလားကြပေ။ သူတို့ပိုင်ဆိုင်သမျှကို စွန့်လွှတ်ကာ သူတို့ကိုယ်သူတို့ ဘုရားသခင်အတွက် အသုံးခံဖို့ရာ အလွန် ခက်ခဲသည်။ ဤကား အမှန်တကယ် ဖြစ်ပျက်နေသည့်အရာပင် မဟုတ်လော။ လူတို့သည် သက်သောင့်သက်သာ နေထိုင်သည့်အခါတွင် သူတို့သည် စားရန်၊ သောက်ရန်၊ ပျော်ပါးရန်၊ လူ့ဇာတိကို ပျော်မွေ့ရန်နှင့် အသက်တာကို ပျော်မွေ့ရန်တို့ကို အမြဲတွေးနေကြသည်။ ယင်းသည် ဘုရားသခင်ကို ယုံကြည်ကာ သမ္မာတရားကို လိုက်စားသူတို့အပေါ် သက်ရောက်မှုတစ်စုံတစ်ရာ ရှိသည်။ ထို့ကြောင့် ဤကဲ့သို့ သက်သောင့်သက်သာ ဖြစ်သော လူမှုပတ်ဝန်းကျင်ရှိ လူအများအပြားသည် သူတို့၏ တာဝန်ကို ထမ်းဆောင်လိုပါလျက် ထမ်းဆောင်ရန် ရုန်းကန်နေကြရသည်။ သူတို့သည် ဒုက္ခအနည်းငယ်မျှကိုပင် သည်းညည်းမခံလိုကြ။ ထို့ပြင် သူတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဖြစ်စေ၊ အသင်းတော်အတွက် အမျိုးမျိုးသော အလုပ်တို့ကို လုပ်ဆောင်ရာတွင်ဖြစ်စေ သူတို့သည် ထိထိရောက်ရောက် မလုပ်ဆောင်ကြပေ။ တစ်ခါတစ်ရံတွင် သူတို့၏ အလုပ် တိုးတက်မှုသည် ထိခိုက်ပြီး ယင်းသည် သူတို့၏ လူမှုဝန်းကျင်နှင့် တစ်စုံတစ်ရာ သက်ဆိုင်မှုရှိနေသည်။ ငါတို့ စုဝေးကြတိုင်း သင်တို့သည် ဤနေရာတွင် ထိုင်ကာ ဒေသနာများကို အစအဆုံး နားထောင်နိုင်ကြသည်ကို မြင်ရသည်မှာ ငါ့သည် တို့ထိခြင်းခံရသည်။ တရုတ်ပြည်မကြီးရှိ လူအချို့သည် ပတ်ဝန်းကျင်က နှိမ်သောကြောင့်လည်းကောင်း၊ လူ့အဖွဲ့အစည်းတွင် ဖိနှိပ်ကာ ခွဲခြားဆက်ဆံခံရသောကြောင့်လည်းကောင်း၊ ပြင်းထန်သော နှိပ်ကွပ်ညှဉ်းပန်းမှုကို ခံစားရသောကြောင့်လည်းကောင်း ဘုရားသခင်ကို ယုံကြည်နိုင်ကြသည်။ တစ်ချိန်တည်းတွင်ပင် အချို့လူများသည် မျှတမှုနှင့် ကျိုးကြောင်းဆီလျော်မှု သို့မဟုတ် ဝိညာဉ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့် မှီခိုစရာ တစ်စုံတစ်ရာတို့ကို ရှာဖွေကြရုံသက်သက်ကြောင့် ဘုရားသခင်ကို ယုံကြည်ကြသည်။ အချို့လူများအတွက်မူ သူတို့၏ စိတ်အားထက်သန်မှု၊ ယုံကြည်မှုနှင့် သစ္စာရှိမှုတို့သည် အဆင်းနီသော နဂါးကြီး၏ လူမဆန်သော နှိပ်ကွပ်ညှဉ်းပန်းမှုများ‌အောက်တွင် ပျက်ပြားကုန်ကြသည်။ အချို့သည် တရုတ်ပြည်မကြီးတွင် ဘုရားသခင်ကို ယုံကြည်ရန်မှာ လွန်စွာ ခက်ခဲကာ လူအများအပြားမှာ လိုက်လံဖမ်းဆီးခံရကာ ပုန်းခိုရန် နေရာမရှိသဖြင့် လိုအပ်ချက်ကြောင့် နိုင်ငံရပ်ခြားသို့ မဖြစ်မနေ ထွက်ပြေးကြရသည်။ ယင်းတို့မှာ ထိုသူတို့ နိုင်ငံရပ်ခြားသို့ ထွက်ပြေးရခြင်း အကြောင်းအရင်းများ ဖြစ်သည်။ တရုတ်ပြည်မကြီး၏ ဖိနှိပ်ခံရပြီး ခက်ခဲသော နေထိုင်မှု ဝန်းကျင်နှင့် နှိုင်းစာလျှင် ထိုင်ဝမ်ရှိလူများသည် အလွန်ကံကောင်းကြသည်။ ဤကဲ့သို့ သက်သောင့်သက်သာ ဘဝမျိုးတွင် ဘုရားသခင်ကို ယုံကြည်ကြသူများသည် ဒုက္ခခံစားရန် သို့မဟုတ် ပြန်လည်ပေးဆပ်ရန် မလိုလားကြပေ။ ထို့ပြင် နှိပ်ကွပ်ညှဉ်းပန်းမှု သို့မဟုတ် အတိဒုက္ခနှင့် တွေ့ကြုံရသောအခါတွင် သူတို့သည် သူတို့၏ တာဝန်များကို မထမ်းဆောင်လိုကြတော့ပေ။ အသက်တာသည် ဤမျှ သက်သောင့်သက်သာ ရှိနေချိန်တွင် လူတို့သည် စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းတို့၌သာ ပျော်မွေ့ကြတော့သည်။ သူတို့သည် “မည်သည်ကို စားရမည်နည်း။ မည်သည့်နေရာသို့ ခရီးသွားရမည်နည်း။ မည်သည့် နိုင်ငံသို့ ငါမရောက်ဖူးသေးသနည်း။ လူသားတစ်ယောက်၏ သက်တမ်းသည် ဆယ်စုနှစ် အချို့သာ ကြာမြင့်သည်။ အကယ်၍ ငါသည် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းကို လည်ပတ်ကာ မိမိ၏ အတွေ့အကြုံဗဟုသုတနယ်ပယ်ကို မဖြန့်ကျက်လျှင် အသက်ရှင်နေထိုင်ရသည်မှာ အချည်းနှီးပင် ဖြစ်လိမ့်မည်မဟုတ်လော” ဟူသကဲ့သို့သော အရာများနှင့်သာ အစဉ်အမြဲ စိုးရိမ်ပူပန်နေကြသည်။ ဤကား လူတစ်ယောက်၏ နှလုံးသားသည် အစိုးမရဖြစ်ကာ မထိန်းသိမ်းနိုင် ဖြစ်လာပုံပင် ဖြစ်သည်။ ဤနည်းဤပုံဖြင့် အကြင်သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ့ရှေ့မှောက်တွင် တိတ်တဆိတ် စားသောက်နိုင်မည်လော။ အကြင်သူသည် စုဝေးပွဲများ၌ ဒေသနာများကို အာရုံစိုက် နာကြားနိုင်ဦးမည်လော။ ယင်းသည် ခက်ခဲမည်မှာ အသေအချာပင်။ ထို့ကြောင့် အကြင်သူသည် ဘုရားသခင်ကို ယုံကြည်ရန်၊ သမ္မာတရားကို လိုက်စားရန်နှင့် သူ၏ တာဝန်ကို ထမ်းဆောင်ရန် တွန်းအားပေးခံရသည့်အခါ သူသည် မတရား ဆက်ဆံကာ အနှိမ်ခံရသည်ဟု ခံစားရပြီး အသက်ရှင်နေထိုင်ရသည်မှာ အချည်းနှီးသာ ဖြစ်သည်ဟု ဆက်လက်ခံစားရတော့သည်။ ဤသို့ နေပျော်ဖွယ် ပတ်ဝန်းကျင်သည် လူတို့ကို ပြင်းထန်သော စုံစမ်းသွေးဆောင်ခြင်းနှင့် အတားအဆီး ဖြစ်စေသည် မဟုတ်လော။ ဖြစ်စေသည်။ လူသားတိုင်းသည် လူ့ဇာတိ၏ သက်သာမှုကို တောင့်တကြသည်။ သို့သော် ဘုရားသခင်ကို ယုံကြည်ကာ သမ္မာတရားကို လိုက်စားသူတို့အတွက်မူ သက်သာမှုသည် အသက်၏ တိုးတက်မှုအတွက် ကောင်းသောအရာတစ်ခု သေချာပေါက် ဟုတ်မနေချေ။ လူအများစုသည် အနည်းငယ်မျှ ဒုက္ခခံစားရသည့် အခါတွင် အပျက်သဘောဆောင်ကာ အားနည်းလာကြပြီး စိတ်စွမ်းအား စိုးစိမျှပင် မရှိချေ။ ယင်းကား သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်၏ ရလဒ်ပင် မဟုတ်လော။ တရုတ်ပြည်မကြီးရှိ ညီအစ်ကို မောင်နှမများ ထောင်တွင်းနှိပ်စက်ခံနေရခြင်း၊ အပြစ်ဒဏ် ချမှတ်ခံနေရခြင်းနှင့် အကျဉ်းချ ခံနေရခြင်းတို့ကို ပြသသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုမျိုးစုံ ရှိသည်။ သင်တို့ အားလုံး ယင်းတို့ကို ကြည့်ဖူးကြသလော။ (ကြည့်ဖူးပါသည်။) သင်တို့ ကြည့်ပြီးသည့်နောက်တွင် ထိုသူတို့နှင့်ပတ်သက်၍ မည်သို့ခံစားရသနည်း။ (ဘုရားသခင်။ ကျွန်ုပ် မည်သို့ခံစားရသည်ကို အနည်းအကျဉ်းမျှ ပြောပြလိုသည်။ တရုတ်ပြည်မကြီးရှိ ညီအစ်ကို မောင်နှမများသည် ယင်းသို့ နှိပ်စက်မှုဖြင့် နှိပ်ကွပ်ညှဉ်းပန်းမှုများအားလုံးကို တွေ့ကြုံခံစားရသည်ကို မြင်ရပြီးသည့်နောက် သူတို့ ဘုရားသခင်ကို မည်သို့ ဆုတောင်းနိုင်ကြကြောင်း၊ အားကိုးအားထားပြုနိုင်ကြကြောင်း၊ ပြီးလျှင် ယင်းကဲ့သို့ ခက်ခဲသော ပတ်ဝန်းကျင်တွင် သူတို့၏ ယုံကြည်မှုကို ကိုင်ဆွဲထားနိုင်ကြသေးကြောင်း၊ ဘုရားသခင်၏ ဦးဆောင်မှုအောက်တွင် တစ်ဆင့်ချင်း တွေ့ကြုံခံစားကာ သူတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်၍ ဘုရားသခင်ကို သစ္စာမဖောက်ဘဲ ရှိနေကြကြောင်းတို့ကို မြင်တွေ့ရပြီးသည့်အခါတွင် ကျွန်ုပ်သည် သူတို့တွင် အကျွန်ုပ်တို့ထက် ပိုကဲသော ယုံကြည်မှု၊ ပိုမို ကြီးမားသော ဝိညာဉ်ရင့်သန်မှု ရှိသည်ဟု ခံစားရသည်။ အကယ်၍ အကျွန်ုပ်သာ ထိုသို့သော ပတ်ဝန်းကျင်တွင် ရှိရပါက သူတို့ကဲ့သို့ ခိုင်ခိုင်မာမာ သေချာပေါက် ရပ်တည်နိုင်လိမ့်မည်မဟုတ်။ ဤကား ကျွန်ုပ်ကို ဝိညာဉ်ရင့်သန်မှု၌ အလွန် သေးငယ်သည်ဟု ခံစားရစေပါသည်။) တရုတ်ပြည်မကြီးရှိ ညီအစ်ကိုမောင်နှမများသည် အဆင်းနီသော နဂါးကြီး၏ ရက်စက်သော နှိပ်ကွပ်ညှဉ်းပန်းမှုများ ခံစားရသည့် ပတ်ဝန်းကျင်တွင် ဘုရားသခင်ပေါ်တွင် ယုံကြည်ခြင်း၊ စုဝေးပွဲများတက်ရောက်ခြင်း၊ သူတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတို့ကို မလျှော့တမ်း ဆက်လက်လုပ်ဆောင်နိုင်နေကြသေးသည်။ ဤကား သက်သေခံချက်ပင်။ အင်အားကြီးမားသော သက်သေခံချက်ပင် ဖြစ်သည်။ ယင်းကဲ့သို့ ရန်လိုသော ပတ်ဝန်းကျင်တွင် ၎င်းတို့ ခိုင်မာစွာ ရပ်တည်နိုင်သည်မှာ သက်သေခံချက်ပင် ဖြစ်သည်။ ထို့ကြောင့် ဤသက်သောင့်သက်သာ ပတ်ဝန်းကျင်တွင် ရှိသော သင်တို့သည် ကွဲပြားခြားနားသော သက်သေခံချက် တစ်မျိုးအား မည်ကဲ့သို့ ပေးရမည်ကို ချင့်ချိန်စဉ်းစားသင့်သည်။ ပထမဦးစွာ ဘုရားသခင်က ပေးထားသည့် ဤဘဝနှင့် ဤပတ်ဝန်းကျင်တို့ရှိ အရာတိုင်းကို သင်တို့ ချစ်ခင်မြတ်နိုးသင့်သည်။ အလားတူစွာပင် သင်တို့သည် ဤကဲ့သို့ ပတ်ဝန်းကျင်တွင် သင်တို့၏ သက်သေခံချက်တွင် မည်ကဲ့သို့ ခိုင်ခိုင်မာမာရပ်တည်နိုင်မည်ဖြစ်ကာ ဘုရားသခင်ကို အရှက်မရစေဘဲ အောင်မြင်သောသူများ ဖြစ်လာနိုင်မည်ကို ချင့်ချိန်စဉ်းစားသင့်သည်။ ဒီမိုကရေစီဝါဒခံယူသော နိုင်ငံ တစ်ခုတွင် ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် အစိုးရ၏ နှိပ်စက်မှုများအားဖြင့် နှိမ်နှင်းမှုနှင့် နှိပ်ကွပ်ညှဉ်းပန်းမှုများကို မကြုံတွေ့ရစေကာမူ မိသားစုနှင့် ဆွေမျိုးများ၏ နှိပ်ကွပ်ညှဉ်းပန်းခြင်းကား ရှိနေလိမ့်မည်ဖြစ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားရန်၊ သမ္မာတရား ရရှိရန်နှင့် မိမိတို့၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာရပ်တည်ရန် လိုအပ်သေးသည်။ မည်သည့် ပတ်ဝန်းကျင်တွင် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ သမ္မာတရား ရရှိရန်မှာ လွယ်ကူသော အရာမဟုတ်ပေ။ သင်သည် သမ္မာတရားကို နားလည်ရန်နှင့် စစ်မှန်မှုကို ဝင်ရောက်ရန် ဒုက္ခခံကာ အဖိုးအခပေးဆပ်ရမည်။ ဘုရားသခင်အတွက် သက်သေခံနိုင်ရန် အတွေ့အကြုံ၏ ရှုထောင့်အားလုံးတွင် သမ္မာတရားကို နားလည်ခြင်းကို စွမ်းဆောင်ရရှိရန် လိုအပ်သည်။ ဤသည်မှာ ဧဝံဂေလိတရားနှင့် ဘုရားသခင်၏ နာမတော်တို့ကို ဖြန့်ဝေခြင်းကိုသာ ဆိုလိုသည်မဟုတ်။ ယင်းသည် ဘဝအတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို အဓိကဆိုလိုသည်။ မည်သည့် လူစု သို့မဟုတ် မည်သည့်နိုင်ငံ၏ လူမှုဖွဲ့စည်းပုံစနစ်တွင်မဆို သမ္မာတရားအတိုင်း နေထိုင်လျှင်လည်းကောင်း၊ ရိုးသားသောသူများ ဖြစ်စေရန် ကြိုးစားအားထုတ်လျှင် လည်းကောင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံရန် ကြိုးစားလျှင်လည်းကောင်း လူတို့သည် ခွဲခြားဆက်ဆံခံရမှု၊ အကြဉ်ခံရမှုနှင့် နှိပ်ကွပ်ညှဉ်းပန်း ခံရမှုတို့ ခံရဦးမည်ဖြစ်သည်။ ယင်းမှာ ဒီမိုကရေစီဝါဒ ခံယူသော နိုင်ငံများသည်လည်း ဘုရားသခင်ကို မကျိုးနွံမနာခံသောကြောင့်ဖြစ်သည်။ ဘာသာမဲ့ နိုင်ငံရေးပါတီများသည် အာဏာရယူထားကာ သူတို့သည်လည်း သမ္မာတရားနှင့် ဘုရားသခင်ကို ငြင်းပယ်ကြသည်။ ဤကဲ့သို့ နိုင်ငံတစ်ခုတွင် ဘုရားသခင်ကို ယုံကြည်ခြင်းသည်နှိပ်ကွပ်ညှဉ်းပန်းခြင်း သို့မဟုတ် အတိဒုက္ခတို့ မရှိသော်ငြား ဧဝံဂေလိတရားကို ဖြန့်ဝေကာ ဘုရားသခင်အတွက် သက်သေခံလိုလျှင် အချို့သော ကန့်သတ်ချက်များသာမက ခွဲခြားဆက်ဆံခံရမှုများ၊ အသရေဖျက်မှုများ၊ စီရင်ခံရမှုများနှင့် ရှုတ်ချခံရမှုများ ရှိနေဦးမည်ဖြစ်သည်။ ဤအရာအားလုံးသည် အမှန်ပေတည်း။ ဤအရာများကို သင် ရှင်းရှင်းလင်းလင်း နားမလည်နိုင်လေလျှင် သင်သည် သမ္မာတရားကို နားလည်သူတစ်ယောက် မဟုတ်။ မည်သည့်နိုင်ငံတွင်မဆို ခရစ်တော်ကို လက်ခံခြင်းနှင့် နောက်လိုက်ခြင်းတို့နှင့်အတူ နှိပ်ကွပ်ညှဉ်းပန်းခြင်းနှင့် အတိဒုက္ခတို့သည် အတိုင်းအတာတစ်ခုအထိ အတူယှဉ်တွဲပါလာမည် ဖြစ်သည်။ သင်သည် အစဉ်အမြဲ သတိဖြင့် လုပ်ဆောင်ကာ ဘုရားသခင်ကို ဆုတောင်းကာ ကိုးစားရန် လိုအပ်သည်။ ထို့ပြင် သင့်တွင် ဉာဏ်ပညာနှင့် အသိဉာဏ်တို့လည်း ရှိရပေမည်။ မည်သည့် နိုင်ငံနှင့် လူမှုပတ်ဝန်းကျင်တွင် သင်ရှိနေသည်ဖြစ်စေ ယင်းတို့ အားလုံးတွင် ဘုရားသခင်က သင့်အတွက် ခင်းကျင်းစီစဉ်ထားသည့် သင့်လျော်သော ပတ်ဝန်းကျင်တစ်ခုရှိသည်။ ယင်းမှာ အကြင်လူသည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိဟူသည့်အပေါ်၌သာ မူတည်သည်။ သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်သည် လူတို့အတွက် စုံစမ်းသွေးဆောင်ခြင်းတို့ ဖြစ်စေသည်။ တစ်ချိန်တည်းမှာပင် နှိပ်စက်ခြင်းဖြင့် နှိပ်ကွပ်ညှဉ်းပန်းခြင်းသည်လည်း စုံစမ်းသွေးဆောင်ခြင်းနှင့် စမ်းသပ်မှုတို့ ဖြစ်စေသေးသည်။ သို့ဆိုလျှင် သက်သောင့်သက်သာ ရှိသော ပတ်ဝန်းကျင်တွင် စမ်းသပ်မှုများရှိသလော။ ဘုရားသခင်၏ စမ်းသပ်မှုများရှိသေးသည်။ ဘုရားသခင်သည် ဤသို့ သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်ကို သင့်အတွက် စီစဉ်ထားပြီးဖြစ်ကာ အရာအားလုံးသည် သင်က ယင်းကို မည်သို့ တွေ့ကြုံခံစားသည်ဆိုသည့်အပေါ်တွင် မူတည်သည်။ သင်သည် စာတန်၏ ထောင်ချောက်များနှင့် စာတန်၏ စုံစမ်းသွေးဆောင်မှုများအားဖြင့် လုံးလုံး ပိတ်မိလေမည်လော သို့မဟုတ် သင်သည် ၎င်းတို့ကို အဘက်ဘက်တွင် အောင်မြင်ကာ သင်၏ သစ္စာရှိမှုနှင့် တာဝန်တို့တွင် မဆုတ်မနစ်ဘဲ ဘုရားသခင်အပေါ် သက်သေခံမည်လောဟူသည့်အပေါ်တွင် မူတည်သည်။ ယင်းတို့အားလုံးသည် သင်မည်သို့ တွေ့ကြုံခံစားသည်နှင့် မည်သည့်ရွေးချယ်မှုကို သင်ပြုလုပ်သည်တို့ အပေါ်မူတည်သည်။ ပြည်မကြီးတရုတ် ညီအစ်ကို မောင်နှမများတွင် အနည်းငယ် ပိုကြမ်းတမ်းသည့် ပတ်ဝန်းကျင်တစ်ခု ရှိကြသည်။ ပြီးလျှင် ဘုရားသခင်သည် သူတို့ကို အနည်းငယ်ပိုမိုလေးလံသည့် ဝန်တစ်ခုကို ပေးထားကာ သူတို့အတွက် ခင်းကျင်းထားသည့် ပတ်ဝန်းကျင်သည် အနည်းငယ် ပိုမိုကြမ်းတမ်းသည်။ သို့သော် သူသည် ၎င်းတို့ကို ပိုပေးထားသည်လည်း ရှိသေးသည်။ ဘုရားသခင် ချမှတ်ပေးသည့် ပတ်ဝန်းကျင်သည် ပိုမို ကြမ်းတမ်းကာ စမ်းသပ်မှုများသည် ပိုမို ကြီးမားလေလေ လူတို့က ပိုမို ရရှိကြလေလေဖြစ်သည်။ သို့သော် သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင်လည်း လူတို့သည် စုံစမ်းသွေးဆောင်ခြင်းနှင့် စမ်းသပ်မှုတို့ကို နေရာတိုင်းတွင် တွေ့ကြုံရကာ ဘုရားသခင်က သင့်ကိုလည်း များစွာပေးထားသေးသည်။ သင်စုံစမ်းသွေးဆောင်မှုကို ကြုံရလေတိုင်း အောင်မြင်နိုင်လေလျှင် သင်ရရှိသည်မှာ နှိပ်စက်ခြင်းဖြင့် နှိပ်ကွပ်ညှဉ်းပန်းမှုကို ခံရသော သင်၏ ညီအစ်ကို မောင်နှမများထက် နည်းနည်းမျှ လျော့လိမ့်မည်မဟုတ်။ ယင်းသည်လည်း အောင်မြင်ကျော်လွှားနိုင်ရန်အတွက် သမ္မာတရားလိုက်စားခြင်းနှင့် ဝိညာဉ်ရင့်သန်မှုရှိခြင်းတို့ကို လိုအပ်သေးသည်။ ဥပမာ သင့်မိသားစုနှင့် အတူရှိရခြင်း၊ ကောင်းမွန်စွာ စားသောက်ရခြင်း၊ ဖျော်ဖြေရေးနှင့် ပျော်ရွှင်မှု၊ ထို့ပြင် လူ့ဇာတိကို ဇိမ်ခံရစေကာ စာရိတ္တပျက်ပြားခြင်းကို ဖြစ်စေသော အချို့လူမှုရေး ရေပန်းစားမှုများကဲ့သို့ အရာများအားလုံးတို့သည် သင့်အတွက် စုံစမ်းသွေးဆောင်မှုများ ဖြစ်ကြသည်။ သင်သည် ဤစုံစမ်းသွေးဆောင်မှုများနှင့် ကြုံရသည့်အခါ ယင်းတို့သည် သင်၏အာရုံကိုသာ ဖမ်းစားမည်မဟုတ်ဘဲ သင့်ကို နှောင့်ယှက်ကာ မြှူဆွယ်လိမ့်ဦးမည် ဖြစ်သည်။ သင်သည် လောကီ အရာများနှင့် ရေပန်းစားမှုများနောက် လိုက်သောအခိုက်သည် စာတန်၏ စုံစမ်းသွေးဆောင်မှုများ ဖြစ်ပေါ်သည့်အချိန်ဖြစ်သည်။ သို့မဟုတ် ဘုရားသခင်၏ စမ်းသပ်မှုများ ပေါ်ပေါက်မည့်အချိန်ဟုလည်း ခေါ်နိုင်ပေသည်။ သင်သည် ဤစုံစမ်းသွေးဆောင်မှုများနှင့် စမ်းသပ်မှုများကို မည်သို့ တုံ့ပြန်ရမည်ကို ရွေးချယ်ဖို့ လိုအပ်လိမ့်မည်ဖြစ်ပြီး ယင်းသည် ဘုရားသခင်က လူတို့ကို စမ်းသပ်ကာ ၎င်းတို့သည် မည်သူများ ဖြစ်ကြသည်ကို ပြသသည့် အခိုက်ဖြစ်သည်။ ယင်းသည် ဘုရားသခင်က သင့်ကို ပြောထားသည့်အရာများနှင့် သင်နားလည်ထားသော သမ္မာတရားတို့ သက်ရောက်မှု ရှိလောက်သည့် အခိုက်ပင်ဖြစ်သည်။ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ယောက်ဖြစ်ကာ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် စစ်မှန်သော ယုံကြည်မှုရှိလေလျှင် သင်သည် ဤစုံစမ်းသွေးဆောင်မှုများကို အောင်မြင်ကျော်လွှားနိုင်မည် ဖြစ်ကာ ဘုရားသခင်က သင့်အတွက် ခင်းကျင်းထားသည့် စမ်းသပ်မှုများတွင် ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်မည် ဖြစ်သည်။ အကယ်၍ သမ္မာတရားကို ချစ်မြတ်နိုးရမည့်အစား သင်သည် လောကီကို ခုံမင်နှစ်သက်လေလျှင်လည်းကောင်း၊ ရေပန်းစားမှုများကို ခုံမင်နှစ်သက်လေလျှင်လည်းကောင်း၊ ဇိမ်ခံမှုကို အာသာပြင်းပြခြင်းနှင့် လူ့ဇာတိကို စိတ်ဖြည့်ဆည်းတို့အား ခုံမင်နှစ်သက်လျှင်လည်းကောင်း သင်သည် အနှစ်မဲ့သော အသက်တာကို ခုံမင်နှစ်သက်လေလျှင်လည်းကောင်း သင်သည် ဤလောကီအရာများ နောက်သို့ လိုက်ပေလိမ့်မည်။ သင်သည် ယင်းတို့အတွက် သဘောကျခြင်းခံစားရပြီး ယင်းတို့၏ ဆွဲဆောင်မှုကိုခံရကာ ယင်းတို့ကို စိတ်စွဲနေမည် ဖြစ်သည်။ သင်၏နှလုံးသားသည် ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် စိတ်ဝင်စားမှု နည်းနည်းချင်းစီ လျော့ကျလာကာ သင်သည် သမ္မာတရားအပေါ် စိတ်ကုန်လာလိမ့်မည်။ ထို့နောက်တွင် စုံစမ်သွေးဆောင်မှုများအကြား၌ စာတန်သည် သင့်ကိုဖမ်းယူသွားလိမ့်မည်။ ဤသို့ စမ်းသပ်မှုတွင် သင်သည် သင်၏ သက်သေခံချက်ကို ဆုံးရှုံးပြီးဖြစ်လိမ့်မည်။ ဒေသနာများစွာ ကြားနာထားပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသော်လည်း အတွင်းတွင် အနှစ်မဲ့သလို ခံစားနေကြရသူ များစွာရှိလေသည်။ သူတို့သည် ပေါ့ပ်အဆိုတော်များနှင့် ကျော်ကြားသူများ နောက်သို့လိုက်ခြင်း၊ ရေပန်းစားမှုများအတိုင်း ခေတ်မီအောင်နေခြင်း၊ ဖျော်ဖြေရေး အစီအစဉ်များကို တီဗွီပေါ်တွင် ကြည့်ရှုခြင်းနှင့် ညပျော်လူများ ဖြစ်လာလေသည်အထိ ရုပ်သံဇာတ်လမ်းတွဲများကို တစ်ဆက်တည်း ကြည့်ရှုခြင်းတို့ကို ခုံမင်နှစ်သက်နေသေးသည်။ အချို့ လူငယ်များသည် ဗီဒီယိုဂိမ်းများပင် ကစားကြသေးသည်။ အနှစ်ချုပ်ရလေလျှင် သူတို့သည် မည်သည့်အဖိုးအခကို မဆို ပေးဆပ်ရန် နောက်မတွန့်ဘဲ ယင်းရေပန်းစားသောအရာများကို အရူးအမူး လိုက်စားနေကြသည်။ ထို့ပြင် သူတို့ အဘယ်ကြောင့် ဤသည်တို့ကို လုပ်ဆောင်ကြသနည်း။ ယင်းမှာ သူတို့ သမ္မာတရားကို မရရှိသေးသောကြောင့်ပင်ဖြစ်သည်။ သမ္မာတရားကို မရရှိသေးသူတို့တွင် ခံစားချက်တစ်ခု ရှိသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သူ့ကို မယုံကြည်ခြင်းတို့တွင် များစွာသော ခြားနားချက် ရှိလေသည်ဟု မမြင်မှတ်ခြင်းပင်ဖြစ်သည်။ သူတို့၏ စိတ်နှလုံးများတွင် အနှစ်မဲ့ကာ သူတို့၏ အသက်တွင် အဓိပ္ပာယ်မရှိဟု ခံစားနေရသေးသည်။ အကယ်၍ သူတို့သည် ရေပန်းစားမှုများ‌နောက်သို့ လိုက်လေလျှင် သူတို့၏ အသက်တာသည် ပို၍ ပြည့်စုံသည်ဟုလည်းကောင်း၊ ၎င်းတို့၏ ဘဝတွင် အနည်းငယ်ပို၍ ထူးကဲကြွယ်ဝမှု ရှိသည်ဟုလည်းကောင်း၊ နေ့စဉ်ဘဝတွင် အနည်းငယ် ပိုပျော်ရွှင်ရသည်ဟုလည်းကောင်း ခံစားရလေသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ရေပန်းစားမှုများ နောက်သို့မလိုက်လေလျှင် သူတို့၏ အသက်တာသည် အဓိပ္ပာယ်မဲ့ပြီး အနှစ်မဲ့သည်ဟု ခံစားနေရသေးသည်။ ယင်းမှာ သူတို့ သမ္မာတရားကို မချစ်မြတ်နိုးသောကြောင့်ပင်။ ထိုသူတို့သည် သမ္မာတရားကို စိုးစဉ်းမျှပင် နားမလည်ဘဲ သမ္မာတရား စစ်မှန်မှုလည်း မရှိသဖြင့် သူတို့သည် ရေပန်းစားမှုများ နောက်သို့ မလိုက်ဘဲ မနေနိုင်ဟုပင် သင် ယုံကြည်စိတ်ချစွာ ဆိုနိုင်ပေသေးသည်။ အချို့လူများသည် သမ္မာတရားကို မည်သည့်အခါကမျှ မလိုက်စားဖူးဘဲ သူတို့၏ တာဝန်များကို ထမ်းဆောင်လျှင်ပင် အသားမကျဖြစ်နေသည်။ သူတို့သည် စုံစမ်းသွေးဆောင်မှုများကြုံရလေလျှင် ခိုင်ခိုင်မာမာ မရပ်တည်နိုင်ဘဲ နောက်ဆုံးတွင် အရှုံးပေးရလေတော့သည်။ အချို့လူများသည် သူတို့၏ တာဝန်များကို စတင်ထမ်းဆောင်စဉ်တွင် အတော်အတန် စိတ်အားတက်ကြွကာ စိတ်ပိုင်းဖြတ်ချက် ရှိကြသော်လည်း စုံစမ်းသွေးဆောင်မှုများ ကြုံရချိန်တွင်မူ ဆက်လက် မထမ်းဆောင်ချင်ကြတော့ဘဲ သတိလက်လွတ်နှင့် ဝတ်ကျေတန်းကျေ ဖြစ်လာကာ ဆက်ကပ်အပ်နှံခြင်း ကင်းမဲ့လာတော့သည်။ ယင်းတွင် သက်သေခံချက်မရှိ။ အကယ်၍ သူတို့သည် စုံစမ်းသွေးဆောင်မှု ကြုံရသည်နှင့် သူတို့၏ တာဝန်များကို လက်လွှတ်နိုင်ကာ သူတို့ အလိုရှိသည်ကို ရွေးချယ်ကြလေလျှင် သူတို့တွင် သက်သေခံချက်မရှိ။ အကယ်၍ နောက်ထပ် စုံစမ်းသွေးဆောင်ခြင်း ရောက်လာလေလျှင် သူတို့သည် ဘုရားသခင်ကို ငြင်းပယ်ကာ လောကီရေပန်းစားမှုများနောက် လိုက်ပြီး အသင်းတော်မှ စွန့်ခွာနိုင်သည်။ သို့မဟုတ် နောက်ထပ် စုံစမ်းသွေးဆောင်ခြင်း ရောက်လာပါက သူတို့သည် ဘုရားသခင်ကို စတင်၍ သံသယဝင်လာကာ သူတည်ရှိသည်၊ မရှိသည်ကိုပင် မသေချာတော့ဘဲ သူတို့သည် လူဝံများမှ ဆင့်ကဲပြောင်းလဲ လာသည်ဟုပင် ယုံကြည်လာကြမည်။ ထိုလူများသည် စာတန်၏ ဖမ်းဆီးခြင်းကို အလုံးစုံ ခံလိုက်ရပြီဖြစ်သည်။ ဤစုံစမ်းသွေးဆောင်ခြင်းများတွင် ပိတ်မိသွားကာ ဘုရားသခင်ထံတွင် ဆုမတောင်းပေ၊ သို့မဟုတ် သမ္မာတရားကို မဖွေရှာတော့ပေ။ သူတို့သည် ၎င်းတို့ လူ့ဇာတိ၏ ကြမ္မာကိုသာ တွေးတောလျက် ရလဒ်အနေဖြင့် သူတို့၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာရပ်တည်ရန် ပျက်ကွက်လေသည်။ တစ်ဆင့်ပြီးတစ်ဆင့် သူတို့သည် ငရဲနှင့် သေခြင်း၏ ချောက်နက်ကြီးထဲသို့ စာတန်က ဆွဲခေါ်သွားခြင်း ခံရလေတော့သည်။ ဘုရားသခင်သည် ဤလူကို စာတန်သို့ ပေးအပ်လိုက်ပြီး သူ့အတွက် ကယ်တင်ခံရခြင်း အခွင့်အရေးမရှိတော့ပေ။ သမ္မာတရားလိုက်စားခြင်းသည် အရေးမကြီးသလော ငါ့ကို ပြောလော့။ (အရေးကြီးပါသည်။) သမ္မာတရားသည် အလွန်အရေးကြီးသည်။ သမ္မာတရားသည် မည်သည့် လုပ်ငန်းဆောင်တာကို ထမ်းဆောင်နိုင်သနည်း။ အနည်းဆုံးအနေဖြင့် စုံစမ်းသွေးဆောင်ခြင်း သင်ကြုံရသည့်အခါတွင် ၎င်းသည် စာတန်၏ အကြံအစည်များကို ထွင်းဖောက်မြင်နိုင်စေကာ သင်မည်သည်ကို လုပ်သင့်သည်၊ မည်သည်ကို မလုပ်သင့်ကြောင်းနှင့် သင်မည်သည်ကို ရွေးချယ်သင့်သည်ကို သိစေရန် အထောက်အကူပြုနိုင်သည်။ အနည်းဆုံးအနေဖြင့် ယင်းသည် သင့်ကို ဤသည်တို့အား သိအောင် လုပ်လိမ့်မည်။ အရေးအကြီးဆုံးမှာကား သမ္မာတရားသည် သင့်ကို စုံစမ်းသွေးဆောင်မှု၌ ခိုင်ခိုင်မာမာ ရပ်တည်စေနိုင်ဖို့ အထောက်အကူပြုမည် ဖြစ်သည်။ ဘုရားသခင်က သင့်ကို ပေးထားသည့် တာဝန်ကို ကိုင်စွဲထားကာ ထိုတာဝန်ကို သစ္စာရှိပြီး စာတန်ကို ငြင်းပယ်နိုင်ချိန်တွင် သင်သည် ခိုင်ခိုင်မာမာ၊ စွဲစွဲမြဲမြဲ၊ မယိမ်းမယိုင် ရပ်တည်နိုင်လိမ့်မည်။ သင်သည် စမ်းသပ်မှုများအကြား၌ ယောဘကဲ့သို့ပင် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည်။ ဤကားလူတို့ အနည်းဆုံးအနေဖြင့် ရရှိသင့်သည့်အရာပင် ဖြစ်သည်။

ကောက်နုတ်ချက် (၈၈)

၎င်းတို့၏ အသက်များဖြစ်လာနိုင်ရန်အလို့ငှာ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများအား မည်သူတို့ကို ပေးရန် ရည်ရွယ်ထားသနည်း။ မည်သူ့အတွက် သမ္မာတရားကို မိတ်သဟာယပြုနေခြင်း ဖြစ်သနည်း။ (သမ္မာတရားကို ချစ်ပြီး လက်ခံနိုင်သော သူတို့အတွက်ဖြစ်သည်။) သမ္မာတရားကို အမှန်တကယ် ချစ်နိုင်ပြီး မိမိတို့ စိတ်နှလုံးများတွင် သမ္မာတရားကို လက်ခံနိုင်သည့်သူများမှာ အဘယ်သူနည်း။ ဤမေးခွန်းကို သင် ရိပ်စားနိုင်ပါက မည်သည့်လူစားမျိုးက ဘုရားသခင်၏ ကယ်တင်ခြင်းခံရသည်ကို သင် သိလိမ့်မည်။ ပထမဦးစွာ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားသည် လူ့သဘာဝ၊ ဆင်ခြင်တုံတရား၊ အပြုသဘောဆောင်သော အရာများကို ချစ်ခြင်းနှင့် မိမိတို့ အသိစိတ်နှင့်ဆိုင်သည့် အသိတို့ကို ပိုင်ဆိုင်သူများအတွက် ရည်ရွယ်ထားကြောင်းကို ငါတို့ နားလည်ရပေမည်။ အခြားလူတို့သည် သမ္မာတရားကို မချစ်ကြသကဲ့သို့ ထိုသမ္မာတရားကို ကြားပြီးနောက်တွင် မိမိတို့ကိုယ်ကို ပြစ်တင်ဆုံးမခြင်း သို့မဟုတ် မည်သည့်အရာမျှ ခံစားခြင်းမရှိဘဲ ၎င်းတို့ ဂရုမစိုက်သကဲ့သို့ မတုန်မလှုပ်ဘဲ ရှိနေသည်။ ၎င်းတို့ အသက်ရှင်သော်လည်း သေနေကြပြီး အသက်ဝင်ရောက်မှု မရရှိရန် ကံစီမံထားပေသည်။ လူအချို့က “လူအများစုက သမ္မာတရားကို မချစ်ကြသော်လည်း၊ ကောင်းမွန်သည့် လူ့သဘာဝ မပိုင်ဆိုင်ကြသကဲ့သို့ သို့မဟုတ် သမ္မာတရားကို လက်မခံကြသကဲ့သို့ ကယ်တင်ခြင်း ခံရမည့်သူများ မဟုတ်ဘဲ ထိုအစား အစေခံသူများသာ ဖြစ်ကြသော်လည်း ဘုရားသခင်သည် အဘယ်ကြောင့် နှုတ်ကပတ်တော်များစွာ ပြောဆိုရန် အလွန်များသည့် ဆင်းရဲဒုက္ခကို ကျော်ဖြတ်ရသနည်း”ဟု မေးကြလိမ့်မည်။ ဤသည်မှာ မှန်ကန်သလော။ (မမှန်ပါ။ လူအများစုက သမ္မာတရားကို လိုက်စားရန် လိုလားနေခြင်း မရှိကြသော်လည်း သေးငယ်သည့် လူစုတစ်စုသည် ထိုသမ္မာတရားကို လိုက်စားရန် လိုလားနေဆဲ ဖြစ်ပြီး ၎င်းတို့တွင် လူ့သဘာဝအချို့ ရှိကြကာ ဘုရားသခင် ကယ်တင်လိုသည်မှာ ဤသေးငယ်သည့် အုပ်စုဖြစ်သည်။) မှန်၏။ ဘုရားနှုတ်ကပတ်တော်များက လူတို့ နားထောင်ရန်ဖြစ်သည်၊ သားရဲတိရစ္ဆာန်များ၊ သို့မဟုတ် နတ်ဆိုးများ နားထောင်ရန် မဟုတ်။ အသင်းတော်အတွင်းတွင် လူသုံးပုံတစ်ပုံ သို့မဟုတ် ငါးပုံတစ်ပုံက သမ္မာတရားကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ မည်သို့ပင်ဆိုပါစေ အဆုံးတွင် ကျန်ရှိမည့်သူများမှာ လူနည်းစု ဖြစ်သည်။ ထို့ကြောင့် အဘယ်သူသည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်သူတစ်ဦးဖြစ်ပြီး အဘယ်သူက ကျန်ရှိနိုင်သည်ဆိုသည်ကို ငါတို့ မည်သို့ အကဲဖြတ်သင့်သနည်း။ လူတစ်ဦးက အသိစိတ်ရှိသလော၊ ၎င်းတို၏ အသိစိတ်က ဘုရားနှုတ်ကပတ်တော်များကို နားထောင်ခြင်းမှတစ်ဆင့် အသိအချို့ ရရှိခြင်း ရှိမရှိ၊ ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့ နားလည်နိုင်ခြင်း ရှိမရှိ၊ တရားဒေသနာများကို နားထောင်ခြင်းမှတစ်ဆင့် သမ္မာတရားကို ၎င်းတို့ နားလည်နိုင်ကာ ထိုသမ္မာတရားကို နားလည်နိုင်သည်နှင့်တစ်ပြိုင်နက် လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်နှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ပြောင်းလဲနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ငါတို့ အကဲဖြတ်၍ရနိုင်သည်။ ဤအရာများအပေါ် အခြေခံ၍ ၎င်းတို့က သမ္မာတရားကို လက်ခံသောလူများနှင့် ဘုရားသခင်၏ သိုးများဖြစ်သလောဆိုသည်ကို ငါတို့ ပိုင်းခြားသိမြင်နိုင်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကို နားထောင်နိုင်ကြသည်၊ သူ၏ အသံကို ကြားပြီးနောက်တွင် တုံ့ပြန်ကာ အသိရှိကြပြီး ဘုရားသခင်နောက် လိုက်ရန် လိုလားနေကြသည်။ ဤလူများသည် ဘုရားသခင်၏ သိုးများ ဖြစ်ကြ၏။ ဤလူများသည် ၎င်းတို့၏ လူ့သဘာဝတွင် မည်သည့်အရာ ပိုင်ဆိုင်ကြသနည်း။ (ဤလူများက အပြုသဘောဆောင်သည့် အရာများကို နှစ်သက်ကြသည်၊ သမ္မာတရားကို လိုက်စားရန် လိုလားနေကြပြီး အသိစိတ်အချို့ ရှိကြသည်။) ၎င်းတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရန် လိုလားနေကြသနည်း။ ၎င်းတို့၏ လူ့သဘာဝတွင် သမ္မာတရားအတွက် ချစ်ခြင်း၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပါဝင်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကိုလည်း နားလည်နိုင်ကြကာ ထိုနှုတ်ကပတ်တော်များကို မိမိတို့ကိုယ်ပိုင် အခြေအနေများတွင် အသုံးပြုနိုင်ကြပြီးနောက် ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏ နေ့စဉ်အစိတ်အပိုင်းအဖြစ်၊ မိမိတို့၏ အသက်များနှင့် မိမိတို့ အပြုအမူ၏ ရည်မှန်းချက်၊ စည်းမျဉ်းနှင့် အခြေခံအုတ်မြစ်အပြင် ၎င်းတို့ ကျင့်ကြံပြုမူပုံအဖြစ်သို့ ပြောင်းလဲနိုင်ကြသည်။ ဆိုလိုသည်မှာ ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့ ဘဝများ၏ လက်တွေ့အရှိတရားဖြစ်လာပြီး ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ကြပေသည်။ ဤလူများသည် ဘုရားသခင်၏ သိုးများဖြစ်ကြ၏။ အပြင်ပန်းတွင် အကြည့်ရ မဆိုးသကဲ့သို့ အတော် မာယာကင်းသည့် လူအချို့ ရှိကြသော်လည်း ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီးသည့်နောက်တွင် လက်တွေ့ မလုပ်ဆောင်နိုင်ကြပေ။ ဤလူများသည် ဘုရားသခင်၏ သိုးများ မဟုတ်ကြပေ။ အစေခံသူများထဲတွင် ဘုရားနှုတ်ကပတ်တော်များကို မည်သို့နားထောင်သည်ဖြစ်စေ နားမလည်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို သာ၍ပင် လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိသည့် ထိုသို့သော လူများစွာ ရှိကြ၏။ ၎င်းတို့သည် အသက် ရရှိခြင်းမရှိဘဲ ဘုရားသခင်ကို နှစ်ချီ ယုံကြည်နိုင်ကြသည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များဖြင့် မည်သူ အတိအကျ ကယ်တင်ခံရနိုင်သည်ကို လူတို့ နားလည်သင့်သည်။ ဘုရားသခင် ကယ်တင်သည့် လူများနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ မည်မျှရှိသည်မှာ အရေးမကြီးပေ။ တစ်ဦးကသာ ဘုရားနှုတ်ကပတ်တော်များကို နားလည်နိုင်လျှင်ပင် လုပ်သင့်သည့်အလုပ်ကို ဘုရားသခင် လုပ်ဆောင်လိမ့်ဦးမည် ဖြစ်သည်။ လူအများ သိထားကြသည့်အတိုင်း နောဧက သင်္ဘောကို ဆောက်ခဲ့ချိန်တွင် လူရှစ်ဦးသာ ကယ်တင်ခြင်းခံခဲ့ရသည်။ ဓမ္မဟောင်းခေတ်မှသည် မျက်မှောက်အထိ အနည်းငယ်သာ ကယ်တင်ခြင်းခံရပြီး ဖြစ်သည်။ ဘုရားသခင်က ကယ်တင်ခြင်းအမှုကို တရားဝင် မလုပ်ဆောင်သေးသကဲ့သို့ လူသားမျိုးနွယ်ကို သမ္မာတရားဖြင့် မထောက်ပံ့သေးသည့် ပညတ်တော်ခေတ်တွင် လူမည်မျှကို ဘုရားသခင် လက်ခံခဲ့ပါသနည်း။ များစွာရှိခဲ့သလော။ ထိုအချိန်အတောအတွင်းတွင် ဘုရားသခင်၏ လက်ခံမှုကို ရရှိခဲ့သည့်လူများ အလွန် နည်းပါးခဲ့သည်။ နောက်ဆုံးသော ကာလ၏ အမှုတော်ကကော အဘယ်သို့နည်း။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့် သမ္မာတရားကို လက်ခံနိုင်သည့် လူအရေအတွက်က အနည်းစုသာ ဖြစ်သော်လည်း ဤအရေအတွက်က ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်၏ ရယူခြင်းခံခဲ့ရသူများထက် များပြားနေဆဲ ဖြစ်သည်။ ယခုတွင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပေးနိုင်သည့်လူများမှာ အတော်နည်းပါးပြီး မိမိတို့၏ စိတ်သဘောထားများကို ပြောင်းလဲပြီးဖြစ်သောသူအချို့ ဧကန်အမှန် ရှိသောကြောင့် ဘုရားသခင်၏ စိတ်နှလုံးသည် ဤအရာမှ နှစ်သိမ့်မှုအချို့ အဘယ်သို့များ မရဘဲရှိနိုင်မည်နည်း။

အသင်းတော်ရှိ လူအများစုသည် ဘုရားသခင်ကို နှစ်အတော်ကြာ ယုံကြည်ပြီးဖြစ်သည့်တိုင် သမ္မာတရားကို မလိုက်စားကြောင်း၊ လုံးဝ မပြောင်းလဲသေးကြောင်းနှင့် မယုံကြည်သူများကဲ့သို့ ဖြစ်နေဆဲဖြစ်ကြောင်း မြင်ရသည့်အခါ သင်တို့ အပျက်သဘောဆောင်ကြသလော။ (တစ်ခါတရံ ကျွန်ုပ် အနည်းငယ် အပျက်သဘောဆောင်သော်လည်း တစ်စုံတစ်ဦးက မည်မျှ ပုန်ကန်တတ်သည်ဖြစ်စေ၊ သူ၏ အစွမ်းအစ မည်မျှညံ့ဖျင်းသည်ဖြစ်စေ၊ သူ၏ စိတ်နှလုံး မှန်ကန်ပြီး သမ္မာတရား လိုက်စားရာတွင် ကြိုးပမ်းရန် လိုလားနေသရွေ့ ဘုရားသခင်က သမ္မာတရားကို နည်းနည်းချင်း ရှင်းလင်းလွယ်ကူစေကာ အသေးစိတ်နိုင်သမျှ စိတ်၍ သူတို့ကို မိတ်သဟာယပြုရင်း အကြီးမားဆုံး သည်းခံခြင်းဖြင့် သူတို့အပေါ် ဆက်လက်၍ အမှုပြုလိမ့်မည် ဖြစ်သည်။ ဘုရားသခင်က အောင်မြင်သည်အထိ လုံးဝ လက်မလျှော့ဘဲ လူသားမျိုးနွယ်ကို စုံလင်စေဖို့ မည်မျှ ပေးဆပ်သည်ကို မြင်သည့်အခါ ကျွန်ုပ် အလွန်အမင်း တို့ထိခံရသည်။ ကျွန်ုပ်၏ အစွမ်းအစ မည်မျှညံ့ဖျင်းသည်ဖြစ်စေ၊ ပိုကောင်းအောင် ကျွန်ုပ် ကြိုးစားရမည်၊ ကျွန်ုပ်၏ လိုက်စားမှုတွင် လုံ့လရှိရမည်ဖြစ်ပြီး စိတ်ပျက်အားလျော့၍ မရဟု ခံစားရပါသည်။) လူတို့တွင် ညံ့ဖျင်းသည့် အစွမ်းအစ ရှိသည်မှာ သို့မဟုတ် ပုန်ကန်တတ်သည်မှာ သိထားကြသည့် အမှန်တရားတစ်ခု ဖြစ်သော်လည်း ဤအရာကြောင့် သင်ကယ်တင်ခံရမည် မဟုတ်ဟု ဘုရားသခင်က မည်သည့်အခါတွင်မျှ မပြောခဲ့ပေ။ သူက သင့်ကို ကယ်တင်မည် မဟုတ်ပါက အဘယ်ကြောင့် ဤစကားများကို သင့်ထံ သူ ပြောဆိုသနည်း သို့မဟုတ် ထိုသို့သော အဖိုးအခတစ်ခု ပေးသနည်း။ ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် ဘုရားသခင်၏ အလိုတော်ကို လူသားမျိုးနွယ်ထံ ရှင်းလင်းစွာ ပြောဆိုထားနှင့်ပြီးဖြစ်ကာ တိကျပြတ်သားစွာ သိရှိစေပြီး ဖြစ်သည်။ ထိုအရာသည် လျှို့ဝှက်ချက်မဟုတ်ဘဲ သိထားသည့်အရာဖြစ်ကာ စိတ်နှလုံးနှင့် ဝိညာဉ်ရှိသောသူ မည်သူမဆို နားလည်နိုင်သည်။ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သည့် မိုက်မဲသူများသာ အပျက်သဘောဆောင်နိုင်ပြီး သမ္မာတရားကို နားမလည်သူများသာ ကယ်တင်ခံရနိုင်စွမ်း မရှိကြောင်း မိမိတို့ကိုယ်ကို ယုံကြည်လျက် စိတ်ပျက်ကာ တုန်လှုပ်ချောက်ချားကြလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သည့် အရေးအကြီးဆုံးသော အရာမှာ သူ ပြောဆိုသည့် ဤစကားများနှင့် သမ္မာတရားများအားလုံးကို သင် ယုံကြည်ရမည်ဖြစ်သည်။ သင့်ထံတွင် သန္နိဌာန်ရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သရွေ့ ထိုသမ္မာတရားများက သင်၏ အသက်ဖြစ်လာနိုင်သည်။ သင်၏ ဘဝက အဆုံးတွင် မည်မျှ ရင့်ကျက်သည်မှာ အရေးမကြီးပေ၊ ဘုရားနှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားကို တမင် ချိုးဖောက်ခြင်းမရှိဘဲ အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ လက်တွေ့လုပ်ဆောင်သရွေ့၊ သင် နားလည်သမျှ လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားအတွက် ကြိုးပမ်းကာ သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းရှိသမျှဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်သရွေ့ ဤသည်မှာ စံမီပေသည်။ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ မမြင့်မားပေ။ ဘုရားသခင် မိတ်သဟာယပြုသည့် သမ္မာတရားများမှာ ပြည့်စုံပြီး သူ၏ နှုတ်ကပတ်တော်များက အထူးသဖြင့် အသေးစိတ်ကျကာ တိကျပေသည်။ အဘယ်ကြောင့် ဤသို့ ပြောဆိုသနည်း။ ထိုအရာမှာ နည်းပါးသည့် လူတစ်စု သို့မဟုတ် လူနှစ်မျိုးနှစ်စားအတွက်မျှသာ မဟုတ်ဘဲ လူသားမျိုးနွယ်အတွက် ထောက်ပံ့မှုဖြစ်သည်။ လူသားမျိုးနွယ်ထံ ထောက်ပံ့ထားသည့် သမ္မာတရားများ အားလုံးထဲတွင် သင် လက်တွေ့လုပ်ဆောင်နိုင်ပြီး ရရှိနိုင်သည့် အကန့်အသတ်တစ်ခု ရှိသည်။ အကန့်အသတ်တစ်ခုရှိသည်ဟု အဘယ်ကြောင့် ငါ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူတိုင်း၏ အစွမ်းအစ၊ ထိုးထွင်းအမြင်နှင့် သဘောပေါက် နားလည်နိုင်စွမ်းတို့သည် ၎င်းတို့အတွက် ဘုရားသခင် စီစဉ်ပေးသည့် ပတ်ဝန်းကျင်များနှင့် ၎င်းတို့ ထမ်းဆောင်သည့် တာဝန်များကဲ့သို့ပင် မတူညီသောကြောင့် ဖြစ်သည်။ ဤ“မတူကွဲပြားမှုများ”က လူတစ်ဦးစီအား ဘုရားနှုတ်ကပတ်တော်၏ တစ်စိတ်တစ်ပိုင်းသာ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်နိုင်စေကာ ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သည့်အရာ သို့မဟုတ် လက်တွ့လုပ်ဆောင်နိုင်သည့်အရာက နည်းပါးသွားပေသည်။ ဥပမာအနေဖြင့် နာမကျန်းမှုနှင့်ဆိုင်သည့် စမ်းသပ်မှုတစ်ခုကို တစ်စုံတစ်ဦး တွေ့ကြုံရလျှင် ထိုစမ်းသပ်မှုက ဘုရားသခင်ထံမှ လာသည်ဟု သဘောပေါက်သော်လည်း ဘုရားသခင်က လူတိုင်းကို နာမကျန်းမှုနှင့်ဆိုင်သည့် စမ်းသပ်မှုတစ်ခု တွေ့ကြုံစေသင့်သည်ဟု တွေးလျှင် သင့်လျော်ပါသလော။ (မသင့်လျော်ပါ။) ဤအရာသည် လူသားအလိုဆန္ဒမှ လုံးဝ လာပေသည်။ ဘုရားသခင်သည် လူတိုင်းပေါ် မတူကွဲပြားစွာ အမှုပြုပြီး ဤစမ်းသပ်မှုက သီးသန့်လူတစ်စုကို ရည်ရွယ်ထားပေသည်။ ဘုရားသခင်သည် ၎င်းတို့အား နာမကျန်းမှုနှင့်ဆိုင်သည့် စမ်းသပ်မှုကို တွေ့ကြုံစေရန် ၎င်းတို့အပေါ် အမှုပြုသည်။ ဘုရားသခင်က လူတစ်စုအား နာမကျန်းမှုနှင့်ဆိုင်သည့် စမ်းသပ်မှုတစ်ခုကို တွေ့ကြုံစေပြီးသည့်နောက်တွင် လူအားလုံးက မည်သည့်အရာကို ရရှိသနည်း။ ယင်းမှာ စမ်းသပ်မှုအတောအတွင်းတွင် လူတို့သည် ဘုရားသခင်အား မည်သို့ နာခံရမည်ကို သင်ယူသင့်သည်၊ မိမိကိုယ်ပိုင် ပုန်ကန်မှုကို သိရှိသင့်သည်၊ အဖန်ဆင်းခံနှင့် ဖန်ဆင်းရှင်တို့ကြား ဆက်နွှယ်မှုကို ပြုပြင်သင့်သည်၊ လူနှင့် ဘုရားကြား ဆက်ဆံရေးကို ပြင်သင့်သည်၊ ဘုရားသခင်၏ စိတ်နှလုံးကို နားလည်နိုင်သင့်သည်၊ သူ့ကို နာခံမှုအား စွမ်းဆောင်ရရှိသင့်ပြီး မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ဘုရားသခင်ကို အထင်မလွဲနှင့် နာခံရုံ နာခံကြလော့။ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာမှာ လူတိုင်း ရရှိသင့်သည့်အရာ ဖြစ်သည်။ သင်သည် အခြားတစ်စုံတစ်ဦး၏ အတွေ့အကြုံမှ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ရရှိပါက ဤစမ်းသပ်မှုကို သင်လည်းတွေ့ကြုံရမည် မဟုတ်လော။ တွေ့ကြုံချင်မှ တွေ့ကြုံရပေမည်။ ဤစမ်းသပ်မှုနှင့် ဘုရားသခင်၏ အမှုတော် တစ်စိတ်တစ်ပိုင်းကို တွေ့ကြုံရန် ဘုရားသခင်က သင့်တော်သည့် လူကို ဖြစ်စေ၊ သီးသန့် တစ်စုံတစ်ဦး ဖြစ်ကောင်းဖြစ်စေ မတူကွဲပြားသည့် လူများကို ရွေးချယ်သည်။ ဤသည်မှာ လူတို့ကို ဘုရားသခင် ကတိပြုခဲ့သည့်အရာဖြစ်ပြီး သူ လုပ်ဆောင်မည့်အရာ ဖြစ်သည်။ လူအချို့သည် ချစ်ခင်ရသူများကို ဆုံးရှုံးရသည့် စိတ်ဆင်းရဲမှု တွေ့ကြုံကြရပြီးဖြစ်ကာ ဤဆုံးရှုံးမှုမှ အတွေ့အကြုံနှင့် ဘုရားသခင်အတွက် သက်သေခံချက်၊ နာခံမှုတို့အပြင် စစ်မှန်သည့် အားထားမှုနှင့် ယုံကြည်မှုတို့ ရှိကြလေသည်။ သီးသန့် လူတစ်စုအပေါ် ဘုရားသခင် ပြုသည့်အမှုမှ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းသည် မှန်ကန်ပြီး လူတို့ ရွေးချယ်သင့်သည့်အရာမှာ နာခံမှုဖြစ်ကြောင်း၊ စိစစ်ခြင်း၊ ရှာဖွေခြင်း၊ သို့မဟုတ် သူ့ကို ကျိုးကြောင်းပြပြောဆိုခြင်း၊ သူ့ကို ရှင်းလင်းစွာနှင့် လုံးစေ့ပတ်စေ့ ရှင်းပြခိုင်းခြင်းတို့ မဟုတ်ကြောင်း သက်သေခံချက်ကို မြင်နိုင်ပေသည်။ ၎င်းတို့သည် အကြွင်းမဲ့နှင့် ညည်းညူခြင်းမရှိဘဲ နာခံသင့်သည်။ ထို့အပြင် ဘုရားသခင် လုပ်ဆောင်သမျှ အမှုအားလုံး၏ အဓိပ္ပာယ်နှင့် တန်ဖိုးကို လူတို့ နားလည်ရန် သင်ယူသင့်သည်။ ဘုရားအမှုတော်၏ ဤနည်းလမ်းများနှင့် သူ့နှုတ်ကပတ်တော်များ၏ သွင်ပြင်လက္ခဏာအားလုံးမှ၊ လူတစ်ဦးချင်းစီက တွေ့ကြုံသည့်အရာမှာ ဘုရားနှုတ်ကပတ်တော်များ၏ သေးငယ်သည့် အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ ဤသေးငယ်သည့် အစိတ်အပိုင်းအတွင်းတွင် သင်၏ အစွမ်းအစ၊ သင်၏ မိသားစု ပတ်ဝန်းကျင်နှင့် သင် လက်ရှိ ထမ်းဆောင်နေသည့် တာဝန်တို့ပေါ် မူတည်၍ ဘုရားနှုတ်ကပတ်တော်များအပေါ် သင် တွေ့ကြုံသည့်အရာမှာ ထိုနှုတ်ကပတ်တော်များ၏ တစ်သောင်းပုံတစ်ပုံ ဖြစ်သည်၊ သို့မဟုတ် တစ်သောင်းပုံတစ်ပုံသာ ဖြစ်သည်ဟု သင် ဆိုနိုင်သည်။ သင်သည် ဤတစ်သောင်းပုံတစ်ပုံထဲသို့ ဝင်ရောက်ကာ ဘုရားသခင်ကို အကြွင်းမဲ့၊ ပကတိ နာခံမှုကို အမှန်တကယ် စွမ်းဆောင်ရရှိပါက၊ အဖန်ဆင်းခံတစ်ဦး၏ နေရာတွင် သင့်ကိုယ်သင် ထားရှိပါက၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံကာ သင့်အထဲတွင် ဘုရားသခင် ရရှိလိုသည့် ရလဒ်ကို စွမ်းဆောင်ရရှိပါက သင် ကယ်တင်ခံရလိမ့်မည်။ ဤသည်မှာ နားလည်ရန် လွယ်ပြီး လက်တွေ့အရှိတရားပင် ဖြစ်၏။

သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် အဓိကဖြစ်သည့်အရာမှာ သင်တို့ သစ္စာစောင့်သိခြင်း ဖြစ်သည်။ သစ္စာစောင့်သိမှုဆိုသည်မှာ အဘယ်နည်း။ အလေးအနက်ထားပြီး တာဝန်ယူတတ်ရန်၊ အနည်းငယ်မျှ အမှုမဲ့အမှတ်မဲ့ဖြစ်ခြင်း၊ ဝတ်ကျေတမ်းကျေဖြစ်ခြင်းမရှိဘဲ သင်၏ တာဝန်ကို အပြည့်အဝ ထမ်းဆောင်ရန် ဆိုလိုသည်။ သင်သည် အမှုမဲ့အမှတ်မဲ့ဖြစ်ပြီး ဝတ်ကျေတမ်းကျေဖြစ်လျှင် တစ်စုံတစ်ရာ မှားယွင်းသည့်အခါ ထိုအရာမှာ အရှက်ရဖွယ် အမှတ်အသားတစ်ခုဖြစ်ပြီး ဤသည်မှာ အသေးအဖွဲကိစ္စတစ်ခု လုံးဝ မဟုတ်ပေ။ ထို့အပြင် ဘုရားအိမ်တော်တွင် သင်တို့ကို တာဝန်ပေးထားသည့် အလုပ်နှင့် စပ်လျဉ်း၍ လူတိုင်းသည် အတူတကွ ပိုမိုမိတ်သဟာယပြုသင့်သည်၊ သမ္မာတရား စည်းမျဉ်းများကို ပိုမို ရှာဖွေသင့်ပြီး မှန်ကန်သည့် စည်းမျဉ်းများကို ရှာတွေ့သင့်ကြသည်။ ပြဿနာများကို ရှာဖွေတွေ့ရှိသည့်အခါ အလျင်အမြန် ဖြေရှင်းသင့်သည်၊ သို့မဟုတ်လျှင် ဖြေရှင်းမရနိုင်သည့် အရာများကို အထက်လူကြီးများထံ ချက်ချင်း အကြောင်းကြားသင့်သည်။ ဘုရားအိမ်တော်၏ အလုပ်က အတားအဆီးများ၊ လွယ်ပေါက်များ သို့မဟုတ် နှောင့်နှေးခြင်းမရှိဘဲ အဆင်ပြေချောမွေ့သည်ကို သေချာစေရန် ကြိုးပမ်းလော့။ သင်၏ အလုပ်ကို ကောင်းစွာ လုပ်ဆောင်လော့၊ ဧဝံဂေလိအလုပ် ဖြန့်ဝေခြင်းကို မြှင့်တင်ကာ ဘုရားသခင်၏ အလိုတော်အား ကမ္ဘာမြေပေါ်တွင် လုံးလုံးလျားလျား ပြည့်စုံစေလော့။ ဤသို့ဖြင့် သင်တို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီးဖြစ်လိမ့်မည်။ အမှန်တွင် တစ်စုံတစ်ဦးက မိမိ၏ တာဝန်ကို ထမ်းဆောင်သည့် နယ်ပယ်အတွင်းတွင် ဤသည်တို့မှာ ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်သည့်၊ စွမ်းဆောင်ရရှိနိုင်ပြီး ကိုင်တွယ်နိုင်သည့် သမ္မာတရား၏ သွင်ပြင်အနည်းငယ် ဖြစ်ကာ ဤသမ္မာတရားများ၏ စစ်မှန်မှုများထဲ ဝင်ရောက်ခြင်းသည် လူသားမျိုးနွယ်အပေါ် ဘုရားသခင် တောင်းဆိုသည့် အနိမ့်ဆုံး စံနှုန်းကို စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ လူအချို့၏ ယုံကြည်ခြင်းသည် အားနည်း၏၊ လူအချို့မှာ သူရဲဘောကြောင်သူများဖြစ်သည်၊ အခြားသူတို့မှာ ညံ့ဖျင်းသည့် အစွမ်းအစရှိကြသည်၊ သို့မဟုတ် သိနားလည်မှုတွင် မမှန်ကန်မှုများရှိကြသည် သို့မဟုတ် မိုက်မဲသည့် အတွေးရှိကြသည်။ ဤအရာများနှင့် သွင်ပြင်လက္ခဏာများအားလုံးရှိ အခြားသော အပျက်သဘောဆောင်ပြီး မတုန်မလှုပ်ဖြစ်သော အရာများသည် လူတို့၏ သမ္မာတရား လက်တွေ့လုပ်ဆောင်ကာ မိမိတို့၏ တာဝန်ကို ထိရောက်စွာ လုပ်ဆောင်နိုင်သည့် စွမ်းရည်ကို ထိခိုက်၏။ ဘုရားသခင်သည် လူတို့အပေါ် သူ၏ တောင်းဆိုချက်များကို ၎င်းတို့၏ အစွမ်းအစ၊ အကျင့်စရိုက်နှင့် သမ္မာတရား သိနားလည်မှု အတိုင်းအတာတို့ပေါ် အခြေခံ၍ ပြုလုပ်သည်။ ဤသတ်မှတ်ချက်အတွက် စံနှုန်းမှာ အဘယ်နည်း။ လူတစ်ဦးက ဘုရားသခင်၌ မိမိ၏ ယုံကြည်ခြင်းတွင် စစ်မှန်ခြင်း ရှိမရှိဆိုသည်နှင့် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်သလောဟူသည်တို့ကို ဘုရားသခင် ကြည့်သည်။ ဤသည်တို့မှာ အရေးအကြီးဆုံးသော သတ်မှတ်ချက်နှစ်ခု ဖြစ်သည်။ လူအချို့သည် ပင်ကိုအားဖြင့် မိုက်မဲကြသည်၊ အမှုအရာများအပေါ် ၎င်းတို့၏ သိနားလည်မှုတွင် မမှန်ကန်မှုများရှိသည်၊ ထိုးထွင်းအမြင် ကင်းမဲ့သည်၊ မည်သည့်အရာကိုမဆို သင်ယူမှု နှေးကွေးသည်၊ အခြားသူများက မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ နားလည်ပုံမရသကဲ့သို့ သွန်သင်နေချိန်တွင် ၎င်းတို့ကို ကူညီဖေးမလမ်းပြပေးရန် လိုအပ်ကြသည်။ ဤလူများမှာ အလွန်ညံ့ဖျင်းသည့် အစွမ်းအစရှိသော လူများဖြစ်ပြီး ဤအရာက မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည် မဟုတ်။ အခြားသူတို့တွင် ကြွယ်ဝသည့် အသိပညာ ရှိကောင်းရှိနိုင်သည် သို့မဟုတ် အပြင်ပန်းတွင် အလွန်မြော်မြင်တတ်ပုံရလျက် နက်နဲသည့် အသိပညာအပြည့် ရှိသော်လည်း သမ္မာတရားနှင့် ဆက်စပ်သည့် ကိစ္စရပ်များအပေါ် သိနားလည်မှုတွင် မမှန်ကန်မှုများ ရှိတတ်ကြလေသည်။ သမ္မာတရားကို ၎င်းတို့ နားလည်လျှင်ပင် လက်မခံနိုင်ကြသေးဘဲ ဤသည်မှာ ၎င်းတို့၏ ဆိုးရွားသော အားနည်းချက် ဖြစ်သည်။ ဤကဲ့သို့သော လူတစ်ဦးသည် မိမိတာဝန်ကို ထမ်းဆောင်နေချိန်တွင် အသိပညာနှင့် အယူဝါဒတို့၏ လွှမ်းမိုးမှုကို အလွယ်တကူ ခံရနိုင်ပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ရန် သို့မဟုတ် အမှုအရာများနှင့် ပတ်သက်၍ ၎င်းတို့၏ အမြင်များကို ပြောင်းလဲရန် အခက်တွေ့ကြသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် သမ္မာတရားကို အမှန်တကယ် လိုက်စားလိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်ကြသနည်း။ အဓိကအချက်မှာ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်သလောဟူသည်ကို ကြည့်ခြင်း ဖြစ်သည်။ ၎င်းတို့ လက်ခံနိုင်ပါက ပြဿနာ အလွယ်တကူ ပြေလည်သွားသော်လည်း ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံရန် ခေါင်းမာစွာ ငြင်းပါက ဇာတ်သိမ်းပြီဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရာတွင် ပျက်ကွက်လိမ့်မည်သာမက ၎င်းတို့ ကယ်တင်ခံရမည့် နည်းလမ်းလည်း မရှိသည်ကို ငါ စိတ်မကောင်းဖြစ်မိ၏။ မိမိ၏ ပညာရေးဆိုင်ရာ ကြိုးပမ်းအားထုတ်၍ ရရှိသောအရာက အရေးမကြီးသကဲ့သို့ ၎င်းတို့ မည်မျှ နားလည်တတ်သိသည်မှာ အရေးမကြီးပေ၊ အရေးကြီးသည့်အရာမှာ သမ္မာတရားကို လက်ခံနိုင်ခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို ချစ်နိုင်ခြင်း ဖြစ်သည်။ ဘုရားသခင် ကြည့်သည့်အရာမှာ သူ စီစဉ်ပြီးဖြစ်သည့် ပတ်ဝန်းကျင်တွင် သိနားလည်ရန် ဉာဏ်အလင်း ပေးခံရပြီးသည့်နောက်တွင် သမ္မာတရား မည်မျှကို သင် လက်တွေ့လုပ်ဆောင်နိုင်သည်ဟူသည့်အရာ ဖြစ်သည်။ သူ တောင်းဆိုသည့် အလုပ်များအတွက် သင့်ကိုယ်သင် မည်မျှ ဆက်ကပ်သည်၊ ထိုအလုပ်များကို အစွမ်းခွန်အား သင်မည်မျှပေးသည်၊ အားထုတ်မှု မည်မျှ သင် အသုံးပြုသည်ဟူသည်တို့ကို သူကြည့်သည်။ ဥပမာအနေဖြင့် သင်သည် သာမန် အစွမ်းအစရှိသည်၊ ထိုမျှ ကောင်းကောင်းမွန်မွန် ပညာတတ်ခြင်းမရှိ၊ သင်၏ သဘောပေါက်နိုင်စွမ်းက ညံ့ဖျင်းပြီး အနည်းငယ် လိုရာဆွဲ၍ တွေးလေသည်။ ဤသည်တို့မှာ ဓမ္မဓိဋ္ဌာန်ကျသော အချက်များ ဖြစ်သည်။ သို့တိုင် တစ်စုံတစ်ရာ ဖြစ်ပွားပြီး ထိုအရာ၌ရှိသည့် ပြစ်ချက်များ၊ ထိုအရာနှင့်ပတ်သက်သည့် ပြဿနာတစ်ခု ရှိကြောင်းနှင့် မည်သူ၏ တာဝန်ဖြစ်ကြောင်းတို့ကို သင့်အား ဘုရားသခင်က မြင်ခွင့်ပေးသည့်အခါ ဤကိစ္စရပ်က စည်းမျဉ်းများကို သင် ထိန်းသိမ်းနိုင်ခြင်း ရှိမရှိဆိုသည်နှင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူ ဟုတ်မဟုတ်ဆိုသည်ကို ထုတ်ဖော်ပြလိမ့်မည်။ သင်သည် သင်၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ပြီး ဘုရားသခင်အပေါ် စစ်မှန်ရိုးသားပါက ထိုအရာနှင့်ပတ်သက်၍ သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သမ္မာတရားနှင့် ကိုက်ညီရန်၊ ဘုရားသခင် တောင်းဆိုသည့်အရာကို လုပ်ဆောင်ရန် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သော အခြေအနေများတွင် သင့်အစွမ်းအစ၏ အရည်အသွေးကို သို့မဟုတ် သင် မည်မျှ ပညာတတ်သည် သို့မဟုတ် သူ့ကို သင် နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်သည်ကို ဘုရားသခင် မကြည့်ပေ။ ဖြစ်ပျက်သည့် အရာ၌ သင်၏ ရှုထောင့်အမြင်နှင့် သဘောထား၊ သင် ရိုးသားစစ်မှန်ခြင်း ရှိမရှိဆိုသည်နှင့် ထိုအချိန်တွင် သင်၏ အသိစိတ်ကို အသုံးချခြင်းရှိမရှိဆိုသည်ကို သူ ကြည့်သည်။ သင်သည် ဘုရားသခင်အတွက် ရိုးသားစစ်မှန်လျှင်၊ တာဝန်သိစိတ် ရှိလိမ့်မည်ဖြစ်ပြီး “ဤအရာ ငါ့အပေါ် မကျရောက်ကောင်း မကျရောက်နိုင်သော်လည်း အသင်းတော်အလုပ်ကို ထိသည်။ ငါ စူးစမ်းမှုများ ပြုကာ ထိုအကြောင်းကို ပိုနားထောင်ရမည်”ဟု တွေးလိမ့်မည်။ ပြီးလျှင် သင်၏ စူးစမ်းလေ့လာမှုများကို ပြုလုပ်ပြီးသည့်နောက်တွင် အထက်လူကြီးက ပျင်းရိပြီး တာဝန်မဲ့ခဲ့ကြောင်း၊ ၎င်းက ကိစ္စရပ်ကို အလေးအနက် သဘောမထားသကဲ့သို့ ကြန့်ကြာစေခဲ့ကြောင်းကို သင် သိကောင်းသိရနိုင်သည်။ ထိုအခါ သင်သည် အထက်လူကြီးကို ရှာဖွေကာ ပြဿနာကို ချက်ချင်း အမှန်ပြင်လျက် သူနှင့် မိတ်သဟာယပြုပေမည်။ သင်သည် အထက်မှ ကူညီလမ်းပြမှုကို တောင်းခံရန် လိုအပ်ခဲ့မည်မဟုတ်ပေ။ ပြဿနာကို သင့်ဘာသာ ဖြေရှင်းပြီးဖြစ်လိမ့်မည်။ သင်သည် သာမန် အစွမ်းအစရှိပြီး အနည်းငယ်သော ချို့တဲ့မှုများနှင့် အပြစ်များရှိသော်လည်း ထိုအရာများက သင်၏ သမ္မာတရား လက်တွေ့လုပ်ဆောင်မှုကို ထိခိုက်လိမ့်မည်လော။ ထိုအရာများက သင်၏ တာဝန် ဖြည့်ဆည်းခြင်း သို့မဟုတ် ဘုရားသခင်အတွက် သင်၏ သစ္စာစောင့်သိမှုကို ထိခိုက်ပြီး ဖြစ်လိမ့်မည်လော။ ထိခိုက်လိမ့်မည် မဟုတ်။ လူအချို့က ၎င်းတို့သည် မိုက်မဲပြီး ၎င်းတို့၏ သိနားလည်မှုတွင် မမှန်ကန်ကြောင်း ပြောကြသည်၊ အချို့က ဝိညာဉ်ရေးရာ ကိစ္စရပ်များကို ၎င်းတို့ နားမလည်ကြောင်း ပြောကြပြီး အခြားသူတို့က ၎င်းတို့က ညံ့ဖျင်းသည့် အစွမ်းအစရှိကာ ပညာမတတ်ကြောင်း ပြောကြသည်။ ထိုသို့ဖြစ်လျှင် တစ်စုံတစ်ရာ ဖြစ်ပေါ်သည့်အခါ သမ္မာတရားကို သင် တကယ်ကို လက်တွေ့မလုပ်ဆောင်ဘဲ နေနိုင်သလော။ ဘုရားသခင်သည် လူတို့၏ အစွမ်းအစနှင့်ဆိုင်သော အရည်အသွေး သို့မဟုတ် ၎င်းတို့၏ ပညာရေး အတိုင်းအတာကို မကြည့်ပေ။ ဤအရာများသည် သမ္မာတရားနှင့် ထိုမျှ မပတ်သက်ပေ။ ဤလိုအပ်ချက်များနှင့် ချို့တဲ့မှုများသည် သင်၏ သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းအပေါ်၊ သို့မဟုတ် ဘုရားသခင်အတွက် သင်၏ သစ္စာစောင့်သိမှုအပေါ် သို့မဟုတ် သင်၏ တာဝန် ထမ်းဆောင်မှုအတွက် သင် ယူသည့် တာဝန်ဝတ္တရားအပေါ် သက်ရောက်မှု မရှိပေ။ သင် ရိုးသားစစ်မှန်ခြင်း ရှိမရှိဆိုသည်ကို ဘုရားသခင် ကြည့်သည်။ ဤသည်မှာ လက်တွေ့အကျဆုံးသော အရာဖြစ်ပြီး လူတို့ စွမ်းဆောင်ရရှိနိုင်သည့် တစ်စုံတစ်ရာ ဖြစ်သည်။ ဘုရားသခင်သည် လူတစ်ဦးစီနှင့်ပတ်သက်၍ အကဲဖြတ်ရန် လက်တွေ့အကျဆုံးသော နည်းလမ်းကို အသုံးပြုသည်။ လူအချို့က “ကျွန်ုပ်၏ အစွမ်းအစ ညံ့ပါသည်၊ ကျွန်ုပ်သည် မသိနားမလည်ပါ၊ ကျွန်ုပ်တွင် အသိပညာများလွန်းသည်၊ ထိုအရာက သမ္မာတရားအား ကျွန်ုပ် လက်တွေ့လုပ်ဆောင်ခြင်းကို လွှမ်းမိုးသည်”ဟု ဆိုကြသည်။ ဤအရာများက ဆင်ခြေများသာ ဖြစ်ပြီး မခိုင်လုံပေ။ သို့ရာတွင် အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ လူတို့ကို ဘုရားသခင် အကဲဖြတ်သည့် နည်းလမ်း မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းမှာ သင်၏ ကိုယ်ပိုင် စံနှုန်းဖြစ်သည်၊ ဘုရားသခင်၏ စံနှုန်း မဟုတ်ပေ။ တစ်စုံတစ်ဦးကို အကဲဖြတ်သည့်အခါ ဘုရားသခင်၏ စံနှုန်းမှာ အဘယ်နည်း။ တစ်စုံတစ်ဦးက သူ့ကို သစ္စာစောင့်သိခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့ စစ်မှန်ရိုးသားခြင်း ရှိမရှိဆိုသည်ကို ဘုရားသခင် ကြည့်သည်။ သင်သည် ဘုရားသခင်ကို သစ္စာစောင့်သိပါက၊ သင်၏ သိနားလည်မှုက အနည်းငယ် မမှန်ကန်ပါက သို့မဟုတ် ကိုးရိုးကားယားဖြစ်ပါက ကိစ္စမရှိပေ။ လူအချို့က “ဝိညာဉ်ရေးရာ ကိစ္စရပ်များကို ကျွန်ုပ် နားမလည်ပါ”ဟု ပြောကြသည်။ ကောင်းပြီ၊ သင်သည် ဘုရားသခင်ကို သစ္စာစောင့်သိသလော။ ထိုသို့ဖြစ်လျှင် သင်၏ သမ္မာတရား လက်တွေ့လုပ်ဆောင်မှုကို ထိခိုက်မည်မဟုတ်။ ဤသည်မှာ အတော်အသင့် ရှင်းလင်းသလော။ သင်သည် ဘုရားသခင်ကို သစ္စာရှိပြီး သင်၏တာဝန်ကို ရိုးသားစစ်မှန်မှုဖြင့် ထမ်းဆောင်လျှင် သင်သည် ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခံရသောအခါတွင် အပျက်သဘောဆောင်ပြီး အားနည်းနိုင်သေးသလော။ ဤသို့ဆိုလျှင် သင်သည် အမှန်တကယ် အပျက်သဘောဆောင်ပြီး အားနည်းလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ကို အမှီပြုသင့်သည်။ ဘုရားသခင် တောင်းဆိုသည့်အရာကို ကြိုးစားပြီး စဉ်းစားသင့်သည်။ မည်သည့်အရာကို ကျွန်ုပ်တို့ ချို့တဲ့ကြောင်း၊ မည်သည့်အမှားများကို ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့ကြောင်းတို့အပေါ်၊ ကျွန်ုပ်တို့ လဲကျသွားကာ ပြန်ထရပ်ပြီး တွယ်တက်သင့်သည့်နေရာတို့အပေါ် ဆင်ခြင်သုံးသပ်သင့်သည်။) မှန်သည်။ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်တို့သည် ကြီးမားသော ပြဿနာများ မဟုတ်ပေ။ ဘုရားသခင်က ယင်းတို့ကို ပြစ်တင်ရှုတ်ချခြင်း မရှိချေ။ တစ်စုံတစ်ဦးသည် ၎င်းတို့ လဲကျသည့်နေရာတွင် ပြန်ထနိုင်ပြီး မိမိတို့၏ သင်ခန်းစာကို ယူနိုင်ကာ ၎င်းတို့၏ တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်သရွေ့ လုံလောက်ပေသည်။ မည်သူကမျှ သင့်အား အာဃာတထားမည် မဟုတ်သောကြောင့် မပြီးနိုင်မဆုံးနိုင် အပျက်သဘောဆောင်မနေနှင့်။ သင်၏တာဝန်ကို စွန့်ပစ်ပြီး ထွက်ပြေးလျှင် သင်သည် သင့်ကိုယ်သင် လုံးလုံး ပျက်စီးစေပြီးဖြစ်လိမ့်မည်။ လူတိုင်းသည် တစ်ခါတစ်ရံတွင် အပျက်သဘောဆောင်ပြီး အားနည်းကြသည်။ သမ္မာတရားကိုသာ ရှာလော့၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းတို့သည် အလွယ်တကူ ပြေလည်သွားလိမ့်မည်။ လူအချို့၏ အခြေအနေသည် ဘုရားနှုတ်ကပတ်တော် အခန်းတစ်ခန်း ဖတ်ခြင်းအားဖြင့်ဖြစ်စေ၊ ဓမ္မသီချင်း အနည်းငယ် သီဆိုခြင်းအားဖြင့်ဖြစ်စေ လုံးလုံး ပြောင်းလဲကြသည်။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းခြင်း၌ မိမိတို့၏စိတ်နှလုံးကို ဖွင့်ဟနိုင်ပြီး သူ့ကို ချီးမွမ်းနိုင်ကြသည်။ သို့ဖြစ်၍ ၎င်းတို့၏ ပြဿနာသည် မပြေလည်သေးသလော။ ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခံရခြင်းသည် အမှန်တွင် လုံးဝ ကောင်းမွန်သည့်အရာတစ်ခု ဖြစ်သည်။ သင့်ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သည့် စကားများက အနည်းငယ် ခက်ထန်ကြမ်းတမ်းလျှင်ပင်၊ အနည်းငယ် ရင့်သီးလျှင်ပင် ယင်းမှာ သင်သည် အတော်အတန် အသိစိတ်မရှိဘဲ ပြုမူခဲ့ပြီး စည်းမျဉ်းများကို သတိမမူပင်မိဘဲ ချိုးဖောက်ခဲ့သောကြောင့် ဖြစ်ပေသည်။ ဤသို့သော အခြေအနေများတွင် သင်သည် အဘယ်သို့ ကိုင်တွယ်ဖြေရှင်းခြင်းမခံရဘဲ ရှိနိုင်မည်နည်း။ သင့်ကို ဤနည်းအားဖြင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် အမှန်တကယ်တွင် သင့်ကို ကူညီရန်ဖြစ်သည်။ ဤသည်မှာ သင့်အတွက် ချစ်ခြင်းမေတ္တာဖြစ်သည်။ သင်သည် ဤအရာကို နားလည်ပြီး မညည်းညူသင့်ချေ။ သို့ဖြစ်၍ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့က အပျက်သဘောဆောင်ခြင်းနှင့် စောဒကတက်ခြင်းကို ဖြစ်ပေါ်စေပါက ယင်းသည် မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်း၊ အသိစိတ်မရှိသည့် လူတစ်ဦး၏ အပြုအမူဖြစ်ပေသည်။

ဘုရားသခင်ကို ယုံကြည်သည့်အခါ အရုံစိုက်ရန် အရေးကြီးဆုံးသောအရာမှာ အဘယ်နည်း။ တစ်စုံတစ်ဦး၏ အစွမ်းအစ မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို ၎င်းတို့ နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ၊ မည်သည့် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ၎င်းတို့ ရင်ဆိုင်ရသည်ဖြစ်စေ ဤအရာတစ်ခုမျှ အရေးမကြီးပေ။ ယနေ့ခေတ်တွင် အရေးကြီးသည့်အရာမှာ အဘယ်နည်း။ ထိုအရာမှာ သမ္မာတရား စစ်မှန်မှုများထဲသို့ သင်တို့ ဝင်ရောက်ပုံဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန်အလို့ငှာ တစ်စုံတစ်ဦးတွင် ရှိသင့်သည့် အခြေခံအကျဆုံးသောအရာမှာ အဘယ်နည်း။ ၎င်းတို့အနေဖြင့် စစ်မှန်ရိုးသားသော စိတ်နှလုံးတစ်ခု ရှိရမည်။ စစ်မှန်ရိုးသားခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အမှုအရာများ သင့်အပေါ် ကျရောက်သည့်အခါ မယုံရသောသူ မဖြစ်ခြင်း၊ သင်၏ ကိုယ်ကျိုးစီးပွားများကို မစဉ်းစားခြင်း၊ လျှို့ဝှက်အကွက်ချ မကောင်းကြံခြင်းတွင် အခြားသူများနှင့်အတူ မပါဝင်ခြင်းနှင့် ဘုရားသခင်ကို မလှည့်ဖြားခြင်းတို့ကို ဆိုလိုသည်။ သင်သည် ဘုရားသခင်ကို လိမ်လည်လှည့်စားနိုင်ပြီး သူ့အပေါ် စစ်မှန်ရိုးသားမှု ကင်းမဲ့နိုင်လျှင် သင်သည် လုံးဝ ဇာတ်သိမ်းပြီဖြစ်ပြီး ဘုရားသခင်က သင့်ကို ကယ်တင်လိမ့်မည် မဟုတ်။ သို့ဆိုလျှင် သမ္မာတရားကို သိနားလည်ခြင်းအကြောင်းရင်းသည် အဘယ်နည်း။ သင့်အနေဖြင့် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်ကောင်းနားလည်နိုင်သည်၊ ကောင်းမွန်သည့် အစွမ်းအစ ရှိကောင်း ရှိနိုင်သည်၊ အပြောကောင်းနိုင်ပြီး အမှုအရာများကို အလျင်အမြန် နားလည်သဘောပေါက်နိုင်သည်၊ ကောက်ချက်များ ချကောင်းချနိုင်ပြီး ဘုရားသခင် ပြောဆိုသည့်အရာတိုင်းကို နားလည်နိုင်သော်လည်း သင့်အပေါ် အမှုအရာများ ဖြစ်သည့်အခါ ဘုရားသခင်ကို လှည့်စားလျှင် ဤသည်မှာ ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်ပြီး အလွန် အန္တရာယ်များပေသည်။ သင်၏ အစွမ်းအစသည် မည်မျှ ကောင်းမွန်သည်ဖြစ်စေ အသုံးမဝင်သကဲ့သို့ ဘုရားသခင်က သင့်ကို အလိုရှိလိမ့်မည် မဟုတ်။ ဘုရားသခင်က “သင် ကောင်းစွာ စကားပြောသည်၊ အစွမ်းအစကောင်းရှိသည်၊ ဉာဏ်ထက်ပြီး ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်သည်၊ သို့သော် ပြဿနာတစ်ခုသာ ရှိ၏။ သင်သည် သမ္မာတရားကို မချစ်”ဟု ပြောလိမ့်မည်။ သမ္မာတရားကို မချစ်သောသူတို့သည် ဒုက္ခပေးတတ်ပြီး ဘုရားသခင်က ၎င်းတို့ကို အလိုမရှိပေ။ စိတ်နှလုံးကောင်းမရှိသည့် လူတစ်ဦးသည် ရှင်းထုတ်ပစ်ခြင်း ခံရလိမ့်မည်၊ အပြင်ပန်းတွင် ကောင်းစွာ ထိန်းသိမ်းထားပုံရသော်လည်း မကောင်းသည့် အင်ဂျင်စက်က လုံးဝ ဖယ်ရှားခံရလိမ့်မည်ဖြစ်သော ကားတစ်စီးကဲ့သို့သာ ဖြစ်သည်။ လူတို့သည်လည်း ဤကဲ့သို့ ဖြစ်ကြ၏။ သင်၏အစွမ်းအစ မည်မျှ ကောင်းမွန်ပုံရသည်ဖြစ်စေ၊ သင် မည်မျှ တော်သည်ဖြစ်စေ၊ အပြောကောင်းသည်ဖြစ်စေ၊ တတ်စွမ်းနိုင်သည်ဖြစ်စေ၊ ပြဿနာများကို ကိုင်တွယ်ရာတွင် သင် မည်မျှ တော်သည်ဖြစ်စေ အားလုံး အသုံးမဝင်သကဲ့သို့ ဤသည်မှာ အဓိကအချက် မဟုတ်ပေ။ သို့ဆိုလျှင် အဓိကအချက်မှာ အဘယ်နည်း။ ထိုအရာမှာ တစ်စုံတစ်ဦး၏ စိတ်နှလုံးက သမ္မာတရားကို ချစ်မချစ်ဆိုသည်နှင့် ပတ်သက်ပေသည်။ ၎င်းတို့ မည်သို့ စကားပြောသည်ဆိုသည်ကို နားထောင်ခြင်းအကြောင်း မဟုတ်ဘဲ ၎င်းတို့ မည်သို့ပြုမူဆောင်ရွက်သည်ကို ကြည့်ခြင်း ဖြစ်သည်။ ဘုရားသခင်ရှေ့တွင် သင်ပြောသည့်အရာ၊ သို့မဟုတ် ကတိပြုသည့်အရာကို သူက မကြည့်ပေ။ သင်လုပ်ဆောင်သည့်အရာသည် သမ္မာတရား စစ်မှန်မှု ရှိမရှိကို သူ ကြည့်သည်။ ထို့ပြင် သင်၏ လုပ်ရပ်များသည် မည်မျှမြင့်သည်၊ နက်နဲသည်၊ သို့မဟုတ် အင်အားကြီးသည်ကို ဘုရားသခင်က ဂရုမစိုက်ပေ။ ပြီးလျှင် သင်သည် သေးငယ်သောအရာတစ်ခုကို လုပ်ဆောင်လျှင်ပင် ဘုရားသခင်က သင်၏ လှုပ်ရှားမှုတိုင်း ရိုးသားစစ်မှန်မှုကို မြင်လျှင် သူက “ဤလူသည် ငါ့အား ရိုးသားစစ်မှန်စွာ ယုံကြည်သည်။ သူသည် မည်သည့်အခါမျှ ကြွားလုံးထုတ်ခြင်း မရှိ။ သူ၏ အဆင့်အတန်းနှင့်အညီ ပြုမူနေထိုင်သည်။ သူသည် ဘုရားအိမ်တော်အဖို့ ကြီးမားစွာ ပံ့ပိုးခြင်းမလုပ်နိုင်သော်လည်း အစွမ်းအစနည်းပါးနိုင်သော်လည်း သူလုပ်သမျှတွင် တည်ကြည်ခိုင်မာပြီး ရိုးသားစစ်မှန်မှုရှိသည်” ဟု ပြောဆိုလိမ့်မည်။ ဤ “ရိုးသားစစ်မှန်မှု” တွင် မည်သည့်အရာ ပါဝင်သနည်း။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ နာခံခြင်းအပြင် စစ်မှန်သောယုံကြည်ခြင်းနှင့် ချစ်ခြင်းပါဝင်သည်။ ဘုရားသခင်မြင်လိုသော အရာမှန်သမျှ ပါဝင်သည်။ အခြားလူများအဖို့ ဤသို့သောသူများသည် ထူးခြားမှုမရှိ ပုံပေါက်နိုင်ပြီး ၎င်းသည် အစားအစာချက်ပြုတ်သောသူ၊ သို့မဟုတ် သန့်ရှင်းရေးလုပ်သော သူတစ်ယောက်၊ သာမန်တာဝန်တစ်ခုကို ထမ်းဆောင်သော သူတစ်ယောက်လည်း ဖြစ်နိုင်သည်။ ဤသို့သောလူများသည် အခြားလူများအဖို့ ထူးခြားမှုမရှိပေ။ ကြီးမြတ်သည့် မည်သည့်အရာကိုမျှ မဖြစ်မြောက်ခဲ့သလို လေးစားထိုက်သော၊ အထင်ကြီးစရာဖြစ်သော၊ သို့မဟုတ် အားကျစရာ ဖြစ်သောအရာတစ်ခုမျှ မရှိပေ။ ၎င်းတို့သည် သာမန်လူများသာ ဖြစ်သည်။ သို့တိုင်အောင် ဘုရားသခင် တောင်းဆိုသောအရာ အားလုံးကို ၎င်းတို့တွင် တွေ့ရှိရပြီး ၎င်းတို့သည် ထိုအရာအားလုံးနှင့်အညီ အသက်ရှင်နေထိုင်ပြီး ဘုရားသခင်ထံ အရာအားလုံး ပေးအပ်သည်။ ငါ့ကို ပြောလော့။ ဘုရားသခင်က မည်သည့်အရာကို နောက်ထပ် အလိုရှိသနည်း။ သူသည် ၎င်းတို့နှင့်ပတ်သက်၍ စိတ်ကျေနပ်ပေသည်။ ထို့ကြောင့် သင်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် သေးငယ်သကဲ့သို့ သမ္မာတရားကို သင် နားမလည်ရုံဖြင့် သို့မဟုတ် အခြားသူတို့က ဒုက္ခဆင်းရဲခြင်းများကို ရင်ဆိုင်ကာ စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို တွေ့ကြုံသည့်နောက်တွင် စုံလင်ခံရသည့် လမ်းကြောင်း လျှောက်ကြသည်ကို သင် မြင်တွေ့ရုံဖြင့် စိတ်ပျက်အားလျော့ကာ အပျက်သဘောဆောင်လာခြင်း မရှိနှင့်၊ ပြီးလျှင် ဘုရားသခင်က သင့်ကို မချစ်ဟု သို့မဟုတ် သင့်ကို စုံလင်စေရန် လိုလားနေခြင်းမရှိဟု မတွေးထင်လေနှင့်။ အဘယ်ကြောင့် သင် လောနေသနည်း။ လူတစ်ဦးစီကို ဘုရားသခင် ပေးသည့်အရာက မတူသကဲ့သို့ သင့်ကိုယ်သင် အကဲဖြတ်သည့်အခါ သင့်ကို ဘုရားသခင်က မည်သည့်အရာ ပေးထားပြီးဖြစ်သည်ဆိုသည်နှင့် သင်၏ ကိုယ်ပိုင် အခြေအနေများက မည်သည့်အရာများ ဖြစ်သည်ဆိုသည်တို့ကို ဦးစွာ အကဲဖြတ်လော့။ ထို့နောက်တွင် ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းက ကောင်းမြတ်သည်ကို သင် နားလည်နိုင်ပေသည်။ လူတစ်ဦးက “ကျွန်ုပ်၏ အစွမ်းအစ ညံ့ပါသည်။ ဘုရားသခင် ကျွန်ုပ်ကို ပေးသည့်အရာက ကောင်းမြတ်နေဆဲ ဖြစ်သလော”ဟု ပြောကောင်းပြောမည်။ ကောင်းမြတ်ပေသည်။ အခြားတစ်စုံတစ်ဦးက “ကျွန်ုပ် အတော်လေး နုံအပါသည်။ ဘုရားသခင် ကျွန်ုပ်ကို ပေးသည့်အရာ ကောင်းမြတ်နေဆဲ ဖြစ်သလော”ဟု ပြောကောင်းပြောမည်။ ဟုတ်ပေသည်၊ အားလုံး ကောင်းမြတ်၏။ အဘယ်ကြောင့် အားလုံး ကောင်းမြတ်သနည်း။ သင်သည် နုံအခြင်းမရှိခဲ့လျှင် မာနထောင်လွှားလာကာ သင်၏ နေရာကို မေ့လျော့သွားပေမည်။ ထို့ကြောင့် ဤအရာက သင့်ကို ကာကွယ်ပေးသလို ကောင်းသည့်အရာတစ်ခု ဖြစ်သည်။ သင်တို့အားလုံးတွင် လက်ရှိ သင်တို့ရှိသည်ထက် သာ၍ ကောင်းသည့် အစွမ်းအစနှင့် ကျွမ်းကျင်မှုရှိခဲ့လျှင် အဘယ်သူသည် ဘုရားအိမ်တော်၌ မိမိတာဝန်ကို ထမ်းဆောင်ရန် ဤမျှကောင်းစွာပြုမူကာ ဤမျှလိုလားလျက် ရှိနေနိုင်မည်နည်း။ ဤကဲ့သို့သော လူအချို့ရှိသော်လည်း မများသည်မှာ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် ကောင်းမွန်ပြီး မှန်ကန်၏။ လူတို့က ဤအရာကို ရှင်းလင်းစွာ နားမလည်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်က တစ်စုံတစ်ဦးကို သာ၍ပေးလေ၊ ၎င်းက သမ္မာတရားကို သာ၍ လက်တွေ့လုပ်ဆောင်နိုင်လေ ဖြစ်သည့်အလား လူတို့သည် ဘုရားသခင်ထံမှ အမြဲ ထပ်လိုချင်ကြသည်။ သို့သော် အမှန်တွင် ထိုသို့မဟုတ်ပေ။ ဘုရားသခင်သည် သင့်ကို လုံလောက်စွာ ပေးထားပြီးသားဖြစ်သည်။ သူသည် သင့်ကို အရာရာ ပေးထားပြီးဖြစ်ကာ သူ၏ အသက်ကို သင့်အပေါ် ပေးသနားပြီး ဖြစ်သောကြောင့် အခြား မည်သည့်အရာကို သင် အလိုရှိသနည်း။ ဘုရားသခင် ပြောဆိုသည့် စကားများနှင့် သူ ပြုသည့် အမှုအားလုံးသည် ပေါများပြီး လူသားမျိုးနွယ်အတွက် လုံလောက်ပေသည်။ ဘုရားသခင်အပေါ် လူတို့ တောင်းဆိုနိုင်သည့်အရာ မည်သည့်အရာမျှ မရှိသကဲ့သို့ ၎င်းတို့က သူ့ကို စောဒကတက်ကာ “ဘုရားသခင်က ကျွန်ုပ်ကို ပေးထားသည့် ဤအစွမ်းအစ သို့မဟုတ် ဤမစို့မပို့ ဆုကျေးဇူးများဖြင့် မည်သည့်အရာကို ကျွန်ုပ် လုပ်ဆောင်နိုင်သနည်း”ဟု မပြောသင့်ကြပေ။ သင် လုပ်ဆောင်နိုင်သည့်အရာ အလွန်များ၏။ ဘုရားသခင် အလိုရှိသည်မှာ သင် စိတ်ကူးသည့်အရာ မဟုတ်။ သူသည် သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်စေလိုသည်၊ စည်းမျဉ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်ကာ သင် ကောင်းစွာ ထမ်းဆောင်သင့်သည့်တာဝန်များကို ထမ်းဆောင်စေလိုသည်။ သင်သည် သင် လုပ်နိုင်သည့်အရာကို မလုပ်ဘဲ မလုပ်သင့်သည့်အရာကို ကြောင်းကျိုးမမြင် လုပ်ဆောင်သည်။ ဤအရာကို သင်၏ အလုပ်အား လျစ်လျူရှုခြင်းဟု ခေါ်သည်။ သင်သည် အနည်းငယ် အလွန်မြင့်မားစွာ ရည်မှန်းနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် မည်သည့်အရာကို လုပ်ဆောင်လိုကြသနည်း။ အခြားသူများအလယ်တွင် ဂုဏ်သိက္ခာ ထူထောင်ရန်၊ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များ လေးစားခံရကာ အလွန်အရေးထားခံရရန်နှင့် အကြီးအကျယ် ကျော်ကြားရန်ဖြစ်သည်။ ဘုရားသခင်သည် သင့်အား ထိုလူစားမျိုးဖြစ်လာရန် အလိုမရှိသောကြောင့် ထိုသို့သော အရာမျိုးများကို သင့်အား သူ မပေးပေ။ သင်သည် ထိုလူစားမျိုးဖြစ်လာရန် အခွင့်အရေးရှိလာခဲ့လျှင် ငြင်းပယ်ရန် လိုလားနေမည်လော။ အလွန်လွယ်ကူစွာ လက်လွှတ်နိုင်မည်လော။ ဤအရာ၏ အကျိုးဆက်က အန္တရာယ်များပေသည်။ ထိုအရာများက ကောင်းမွန်သည်ဟု သင် မှတ်ယူခဲ့သလော။ အဘယ်ကြောင့် လူအချို့သည် အန္တိခရစ်များ ဖြစ်လာကြသနည်း။ ၎င်းတို့တွင် ကျွမ်းကျင်မှုအနည်းငယ် ရှိသည်ဟု ၎င်းတို့ တွေးထင်ကာ၊ ထိုသို့ဖြင့် အလွန့်အလွန် မာနထောင်လွှားလာကြသောကြောင့် ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် ထိုလမ်းကြောင်းကို လျှောက်နိုင်ကြသနည်း။ ၎င်းတို့သည် တကယ်ကို ထိုလူစားမျိုးဖြစ်ကြသည်။ ၎င်းတို့အနေဖြင့် ထိုလမ်းကြောင်းကို အနှေးနှင့်အမြန် လျှောက်လှမ်းရမည်ဖြစ်ပြီး ဘုရားသခင်သည် ၎င်းတို့ကို သမ္မာတရား ပြောဆိုမည့်၊ ၎င်းတို့ကို ကယ်တင်မည့် အစီအစဉ်များ မရှိပေ။ ထို့ကြောင့် သင့်ကို သူ ပေးသည့်အရာမှာ အခြားသူများကို သူ ပေးသည့်အရာနှင့် မုချကွာခြားပေသည်။ သင်သည် မိမိကိုယ်ကို အခြားသူများနှင့် အမြဲနှိုင်းယှဉ်ကာ ထိုသူတို့တွင် ရှိသည့်အရာနှင့်ထပ်တူ အမြဲ လိုချင်နေပါက ဤသည်မှာ ဖြူစင်သော သဘောပေါက်နားလည်နိုင်စွမ်း ဖြစ်သလော။ သင်သည် ဘုရားသခင်၏ အလိုတော်ကို နားမလည်ပေ။ ထို့ကြောင့် သင်၏ အစွမ်းအစက ညံ့ဖျင်းကြောင်း၊ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သကဲ့သို့ မူမမှန်သည့် သဘောပေါက်နားလည်နိုင်စွမ်းရှိကြောင်း၊ သင်သည် မကြာခဏ အားနည်းကြောင်း သို့မဟုတ် သင့်ထံတွင် ပြဿနာနှင့် အားနည်းချက်များ အလွန်များကြောင်း သင် သဘောပေါက်သည့်အခါ ဘုရားသခင်က အဘယ်ကြောင့် သင့်ကို အထူးဆုကျေးဇူးတစ်ခု မပေးခဲ့သည်ကို ပထမဦးစွာ သင် တွေးဆရမည်။ ဤတွင် သူ၏ ကောင်းမွန်သည့် အလိုတော် တည်ရှိပေသည်။ ထိုဆုကျေးရှိပြီး ပါရမီရှိသောလူအများစုက မည်သည့် လမ်းကြောင်းလျှောက်သည်ဆိုသည်နှင့် ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားက မည်သည့်အရာ ဖြစ်သည်ကို နောက်ထပ်လေ့လာလော့။ ဤကိစ္စရပ်ကို သင် နားလည်သည်နှင့် သင် အပြောချင်ဆုံးသော စာကြောင်းတစ်ကြောင်းမှာ အဘယ်နည်း။ (သူ၏ ကွယ်ကာခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။) မှန်၏၊ သင်သည် ဘုရားသခင်ကို ကျေးဇူးတင်ကာ “ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်အတွက် အလွန်ကောင်းမြတ်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်ကို ဆုကျေးဇူးများ သို့မဟုတ် ပါရမီများ မပေးခဲ့သကဲ့သို့ ကျွန်ုပ်ကို မိုက်မဲသူတစ်ဦး၊ လူအတစ်ဦးကဲ့သို့ ဖြစ်စေခဲ့ပါသည်။ ဤသည်မှာ ကျွန်ုပ်၏ ကောင်းချီးမင်္ဂလာ ဖြစ်ပါသည်။ ကျွန်ုပ်သည် အပျက်သဘောမဆောင်ပါ၊ သို့မဟုတ် ဝမ်းမနည်းပါ။ ယခုတွင် ကျွန်ုပ် ချို့တဲ့သည်မှာ ကိုယ်တော့်အပေါ် စစ်မှန်ရိုးသားမှုနှင့် ဆက်ကပ်မှုဖြစ်သည်။ ကျွန်ုပ်သည် လိမ္မာပါးနပ်ပြီး အပြောကောင်းစေဖို့ သို့မဟုတ် ဆုကျေးဇူးများနှင့် ပါရမီကို တောင်းဆိုနေခြင်း မဟုတ်ပါ။ ကိုယ်တော့်အတွက် ကျွန်ုပ်၏ စစ်မှန်ရိုးသားမှုကိုသာ ပူဇော်ဆက်ကပ်လိုပါသည်။ လူတို့ကြားက ဆုကျေးဇူးများ၊ ပါရမီများနှင့် အသိပညာအပြင် အဆင့်အတန်းနှင့် ကျော်ကြားမှုတို့သည် ကောင်းမွန်သည့် အရာများ မဟုတ်သကဲ့သို့ ယင်းတို့ကို ကျွန်ုပ် မလိုချင်ပါ”ဟု ပြောသင့်သည်။ ဤအရာက ပြောင်းလဲမှုကို ပြသည် မဟုတ်လော။ (ပြပါသည်။) သို့ဆိုလျှင် သင်သည် အလွန်များစွာ ချို့တဲ့သောကြောင့် စိတ်ဆင်းရဲကာ ငိုကြွေးနိုင်ဦးမည်လော။ ဤသို့ သင် နောက်ထပ် လုပ်ဆောင်မည် မဟုတ်တော့သကဲ့သို့ မတရားခံရသည်ဟု ခံစားမည်မဟုတ်ပေ။ သို့မဟုတ်ပါက အခြားသူများက သင့်ကို ကိုင်တွယ်ဖြေရှင်းသည့်အခါ သင်က “ကျွန်ုပ် မိုက်မဲပါသည်၊ ကမ္ဘာလောကထဲရှိ လူတိုင်းက ကျွန်ုပ်ကို အထင်သေးပြီး ဘုရားအိမ်တော်တွင် ကျွန်ုပ်သည် မည်သည့်အခါတွင်မျှ ရာထူးတိုးလိမ့်မည်မဟုတ်၊ သို့မဟုတ် အရေးပါသည့် ရာထူးတစ်ခုကို ကိုင်စွဲလိမ့်မည် မဟုတ်ပါ”ဟု တွေးလိမ့်မည်ဖြစ်သည်။ သွယ်ဝိုက်ရည်ညွှန်းသည်မှာ “ဘုရားသခင်သည် ကျွန်ုပ်ကို အလွန်နည်းပါးစွာ ပေးသည်၊ သို့ဆိုလျှင် အခြားသူများကို သူ အဘယ်သို့ အလွန်များစွာ ပေးရသနည်း”ဟူ၍ ဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံးတွင် အမြဲ စောဒကတက်ပြီး မတရားခံရသည်ဟု ခံစားရသည်။ အမှန်တွင် ကြီးမားသည့် ကောင်းချီးမင်္ဂလာတစ်ခုသည် သင့်ထံသို့ ရောက်လာပြီးဖြစ်ကာ သင်သည် ထိုအရာကို သိပင်မသိပေ။ ထိုသို့သော အရာတစ်ခု အနာဂတ်တွင် တစ်ဖန် ဖြစ်ပျက်လျှင် သင်၏ ရှုထောင့်အမြင် ကွဲပြားလိမ့်မည်လော။ (ကွဲပြားပါလိမ့်မည်။) လူတို့၏ ရှုထောင့်အမြင် ကွဲပြားသည့်အခါ ၎င်းတို့တွင် မည်သည့်အရာ ပြောင်းလဲလိမ့်မည်နည်း။ (၎င်းတို့သည် မြင့်မားစွာ ရည်မှန်းမည် မဟုတ်သလို ထိုသို့သော မြင့်မားသည့်အရာများကို လိုက်စားလိမ့်မည်မဟုတ်ဘဲ မိမိတို့၏ တာဝန်ကို ကျေးဇူးတင်ရှိသည့် စိတ်နှလုံးနှင့် အသိတရားရှိရှိ လက်တွေ့ကျသည့် သဘောထားဖြင့် ထမ်းဆောင်နိုင်ကြလိမ့်မည်။) ၎င်းတို့သည် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ကြ၏၊ စစ်မှန်စွာနှင့် လက်တွေ့ကျကျ အသက်ရှင်နိုင်ကြပြီး မတူကွဲပြားသည့် ရည်မှန်းချက်များကို လိုက်စားနိုင်ကြသည်။ ငါ့ကို ပြောလော့၊ သင် ကယ်တင်ခံရနိုင်ရန်အလို့ငှာ ဘုရားသခင်က သင့်ကို ခိုင်မာပြတ်သားသည့်ပုံစံဖြင့် မိမိတာဝန်ကို ထမ်းဆောင်နိုင်သည့် မိုက်မဲသူတစ်ဦးနှင့် လူအတစ်ဦး ဖြစ်စေခြင်းက ပိုကောင်းသလော သို့မဟုတ် သင်သွားသည့်နေရာတိုင်းတွင် လူတို့က သင့်ကို အထင်ကြီးကာ သင်သည် အနူတောတွင် လူချောဖြစ်သည့်နောက် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်ရန်အလို့ငှာ သင့်အား မြင့်မားသည့် အစွမ်းအစ၊ မြင့်မားသည့် ပညာအဆင့်၊ ကြည့်ကောင်းခြင်းနှင့် စကားပြောကောင်းခြင်းတို့အပြင် အလုပ်လုပ်နိုင်စွမ်းနှင့် အထူးအစွမ်းအစများပေးခြင်းက သူ့အတွက် ပိုမိုကောင်းမွန်သလော။ မည်သည့်အရာကို သင် ရွေးချယ်မည်နည်း။ (မိုက်မဲသူနှင့် လူအတစ်ဦးဖြစ်ခြင်းက ပိုကောင်းပါသည်။) ဤသို့ ယခု သင် ပြောနိုင်သော်လည်း တစ်စုံတစ်ဦးက သင့်ပို မိုက်မဲသူနှင့် လူအတစ်ဦးအဖြစ် အမှန်တကယ် ခေါ်ခဲ့ပါက ထိုအရာက သင့်ကို စိတ်ဆိုးမိစေမည်ဖြစ်သည်။ ဤကဲ့သို့ သင် စဉ်းစားရမည်။ “ငါ၏ အစွမ်းအစက ညံ့ပြီး မသိနားမလည်သော်လည်း ငါ့တွင် ကယ်တင်ခံရမည့် အခွင့်အရေးတစ်ခု ရှိသေးသောကြောင့် မကောင်းမှုပြုသူများနှင့် အန္တိခရစ်များထက် ငါ ပိုသာသည်”ဟူ၍ ဖြစ်သည်။ သင့်အနေဖြင့် မိမိကိုယ်ကို နှစ်သိမ့်တတ်ရန် သင်ယူရမည်။ (ကျွန်ုပ်နှင့်အတူ ဘုရားသခင်ကို ယုံကြည်ခဲ့သည့် အခြားသူအနည်းငယ် ရှိခဲ့သည်ကို သတိရသည်။ သူတို့အားလုံးတွင် မြင့်မားသည့် အစွမ်းအစရှိခဲ့ကြပြီး အလွန်ဉာဏ်ထက်ကြသော်လည်း အာဏာနှင့် အကျိုးအမြတ်အတွက် အမြဲ တိုက်ခိုက်ကာ အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့ကြသောကြောင့် ရှင်းလင်းခံရပြီး နှင်ထုတ်ခံခဲ့ရသည်။ ကျွန်ုပ်တွင် ညံ့သည့် အစွမ်းအစရှိသောကြောင့်၊ တုံးအသောကြောင့်၊ ပြီးလျှင် ကောင်းကောင်းမွန်မွန် ပြုမူနိုင်သောကြောင့် ယနေ့ ကျွန်ုပ်ရှိသည့်နေရာကို ကျွန်ုပ် ရောက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကျွန်ုပ် ခံစားရသည်။ ဤသည်မှာလည်း ဘုရားသခင်၏ ကြီးမားသည့် ကွယ်ကာမှုဖြစ်သည်။) ဘုရားသခင်က အဘယ်ကြောင့် သင့်ကို ကွယ်ကာသနည်း။ ယင်းမှာ သင်သည် နုံအသောကြောင့် ဖြစ်သလော။ သူသည် အားနည်းသူကို စာနာသလော။ မစာနာပေ။ ထိုအရာမှာ ငိုသောကလေးက သကြားလုံးရသည်ဟု မယုံကြည်သူများ ပြောသကဲ့သို့ မဟုတ်ပေ။ ထိုသို့ မဟုတ်။ ဤအရာကို ကြည့်ရှုရန် တိကျသည့်နည်းလမ်းမှာ အဘယ်နည်း။ မည်သည့် ကြည့်ရှုပုံနည်းလမ်းသည် သမ္မာတရားနှင့် ကိုက်ညီပါသနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့သည် မိမိတို့ စိတ်နှလုံးများတွင် သမ္မာတရားကို ရိုးသားစစ်မှန်မှုနှင့် ချစ်ခြင်းမေတ္တာ အနည်းငယ်ဖြင့် ယုံကြည်ကြကာ သမ္မာတရားကို လိုက်စားရန် လိုလားနေကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်က ဤကဲ့သို့သော စိတ်နှလုံးများရှိသည့်သူများကို ကယ်တင်ပြီး ထိုသို့ဖြင့် သူတို့ကို ကာကွယ်ရန် အမျိုးမျိုးသော ပတ်ဝန်းကျင်များကို စီစဉ်သည်။) မှန်ပေ၏။ သင့်အတွက် ဘုရားသခင်၏ ကွယ်ကာမှုမှာ သူ့အပေါ် သင်၏ ရိုးသားစစ်မှန်မှုအတွက် အတုံ့အလှယ်ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာသည် တန်ဖိုးအရှိဆုံး ဖြစ်သနည်း။ လူ၏ ရိုးသားစစ်မှန်မှုက တန်ဖိုးအရှိဆုံးဖြစ်သည်။ သင်သည် အပြုသဘောဆောင်သည့် အရာများနှင့် ဘုရားသခင်အပေါ် စစ်မှန်ရိုးသားမှုအတွက် ချစ်ခြင်းမေတ္တာ အနည်းငယ်ရှိပြီး ဤအရာများကို ဘုရားသခင်၏ ကွယ်ကာမှုနှင့် ကျေးဇူးတော်အတွက် သင် လဲလှယ်သည်။ သင်သည် များစွာ အကျိုးရရှိလေပြီ။ တစ်စုံတစ်ဦးက “ကျွန်ုပ်၏ အစွမ်းအစ ညံ့ပြီး ကျွန်ုပ် အကျိုးများစွာ ရရှိပြီးဖြစ်သော်လည်း မည်သည့်အရာကိုမျှ နားမလည်သေးပါ” ဟု ပြောကောင်းပြောနိုင်သည်။ သင် များစွာ နားမလည်သလော။ ယနေ့ သင်၏ တာဝန်ကို ထမ်းဆောင်ကာ ဘုရားသခင်နောက် လိုက်နိုင်စွမ်းသည် သမ္မာတရားအပေါ် သင်၏ သိနားလည်မှုနှင့် ဆက်နွှယ်ပေသည်။ အခြားတစ်စုံတစ်ဦးက “မည်သည့်အရာကို ကျွန်ုပ် နားလည်ပါသနည်း။ ကျွန်ုပ် ရှင်းလင်းစွာ မရှင်းပြနိုင်ပါ”ဟု ပြောကောင်းပြောမည်။ ထိုအရာကို သင် ရှင်းလင်းစွာ ရှင်းပြနိုင်မည်မဟုတ်သော်လည်း ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် မဆုတ်မနစ်လုပ်ဆောင်နိုင်ပြီး များစွာ သင် နားလည်သည်။ ဤအရာများအပေါ် သင်၏ သိနားလည်မှုက မည်မျှ နက်ရှိုင်းသည်ဖြစ်စေ၊ ပေါ့တန်သည်ဖြစ်စေ ယင်းတို့သည် သမ္မာတရားနှင့် မုချ ဆက်နွှယ်ပြီး ထိုသမ္မာတရားနှင့် နီးစပ်သည်။ ထို့ကြောင့် သင်သည် ယခုထိတိုင် ထောက်ပံ့ခံရကာ သင်၏ တာဝန်ကို အဆက်မပြတ် ထမ်းဆောင်နေခဲ့ခြင်း ဖြစ်သည်။ ဤသို့ ဖြစ်သလော။ (ဟုတ်ပါသည်။) သင်က မိုက်မဲသူတစ်ဦး သို့မဟုတ် လူအတစ်ဦးဟု စဉ်းစားခြင်းက ဆိုးသည့်အရာတစ်ခု မဟုတ်သကဲ့သို့ ယခု ထိုအရာကို ကြည့်သည့်အခါ “မိုက်မဲသူ”နှင့် “လူအ”တို့သည် ချိုးနှိမ်သည့် သို့မဟုတ် သေးသိမ်စေသည့် အဓိပ္ပာယ် တစ်ခုမျှမရှိဘဲ ချစ်စနိုးစနောက်၍ ခေါ်ဝေါ်သော နာမည်များ ဖြစ်သည်။ မိုက်မဲသူတစ်ဦးနှင့် လူတစ်ဦးအဖြစ် အခေါ်ခံရခြင်းနှင့် အန္တိခရစ်တစ်ဦးအဖြစ် အခေါ်ခံရခြင်းတို့ကို နှိုင်းယှဉ်ကြည့်သည့်အခါ မည်သည့်အရာက သာ၍ ကောင်းသနည်း။ (မိုက်မဲသူနှင့် လူအတစ်ဦးအဖြစ် အခေါ်ခံရခြင်းက ပိုကောင်းပါသည်။) တစ်နေ့တွင် ဘုရားသခင်က “မိုက်မဲသူ၊ ဤနေရာသို့ လာလော့။ လူအ၊ ဤနေရာသို့ လာလော့”ဟု ပြောလျှင် သင်သည် ဝမ်းသာကောင်း ဝမ်းသာမည် မဟုတ်သော်လည်း “သူက ငါ့ကို မိုက်မဲသူဟု ခေါ်ပြီး အန္တိခရစ်ဟု မခေါ်သောကြောင့် ငါ သွားလိုက်မည်”ဟု တွေးလျက် ထိုအရာကို အချိန်ယူစဉ်းစားပေမည်။ ပြီးလျှင် သင်သည် ပျော်ရွှင်စွာ သွားပေမည်။ ထို့နောက် တစ်စုံတစ်ဦးက “သင်သည် မိုက်မဲသူတစ်ဦးအဖြစ် အခေါ်ခံရသည်ကို ဝမ်းသာပျော်ရွှင်သည်မှာ အဘယ်ကြောင့်နည်း”ဟု ပြောသည်။ ပြီးလျှင် သင်က “သူသည် ကျွန်ုပ်ကို မိုက်မဲသူဟုခေါ်ပြီး အန္တိခရစ်တစ်ဦးဖြစ်သည်ဟု၊ သို့မဟုတ် ကျွန်ုပ် ကယ်တင်ခံရနိုင်မည် မဟုတ်ဟု မပြောခဲ့ပါ။ ထို့ကြောင့် ကျွန်ုပ် ဝမ်းသာပျော်ရွှင်ပါသည်”ဟု ပြော၏။ သင့်ကို မိုက်မဲသူဟု ခေါ်ခြင်းသည် သင့်ကို အပြင်လူတစ်ဦးအဖြစ် ဆက်ဆံနေခြင်း မဟုတ်ဘဲ မိသားစုဝင်တစ်ဦးအဖြစ်၊ ရင်းနှီးသည့် တစ်စုံတစ်ဦးအဖြစ် ဆက်ဆံနေခြင်း ဖြစ်သည်။ ထိုအရာမှာ လူတို့က မိမိတို့၏ သားသမီးများကို “တိရစ္ဆာန်လေးများ”ဟု ခေါ်ဆိုခြင်းကဲ့သို့ ဖြစ်သည်။ အနည်းငယ် ကြမ်းတမ်းပုံရသော်လည်း အမှန်တကယ်တွင် အမှန်တရား ဖြစ်ပြီး အချစ်အကြင်နာစကားနှင့်ဆိုင်သော ဝေါဟာရတစ်ခုသာ ဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦးအဖြစ် အခေါ်ခံခဲ့ရပါက အဘယ်သို့နည်း။ ထိုသို့ဆိုလျှင် နာမည်ပြောင်းလဲခြင်းသည် ယင်း၏ သဘောသဘာဝ မတူကွဲပြားသကဲ့သို့ သင်၏ အဆုံးသတ်သည်လည်း တူမည်မဟုတ်သည့်သဘော ဖြစ်သည်နှင့်အမျှ သင် ဒုက္ခရောက်ပြီဖြစ်သည်။ မည်သည့်အရာကို သင်တို့ ရွေးချယ်မည်နည်း။ (မိုက်မဲသူနှင့် လူအတစ်ဦးဟု အခေါ်ခံရဖို့ ရွေးချယ်ပါမည်။) မိုက်မဲသူနှင့် လူအတစ်ဦး အမြဲဖြစ်သည်မှာ မကောင်းပေ။ သင်၏ အစွမ်းအစလည်း အနည်းငယ် တိုးတက်ရမည်။ နှစ်ကာလများအတောအတွင်းတွင် သင်တို့၏ အစွမ်းအစ တိုးတက်လာကြပြီလော။ (အနည်းငယ်မျှ တိုးတက်သော်လည်း သိပ်မများပါ။) အသက်ဝင်ရောက်မှု ကိစ္စရပ်တွင် သင်သည် အမှန်တကယ် ကြိုးစားပြီး ဆက်လက်ကြိုးပမ်းလျှင် မုချ တိုးတက်လိမ့်မည် ဖြစ်သော်လည်း အကြီးစား တိုးတက်မှုများကို တစ်ပြိုင်နက် မြင်ရရန်မှာ မဖြစ်နိုင်ပေ။ ထိုအရာမှာ နှေးကွေးသည့် ကြီးထွားမှုဖြစ်စဉ်ဖြစ်သော်လည်း သင့်ထံတွင် ဝင်ရောက်မှုရှိသရွေ့ ဆုတ်ယုတ်မည် မဟုတ်သကဲ့သို့ သင် လိုက်စားသရွေ့ သင်၏ အသက်ဝင်ရောက်မှုသည်လည်း တဖြည်းဖြည်း နည်းနည်းချင်းဆိုသလို ကြီးထွားလိမ့်မည်။

လူတို့အထဲတွင် သမ္မာတရားကို အမှုပြုရန် ဘုရားသခင်အတွက် လွယ်ကူသည့်အလုပ်တစ်ခု မဟုတ်ပေ။ ထိုအရာမှာ မြေကြီးထဲ စိုက်ပျိုးချိန်တွင် မျိုးစေ့တစ်စေ့က အညှောင့်ပေါက်သည့် အမြန်နှုန်းလောက် မြန်မြန်ဆန်ဆန် မဖြစ်ပေ။ အတော် ကွဲပြားခြားနားပေသည်။ လူ့အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းသည် သူ၏ ဆိုးယုတ်သော စိတ်သဘောထားကို လုံးလုံးလျားလျား သန့်စင်စေခြင်းနှင့် ပြောင်းလဲစေခြင်းအားဖြင့်ဖြစ်ကာ လူကို သူ၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရား စစ်မှန်မှုကို အသက်ရှင်နေထိုင်ခွင့်ပေးခြင်းအားဖြင့်ဖြစ်သော်လည်း ဤအရာများသည် ရိုးရှင်းသည့် ကိစ္စရပ်များ မဟုတ်ပေ။ သင်သည် တရားဒေသနာများကို နားထောင်လျှင်ပင်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှု၍ ဆုတောင်းပြီး နေ့ရက်စဉ်တိုင်း တွေ့ကြုံလျှင်ပင် သင်၏ တိုးတက်မှုက နည်းပါးလိမ့်မည်ဖြစ်ပြီး သင်၏ ဘဝရင့်ကျက်ကြီးထွားမှုက နှေးကွေးလိမ့်မည်။ တစ်စုံတစ်ဦးအတွက် သမ္မာတရားကို နားလည်ရန် ဖြစ်စဉ်များစွာ လိုအပ်သည်။ လူတို့သည် ထပ်တလဲလဲဖြစ်သော အတွေ့အကြုံများစွာ လိုအပ်ပြီး သမ္မာတရားကို သဘောပေါက်ရန် ကြိုးစားရာတွင် ဆက်ကြိုးပမ်းကာ အားထုတ်ဖို့လည်း လိုအပ်ပေသည်။ ထိုအခါတွင်မှ ထိုသမ္မာတရားကို ၎င်းတို့ နားလည်နိုင်သည်။ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က လိုအပ်သည်၊ သို့မဟုတ်လျှင် လူတို့ ရရှိသည့်အရာမှာ သာ၍ပင် နည်းပါးပေမည်။ လူများစွာတို့သည် ဘုရားသခင်ကို အနှစ်နှစ်ဆယ်၊ သို့မဟုတ် သုံးဆယ်ကြာ ယုံကြည်ပြီးဖြစ်သော်လည်း မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မပြောနိုင်ကြသေးချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါတွင်မျှ မလိုက်စားခဲ့ကြသောကြောင့် သို့မဟုတ် ဘုရားသခင်ကို ဆယ်စုနှစ်ချီ ယုံကြည်ပြီးသည့်နောက်တွင်ပင် မည်သည့်အရာမျှ မရရှိသည့် အကျိုးဆက်ဖြစ်ပေါ်စေလျက် သမ္မာတရားကို သဘောပေါက်ရန် စူးစိုက်သည့် အားထုတ်မှု မပြုကြသောကြောင့် ဖြစ်သည်။ လူတို့အနေဖြင့် သမ္မာတရားကို နားလည်ရန်၊ ထိုသမ္မာတရားကို တွေ့ကြုံပြီး သဘောပေါက်ရန် လိုအပ်ပြီး ၎င်းတို့အနေဖြင့် ဘုရားသခင်က ၎င်းတို့အတွက် ပတ်ဝန်းကျင်များကို စီစဉ်ပေးရန် အထူးသဖြင့် လိုအပ်သည်။ ဤမတူကွဲပြားသည့် သွင်ပြင်လက္ခဏာများ ပေါင်းစပ်ခြင်းက လူတို့ကို အနည်းငယ်သော သိနားလည်မှုနှင့် ဝင်ရောက်မှုတို့ကို ရရှိစေသည်။ ဤအရာ သင့်အထဲတွင် ဖြစ်ပေါ်စေသည်နှင့်တစ်ပြိုင်နက် သင်၏ သတိရှိခြင်းနှင့် အတွေးများကို တိုးတက်စေကာ အနည်းငယ် ပြောင်းလဲခွင့်ပေးလျက် သင့်ကို မတူကွဲပြားသည့် အသိပညာ၊ ခံစားချက်များနှင့် အတွေးများ ပေးလိမ့်မည်။ အပြန်အလှန်အနေဖြင့် ယင်းက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို အနည်းငယ်မျှ အားကောင်းစေလိမ်မ့ည်ဖြစ်ပြီး သမ္မာတရားအပေါ် သင်၏ သဘောထားနှင့် သင်၏ ကိုယ်ပိုင် အသက်လမ်းကြောင်းတို့ကို အနည်းငယ်မျှ ပြောင်းလဲစေလိမ့်မည်။ ထိုအရာများအားလုံးသည် အနည်းငယ်သော တဒင်္ဂမျှ ပြောင်းလဲမှုများ ဖြစ်သော်လည်း ဤတဒင်္ဂပြောင်းလဲမှုများက ဘဝအပေါ် သင်၏ သဘောထားအမြင်တွင်၊ သင်၏ အတွေးများနှင့် အမြင်များတွင်၊ အမှုအရာများနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားတွင် ကြီးမားသည့် အပြောင်းအလဲ ဖြစ်စေလိမ့်မည်။ ဤသည်မှာ သမ္မာတရားဖြစ်သည့် ဘုရားနှုတ်ကပတ်တော်၏ အစွမ်းတန်ခိုး ဖြစ်သည်။

ကောက်နုတ်ချက် (၈၉)

လူတို့သည် မည်သို့ပင် မနာခံတတ်သည်ဖြစ်စေ၊ ၎င်းတို့ စိတ်သဘောထားများသည် မည်သို့ပင် အလွန်အမင်း ဖောက်ပြန်ပျက်စီးသည်ဖြစ်စေ၊ လူတို့ကို ဘုရားသခင်၏ ကယ်တင်ခြင်း ကာလတစ်လျှောက်လုံးတွင် ဘုရားသခင်သည် လူများအပေါ် မည်သည့် အခြေခံစည်းမျဉ်း ချမှတ်ပေးသနည်း။ တစ်နည်းပြောရလျှင် ဘုရားသခင်သည် လူများကို မည်သည့် အခြေအနေများအရ စွန့်ပစ်ပြီး ဖယ်ရှားသနည်း။ မိမိကို ဘုရားသခင်က ထိန်းသိမ်းထားစေရန်၊ မဖယ်ရှားစေရန်အတွက် မိမိအနေဖြင့် ပြည့်မီရမည့် အနိမ့်ဆုံး စံနှုန်းက အဘယ်နည်း။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံး ရှင်းရှင်းလင်းလင်း နားလည်ရမည့်အရာတစ်ခု ဖြစ်၏။ ပထမဆုံးဦးစွာ ဘုရားသခင်ကို မငြင်းပယ်ခြင်း ဖြစ်သည်။ ဤသည်မှာ အခြေခံအကျဆုံး လိုအပ်ချက်ပင်ဖြစ်သည်။ ဘုရားသခင်ကို မငြင်းပယ်ရဟူသော အဓိပ္ပာယ်ထဲတွင် လက်တွေ့ကျသော အကြောင်းအရာ ပါရှိနေသည်။ ယင်းမှာ ကောင်းကင်ထက်၌ အဘိုးအိုကြီးတစ်ယောက် ရှိနေ၏၊ သို့မဟုတ် ဘုရားသခင်သည် လူ့ဇာတိ ခံယူထားပြီ၊ သို့မဟုတ် ဘုရားသခင်၏ နာမတော်သည် အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်သည်ဟု အသိအမှတ်ပြုရုံသာ မဟုတ်ပေ။ ဤအရာက မလုံလောက်သေးပေ။ ဤအရာသည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် စံနှုန်း မပြည့်မီသေးပါ။ အနည်းဆုံးအနေဖြင့် လူ့ဇာတိခံ ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင် ဖြစ်သည်ဟု သင်အသိအမှတ်ပြုရမည်။ သံသယ မရှိရ၊ သို့မဟုတ် မဝေဖန်ရ။ သင်သည် အယူအဆများ ရှိနေလျှင်ပင် နာခံနိုင်ရမည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် စံနှုန်းဖြစ်၏။ ဤစံနှုန်းကို ပြည့်မီမှသာ သူ့ကို ယုံကြည်သော လူတစ်ယောက်အဖြစ် ဘုရားသခင်က သင့်ကို အသိအမှတ် ပြုလိမ့်မည်။ ဘုရားသခင်ထံ၌ လူတို့အတွက် အခြေခံစည်းမျဉ်း အနည်းဆုံး သုံးခုရှိ၏။ ပထမဆုံးမှာ လူတို့က သူ့အား အသိအမှတ် ပြုရမည်၊ သူ့ကို ယုံကြည်ရမည်၊ သူ့နောက်သို့ လိုက်လျှောက်ရမည်။ ၎င်းတို့သည် ဘုရားသခင်ကို အစစ်အမှန် ယုံကြည်သူများ ဖြစ်ရမည်။ မိမိတာဝန်များကို အစွမ်းအစ ရှိသမျှ ထမ်းဆောင်ရမည့်အပြင် မကောင်းမှု မလုပ်ရ၊ သို့မဟုတ် ဆူပူနှောင့်ယှက်မှုများလည်း မလုပ်ရပေ။ ဤသည်မှာ ပထမ အခြေခံစည်းမျဉ်း ဖြစ်သည်။ ဒုတိယမှာ ဘုရားသခင်နောက် လိုက်လျှောက်သော အချိန်ကာလ တစ်လျှောက်လုံးတွင် ၎င်းတို့သည် အနည်းဆုံးအနေဖြင့် မိမိတာဝန်များကို မစွန့်ပစ်ရ။ မိမိတို့၏တာဝန်များကို ထမ်းဆောင်ချိန်တွင် ကျိုးနွံ နာခံရမည်၊ တာဝန်များတွင် ပုံမှန်အကျိုးရလဒ်များ ရရှိရမည်။ အနည်းဆုံးအနေဖြင့် လက်ခံနိုင်လောက်သော အဆင့်တစ်ခုအထိ အစေခံရမည်။ ဤသည်မှာ ဒုတိယ အခြေခံစည်းမျဉ်း ဖြစ်၏။ တတိယမှာ ၎င်းတို့၏လူ့သဘာဝသည် စံချိန်စံနှုန်း ပြည့်မီရမည်။ ၎င်းတို့သည် လူကောင်းများအဖြစ် သတ်မှတ်ခြင်း ခံကြရမည်၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် အသိစိတ် အသိတရား ရှိသောလူများ ဖြစ်ရမည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူအများစုနှင့် ပင်ကိုအားဖြင့် အဆင်ပြေပြေ နေနိုင်သူများ ဖြစ်သင့်သည်။ အကျင့်ပျက်သူတော့ မဖြစ်သင့်ပေ။ ဤသို့သော လူတို့သည် ယုတ်စွအဆုံး ဆိုးသွမ်း၊ ယုတ်မာသူများ မဖြစ်ကြပေ။ ဤသည်မှာ တတိယ အခြေခံစည်းမျဉ်း ဖြစ်၏။ လူတစ်ယောက်သည် သမ္မာတရားကို လက်မခံနိုင်သည့်အပြင် မည်သည့် အကြောင်းကြောင့်ဖြစ်စေ တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ ငြင်းဆန်လျှင် ထိုလူသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ယောက် မဟုတ်ချေ။ မည်သည့်နည်းနှင့်မျှ ၎င်း၏ လူ့သဘာဝသည် စံချိန်စံနှုန်း မမီပေ။ ဤသည်မှာ ၎င်းတို့သည် အခြေခံစည်းမျဉ်းအောက် ကျဆင်းသွားသည့်အပြင် ဖယ်ရှားခံရမည်ဟူသော အဓိပ္ပာယ်ဖြစ်၏။ သမ္မာတရားဟူ၍ တစ်စက်မှကို လက်မခံနိုင်သလို၊ အသင်းတော်၌လည်း အနှောင့်အယှက်များ၊ ဆူပူမှုများ လုပ်ကာ အပြုသဘောဆောင်သော နေရာမှ မပါဝင်သည့်၊ မကောင်းသော လူ့သဘာဝရှိသည့် ထိုလူများအားလုံးကို ဆိုးယုတ်သူများအဖြစ် အမျိုးအစား ခွဲခြားနိုင်ပေသည်။ အခြားသောလူအများစုနှင့် အဆင်ပြေပြေ မနေနိုင်သော လူတစ်ယောက်သည် အကျင့်ပျက်သူတစ်ယောက် ဖြစ်၏၊ ဆိုးယုတ်သူတစ်ယောက် ဖြစ်၏။ ထိုသို့သော လူတစ်ယောက်သည် အခြေခံစည်းမျဉ်းအောက် ကျဆင်းနေသည့်အပြင် ဖယ်ရှားခံရသင့်သူတစ်ဦး ပို၍ပင် ဖြစ်လေသည်။ ထိုသို့ ဆိုးယုတ်သူများနှင့် အန္တိခရစ်များသည် တာဝန်တို့ကို လုပ်ဆောင်ချင် လုပ်ဆောင်လိမ့်မည်။ သို့သော် ၎င်းတို့သည် အနှောင့်အယှက်များ၊ ဆူပူမှုများ၊ ဖျက်ဆီးမှုများကိုသာ ဖြစ်စေသည်၊ မကောင်းမှုကိုသာ လုပ်ကြ၏။ ဘုရားသခင်သည် ဤသို့သော လူများကို အလိုရှိနိုင်ပါမည်လော။ ၎င်းတို့သည် မိမိတို့တာဝန်များကို လုပ်ဆောင်နေခြင်း ဟုတ်ပါသလော။ (မဟုတ်ပါ။) ဘုရားသခင်၏ အမြင်တွင် ၎င်းတို့၏ လုပ်ရပ်များသည် အခြေခံစည်းမျဉ်းကို ချိုးဖောက်ကြလေပြီ။ ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်နိုင်စွမ်း မရှိကြ၊ ထို့အပြင် ၎င်းတို့ကြောင့်ဖြစ်သော ထိခိုက်နစ်နာမှုမှာ ၎င်းတို့ ထမ်းဆောင်သည်ဆိုသော တာဝန်များထက် ပိုပြီး ဝန်ပိုသည်။ ထို့ကြောင့် ၎င်းတို့ကို အသင်းတော်မှ ဖယ်ရှားပစ်ရမည်။ ဤသည်မှာ ဘုရားအိမ်တော်တွင် လူများကို ကိုင်တွယ်ဖြေရှင်းသော စည်းမျဉ်းပင် မဟုတ်လော။ လူတစ်ဦး တစ်ယောက်သည် အခြေအနေဆိုးတစ်ခု၌ ခေတ္တခဏ ရောက်နေသောကြောင့်၊ အပျက်သဘော ဆောင်နေသောကြောင့်၊ ပျော့ညံ့နေသောကြောင့် ရှင်းလင်းခံရခြင်းမျိုး ရှိခဲ့ဖူးသလော။ လူတစ်ဦးတစ်ယောက်သည် တစ်ခါတစ်ရံ၌ အနည်းငယ် ပေါ့ဆပြီး မိမိတာဝန်ကို ကောင်းစွာ မထမ်းဆောင်သောကြောင့် တာဝန်ထမ်းဆောင်ခြင်းမှ ရပ်ဆိုင်းခြင်း ခံခဲ့ရဖူးသလော။ လူတစ်ဦးတစ်ယောက်သည် မိမိတာဝန်တွင် ညံ့ဖျင်းသောရလဒ်များ ရရှိသောကြောင့်၊ သို့မဟုတ် မကောင်းသော အတွေးအချို့၊ စိတ်ကူးအချို့ကို ထုတ်ဖော်မိသောကြောင့် ရှင်းလင်းခံရခြင်းမျိုး ရှိခဲ့ဖူးသလော။ လူတစ်ဦးတစ်ယောက်သည် ဝိညာဉ်ရင့်သန်မှု နည်းပါးသောကြောင့်၊ ၎င်းထံတွင် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ၊ သံသယများ ပေါ်ပေါက်သောကြောင့် ရှင်းလင်းခံရခြင်းမျိုး ရှိခဲ့ဖူးသလော။ (မရှိခဲ့ဖူးပါ။) ထိုသို့ဆိုလျှင် လူများကို ရှင်းလင်းခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းဟူသည် အဘယ်နည်း။ မည်သည့်လူများသည် ရှင်းလင်းခံရ၍ ၎င်းတို့၏တာဝန်များ ထမ်းဆောင်ခြင်းကို ရပ်ဆိုင်းခံရသနည်း။ (အစေခံရာတွင် အကောင်းထက် အဆိုးကိုသာ ဖြစ်စေသူများ၊ အနှောင့်အယှက်များနှင့် ဆူပူမှုများကို အမြဲမပြတ် ပြုလုပ်သူများ ဖြစ်ပါသည်။) ဤသို့သော လူအမျိုးအစားသည် တာဝန်တစ်ခုကို မထမ်းဆောင်ထိုက်ပေ။ ဤသည်မှာ လူတစ်ဦးတစ်ယောက်က ၎င်းတို့အပေါ် ဆန့်ကျင်သော အစွဲရှိသောကြောင့်၊ သို့မဟုတ် ပုဂ္ဂိုလ်ရေး အာဃာတကြောင့် ၎င်းတို့ကို ကန့်သတ် ရှင်းလင်းခြင်းဖြစ်သည်ဟူသော သဘောမဟုတ်။ ထိုသူသည် မိမိတာဝန်တွင် မည်သည့် အကျိုးရလဒ်မျှ မရ၊ နှောင့်ယှက်မှုများ၊ ဆူပူမှုများကိုသာ ဖြစ်စေသည်ဟူသော အဓိပ္ပာယ်သာဖြစ်သည်။ ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် အမှန်တကယ် မထိုက်တန်သောကြောင့်သာ ရှင်းလင်းခံရခြင်း ဖြစ်သည်။ ဤအရာသည် သမ္မာတရား စည်းမျဉ်းများနှင့် လုံးလုံး ကိုက်ညီ၏။ လူအများကို ဘုရားသခင်၏ အိမ်တော်က ကိုင်တွယ်ဆက်ဆံသော စည်းမျဉ်းများမှာ မျှတသည်ချည်းသာ ဖြစ်၏။ ဘုရားအိမ်တော်သည် လူတို့ အမှားလုပ်မိသည်ကို အမိဖမ်းရန်လည်းကောင်း၊ တစ်ဆိတ်ကို တစ်အိတ် လုပ်ရန်လည်းကောင်း၊ ဘာမဟုတ်သည်တို့ကို ကြီးကြီးမားမား ဇာချဲ့ရန်လည်းကောင်း ကြိုးပမ်းခြင်း မရှိ။ ဘုရားအိမ်တော်အား သမ္မာတရားက အုပ်စိုးသည်ကို သင်တို့ ယုံကြည်ကြရမည်။ ရှင်းလင်းခြင်း ခံထားရသည့် အချို့သောလူတို့သည် ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံပြီး ဘုရားသခင်ထံ အစစ်အမှန် နောင်တရနိုင်လျှင် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရှိကောင်း ရှိနိုင်သေးသည်။ သို့သော် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံနိုင်ကြသော၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသော၊ ထိုမယုံကြည်သူများနှင့် ဆိုးယုတ်သူများမှာမူ ဖော်ထုတ်ခံရပြီးနောက်တွင် ထာဝရ ဖယ်ရှားခြင်း ခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်၏။

ကောက်နုတ်ချက် (၉၂)

သင်တို့သည် ဤနောက်ဆုံးခေတ်ကာလတွင် အသက်ရှင်နေထိုင်နေကြခြင်းဖြစ်သည်။ သင်တို့၏ မိသားစုဘဝ အများစုသည် ယခင်ကထက် ပိုမိုပြည့်စုံ ကြွယ်ဝလာကြပြီး သင်တို့ဘဝများ၏ ကဏ္ဍအသီးသီးတွင် ရုပ်ဝတ္ထုပစ္စည်းများ အလျှံပယ် ရှိနေကြသည်။ သင်တို့တွင် မည်ကဲ့သို့သော ခံစားချက်မျိုး ရှိပါသနည်း။ ဇာတိပကတိတွင် ပျော်ရွှင်ခြင်းခံစားမှု အနည်းငယ်မျှသာရှိသည်။ သို့ရာတွင် ဤအရာနှင့် စိတ်နှလုံးထဲရှိ ပျော်ရွှင်မှုတို့အကြား ကွဲပြားခြားနားချက်မှာ အဘယ်နည်း။ သင်တို့အားလုံးတွင် အတွေ့အကြုံအချို့ ရှိကြကာ အချို့ကိစ္စရပ်များကို ရိပ်စားမိခဲ့ကြပြီးဖြစ်သည်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့်ပတ်သက်သော သင်တို့၏ လိုက်စားမှုသည် ယခင်ကထက်ပို၍ လက်တွေ့ကျလာကြောင်း၊ ဇာတိပကတိ၏ သာယာမှုများကို လိုက်စားခြင်းမှာ အနှစ်မဲ့ပြီး သမ္မာတရားအားထုတ်ရန် လိုလားနေကြကြောင်း ဟူသည့် အတွေ့အကြုံမျိုး သင်တို့အားလုံးတွင် ရှိကြသလော။ ရုပ်ဝတ္ထုပစ္စည်း အမျိုးမျိုးအပေါ်၌ လူတို့၏ ဇာတိပကတိ အာရုံခံစားမှုများက ၎င်းတို့အား ဝိညာဉ်ဆိုင်ရာ နှစ်သိမ့်မှုကို ဆောင်ကြဉ်းပေးနိုင်သလော။ ဘဝတွင် သာလွန်ကောင်းမွန်သည့် ခံစားချက်နှင့် ရုပ်ဝတ္ထုပစ္စည်းများဖြင့် အလျှံပယ်ဖြစ်နေသည့် ဘဝက လူများအတွက် မည်သည့်အရာများကို ဆောင်ကြဉ်းပေးနိုင်သနည်း။ ယင်းတို့က လူများအား စာရိတ္တပျက်ပြားစေပြီး လူများအား ၎င်းတို့၏ ဦးတည်ချက် ပျောက်ဆုံးသွားအောင် ပြုလုပ်နိုင်သည်။ ဤနည်းအားဖြင့် လူများသည် အသိစိတ်ကို အလွယ်တကူ ဆုံးရှုံးသွားမည်ဖြစ်ပြီး အကောင်းနှင့်အဆိုး သိမြင်နိုင်မှု မရှိတော့ဘဲ ဆင်ခြင်တုံတရားလည်း ကင်းမဲ့သွားကာ ၎င်းတို့၏ လူ့သဘာဝ တဖြည်းဖြည်းနှင့် ပျောက်ဆုံးသွားလိမ့်မည်။ ၎င်းတို့သည် ကိုယ်စိတ်ချမ်းသာခြင်းကို ပို၍ပို၍ မွတ်သိပ်တောင့်တလာပြီး စကြာဝဠာအတွင်းရှိ ၎င်းတို့၏ ကိုယ်ပိုင်နေရာကိုပင် မသိနားမလည်မှုများ ပိုမိုတိုးပွားလာမည်ဖြစ်သည်။ မိမိကိုယ်ကို ပြုစုစောင့်ရှောက်နိုင်စွမ်းကို ဆုံးရှုံးသည့်သူအချို့ပင် ရှိလာကြလိမ့်မည်။ ၎င်းတို့သည် မိမိဘာသာ အမှီအခိုကင်းစွာ ရပ်တည်နိုင်စွမ်း လုံးဝမရှိတော့ဘဲ မိမိဝင်ငွေကို မိမိကိုယ်တိုင် မရှာဖွေနိုင်သည့်အပြင် ၎င်းတို့၏ မိဘများအပေါ် မှီခိုနေရလိမ့်မည်။ ၎င်းတို့သည် တစ်နေ့တခြား ပိုမို၍ တင်းတိမ်ရောင့်ရဲနိုင်ခြင်း မရှိသလို အရှက်အကြောက် ကင်းမဲ့ လာကြလိမ့်မည်။ အကျဉ်းချုပ်အားဖြင့် သာလွန်ကောင်းမွန်သည့် ဘဝအခြေအနေမျိုးများနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝသော ဘဝက လူများအား အကျင့်စာရိတ္တပျက်စီးခြင်းကိုသာ ဖြစ်စေပြီး ၎င်းတို့အား ပျင်းရိမှုကို ခုံမင်နှစ်သက်သူများ၊ အလုပ်ကို ရွံမုန်းသူများ ဖြစ်လာစေသည့်အပြင် မရောင့်ရဲနိုင်အောင် လောဘကြီးသူများ၊ ရှက်ကြောက်စိတ် ကင်းမဲ့သူများ ဖြစ်လာစေသည်။ ၎င်းတို့က လူများအား မည်သည့်အကျိုးကျေးဇူးကိုမျှ ပြုမည်မဟုတ်။ ဇာတိပကတိနှင့် စပ်လျဉ်း၍ သင်သည် ယင်းဇာတိပကတိပေါ်သို့ ပိုမိုတိမ်းညွတ်လေ၊ ယင်းသည် အလိုလောဘ ပိုမိုကြီးမားလာလေ ဖြစ်လိမ့်မည်။ ဇာတိပကတိသည် ဒုက္ခဝေဒနာကို အနည်းငယ် ခံစားရသည်မှာ သင့်လျော်ပေသည်။ ဒုက္ခဝေဒနာကို အနည်းငယ် ခါးစည်းခံကြသူများသည် မှန်ကန်သည့် လမ်းကြောင်းကို လျှောက်လှမ်းကြမည်ဖြစ်ပြီး ကောင်းမွန်သင့်လျော်သည့် အလုပ်ကို လုပ်ကိုင်ဆောင်ရွက်ကြလိမ့်မည်။ အကယ်၍ ဇာတိပကတိသည် ဒုက္ခဝေဒနာကို မခံစားဘဲ သာယာမှု၊ သက်သောင့်သက်သာရှိမှုကိုသာ မွတ်သိပ်တောင့်တနေပြီး သာယာသည့် ပတ်ဝန်းကျင် အသိုက်အမြုံအတွင်း၌ ကြီးပြင်းလာပါက လူများသည် မည်သည့်အရာကိုမျှ အောင်မြင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း တကယ်ကို မရရှိနိုင်ပါ။ အကယ်၍ လူများသည် သဘာဝ ဘေးအန္တရာယ်များ၊ လူသားတို့ဖန်တီးသည့် ကပ်ဘေးများနှင့် တွေ့ကြုံရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် အသိစိတ် ကင်းမဲ့သွားပြီး ဆင်ခြင်တုံတရားမဲ့စွာ ပြုမူကြလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် တစ်စထက်တစ်စ တိုး၍သာ အကျင့်စာရိတ္တ ပျက်ပြားလာကြလိမ့်မည်။ ယင်းအတွက် သာဓက အများအပြားရှိပါသလား။ မယုံကြည်သူများတွင် ထင်ပေါ်ကျော်ကြားမှု မရှိမီက ဆင်းရဲဒုက္ခကို ခါးစည်းခံရန်နှင့် ၎င်းတို့၏အလုပ်တွင် စိတ်ရောကိုယ်ပါ ရည်စူးအပ်နှံရန် လိုလိုလားလား ရှိခဲ့ကြသော အဆို‌တော်များနှင့် ရုပ်ရှင်သရုပ်ဆောင်များစွာ ရှိသည်ကို သင်မြင်တွေ့နိုင်သည်။ သို့သော် ၎င်းတို့သည် ထင်ပေါ်ကျော်ကြားမှု ရှိလာပြီး ငွေကြေးအမြောက်အမြား ရရှိလာသည့်အခါ မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် မလျှောက်လှမ်းကြတော့ပါ။ ၎င်းတို့အနက် အချို့သည် မူးယစ်ဆေးဝါး သုံးစွဲကြပြီး အချို့မှာ မိမိကိုယ်ကို သေကြောင်းကြံစည်ကြသည့်အတွက် ၎င်းတို့၏ ဘဝများမှာ စောစီးစွာ အဆုံးသတ်ခဲ့ကြရသည်။ ယင်းသို့ဖြစ်စေသည့် အကြောင်းတရားမှာ အဘယ်နည်း။ ၎င်းတို့၏ ရုပ်ဝတ္ထုပစ္စည်းများအပေါ်၌ သာယာမှုမှာ အလွန်အကျွံဖြစ်သည့်အပြင် ၎င်းတို့သည် အလွန်အမင်း သက်သောင့်သက်သာရှိပြီး ပိုမိုကြီးမားသည့် ပျော်ရွှင်ချမ်းသာသုခ၊ သို့မဟုတ် ပိုမိုကြီးမားသည့် စိတ်လှုပ်ရှားမှုမျိုးကို မည်သို့ရရှိအောင် လုပ်ဆောင်ရမည်ကို ၎င်းတို့မသိရှိကြတော့ပါ။ ၎င်းတို့အနက် အချို့သည် ပိုမိုမြင့်မားသည့် စိတ်လှုပ်ရှားမှုနှင့် သာယာမှုကို ရှာဖွေရင်း မူးယစ်ဆေးဝါးကို အားကိုးကြပြီး အချိန်ကြာလာသည်နှင့်အမျှ မူးယစ်ဆေးဝါးကို ဖြတ်နိုင်ခြင်း မရှိတော့ပေ။ အချို့သည် မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲမှုကြောင့် အသက်ဆုံးရှုံးကြရပြီး အခြားသူများမှာ ယင်းမှ လွတ်မြောက်ဖို့နည်းလမ်းကို မသိရှိကြဘဲ နောက်ဆုံးတွင် မိမိကိုယ်ကို အဆုံးစီရင်ကြသည်။ ယင်းကဲ့သို့သော သာဓက အများအပြား ရှိပါသည်။ သင်မည်မျှကောင်းစွာ စားသည်ဖြစ်စေ၊ မည်မျှကောင်းစွာ ဝတ်ဆင်သည်ဖြစ်စေ၊ မည်မျှကောင်းစွာ နေထိုင်သည်ဖြစ်စေ၊ ပျော်ရွှင်နှစ်သက်မှုကို သင်မည်မျှ ခံစားသည်ဖြစ်စေ၊ သင့်ဘဝသည် မည်မျှ သက်သောင့်သက်သာ ရှိသည်ဖြစ်စေ၊ သင့်လိုအင်များ မည်မျှ အလုံးစုံ ပြည့်ဝနေသည်ဖြစ်စေ အဆုံးတွင် ယင်းတို့မှာ အနှစ်မဲ့ခြင်းအပေါ် အနှစ်မဲ့ခြင်းသာဆင့်လျက် ရလဒ်မှာ ပျက်စီးခြင်းသာ ဖြစ်သည်။ မယုံကြည်သူများ ရှာဖွေကြသည့် ယင်းပျော်ရွှင်မှုသည် စစ်မှန်သော ပျော်ရွှင်မှု ဟုတ်သလော။ အမှန်တွင် ယင်းမှာ ပျော်ရွှင်မှုမဟုတ်။ ယင်းမှာ လူသား၏ စိတ်ကူးဖြစ်သည်။ ယင်းမှာ အကျင့်စာရိတ္တပျက်စီးမှု ပုံစံတစ်ခုဖြစ်သည်။ ယင်းမှာ လူတို့၏ အကျင့်စာရိတ္တပျက်စီးလာသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ လူများ လိုက်စားကြသည့် ပျော်ရွှင်မှုဟု ဆိုလေသောအရာမှာ အတုအယောင် ဖြစ်သည်။ ယင်းမှာ အမှန်အားဖြင့် ဒုက္ခဆင်းရဲဖြစ်သည်။ ယင်းမှာ လူအများ လိုက်စားသင့်သည့် ပန်းတိုင်တစ်ခု မဟုတ်သလို အသက်ရှင်ခြင်း၏ တန်ဖိုးတည်ရာ နေရာလည်း မဟုတ်ပါ။ စာတန်က လူများအား ဖျက်ဆီးသည့် လုပ်ဆောင်ပုံများနှင့် နည်းလမ်းများအနက် အချို့သည် ၎င်းတို့အား ဇာတိပကတိ၏ စိတ်ကျေနပ်မှုနှင့် တဏှာရာဂတို့တွင် ပျော်မွေ့မှုတို့ကို ပန်းတိုင်အဖြစ် ရှာဖွေစေသည်။ ဤနည်းအားဖြင့် စာတန်သည် လူများကို ထုံထိုင်းသွားစေသည်၊ လူများကို သွေးဆောင်သည်၊ လူများကို ဖောက်ပြန်ပျက်စီးစေသည်၊ ထိုအရာမှာ ပျော်ရွှင်မှုဟု ခံစားရအောင် လုပ်ဆောင်သည်၊ ထို့ပြင် ၎င်းတို့အား ယင်းကို ပန်းတိုင်အဖြစ် လိုက်လံရှာဖွေစေသည်။ လူများက ထိုအရာများကို ရရှိခြင်းသည် ပျော်ရွှင်မှုကို ရရှိခြင်းဟု ယုံကြည်ကြသည်။ ထို့ကြောင့် လူများသည် ယင်းပန်းတိုင်ကို လိုက်စားရန် ဦးတည်လျက် ၎င်းတို့ရှိသမျှ အစွမ်းဖြင့် လုပ်ဆောင်ကြတော့သည်။ ထို့နောက် ထိုအရာကို ၎င်းတို့ရရှိပြီးနောက် ၎င်းတို့ခံစားရသည်မှာ ပျော်ရွှင်မှု မဟုတ်ဘဲ အနှစ်မဲ့ခြင်းနှင့် စိတ်ဆင်းရဲခြင်းတို့သာ ဖြစ်သည်။ ဤအချက်က ၎င်းမှာ မှန်ကန်သည့် လမ်းကြောင်းမဟုတ်ဘဲ သေခြင်းတရားသို့ သွားရာလမ်း ဖြစ်ကြောင်း သက်သေပြနေသည်။ ဘုရားသခင်ကို ယုံကြည်သူများသည် မယုံကြည်သူများ လျှောက်လှမ်း သကဲ့သို့ ဤလမ်းကြောင်းကို အဘယ်ကြောင့် မလျှောက်လှမ်းကြသနည်း။ ဘုရားသခင်ကို ယုံကြည်သူများက ခံစားရသည့် ပျော်ရွှင်မှုမှာ အဘယ်သနည်း။ ယင်းမှာ မယုံကြည်သူများ လိုက်စားကြသည့် ပျော်ရွှင်မှုနှင့် မည်သို့ခြားနားသနည်း။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် လူအများစုသည် ကြီးမားသည့် ကြွယ်ဝချမ်းသာမှုကို လိုက်စားခြင်း မပြုတော့။ ၎င်းတို့သည် ကမ္ဘာပေါ်ရှိ ကြွယ်ဝချမ်းသာမှု၊ အလုပ်အကိုင်တွင် အောင်မြင်မှု၊ သို့မဟုတ် ကျော်ကြားသူ ဖြစ်မှုတို့ကို လိုက်စားခြင်း မပြုကြ။ ထိုအစား ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ ရိုးရှင်းစွာ နေထိုင်ခြင်းနှင့် ၎င်းတို့၏ ဘဝအရည်အသွေးအတွက် အလွန်မြင့်မားသည့် တောင်းဆိုချက်များ မထားရှိခြင်းဖြင့် တိတ်ဆိတ်စွာ အသက်ရှင်နေထိုင်ကြသည်။ အချို့သည် စားရန် အစားအစာ၊ ဝတ်ရန် အဝတ်အစားရှိရုံမျှဖြင့် ကျေနပ်မှုကို ခံစားကြသည်။ ဤမျှမှောင်မိုက်ပြီး ဤမျှဆိုးညစ်သည့် ကမ္ဘာကြီးတွင် ၎င်းတို့သည် အဘယ်ကြောင့် ဤကဲ့သို့သော လမ်းကြောင်းမျိုးကို ရွေးချယ်နိုင်စွမ်း ရှိနေဆဲဖြစ်သနည်း။ ဘုရားသခင်ကို ယုံကြည်သည့် ညီအစ်ကို၊ ညီအစ်မ အားလုံးသည် ငွေကြေး အမြောက်အမြား ရှာဖွေနိုင်စွမ်း ကင်းမဲ့နေသည်ဟု သင်ပြောနိုင်ပါသလား။ လုံးဝမပြောနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် ဘုရားသခင်ကို ယုံကြည်ကြပြီးသည့်နောက်တွင် ဘုရားသခင်နောက်သို့ လိုက်ပါခြင်းသည် အကြီးမားဆုံး ပျော်ရွှင်မှုဖြစ်ကြောင်း၊ ဤပျော်ရွှင်မှုကို ကမ္ဘာပေါ်ရှိ မည်သည့်ရုပ်ဝတ္ထုပစ္စည်းကမျှ အစားမထိုးနိုင်ကြောင်း ၎င်းတို့၏ နှလုံးသားထဲတွင် အနည်းနှင့်အများ နက်နက်ရှိုင်းရှိုင်း ခံစားနေရပြီ ဖြစ်သောကြောင့်ဖြစ်သည်။ အချို့သူများသည် ကြိုးပင် ကြိုးစားကြည့်ခဲ့ကြသည်။ ၎င်းတို့သည် ကမ္ဘာပေါ်ရှိ ဆင်းရဲဒုက္ခများကို နှစ်အတော်ကြာ ဖြတ်သန်းခဲ့ကြပြီး ယင်းမှာ ပင်ပန်းကြောင်းနှင့် ခက်ခဲကြောင်း တွေ့ရှိခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့သည် ငွေကြေးအနည်းငယ် ရှာဖွေနိုင်ခဲ့ပြီး ဇာတိပကတိ၏ သာယာမှုများကို ကြုံတွေ့ခဲ့ရစေကာမူ ၎င်းတို့သည် ဂုဏ်သိက္ခာကင်းမဲ့စွာ နေထိုင်ခဲ့ရပြီး ၎င်းတို့၏ ဘဝများသည် တစ်နေ့တခြား ပိုမိုအနှစ်မဲ့ပြီး ပိုမိုခါးသီးလာခဲ့သည်။ ၎င်းတို့သည် ယင်းကဲ့သို့ အသက်ရှင်နေထိုင်မည့်အစား သေသည်ကမှ ပိုကောင်းမည်ဟု ခံစားခဲ့ရသည်။ ထိုသူများသည် ဤကိစ္စရပ်များကို အမှန်အတိုင်း သိမြင်ခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့သည် အခြားရွေးချယ်ရန် မရှိ၍ ဘုရားသခင်ကို ယုံကြည်နေခြင်းသက်သက် မဟုတ်ဘဲ ဘုရားသခင် နောက်သို့ လိုက်လျှောက်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်၌ လျှောက်လှမ်းခြင်းအပြင် ၎င်းတို့၏ တစ်ဘဝလုံးကို အသုံးခံခြင်းနှင့် ဘုရားသခင်ထံတွင် ဆက်ကပ်ထားခြင်းတို့သည် ၎င်းတို့၏ စိတ်နှလုံးအတွက် အကြီးမားဆုံး နှစ်သိမ့်စေမှုများဖြစ်ပြီး ၎င်းတို့၏ ဘဝတစ်ခုလုံးတွင် အကြီးမားဆုံးသော အရာများ ဖြစ်ကြောင်း၊ ဘုရားသခင်ကို ရရှိခြင်းနှင့် သမ္မာတရားကို ရရှိခြင်းတို့သည် အကြီးမားဆုံး ပျော်ရွှင်မှုဖြစ်ပြီး လူများ၏ စိတ်နှလုံးများကို အငြိမ်းချမ်းဆုံး၊ ဝမ်းအမြောက်ဆုံးနှင့် တည်ကြည်ခိုင်မာမှု အရှိဆုံးဖြစ်စေသော အရာဖြစ်ကြောင်း ၎င်းတို့ အမှန်တကယ် ခံစားခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် ဤပျော်ရွှင်မှုကို ခံစားခဲ့ကြပြီးဖြစ်သည်။ ယင်းမှာ စိတ်ကူးမဟုတ်ပါ။ ဘုရားသခင် ရွေးချယ်ထားသူများအနက် အချို့သည် အလွန်ကြီးမားသည့် ဘေးဒုက္ခနှင့် စမ်းသပ်မှု အချို့ကို တွေ့ကြုံခဲ့ကြပြီး ဖြစ်သည်ဟုလည်းကောင်း၊ သမ္မာတရားကို နားလည်ခဲ့ကြပြီး ဖြစ်သည်ဟု လည်းကောင်း၊ ကိစ္စရပ်အများအပြားကို ခွဲခြားသိမြင်ခဲ့ကြပြီး ဖြစ်သည်ဟုလည်းကောင်း ဆိုနိုင်သည်။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့မှာ မှန်ကန်သည့် လမ်းကြောင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အခြား လျှောက်လှမ်းနိုင်သည့် လမ်းကြောင်းမရှိကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာလျှင် သမ္မာတရား ဖြစ်ကြောင်းနှင့် ၎င်းတို့သည် ဤလမ်းကြောင်းပေါ်တွင် အခြေချပြီးဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးတွင် မှန်ကန်သည့် ယုံကြည်မှုရှိပြီး ဆင်းရဲဒုက္ခခံစားရသည့် ဤနှစ်ကာလများသည် အချည်းနှီးမဖြစ်။ ၎င်းတို့ပြောဆိုသည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များသည် နက်ရှိုင်းသည်ဖြစ်စေ၊ တိမ်သည်ဖြစ်စေ တစ်ခုသောအရာမှာ ရှင်းလင်းသည်။ ယင်းမှာ အကယ်၍ သင်သည် ၎င်းတို့အား ဘုရားသခင်အပေါ် မယုံကြည်အောင် တားဆီးရန် ကြိုးပမ်းပြီး ၎င်းတို့ ကမ္ဘာလောကသို့ ပြန်လာအောင် လုပ်ဆောင်မည်ဆိုလျှင် ၎င်းတို့သည် မည်သည့်နည်းနှင့်မျှ ယင်းလမ်းကြောင်းအတိုင်း သွားကြမည်မဟုတ်။ ကမ္ဘာကြီးတွင် ဆွဲဆောင်အားကောင်းသည့် ရွှေတောင်ကြီး တစ်ခု ရှိနေခဲ့ပြီး ယင်းက ထိုအချိန်တွင် ၎င်းတို့ကို စုံစမ်းသွေးဆောင်နိုင်ခဲ့စေကာမူ ၎င်းတို့သည် “ရွှေတောင်ကြီးဖြစ်စေ၊ ငွေတောင်ကြီးဖြစ်စေ ရရှိခြင်းက ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးပြုခြင်းနှင့် မိမိ၏တာဝန်အတွက် ဖြည့်ဆည်းခြင်းလောက် ငါ့အား ပျော်ရွှင်နိုင်စေမည်မဟုတ်။ အကယ်၍ ငါသည် ရွှေ၊ ငွေ အများအပြားကို ရရှိခဲ့လျှင် ယင်းအခိုက်အတန့်၌ များစွာ ပျော်ရွှင်နိုင်ပေမည်။ သို့သော် ငါသည် စိတ်နှလုံးထဲတွင် အလွန်အမင်း စိတ်ဆင်းရဲခြင်းနှင့် နာကျင်မှုကို ခံစားရမည်ဖြစ်၍ ထိုလမ်းကြောင်းကို မည်သည့်နည်းနှင့်မျှ မလျှောက်လှမ်းနိုင်။ ဘုရားသခင်ကို ရှာဖွေရန် မလွယ်ကူပါ။ အကယ်၍ ငါ နောက်တစ်ကြိမ် ပြန်လှည့်သွားမည်ဆိုလျှင် ဘုရားသခင်ကို မည်သည့်နေရာတွင် သွားရောက် ရှာဖွေရမည်နည်း။ ဘုရားသခင်နောက်ကို လိုက်လျှောက်ရန် အခွင့်အရေးသည် အလွန်ရတောင့်ရခဲ ဖြစ်သည်။ အချိန်သိပ်မရှိတော့ဘဲ အကုန်မြန်နေသည်။ ဤသည်မှာ အလွန်ရှားပါးသော အခွင့်အလမ်းတစ်ရပ် အမှန်ဧကန်ဖြစ်သည်” ဟု အချိန်ယူ စဉ်းစားကြမည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် လုပ်ဆောင်မှုတို့ကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်ကို အမိအရ ဆုပ်ကိုင်ထားခြင်းသည် အသက်ကယ်မည့် ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားသကဲ့သို့ဖြစ်သည်။ ငါ့ကိုပြောလော့။ ရေနစ်သူတစ်ဦးသည် အသက်ကယ် ဘောကွင်းကို ဆုပ်ကိုင်ထားသည့်အခါ မည်သို့ခံစားရသနည်း။ (အသက်ရှင်ရန် မျှော်လင့်ချက်ရှိသည်ဟု ခံစားကြရသည်။ ထို့ကြောင့် ၎င်းတို့သည် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မည်သည့်အခါမျှ လက်မလွှတ်ကြပါ။) ယင်းမှာ ၎င်းတို့ ခံစားရသည့်အတိုင်း အတိအကျဖြစ်သည်။ ၎င်းတို့သည် အသက်ကယ်ဘောကွင်းကို ဆုပ်ကိုင်ထားသည့်အခါ ၎င်းတို့ မည်သည့်အရာကို စဉ်းစားကြမည်နည်း။ “ငါသည် ယခု မသေနိုင်တော့ပေ။ နောက်ဆုံး၌ အသက်ရှင်သန်ရန် မျှော်လင့်ချက်ရှိနေပေပြီ။ သေခြင်းတရား ချဉ်းကပ်လာသည့်အခါ ဆက်လက်အသက်ရှင်နေနိုင်ရန် မျှော်လင့်ချက်လေး ခပ်ရေးရေး ရှိနေသရွေ့ ငါ၏ အင်အားအကုန်လုံးကို ထုတ်သုံးရလျှင်ပင် ငါလက်လွတ်မခံတော့။ မည်မျှပင်ပန်းသည်၊ သို့မဟုတ် နာကျင်သည်ဖြစ်စေ ငါ ထိုအရာကို လက်လွတ်မခံနိုင်။ အကယ်၍ ငါသည် ငါ၏ အကြွင်းမဲ့ နောက်ဆုံးထွက်သက်ကို ရှုရသည့်အခြေအနေသို့ ရောက်ရှိသွားလျှင်ပင် ငါသည် ထိုအသက်ကယ်ဘောကွင်းကို ဆွဲကိုင်ထားရန် လိုအပ်သည်” ဟူ၍ဖြစ်သည်။ တစ်စုံတစ်ဦးသည် အသက် ဆက်လက်ရှင်သန်ရန် မျှော်လင့်ချက်ရှိသည်ဟု ခံစားရသည့်အခါ ၎င်းသည် မပျော်ရွှင်ဘဲ ရှိပါသလော။ ယခုအခါ သင်တို့သည် တိတ်ဆိတ်စွာ စဉ်းစားဆင်ခြင်သည့်အခါ၊ ဆုတောင်းသည့်အခါ၊ သို့မဟုတ် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းတွင် ပါဝင်ဆောင်ရွက်ကြပြီး သင်တို့သည် ဘုရားသခင်နောက်ကို လိုက်လျှောက်ခြင်းမှ မည်မျှအကျိုးရှိကြောင်း နားလည်လာသည့်အခါ အဆိုပါပျော်ရွှင်သည့် ခံစားချက်သည် သင်တို့၏ စိတ်နှလုံးအတွင်း၌ ပေါ်ပေါက်မလာသလော။ သင်တို့၏ စစ်မှန်သည့် ခံစားချက်များကို ပြောလော့။ (အကယ်၍ ကျွန်ုပ်တို့သည် ခရစ်တော်နောက်သို့ လိုက်မလျှောက်ရသေးပါက ဘေးဒုက္ခအတွင်း ကျရောက်ခဲ့မည်ဖြစ်ပြီး ယင်း၏အကျိုးဆက်များမှာ စိတ်မကူးဝံ့စရာ ဖြစ်ခဲ့လိမ့်မည်။ ယခုအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို စားသောက်ခြင်းနှင့် ကျွန်ုပ်တို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် သမ္မာတရား အများအပြားကို နားလည်လာကြသည်။ ကျွန်ုပ်တို့သည် စစ်မှန်သည့် ယုံကြည်မှုကို ရရှိခဲ့ကြသလို ဘုရားသခင်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်း၌လည်း ကြောက်ရွံ့လာနိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို နာခံရန် သင်ယူခဲ့ကြပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် အများအပြား ရရှိခဲ့ကြပြီးဖြစ်ကာ ဘုရားသခင်၏ လမ်းညွှန်မှုအတွက် အလွန်ကျေးဇူးတင်ပါသည်။) မှန်ပေ၏။ သင်တို့သည် ဘုရားသခင်နောက် လိုက်လျှောက်ခြင်းနှင့် သင်တို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းဖြင့် များစွာ ရရှိခဲ့ကြပြီးဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူသားတို့ထံ ယူဆောင်လာသည့် အရာဖြစ်သည်။ သင်တို့သည် ဘုရားသခင်အား သင့်တင့်လျောက်ပတ်စွာ ကျေးဇူးတင်သင့်ပြီး ဘုရားသခင်ကို ချီးမွမ်းသင့်သည်။

ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်မှုရှိသည့် လူများသည် ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်စွမ်းရှိကြသည်။ အတွေ့အကြုံအချို့ ရရှိထားပြီးနောက် ၎င်းတို့သည် သမ္မတရားအချို့ကို ရရှိနိုင်စွမ်း ရှိလာမည်ဖြစ်သည်။ ယင်းသမ္မာတရားများက ဆောင်ကြဉ်းလာသော ပျော်ရွှင်မှုသည် ရုပ်ဝတ္ထုပစ္စည်းများနှင့် ဇိမ်ခံစရာများက ဆောင်ကြဉ်းလာသည့် သာယာမှုများကို အစားထိုးရန် လုံလောက်သည်။ အဆိုပါအရာများအတွက်မူ ယင်းတို့ထံမှ သင်ပိုမိုရရှိလေ၊ သင် စိတ်ကျေနပ်မှု လျော့နည်းလေ၊ သင်သည် အဆိုးနှင့်အကောင်းကို ခွဲခြားသိမြင်နိုင်စွမ်း နည်းပါးလေဖြစ်သည်။ သို့သော် လူများသည် သမ္မာတရားကို ပိုမိုနှံ့စပ်စွာ နားလည်ပြီး ယင်းမှ ပိုမိုရရှိလေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းသင့်ကြောင်းနှင့် ကျေးဇူးတင်သင့်ကြောင်း ပိုမိုသိရှိလေဖြစ်ကာ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကိုချစ်ရန် ပို၍ ဆာငတ်လာလေဖြစ်ပြီး ဘုရားသခင်ကို နားထောင်နိုင်စွမ်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း ပိုရှိလာလေဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် ပျော်ရွှင်မှုဖြစ်သည်။ ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ သာယာမှုကို လိုက်စားခြင်းက လူများထံသို့ မည်သည့်အရာများ ဆောင်ကြဉ်းလာသနည်း။ အနှစ်မဲ့ခြင်းနှင့် အကျင့်စာရိတ္တ ပျက်စီးခြင်းသာဖြစ်သည်။ ယင်းက ရုပ်ဝတ္ထုပစ္စည်းများအတွက် ၎င်းတို့၏ လိုက်စားမှုနှင့် တောင့်တမှုကို ပို၍သာ ကြီးထွားစေသည်။ လူများသည် အဆင့်အတန်း၊ ကျော်ကြားမှုနှင့် ကြွယ်ဝချမ်းသာမှုတို့၏ စုံစမ်းသွေးဆောင်မှုကို ဖယ်ရှားနိုင်ရန် ခက်ခဲသည်။ သို့ဆိုလျှင် ဘုရားသခင်ကို ယုံကြည်သည့် လူများသည် ဤရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ သာယာမှုများကို မည်သို့လက်လွှတ်နိုင်ကြသနည်း။ နေ့စဉ်ဆုတောင်းခြင်းနှင့် မိမိကိုယ်ကို ချုပ်တည်းမှုကို ကျင့်သုံးခြင်းတို့ဖြင့် ယင်းကို လုပ်ဆောင်နိုင်သလော။ (ဤအရာများကို ခွဲခြားသိမြင်ခြင်းအားဖြင့်သာ ဖြစ်သည်။) တစ်စုံတစ်ဦးသည် ယင်းတို့ကို မည်သို့ ခွဲခြားသိမြင်သနည်း။ (တစ်ဖက်တွင် ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ချက်ဖြင့်လည်းကောင်း၊ ကျန်တစ်ဖက်တွင် တစ်စုံတစ်ဦး၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် အသိတရားရခြင်းများအပြင် ဤအရာများကို ခွဲခြားသိမြင်နိုင်သည့် အချို့သော သမ္မာတရားများကို တဖြည်းဖြည်း နားလည်လာခြင်းဖြင့်လည်းကောင်း သိမြင်နိုင်သည်။) သင်သည် သမ္မာတရားကို နားလည်သည့်အတွက် ဤအရာများကို စွန့်လွှတ်နိုင်သည်။ ယင်းက သင်သည် သမ္မာတရားကို လက်ခံပြီးဖြစ်ကြောင်း ပြသခြင်း ဖြစ်သည်။ စိတ်နှလုံးထဲတွင် သင်သည် ဘုရားသခင်က လူတို့ကို ပြောပြီးသောအရာနှင့် တောင်းဆိုသောအရာတို့ဖြစ်သည့် ဘုရားနှုတ်ကပတ်တော်ကို လက်ခံပြီးဖြစ်ကာ ယင်းသည် သင်၏ လက်တွေ့အရှိတရား ဖြစ်လာသည်။ ယင်းအမှန်တရားသည် သင့်ဘဝ ဖြစ်သလော။ ယင်းသည် သင့်ဘဝ ဖြစ်လာခဲ့ပြီးဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရာ၌ သင်သည် သမ္မာတရားကို သင့်အသက်အဖြစ် အမှုမဲ့အမှတ်မဲ့ ရရှိခဲ့ပြီးဖြစ်သည်။ သင်သည် ယင်းနှင့်ပတ်သက်၍ မည်သည့်ခံစားမှုကိုမျှ မရရှိသေးခြင်း၊ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် အတော်အတန် သေးငယ်သည်ဟု သင်တွေးမိခြင်း၊ သင်နားမလည်သည့် အရာများစွာ ရှိနေခြင်းတို့မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု ရှိနေပြီး ယင်းက ဘုရားသခင်၏ အသက်သည် သင့်ကိုယ်တွင်းသို့ ရောက်ရှိပြီးဖြစ်ကြောင်း ပြသနေသည်။ ဘဝတွင် ရင့်ကျက်ကြီးထွားခြင်းသည် သဘာဝဖြစ်သည်။ ယင်းက သင့်အား တစ်စုံတစ်ခုသော နည်းလမ်းဖြင့် ခံစားရစေရန် မလိုအပ်။ သင်သည် ယင်းကို ရှင်းလင်းသည့် စကားလုံးများဖြင့် မဖော်ပြနိုင်စေကာမူ သင်သည် အမှန်တကယ် တိုးတက်ပြီးဖြစ်ကာ ပြောင်းလဲပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အသက်သမ္မာတရားကို လက်ခံသည့် တစ်ချိန်တည်းမှာပင် သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ အမှုမဲ့အမှတ်မဲ့ ပို၍ တိုးဝင်ချဉ်းကပ်ပြီးဖြစ်သည်။ တစ်ချိန်တည်း၌ ဘုရားသခင်သည် သင့်အား စစ်ဆေးနေပြီး သင့်နှလုံးသားကို စစ်ကြောကြည့်ရှုပြီးဖြစ်သည်။ ယခု သေချာစွာ စဉ်းစားကြည့်လော့။ ဤဖြစ်စဉ်သည် အမှန်တကယ် ပျော်ရွှင်ဖွယ်ဖြစ်စဉ်တစ်ခု မဟုတ်ပါသလော။ ယင်းမှာ အလွန်အမင်း ပျော်ရွှင်စရာဖြစ်သည်။ သင်တို့သည် နောက်ဆုံးသောကာလတွင် အသက်ရှင်နေထိုင်ရသည်မှာ၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုကို လက်ခံရသည့် အခွင့်ထူး ရရှိသည်မှာ၊ ဘုရားသခင်နောက် လိုက်လျှောက်ပြီး မိမိ၏ တာဝန်ကို ဖြည့်ဆည်းရသည်မှာ အလွန်ကံကောင်းသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့အတွင်းသို့ တိုက်ရိုက် ရောက်ရှိအောင် လုပ်ဆောင်ခြင်းဖြင့် သင်တို့သည် သမ္မာတရားကို အသက်အဖြစ် ရရှိခဲ့ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တကယ့် ဘဝအဖြစ်လည်းကောင်း၊ သမ္မာတရားကို တကယ့် ဘဝအဖြစ်လည်းကောင်း ရရှိထားသည့် လူသား၏ တည်ရှိမှုသည် အမှန်တကယ် တန်ဖိုးမရှိသလော။ ယင်းသည် သင်သတိမထားမိဘဲ မြင့်မြတ်ခြင်း ဖြစ်လာခဲ့သည် မဟုတ်သလော။ အသက်ရှင်နေခြင်းသည် စတင်၍ တဖြည်းဖြည်းနှင့် ပိုမိုဂုဏ်သရေရှိလာခြင်း မဟုတ်သလော။ ဤအချိန်မှသာ လူများသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းဖြင့် များစွာ အကျိုးရရှိခဲ့ကြောင်း ခံစားကြရသည်။ အချို့သော သမ္မာတရားများကို နားလည်ခြင်းသည် လူများအား ဤကဲ့သို့သော အပြောင်းအလဲကို ဆောင်ကြဉ်းပေးနိုင်သည်။ ယခင်ကမူ ၎င်းတို့သည် ယင်းကို ခွဲခြားသိမြင်ခဲ့ခြင်း မရှိပါ။ သို့သော် ယခုအခါ ၎င်းတို့သည် အရာရာတိုင်းကို ရှင်းလင်းစွာ တွေ့မြင်ကြလေသည်။ စင်စစ်အားဖြင့် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားသည် ၎င်းတို့၏အတွင်း၌ ၎င်းတို့၏ အသက်ဖြစ်လာခဲ့ပြီးဖြစ်၏။ သမ္မာတရားသည် နှလုံးသားအတွင်း၌ အမြစ်တွယ်ပြီး အသက်တည်းဟူသော အသီးသီးရန် ပွင့်ဖူးနေပေပြီဖြစ်သည်။ ယင်းမှာ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းမှ မွေးဖွားလာသည့် အသီးဖြစ်သည်။ ယင်းကို မည်သည့်အရာကမျှ အစားမထိုးနိုင်ပေ။ သင်တို့သည် နောက်ပိုင်းတွင် အချို့သော ဆုံးမပဲ့ပြင်ခြင်း၊ ရိုက်နှက်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံကာ ယင်းတို့ကို လက်ခံပြီး နာခံနိုင်သည့်အခါ သင်သည် သမ္မာတရားများစွာကို နားလည်သဘောပေါက် ပြီးသည့်နောက် သတိပြုမိခြင်းမရှိဘဲ ဘုရားသခင်ကို သိရှိလာလိမ့်မည်။ သင်၏ ဘဝသည် ပို၍ပို၍ တိုးတက်လာလိမ့်မည်။ ယင်းမှာ တဖြည်းဖြည်းနှင့် ရင့်ကျက်လာခြင်း မဟုတ်သလော။ သင်တို့သည် ထိုနေ့ကို စောင့်မျှော်နေခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) ထိုသို့ဆိုလျှင် သင်တို့သည် သမ္မာတရားကို အားထုတ်ကြရမည်။

ကောက်နုတ်ချက် (၉၄)

ဘုရားသခင်ကို ယုံကြည်လာပြီးခါစဖြစ်သော မကြာခဏ အပျက်သဘောဆောင်ကာ အားနည်းကြသည့် လူအချို့ရှိသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို နားမလည်ဘဲ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် သေးငယ်ပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့်ဆိုင်သော သမ္မာတရားအမျိုးမျိုးကို နားလည်မှု ကင်းမဲ့သောကြောင့်ဖြစ်သည်။ ဤအတွက်ကြောင့် ၎င်းတို့သည် အစွမ်းအစနည်းသည်၊ အမီမလိုက်နိုင်၊ အခက်အခဲများစွာ ရှိသည်ဟု မိမိတို့ကိုယ်ကို ယုံကြည်ကြကာ ဤသို့ဖြင့် အပျက်သဘောဆောင်ခြင်း ဖြစ်လာပြီး လက်လျှော့အရှုံးပေးရန်ပင် ဖြစ်စေသည်။ လက်လျှော့ရန်၊ သမ္မာတရား လိုက်စားမှုကို ရပ်တန့်ရန် ဆုံးဖြတ်ချက်ချကြသည်။ မိမိတို့ကိုယ်ကို ဖယ်ရှားကြသည်။ ၎င်းတို့ တွေးသည်မှာ “မည်သို့ပင်ဖြစ်စေ ဘုရားသခင်အပေါ် ငါ၏ ယုံကြည်ခြင်းအတွက် ဘုရားသခင်သည် ငါ့အား ချီးကျူးမည်မဟုတ်။ ဘုရားသခင်သည် ငါ့အား နှစ်သက်ခြင်းလည်း မရှိပေ။ ပြီးလျှင် ငါသည် စုဝေးပွဲသို့ သွားရန် အချိန်များများစားစား မရှိ။ ငါ့မိသားစု၏ဘဝသည် ခက်ခဲပြီး ငါသည် ပိုက်ဆံရှာဖို့ လိုသည်” စသည်ဖြင့် ဖြစ်သည်။ အဆိုပါအရာအားလုံးသည် ၎င်းတို့ စုဝေးပွဲသို့ မသွားနိုင်သည့် အကြောင်းပြချက်များ ဖြစ်လာသည်။ သင်သည် မည်သို့ဖြစ်ပျက်နေသည်ကို သိရှိရန် အမြန်မပြုလုပ်လျှင် သင်သည် ၎င်းတို့ကို သမ္မာတရားကို မချစ်သူများ၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ မဟုတ်ဟု သတ်မှတ်နိုင်ခြေရှိသည်။ သို့မဟုတ်လျှင် သင်သည် ၎င်းတို့ကို လူ့ဇာတိ၏ သက်သာမှုများကို တပ်မက်သည်၊ ကမ္ဘာလောက နောက်လိုက်ပြီး လောကီအရာများကို မစွန့်လွှတ်နိုင်ဟု သတ်မှတ်လိမ့်မည်။ ဤအတွက်ကြောင့် သင်သည် ၎င်းတို့ကို စွန့်လွှတ်လိမ့်မည်။ ဤသည်မှာ စည်းမျဉ်းနှင့် သင့်တော်သလော။ ဤအကြောင်းပြချက်များသည် ၎င်းတို့၏ သဘာဝ အနှစ်သာရကို အမှန်တကယ် ကိုယ်စားပြုသလော။ အမှန်တွင် ၎င်းတို့ အပျက်သဘောဆောင်လာသည်မှာ ၎င်းတို့၏ အခက်အခဲများနှင့် သံယောဇဉ်များကြောင့် ဖြစ်သည်။ ဤပြဿနာများကို သင်ဖြေရှင်းနိုင်လျှင် ၎င်းတို့ အလွန်အပျက်သဘောဆောင်လိမ့်မည် မဟုတ်ဘဲ ဘုရားသခင်နောက်သို့ လိုက်နိုင်လိမ့်မည်။ ၎င်းတို့သည် အားနည်းပြီး အပျက်သဘောဆောင်သောအခါ လူတို့၏ ပံ့ပိုးမှုကို လိုအပ်သည်။ ၎င်းတို့ကို သင်ကူညီလျှင် ၎င်းတို့သည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ကြလိမ့်မည်။ သို့သော် ၎င်းတို့ကို လျစ်လျူရှုလျှင် ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းကြောင့် အရှုံးပေးရန် လွယ်ကူလိမ့်မည်။ ဤသည်မှာ အသင်းတော်အလုပ်ကို လုပ်သောလူတို့က ချစ်ခြင်းမေတ္တာရှိမရှိ၊ ဤဝန်ထုတ်ဝန်ပိုးကို သယ်ဆောင်ခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ အချို့လူတို့က စုဝေးပွဲကို မကြာခဏ မလာခြင်းသည် ၎င်းတို့က ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ခြင်းဖြစ်သည်ဟု မဆိုလိုပေ။ ယင်းသည် သမ္မာတရားကို မနှစ်သက်သည့် သဘောမသက်ရောက်ပေ။ ၎င်းတို့က ဇာတိပကတိ၏ သာယာမှုကို တပ်မက်သည်ဟု မဆိုလိုသကဲ့သို့ ၎င်းတို့၏ မိသားစုနှင့်အလုပ်ကို ဘေးဖယ်ထားနိုင်ခြင်းမရှိဟု အဓိပ္ပာယ်မရပေ။ ၎င်းတို့ကို အလွန်အကျွံ စိတ်ခံစားမှုရှိသည်၊ သို့မဟုတ် ငွေကို တပ်မက်သည်ဟု အကဲဖြတ်ခြင်းကို ပို၍ပင် မပြုလုပ်သင့်ပေ။ ဤကိစ္စများတွင် လူတို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် ရည်မှန်းချက်မှာ မတူကွဲပြားနေခြင်းသာ ဖြစ်သည်။ အချို့လူများသည် သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို လိုက်စားနိုင်ကြသည်။ ၎င်းတို့သည် ဤအရာများကို စွန့်လွှတ်ရန် ဆင်းရဲဒုက္ခခံလိုကြသည်။ အချို့လူများမှာ ယုံကြည်ခြင်း အနည်းငယ်သာရှိပြီး အမှန်တကယ် အခက်အခဲများကို ရင်ဆိုင်ရသည့်အခါတွင် ၎င်းတို့သည် စွမ်းအားမဲ့ပြီး ယင်းတို့ကို မကျော်လွှားနိုင်ပေ။ ၎င်းတို့ကို မည်သူကမျှ မကူညီ၊ မပံ့ပိုးလျှင် ၎င်းတို့သည် အရှုံးပေးကြလိမ့်မည်ဖြစ်ပြီး မိမိတို့ကိုယ်ကို အရှုံးပေးလိုက်ကြလိမ့်မည်။ ဤသို့သောအချိန်များတွင် လူတို့၏ ပံ့ပိုးမှု၊ ဂရုစိုက်မှုနှင့် ကူညီမှုကို ၎င်းတို့လိုအပ်သည်။ ၎င်းတို့က မယုံကြည်သူဖြစ်ပြီး သမ္မာတရားအတွက် ချစ်ခြင်း ကင်းမဲ့လျှင်၊ မကောင်းသောသူဖြစ်လျှင်၊ ဤသို့ဖြစ်လျှင် ၎င်းတို့ကို လျစ်လျူရှု၍ရနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများဖြစ်ပြီး အမှန်တကယ်ဖြစ်သော အခက်အခဲအနည်းငယ်ကြောင့် မကြာခဏ စုဝေးပွဲမသွားလျှင် ၎င်းတို့ကို မစွန့်ပစ်ရဘဲ ချစ်ခင်သော ကူညီပံ့ပိုးမှုကိုပေးရမည်။ ၎င်းတို့သည် ကောင်းသောသူများဖြစ်ပြီး နားလည်နိုင်စွမ်းရှိကာ ကောင်းမွန်သော အစွမ်းအစရှိလျှင် ၎င်းတို့သည် ကူညီပံ့ပိုးပေးရန် ပို၍ပင် ထိုက်တန်သည်။

ကောက်နုတ်ချက် (၉၅)

သင်၏တာဝန်ကို လုပ်ဆောင်နေသည့်အခါတွင် အလုပ်ကြိုးစားခြင်းသည် မလုံလောက်။ သင်၏ စိတ်ကိုလည်းနှစ်ထားရမည်။ သင်၏ အားထုတ်မှု အပြည့်ပေးရန် တစ်ခုတည်းသော နည်းလမ်းမှာ သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ရန် ဖြစ်သည်။ သင်၏ စိတ်နှလုံးကို မနှစ်ထားပါက သင်သည် အားထုတ်မှု အပြည့်မပေးရသေးပေ။ သင်၏ စွမ်းအားကိုသာ အကြွင်းမဲ့ပေးပြီး သင်၏ စိတ်နှလုံး အကြွင်းမဲ့ မပေးပါက သင်သည် စိတ်မနှစ်ဘဲ အလုပ်ကြိုးစားနေခြင်းသာ ဖြစ်၏။ မိမိ၏တာဝန်ကို ဤနည်းအားဖြင့် ထမ်းဆောင်ခြင်းသည် ဘုရားသခင်အတွက် လက်ခံနိုင်ဖွယ်မရှိ။ သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ဘုရားသခင် စိတ်ကျေနပ်မှုရစေရန် သင်၏စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းရှိသမျှနှင့် ဉာဏ်ရှိသမျှဖြင့် အချိန်ပြည့် အစွမ်းကုန် ဆောင်ရွက်သင့်သည်။ အကယ်၍ သင်၏ အစွမ်းတစ်ဝက်မျှသာ ပေးပြီး “ငါအပင်ပန်း မခံလိုပါ။ ငါပင်ပန်းနွမ်းနယ်သွားသည့်နောက်တွင် ငါ့ကို မည်သူက ထောက်ပံ့မည်နည်း” ဟု တွေးလျက် ကျန်သည့်တစ်ဝက်ကို ထိန်ချန်ထားလျှင် ဤသည်မှာ မှန်ကန်သည့် သဘောထားဖြစ်သလော။ (မဟုတ်ပါ။) ဤစိတ်နေစိတ်ထားမျိုးဖြင့် သင်၏တာဝန်ကို ဆောင်ရွက်လျှင် သင်ဆုံးရှုံးမှု ခံစားရမည်လော။ (ခံစားရပါမည်။) မည်သည့် ဆုံးရှုံးမှုမျိုးနည်း။ (ဘုရားသခင်သည် ကျွန်ုပ်ကို မုန်းတီးမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ကျွန်ုပ် ဖြည်းဖြည်းချင်း ဆုံးရှုံးလိမ့်မည်။) သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မရှိခြင်းသည် ဆုံးရှုံးမှုဖြစ်၏။ လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မပါဘဲ ဘုရားသခင်ကို နှစ်အတန်ကြာ ယုံကြည်လျှင် ၎င်းတို့၏ ဆုံးရှုံးမှုသည် ကြီးမားလွန်းသဖြင့် ၎င်းတို့သည် မည်သည့်အရာကိုမျှ ရရှိမည် မဟုတ်။ ၎င်းတို့သည် အချည်းနှီး ယုံကြည်နေခဲ့သည့်အလား ဖြစ်လိမ့်မည်။ သမ္မာတရားကို မလိုက်စားဘဲ နှစ်အနည်းငယ် ယုံကြည်ပြီးသည့်နောက် ဖယ်ရှားခံရသည့် လူများစွာ ရှိကြသည်။ ဆိုလိုသည်မှာ သင်၏တာဝန်ကို လုပ်ဆောင်သည့်အခါတွင် သင်မည်မျှ လုံ့လစိုက်ထုတ်ပါစေ သင်၏စိတ်နှလုံးကို မနှစ်ထားပါက သမ္မာတရားကို သင်ရရှိနိုင်မည် မဟုတ်။ ဤသည်မှာ ဆုံးရှုံးမှုဖြစ်သလော။ ဤသည်မှာ ဆုံးရှုံးမှုတစ်ခုဖြစ်သည်ကို သင်တို့ နားလည်သလော။ သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်သောသူတစ်ဦး ဖြစ်လျှင် ဤဆုံးရှုံးမှုသည် အလွန်ကြီးမားသည်ကို သင်တွေ့မြင်နိုင်သည်။ ဘုရားသခင်ကို ငါးနှစ်၊ သို့မဟုတ် ဆယ်နှစ်ကြာ ယုံကြည်ခဲ့ပြီးဖြစ်သည့် လူများထဲတွင် အချို့သည် သမ္မာတရား စစ်မှန်မှုကို ရရှိသော်လည်း အခြားလူများမှာမူ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို ဟောပြောနေဆဲ ဖြစ်လေသည်။ ဤသည်မှာ ကြီးမားသော ကွဲပြားခြားနားချက် ဖြစ်သလော။ (ဟုတ်ပါသည်။) သမ္မာတရား စစ်မှန်မှု ရရှိပြီးသည့်သူများသည် ဤအရာကို မည်သို့ စွမ်းဆောင်ရရှိလေသနည်း။ ယင်းက အတွေ့အကြုံနှင့် လက်တွေ့လုပ်ဆောင်မှုတို့မှ လာသည်။ အဆိုပါအရာကို ဘုရားသခင် ပေးသလော။ (ဟုတ်ပါသည်။) သမ္မာတရား စစ်မှန်မှု မရရှိသေးဘဲ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို ဟောကြားနေဆဲ ဖြစ်သည့်သူများသည် မည်သည့်အရာများ ဖြစ်ပျက်နေသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်သည့်တိုင် သမ္မာတရားကို မလိုက်စားဘဲ မိမိတို့၏ တာဝန်ကို စိတ်နှလုံးဖြင့် မဟုတ်ဘဲ စွမ်းအားဖြင့်သာ ထမ်း‌ဆောင်ကြသောကြောင့် ၎င်းတို့သည် သမ္မာတရားကို မရရှိပေ။ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရား မရရှိခြင်းသည် ကောင်းချီးဖြစ်သလော၊ သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်း ဖြစ်သလော။ (ကံမကောင်း အကြောင်းမလှခြင်း ဖြစ်ပါသည်။) ယင်းသည် အဘယ်ကြောင့် ကံမကောင်း အကြောင်းမလှခြင်း ဖြစ်ရသနည်း။ ဤအရာကို သင်ရိပ်စားမိနိုင်သလော။ သင် သမ္မာတရားကို မရရှိသေးသည့်အချက်က ကြီးမားသော ပြဿနာတစ်ခု ဖြစ်သလော၊ သို့မဟုတ်‌ သေးငယ်သော ပြဿနာတစ်ခုဖြစ်သလော။ (ကြီးမားသော ပြဿနာဖြစ်ပါသည်။) ဤကြီးမားသော ပြဿနာသည် မည်သည့်အရာနှင့် ဆက်နွှယ်နေသနည်း။ ယင်းက ကယ်တင်ခြင်းနှင့် တစ်စုံတစ်ရာ ပတ်သက်နေသလော။ (ပတ်သက်နေပါသည်။) သင်သည် တစ်နေ့တာလုံး နှုတ်ကပတ်တော်များနှင့် အယူဝါဒများကိုသာ ဟောပြောနေသည့်အခါတွင် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက ကယ်တင်ခံရခြင်းအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပြီး စွမ်းဆောင်ရရှိဖို့ ခက်ခဲစေသည်။ လူအချို့သည် ဘုရားသခင်ကို ဆယ်နှစ်တာ ယုံကြည်ခဲ့ပြီး နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို ဟောကြားနေဆဲဖြစ်သည်။ အခြားလူများသည် နှစ်ပေါင်းနှစ်ဆယ်ကြာ ယုံကြည်ပြီးဖြစ်ကာ သမ္မာတရားစစ်မှန်မှုထဲသို့ မဝင်ရောက်ရသေးသလို သမ္မာတရား စစ်မှန်မှုသည် မည်သည်ကို ဆိုလိုကြောင်းကိုလည်း မသိကြသေးပေ။ ဤလူများသည် အန္တရာယ်ထဲ ကျရောက်နေသည် လော။ သူတို့ ကယ်တင် ခံရခြင်း ရှိနိုင်မည် မရှိနိုင်မည်မှာ မရှင်းလင်းသလော။ (မရှင်းလင်းပါ။) ငါ့ကိုပြောလော့။ ထိုကဲ့သို့ နှစ်အရေအတွက် တူတူကြာအောင် ယုံကြည်ခဲ့သူများထဲမှ မည်သည့်လူစားမျိုးသည် ကယ်တင်ခြင်းနှင့် ပတ်သက်ပြီး ပို၍ ကြီးမားသော အခွင့်အရေးနှင့် မျှော်လင့်ချက် ရှိသနည်း။ ယင်းမှာ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို ဟောကြားသည့် လူများဖြစ်သလော။ သို့မဟုတ် သမ္မာတရား စစ်မှန်မှု ရှိသောလူများဖြစ်သလော။ (သမ္မာတရား စစ်မှန်မှု ရှိသောလူများဖြစ်ပါသည်။) ဤသည်မှာ သိသာထင်ရှား၏။ သို့ဆိုလျှင် သင်တို့သည် အဘယ်လူစားမျိုး ဖြစ်လိုသနည်း။ (သမ္မာတရား စစ်မှန်မှု ရှိသည့်လူစားမျိုး ဖြစ်လိုပါသည်။) လူတစ်ဦးသည် သမ္မာတရားစစ်မှန်မှု ရှိသည့်သူ မည်သို့ဖြစ်နိုင်သနည်း။ (ဘုရားနှုတ်ကပတ်တော်အတိုင်း အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ဖြစ်ပါသည်။) (ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ မိမိ၏တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ စွမ်းအားနှင့် ဉာဏ်အကြွင်းမဲ့တို့ဖြင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း အစွမ်းကုန် လုပ်ဆောင်ခြင်းအားဖြင့် ဖြစ်ပါသည်။) မှန်ပေ၏။ ဘုရားသခင် တောင်းဆိုသည့် အဘယ်အရာကိုမဆို သင်လုပ်ဆောင်လျှင် သမ္မာတရားကို ရရှိလိမ့်မည်။ ဤအရာသည် အဘယ်အရာနှင့် ဆက်နွှယ်နေသနည်း။ ယင်းက လူတစ်ဦး၏ အဆုံးသတ်၊ ခရီးပန်းတိုင်တို့နှင့် ဆက်နွှယ်နေသည်။ လူအချို့က မိုက်မဲပြီး မိမိကိုယ်ကို ဟုတ်လှပြီဟု ဘဝင်ခိုက်နေကြသည်။ ၎င်းတို့ မည်မျှ ဆုံးရှုံးပြီးသည်ကိုဖြစ်စေ၊ ၎င်းတို့ မည်မျှ ထိခိုက်ခံရပြီး ဖြစ်ကြောင်းကိုဖြစ်စေ သိပင်မသိကြပေ။ ၎င်းတို့သည် ထိုင်၍ လေကျယ်ပြီး နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို ဟောပြောကာ အန္တရာယ်ကျရောက်လုနီး ဖြစ်နေသည်ကို မသိကြသေးပေ။ ကယ်တင်မခံရနိုင်သည့်သူတို့၏ အဆုံးသတ်မှာ အဘယ်နည်း။ ပထမဦးစွာ ၎င်းတို့သည် ဘုရားသခင်၏ ဖယ်ရှားခြင်းကို ခံရမည်ဖြစ်ပြီး ရှေ့ဆက်ကြည့်လိုက်လျှင် ၎င်းတို့၏ အဆုံးသတ်မှာ အဘယ်နည်း။ (ပျက်စီးခြင်းနှင့် ပျက်စီးရာပျက်စီးကြောင်းတို့ ဖြစ်ပါသည်။) ဤသည်မှာ ၎င်းတို့၏ အဆုံးသတ်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ခရီးပန်းတိုင်ဖြစ်သည်။ လူများသည် ဘုရားသခင်ကို ယုံကြည်ပြီး ဤကဲ့သို့ အဆုံးသတ်လျှင် ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ နဂိုမူလ ရည်ရွယ်ချက် ဖြစ်သလော။ (မဟုတ်ပါ။) မည်သူတစ်ဦးတစ်ယောက်မျှ ဤကဲ့သို့ အဆုံးမသတ်လိုပါ။ ထိုသို့သော အဆုံးသတ်ကို မလိုလားလျှင် ထိုလမ်းကြောင်းကို မလိုက်နှင့်။ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို သင်လိုက်လျှောက်သင့်သည်။ ထိုအခါမှသာလျှင် သင်သည် ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည်။

လူများသည် နောက်ဆုံးသောကာလ အမှုကို လက်မခံနိုင်ပါက ၎င်းတို့သည် လုံးလုံးလျားလျား ဇာတ်သိမ်းသွားမည်ဖြစ်ပြီး နောက်ထပ် အခွင့်အရေး ရမည်မဟုတ်။ ယင်းမှာ လူတို့ လက်မခံပါက မည်သည့်နိုင်ငံတွင် မွေးဖွားပါစေ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုကို လက်ခံဖို့ အခွင့်အရေးကို စောင့်နိုင်ဆဲဖြစ်သည့် ကျေးဇူးတော်ခေတ်၏ အမှုကဲ့သို့ မဟုတ်ပါ။ နောက်ဆုံးသောကာလတွင် ဘုရားအမှု၏ အဆုံးသတ်သည် သူ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဆုံးသတ်ဖြစ်ပြီး ထိုအဆုံးသတ်သည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက သူသည် လူတစ်ဦးချင်းစီ၏ အဆုံးသတ်ကို ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်းနှင့် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်တို့၏ အဆုံးသတ်သည် နီးလာပြီဖြစ်ကြောင်းတို့ကို ဆိုလိုသည်။ ဘုရားသခင်၏ အမှုသည် ဤအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး လူများက မိမိတို့၏ စိတ်နှလုံးထဲတွင် ဤရူပါရုံမရှိလျှင်လည်းကောင်း၊ ၎င်းတို့သည် အစဉ်သဖြင့် မရှင်းမလင်းဖြစ်နေပြီး မိမိတို့၏ တာဝန်ကို ပေါ့ဆသောနည်းလမ်း၊ သို့မဟုတ် ဝတ်ကျေတမ်းကျေနည်းလမ်းဖြင့် ဆောင်ရွက်လျှင်လည်းကောင်း၊ ၎င်းတို့သည် သမ္မာတရား လိုက်စားခြင်းကို လေးနက်စွာ ခံယူရန် ပျက်ကွက်ပြီး ၎င်းတို့ ယုံကြည်သမျှကာလပတ်လုံး ၎င်းတို့သည် ကယ်တင်ခြင်းခံရမည်ဟု တွေးထင်လျှင်လည်းကောင်း ကယ်တင်ခြင်းအတွက် သူတို့၏နောက်ဆုံး အခွင့်အရေးနှင့် ၎င်းတို့ လွဲချော်ရလိမ့်မည်။ ကြီးစွာသော ဘေးဒုက္ခများကျရောက်ပြီး အမှုက လုံးလုံးလျားလျား ပြီးဆုံးသွားသည့်တစ်နေ့တွင် ဘုရားသခင်သည် လူများကို သမ္မာတရားဖြင့် ရေလောင်းခြင်းနှင့် ထောက်ပံ့ခြင်းတို့ကို နောက်ထပ်လုပ်ဆောင်တော့မည် မဟုတ်။ ဘုရားသခင်သည် ထိုအချိန်တွင် လူသားမျိုးနွယ်ကို အဘယ်စိတ်သဘောထားမျိုးဖြင့် ရင်ဆိုင်မည်ကို သင်သိသလော။ သူ၏အမျက်ဒေါသသည် ကြီးမားပြီး သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားမျိုးနွယ် တစ်ရပ်လုံးအား ယခင်က တစ်ခါမျှ မပြဖူးသည့် ပုံစံဖြင့် ထုတ်ဖော်ပြလိမ့်မည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် နောက်ဆုံးပိတ် ကြီးမားသော ကပ်ဘေးကြီးဖြစ်လိမ့်မည်။ ယခုအချိန်ကာလသည် ဘုရားသခင်က လူများကို ကယ်တင်ရန် အမှုပြုနေသည့်အခါသမယ ဖြစ်၏။ သူသည် စိတ်ရှည်ကာ သည်းခံပြီး စောင့်ဆိုင်းနေခဲ့သည်။ အဘယ်အရာအတွက် စောင့်ဆိုင်းနေသနည်း။ သူ ကြိုတင်ပြဋ္ဌာန်းထားသော လူများအတွက်၊ သူရွေးချယ်ထားသော လူများအတွက်၊ သူကယ်တင်လိုသည့်သူများ သူ့ရှေ့မှောက်သို့ ရောက်လာရန်၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန်၊ ပြီးလျှင် သူ၏ ကယ်တင်ခြင်းကို လက်ခံရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ထိုလူများ စုံလင်စေခြင်း ခံရပြီးသည့်အခါတွင် ဘုရားသခင်၏ ကြီးမားသော အမှုသည် ပြီးမြောက်လိမ့်မည်ဖြစ်ကာ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုကို နောက်ထပ် ပြုလိမ့်မည်မဟုတ်။ ဤသည်မှာ နောဧ၏ အချိန်မဟုတ်သကဲ့သို့ သောဒုံ၏ ပျက်စီးခြင်းအချိန်လည်း မဟုတ်၊ သို့မဟုတ် ကမ္ဘာကြီး၏ ဖန်ဆင်းခြင်းအချိန်လည်း မဟုတ်ပေ။ ထိုအစား ယင်းမှာ ကမ္ဘာကြီး၏ ဆုံးခန်းတိုင်ချိန် ဖြစ်သည်။ လူအချို့သည် အိပ်မက်မက်နေကြဆဲ ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအမှု၏ မည်သည့်အဆင့်ကို ရောက်ပြီးဖြစ်ကြောင်း ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတို့ကို လက်ခံရရှိပြီး ဖြစ်သော်ငြားလည်း အဆောတလျင် မလုပ်ဆောင်သေးဘဲ မရှင်းမလင်း ဖြစ်နေဆဲဖြစ်ကာ အလေးအနက် သဘောမထားပေ။ အမှု၏ဤအဆင့် ပြီးသည်နှင့် လူတစ်ဦး၏ အဆုံးသတ်သည် အရှိအတိုင်းသာ ဖြစ်မည်ဖြစ်ပြီး ပြောင်းလဲမည် မဟုတ်။ လူသားသည် မိုက်မဲပြီး “အဆင်ပြေပါသည်။ ဘုရားသခင်က ငါတို့ကို အခွင့်အရေး ထပ်ပေးမည် ဖြစ်သည်” ဟု တွေးနေဆဲဖြစ်သည်။ ဘုရားအမှု၏ ကာလအတွင်းတွင် အခွင့်အရေးများ ပေးလေသည်။ အဆိုပါခေတ်ကုန်သွားသည့်အချိန်တွင် အခွင့်အရေးနောက်တစ်ခုက မည်သို့များ ရှိနိုင်မည်နည်း။ ယင်းက အိပ်မက်တစ်ခုသာ မဟုတ်လော။

အရှေ့သို့- ဘုရားသခင်အား အစေခံခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။