အခန်း ၁၉

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် ရှေ့ဆက်တိုးသည့်အားလျော်စွာ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသော လမ်းခရီးအသစ်ထဲသို့ ငါတို့ကို တစ်ဖန်ပြန်၍ ခရီးဦးကြို နေရာချပေးပြီးဖြစ်သည်။ ရလဒ်အနေဖြင့် လူအချို့သည် ငါ့ကို မလွဲဧကန် အထင်လွဲမှားကြပြီး ငါ့ထံ ညည်းညူတိုင်တန်းကြ၏။ အချို့က ငါ့ကို ခုခံကာ ဆန့်ကျင်ကြပြီး ငါ့ကို စစ်စစ်ပေါက်ပေါက် စစ်ဆေးကြ၏။ သို့သော်လည်း သင်တို့ကိုယ်သင်တို့ နောင်တရပြီး ပြုပြင်ရန် သနားကရုဏာဖြင့် ငါစောင့်နေဆဲဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုပြုသည့် နည်းလမ်း၌ ပြောင်းလဲခြင်းအရာမှာ ဘုရားသခင် ကိုယ်တော်တိုင် လူပုံအလယ်၌ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်သည် မပြောင်းမလဲ ဆက်ရှိနေအံ့။ ငါ ကယ်တင်နေသူသည် သင် ဖြစ်သည့်အတွက်၊ ငါသည် သင့်ကို လမ်းခုလတ်၌ စွန့်လွှတ်ရန် လုံးဝ ဆန္ဒမရှိ။ သင်တို့သည် ယုံမှားသံသယတို့ကို သိုထားပြီး လက်ဗလာ လှည့်ပြန်ချင်ကြခြင်းသာ ဖြစ်၏။ အခြားသူတို့ စောင့်ဆိုင်းကြည့်ရှုနေကြရုံမျှ ရှိနေစဉ် သင်တို့ထဲမှ အချို့ကမူ ရှေ့ဆက်တိုးခြင်းကို ရပ်တန့်လိုက်ကြပြီး ဖြစ်သည်။ ဆင်တူအောင် တုပရုံမျှကို အချို့က ပြုလုပ်နေကြစဉ်၊ အခြားသူတို့သည် အခြေအနေကို မတုန်မလှုပ် ကိုင်တွယ်ဖြေရှင်းနေကြဆဲ ဖြစ်၏။ သင်တို့သည် သင်တို့၏ နှလုံးသားများကို ဧကန်ပင် မာကျောစေကြချေပြီတကား။ သင်သည် သင်တို့အား ငါပြောခဲ့သည်ကို ယူပြီးယင်းကို သင်ဂုဏ်ယူသော သို့မဟုတ် သင်ကြွားဝါအမွှမ်းတင်သော တစ်စုံတစ်ရာ အဖြစ်သို့ ပြောင်းလဲခဲ့သည်။ ယင်းကို ထိုထက်တိုး၍ ချင့်ချိန်စဉ်းစားကြလော့- ဤသည်မှာ သင့်အပေါ်သို့ သက်ဆင်းလာသော သနားကရုဏာနှင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များ မှတစ်ပါး အခြားမဟုတ်။ သင်တို့သည် ဧကန်ပင် ပုန်ကန်လိုကြသည်ကို မြင်သောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ပြောဆိုခြင်းနှင့် စိတ်ဖြာလေ့လာ ဆွေးနွေးခြင်းကို ချက်ချင်း ပြုလုပ်လေသည်။ သင်တို့ ကြောက်ရွံ့သင့်ပေ၏။ အရမ်းမဲ့ မပြုမူကြနှင့်၊ သို့မဟုတ် မည်သည့်အရာကိုမျှ မဆင်မခြင် မပြုကြနှင့်၊ ပြီးလျှင် စိတ်ကြီးဝင်သော၊ မာနထောင်လွှားသော သို့မဟုတ် ခေါင်းမာသော စိတ်သဘောမရှိကြနှင့်။ ငါ၏ နှုတ်ကပတ်တော်တို့သည် သင့်ကို အတွင်းထဲမှ စစ်မှန်စွာ ပြောင်းလဲစေမည် ဖြစ်သလို ငါ၏ စိတ်သဘောထားကို သင်ရရှိစေရန် သင်သည် ငါ၏နှုတ်ကပတ်တော်တို့ကို လက်တွေ့လုပ်ဆောင်ခြင်း အရာ၌ သာ၍ အာရုံစိုက်ပြီး သင် သွားလေရာ၌ ယင်းတို့အတိုင်း အသက်ရှင်နေထိုင်သင့်သည်။ ယင်းတို့ကဲ့သို့သော ရလဒ်များသည်သာ အစစ်အမှန် ဖြစ်ကြလေ၏။

အသင်းတော်ကို တည်ဆောက်ရန်အလို့ငှာ သင်တို့သည် အထူး ဝိညာဉ်ရင့်ကျက်မှု ရှိရမည်ဖြစ်ပြီး သည်းလှိုက်အူလှိုက် မရပ်မနား ကြိုးပမ်းရှာဖွေရမည်။ ထို့အပြင် ပြောင်းလဲပြီးသူ တစ်ဦး ဖြစ်လာစေရန် သန့်ရှင်းသော ဝိညာဉ်တော်၏ လောင်ကျွမ်းစေခြင်းနှင့် သန့်စင်စေခြင်းကို လက်ခံရမည်။ ဤကဲ့သို့သော အခြေအနေများ အောက်တွင်သာ အသင်းတော်ကို တည်ဆောက်နိုင်သည်။ အသင်းတော် တည်ဆောက်ခြင်းကို စတင် လုပ်ဆောင်ရန် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် ယခုအခါ သင်တို့ကို ဦးဆောင်လမ်းပြခဲ့ပြီး ဖြစ်၏။ အကယ်၍ သင်သည် အတိတ်က သင်ပြုခဲ့သကဲ့သို့ ဇဝေဇဝါဖြစ်ပြီး နှေးကွေးလေးလံသည့် ပုံစံအတိုင်း ဆက်လက်ပြုမူပါက၊ သင့်အတွက် မျှော်လင့်ချက် မရှိပေ။ သင်တို့သည် သင်တို့ကိုယ်သင်တို့ သမ္မာတရား အလုံးစုံနှင့် ပြည်စုံစေလျက် ဝိညာဉ်ရေးရာ ထိုးထွင်းသိမြင်မှုကို ပိုင်ဆိုင်ရမည်ဖြစ်ကာ စုံလင်သောလမ်းခရီးကို ငါ၏ဉာဏ်ပညာနှင့်အညီ လျှောက်ရပေမည်။ အသင်းတော် တည်ဆောက်ရန်အလို့ငှာ သင်သည် အပေါ်ယံအားဖြင့် တုပရုံမျှမဟုတ်ဘဲ အသက်ရှင်စေသော ဝိညာဉ်တော်အတွင်း၌ ရှိရပေမည်။ သင်၏အသက်တာထဲ၌ ကြီးထွားခြင်း ဖြစ်စဉ်သည် သင့်ကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ထားသည့် ဖြစ်စဉ်နှင့် အတူတူပင် ဖြစ်သည်။ သို့သော် ဆုကျေးဇူးတို့အပေါ် အမှီထားသူများ သို့မဟုတ် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်နိုင်စွမ်း မရှိသူများ သို့မဟုတ် စစ်မှန်မှု မရှိသူများသည် တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက် မခံရနိုင်သလို ငါနှင့် အစဉ် နီးကပ်နေစေရန်၊ ငါနှင့် ပြောဆိုဆွေးနွေးရန် မစွမ်းသာသူများသည်လည်း တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက် မခံရနိုင်ကြောင်း ဂရုပြုလော့။ ၎င်းတို့၏စိတ်ကို အယူအဆများဖြင့် ဖိစီးစေသူများ သို့မဟုတ် ဒေသနာများအတိုင်း အသက်ရှင်သူများကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်၍ မရသကဲ့သို့ ၎င်းတို့စိတ်ခံစားမှုများ၏ ဦးဆောင်ခြင်းကို ခံရသူတို့သည်လည်း တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်၍ မရနိုင်။ ဘုရားသခင်က သင့်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်အား အပြည့်အဝ ကျိုးနွံနာခံရမည်။ သို့မဟုတ်လျှင် သင့်ကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်၍ မရနိုင်။ မိမိကိုယ်တိုင်၏ စိတ်ကြီးဝင်မှု၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်မှုု၊ ပလွှားမှုနှင့် အားရကျေနပ်မှုတို့တွင် စွဲငြိနေသူများ၊ တင်စီးခြင်းနှင့် ဝါကြွားခြင်းကို နှစ်သက်သူများသည် တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်၍ မရပေ။ အခြားသူတို့နှင့် ညှိနှိုင်းဆောင်ရွက်ပြီး အစေမခံနိုင်သူတို့ကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်၍ မရသလို ဝိညာဉ်ဆိုင်ရာ ထိုးထွင်းသိမြင်မှု မရှိဘဲ ၎င်းတို့ကို ဦးဆောင်နေသူ မည်သူမဆို၏ နောက်သို့ ကျိုးကြောင်းမမြင်ဘဲ လိုက်သူတို့သည်လည်း ထိုနည်းနှင်နှင်ပင် ဖြစ်ကြ၏။ အလားတူပင် ငါ၏ ရည်ရွယ်ချက်များကို နားလည်ရန် ပျက်ကွက်သူများနှင့် ခေတ်မမီတော့သော အနေအထား၌ ရှင်သန်သူများကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်၍ မရသလို အသစ်သော အလင်းထံသို့ အမီလိုက်ရန် နှေးကွေးလွန်းသူများ၊ သူတို့၏ အခြေခံအုတ်မြစ် အဖြစ် မည်သည့် ရူပါရုံမှ မရှိသူတို့သည် တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်၍ မရပေ။

အသင်းတော်ကို နှောင့်နှေးခြင်း မရှိဘဲ တည်ဆောက်သင့်ပေသည်။ ဤသည်ကား ငါ့အတွက် အရေးတကြီး ပူပန်စရာ အကြောင်းပေတည်း။ သင်သည် အပြုသဘောဆောင်သော အရာကို အာရုံစိုက်ခြင်းဖြင့် စတင်သင့်ကာ အားကုန်သုံးပြီး သင့်ကိုယ်သင် ဆက်ကပ်လျက်၊ တည်ဆောက်ရေး ရေစီးကြောင်း၌ ပူးပေါင်းပါဝင်သင့်ပေသည်။ သို့မဟုတ်လျှင် သင်သည် ငြင်းပယ်ခံရလိမ့်မည်။ သင်သည် စွန့်လွှတ်ခံရသင့်သည့်အရာတို့ကို လုံးလုံးစွန့်လွှတ်ကာ စားသောက်ခံရသင့်သည့်အရာကို သင့်တင့်လျောက်ပတ်စွာ စားသောက်သင့်ပေသည်။ ငါ့နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားအတိုင်း သင်အသက်ရှင်နေထိုင်သင့်ပြီး လေးနက်မှု မရှိဘဲ၊ မည်မည်ရရ မဟုတ်သော အကြောင်းအရာတို့အပေါ် အာရုံစိုက်ခြင်းကို ရပ်တန့်သင့်၏။ သင်သည် ငါ၏နှုတ်ကပတ်တော်ကို အဘယ်မျှ မှတ်ယူပြီးပြီနည်း။ ငါ၏နှုတ်ကပတ်တော်အတိုင်း အဘယ်မျှ အသက်ရှင်နေထိုင်ပြီးပြီနည်း။ ယင်းကို သင့်ကိုယ်သင်မေးလော့။ သင်သည် ခေါင်းရှင်းရှင်းထားရှိလျက် မည်သည့်အရာကိုမဆို မဆင်မခြင် လုပ်ဆောင်ခြင်းအား ရှောင်ကြဉ်သင့်၏။ သို့မဟုတ်လျှင် ထိုသို့သော အပြုအမူသည် အသက်တာ၌ သင့်ကြီးထွားခြင်းတွင် အကျိုးမပြုဘဲ သင့်ကြီးထွားခြင်းကိုသာ ထိခိုက်လိမ့်မည်။ သင်သည် သမ္မာတရားကို နားလည်သင့်ပြီး ယင်းကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိသင့်ကာ ငါ၏နှုတ်ကပတ်တော်ကို သင်၏ အသက်တာ ဧကန် ဖြစ်လာရန် ခွင့်ပြုသင့်၏။ ဤသည်မှာ အကြောင်းအချက်၏ အခရာတည်း။

ယခုအခါတွင် အသင်းတော်တည်ဆောက်ခြင်းမှာ အလွန်အရေးပါသော အခိုက်အတန့်သို့ ရောက်ရှိနေပြီဖြစ်ရာ စာတန်သည် အစီအစဉ်များ ဖန်တီးနေပြီး အသင်းတော်ကို ဖြိုဖျက်ရန် အစွမ်းကုန် လုပ်ဆောင်နေလေသည်။ သင်တို့ သတိလက်လွတ် မနေသင့်ဘဲ သတိဝီရိယနှင့် ရှေ့ဆက်တိုးကာ ဝိညာဉ်ဆိုင်ရာ ထိုးထွင်းသိမြင်မှုကို အသုံးပြုသင့်သည်။ ယင်းကဲ့သို့ ထိုးထွင်းသိမြင်မှုမရှိပါက၊ သင်တို့သည် ကြီးမားသောဆုံးရှုံးမှုများကို တွေ့ကြုံခံစားရမည်။ ဤသည်မှာ ပေါ့တန်သော ကိစ္စမဟုတ်ပေ။ ယင်းကို အထူးအရေးကြီးသော ကိစ္စအဖြစ် သင်တို့ မှတ်ယူရမည်။ စာတန်သည်လည်း ယုံမှားစေသော အသွင်တို့ကို ဆောင်နိုင်စွမ်းရှိပြီး အတုအပများကိုလည်း ဖြန့်ဝေနိုင်စွမ်းရှိ၏၊ သို့သော် ထိုအရာတို့၏ အတွင်းအနှစ်သာရမှာမူ ကွာခြား၏။ လူတို့သည် လွန်စွာမိုက်မဲစွာကြပြီး သတိမမူကြ၊ ထို့အပြင် ကွဲပြားမှုကို မမြင်နိုင်ကြ။ ထိုသူတို့သည် တစ်ချိန်လုံး ခေါင်းရှင်းရှင်းနှင့် တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းနိုင်စွမ်း မရှိသည်ကို ယင်းကပြသ၏။ သင်တို့၏ စိတ်နှလုံးတို့ကို မည်သည့်နေရာတွင်မျှ ရှာဖွေမရပေ။ အစေခံခြင်းသည် တစ်ဖက်တွင် ဂုဏ်အသရေ ဖြစ်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း ဆုံးရှုံးမှု ဖြစ်နိုင်ပေသည်။ ၎င်းသည် ကောင်းချီးမင်္ဂလာ သို့မဟုတ် ကံဆိုးခြင်း ဖြစ်စေနိုင်၏။ ငါ၏ ရှေ့တော်မှောက်တွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ငါ၏နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်လော့၊ သင်သည် ဧကန်အမှန်ပင် ဝိညာဉ်ပကတိနှင့်စပ်ဆိုင်သော သတိရှိလျက် ထိုးထွင်းသိမြင်မှုကို ကျင့်သုံးလိမ့်မည်။ စာတန် ရောက်လာချိန်တွင် သင်သည် ယင်းမှ ချက်ချင်းကာကွယ်နိုင်ကာ စာတန် ရောက်လာခြင်းကိုလည်း သတိပြုမိနိုင်လိမ့်မည်၊ သင်၏ဝိညာဉ်ထဲ၌ အမှန်တကယ် နေမထိထိုင်မသာဖြစ်ခြင်းကို သင်ခံစားရလိမ့်မည်။ ဦးတည်ရာများ ပြောင်းလဲသည့် အားလျော်စွာ စာတန်၏ လက်ရှိအလုပ်သည် အလိုက်သင့် ပြောင်းလဲသည်။ လူတို့သည် ဇဝေဇဝါ ပြုမူလျက် သတိကင်းမဲ့သောအခါ၊ ၎င်းတို့သည် ဆက်လက် အကျဉ်းချထား ခံရလိမ့်မည်။ သင်သည် အမြဲတစေ ဂရုစိုက်ကြည့်လျက် နိုးနိုးကြားကြား သတိရှိသင့်ပေသည်။ သင် ကိုယ်တိုင်၏ အမြတ်အစွန်းများ ပေါ်တွင်နှင့် ဆုံးရှုံးမှုများပေါ်တွင် အခြေအတင် မငြင်းခုံကြနှင့်၊ သို့မဟုတ် သင်ကိုယ်တိုင်၏ အကျိုးအမြတ် အတွက်လည်း မရေတွက်လေနှင့်။ ယင်းအစား ငါ၏အလိုကို ပြည့်စုံစေရန်သာ ကြိုးပမ်းကြလော့။

အရာဝတ္ထုတို့သည် ထပ်တူဖြစ်သယောင် ထင်ရနိုင်သည်၊ သို့သော် သူတို့သည် အရည်အသွေး ကွဲပြားနိုင်၏။ ထို့အတွက်ကြောင့် သင်သည် လူပုဂ္ဂိုလ်တို့ကို မှတ်မိသကဲ့သို့ ဝိညာဉ်တို့ကိုလည်း မှတ်မိရမည်။ သင်သည် ထိုးထွင်းသိမြင်မှုကို ကျင့်သုံးကာ ဝိညာဉ်ရေးရာတွင် ခေါင်းရှင်းရှင်း ထားသင့်သည်။ စာတန်၏အဆိပ် ပေါ်လာသောအခါ၊ သင်သည် ယင်းကို ချက်ချင်း မှတ်မိနိုင်စွမ်း ရှိသင့်သည်။ ထိုအရာသည် ဘုရားသခင်၏ တရားစီရင်ခြင်းအလင်းမှ မလွတ်မြောက်နိုင်ပေ။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသံကို သင်၏ဝိညာဉ်၌ နီးကပ်စွာ နားထောင်ရန် ပို၍ အာရုံစိုက်သင့်သည်။ အခြားသူတို့၏နောက်သို့ အမြင်ကန်းစွာ မလိုက်နှင့် သို့မဟုတ် အမှားကို အမှန်ဟု တလွဲမထင်နှင့်။ ကြီးစွာသော ဆုံးရှုံးခြင်းများကို သင်မခံစားရစေရန် ဦးဆောင်လမ်းပြသည့် မည်သူမဆို၏နောက်သို့ ယတိပြတ်မလိုက်နှင့်။ ထိုအရာအားလုံးသည် သင်တို့ထံတွင် မည်သို့သော အရာမျိုးကို ကျန်ရစ်စေသနည်း။ အကျိုးဆက်များကို သင်တို့ ခံစားပြီးသလော။ သင်သည် အစေခံခြင်း၌ အလျဉ်းသင့်သလို ဝင်ရောက်နှောင့်ယှက်ခြင်း မပြုသင့် သို့မဟုတ် သင်၏ ကိုယ်ပိုင်ထင်မြင်ချက်တို့ကို ယင်း၌ထည့်သွင်းခြင်း မပြုသင့်ပေ သို့မဟုတ်ပါက ငါသည် သင့်ကိုဒဏ်ခတ်မည်။ သည့်ထက်ပိုဆိုးသည်မှာ သင်သည် ကျိုးနွံနာခံရန် ငြင်းဆန်လျက် သင်အလိုရှိသည်ကိုသာ ပြောဆို၍ လုပ်ကိုင်ပါက ငါသည် သင့်ကို ပယ်ရှင်းမည်။ အသင်းတော်သည် နောက်ထပ် မည်သူတို့ကိုမှ ကုတ်ကုတ်ကတ်ကတ် စုစည်းရန် မလိုအပ်ပေ။ အသင်းတော်သည် ဘုရားသခင်ကို ရိုးသားစွာ ချစ်သောသူများနှင့် ငါ၏နှုတ်ကပတ်တော်အတိုင်း အမှန်တကယ် အသက်ရှင်သူတို့ကိုသာ အလိုရှိပေသည်။ သင်သည် သင်ကိုယ်တိုင်၏ ပကတိအခြေအနေကို သတိမူသင့်ပေ၏။ ဆင်းရဲသားတို့သည် သူတို့ကိုယ်သူတို့ ချမ်းသာသည်ဟု ထင်မြင်ပါက ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် လှည့်ဖြားခြင်း မဟုတ်သလော။ အသင်းတော်ကို တည်ဆောက်ရန်အတွက် သင်သည် ဝိညာဉ်တော်ကို နာခံလိုက်လျှောက်ရမည်။ အမြင်ကန်းစွာ ပြုမူခြင်းအားဖြင့် ရှေ့ဆက်တိုးမည့်အစား သင်၏နေရာများ၌သာနေ၍ သင်ကိုယ်တိုင်၏ တာဝန်တို့ကို ကျေပွန်အောင် ဆောင်ရွက်လော့။ သင်သည် သင့်အခန်းကဏ္ဍများ၏ အပြင်သို့ ကျော်မသွားသင့်ဘဲ၊ သင်ဆောင်ရွက်နိုင်သော မည်သည့် တာဝန်ကိုမဆို အစွမ်းကုန် ကျေပွန်အောင် ဆောင်ရွက်သင့်သည်။ သို့ဖြစ်လျှင် ငါ၏ စိတ်နှလုံးသည် အားရကျေနပ်ခြင်း ရှိလိမ့်မည်။ သင်တို့ အားလုံးသည် တူညီသော လုပ်ငန်းတာဝန်ကို ဆောင်ရွက်ရမည် မဟုတ်။ ယင်းအစား သင်တို့ အယောက်စီတိုင်းသည် သင်တို့၏ ကိုယ်ပိုင် အခန်းကဏ္ဍကိုသာ ဆောင်ရွက်သင့်ပြီး အသင်းတော်ရှိ အခြားသူများနှင့် ညှိနှိုင်းဆောင်ရွက်၍ သင်၏အစေခံမှုကို ဆက်ကပ်လော့။ သင်၏အစေခံခြင်းသည် လမ်းကြောင်း တစ်ခုခုထံ သွေဖည်မသွားသင့်ပေ။

အရှေ့သို့- အခန်း ၁၈

နောက်တစ်ခုသို့- အခန်း ၂၀

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။