အခန်း ၂၀

သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုသည် သင်တို့ကို လုံးဝ သစ်လွင်သော လောကတစ်ခုဆီသို့ ခေါ်ဆောင်လာလျက်၊ အရှိန်အဟုန်ဖြင့် ရှေ့သို့ချီနေသည်၊ ဆိုလိုသည်ကား နိုင်ငံတော်နှင့်ဆိုင်သော အသက်တာ၏ လက်တွေ့အရှိတရားသည် သင်တို့၏ရှေ့မှောက်သို့ ပေါ်ထွန်းလာပြီး ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်ပြောသော နှုတ်ကပတ်တော်များသည် သင်၏နှလုံးသားအတွင်းရှိ နက်နဲသိမ်မွေ့မှုကို တိုက်ရိုက် ဖွင့်ပြခဲ့ပြီး၊ ပုံရိပ် တစ်ခုပြီးတစ်ခု သင်တို့ရှေ့မှာ ပေါ်ထွန်းနေလျက် ရှိသည်။ ဖြောင့်မတ်ခြင်းတရားကို ဆာလောင်သော၊ ငတ်မွတ်သောသူများအားလုံးနှင့် ကျိုးနွံနာခံရန် ရည်ရွယ်ချက်ရှိသူများ အားလုံးတို့သည် ဇိအုန်တောင်တွင် ဧကန်မုချ ကျန်ရှိနေကြလိမ့်မည်ဖြစ်ပြီး၊ အသစ်သော ယေရုရှလင်မြို့၌ နေရကြလိမ့်မည်။ ထိုသူတို့ သည် ငါနှင့်အတူရှိစဉ် ဘုန်းတန်ခိုးနှင့် ဂုဏ်အသရေကို ဧကန်မုချ ရရှိကြပြီး လှပတင့်တယ်သော ကောင်းချီးမင်္ဂလာများကို မျှဝေခံစားကြရလိမ့်မည်။ သင်တို့၏ ဝိညာဉ်မျက်စိများ မပွင့်သေးသောကြောင့်၊ လောလောဆယ်တွင် သင်တို့ မမြင်ကြရသေးသော ဝိညာဉ်ရေးလောကနှင့်ဆိုင်သော လျှို့ဝှက်နက်နဲသည့်အရာအချို့ ရှိနေပေသည်။ အရာ အားလုံးတို့သည် လွန်စွာ အံ့ဩဘွယ်ကောင်းကြသည်။ နိမိတ်လက္ခဏာများနှင့် အံ့ဩဘွယ်ရာများနှင့် လူတို့တစ်ခါမျှ မစဉ်းစားခဲ့ဖူးကြသည့် အမှုအရာများသည် တဖြည်းဖြည်း ဖြစ်ပေါ်လာကြလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ အကြီးမားဆုံးသော နိမိတ်လက္ခဏာများ အပြင် ငါ၏ဘုန်းတန်ခိုးအာနုဘော်၊ ဖြောင့်မတ်ခြင်းနှင့် အနန္တတန်ခိုးတို့ တည်ရှိသည့် နေရာကိုလည်း စကြဝဠာတစ်ခွင်လုံးနှင့် ကမ္ဘာမြေ အစွန်းများနှင့် တိုင်းနိုင်ငံရှိသမျှနှင့် လူမျိုးအပေါင်းတို့ သူတို့ကိုယ်တိုင်၏မျက်စိများဖြင့် မြင်တွေ့စေခြင်းငှါ ပြတော်မူလိမ့်မည်။ ထိုနေ့ရက်သည် သာ၍ နီးကပ်လာနေပြီဖြစ်သည်။ ဤသည်မှာ အလွန်အရေးကြီးသောအချိန် ဖြစ်သည်- သင်နောက်ဆုတ်မည်လော သို့မဟုတ် အဆုံးတိုင်အောင် လုံးဝနောက်မလှည့်ဘဲ စွဲမြဲစွာ လုပ်ဆောင်မည်လော။ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖြစ်အပျက် သို့မဟုတ် မည်သည့်အမှုအရာကိုမျှ မကြည့်လေနှင့်။ ကမ္ဘာလောက၊ သင်၏ခင်ပွန်း၊ သင်၏သားသမီးများ သို့မဟုတ် အသက်တာနှင့်ပတ်သက်၍ သင်ဒွိဟဖြစ်သောအရာများကို မကြည့်လေနှင့်။ ငါ၏ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကိုသာ ကြည့်၍ သင်တို့ကိုရယူရန် ငါပေးဆပ်ခဲ့သော အဖိုးအခအပြင် ငါ၏ ဖြစ်ခြင်းတို့ကို မြင်လော့။ ဤအရာများသည် သင့်ကို ခွန်အားဖြစ်စေဖို့ လုံလောက်ပေလိမ့်မည်။

အချိန်သည် အလွန် နီးကပ်နေပြီး၊ ငါ၏အလိုတော်သည် အလွန် လျင်မြန်စွာ အောင်မြင်ရမည်။ ငါ၏ နာမတော်၌ တည်နေသောသူတို့ကို ငါသည် စွန့်ပစ်မထားပေ၊ သင်တို့အားလုံးကို ဘုန်းတော်ထဲသို့ ငါခေါ်ဆောင်သွားမည်။ သို့သော် ယခုအချိန်ကို ကြည့်သည့်အခါ အရေးကြီးသော ကာလတစ်ခု ဖြစ်နေသည်၊ နောက်တစ်ဆင့်သို့ မတက်လှမ်းနိုင်သော သူများအားလုံးသည် နောင်တရဖို့ လွန်စွာနောက်ကျနှင့်ပြီး ဖြစ်လိမ့်မည်ဖြစ်သော်လည်း ၎င်းတို့ဘဝတစ် လျှောက်လုံး၌ ငိုချင်းချကြရပြီး၊ နောင်တ ရကြပေလိမ့်မည်။ အသင်းတော်ကို တည်ဆောက်နိုင်သလော၊ သင်တို့ တစ်ဦးနှင့်တစ်ဦး နာခံမှုရှိနိုင်သလော၊ မရှိနိုင်သလော ဆိုသည်ကိုမြင်စေရန် သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုများသည် ယခု လက်တွေ့စစ်ဆေးခြင်း ခံနေကြရသည်။ ဤရှုထောင့်မှ ကြည့်ရှုသည့်အခါ၊ သင်၏နာခံခြင်းသည် သင် စံရွေးထားသော နာခံခြင်း အမှန်တကယ် ဖြစ်သည်။ လူတစ်ယောက်အပေါ်၌ သင် နာခံနိုင်ကောင်း နာခံနိုင်သော်လည်း၊ အခြားတစ်ယောက်သောသူအပေါ်၌ နာခံဖို့ရန် ခက်ခဲကြောင်း သင်တွေ့နေရသေးသည်။ လူသားတို့၏ အယူအဆများအပေါ် သင်အားထားနေလျှင် နာခံမှုရှိရန် မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် ဘုရားသခင်၏အကြံအစည်များသည် လူသား၏အကြံအစည်များထက် အမြဲသာလွန်သည်။ ခရစ်တော်သည် သေသည့်တိုင်အောင် နာခံလျက် ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။ ခရစ်တော်သည် မည်သည့်သတ်မှတ်ချက်များနှင့် အကြောင်းပြချက်ကိုမျှမပေးခဲ့ပေ။ ခမည်းတော်၏ အလိုတော်ဖြစ်နေသရွေ့ လိုလိုလားလား နာခံခဲ့သည်။ သင်၏ လက်ရှိ နာခံခြင်းအဆင့်သည် လွန်စွာ နိမ့်လွန်းသည်။ သင်တို့အားလုံးကို ငါဆိုသည်ကား နာခံခြင်းမည်သည် လူများကိုနာခံခြင်း မဟုတ်ပေ။ ယင်းထက် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို နာခံခြင်းနှင့် ဘုရားသခင်ကိုယ်တော်တိုင်ကို နာခံခြင်းဟု ဆိုလိုသည်။ ငါ၏နှုတ်ကပတ်တော်များသည် သင်တို့ကို အတွင်းထဲမှ အသစ်ပြုပြင်၍ ပြောင်းလဲနေစေသည်။ ၎င်းတို့သည် ထိုသို့မဟုတ်ပါက၊ မည်သူက မည်သူ့ကို နာခံလိမ့်မည်နည်း။ သင်တို့အားလုံးသည် အခြားသူများကို မနာခံကြပေ။ သင်တို့သည် နာခံခြင်းဆိုသည့်အရာနှင့် နာခံသည့်အသက်တာကို မည်ကဲ့သို့ အသက်ရှင်နေထိုင်နိုင်သည်ကို သဘောပေါက်အောင် အချိန်ယူကြရမည်။ သင်တို့သည် ငါ့ရှေ့မှောက်သို့ ပို၍ တိုးဝင်ချဉ်းကပ်ကာ ဤအကြောင်းအရာနှင့် စပ်လျဉ်းပြီး မိတ်သဟာယပြုရမည်ဖြစ်ပြီး၊ ဤအရာကို သင်တို့သည် တဖြည်းဖြည်း နားလည်သိရှိလာပြီး၊ အကျိုးဆက်အဖြစ် သင်၏အထဲ၌ရှိသော အယူအဆများနှင့် ရွေးချယ်မှုများကို သင် စွန့်လွှတ်လာမည် ဖြစ်သည်။ အမှုအရာများကို ငါလုပ်ဆောင်သော ဤနည်းလမ်းသည် လူတို့အတွက် စေ့စေ့စပ်စပ်နားလည်ဖို့ရန် ခက်ခဲသည်။ ဤအရာကား လူတို့သည် မည်သို့ ကောင်းမြတ်ကြသည် သို့မဟုတ် မည်သို့ စွမ်းဆောင်နိုင်ကြသည် စသည့်အကြောင်းအရာများနှင့်မဆိုင်ပေ။ ငါသည် အသိဉာဏ် အနည်းဆုံး နှင့် အရေးမပါဆုံးကိုပင် ဘုရားသခင်၏ အနန္တတန်ခိုးကို ဖွင့်ပြရန် အသုံးပြုသည်။ တစ်ချိန်တည်းတွင် လူတို့၏ အယူအဆများ၊ အမြင်များနှင့် ရွေးချယ်မှု အချို့ကိုလည်း ပြောင်းပြန်လှန်ပေးသည်။ ဘုရားသခင်၏ လုပ်ဆောင်မှုများသည် လွန်စွာ အံ့ဩဘွယ်ကောင်း၏၊ ၎င်းတို့သည် လူသားများ၏ နားလည်သဘောပေါက်နိုင်သည့် စွမ်းရည်ထက် ကျော်လွန်သည်။

အကယ်၍ သင်သည် ငါ့အတွက် သက်သေခံသောသူ အမှန်တကယ် ဖြစ်လိုလျှင် သမ္မာတရားကို စစ်မှန်စွာ လက်ခံပြီး၊ မှားယွင်းစွာ လက်မခံရပေ။ ငါ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် ပိုမို အာရုံပြုရမည်ဖြစ်ပြီး၊ သင်၏အသက်တာ လျင်မြန်စွာ ရင့်ကျက်လာစေရန် ကြိုးပမ်းရမည်။ တန်ဖိုးမရှိသော အရာများကို မရှာဖွေလေနှင့်။ ထိုအရာများသည် သင်တို့၏ဘဝတိုးတက်မှုကို အကျိုးမဖြစ်စေပါ။ သင်တို့သည် သင်တို့၏အသက်တာများ ရင့်ကျက်ပြီးမှသာ တည်ဆောက်ခြင်းကို ခံရနိုင်ပြီး၊ ထိုအခါမှသာ နိုင်ငံတော်သို့ ခေါ်ဆောင်ခြင်းခံရနိုင်မည် ဖြစ်သည်။ ဤအရာသည် ငြင်းပယ်၍မရပေ။ သင့်ကို ငါထပ်၍ပြောချင်သေးသည်။ ငါသည် သင့်ကို များစွာပေးခဲ့ပြီးသော်လည်း၊ သင်သည် အမှန်တကယ် အဘယ်မျှ နားလည်သနည်း။ ငါပြောသောအရာ မည်ရွေ့မည်မျှသည် သင်၏ဘဝ၌ လက်တွေ့ အရှိတရား ဖြစ်လာပြီနည်း။ ငါပြောသောအရာ မည်ရွေ့မည်မျှကို သင်၏ အသက်ရှင်နေထိုင်နေသနည်း။ ဝါးခြင်းတောင်းနှင့် ရေမခပ်နှင့်။ နောက်ဆုံးတွင် သင်သည် ဘာမျှမရဘဲ အနှစ်သာရမဲ့ခြင်းကိုသာ ရလိမ့်မည်။ အခြားသူများသည် စစ်မှန်သော အကျိုးကျေးဇူးများကို အလွန် လွယ်ကူစွာ ရရှိခဲ့ကြပြီ။ သင်ရော ရပြီလော။ သင်သည် လက်နက်မဲ့ပြီး မည်သည့် လက်နက်မျှ မကိုင်ဆောင်ပါက၊ စာတန်ကို အနိုင်ယူ နိုင်သလော။ ငါ၏နှုတ်ကပတ်တော်များသည် မိမိကိုယ်ကိုယ် ကာကွယ်ဖို့ အကောင်းဆုံး လက်နက်များဖြစ်ကြသဖြင့် သင်၏အသက်တာတွင် ငါ၏နှုတ်ကပတ်တော် အပေါ်၌ သာ၍ မှီခိုရမည်။ သင် မှတ်သားသင့်သည်မှာ ငါ၏နှုတ်ကပတ်တော်များကို သင်၏ ပိုင်ဆိုင်မှုများကဲ့သို့ မမှတ်ယူနှင့်။ အကယ်၍ သင်သည် ထိုနှုတ်ကပတ်တော်များကို နားမလည်၊ ရှာလည်းမရှာဖွေ၊ သဘောပေါက်ဖို့ရန်လည်း မကြိုးစား သို့မဟုတ် ထိုနှုတ်ကပတ်တော် အကြောင်းနှင့်စပ်လျဉ်းပြီး ငါနှင့်ဆွေးနွေးတိုင်ပင်ခြင်း မပြုဘဲ၊ မိမိကိုယ်ကိုယ် ကျေနပ်ကာ ရောင့်ရဲတင်းတိမ်နေမည်ဆိုပါက၊ ဆုံးရှုံးမှုကို သင် ခံစားရလိမ့်မည်။ ယခု ဤသင်ခန်းစာမှ သင် သင်ခန်းစာယူသင့်ပြီး၊ သင့်ကိုယ်သင် ဘေးသို့ဖယ်ထားကာ သင်၏ကိုယ်ပိုင် ချွတ်ယွင်းချက်များကို ထေမိစေရန် အလို့ငှာ အခြားသူများ၏ ခွန်အားများကို ယူရမည်။ သင်လုပ်ချင်သည့် အရာတိုင်းကိုသာ မလုပ်ဆောင်လေနှင့်။ အချိန်သည် လူကိုမစောင့်ပေ။ သင်၏ညီအစ်ကို မောင်နှမများ၏ အသက်တာများသည် တစ်ရက်ပြီးတစ်ရက် ကြီးထွားလာနေကြ၏၊ ၎င်းတို့အားလုံးသည် ပြောင်းလဲမှုကို တွေ့ကြုံခံစားနေကြပြီး နေ့စဉ် အသစ်ပြုပြင်ခြင်းကိုလည်း ခံစားနေကြရသည်။ သင်၏ညီအစ်ကို မောင်နှမများ၏ အင်အား တိုးနေပြီး ဤအရာသည် ကောင်းလှသောအရာတစ်ခုပင်တည်း။ ပန်းတိုင်သို့ အမြန်ပြေးလော့။ မည်သူ တစ်ဦးတစ်ယောက်ကမျှ အခြားတစ်ဦးတစ်ယောက်ကို ဂရုတစိုက် ကူညီနိုင်လိမ့်မည် မဟုတ်။ ငါနှင့် ပူးပေါင်းလုပ်ဆောင်ရန် ခံစားချက်အရ မိမိကိုယ်တိုင်၏ အားထုတ်မှုများကိုသာ ပြုလော့။ ရူပါရုံရှိသောသူများ၊ တက်လမ်းရှိသောသူများ၊ စိတ်ပျက်အားလျှော့ခြင်း မရှိသောသူများနှင့် ရှေ့သိုတက်လှမ်းရန် အမြဲတမ်း မျှော်မှန်းကြသူများသည် အောင်မြင်မှုရရှိမည်မှာ အသေအချာပင်ဖြစ်သည်။ ယခုအချိန်သည် အရေးကြီးသော ကာလတစ်ခု ဖြစ်သည်။ စိတ်အားလျော့ခြင်း သို့မဟုတ် စိတ်ပျက်ခြင်းမရှိရန် သေချာစေလော့။ အရာရာ၌ ရှေ့သို့မျှော်ရည်မှန်းလျက် နောက်ပြန်မလှည့်လေနှင့်။ အရာအားလုံးကို စွန့်လွှတ်ရမည်။ ငြိတွယ်မှုများ အားလုံး စွန့်လွှတ်ကာ အစွမ်းရှိသမျှနှင့် ကြိုးပမ်းအားထုတ်ရာလော့။ သင်၌ နောက်ဆုံးထွက်သက်တစ်မျှင် ကျန်နေသေးသရွေ့ အဆုံးအထိ စွဲမြဲစွာ လုပ်ဆောင်လော့။ ဤသည်မှာ သင်သည် ချီးမွမ်းရန် ထိုက်တန်သောသူ ဖြစ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေလိမ့်မည်။

အရှေ့သို့- အခန်း ၁၉

နောက်တစ်ခုသို့- အခန်း ၂၁

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။