အခန်း (၂၁)

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် သင်တို့ကို ကောင်းကင်သစ်နှင့် မြေကြီးသစ်ထဲသို့ တစ်ဖန် ဆောင်ကြဉ်းပေးခဲ့ပြီဖြစ်သည်။ အရာရာတိုင်းသည် အသစ်ပြုပြင်ခံနေရပြီး အရာရာတိုင်းသည် ငါ၏ လက်ထဲတွင် ရှိကာ အရာခပ်သိမ်းသည် အင်ပြည့်အားပြည့်ဖြင့် အသစ်တစ်ဖန် စတင်နေပြီဖြစ်သည်။ လူ၏ အယူအဆများအတိုင်း အကဲဖြတ်ပါက ဤအရာကို နားလည်နိုင်မည် သို့မဟုတ် ရှင်းပြနိုင်မည် မဟုတ်သော်လည်း ဤသည်မှာ အမှုပြုနေသော ငါပင် အတိအကျဖြစ်ပြီး ငါ၏ ဉာဏ်ပညာသည် ယင်းထဲတွင် ရှိလေသည်။ ထို့ကြောင့် သင်တို့သည် သင်တို့၏ အယူအဆများနှင့် အမြင်များအားလုံးကို ရိုးရှင်းစွာ စွန့်လွှတ်သင့်သည်၊ ရိုးရှင်းစွာ စားသောက်ပြီး ယင်း၏အလယ်တွင် ကျိုးနွံနာခံကာ ဒွိဟ တစ်စက်မျှ မရှိသင့်ပေ။ ငါသည် ဤနည်းလမ်းဖြင့် အမှုပြုနေသောကြောင့် အထွတ်အမြတ်ထားသော တာဝန်တစ်ခုကို ငါ ထမ်းဆောင်မည်ဖြစ်သည်။ အမှန်တွင် ယင်းမှာ လူတို့ မည်သည့်အရာကို လုပ်ဆောင်သင့်သည်ဟူသည့် ကိစ္စရပ်တစ်ခု မဟုတ်ပေ၊ ထိုအစား ယင်းမှာ ကိုယ်တော်၏ အနန္တတန်ခိုးကို ထုတ်ဖော်လျက် အံ့ဖွယ်သောအရာများကို လုပ်ဆောင်နေသည့် ဘုရားသခင်ပင် ဖြစ်သည်။ လူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ ဝါကြွားခြင်းမှလွဲ၍ ဝါကြွားခွင့်မရှိပေ။ သို့မဟုတ်ပါက သင်သည် ဆုံးရှုံးမှုကို ခံစားရလိမ့်မည်။ ဘုရားသခင်သည် လိုအပ်နေသူများကို မြေမှုန့်ထဲမှ ချီမတော်မူပြီး နိမ့်ကျသောသူတို့သည် ချီးမြှောက်ခြင်း ခံရလိမ့်မည်။ စကြဝဠာ အသင်းတော်ကို အုပ်ချုပ်ရန်၊ မရေမတွက်နိုင်သော တိုင်းနိုင်ငံများနှင့် ငါ ရွေးချယ်ထားသော မရေမတွက်နိုင်သည့် လူများကို ကောင်းစွာ အုပ်ချုပ်ရန် ငါ၏ များပြားလှသော ဉာဏ်ပညာကို ငါ အသုံးပြုမည်ဖြစ်ပြီး ထိုသို့ဖြင့် ၎င်းတို့အားလုံးသည် ငါ၏အထဲတွင် ရှိကြရန်နှင့် သင်တို့အားလုံးသည် အသင်းတော်ထဲတွင် ငါ့ကို ကျိုးနွံနာခံနိုင်ကြရန် ဖြစ်သည်။ ယခင်က ကျိုးနွံနာခံခြင်း မရှိခဲ့သူတို့သည် ယခု ငါ့ရှေ့တွင် ကျိုးနွံနာခံရမည်ဖြစ်သည်။ သင်တို့အားလုံးသည် အချင်းချင်း ကျိုးနွံနာခံကြလိမ့်မည်၊ အချင်းချင်း သည်းခံကြလိမ့်မည်၊ အသက်တွင် အချင်းချင်း ပေါင်းစည်းကြလိမ့်မည်၊ အချင်းချင်း ချစ်ကြလိမ့်မည်၊ သင်တို့၏ ကိုယ်ပိုင် အားနည်းချက်များကို ဖြည့်ဆည်းရန် အချင်းချင်း၏ အားသာချက်များကို ရယူကြလိမ့်မည်ဖြစ်ပြီး ငါ့ကို အစေခံရာတွင် ပူးပေါင်းဆောင်ရွက်ကြလိမ့်မည်။ ဤနည်းအားဖြင့် အသင်းတော်သည် တည်ဆောက်ခံရမည်ဖြစ်ပြီး စာတန်သည် အမြတ်ထုတ်ရန် အခွင့်အရေး ရရှိမည်မဟုတ်ပေ။ ထိုအခါမှသာ ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်သည် မပြည့်စုံဘဲ နေမည်မဟုတ်ပေ။ ဤနေရာတွင် သင်တို့ကို နောက်ထပ် သတိပေးချက်တစ်ခု ငါ ပေးမည်။ မည်သူမည်ဝါက မည်သို့သော ပုံစံဖြစ်သောကြောင့် သို့မဟုတ် မည်သို့မည်ပုံ ပြုမူခဲ့သောကြောင့် သင်၏ ဝိညာဉ်ရေးရာ အနေအထားကို ယိုယွင်းသွားစေလျက် သင့်ထဲတွင် နားလည်မှုလွဲမှားခြင်းများ ပေါ်ပေါက်ခွင့် မပြုနှင့်။ ငါ့အမြင်တွင် ဤသည်မှာ အမှန်တကယ် မဖြစ်သင့်သောအရာတစ်ခု ဖြစ်ပြီး ယင်းမှာ အကျိုးမရှိပေ။ သင် ယုံကြည်သောသူသည် ဘုရားသခင် မဟုတ်သလော။ ယင်းမှာ လူတစ်ဦးတစ်ယောက် မဟုတ်ပေ။ လုပ်ဆောင်ချက်များ ကွဲပြားသော်လည်း ခန္ဓာတစ်ခုတည်းသာ ရှိသည်။ သင်တို့တစ်ဦးချင်းစီသည် သင်တို့၏ ကိုယ်ပိုင် လုပ်ဆောင်ချက်ကို လုပ်ဆောင်သင့်သည်၊ သင်တို့၏ ကိုယ်ပိုင်နေရာတွင် နေပြီး အစွမ်းကုန် လုပ်ဆောင်သင့်သည်၊ သင်တို့၌ရှိသော အပူချိန်နှင့်အမျှ အလင်းကို လင်းစေသင့်ပြီး အသက်တွင် ရင့်ကျက်မှုကို လိုက်စားသင့်သည်။ သို့မှသာ ငါ ကျေနပ်မည်ဖြစ်သည်။

ငါ့ရှေ့မှောက်တွင် ငြိမ်းချမ်းစွာ ရှိခြင်းအဖြစ်ကိုသာ သင်တို့ စိတ်ဝင်စားရမည်။ ငါနှင့် အနီးကပ် မိတ်သဟာယပြုနေလော့၊ သင်နားမလည်သောနေရာများကို သာ၍ရှာဖွေလော့၊ ဆုတောင်းချက်များ ဆက်ကပ်အပ်နှံပြီး ငါ၏အချိန်ကို စောင့်လော့။ စိတ်ဝိညာဉ်မှ အရာရာကို ရှင်းလင်းစွာ မြင်လော့။ သွေဖည်လျက် လျှောက်လှမ်းမိခြင်းမှ မိမိကိုယ်ကိုယ် တားဆီဖို့ရန် မဆင်မခြင် မပြုလေနှင့်။ ဤနည်းဖြင့်သာ ငါ၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းသည် အမှန်တကယ် အကျိုးဖြစ်ထွန်းလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များကို မကြာခဏ စားသောက်လော့၊ ငါပြောပြီးသောအရာကို တွေးဆလော့၊ ငါ၏ နှုတ်ကပတ်တော်များအား လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်ပြီး ငါ၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်လော့။ ဤသည်မှာ အဓိက အကြောင်းအရာ ဖြစ်သည်။ အသင်းတော်ကို တည်ဆောက်ခြင်း လုပ်ငန်းစဉ်သည် အသက်ကြီးထွားခြင်း ဖြစ်စဉ်လည်း ဖြစ်သည်။ အကယ်၍ သင်၏အသက် ကြီးထွားမှုရပ်တန့်ပါက၊ သင်သည် တည်ဆောက်ခြင်း မခံရနိုင်ပေ။ သဘာဝကျမှု၊ ဇာတိပကတိ၊ စိတ်အားထက်သန်မှု၊ အထောက်အကူပြုသော ဆောင်ရွက်ခြင်းများ၊ အရည်အချင်းများအပေါ် အမှီပြုလျက်၊ သင်မည်မျှပင် ကောင်းနိုင်သည်ဖြစ်စေ၊ ဤအရာများအပေါ် သင် အမှီပြုပါက သင် တည်ဆောက်ခြင်း ခံရလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ နှုတ်ကပတ်တော်များအတွင်းတွင် အသက်ရှင်ရမည်၊ သန့်ရှင်းသောဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းအတွင်းတွင် အသက်ရှင်ရမည်၊ သင်၏ တကယ့်အခြေအနေကို သိရမည်ဖြစ်ပြီး ပြောင်းလဲသောသူတစ်ဦး ဖြစ်ရမည်။ စိတ်ဝိညာဉ်၌ အလားတူ ထိုးထွင်းသိမြင်မှု ရှိရမည်၊ အသစ်သော ဉာဏ်အလင်းပေးခြင်း ရှိရမည်ဖြစ်ပြီး၊ အသစ်သောအလင်းကို အမီလိုက်နိုင်ရမည်။ သင့်အနေဖြင့် ငါ့ထံ မရပ်မနား တိုးဝင်ချဉ်းကပ်နိုင်ရမည် ဖြစ်ပြီး ငါနှင့် အဆက်အသွယ်ပြုနိုင်ရမည်၊ နေ့စဉ်အသက်တာ၌ သင်၏ လုပ်ဆောင်ချက်များကို ငါ၏နှုတ်ကပတ်တော်များပေါ်တွင် အခြေခံနိုင်ရမည်၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာ မျိုးစုံတို့ကို ငါ၏နှုတ်ကပတ်တော်များအပေါ် အခြေခံလျက် မှန်ကန်စွာ ကိုင်တွယ်နိုင်ရမည် ဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များကို သင်၏စံနှုန်းစံထားအဖြစ် ထားရှိကာ သင်၏အသက်တာထဲ လှုပ်ရှားမှုအားလုံးတွင် ငါ၏ စိတ်သဘောထားကို အသက်ရှင်နေထိုင်နိုင်ရမည်ဖြစ်သည်။

အကယ်၍ သင်သည် ငါ၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ပြီး အလေးထားရန် ဆန္ဒရှိပါက ငါ၏နှုတ်ကပတ်တော်များကို အာရုံစိုက် ရမည်။ အမှုအရာများကို မဆင်မခြင် မလုပ်ဆောင်နှင့်။ ငါမထောက်ခံသော အရာအားလုံးသည် ဆိုးရွားသော နိဂုံးနှင့် ကြုံရလိမ့်မည်။ ကောင်းချီးမင်္ဂလာများသည် ငါ ထောက်ခံသော အရာများဖြင့်သာ လာ၏။ ငါပြောလျှင်၊ ဖြစ်လိမ့်မည်။ ငါ အမိန့်ပေးလျှင် မြဲမြံစွာတည်လိမ့်မည်။ ငါ့ကို အမျက်ထွက်စေခြင်းအား ရှောင်ရှားရန်၊ ငါခွင့်မပြုထားသော အရာကို သင်တို့ လုံးဝ မလုပ်ဆောင်ရ။ လုပ်ဆောင်ပါက၊ သင့်အတွက် နောင်တရဖို့ အချိန် ရှိလိမ့်မည်မဟုတ်ပေ။

အရှေ့သို့- အခန်း (၂၀)

နောက်တစ်ခုသို့- အခန်း (၂၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။