အခန်း ၂၂

ဘုရားသခင်၌ ယုံကြည်ခြင်းသည် လုပ်ဆောင်ဖို့ လွယ်ကူသော အရာမဟုတ်ပေ။ သင်သည် အရာရာကို စားသောက်ကာ၊ အားလုံးသည် အလွန်စိတ်ဝင်စားစရာကောင်းသည်၊ အလွန် အရသာရှိသည်ဟု တွေးထင်လျက်၊ တော်စွလျော်စွ ကြုံရာကျပန်းနေ၏။ ချီးကျူးနေသော လူအချို့ ရှိသေးသည်- ၎င်းတို့သည် ၎င်းတို့၏စိတ်နှလုံးအားဖြင့် ချင့်ချိန်နိုင်စွမ်း မရှိကြပေ။ ဤသည်မှာ သင်တို့ မချွင်းမချန် စိတ်ဖြာရှင်းလင်းထိုက်သည့် အတွေ့အကြုံတစ်ခု ဖြစ်သည်။ နောက်ဆုံးသောကာလတွင်၊ ဝိညာဉ်မျိုးစုံတို့သည် ဘုရားသခင်၏ သားသမီးများ၏ တိုးတက်မှုကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကာ အသင်းတော်၏တည်ဆောက်ခြင်းကို တမင်ဖျက်ဆီးရာတွင် ပါဝင်လျက် ၎င်းတို့၏အခန်းကဏ္ဍများကို ဆောင်ရွက်ရန် ထွက်ပေါ်ကြ၏။ သင်သည် ဤအရာကို ပေါ့ပေါ့တန်တန် သဘောထားပြီး စာတန်ကို အလုပ်လုပ်ဖို့ အခွင့်အရေးများ ပေးပါက၊ ယင်းသည် အသင်းတော်ကို ကမောက်ကမ အခြေအနေတစ်ခု ဖန်တီးလိမ့်မည်၊ လူတို့သည် အထိတ်တလန့် ဖြစ်ကာ၊ ထင်ရာစိုင်းကြလိမ့်မည် ဖြစ်ပြီး၊ ဆိုးရွားသော ကိစ္စရပ်များတွင်၊ လူတို့၏ ရူပါရုံများ ပျောက်ကွယ်သွားလိမ့်မည်။ ဤသို့ဖြင့်၊ နှစ်ပေါင်းများစွာတစ်‌လျှောက် ငါအပင်ပန်းခံ ပေးဆပ်ထားသည့် အဖိုးအခသည် အချည်းနှီး ဖြစ်ပေလိမ့်မည်။

အသင်းတော်ကို တည်ဆောက်ရမည့် အချိန်သည် စာတန်၏ သွေးရူးသွေးတန်းဖြစ်ခြင်း အမြင့်ဆုံးအရှိန်သို့ ရောက်ရှိသည့် အချိန်လည်း ဖြစ်သည်။ စာတန်သည် လူအနည်းငယ်မှတစ်ဆင့် အာရုံပျက်စေမှုနှင့် နှောင့်ယှက်မှုတို့ကို မကြာခဏ ဖြစ်စေပြီး၊ ယင်းမှာ ဝိညာဉ်ကို မသိသောသူများနှင့် စာတန်၏ အခန်းကဏ္ဍကို အလွယ်ကူဆုံး ဝင်ရောက်လုပ်ဆောင်နိုင်သည့် ယုံကြည်သူအသစ်များ ဖြစ်ကြသည်။ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏အမှုကို ယေဘုယျအားဖြင့် နားမလည်ကြသောကြောင့်၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အကြိုက်များ၊ အမှုအရာများကို လုပ်ဆောင်သည့် ၎င်းတို့ကိုယ်တိုင်၏ နည်းလမ်းများနှင့် ၎င်းတို့ကိုယ်တိုင်၏ အယူအဆများအတိုင်း ထင်ရာမြင်ရာ လုံးဝ ပြုမူတတ်ကြပေသည်။ သင်၏နှုတ်ကိုစောင့်ထိန်းလော့- ဤသည်မှာ သင့်ကို ကာကွယ်ရန်အတွက် ဖြစ်သည်။ ကောင်းစွာ နားစိုက်ထောင်ကာ ကောင်းစွာ နာခံလော့။ အသင်းတော်သည် လူ့အဖွဲ့အစည်းနှင့် မတူပေ။ သင် စိတ်ရှိတိုင်း လွယ်လွယ်ပြော၍ မရပေ။ သင် တွေးထင်သည့် မည်သည့်အရာကိုမဆို ပြော၍မရပေ။ ဤသည်မှာ ဘုရားသခင်၏ အိမ်တော် ဖြစ်သည်နှင့်အညီ၊ ယင်းသည် ဤနေရာတွင် အလုပ်ဖြစ်မည်မဟုတ်။ အမှုအရာများအား လူတို့ လုပ်ဆောင်သည့် နည်းလမ်းကို ဘုရားသခင် လက်မခံပေ။ သင်သည် ဝိညာဉ်တော်နောက်သို့ လိုက်ခြင်းဖြင့် အရေးကိစ္စများကို လုပ်ဆောင်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် အသက်ရှင်နေထိုင်ရမည် ဖြစ်ပြီး၊ ထိုအခါတွင် အခြားသောသူတို့သည် သင့်ကို လေးစားကြလိမ့်မည်။ သင်သည် ဘုရားသခင်အပေါ် မှီခိုခြင်းအားဖြင့် သင်ကိုယ်တိုင်အတွင်းရှိ အခက်အခဲများအားလုံးကို ဦးစွာ ဖြေရှင်းရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို အဆုံးသတ်စေပြီး၊ သင်ကိုယ်တိုင်၏ အခြေအနေကို အမှန်တကယ် နားလည်လာနိုင်ကာ၊ မည်သို့ ပြုမူရမည်ကို သိလော့။ နားမလည်သော အရာမှန်သမျှနှင့်ပတ်သက်၍ ဆက်၍ မိတ်သဟာယ ပြုလော့။ လူတစ်ယောက်အတွက် မိမိကိုယ်ကိုယ် မသိခြင်းမှာ လက်ခံနိုင်ဖွယ်ရာ မရှိပေ။ သင်ကိုယ်တိုင်၏ အနာရောဂါကို ဦးစွာ ငြိမ်းစေလော့၊ ပြီးလျှင် ငါ၏နှုတ်ကပတ်တော်များကို သာ၍ မကြာခဏ စားသောက်ကာ စဉ်းစားဆင်ခြင်ရင်း၊ ငါ၏နှုတ်ကပတ်တော်များပေါ် အခြေပြု၍ သင်၏အသက်တာကို ရှင်သန်ကာ သင်၏ ဆောင်ရွက်ချက်များကို လုပ်ဆောင်လော့။ သင်သည် အိမ်တွင် ရှိသည်ဖြစ်စေ အခြားနေရာတွင် ရှိသည် ဖြစ်စေ၊ သင်၏အတွင်းတွင် ဘုရားသခင်အား တန်ခိုးအာဏာစွဲကိုင်ခွင့် ပြုသင့်သည်။ ဇာတိပကတိနှင့် သဘာဝကျခြင်းတို့ကို စွန့်ပစ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏အတွင်းတွင် အမြဲစိုးမိုးခွင့်ပေးလော့။ သင်၏ အသက်တာသည် ပြောင်းလဲခြင်းမရှိ ဖြစ်နေသည်ကို စိုးရိမ်စရာ မလိုပေ။ အချိန်နှင့်အမျှ သင်၏စိတ်သဘောထားသည် ကြီးစွာပြောင်းလဲပြီးဖြစ်သည်ကို သင်သည် ခံစားလာရလိမ့်မည်။ ယခင်က သင်သည် ကျော်ကြားဖို့ရန် စိတ်အားထက်သန်ခဲ့၏၊ သင်သည် မည်သူ့ကိုမျှ မနာခံခဲ့ပေ၊ သို့မဟုတ် ရည်မှန်းချက်ကြီးခဲ့ကာ၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခဲ့သည်၊ သို့မဟုတ် မာနကြီးခဲ့သည်- ဤအရာများသည် သင် တဖြည်းဖြည်း ဖယ်ရှားပစ်မည့် အရာများ ဖြစ်သည်။ အကယ်၍ သင်သည် ၎င်းတို့အား ယခုချက်ချင်း စွန့်ပစ်လိုပါက၊ မဖြစ်နိုင်ပေ။ ဤသည်မှာ သင်၏ အတ္တဟောင်းသည် အခြားသူများအား ထိုအရာကို ထိတွေ့ခွင့်ပေးလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်၊ ၎င်း၏ အမြစ်များသည် အလွန် နက်ရှိုင်းလှ၏။ ထို့ကြောင့် သင်သည် စိတ်ခံစားချက်အရ အားထုတ်မှု ပြုရမည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ နာခံရမည်၊ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် သင်၏အလိုဆန္ဒကို အသုံးပြုပြီး၊ ငါ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်း ရှိရမည်။ သင်သည် အပြစ်တစ်ခုကို ကျူးလွန်ပါက၊ ဘုရားသခင်သည် သင့်အား ဆုံးမပဲ့ပြင်လိမ့်မည်။ သင်သည် နောက်ပြန်လှည့်ကာ နားလည်သဘောပေါက်လာချိန်တွင်၊ အားလုံးသည် သင်၏ အတွင်း၌ ရုတ်ခြည်း ကောင်းသွားလိမ့်မည်။ သင်သည် စိတ်အလိုလိုက်လျက် ပြောဆိုလျှင်၊ သင်ကိုယ်တိုင်၏အတွင်း၌ ချက်ချင်း ဆုံးမပဲ့ပြင် ခံရလိမ့်မည်။ ဘုရားသခင်သည် ထိုသို့သောအရာတို့တွင် ဝမ်းမြောက်ခြင်း မရှိသည်ကို သင် သိမြင်၏၊ ထို့ကြောင့် သင်ချက်ချင်း ရပ်တန့်လိုက်မည်ဆိုလျှင်၊ အတွင်းစိတ် ငြိမ်းချမ်းခြင်းကို သင် တွေ့ကြုံခံစားရလိမ့်မည်။ ဘဝ၏ ခံစားချက်များက မည်သည့်အရာဖြစ်သည် သို့မဟုတ် ထိုခံစားချက်များအတွင်း မည်သို့ အသက်ရှင်ရမည်ကို နားမလည်သော ယုံကြည်သူအသစ်တစ်ချို့ ရှိ၏။ သင်သည် မည်သည့်အရာမျှ မပြောသော်လည်း၊ သင်၏အတွင်း၌ အဘယ်ကြောင့် အလွန်ဂနာမငြိမ် ဖြစ်ရသနည်းဟု တစ်ခါတစ်ရံတွင် သင် တွေးမိသည်။ ထိုသို့သောအချိန်များတွင်၊ မှားနေသည်မှာ သင်၏ အတွေးများနှင့် သင်၏စိတ် ဖြစ်သည်။ တစ်ခါတစ်ရံ၌ သင်သည် ကိုယ်ပိုင်ရွေးချယ်မှုများ၊ ကိုယ်ပိုင်အယူအဆများနှင့် ထင်မြင်ချက်များ ရှိ၏။ တစ်ခါတစ်ရံတွင် သင်သည် အခြားသူများကို သင့်ထက် ယုတ်ညံ့သည်ဟု ယူဆ၏။ တစ်ခါတစ်ရံတွင် သင်သည် တစ်ကိုယ်ကောင်းဆန်သော ကိုယ်ပိုင်တွက်ချက်မှုများကို ပြုလုပ်ပြီး၊ ဆုတောင်းခြင်း မပြု၊ သင့်ကိုယ်သင် ဆန်းစစ်ခြင်း မပြုပေ။ ဤသည်မှာ အတွင်း၌ သင်ဂနာမငြိမ်ဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။ ပြဿနာက မည်သည့်အရာ ဖြစ်သည်ကို သင် သိကောင်းသိလိမ့်မည်၊ ထို့ကြောင့် သင်၏စိတ်နှလုံးတွင် ဘုရားသခင်၏နာမကို ချက်ချင်း ခေါ်ဆိုလော့၊ ဘုရားသခင်ထံ ချဉ်းကပ်လော့၊ သို့ပြုလျှင် သင် သက်သာလိမ့်မည်။ သင်၏ စိတ်နှလုံးသည် တိုး၍ ပျာယာခတ်ပြီး ဂနာမငြိမ် ဖြစ်လာသည့်အခါ၊ ဘုရားသခင်သည် သင့်အား စကားပြောရန် အခွင့်ပေးသည်ဟု သင် လုံးဝ တွေးရမည်မဟုတ်။ အထူးသဖြင့် ယုံကြည်သူအသစ်များသည် ဤအရာ၌ ဘုရားသခင်ကို နာခံခြင်းအား သေချာအာရုံစိုက်သင့်၏။ လူသား၏အတွင်း၌ ဘုရားသခင် ထားရှိသည့် ခံစားချက်တို့မှာ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်း၊ ကြည်လင်ပြတ်သားခြင်းနှင့် သေချာခြင်းတို့ ဖြစ်၏။ ယေဘုယျအားဖြင့်၊ ကမောက်ကမအခြေအနေ ဖြစ်စေပြီး ထင်ရာမြင်ရာ ပြုမူမည့် နားမလည်သည့်သူများ ရှိ၏ - ဤအရာအားလုံးသည် အနှောင့်အယှက်များ ဖြစ်သည်။ ဤအရာကို သေချာစွာ အရေးထားလော့။ သင်သည် ဤအခြေအနေမျိုး ဖြစ်တတ်ပါက၊ ထိုအရာကို တားဆီးဖို့ “ကြိုတင်ကာကွယ်ဆေး” ကို မှီဝဲသင့်သည်။ သို့မဟုတ်လျှင်၊ သင်သည် အနှောင့်အယှက်များကို ဖန်တီးလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် သင့်အား ပြစ်ဒဏ်ပေးလိမ့်မည်။ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မမှတ်ယူလေနှင့်။ သင်ကိုယ်တိုင်၏ မပြည့်ဝခြင်းတို့ကို ထေမိစေရန် အခြားသူများ၏ အားသာချက်များကို ယူပြီး အသုံးပြုလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အခြားသူများ မည်သို့ အသက်ရှင်ကြသည်ကို ကြည့်ရှုပြီး၊ ၎င်းတို့၏ အသက်တာများ၊ လုပ်ရပ်များနှင့် အပြောအဆိုများက အတုယူထိုက်ခြင်း ရှိမရှိဆိုသည်ကို ကြည့်လော့။ အခြားသောသူများကို သင့်ထက် နိမ့်ကျသည်ဟု သဘောထားပါက၊ သင်သည် မိမိကိုယ်ကိုယ်မှန်ကန်သည်ဟု ယူမှတ်သောသူ၊ စိတ်ကြီးဝင်သောသူ ဖြစ်ပြီး၊ မည်သူ့ကိုမျှ အကျိုးမပေးပေ။ ယခုအချိန်တွင် မရှိမဖြစ် လိုအပ်သည်မှာ အသက်တာအပေါ် အာရုံစိုက်ရန်၊ ငါ၏နှုတ်ကပတ်တော်များကို ပို၍ စားသောက်ရန်၊ ငါ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားရန်၊ ငါ၏ နှုတ်ကပတ်တော်များကို သိရှိရန်၊ ငါ၏နှုတ်ကပတ်တော်များကို အမှန်တကယ် သင်၏အသက်တာ ဖြစ်လာစေရန်တို့ ဖြစ်သည်- ဤအရာများသည် အဓိကကျသောအရာများ ဖြစ်၏။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အသက်မရှင်နိုင်ပါက၊ ၎င်း၏ အသက်တာ ရင့်ကျက်နိုင်သလော။ မရင့်ကျက်နိုင်ပေ။ သင်သည် ငါ၏နှုတ်ကပတ်တော်များဖြင့် တစ်ချိန်လုံး အသက်ရှင်ရမည်ဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များကို အသက်တာအတွက် သင်၏ ကျင့်ဝတ်စည်းကမ်းအဖြစ် ထားရှိရမည်၊ သို့မှသာ ထိုကျင့်ဝတ်စည်းကမ်းဖြင့် ပြုမူခြင်းသည် ဘုရားသခင်ကို ဝမ်းမြောက်စေသောအရာ ဖြစ်ပြီး အခြားသောနည်းဖြင့် ပြုမူခြင်းသည် ဘုရားသခင် မုန်းတီးသောအရာ ဖြစ်သည်ကို သင်ခံစားရလိမ့်မည်ဖြစ်သည်။ ပြီးလျှင် သင်သည် လမ်းကြောင်းမှန်ပေါ် တဖြည်းဖြည်း လျှောက်လှမ်းလာလိမ့်မည်။ ဘုရားသခင်ထံမှ လာသည့်အရာနှင့် စာတန်ထံမှ လာသည့်အရာတို့ကို သင် နားလည်ရမည်။ ဘုရားသခင်ထံမှ လာသောအရာသည် သင့်ကို သာ၍ ကြီးမားသော ရှင်းလင်းပြတ်သားမှုဖြင့် သင့်ကို ရူပါရုံများပေးပြီး၊ သင့်ကို ဘုရားသခင်နှင့် ယခင်ထက် သာ၍ နီးကပ်စေသည်။ သင်သည် လေးနက်သည့် ချစ်ခြင်းမေတ္တာကို ညီအစ်ကိုမောင်နှမတို့နှင့်အတူ မျှဝေခံစားသည်၊ သင်သည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးအတွက် အရေးထားမှုကို ပြသနိုင်စွမ်းရှိပြီး၊ ဘယ်သောအခါမျှ ဆုတ်ယုတ်မသွားသည့် ဘုရားသခင်ကို ချစ်သည့် နှလုံးသားတစ်ခု သင်၌ ရှိလေသည်။ သင့်အတွက် ရှေ့တွင် လျှောက်လှမ်းဖို့ လမ်းတစ်ခု ရှိ၏။ စာတန်ထံမှ လာသောအရာသည် ရူပါရုံများကို သင်နှင့်အတူ ပျောက်ကွယ်သွားဖို့ ဖြစ်စေပြီး၊ ယခင်က သင်ရှိခဲ့သည့် အရာအားလုံး ဆုံးရှုံးဖို့ ဖြစ်စေသည်။ သင်သည် ဘုရားသခင်နှင့် ခပ်ခွာခွာ ဖြစ်လာသည်၊ သင်၏ ညီအစ်ကိုမောင်နှမများအတွက် သင့်၌ ချစ်ခြင်းမေတ္တာ မရှိဘဲ အမုန်းတရားနှင့်ပြည့်နေသော နှလုံးသားတစ်ခု ရှိ၏။ သင်သည် မျှော်လင့်ချက်မဲ့လာကာ၊ အသင်းတော် အသက်တာကို အသက်ရှင်ရန် ဆန္ဒမရှိတော့သကဲ့သို့၊ ဘုရားသခင်ကို ချစ်သော သင်၏နှလုံးသားသည်လည်း မရှိတော့ပေ။ ဤသည်မှာ စာတန်၏ လုပ်ဆောင်မှုဖြစ်ပြီး၊ ဆိုးယုတ်သောဝိညာဉ်များ၏ လုပ်ဆောင်ချက်က ဆိုက်ရောက်စေသည့် အကျိုးဆက်လည်း ဖြစ်သည်။

ယခုသည် အတိမ်းအစောင်းမခံသော အခိုက်အတန့်တစ်ခု ဖြစ်၏။ သင်သည် သင်၏နောက်ဆုံးအချိန်ဆိုင်းအထိ သင်၏ နေရာတွင် ရှိရမည်၊ အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ရန် သင့်ဝိညာဉ်၏ အမြင်များကို ကြည်လင်စေရမည် ဖြစ်ပြီး၊ အသင်းတော် တည်ဆောက်ရာတွင် သင်တို့၏ အားထုတ်မှု အားလုံးကို အသုံးပြုရမည်။ စာတန်၏ လက်ပါးစေများ၊ ဘာသာရေး အနှောင့်အယှက်များနှင့် ဆိုးယုတ်သောဝိညာဉ်များ၏ လုပ်ဆောင်မှုကို ဖယ်ရှားကြလော့။ အသင်းတော်ကို သန့်စင်စေကာ၊ ငါ၏ အလိုကို မပိတ်ဆီးစေဘဲ ဆောင်ရွက်စေလော့၊ ပြီးလျှင် ကပ်ဘေးများ မတိုင်မီ ဤမျှ တိုတောင်းသည့် အချိန်တွင် ငါသည် သင်တို့ကို ဖြစ်နိုင်သမျှ မြန်မြန် ပြည့်စုံစေမည်ဖြစ်ပြီး၊ သင်တို့အား ဘုန်းအသရေထဲသို့ ခေါ်ဆောင်မည်မှာ အမှန်ပင် ဖြစ်သည်။

အရှေ့သို့- အခန်း ၂၁

နောက်တစ်ခုသို့- အခန်း ၂၃

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။