အခန်း ၂၃

ငါ့အသံကို ကြားကြပြီဖြစ်သော ညီအစ်ကိုမောင်နှမ အပေါင်းတို့- သင်တို့သည် ငါ၏ပြင်းထန်သော တရားစီရင်သံကို ကြားကြပြီးဖြစ်ကာ ကြီးစွာသော ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး ဖြစ်သည်။ သို့ရာတွင် ငါ၏ ခက်ထန်သောအသံ နောက်ကွယ်တွင် ဖုံးကွယ်ထားသည့် ငါ၏ ရည်ရွယ်ချက်တို့ ရှိကြောင်း သင်တို့ သိသင့်ပေတကား။ သင်တို့ ကယ်တင်ခြင်း ခံရနိုင်ဖို့ရန်အလို့ငှာ သင်တို့ကို ငါ ဆုံးမပဲ့ပြင်၏။ ငါချစ်သောသားတို့အတွက်၊ သင်တို့ကို ငါ ဧကန်မုချ ဆုံးမပဲ့ပြင်ပြီး ပြုပြင်ကာ မကြာမီ စုံလင်စေမည် ဖြစ်ကြောင်းကို သင်တို့ သိသင့်၏။ ငါ့စိတ်နှလုံးသည် အလွန် စိတ်အားထက်သန်သော်လည်း၊ သင်တို့သည် ငါ့စိတ်နှလုံးကို နားမလည်၊ ငါ့နှုတ်ကပတ်တော်နှင့်အညီလည်း လုပ်ဆောင်ခြင်း မရှိကြ။ ယနေ့တွင် ငါ့နှုတ်ကပတ်တော်တို့သည် သင်တို့အပေါ်သို့ ကျရောက်ပြီး ဘုရားသခင်သည် ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝသော ဘုရားသခင် ဖြစ်ကြောင်းကို သင်တို့အား အမှန်တကယ် သတိပြုမိစေကာ ဘုရားသခင်၏ စစ်မှန်သောမေတ္တာကို သင်တို့အားလုံးကို တွေ့ကြုံခံစားစေသည်။ သို့သော် ဟန်ဆောင်နေကြသော လူ အရေအတွက် အနည်းငယ်လည်း ရှိသည်။ ၎င်းတို့သည် အခြားလူများ၏ ဝမ်းနည်းမှုကို မြင်တွေ့ရချိန်တွင်၊ ၎င်းတို့သည်လည်း ၎င်းတို့၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်စေလျက်၊ ထိုသူတို့ကို အတုခိုးသည်။ အပေါ်ယံအားဖြင့်- ဘုရားသခင်၏ အကြွေးတင်ရှိပုံပေါ်ပြီး ၎င်းတို့သည် နောင်တရနေသည်ဟု ထင်ရသော်လည်း၊ ၎င်းတို့အတွင်းတွင် ဘုရားသခင်ကို အမှန်တကယ် နားလည်ခြင်း မရှိသည့်အပြင်၊ ဘုရားသခင်အ‌ကြောင်းကိုလည်း မသေချာဘဲ၊ အမှန်မှာ အပြင်ပန်း ဟန်ပြရုံသာဖြစ်သော အခြားသူများ ရှိကြပေ၏။ ဤလူတို့ကို ငါသည် စက်ဆုပ်အရွံရှာဆုံးပင် ဖြစ်လေတကား။ ဤလူတို့သည် ငါ့မြို့နှင့် အနှေးနှင့်အမြန် အဆက်အသွယ်ဖြတ်ခြင်းကို ခံရလိမ့်မည်။ ငါ၏ရည်ရွယ်ချက်မှာ- ငါ့အား ပြင်းပြစွာ အလိုရှိသောသူများကို ငါအလိုရှိပြီး၊ စစ်မှန်သော နှလုံးသားဖြင့် ငါ့နောက်သို့ လိုက်သူများသည်သာ ငါ့ကို ကျေနပ်စေနိုင်သည်။ ထိုသူတို့သည် ငါ့လက်တော်များဖြင့် ငါအသေအချာ ထောက်ပံ့ပေးမည့်သူများ ဖြစ်ပြီး၊ သူတို့ ဘေးဒုက္ခနှင့် မတွေ့ကြုံရစေရန် ငါသေချာစေမည်။ ဘုရားသခင်ကို အမှန်တကယ် အလိုရှိသောသူတို့သည် ဘုရားသခင်၏ စိတ်နှလုံးကို အလေးထားရန် လိုလားနေကြပြီး၊ ငါ့အလိုတော်ကို လုပ်ဆောင်ကြသည်။ ထို့ကြောင့် သင်တို့သည် မကြာမီ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပြီး ငါ့နှုတ်ကပတ်တော်ကို သင်တို့၏အသက်အဖြစ် လက်ခံသင့်ကြ၏။ ဤသည်မှာ ငါ၏အကြီးလေးဆုံးသောဝန်ထုပ် ဖြစ်၏။ အကယ်၍ အသင်းတော်များနှင့် သန့်ရှင်းသူများအားလုံးသည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ကြပြီး၊ ငါနှင့်တိုက်ရိုက် မိတ်သဟာယဖွဲ့နိုင်ကာ ငါနှင့်မျက်နှာချင်းဆိုင်ပြီး သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို လက်တွေ့လုပ်ဆောင်နိုင်ကြမှသာလျှင်၊ ထိုသူတို့သည် ငါ၏ ချစ်သားများ၊ ငါ နှစ်သက်မြတ်နိုးသောသူများ ဖြစ်ကြပေမည်။ ထိုသူတို့အပေါ်သို့ ငါသည် ကြီးစွာသော ကောင်းချီးမင်္ဂလာ အလုံးစုံကို အပ်နှင်းမည်။

အရှေ့သို့- အခန်း ၂၂

နောက်တစ်ခုသို့- အခန်း ၂၄

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။