အခန်း ၉၁

ငါ့ဝိညာဉ်သည် စကားပြောပြီး ငါ့အသံအား အဆက်မပြတ် မိန့်မြွက်သည်- သင်တို့ထဲမှ မည်မျှသည် ငါ့ကို သိနိုင်သနည်း။ ငါသည် အဘယ်ကြောင့် လူ့ဇာတိခံယူကာ သင်တို့အလယ် ကြွလာရမည်နည်း။ ဤသည်မှာ ကြီးမားသော နက်နဲမှုတစ်ခု ဖြစ်၏။ သင်တို့သည် ငါ့ကို တစ်နေ့လုံး တွေးတောကာ တမ်းတကြပြီး ငါ့ကို ချီးမွမ်းကြသည်၊ ငါ့ကို မွေ့လျော်ခံစားကြကာ၊ ငါ့ကို နေ့စဉ် စားသောက်ကြသည်၊ သို့သော် ယနေ့တွင် သင်တို့သည် ငါ့ကို မသိကြသေးချေ။ သင်တို့ မသိနားမလည်ဖြစ်ကာ ကျိုးကြောင်းမမြင် လိုက်လေခြင်း။ ငါ့ကို သင်တို့ စိုးစဉ်းမျှသာ သိကြပါတကား။ သင်တို့ထဲမှ မည်မျှသည် ငါ၏အလိုကို အရေးထားနိုင်သနည်း။ ဆိုလိုသည်မှာ သင်တို့ထဲမှ မည်မျှသည် ငါ့ကို သိနိုင်ကြသနည်း။ သင်တို့အားလုံးသည် ဆိုးယုတ်သော အမျိုးအစားများ ဖြစ်ကြသော်လည်း၊ ငါ၏အလိုကို သင်တို့ ဖြည့်ဆည်းချင် ကြသေးသည်လော။ ယင်းကို မေ့လိုက်လော့။ သင့်ကို ငါပြောမည်- စာတန်၏ လုပ်ရပ်များ မည်မျှ ကောင်းမြတ်သည်ဖြစ်စေ၊ ယင်းတို့သည် ငါ၏တည်ဆောက်ခြင်းကို ဖြိုဖျက်ရန်နှင့် ငါ၏စီမံခန့်ခွဲမှုကို နှောင့်ယှက်ရန် ရည်ရွယ်၏။ ၎င်း၏ လုပ်ရပ်များ မည်မျှ ကောင်းမြတ်သည်ဖြစ်စေ၊ ၎င်း၏အနှစ်သာရသည် မပြောင်းလဲပေ— ၎င်းက ငါ့ကို အာခံဖီဆန်သည်။ ထို့ကြောင့် လူများစွာတို့သည် ငါ၏လက်ဖြင့် အမှတ်တမဲ့ ဒဏ်ခတ်ခြင်းခံကြရပြီး၊ ငါ၏မိသားစုထဲမှ အမှတ်တမဲ့ နှင်ထုတ်ခြင်းခံကြရသည်။ ယနေ့တွင် အမှုအရာတစ်ခုမျှ (ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ) လူသားက စီစဉ်ညွှန်ကြားခြင်း မဟုတ်။ အားလုံးသည် ငါ၏လက်များထဲ၌ ရှိ၏။ အရာအားလုံးသည် လူသား၏ ထိန်းချုပ်မှုအောက်တွင် ရှိကြသည်ဟု တစ်စုံတစ်ဦးက ပြောပါက၊ သင်သည် ငါ့ကိုအာခံသည်ဟု ငါဆိုပြီး ငါသည် သင့်ကို ဧကန်မုချ ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမကာ သင့်ကို ထာဝရ ခေါင်းချစရာ တစ်နေရာမျှမရှိဘဲ ဖြစ်သွားစေမည်။ အဖြစ်အပျက်များနှင့် အမှုအရာ အားလုံးအနက်၊ ငါ့လက်များအတွင်း၌ မည်သည့်အရာကို မစွဲကိုင် ထားသနည်း။ မည်သည့်အရာသည် ငါ၏ စီစဉ်‌ခြင်းကို မခံရသနည်း သို့မဟုတ် ငါ၏သတ်မှတ်ခြင်း မခံရသနည်း။ ပြီးလျှင် သင်သည် ငါ့ကိုသိကျွမ်းခြင်းအကြောင်း ပြောဆိုဆဲ ဖြစ်သည်တကား။ ဤသည်တို့မှာ ဆိုးယုတ်သော စကားများ ဖြစ်၏။ သင်သည် အခြားသူများကို လိမ်လည်လှည့်စားပြီးဖြစ်သည်၊ ထို့ကြောင့် ငါ့ကိုလည်း လိမ်လည်လှည့်စားနိုင်မည်ဟု သင်ထင်သလော။ သင်လုပ်ပြီးသည့်အရာကို မည်သူမျှ မသိပါက၊ ထိုအရာမှ မည်သည့်အရာမျှ ဖြစ်လာလိမ့်မည်မဟုတ်ဟု သင်ထင်သည်။ သင်တို့ သက်သက်သာသာနှင့် လွတ်သွားရလိမ့်မည်ဟု မထင်လေနှင့်။ ငါသည် သင့်ကို ငါ့ရှေ့၌ ဒူးထောက်ပြီး ယင်းကို ပွင့်ပွင့်လင်းလင်း ပြောစေရမည်။ မပြောခြင်းသည် လက်မခံနိုင်စရာ ဖြစ်၏။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တည်း။

ငါ၏ဝိညာဉ် မည်သူဖြစ်သည်ဆိုသည်နှင့် ငါ၏အသွေးအသား ကိုယ်၌က မည်သူဖြစ်သည်ကို သင်တို့ အမှန်တကယ် နားလည်ကြသလော။ ငါ၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်တို့ထဲတွင် အဘယ်သူက ဤကြီးမားသော ကိစ္စရပ်ကို သေချာစွာ တွေးဆပြီး ငါ့ထံမှ ထုတ်ဖော်ပြခြင်းအချို့ကို ရရှိပြီးပြီနည်း။ သင်တို့အားလုံးသည် မိမိတို့ကိုယ်ကိုယ် လှည့်စားနေကြခြင်းပေတည်း။ သင်သည် အဆင်းနီသောနဂါးကြီး၏ သားသမီး ဖြစ်သည်ဟု အဘယ်ကြောင့် ငါပြောသနည်း။ ယနေ့တွင် ငါသည် ငါ၏ လူ့ဇာတိခံယူခြင်း နက်နဲမှု၊ ကမ္ဘာလောကကို ဖန်ဆင်းခြင်းကတည်းက လူတို့ မဖြေရှင်းနိုင်သေးသည့်၊ ငါ၏ မုန်းတီးခြင်းကို ခံရသူများစွာအား ပျက်စီးခြင်းသို့ ဆောင်ကြဉ်းပြီး ဖြစ်သည့် နက်နဲမှုတစ်ရပ်ကို သင်တို့ထံ ထုတ်ဖော်ပြသည်။ ထို့ကြောင့် ယင်းသည် ယနေ့ဖြစ်၏။ ငါ၏ လူ့ဇာတိကြောင့်၊ ငါချစ်သောသူများစွာတို့သည် စုံလင်စေခြင်း ခံကြရပြီးဖြစ်သည်။ ငါသည် အတိအကျ အဘယ်ကြောင့် လူ့ဇာတိခံယူရမည်နည်း။ ပြီးလျှင် (ငါ၏အရပ်အမြင့်၊ ပုံပန်းသဏ္ဌာန်နှင့် ဝိညာဉ်ရင့်ကျက်မှု၊ အစရှိသည်ဖြင့် အပါအဝင် အရာအားလုံးတွင်) ငါသည် အဘယ့်ကြောင့် ငါ ပေါ်ထွန်းသည့်အတိုင်း ပေါ်ထွန်းရသနည်း။ ယင်းနှင့်ပတ်သက်၍ အဘယ်သူသည် တစ်ခုတစ်လေ ပြောစရာ ရှိသနည်း။ ငါ၏လူ့ဇာတိခံယူရခြင်းတွင် တကယ်ကို အားလုံးပြော၍ မရနိုင်သည့် အရေးပါမှုများစွာ ရှိ၏။ ယင်း၏ အစိတ်ပိုင်းတစ်ခုကိုသာ သင်တို့ကို ယခုငါပြောမည် (ဤအထိ ငါ၏အမှုအဆင့်များ ရောက်ရှိပြီဖြစ်သည်နှင့်အမျှ၊ ဤအရာကို ငါလုပ်ဆောင်ကာ ပြောဆိုရမည်)။ ငါသည် ၎င်းတို့ကို ထိန်းကျောင်းနိုင်ဖို့အလို့ငှာနှင့် ၎င်းတို့သည် စကားစမြည်ပြောကာ ငါနှင့် မျက်နှာချင်းဆိုင် စကားပြောဆိုနိုင်ရန်အလို့ငှာ၊ ငါ၏လူ့ဇာတိခံယူခြင်းသည် အဓိကအားဖြင့် ငါ၏သားဦးများထံ ဦးတည်ထားပေသည်။ ယင်းက လက်တွေ့တွင် ၎င်းတို့သည် ငါ၏ ကျွေးမွေးခြင်း ခံရနိုင်ဖို့အလို့ငှာ၊ ငါနှင့်ငါ၏သားဦးများသည် တစ်ဦးနှင့်တစ်ဦး အကျွမ်းဝင်ကြသည်ကို နောက်ထပ် ပြသပေသည် (ဆိုလိုသည်မှာ ငါတို့ အတူစားကြသည်၊ အတူနေထိုင်ကြသည်၊ အတူ အသက်ရှင်ကြပြီး၊ အတူတကွ ဆောင်ရွက်ကြပေသည်)- ဤသည်တို့မှာ အနှစ်မဲ့သော စကားများမဟုတ်ဘဲ၊ လက်တွေ့အရှိတရား ဖြစ်သည်။ ယခင်က လူတို့သည် ငါ့ကို ယုံကြည်ခဲ့ကြသော်လည်း၊ လက်တွေ့အရှိတရားကို သဘောမပေါက်နိုင်ခဲ့ကြပေ။ ဤသည်မှာ ငါသည် လူ့ဇာတိ မခံယူခဲ့ရသေးသောကြောင့် ဖြစ်သည်။ ယနေ့တွင ငါ၏လူ့ဇာတိခံယူခြင်းသည် သင်တို့အားလုံးအား လက်တွေ့အရှိတရားကို သဘောပေါက်ခွင့်ပေးပြီး၊ ငါ့ကို စစ်မှန်စွာ ချစ်ကြသူတို့အား- ဉာဏ်ပညာရှိသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သော- ငါ့ကို ငါ၏စကားနှင့် အပြုအမူ၊ ပြီးလျှင် ကိစ္စရပ်များကို ငါကိုင်တွယ်သည့် နည်းလမ်းနောက်ကွယ်ရှိ အခြေခံသဘောတရားများမှတစ်ဆင့် သိခွင့်ပေးလေသည်။ ယင်းက ငါ့ကို စစ်မှန်စွာ မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် ငါ့ကိုအာခံပြီးနောက် ငါ၏ဒဏ်ခတ်ခံရလျက် “အကြောင်းရင်း လုံးဝမရှိဘဲ” သေဆုံးကြသည့်သူများကိုလည်း ငါ၏ မမြင်နိုင်သော လုပ်ရပ်များထဲက ငါ၏လူ့သဘာဝဖြစ်သည့် ငါ၏ သွင်ပြင်လက္ခဏာကို မြင်ခွင့်ပေးလေသည်။ စာတန်ကို အရှက်ရစေရာတွင်၊ လူ့ဇာတိခံယူခြင်းသည် ငါ့အတွက် အထူးကဲဆုံးသော သက်သေကိုခံပေး၏။ ငါသည် လူ့ဇာတိမှ ထွက်လာနိုင်ရုံသာမက၊ လူ့ဇာတိအတွင်း၌လည်း အသက်ရှင်နိုင်သည်။ ငါသည် မည်သည့် အကွာအဝေး သို့မဟုတ် ပထဝီဝင် ကန့်သတ်ချက်ကိုမျှ မခံစားရ။ ငါ့အတွက် အတားအဆီးများ ဘာမျှ မရှိသကဲ့သို့၊ အရာရာတိုင်းသည် ချောမောစွာ စီးဆင်း၏။ စာတန် အရှက်အရဆုံးဖြစ်သည်မှာ ဤအရာတွင်ဖြစ်ပြီး၊ လူ့ဇာတိမှ ငါထွက်ပေါ်သည့်အချိန်တွင် ငါသည် ငါ၏လူ့ဇာတိ၌ ငါ၏အမှုကို ပြုနေဆဲဖြစ်ပြီး၊ ငါသည် လုံးဝ ထိခိုက်ခြင်းမခံရပေ။ ငါသည် တောင်များ၊ မြစ်များ၊ ရေကန်များနှင့် စကြဝဠာ၏ နေရာတိုင်းအပြင်၊ ယင်းအတွင်းရှိ အသင်္ချေအရာများ အပေါ် လျှောက်လှမ်းဆဲဖြစ်သည်။ ငါသည် ငါ့အထဲမှ မွေးဖွားခဲ့ကြသော်လည်း၊ ငါ့ကို အာခံရန် ထကြွကြပြီးဖြစ်သည့် သူအားလုံးကို ထုတ်ဖော်ပြရန်အလို့ငှာ လူ့ဇာတိခံယူပြီးဖြစ်သည်။ အကယ်၍ ငါသည် လူ့ဇာတိမခံယူခဲ့ပါက၊ ၎င်းတို့ကို (ငါ၏ရှေ့တွင် တစ်မျိုး၊ ကွယ်ရာတွင်တစ်မျိုး ပြမူသူများကို ဆိုလိုသည်) ထုတ်ဖော်ပြနိုင်မည် မဟုတ်ပေ။ အကယ်၍ ငါသည် ဝိညာဉ်အဖြစ် ဆက်လက်တည်ရှိနေပါက၊ လူတို့သည် ငါ့ကို ၎င်းတို့၏ အယူအဆများဖြင့် ကိုးကွယ်ကြမည်ဖြစ်ပြီး ငါသည် ပုံသဏ္ဌာန်မရှိသကဲ့သို့ လက်လှမ်းမမီနိုင်သည့် ဘုရားသခင် ဖြစ်သည်ဟု တွေးထင်ကြပေမည်။ သူသည် သာမန်ဖြစ်ပုံရပြီး အလွန် အရပ်မရှည်သည်နှင့်အမျှ၊ ယနေ့ ငါ၏ လူ့ဇာတိခံယူခြင်းသည် လူတို့၏ အယူအဆများ (ငါ၏အရပ်အမောင်းနှင့် အသွင်အပြင်တို့ကို ပြောဆိုခြင်း)နှင့် အတော်အတန် ဆန့်ကျင်ပေ၏။ စာတန်အား အရှက်အရဆုံး ဖြစ်စေသည်မှာ ဤအချက်ဖြစ်ပြီး လူတို့၏ အယူအဆများ (စာတန်၏ ပြစ်မှားစော်ကားခြင်း) ကို အားအကောင်းဆုံးသော ဆန့်ကျင်တုံ့ပြန်ချက်ဖြစ်သည်။ အကယ်၍ ငါ၏သွင်ပြင်သည် အခြားအယောက်တိုင်းနှင့် ကွဲပြားခဲ့ပါက၊ ယင်းသည် စိတ်အနှောင့်အယှက် ပေးသောအရာ ဖြစ်ပေမည်— အယောက်တိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများမှတစ်ဆင့် ငါ့ကို လာရောက် ကိုးကွယ်ကြမည်ဖြစ်ပြီး ငါ့ကို နားလည်ကြမည် ဖြစ်ကာ၊ ငါ့အတွက် နှစ်သက်ဖွယ်ကောင်းသော သက်သေကို ခံနိုင်ကြမည်မဟုတ်ပေ။ ထို့ကြောင့် ငါသည် သိနားလည်ရန် လုံးဝမခက်ခဲသော ယနေ့ ငါ၌ရှိသည့် ပုံသဏ္ဌာန်ကို ငါခံယူခဲ့ပေသည်။ အယောက်တိုင်းသည် လူသားအယူအဆများမှ ထွက်လာသင့်ပြီး၊ စာတန်၏ ကောက်ကျစ်သော အကြံအစည်များအားဖြင့် အလှည့်စား မခံသင့်ပေ။ လာလတ္တံ့သောကာလတွင် ငါ့အမှု၏ လိုအပ်ချက်များ နှင့်အညီ ငါသည် သင်တို့ကို အဆင့်ဆင့် သာ၍ ပြောပြမည်။

ယနေ့တွင် ငါ၏ကြီးမားသော အလုပ်သည် အောင်မြင်မှုကို စွမ်းဆောင်ရရှိပြီးဖြစ်ကာ ငါ၏အစီအစဉ်သည် ပြီးမြောက်၏။ တစ်စိတ်တစ်ဝမ်းတည်းဖြင့် ငါနှင့်အတူ ပူးပေါင်းဆောင်ရွက်သော လူတစ်စုကို ငါ ရရှိပြီးဖြစ်သည်။ ဤသည်မှာ ငါအတွက် အမွန်မြတ်ဆုံးသော အချိန်ကာလ ဖြစ်သည်။ ငါ၏ချစ်သားများသည် (ငါ့ကိုချစ်သောသူအားလုံးသည်) ငါလုပ်ဆောင်ရန် လိုအပ်သည့် အရာအားလုံးကို ပြည့်စုံစေရာတွင် ငါနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နိုင်ကြသည်။ ဤသည်မှာ အံ့သြဖွယ်သောအရာ ဖြစ်၏။ ယနေ့ပြီးနောက် ငါ သဘောမကျဟု သဘောထားသောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ရှိလိမ့်မည်မဟုတ်ပေ၊ ဆိုလိုသည်မှာ အတိတ်က ငါပြောပြီးသည့် အရာများနှင့် မကိုက်ညီသော သူများကို ငါဖယ်ထုတ်မည် ဖြစ်သည်။ လူတို့သည် ငါပြောသည့်အရာနှင့် ပကတိ ကိုက်ညီရမည်။ နားလည်မှု မလွဲနှင့်။ ဤအရာကို အမှတ်ရလော့။ သင်တို့သည် ပကတိ ကိုက်ညီရမည်။ အလွဲမယူနှင့်။ အားလုံးသည် ငါ၏သဘောအတိုင်း ဖြစ်၏။ လူတို့- ငါနှင့် ညှိနှိုင်းပြောဆိုခြင်းမပြုနှင့်။ သင်သည် အရည်အချင်းပြည့်မီသည်ဟု ငါပြောလျှင်၊ ယင်းကို ကျောက်၌ ရေးထားပေသည်။ သင်သည် အရည်အချင်းမပြည့်မီဟု ငါပြောပါက၊ နာကျင်ဟန်မပြနှင့်၊ ပြီးလျှင် ကောင်းကင်နှင့် မြေကြီးကို အပြစ်မတင်နှင့်။ ယင်းသည် ငါ၏ အစီအစဉ်သာ ဖြစ်၏။ သင်သည် မိမိကိုယ်ကိုယ် မလေးမစားပြုသင့်သည်ဟု မည်သူပြောခဲ့သနည်း။ သင်သည် ထိုရှက်ဖွယ်သော မိုက်မဲမှုကို ကျုးလွန်သင့်သည်ဟု မည်သူပြောခဲ့သနည်း။ သင်သည် မည်သည့်အရာကိုမျှ မပြောလျှင်ပင်၊ သင်သည် အမှန်တရားကို ငါ့ထံမှ ဖုံးကွယ်၍မရနိုင်။ ငါသည် လူ၏ အတွင်းကျကျ စိတ်နှလုံးကို စစ်ဆေးသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ဟု ပြောသောအခါ၊ ငါ့နှုတ်ကပတ်တော်များသည် မည်သူအတွက် ရည်ညွှန်းခြင်း ဖြစ်သနည်း။ ငါသည် ယင်းကို မရိုးသားသောသူများအား ပြောခြင်းဖြစ်၏။ ငါ၏နောက်ကွယ်တွင် ထိုသို့သော အရာများကို လုပ်ဆောင်ခြင်း- အရှက်မဲ့လိုက်လေခြင်းပါတကား။ သင်တို့သည် ငါ့ကို နှစ်ပေါက်တစ်ပေါက် ရိုက်ချင်သလော။ ယင်းသည် ထိုမျှမလွယ်ကူပေ။ ဤနေရာမှ ချက်ချင်းထွက်သွားလော့။ အဓမ္မလူူ။ သင်သည် မိမိကိုယ်ကိုယ် မချစ်သကဲ့သို့၊ မိမိကိုယ်ကိုယ် မလေးစားပေ။ သင်သည် မိမိကိုယ်ကိုယ် ဂရုမစိုက်သော်လည်း၊ ငါ့အား သင်တို့ကို ချစ်စေချင်သေးသလော။ မေ့လိုက်လော့။ ထိုသို့သော ဆင်တူခြင်းရှိသည့် အကောင်ယုတ် တစ်ယောက်ကိုပင် ငါမလိုချင်။ သင်တို့အားလုံး၊ ငါ့ထံမှ ထွက်သွားကြလော့။ ဤအရာက ငါ့နာမကို အဆိုးရွားဆုံးသော အရှက်ရစေ၏။ သင်တို့သည် ဤအရာကို ရှင်းရှင်းလင်းလင်း မမြင်ပါက၊ ယင်းသည် လုံးဝ လက်ခံနိုင်ဖွယ်ရာဖြစ်မည် မဟုတ်။ ဤဆိုးယုတ်ပြီး လိင်မှုကိစ္စရှုပ်ပွေသော ဤခေတ်ဟောင်းထဲတွင် သင်တို့သည် မည်သည့် အညစ်အကြေးဖြင့်မျှ ညစ်ညမ်းမသွားစေဖို့ မိမိကိုယ်ကိုယ် ကာကွယ်ရမည်။ သင်တို့သည် လုံးဝ သန့်ရှင်းပြီး အပြစ်အနာအဆာမရှိ ဖြစ်ရမည်။ ယနေ့တွင် ငါသည် သန့်ရှင်းသော ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး၊ ငါ၏နာမကို အရှက်ရစေသူ မည်သူကိုမျှ အလိုမရှိသည့်အတွက်၊ ငါနှင့်အတူ ဘုရင်များကဲ့သို့ အုပ်ချုပ်ရန် အရည်အချင်းပြည့်မီသူတို့သည် မည်သည့်အညစ်အကြေးဖြင့်မျှ မညစ်ညမ်းသောသူများ ဖြစ်သည်။ ထိုသို့သော လူများသည် ငါ့ကိုစမ်းသပ်ရန် စာတန် စေလွှတ်လိုက်သော သူများဖြစ်ကြပြီး၊ ၎င်းတို့အားလုံးသည် (အနက်ဆုံးသောတွင်းထဲသို့ ၎င်းတို့ကို ပစ်ချရင်း) အတင်းအကျပ် နောက်ကြောင်းပြန်လှည့်ခိုင်းရမည်ဖြစ်သော စာတန်၏ လက်ပါးစေများသာ ဧကန်ဖြစ်ကြ၏။

ငါ၏မိသားစုသည် သန့်ရှင်းပြီး အပြစ်အနာအဆာ မရှိသကဲ့သို့၊ ငါ၏ဗိမာန်တော်သည် ခမ်းနားကာ ခံ့ညားထည်ဝါသည် (ငါ၏ဖြစ်ခြင်းနှင့် ငါ၏အရာအားလုံးကို ပိုင်ဆိုင်သောသူများကို ဆိုလိုသည်)။ အဘယ်သူသည် ဝင်ရောက်ပြီး ၎င်းတို့စိတ်ကြိုက် ဒုက္ခဖြစ်စေဝံ့သနည်း။ ၎င်းတို့ကို ငါ သေချာပေါက် ခွင့်လွှတ်လိမ့်မည် မဟုတ်။ ၎င်းတို့သည် လုံးဝ ဖျက်ဆီးခံရမည်ဖြစ်ပြီး ကြီးစွာ အရှက်ရလိမ့်မည်။ ငါသည် အမြော်အမြင်ရှိစွာ ပြုမူ၏။ ဓားမပါ၊ သေနတ်မပါဘဲနှင့် အားမထုတ်ရပါဘဲ၊ ငါ့ကိုအာခံသူများနှင့် ငါ၏နာမအား အရှက်စေရသူများကို ငါ လုံးဝ အနိုင်ယူမည်။ ငါသည် သဘောထားကြီးပြီး၊ ထိုသို့သော အတိုင်းအတာတစ်ခုထိ စာတန်က နှောင့်ယှက်မှု ဖန်တီးချိန်တွင်ပင်၊ ငါ၏အမှုကို အရှိန်မှန်မှန်ဖြင့် ငါ ဆက်လက် လုပ်ဆောင်သည်။ ငါသည် ၎င်းကို အမှုမထားသကဲ့သို့၊ ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် ပြီးစီးခြင်းဖြင့် ၎င်းကို ငါအနိုင်ယူမည်။ ဤသည်မှာ ငါ၏တန်ခိုးနှင့် ငါ၏ဉာဏ်ပညာဖြစ်ပြီး၊ ထို့ထက်မက မဆုံးနိုင်သော ငါ့ဘုန်းအသရေ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ငါ၏ အမြင်တွင်၊ ငါ့ကို အာခံသောသူများသည် အချိန်မရွေး ငါ၏ ရည်ရွယ်ချက်များနှင့်အညီ ငါ၏ခြေဖဝါးအောက်၌ ငါနင်းချေပစ်နိုင်သည့်၊ အညစ်အကြေးထဲ၌ တွားသွားနေသော ပိုးကောင်များကဲ့သို့ဖြစ်သည်။ သို့သော် ငါသည် အမှုအရာများကို ဉာဏ်ပညာဖြင့် လုပ်ဆောင်သည်။ ငါ၏သားဦးများကို ၎င်းတို့အား ငါ ကိုင်တွယ်ဖြေရှင်းစေမည်။ ငါသည် အလျင်မလို။ ငါသည် စနစ်တကျ၊ သေဝပ်သော ပုံစံဖြင့် အသေးငယ်ဆုံးသော အမှားမရှိဘဲ ဆောင်ရွက်သည်။ ငါ့အထဲမှ မွေးဖွားသော ထိုသားဦးတို့သည် ငါ၏ဖြစ်ခြင်းကို ပိုင်ဆိုင်သင့်ပြီး၊ ငါ၏လုပ်ဆောင်ချက်များထဲက ငါ၏အဆုံးမရှိသော ဉာဏ်ပညာကို မြင်တွေ့နိုင်သင့်ပေသည်။

အရှေ့သို့- အခန်း ၉၀

နောက်တစ်ခုသို့- အခန်း ၉၂

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။