အခန်း ၉၂

လူတိုင်းသည် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ လုပ်ရပ်များတွင် ငါ၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို မြင်တွေ့နိုင်သည်။ ငါသွားသည့် နေရာတိုင်းတွင်၊ ငါ၏အမှု ရှိသည်။ ငါ၏ခြေလှမ်းများသည် တရုတ်ပြည်၌သာ ရှိသည်မဟုတ်ပေ။ သာ၍အရေးကြီးသည့်အရာမှာ ယင်းတို့သည် ကမ္ဘာလောက၏ တိုင်းနိုင်ငံများအားလုံးတွင် ရှိ၏။ သို့သော်၊ ဤသည်မှာ ငါ့အမှု၏ အစီအစဉ် ဖြစ်သည်နှင့်အမျှ၊ ဤနာမကို ပထမဦးဆုံး လက်ခံကြမည်မှာ ယခင်က ဆွေးနွေးခဲ့သည့် တိုင်းနိုင်ငံ ခုနှစ်ခုများသာ ဖြစ်ကြ၏။ မဝေးသည့် အနာဂတ်၌၊ သင်တို့သည် ဤအရာနှင့်ပတ်သက်၍ လုံးလုံးလျားလျား သိနားလည်ရင်း၊ အလွန် ရှင်းလင်းပြတ်သားမှု ရှိလာလိမ့်မည်။ ငါသည် သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုများနှင့်အညီ သင်တို့ကို စကားပြောပြီး သင်တို့ထံ ငါ၏ အသံကို မိန့်မြွက်ကာ ငါ လုပ်ဆောင်သည့်အရာအားလုံးသည် အတွင်းတွင် မည်သူမျှ နားမလည်နိုင်သည့် ငါ၏မဆုံးနိုင်သော ဉာဏ်ပညာရှိသည်ဟု ယခင်က ငါ ပြောဆိုပြီးဖြစ်သည့်အတွက်၊ အကယ်၍ ယခု သင်တို့အား ငါပြောပါက၊ အကျိုးဆက်အနေဖြင့် အများစု လဲကျလိမ့်မည်ကို ငါ စိုးရိမ်မိ၏။ တစ်ခုတည်းသော နည်းလမ်းမှာ ထိုအရာအား သင်တို့ကို အစုအတွဲဖြင့် ပြောပြဖို့ ဖြစ်သည်။ ဤသည်ကို သိလော့။ ငါ၏အမြင်၌ သင်တို့သည် အစဉ်အမြဲ ကလေးများဖြစ်ကြသည်။ သင်တို့ လျှောက်လှမ်းသည့် ခြေလှမ်းတိုင်းတွင်၊ သင်တို့သည် ငါ၏ လမ်းပြခြင်း ခံရမည်ဖြစ်ပြီး ငါ၏ ညွှန်ကြားခြင်းကို ခံရမည်ဖြစ်သည်။ လူတို့- ငါ၏ လမ်းပြမှုအောက်တွင်သာ သင်တို့သည် သင်တို့၏ အသက်တာများကို ဖြတ်သန်းအသက်ရှင်နိုင်ကြသည်။ ထိုအရာမရှိဘဲနှင့်၊ အဘယ်သူမျှ ဆက်လက်အသက်ရှင်နိုင်မည်မဟုတ်။ စကြဝဠာလောကတစ်ခုလုံးသည် ငါ၏လက်များထဲ၌ ရှိ၏၊ သို့သော် ငါပျားပန်းခပ်အလုပ်များနေခြင်းကို သင် မတွေ့ရပေ။ ဆန့်ကျင်ဖက်အနေဖြင့်၊ ငါသည် သက်သောင့်သက်သာရှိကာ ပျော်ရွှင်လျက်ရှိသည်။ လူတို့သည် ငါ၏ အနန္တတန်ခိုးကို မသိကြသကဲ့သို့၊ ငါ့အတွက် သောကရောက်ကြပေမည်- သင်တို့သည် မိမိတို့ကိုယ်ကိုယ် သိရှိမှု နည်းလေစွတကား။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် သဘောကျလျက်၊ သင်တို့၏ သုံးမရသော အသေးအဖွဲများအား ငါ၏ရှေ့၌ ကြွားလုံးထုတ်ကြဆဲ ဖြစ်သည်။ ငါသည် ဤအရာကို အချိန်ကြာမြင့်စွာက ရိပ်စားမိခဲ့သည်။ အသင် စက်ဆုပ်ဖွယ်ရာ အကောင်ယုတ်များ၊ သင်တို့သည် ငါ၏ရှေ့တွင် လှည့်စားမှုများ၌ ပါဝင်ပတ်သက်ကြ၏၊ အသင် စက်ဆုပ်ဖွယ်ရာ အကောင်ယုတ်သူများ။ ယခု ငါ၏အိမ်မှ ထွက်သွားကြလော့။ သင်တို့ကဲ့သို့သော စိတ်ပျက်စရာ အရာများကို ငါ အလိုမရှိ။ သင်၏ အမျိုးအစား- စက်ဆုပ်ဖွယ်ရာ ယုတ်ညံ့သူများထက် ငါ၏နိုင်ငံ၌ မည်သူမျှ ငါသည် မရှိစေလို။ သင်သည် ပုံမှန်အတိုင်း အစာစားနေပြီး အဝတ်ဝတ်နေဆဲ ဖြစ်သော်လည်း၊ ငါသည် သင့်အပေါ်၌ အမှုပြုခြင်း ရပ်တန့်နှင့်ပြီးဖြစ်သည်ကို သင် သိသလော။ သို့သော် သင်သည် စာတန်အတွက် အသက်ရှင်နေပြီး၊ စာတန်အတွက် အစေခံမှု ပေးနေသည်ကို သင် သိသလော။ သို့တိုင် သင်သည် ငါ့ရှေ့၌ ရပ်ရန် သတ္တိ ရှိဆဲ ဖြစ်သည်။ သင်သည် အမှန်တကယ် အရှက်မဲ့လေသည်တကား။

အတိတ်တွင်၊ “ကြီးမားသော ကပ်ဘေးများသည် မကြာမီ ရောက်လာလိမ့်မည်။ ကြီးမားသော ကပ်ဘေးများသည် ငါ၏လက်များမှ ကျရောက်နှင့်ပြီးဖြစ်သည်” ဟု ငါ မကြာခဏ ပြောခဲ့၏။ “ဘေးဒဏ်ကြီးများ”သည် အဘယ်အရာကို ရည်ညွှန်းပြီး၊ ဤ”ကျရောက်သည်” ဆိုသည်ကို အဘယ်သို့ ရှင်းပြသင့်သနည်း။ ဤကြီးမားသော ကပ်ဘေးများသည် လူသား၏ ဝိညာဉ်၊ စိတ်နှင့် ခန္ဓာအား ထိခိုက်စေသည့် မလွတ်မြောက်နိုင်သော ကပ်ဘေးများကို ရည်ညွှန်းသည်ဟု သင်တို့ ထင်ကြပြီး၊ ငါ ပြောဆိုသော “မြေငလျင်များ၊ အငတ်ဘေးများနှင့် ကပ်ရောဂါများ‌”သည် ဤ ကြီးမားသော ကပ်ဘေးများ ဖြစ်သည်ဟု ထင်ကြ၏။ သို့သော်လည်း သင်တို့သည် ငါ၏ စကားများကို အဓိပ္ပာယ်ကောက်လွဲကြပြီးဖြစ်သည်ကို သင်တို့ မသိချေ။ ဤ “ကျရောက်သည်” ဆိုသည့်အရာ၏ အဓိပ္ပာယ်မှာ ကြီးမားသော ကပ်ဘေးများ စတင်ပြီးဖြစ်သည်ဟု ဆိုလိုသည်ဟူ၍ သင်တို့ ထင်ကြသည်- ဤသည်မှာ ရယ်ဖွယ်ရာကောင်း၏။ ဤသည်မှာ ဧကန်အမှန် သင်တို့သည် နားလည်သည့် ပုံဖြစ်ပြီး သင်တို့၏ ရှင်းပြချက်များကို ကြားရသောအခါ၊ ငါအမှန်တကယ် ဒေါသထွက်လာသည်။ လူတို့ ထုတ်ဖော်မပြနိုင်သေးသည့် နက်နဲမှုသည် (ယင်းမှာ အလျှို့ဝှက်ဆုံးသော နက်နဲမှုဖြစ်သည်) ခေတ်များတစ်လျှောက် အဆိုးရွားဆုံး အဓိပ္ပါယ်ကောက်လွဲခံရပြီးဖြစ်သည့် နက်နဲမှုတစ်ခု ဖြစ်ပြီး၊ (ယင်းသည် နောက်ဆုံးသောကာလ၌သာ ကျရောက်စေမည်ဖြစ်ကာ နောက်ဆုံးသော ခေတ်တွင်သာ လူသားက ယင်းကို သတိမပြုမိသော်လည်း မြင်နိုင်သည်နှင့်အမျှ) ယင်းသည် မည်သူမျှ ကိုယ်တိုင် မတွေ့ကြုံဖူးသေးသည့် နက်နဲမှုတစ်ခုဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ငါသည် ထိုအရာကို အတင်းကျပ်ဆုံး ပိတ်ဆို့ထားသည်မှာ၊ လူသားသည် ယင်းကို ထိုးထွင်းမမြင်နိုင်သည်အထိ (ယင်း၏ အသေးငယ်ဆုံးသော အစိတ်အပိုင်းကိုပင် မမြင်နိုင်) ဖြစ်လေသည်။ ယခုတွင် ငါ၏ အမှုသည် ဤအဆင့်အထိ ဆောင်ရွက်ပြီးဖြစ်သည်၊ ငါသည် ငါ့အမှု၏ သင့်ကို ငါ့အမှု၏ လိုအပ်ချက်များနှင့်အညီ အသိဉာဏ်ပွင့်လင်းစေသည်။ သို့မဟုတ်ပါက လူတို့သည် နားလည်နိုင်လိမ်မည်မဟုတ်ပေ။ ယခု ငါသည် မိတ်သဟာယကို စတင်ပေး၏။ ငါ၏သားဦးများအပါအဝင်၊ သတိမထားသောသူ မည်သူမဆိုသည် ငါ၏ တရားစီရင်ခြင်းကို ခံစားကြရလိမ့်မည်ဖြစ်ကာ၊ အဆိုးဆုံး ကိစ္စများ၌ ၎င်းတို့သည် ငါ၏လက်ဖြင့် ဒဏ်ခတ်ခံရမည်ဖြစ်သည့်အတွက်(ဆိုလိုသည်မှာ ၎င်းတို့၏ ဝိညာဉ်၊ စိတ်နှင့် ခန္ဓာတို့ ယူဆောင်ခြင်းခံရမည်) အယောက်တိုင်း အာရုံစိုက်သင့်ပေသည်။ ကြီးများသော ကပ်ဘေးများကို ငါ့နိုင်ငံတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ တစ်ခုတိုင်းနှင့် ဆက်နွှယ်၍ ပြောဆိုထားပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ တစ်ခုတိုင်းသည် ဘေးဒဏ်ကြီးများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ (ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအား သင်တို့ထံ လုံးဝ ထုတ်ဖော်မပြသေးသော်လည်း၊ ဤအရာနှင့်ပတ်သက်၍ သင်တို့ကိုယ်သင်တို့ စိုးရိမ်ခြင်း မရှိနှင့် သို့မဟုတ် သောကရောက်ခြင်း မရှိကြနှင့်။ သင်တို့အဖို့ အကျိုးကျေးဇူး အနည်းငယ် ဆောင်ကြဉ်းမည့် အရာအချို့ ရှိ၏၊ ယင်းတို့ကို သင်တို့ အလွန်စောစီးစွာ သိလာသင့်ကြသည်။ ဤအရာကို အမှတ်ရလော့။ ငါသည် ဉာဏ်ပညာရှိသော ဘုရားသခင် ဖြစ်သည်။) သို့ဆိုလျှင် အခြားသော အစိတ်အပိုင်းသည် အဘယ်နည်း။ ကြီးမားသော ကပ်ဘေးများသည် အပိုင်းနှစ်ပိုင်း ပါဝင်၏- ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ငါ၏အမျက်ဒေါသ ဖြစ်သည်။ ကြီးမားသော ကပ်ဘေးများ ရောက်လာသည့် အချိန်သည် ငါ၏ ဒေါသ စတင်တောက်လောင်ပြီး၊ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပြဋ္ဌာန်းသည့်အချိန်လည်း ဖြစ်လိမ့်မည်။ ဤတွင် ငါ၏သားဦးများကို ငါ ပြောသည်- ဤအရာကြောင့် သင်တို့သည် အကျင့်ပျက်မလာရ။ အရာအားလုံးနှင့် ကိစ္စရပ်အားလုံးကို ငါက ကြိုတင်ခွဲခန့်ထားသည်ကို သင် မေ့လျော့ပြီလော။ ငါ့သား၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ ငါသည် သင့်ကို မုချ ကာကွယ်ပေးမည်။ သင်သည် ငါနှင့်အတူ ကောင်းမွန်သော ကောင်းချီးမင်္ဂလာများကို ထာဝရ မွေ့လျော်ရမည် ဖြစ်ပြီး၊ ငါနှင့်အတူတကွ ထာဝရ ရှိလိမ့်မည်။ သင်သည် ငါချစ်ခင်ရသောသူ ဖြစ်သောကြောင့်၊ ငါသည် သင့်အား စွန့်ပစ်လိမ့်မည်မဟုတ်။ ငါသည် မိုက်မဲသောအရာများကို မပြု၊ သို့သော် ထိုသို့သော ခက်ခဲခြင်းဖြင့် ပြီးစီးပြီးဖြစ်သော အရာတစ်ခုကို ငါ ဖြိုဖျက်ခဲ့ပါက၊ ငါသည် မိမိကိုယ်ကိုယ် ထိခိုက်စေခြင်း ဖြစ်မည် မဟုတ်လော။ သင်၏ စိတ်နှလုံး၌ မည်သည့်အရာ တွေးသည်ကို ငါ သိသည်။ ဤအရာကို သင် အမှတ်ရပြီလော။ အခြားမည်သည့်အရာကို ငါ့အား သင် ပြောစေချင်သနည်း။ ငါသည် ကြီးမားသော ကပ်ဘေးများအကြောင်းကို ပို၍ ပြောလိမ့်မည်။ ကြီးမားသော ကပ်ဘေးများ ရောက်လာချိန်တွင်၊ ယင်းသည် ကြောက်လန့်ဖွယ်အကောင်းဆုံးအချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ယင်းတို့သည် လူသား၏ အကျည်းတန်ခြင်းကို အကြီးမားဆုံးသော အတိုင်းအတာထိ ထုတ်ဖော်ပြကြလိမ့်မည်။ ငါ့မျက်နှာ၏ အလင်းတွင် ဘီလူးသရဲစီးသော မျက်နာမျိုးစုံ ဖော်ထုတ်ခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် ပုန်းကွယ်စရာနေရာ မရှိ၊ မည်သည့်နေရာတွင်မျှ အကာအကွယ် ရှာမတွေ့ ဖြစ်လိမ့်မည်။ ၎င်းတို့သည် လုံးဝ ဖော်ထုတ်ခံရလိမ့်မည်။ ကြီးမားသော ကပ်ဘေးများ၏ သက်ရောက်မှုမှာ ငါ၏ ရွေးချယ်ထားခြင်းခံရသူများ မဟုတ်သောသူများ သို့မဟုတ် ကြိုတင်ခွဲခန့်ထားခြင်းမခံရသူများ အားလုံးကို ငါ၏ရှေ့၌ အံကြိတ်ကာ ငိုကြွေးလျက်ဖြင့် ဒူးထောက်စေကာ၊ ခွင့်လွှတ်ခြင်းအတွက် တောင်းခံစေဖို့ ဖြစ်လိမ့်မည်။ ဤသည်မှာ စာတန်နှင့်သက်ဆိုင်သည့် ငါ၏ တရားစီရင်ခြင်း၊ ငါ၏ အမျက်ဒေါသနှင့်ပြည့်သော တရားစီရင်ခြင်းဖြစ်သည်။ ငါသည် လတ်တလောတွင် ဤအမှု၌ ပါဝင်ပတ်သက်လျက်ရှိပြီး၊ အရည်အချင်းရှိကြောင်း ဟန်ဆောင်ကာ၊ ၎င်းတို့၏ လွတ်လမ်း ထွင်ရန် ဆန္ဒရှိသောသူအချို့ ရှိကောင်းရှိပေမည်။ ထိုသို့ ၎င်းတို့ သာ၍ လုပ်ဆောင်လေ၊ ၎င်းတို့၏ မူလပုံသဏ္ဍာန်များက အခြေအနေတစ်ခုတွင် ထုတ်ဖော်ပြခံရသည်အထိ၊ စာတန်သည် ၎င်းတို့အပေါ် သာ၍ အမှုပြုလေဖြစ်သည်။

ငါသည် ငါ၏အမှုကို ပြုရန် အလျင်မလိုသကဲ့သို့၊ လုတိုင်းကို ငါကိုယ်တိုင် စီစဉ်ညွှန်ကြားသကဲ့သို့၊ (ဤသည်မှာ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ သားစဉ်မြေးဆက်များဖြစ်ကြောင်းကို သက်သေပြရင်း၊ ၎င်းတို့နှင့်သက်ဆိုင်သည့် သရော်ခြင်းဖြစ်ပြီး၊ ငါသည် ၎င်းတို့အပေါ် အာရုံမစိုက်ပေ၊ ထို့ကြောင့် “စီစဉ်ညွှန်ကြားသည်”ဟူသော စကားကို သုံးဖို့ရန် လွန်ကဲသည်မဟုတ်)၊ လုပ်ဆောင်ချက်တိုင်းကို ငါကိုယ်တိုင် လုပ်ဆောင်သည်။ အရာရာသည် ငါနှင့်အတူ အောင်မြင်ကာ၊ ယင်းသည် လုံခြုံကာ စိတ်ချရသော အောင်မြင်မှုဖြစ်သည်။ ငါ လုပ်ဆောင်သမျှ အရာရာတိုင်းကို တစ်ဆင့်ပြီးတစ်ဆင့် စီစဉ်နှင့်ပြီးသား ဖြစ်သည်။ သင်တို့အား ငါ၏အလိုနှင့် ငါ၏ ဝန်ထုပ်ဝန်ပိုးအကြောင်းကို တစ်ကြိမ်လျှင် နည်းနည်းစီ ငါ ပြောပြမည်။ ဤအချိန်မှစ၍၊ ငါ၏နှုတ်ကပတ်တော်များသည် တိုင်းနိုင်ငံများအားလုံးနှင့် လူမျိုးအပေါင်းတို့ထံ စတင် ပေါ်ထွန်း၏။ ငါ၏သားဦးများကို စုံလင်စေနှင့်ပြီဖြစ်သောကြောင့် (ငါ့နှုတ်ကပတ်တော်များသည် ငါ၏သားများနှင့် ငါ၏လူများအပေါ် အာရုံစိုက်သည်)၊ ငါ အမှုပြုသော နည်းလမ်းသည် တစ်ဖန် စတင်ပြောင်းလဲပြီ ဖြစ်သည်။ ဤအရာကို ရှင်းလင်းစွာ သင်မြင်သလော။ ဤကုန်လွန်ခဲ့သော ရက်အနည်းငယ်က ငါ့နှုတ်ကပတ်တော်များ၏ သဘောသွားကို သင်တို့ ခံစားမိပြီလော။ ငါသည် ငါ၏သားဦးများအား လမ်းခရီးတစ်လျှောက်လုံး နှစ်သိမ့်သော်လည်း၊ ယခုမှစ၍ (ငါ၏သားဦးများသည် စုံလင်စေခြင်းခံရနှင့်ပြီး ဖြစ်သောကြောင့်)ငါသည် ငါ၏ လက်တွင် ဓားကို သယ်ဆောင်၏ ( “ဓါး”မှာ “အဆုံးစွန် ပြင်းထန်သော နှုတ်ကပတ်တော်များ”ကို ဆိုလိုသည်)။ တဒင်္ဂမျှ သဘောမကျစွာ ငါ မှတ်ယူသောသူ မည်သူမဆိုသည် (ဤသည်မှာ ကြိုတင်ခွဲခန့်ထားခြင်း မခံရသောသူများ သို့မဟုတ် ရွေးချယ်မခံရသူများကို ရည်ညွှန်းသည်၊ သို့ဖြစ်၍ ကွဲလွဲခြင်း မရှိ) ၎င်းတို့သည် ငါ့အတွက် အစေခံမှု ပေးသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့သည် အခြားတစ်စုံတစ်ရာဖြစ်ကြသည် ဖြစ်စေ၊ ငါသည် ဂရုမစိုက်။ ငါသည် ၎င်းတို့အား ချက်ချင်း ဖျက်ပစ်မည်။ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ပြီး၊ ငါသည် လူအားလုံးအား ငါ့ကို အစေခံစေနိုင်သည်။ ငါသည် ထိုသို့သော လူများကို စွန့်ရန် လုံးဝ ဝန်မလေးပေ။ အကယ်၍ ငါသည် ၎င်းတို့အား အလိုမရှိဟု ဆိုပါက၊ အလိုမရှိပေ။ ယခု ဤအချိန်ရောက်ပြီဖြစ်သောကြောင့်၊ ငါ့အား သဘောမကျဖြစ်စေသော တစ်စုံတစ်ဦးကိုသာ ငါ မြင်တွေ့ရန် လိုအပ်ပြီး၊ ငါသည် မိမိ၏ နှုတ်ကပတ်တော်အတိုင်း ကောင်းမြတ်သည့် ဘုရားသခင် ဖြစ်သည့်အတွက်၊ ၎င်းတို့ကို စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ချက်ချင်း ငါစွန့်ပစ်မည်။ ငါ၏ အစေခံမှုတွင် ရှိဖို့ရန် ငါ ကြိုတင်ခွဲခန့်ထားပြီးဖြစ်သော သူတို့အဖို့- သင်သည် မည်မျှ ကောင်းမြတ်သည်ဖြစ်စေ၊ သင်သည် ငါ့အား ဖီဆန်သော အရာတစ်စုံတစ်ခုကို လုပ်ဆောင်မိသည်ဖြစ်စေ၊ မလုပ်ဆောင်မိသည်ဖြစ်စေ၊ အကယ်၍ သင်သည် ငါ့အား သဘောမကျဖြစ်စေပါက၊ ငါသည် သင့်ကို နှင်ထုတ်မည်။ အနာဂတ်ပြဿနာကို ငါ မကြောက်ရွံ့ချေ။ ငါသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ ရှိသည်၊ ငါသည် ငါ၏ နှုတ်ကပတ်တော်အတိုင်း ကောင်းမြတ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်သည် ပြည့်စုံလိမ့်မည်။ ငါသည် စာတန်အား ဆက်ကျန်ရှိခွင့်ပေးမည်လော။ အသင်လူတို့၊ ငါ့အား နားထောင်ကြလော့။ သင်တို့ စိုးရွံ့ရန်မလိုပေ။ ငါသည် သင့်အား ထွက်သွားရန် စေခိုင်းသည့်အချိန်တိုင်းတွင် သင် ထွက်သွားရမည်။ ငါ့ကို ဆင်ခြေများ မပေးနှင့်။ သင့်အား ပြောစရာစကားများ ငါ မရှိ။ အကြောင်းမှာ ငါသည် ထိုသို့သော သည်းခံခြင်းကို ကျင့်သုံးပြီးဖြစ်ကာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပြဋ္ဌာန်းဖို့ အချိန် ရောက်ရှိပြီဖြစ်ပြီး၊ သင်တို့၏ နောက်ဆုံးနေ့ရက်သည်လည်း ဤတွင် ရှိသောကြောင့် ဖြစ်သည်။ နှစ်ပေါင်းထောင်ချီကြာ၊ သင်တို့သည် ကိုယ်ကျင့်တရားပျက်ခဲ့ကြကာ အမှုအရာများကို ခေါင်းမာမှုဖြင့်၊ တဇွတ်ထိုး နည်းလမ်းဖြင့် အမြဲ လုပ်ဆောင်ခဲ့ကြ၏၊ သို့သော် (ငါသည် သဘောထားကြီးကာ သင်၏ ဖောက်ပြန်ပျက်စီးခြင်းအား အတိုင်းအတာတစ်ခုထိ ခွင့်ပြုသည်နှင့်အမျှ) ငါသည် အမြဲ သည်းခံခဲ့သည်။ သို့သော် ယခုတွင်၊ ငါ၏ သက်ညှာခြင်း ကုန်ဆုံးသည့် နေ့ရက် ရောက်ရှိပြီးဖြစ်ကာ၊ သင်တို့အတွက် သိမ်းယူခံရကာ ကန်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခံရဖို့ အချိန် ရောက်ရှိပြီဖြစ်သည်။ အလျင်အမြန်ပြုကာ လမ်းဖယ်ကြလော့။ ငါသည် ငါ၏တရားစီရင်မှုကို တရားဝင် စတင် ပြဋ္ဌာန်းပြီး၊ ငါ၏ အမျက်ဒေါသကို စတင်ထုတ်ပြန်ပြီ ဖြစ်သည်။

တိုင်းနိုင်ငံအားလုံးနှင့် ကမ္ဘာလောက၏ နေရာအားလုံးတွင်၊ မြေငလျင်များ၊ အငတ်ဘေးများ၊ ကပ်ရောဂါများနှင့် ကပ်ဘေးမျိုးစုံ မကြာခဏ ဖြစ်ပွားနေသည်။ ငါသည် ငါ၏ ကြီးမြတ်သော အမှုကို တိုင်းနိုင်ငံများအားလုံးနှင့် နေရာအားလုံးတွင် လုပ်ဆောင်သည်နှင့်အမျှ၊ ဤကပ်ဘေးများသည် ကမ္ဘာလောကကို ဖန်ဆင်းခြင်းကတည်းက အခြားမည်သည့်အချိန်မဆိုထက် ပို၍ ပြင်းထန်မှုဖြင့် ထွက်ပေါ်လိမ့်မည်။ ဤသည်မှာ လူအပေါင်းတို့နှင့်ဆိုင်သည့် ငါ၏တရားစီရင်ခြင်း အစဖြစ်သည်၊ သို့သော် ငါ၏သားများသည် အေးချမ်းစွာ အနားယူနိုင်သည်။ သင်တို့အပေါ်သို့ မည်သည့် ကပ်ဘေးမျှ သက်ရောက်လိမ့်မည်မဟုတ်သကဲ့သို့၊ ငါသည် သင်တို့ကို ကွယ်ကာမည် (ဤသည်မှာ သင်တို့သည် နောက်ပိုင်းတွင် ကိုယ်ခန္ဓာတွင် အသက်ရှင်လိမ့်မည်ဖြစ်သော်လည်း၊ ဇာတိပကတိ၌ အသက်ရှင်လိမ့်မည်မဟုတ်သောကြောင့်၊ သင်သည် မည်သည့် ကပ်ဘေးကိုမျှ ခံစားရလိမ့်မည်မဟုတ်ဟု ဆိုလိုပေသည်)။ ငါနှင့်အတူတကွ၊ သင်တို့သည် ဘုရင်များကဲ့သို့ တကယ်ကို စိုးစံလိမ့်မည်ဖြစ်ပြီး၊ ငါနှင့်အတူ စကြဝဠာနှင့် ကမ္ဘာမြေ၏ အစွန်းနေရာများတွင် ကောင်းမွန်သော ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရင်း၊ တိုင်းနိုင်ငံအားလုံးနှင့် လူအပေါင်းတို့အပေါ် တရားစီရင်လိမ့်မည်။ ဤနှုတ်ကပတ်တော်များအားလုံး ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ ယင်းတို့ကို သင်၏ တကယ့်မျက်လုံးများရှေ့၌ မကြာမီ စွမ်းဆောင်ရရှိလိမ့်မည်။ တစ်နာရီ သို့မဟုတ် တစ်ရက်မျှ ငါသည် နှောင့်နှေးခြင်းမရှိ။ ငါသည် အမှုအရာတို့ကို အလွန့်အလွန် လျင်မြန်စွာ ပြု၏။ စိုးရိမ်ခြင်း သို့မဟုတ် သောကရောက်ခြင်း မရှိကြနှင့်။ သင့်ကို ငါ ပေးသော ကောင်းချီးမင်္ဂလာသည် သင့်ထံမှ အဘယ်သူမျှ ယူဆောင်မသွားနိုင်သည့် အရာတစ်ခု ဖြစ်သည်- ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်၏။ လူအားလုံးသည် ငါ၏ လုပ်ဆောင်ချက်များကြောင့် ငါ့အား နာခံကြလိမ့်မည်။ ၎င်းတို့သည် မရပ်မနား ဩဘာပေးကြလိမ့်မည်ဖြစ်ပြီး၊ သို့တိုင် သာ၍ ဝမ်းမြောက်ခြင်းဖြင့် ၎င်းတို့ ကခုန်ကြလိမ့်မည်။

အရှေ့သို့- အခန်း ၉၁

နောက်တစ်ခုသို့- အခန်း ၉၃

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။