အခန်း ၉၃

လက်တွေ့အရှိတရားကို တစ်ဦးတစ်ယောက်၏မျက်စိရှေ့တွင် အမှုအရာတစ်ခုစီတိုင်းကို စွမ်းဆောင်ရရှိနှင့်ပြီး ဖြစ်သည်။ ငါ့အမှု၏ အရှိန်သည် ပစ်လွှတ်ပြီးနောက် ဒုံးကျည်တစ်စင်းကဲ့သို့ အမြင့်သို့တက်လျက်၊ အရှိန်မြှင့်လေသည်။ အမှုအရာများဖြစ်ပျက်ပြီးနောက်တွင်သည် ငါ့နှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်ကို သင်တို့ နားလည်ကြလိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ သားသမီးများသည့် ခြွင်းချက်မရှိသကဲ့သို့၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်မျက်လုံးများဖြင့် ငါ၏အံဖွယ် လုပ်ဆောင်ချက်များကို သက်သေခံစေခြင်း ခံရကြမည်။ ငါ၏ လုပ်ဆောင်ချက်များကို တွေ့မြင်ပြီးနောက် ငါနှင့်သက်ဆိုင်၍ သင်သည် သေချာသောကြောင့် ငါသည် သင့်ကိုစွန့်ပစ်မည်မဟုတ်ဟု မထင်နှင့်- ယင်းသည် ထိုမျှ မရိုးရှင်းပေ။ ငါသည် ငါဆိုပြီးသော နှုတ်ကပတ်တော်များအားလုံးနှင့် ငါဆုံးဖြတ်ပြီးသော အဖြစ်အပျက်တို့ကို သေချာပေါက် ပြည့်စုံစေမည်ဖြစ်ပြီး၊ ယင်းတို့သည် ငါထံသို့ အချည်းနှီးမပြန်ရ။ တရုတ်ပြည်တွင် ငါ၏သားဦးများဖြစ်သော လူနည်းစုမှတပါး ငါ၏လူများဖြစ်သူ အနည်းအကျဉ်းသာ ရှိသည်။ ထို့ကြောင့် ယနေ့တွင်၊ (ငါ့ကိုအဆိုးရွား ဆုံးညှင်းပန်းနှိပ်စက်ပြီးဖြစ်သည့် အဆင်းနီသော နဂါးကြီး၏ သားသမီး)သင်တို့သည် ကြီးမားသော မျှော်လင့်ခြင်းများ တစ်ခုတစ်လေ မကိုင်စွဲရ၊ ပြီးလျှင် ငါ့အမှု၏အာရုံစိုက်ရာသည် (ကမ္ဘာလောကကို ဖန်ဆင်းခြင်းကတည်းက) ငါ၏သားဦးများနှင့် တရုတ်နိုင်ငံအလွန်ရှိ အချို့သော နိုင်ငံများအပေါ်တွင်ဖြစ်သည်ဟု သင်တို့ထံ ငါ ရှင်းလင်းစွာ ဆိုပေသည်။ ဤအကြောင်းကြောင့် ငါ၏သားဦးများ အရွယ်ရောက်သောအခါ၊ ငါ၏အလိုကို စွမ်းဆောင်ရရှိလိမ့်မည်။ (ရှေ့၌ရှိသော အမှုကို ၎င်းတို့အား ပေးထားပြီးဖြစ်သည့်အတွက်၊ ငါ၏သားဦးများ အရွယ်ရောက်သည်နှင့် တပြိုင်နက် အရာအားလုံး လုပ်ဆောင်ပြီးစီးလိမ့်မည်)။ ငါသည် အဆင်းနီသော နဂါးကြီး အရှက်ရစေဖို့ရန်သာ ယခုတွင် ဤလူတို့ကို ငါ၏အံ့ ဖွယ်သော လုပ်ဆောင်ချက်များ၏ အစိတ်အပိုင်းတစ်ခုကို တွေ့မြင်ခွင့်ပေးသည်။ ဤလူတို့သည် ယင်းတွင် တကယ်ကို မပျော်ရွှင်နိုင်ကြဘဲ၊ ငါ့အဖို့ အစေခံမှုအား ပေးသည်ကိုသာ ပျော်ရွှင်နိုင်ကြသည်။ ငါသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များရှိပြီး အဘယ်သူမျှ ယင်းတို့ကို မချိုးဖောက်ဝံ့သည့်အတွက် ၎င်းတို့သည် အခြားနည်းလမ်းမရှိကြပေ။

သင်တို့သည် အသိပညာရှိကြဖို့၊ ငါ၏ အမည်နာမကို သက်သေခံဖို့ အရာရာကို ကောင်းမွန်စွာ ပြင်ဆင်ဖို့နှင့် ၎င်းတို့အပေါ်တွင် သွားရပ်ကာ ၎င်းတို့ကို အုပ်စိုးနိုင်ကြဖို့အလို့ငှာ၊ ယခုတွင် ငါသည် နိုင်ငံခြားသားများ ရောက်လာခြင်းအပါအဝင် အချို့သော အခြေအနေများအကြောင်းကို မိတ်သဟာယပြုမည်။ ( ၎င်းတို့ထဲက အကြီးမြတ်ဆုံးသူတို့သည် သင်တို့ထဲတွင် အသေးငယ်ဆုံးသော သူများ ဖြစ်နေဆဲဖြစ်သောကြောင့် ငါသည် “၎င်းတို့အပေါ်၌ ရပ်ကာ အုပ်စိုးရန်”ပြောခြင်း ဖြစ်သည်)။ ဤလူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ထုတ်ဖော်ပြခြင်းကို ရရှိပြီးဖြစ်ကာ၊ အနာဂတ်တွင် ၎င်းတို့သည် ကြိုတင်စီစဉ်ထားသည့်အလား တရုတ်နိုင်ငံထဲသို့ ပြွတ်သိပ်ဝင်လာကြလိမ့်မည်။ အဆင်းနီသော နဂါးကြီးသည် အလစ် ခေါ်ဆောင်သွားခြင်းခံရပြီး၊ ခုခံဖို့ အစွမ်းကုန် ကြိုးစားသော်လည်း၊ တစ်ခုကို အမှတ်ရလော့- ငါ၏ စီမံခန့်ခွဲခြင်း အစီအစဉ်သည် လုံးဝ တကယ်ဖြစ်ပေါ်ပြီးဖြစ်ကာ မည်သည့်အရာမျှနှင့် မည်သူကမျှ ငါ၏ခြေလှမ်းတို့ကို တားဆီးဝံ့ပေ။ ငါသည် ၎င်းတို့ကို အချိန်တိုင်း ထုတ်ဖော်ပြချက် ပေးပြီး၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုနောက်လိုက်ခြင်းအားဖြင့် ဆောင်ရွက်ကြသည်။ ငါ့အထဲတွင် အရာအားလုံး လွတ်မြောက်ပြီး လွတ်လပ်ကြသည့်အတွက်၊ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ ကျေးကျွန်ဘဝကို သေချာပေါက် ခံစားရလိမ့်မည် မဟုတ်။ ၎င်းတို့ကို ထိန်းကျောင်းဖို့ ကြိုတင်ပြင်ဆင်သော အလုပ်ကို သင်တို့ လုပ်ဆောင်ဖို့အတွက် စောင့်ဆိုင်းရင်း၊ ငါသည် အရာအားလုံးကို သင့်လျော်စွာ စီမံပြီးဖြစ်သည်။ ငါသည် ထိုသို့ တစ်လျှောက်လုံး ပြောဆိုပြီးဖြစ်သော်လည်း၊ သင်တို့အများစုသည် မယုံတစ်ဝက် ယုံတစ်ဝက်သာ ဖြစ်နေဆဲ ဖြစ်သည်။ ယခုတွင် အဘယ်သို့ ရှိသနည်း။ သင်တို့သည် မှင်တက်လေပြီ မဟုတ်လော။

ဤအရာများသည် သာမညသာ ဖြစ်သည်။ အဓိကအရာမှာ ကြိုတင်ပြင်ဆင်သော အလုကို ဖြစ်နိုင်သမျှမြန်မြန် သင်၏ ပြီးစီးခြင်း ဖြစ်သည်။ အထိတ်တလန့်မဖြစ်လေနှင့်။ အမှုကိုပြုသောသူသည် ငါဖြစ်ပြီး၊ အချိန်ကျရောက်သောအခါ ငါသည် ငါ၏အမှုကို ကိုယ်တိုင် လုပ်ဆောင်မည်။ ငါသည် အဆင်းနီသော နဂါးကြီးကို အပိုင်းပိုင်းချိုးဖျက်လေပြီ။ ဆိုလိုသည်မှာ ငါ၏ဝိညာဉ်သည် ငါ၏သားဦးများထံမှလွဲ၍ (ယခုတွင် မည်သူသည် အဆင်းနီသော နဂါးကြီး၏ သားသမီးများဖြစ်သည်ကို ထုတ်ဖော်ပြရန် ပို၍လွယ်ကူပေသည်) လူအားလုံးထံမှ ရုပ်သိမ်းပြီး ဖြစ်သည်။ ဤလူတို့သည် ငါ့အဖို့ အစေခံမှုကို ပေးခြင်းအား ပြီးစီးပြီးဖြစ်ကာ ငါသည် ၎င်းတို့ကို အနက်ဆုံးသော တွင်းထဲသို့ ပြန်လည်ပို့ဆောင်မည်။ (ဤသည်မှာ ငါသည် ၎င်းတို့ထဲမှ မည်သူမျှကို အသုံးပြုမည်မဟုတ်ဟု ဆိုလိုပေသည်။ ယခုမှစ၍၊ ငါ၏ သားဦးတို့သည် လုံးဝ ထုတ်ဖော်ပြခံရလိမ့်မည်ဖြစ်ပြီး၊ ငါ၏ ထံပါးရှိသူများနှင့် ငါအသုံးပြုရန် သင့်တော်သောသူတို့သည် ငါ၏သားဦးများ ဖြစ်လိမ့်မည်)။ ငါ၏သားဦးတို့၊ သင်တို့သည် ငါအပ်နှင်းသော ကောင်းချီးမင်္ဂလာတို့ကို တရားဝင်ပျော်မွေ့ကြကာ၊ (အကြောင်းမှာ ငါ အလွန်မုန်းတီးသောသူအားလုံးသည် ၎င်းတို့၏ သရုပ်မှန်ကို ဖော်ပြပြီးဖြစ်သည်) ဤအချိန်မှစ၍ နောင်တွင် သင်တို့အလယ်၌ ငါ့ကို အာခံဖီဆန်ခြင်း ဖြစ်ရပ်များ ရှိလိမ့်မည် မဟုတ်ပေ။ သင်တို့သည် အစစ်အမှန် ငါနှင့်ပတ်သက်၍ တစ်ရာရာခိုင်နှုန်း သေချာကြ၏။ (ယနေ့တွင်သာ ဤအရာ လုံးဝ ပြီးမြောက်ကာ ဤအချိန်ကို ငါ စီမံထားခဲ့ပေသည်)။ သင်တို့၏ နှလုံးသားများနှင့် စိတ်များတွင် သင်တို့ စွဲကိုင်သမျှအားလုံးမှာ ငါ့အတွက် အဆုံးမရှိသော ချစ်ခြင်းမေတ္တာနှင့် ကြည်ညိုခြင်း ဖြစ်ပြီး သင်တို့သည် ငါ့ကို အချိန်တိုင်း ချီးမွမ်းကာ ဆုကျေးဇူးတော် ချီးမွမ်းကြ၏။ သင်တို့သည် တတိယကောင်းကင်တွင် အမှန်တကယ် ငါ့ချစ်ခြင်း၏ ဂရုစိုက်မှုနှင့် ကွယ်ကာမှုအောက်၌ အသက်ရှင်နေကြပေသည်။ နှိုင်းယှဉ်၍မရသော အတိသုခနှင့် ပျော်ရွှင်ခြင်းပေတကား။ ယင်းသည် လူတို့ စိတ်ကူးရန် ခက်ခဲသော အခြားနယ်ပယ် ဖြစ်သည်- စစ်မှန်သော ဝိညာဉ်လောကဖြစ်သည်။

ကပ်ဘေးများအားလုံးသည် အသီးသီးသည် ပြီးခဲ့သည်ထက် သာ၍ ပြင်းထန်လျက် တစ်ခုပြီးတစ်ခု ထွက်ပေါ်ပြီး၊ အခြေအနေသည် တစ်နေ့ထက်တစ်နေ့ တိုး၍ တင်းမာလာသည်။ ဤသည်မှာ ကပ်ဘေးများ၏အစသာ ဖြစ်သည်။ ရောက်လာမည့် ပို၍ပြင်းထန်သော ကပ်ဘေးများသည် လူသားအဖို့ မတွေးတတ်အောင် ဖြစ်သည်။ ငါ့သားတို့သည် ယင်းတို့ကို ရှင်းကြပါလေ့စေ။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်ပြီး၊ ယင်းကို အချိန်ကြာမြင့်စွာက ငါ စီစဉ်ခဲ့ပေသည်။ ယခင်က လူသား တစ်ခါမျှမမြင်ဖူးသည့် နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများသည် လူအပေါင်းတို့ထံ တစ်ခုပြီးတစ်ခု ပေါ်လာရင်း၊ ငါ့ထံမှ ထွက်ပေါ်လာသည် (ဆိုလိုသည်မှာ ငါ့နိုင်ငံတော်၏ လူများအားလုံး ဖြစ်သည်)။ သို့သော် ဤသည်မှာ မဝေးသည့် အနာဂတ်တွင် ဖြစ်ပျက်မည့် တစ်စုံတစ်ရာ ဖြစ်သည်။ စိတ်သောကမရောက်ကြနှင့်။ အယောက်တိုင်း ပြောဆိုပြီးဖြစ်သည့် ဤနိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်း- နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ဆိုသည်မှာ မည်သည့် အခြေအနေဖြစ်သနည်း။ နိုင်ငံတော်ဆိုသည်မှာ အဘယ်နည်း။ ယင်းသည် ရုပ်ဝတ္ထုဆိုင်ရာ မြို့တော်တစ်ခုလော။ သင်တို့ နားလည်မှုလွဲကြပြီ။ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် မရှိသကဲ့သို့ ရုပ်ဝတ္ထုဆိုင်ရာ ကောင်းကင်၌လည်း မရှိဘဲ၊ လူသားက မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် ဝိညာဉ်လောက ဖြစ်သည်။ ငါ၏ နာမကို လက်ခံလျက်၊ ငါ၏ စုံလင်စေခြင်း လုံးဝ ခံရပြီး၊ ငါ၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ခံစားသည့် သူများသာ ထိုအထဲသို့ ဝင်ရောက်နိုင်ကြလိမ့်မည်။ ယခင်က မကြာခဏဖော်ပြခဲ့သည့် ဝိညာဉ်လောကသည် နိုင်ငံတော်၏ အပေါ်ယံ ဖြစ်သည်။ သို့သော်၊ နိုင်ငံတော်ထဲသို့ အမှန်တကယ် ဝင်ရောက်ခြင်းသည် လွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။ ထိုအထဲသို့ ဝင်ရောက်သောသူတို့သည် ငါ၏ဂတိကို ရရိ ရမည်ဖြစ်ပြီး ငါကိုယ်တိုင် ငါကြိုတင်ခွဲခန့်မှတ်သားကာ ရွေးချယ်ပြီးသောသူများ ဖြစ်ရပေမည်။ ထို့ကြောင့် ဝိညာဉ်လောကသည် လူတို့ စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်သော နေရာတစ်ခု မဟုတ်ပေ။ ဤအရာနှင့်သက်ဆိုင်၍ လူတို့၏ သိနားလည်မှုသည် အလွန် အပေါ်ယံဖြစ်ပြီး၊ လူသား၏ အယူအဆစစ်စစ်များ ပါရှိပေသည်။ နိုင်ငံတော်ထဲသို့ ဝင်ရောက်သောသူတို့သာ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ခံစားနိုင်သည်၊ ထို့ကြောင့် လူသားသည် ဤကောင်းချီးမင်္ဂလာများကို မမွေ့လျော်နိုင်သည်သာမက၊ ထို့ထက်ပို၍၊ သူသည် ယင်းတို့ကို မတွေ့မြင်နိုင်ပေ။ ဤသည်မှာ ငါ၏ နောက်ဆုံး စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့် ဖြစ်သည်။

အရှေ့သို့- အခန်း ၉၂

နောက်တစ်ခုသို့- အခန်း ၉၄

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။