အခန်း ၉

ငါ၏ နှုတ်ကပတ်တော်နှင့်ပတ်သက်၍ အနည်းငယ်သော မရေရာခြင်း သို့မဟုတ် အရေးမထားခြင်းသည်ပင်လျှင် လက်ခံနိုင်ဖွယ် မဟုတ်ကြောင်း သင့်ကို ငါသတိပေးလိုသည်။ သင်သည် ငါ၏ ရည်ရွယ်ချက်များနှင့်အညီ အလေးဂရုပြုပြီး နာခံကာ၊ လက်တွေ့လုပ်ဆောင်ရမည်။ သင်သည် အမြဲတမ်း နိုးကြားနေရမည်ဖြစ်ပြီး၊ မာနထောင်လွှားသော သို့မဟုတ် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထားကို လုံးဝ မပြသရပေ။ သင်၏အထဲ၌ ရှိနှင့်ပြီးသော ပင်ကို စိတ်သဘောထားဟောင်းကို စွန့်ပစ်ရန် သင်သည် အစဉ်အမြဲပင် ငါ့အပေါ် အမှီပြုရမည်။ သင်သည် ငါ၏ရှေ့တွင် သာမန်အခြေအနေကို အစဉ်အမြဲ ထိန်းသိမ်းထားနိုင်ရမည်ဖြစ်ပြီး၊ တည်ငြိမ်သော စိတ်သဘောထား ပိုင်ဆိုင်သင့်သည်။ သင်တို့၏ တွေးခေါ်ခြင်းသည် သင့်တင့်လျောက်ပတ်ပြီး ကြည်လင်ပြတ်သားကာ၊ မည်သည့်လူပုဂ္ဂိုလ်၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာတို့၏ ထိန်းချုပ်ခံရခြင်း သို့မဟုတ် တိမ်းညွတ်စေခြင်းကို မခံရသင့်ပေ။ သင်သည် ငါ၏မျက်မှောက်တွင် အစဉ်အမြဲ ငြိမ်သက်နိုင်စွမ်းရှိကာ၊ ငါနှင့် စဉ်ဆက်မပြတ် ရင်းနှီးကျွမ်းဝင်မှုနှင့် မိတ်သဟာယ ဖွဲ့ခြင်းကို ထိန်းသိမ်းထားရမည်ဖြစ်သည်။ သင်သည် ကြံ့ခိုင်ခြင်းနှင့် အားမာန်ကို ပြသကာ၊ ငါအတွက် သင်၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်ရမည်ဖြစ်သည်။ ထ၍ ငါ၏ကိုယ်စား စကားပြောလော့၊ ထို့ပြင် အခြားသောလူတို့ ပြောကောင်းပြောမည့်အရာကို မကြောက်ရွံ့လေနှင့်။ ငါ၏ ရည်ရွယ်ချက်များကိုသာ ဖြည့်ဆည်းပြီး မည်သူ့ကိုမျှ သင့်အား ထိန်းချုပ်ခွင့် မပေးလေနှင့်။ သင့်အား ငါထုတ်ဖော်သောအရာကို ငါ၏ ရည်ရွယ်ချက်များနှင့်အညီ လိုက်နာရမည်ဖြစ်ပြီး၊ နှောင့်နှေးကြန့်ကြာ၍ မရပေ။ သင်၏အတွင်းထဲတွင် မည်ကဲ့သို့ ခံစားရသနည်း။ သင်သည် မသက်မသာဖြစ်နေသည် မဟုတ်လော။ သင်နားလည်လိမ့်မည်။ ငါ၏ဝန်ထုပ်ဝန်ပိုးကို ထောက်ထား ညှာတာလျက် သင်သည် အဘယ့်ကြောင့် ငါ၏ကိုယ်စား ထရပ်၍ မပြောနိုင်ရသနည်း။ သင်သည် သိမ်ဖျင်းသော လျှို့ဝှက်ကြံစည်မူထဲတွင် မလျှော့တမ်း ပါဝင်နေသော်လည်း၊ ငါသည် အရာရာကို ရှင်းလင်းစွာ မြင်ရသည်။ ငါသည် သင်၏ ကိုးစားရာနှင့် သင်၏အကွယ်အကာဖြစ်ကာ၊ အရာခပ်သိမ်းသည် ငါ၏လက်ထဲတွင်ရှိသည်။ သို့ဖြစ်လျှင် သင်သည် အဘယ်အရာကို ကြောက်သနည်း။ သင်သည် လွန်ကဲစွာ စိတ်လှုပ်ရှားနေသည် မဟုတ်လော။ သင်သည် သင်၏ စိတ်ခံစားမှုများကို တတ်နိုင်သမျှအမြန်ဆုံး ဖယ်ရှားရမည်။ ငါသည် စိတ်ခံစားမှုကြောင့် လုပ်ဆောင်မှုမပြုဘဲ၊ ထိုအစား ဖြောင့်မတ်ခြင်းကို ကျင့်သုံးသည်။ သင်၏မိဘတို့သည် အသင်းတော်အဖို့ အကျိုးမရှိသောအရာ တစ်စုံတစ်ခုကိုပြုလျှင်၊ သူတို့ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ငါ၏ ရည်ရွယ်ချက်များကို သင့်အား ထုတ်ဖော်ပြပြီးပြီဖြစ်ပြီး ၎င်းတို့ကို သင်လျစ်လျူမရှုရပေ။ ထိုအစား သင်သည် ၎င်းတို့အပေါ် သင်၏ အာရုံစူးစိုက်မှု အလုံးစုံကို ထားရှိကာ စိတ်ပါလက်ပါ လိုက်လျှောက်ရန် အခြားအရာဟူသမျှကို ဘေးဖယ်ထားရမည်။ ငါသည် သင့်အား ငါ၏လက်ထဲတွင် အစဉ်အမြဲ ထားရှိမည်။ အမြဲတမ်း တွန့်ဆုတ်ခြင်းနှင့် သင့်ခင်ပွန်း သို့မဟုတ် ဇနီးသည်၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေနှင့်။ သင်သည် ငါ၏ အလိုတော်ကို လုပ်ဆောင်ပြည့်စုံစေရန် အခွင့်ပေးရမည်။

ယုံကြည်ခြင်းရှိလော့။ ယုံကြည်ခြင်းရှိလော့။ ငါသည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ သင်၌ ထိုးထွင်းသိမြင်မှု တစ်စုံတစ်ရာ ရှိကောင်းရှိလိမ့်မည် ဖြစ်သော်လည်း၊ သင်သတိထားရဦးမည် ဖြစ်သည်။ အသင်းတော်၊ ငါ၏ အလိုတော်နှင့် ငါ၏စီမံခန့်ခွဲမှု အဖို့အလို့ငှာ သင်သည် အပြည့်အဝ ဆက်ကပ်အပ်နှံရမည်ဖြစ်ပြီး၊ အလုံးစုံသော နက်နဲရာများနှင့် ရလဒ်များကို သင့်အား ရှင်းလင်းစွာ တွေ့မြင်စေမည် ဖြစ်သည်။ နောက်ထပ်ကြန့်ကြာခြင်း ရှိတော့မည်မဟုတ်ဘဲ၊ နေ့ရက်ကာလတို့သည် အဆုံးသို့ ရောက်ရှိလာနေပြီ ဖြစ်သည်။ သင်မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ သင်သည် အသက်တာ၌ ကြီးထွားလာပြီး ရင့်ကျက်ရန် မည်ကဲ့သို့ ကြိုးစားသင့်သနည်း။ သင်သည် သာ၍ဆောလျင်စွာ ငါ့အတွက် အသုံးဝင်လာစေရန် သင့်ကိုယ်သင် မည်ကဲ့သို့ ပြုလုပ်နိုင်သနည်း။ သင်သည် ငါ၏ အလိုတော်ကိုဆောင်ရွက်ရန် မည်ကဲ့သို့ ထောက်ကူမည်နည်း။ ဤမေးခွန်းများက များစွာသော ဆင်ခြင်တွေးတောခြင်းနှင့်၊ ငါနှင့် ပို၍နက်ရှိုင်းသော မိတ်သဟာယဖွဲ့ခြင်းကို လိုအပ်သည်။ ငါ့ကိုအမှီပြုလော့၊ ငါ့ကိုယုံကြည်လော့၊ မည်သည့်အခါမျှ အရေးမထားခြင်း မရှိဘဲ ငါ၏ လမ်းညွှန်မှုနှင့်အညီ အမှုအရာများကို လုပ်ဆောင်နိုင်ရမည်။ သင်သည် သမ္မာတရားနှင့် ကောင်းစွာ ပြင်ဆင်ထားရမည် ဖြစ်ပြီး၊ ယင်းကို ပို၍မကြာခဏ စားသောက်ရမည်။ သမ္မာတရားတိုင်းကို ရှင်းလင်းစွာ နားမလည်နိုင်ခင် ၎င်းကို လက်တွေ့လုပ်ဆောင်ရမည်။

သင်၌ လုံလောက်သော အချိန်မရှိဟု သင် ယခု ခံစားရသလော။ သင်သည် အတွင်းထဲ၌ ယခင်နှင့် မတူသည့်အပြင်၊ သင်၏ ဝန်ထုပ်ဝန်ပိုးမှာ ယခု အလွန်လေးလံပုံ ရသည်ဟုလည်း ခံစားရသလော။ ငါ၏ရည်ရွယ်ချက်များမှာ သင့်အပေါ်တွင် ရှိသည်။ သင်သည် အတွေးအမြင်ရှင်းလျက်၊ ထိုအရာများမှ မခွဲထွက်ဘဲ၊ အမြဲတမ်း ငါနှင့် ဆက်နွှယ်နေရမည် ဖြစ်သည်။ ငါ၏ ရည်ရွယ်ချက်များကို သင်တို့အား အစဉ်အမြဲ ထုတ်ဖော်စိမ့်သောငှာ ငါနှင့် နီးကပ်စွာနေလော့၊ ငါနှင့် ဆွေးနွေးလော့၊ ငါ၏ စိတ်နှလုံးအား ထောက်ထားညှာတာလော့၊ ပြီးလျှင် အခြားသူများနှင့် ညှိနှိုင်းဆောင်ရွက်လျက် အစေခံနိုင်ခြင်းရှိလော့။ အစဉ်အမြဲ သေချာစွာ အထူးအာရုံစိုက်လော့။ သေချာစွာ အာရုံစိုက်လော့။ အနည်းငယ်မျှပင် ပေါ့လျော့ခြင်း မရှိလေနှင့်။ ယင်းသည် သင်၏ တာဝန်ဖြစ်ပြီး ငါ၏အမှုသည် ထိုအထဲ၌ တည်၏။

ယခုအချိန်တွင် သင်သည် အနည်းငယ်မျှသော နားလည်မှု ရကောင်းရခဲ့ပြီး ဖြစ်ပြီး၊ ဤသည်မှာ အတော်ပင် အံ့သြဖွယ်ကောင်းသည်ဟု ခံစားရနိုင်သည်။ ယင်းသည် လူသား၏ အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ချက်များနှင့် လုံးလုံးလျားလျား ခြားနားနေသည်ဟု ခံစားရလျက် သင်သည် အတိတ်က သံသယများရှိကောင်းရှိနိုင်ခဲ့သော်လည်း ယခုတွင် အခြေခံကျကျ နားလည်သဘောပေါက်လေသည်။ ဤသည်မှာ ငါ၏ အံ့သြဖွယ်သော အမှုဖြစ်ပြီး၊ ဘုရားသခင်၏ အံ့သြဖွယ်သော အမှုလည်းဖြစ်သည်။ သင်သည် ထိုအထဲ၌ လျှောက်လှမ်းစဥ် အပြည့်အဝနိုးကြားကာ စောင့်စားရမည် ဖြစ်သည်။ အချိန်သည် ငါ၏လက်ထဲတွင် ရှိသည်၊ ယင်းကို မဖြုန်းတီးနှင့်၊ ထို့ပြင် တစ်ခဏတာမျှပင် လုံးဝ ပေါ့လျော့ခြင်း မရှိလေနှင့်။ အချိန်ဖြုန်းတီးခြင်းက ငါ၏အမှုကို နှောင့်နှေးကြန့်ကြာစေပြီး၊ ယင်းက သင့်အပေါ်၌ ငါ၏အလိုတော်ကို အဟန့်အတားဖြစ်စေသည်။ သင်တို့သည် တစိမ့်စိမ့်ချင့်ချိန်ပြီး၊ ငါနှင့်မကြာခဏ မိတ်သဟာယဖွဲ့ရမည်။ သင်သည် သင်၏ လုပ်ဆောင်ချက်များ၊ လှုပ်ရှားမှုများ၊ ထင်မြင်ချက်များ၊ စိတ်ကူးများ၊ သင်၏ မိသားစု၊ ခင်ပွန်းသည်၊ သားသမီးများ အလုံးစုံတို့ကို ငါ၏ရှေ့မှောက်သို့ ယူဆောင်လာရမည်။ သင်၏ လက်တွေ့ကျင့်ဆောင်ခြင်း၌ မိမိကိုယ်ကိုယ် အမှီမပြုနှင့်၊ သို့မဟုတ်ပါက ငါသည် ပြင်းစွာဒေါသထွက်လာပြီး၊ သင်၏ ဆုံးရှုံးမှုများသည် ကြီးမားလိမ့်မည်။

အချိန်တိုင်းတွင် သင်ကိုယ်တိုင်၏ခြေလှမ်းများကို ထိန်းချုပ်ပြီး၊ အစဉ်အမြဲ ငါ၏ နှုတ်ကပတ်တော်များအတွင်း၌ လျှောက်လှမ်းလော့။ သင်၌ ငါ၏ဉာဏ်ပညာ ရှိရမည်။ သင်သည် မည်သည့်အခက်အခဲများကိုမဆို ကြုံရသည့်အခါ ငါ၏ရှေ့မှောက်သို့ လာလော့၊ ထိုအခါ ငါသည် သင့်ကို လမ်းညွှန်မှုပေးမည်။ ပြဿနာဖန်တီးခြင်း သို့မဟုတ် ပရမ်းပတာ ပြောဆိုဆွေးနွေးခြင်း မပြုနှင့်။ သင်၏အသက်တာသည် အကျိုးကျေးဇူး မရရှိပါက၊ ယင်းသည် သင် အသိပညာမဲ့ပြီး၊ ကောင်းသောစကားများနှင့် ဆိုးသောစကားများကို ပိုင်းခြား၍ မသိမြင်နိုင်ခြင်းကြောင့် ဖြစ်သည်။ သင်သည် အန္တရာယ်ကျရောက်ခံရပြီးကာ၊ ဆိုးဝါးသောအခြေအနေ၌ရှိနေကာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အတူပါရှိခြင်း မရှိသော အချိန်အထိ ဤအရာကို နားလည်မည် မဟုတ်ပေ။ သို့သော် ထိုအချိန်ကျလျှင် အလွန်အမင်း နောက်ကျပြီးဖြစ်လိမ့်သည်။ ယခုတွင် အချိန်သည် အပူတပြင်း ဖြစ်နေသောကြောင့် သင်သည် အသက်တာပြိုင်ပွဲ၌ အနည်းငယ်မျှပင် နောက်ကျကျန်ရစ်ခြင်း မရှိရပေ။ သင်သည် ငါ၏ခြေလှမ်းများကို အလွန်နီးကပ်စွာ လိုက်လျှောက်ရမည်။ အခက်အခဲများ တစ်စုံတစ်ရာ ပေါ်လာသည့် အချိန်တွင်၊ ငါနှင့် အနီးကပ်အသက်ရှင်ခြင်းအားဖြင့် မကြာခဏ ဆင်ခြင်သုံးသပ်ခြင်းကို ပြုလုပ်ပြီး၊ ငါနှင့် တိုက်ရိုက် မိတ်သဟာယဖွဲ့လော့။ ဤလမ်းကြောင်းကို သင် နားလည်သဘောပေါက်နိုင်လျှင်၊ ဤအရာက သင့်ရှေ့က ဝင်ရောက်ခြင်းကို လွယ်ကူစေလိမ့်မည်။

ငါ၏နှုတ်ကပတ်တော်များသည် သင့်ကိုသာ တိုက်ရိုက်ရည်ရွယ်ခြင်း မဟုတ်ပေ။ အသင်းတော်ရှိ လူတိုင်းသည် အမျိုးမျိုးသော လက္ခဏာသွင်ပြင်များ ကင်းမဲ့ကြသည်။ သင်တို့သည် ပို၍ မိတ်သဟာယဖွဲ့ကာ၊ သင်တို့ကိုယ်တိုင်၏ ဝိညာဉ်ရေးရာ ဆည်းကပ်ချိန်များအတွင်း တစ်ဦးချင်းစီ စားသောက်နိုင်ပြီး၊ အခရာကျသော သမ္မာတရားများကို နားလည်သဘောပေါက်နိုင်ကာ ယင်းတို့ကို ချက်ချင်းပင် လက်တွေ့လုပ်ဆောင်နိုင်ရမည် ဖြစ်သည်။ သင်တို့သည် ငါ့နှုတ်ကပတ်တော်၏ စစ်မှန်မှုနှင့် အကျွမ်းတဝင်ရှိရမည်- ယင်း၏ တကယ့်အချက်အချာနှင့် ယင်း၏ အခြေခံသဘောတရားများကို ဖမ်းဆုပ်ပြီး သင်၏ ဆုပ်ကိုင်ထားမှုကို မလျှော့ပေးလေနှင့်။ အစဉ်အမြဲ တစိမ့်စိမ့်ချင့်ချိန်လျက်၊ ငါနှင့် အစဉ်အမြဲ မိတ်သဟာယဖွဲ့လော့၊ ထို့နောက် အမှုအရာများသည် တဖြည်းဖြည်း ထုတ်ဖော်ခြင်းခံရမည်။ သင်သည် ဘုရားသခင်နှင့် တစ်ခဏတာမျှ နီးကပ်လာပြီးနောက် သင်၏ နှလုံးသားကို သူ၏ ရှေ့မှောက်တွင် ငြိမ်ဝပ်လာအောင် စောင့်ဆိုင်းခြင်းမရှိဘဲ အခြားအရာတစ်ခုခု သင့်အပေါ် ဖြစ်ပျက်သည့်အခါ စိတ်အနှောင့်အယှက် ဖြစ်၍မရပေ။ သင်သည် အစဉ်အမြဲ ဇဝေဇဝါဖြစ်လျက် အမှုအရာများအပေါ် ရှင်းလင်းခြင်းမရှိသည့်အပြင် ငါ၏မျက်နှာကို မမြင်နိုင်ပေ။ ထိုသို့ဖြစ်၍ သင်သည် ငါ၏ စိတ်နှလုံးကို ရှင်းလင်းစွာ သဘောပေါက် နားလည်ခြင်းကို မရရှိနိုင်ပေ။ ထို့ပြင် သင်သည် ယင်းကို အနည်းငယ် နားလည်သဘောပေါက်နိုင်သော်လည်း သင်သည် မသေချာဘဲ သံသယဖြစ်သေးသည်။ သင်၏နှလုံးသားကို ငါသည် အပြည့်အဝ ပိုင်ဆိုင်ပြီး၊ သင်၏ စိတ်အာရုံသည် မည်သည့်လောကီအရာတို့၏ နှောက်ယှက်ခြင်းကိုမျှ မခံရတော့ဘဲ၊ သင်သည် ကြည်လင်ပြတ်သားပြီး ငြိမ်သက်သော စိတ်အာရုံဖြင့် စောင့်စားနိုင်သောအခါမှသာ ငါသည် သင်တို့အား ငါ၏ ရည်ရွယ်ချက်များနှင့်အညီ ထုတ်ဖော်ခြင်းများကို တစ်ခုပြီးတစ်ခု ပြုမည်ဖြစ်သည်။ သင်တို့သည် ငါနှင့် ဤရင်းနှီးကျွမ်းဝင်ခြင်းလမ်းကြောင်းကို နားလည်သင့်သည်။ သင့်အား မည်သူ ရိုက်နှက်သည် သို့မဟုတ် ဆဲဆိုသည်ဖြစ်စေ၊ သို့မဟုတ် သင့်အား လူတို့ ပေးသောအရာများ မည်မျှပင် ကောင်းမွန်သည်ဖြစ်စေ၊ ၎င်းတို့သည် သင့်အား ဘုရားသခင်နှင့် နီးကပ်ခြင်းမှ တားဆီးထားပါက ယင်းမှာ လက်ခံနိုင်ဖွယ်ရာ မရှိပေ။ သင်၏စိတ်နှလုံးကို ငါ၏လက်ထဲ၌ ရှိစေလော့၊ ပြီးလျှင် ငါ့အပါးမှ လုံးဝ မထွက်ခွာလေနှင့်။ ဤကဲ့သို့သော ရင်းနှီးကျွမ်းဝင်ခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းအားဖြင့်၊ သင်၏ မိဘများ၊ ခင်ပွန်း၊ သားသမီးများ၊ အခြားသော မိသားစုဆက်သွယ်မှုနှင့် လောကီရေးရာ အနှောင်အဖွဲ့များအားလုံး လွင့်ပါးသွားလိမ့်မည်။ သင်သည် သင်၏ စိတ်နှလုံးထဲတွင် ဖော်ပြ၍ မရနိုင်လုနီးဖြစ်သော ချိုမြိန်မှုကို ခံစားရမည် ဖြစ်ပြီး၊ မွှေးကြိုင်ပြီး ကောင်းမွန်သော အရသာကို တွေ့ကြုံခံစားရမည် ဖြစ်သည်။ ထိုမျှမက သင်သည် အမှန်တကယ် ငါ့ထံမှ ခွဲခွာ၍ရနိုင်မည် မဟုတ်ပေ။ ဤပုံစံအတိုင်း ဆက်သွားပါက၊ သင်တို့သည် ငါ၏ စိတ်နှလုံးထဲတွင် ရှိသောအရာကို နားလည် သဘောပေါက်လိမ့်မည်။ ငါသည် သင်တို့၏ လမ်းခရီးဖြစ်ပြီး အရာခပ်သိမ်းသည် ငါ့ကြောင့် ဖြစ်တည်နေသောကြောင့် သင်တို့သည် ဆက်လက်၍ တိုးတက်လာသည်နှင့်အမျှ မည်သည့်အခါမျှ လမ်းပျောက်လိမ့်မည်မဟုတ်။ သင်၏အသက်တာ မည်မျှရင့်ကျက်သည်၊ သင်သည် မည်သည့်အချိန်၌ လောကီရေးရာများမှ ထွက်ပြေးလွတ်မြောက်နိုင်မည်၊ သင်၏ စိတ်လှုပ်ရှားမှုများကို မည်သည့်အချိန်၌ ဖယ်ရှားနိုင်မည်၊ သင်၏ ခင်ပွန်းနှင့် သားသမီးများကို မည်သည့်အချိန်၌ ချန်ထားခဲ့နိုင်မည်၊ သင်၏အသက်တာ မည်သည့်အချိန်၌ ရင့်ကျက်လာမည်...စသည့်အရာအားလုံးတို့သည် ငါ၏ အချိန်နာရီနှင့်အညီ ဖြစ်ပျက်လာလိမ့်မည်။ စိုးရိမ်ကြောင့်ကြရန် မလိုအပ်ပေ။

သင်သည် အပြုသဘောဆောင်သည့်ဘက်မှ ဝင်ရောက်မှုကို ရယူရမည်။ မလှုပ်မယှက် စောင့်စားနေခဲ့လျှင် သင်သည် အပျက်သဘောဆောင်နေဆဲသာ ဖြစ်သည်။ သင်သည် ငါနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဖန်တီးယူရာ၌ လိုလားတက်ကြွနေရမည် ဖြစ်သည်။ လုံ့လဝီရိယရှိပြီး ဘယ်သောအခါမျှ မပျင်းရိလေနှင့်။ ငါနှင့် အမြဲတစေ မိတ်သဟာယဖွဲ့ပြီး၊ ငါနှင့် ပို၍ပင် နက်ရှိုင်းသော ရင်းနှီးကျွမ်းဝင်ခြင်းကို ရယူလော့။ အကယ်၍ သင်နားမလည်ပါက၊ မြန်ဆန်သော ရလဒ်များ ရရှိရန် ဆန္ဒမစောလေနှင့်။ ငါသည် သင့်အား မပြောပြဘဲ နေမည် မဟုတ်။ သင်သည် ငါ့မျက်မှောက်တွင်ရှိစဉ် ငါ့အပေါ် အမှီပြုခြင်း ရှိမရှိနှင့်၊ ငါ့အပေါ် သင်၏ မှီခိုအားထားမှုတွင် သင်သည် ယုံကြည်စိတ်ချခြင်း ရှိမရှိကို ငါမြင်တွေ့လိုခြင်း ဖြစ်သည်။ သင်သည် အစဉ်အမြဲ ငါနှင့် နီးကပ်စွာ ရှိနေပြီး၊ အမှုအရာခပ်သိမ်းကို ငါ့လက်ထဲတွင် ထားရှိရမည်။ အချည်းနှီး ပြန်လှည့်မသွားနှင့်။ သင်သည် အချိန်ကာလတစ်ခုအထိ သတိမမူမိဘဲ ငါနှင့် နီးကပ်စွာရှိနေပြီးနောက်တွင် သင့်အား ငါ၏ ရည်ရွယ်ချက်များကို ထုတ်ဖော်ပြသမည်။ သင်သည် ယင်းတို့ကို သဘောပေါက်နားလည်လျှင် ငါနှင့် အမှန်တကယ် မျက်နှာချင်းဆိုင် တွေ့ဆုံရမည်ဖြစ်ပြီး၊ သင်သည် ငါ၏ မျက်နှာကို အမှန်တကယ် တွေ့ရှိပြီး ဖြစ်လိမ့်မည်။ သင်သည် အတွင်းထဲ၌ များစွာသော ရှင်းလင်းမှုနှင့် တည်ကြည်ခိုင်မာမှုကို ရရှိလိမ့်မည်ဖြစ်ပြီး၊ သင်၌ မှီခိုအားထားစရာ တစ်စုံတစ်ရာ ရှိလိမ့်မည်ဖြစ်သည်။ ထို့နောက် သင်သည် လုပ်နိုင်စွမ်းနှင့် ယုံကြည်စိတ်ချမှုကိုလည်း ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး၊ သင်သည် ရှေ့ဆက်ရမည့် လမ်းကြောင်း ရှိလိမ့်မည်ဖြစ်သည်။ အရာအားလုံးမှာ သင့်အတွက် လွယ်ကူပေလိမ့်မည်။

အရှေ့သို့- အခန်း ၈

နောက်တစ်ခုသို့- အခန်း ၁၀

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။