၃၆၆ ဘုရားအမှုကို အမီမလိုက်နိုင်သော သူတို့သည် ပယ်ရှင်းခြင်းခံရလိမ့်မည်ကျူး

၁ သင်သည် ဘုရားသခင်၏ ဆောင်ရွက်မှု များစွာကို လတ်တလောတွင် မျက်မြင်တွေ့ကြုံနေရသော်လည်း၊ သင်သည် ခုခံဆဲဖြစ်သည်၊ ပုန်ကန်တတ်ဆဲဖြစ်ပြီး ကျိုးနွံနာခံခြင်း မရှိပေ။ သင်သည် သင်၏ အတွင်းတွင် အမှုအရာများစွာ သိုထားပြီး၊ သင် ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ သင်၏ ကိုယ်ပိုင် တပ်မက်မှုများနှင့် နှစ်သက်မှုတို့နောက် သင်လိုက်သည်။ ဤသည်မှာ ပုန်ကန်ခြင်းနှင့် ခုခံခြင်းသာ ဖြစ်သည်။ ဇာတိပကတိနှင့် မိမိ၏တပ်မက်မှုများ အတွက်အပြင်၊ မိမိ၏ နှစ်သက်မှုများအတွက်၊ လောကနှင့် စာတန်အတွက်၊ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ညစ်ညမ်း၏။ ယင်းသည် သဘာဝအားဖြင့် ခုခံကာ ပုန်ကန်တတ်ပေသည်။ ယနေ့ခေတ်တွင် မတူညီသည့် ယုံကြည်မှု မျိုးစုံရှိသည်- အချို့သည် ကပ်ဘေးများမှ အကွယ်အကာကို ရှာပြီး၊ အခြားသူတို့က ကောင်းချီးမင်္ဂလာများ ရရှိရန် ကြိုးစားကြသည်။ အချို့က နက်နဲသောအရာများကို နားလည်ရန် ဆန္ဒရှိကြစဉ်တွင်၊ အချို့က ငွေကို ရှာဖွေနေကြဆဲ ဖြစ်သည်။ ဤအရာများအားလုံးသည် ခုခံခြင်းပုံစံများ ဖြစ်ပြီး၊ ယင်းတို့အားလုံးသည် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ ခုခံသည် သို့မဟုတ် ပုန်ကန်သည်ဟု ပြောဖို့မှာ- ယင်းသည် ထိုသို့သော အပြုအမူများကို ရည်ညွှန်းသည် မဟုတ်လော။

၂ ယနေ့ခေတ်တွင် လူများစွာသည် ညည်းကြသည်၊ စောဒကတက်ကြသည် သို့မဟုတ် အကဲဖြတ်ဝေဖန်မှုများ ပြုကြလေသည်။ ယင်းတို့အားလုံးကို ဆိုးယုတ်သူများက လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် လူသား ခုခံမှုနှင့် ပုန်ကန်မှုတို့၏ ဥပမာများ ဖြစ်ကြသည်။ ဘုရားသခင် ရရှိထားသည့် သူများသည် သူ့ကို လုံးဝ ကျိုးနွံနာခံကြသူများ ဖြစ်သည်။ ၎င်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သော်လည်း၊ ဘုရားသခင်၏ လတ်တလော အမှုအားဖြင့် ကယ်တင်ခြင်းခံရပြီး သိမ်းပိုက်ခြင်းခံရပြီး ဖြစ်သူများ၊ အတိဒုက္ခကို ကြံ့ကြံ့ခံကြပြီးဖြစ်ကာ အဆုံးတွင် ဘုရားသခင်၏ လုံးဝ ရရှိခြင်းခံရပြီး ဖြစ်သူများ၊ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်မရှင်တော့သူများ၊ မဖြောင့်မတ်ခြင်းမှ လွတ်မြောက်သွားပြီး ဖြစ်သူများနှင့် သန့်ရှင်းခြင်းကို အသက်ရှင်နေထိုင်ရန် လိုလားနေကြသူများ ဖြစ်သည်- ထိုသို့သောသူများသည် အသန့်ရှင်းဆုံးသော လူများဖြစ်သည်။ ၎င်းတို့သည် ဧကန်အမှန် သန့်ရှင်းသူများ ဖြစ်ကြသည်။ သင်၏ လက်တလော အပြုအမူများသည် ဘုရားသခင်၏ သတ်မှတ်ချက်များ တစ်စိတ်တစ်ဒေသနှင့်ပင် မကိုက်ညီပါက၊ သင်သည် သုတ်သင်ပယ်ရှင်း ခံရမည် ဖြစ်သည်။ ဤအရာကို မငြင်းနိုင်ပေ။ အရာရာတိုင်းသည် ယခု ဖြစ်ပျက်သည့်အရာအပေါ် မူတည်သည်။ သင်သည် ကြိုတင် ခွဲခန့်မှတ်သားထားခြင်း ခံရကာ ရွေးချယ်ခံရပြီးဖြစ်သော်လည်း၊ ယနေ့ သင်၏ အပြုအမူများသည် သင်၏ရလဒ်များကို အဆုံးအဖြတ်ပေးနေဆဲ ဖြစ်သည်။ သင်သည် ယခု အမီမလိုက်နိုင်ပါက၊ သုတ်သင်ဖယ်ရှင်းခြင်း ခံရမည်ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၆၅ သင်၏သဘာဝသည် အလွန်ဖောက်ပြန်၏ကျူး

နောက်တစ်ခုသို့- ၃၆၇ ငရဲရှိအသက်တာမှ လူကို ဘုရားကယ်တင်လို၏ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။