ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသည်။ ယင်းက အဆင့်တစ်ခုစီတိုင်းနှင့်အတူ ပို၍ အဆင့်မြင့်လာကာ မနက်ဖြန်၏ ဖွင့်ပြမှုသည် ယနေ့ဖွင့်ပြမှုထက် ပို၍အဆင့်မြင့်ပြီး တစ်ဆင့်ပြီးတစ်ဆင့် သာ၍ပင် အဆင့်မြင့်တက်လာသည်။ ထိုသို့သောအရာမှာ ဘုရားသခင်က လူသားကို စုံလင်အောင်ပြုသည့်အမှု ဖြစ်သည်။ အကယ်၍ လူတို့က အမီမလိုက်နိုင်ပါက၊ သူတို့သည် အချိန်မရွေး စွန့်ပယ်ခြင်းကို ခံရနိုင်သည်။ သူတို့၌ နာခံတတ်သော နှလုံးသားမရှိလျှင်၊ အဆုံးတိုင်အောင် လိုက်လျှောက်နိုင်လိမ့်မည်မဟုတ်ပေ။ ယခင်ခေတ်သည် ကုန်လွန်သွားပြီဖြစ်သည်၊ ဤသည်မှာ ခေတ်သစ်ဖြစ်၏။ ထို့ပြင် ခေတ်သစ်၌ အမှုသစ်ကို ပြုရပေမည်။ အထူးသဖြင့် လူတို့ စုံလင်အောင်ပြုခြင်းခံရသည့် နောက်ဆုံးသောခေတ်၌ ဘုရားသခင်သည် ပို၍သစ်သောအမှုကို ပို၍လျင်မြန်စွာ လုပ်ဆောင်လိမ့်မည်ဖြစ်သောကြောင့်၊ လူတို့၏ စိတ်နှလုံးထဲ၌ နာခံမှုမရှိလျှင်၊ သူတို့အနေဖြင့် ဘုရားသခင်၏ ခြေလှမ်းများကို လိုက်လျှောက်ဖို့ ခက်ခဲလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် မည်သည့်စည်းမျဉ်းများကိုမျှ မလိုက်နာသကဲ့သို့၊ သူသည် သူ့အမှု၏ မည်သည့်အဆင့်တိုင်းကိုမဆို မပြောင်းလဲသည့်အရာအဖြစ် မသတ်မှတ်ပေ။ ထိုအစား သူပြုသောအမှုသည် သာ၍ပင် သစ်လွင်ပြီး၊ သာ၍ပင် အဆင့်မြင့်သည်။ အဆင့်တစ်ခုစီတိုင်းနှင့်အတူ သူ၏အမှုသည် ပို၍ပို၍ လက်တွေ့ကျလာပြီး၊ လူသား၏ တကယ့်လိုအပ်ချက်များနှင့် တိုး၍ပင် ကိုက်ညီလာသည်။ လူတို့သည် ထိုကဲ့သို့သောအမှုကို တွေ့ကြုံပြီးမှသာ သူတို့၏ စိတ်သဘောထား အပြီးသတ်ပြောင်းလဲမှုကို ရရှိနိုင်သည်။ လူသား၏ အသက်တာနှင့်ယှဉ်သော အသိသည် ပို၍ပင် မြင့်မားသော အဆင့်အတန်းသို့ ရောက်ရှိသည့်နည်းတူ၊ ဘုရားသခင်၏ အမှုသည်လည်း ပို၍ပင် မြင့်မားသော အဆင့်အတန်းသို့ ရောက်ရှိလေသည်။ ထိုသို့အားဖြင့်သာ လူသားသည် စုံလင်အောင်ပြုခြင်းခံရနိုင်ပြီး၊ ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်တော်လာနိုင်သည်။ ဘုရားသခင်သည် တစ်ဖက်တွင် လူသား၏ အယူအဆများကို ဆန့်ကျင်ရန်နှင့် ပြောင်းပြန်လှန်ရန် ဤနည်းဖြင့် အမှုပြုသော်လည်း၊ အခြားတစ်ဖက်တွင် လူသားကို ပို၍အဆင့်မြင့်သော၊ ပို၍စစ်မှန်သော အခြေအနေသို့ရောက်အောင်၊ ဘုရားသခင်အား ယုံကြည်ခြင်းဆိုင်ရာ အဆင့်အမြင့်ဆုံးနယ်ပယ်သို့ ဦးဆောင်သွားရန်အတွက် ဖြစ်သည်၊ သို့မှသာ အဆုံး၌ ဘုရားသခင်၏ အလိုတော်မှာ ပြည့်စုံနိုင်မည် ဖြစ်သည်။ တမင်တကာဆန့်ကျင်ပြီး မနာခံတတ်သော သဘာဝဗီဇ ရှိသူအားလုံးသည် အလျင်အမြန် တစ်ဟုန်ထိုး တိုးတက်နေသည့် ဘုရားသခင့်အမှု၏ ဤအဆင့်၌ စွန့်ပယ်ခြင်းကို ခံကြရလိမ့်မည်။ ရည်ရွယ်ချက်ရှိရှိ နာခံပြီး မိမိကိုယ်ကိုယ် ဝမ်းမြောက်စွာ နှိမ့်ချတတ်သူများသာ လမ်းဆုံးအထိ ဆက်သွားနိုင်သည်။ ဤအမှုမျိုး၌ သင်တို့အားလုံးသည် မည်သို့ကျိုးနွံနာခံသင့်ပုံနှင့် မိမိတို့၏ အယူအဆများကို မည်သို့ ဘေးဖယ်ထားသင့်ပုံတို့ကို သင်ယူသင့်သည်။ သင်သည် သင် လျှောက်သောခြေလှမ်းတိုင်း၌ သတိထားသင့်သည်။ အကယ်၍ အရေးမထားလျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပစ်ပယ်ခြင်းကို ခံရသူ၊ ဘုရားသခင်၏အမှုကို နှောင့်ယှက်သူ ဧကန်အမှန် ဖြစ်လာလိမ့်မည်။ အမှု၏ ဤအဆင့်ကို မကြုံတွေ့ရသေးမီတွင်၊ လူသား၏ ရှေးက စည်းမျဉ်းများနှင့် ဥပဒေသများသည် မရေတွက်နိုင်လောက်အောင် အလွန်များသောကြောင့် သူသည် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားကာ ရလဒ်အနေနှင့် သူသည် စိတ်ကြီးဝင်သွားပြီး သူ့ကိုယ်သူ မေ့လျော့သွားသည်။ ဤအရာများအားလုံးသည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံခြင်းမှ လူကို နှောင့်ယှက်သည့် အဟန့်အတားများဖြစ်သည်။ ယင်းတို့မှာ ဘုရားသခင်အား လူသား၏ သိကျွမ်းခြင်းအတွက် ရန်သူများဖြစ်ကြသည်။ မိမိတို့၏ စိတ်နှလုံးထဲ၌ နာခံမှုမရှိခြင်း သို့မဟုတ် သမ္မာတရားကို တောင့်တမှု မရှိခြင်းသည် လူတို့အတွက် ဘေးအန္တရာယ်ရှိသည်။ သင်သည် ရိုးရှင်းသည့် အမှုနှင့် နှုတ်ကပတ်တော်များကိုသာ ကျိုးနွံနာခံပြီး ပိုနက်နဲသော မည်သည့်အရာကိုမျှ လက်ခံနိုင်စွမ်း မရှိပါက၊ သင်သည် နည်းလမ်းဟောင်းများကို စွဲကိုင်ထားပြီး သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို အမီမလိုက်နိုင်သောသူ ဖြစ်သည်။ ဘုရားသခင်ပြုသော အမှုသည် အချိန်ကာလကိုလိုက်၍ ကွဲပြား၏။ အကယ်၍ သင်သည် ကဏ္ဍအဆင့်တစ်ခု၌ ကြီးစွာသောနာခံမှု ရှိသော်လည်း၊ နောက်ကဏ္ဍအဆင့်တစ်ခုတွင် သူ၏အမှုအပေါ် သင်၏နာခံမှု အလွန်နည်းလျှင်၊ သို့မဟုတ် သင်သည် နာခံနိုင်စွမ်းမရှိလျှင် ဘုရားသခင် သင့်ကို စွန့်ခွာသွားလိမ့်မည်။ ဘုရားသခင် ဤအဆင့်ကို တက်သည်နှင့်အမျှ သင်မီအောင်လိုက်လျှင်၊ နောက်တစ်ဆင့်သို့ သူတက်သောအခါတွင်လည်း သင်သည် ဆက်၍ မီအောင်လိုက်ရမည်။ သို့မှသာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို နာခံသောသူ ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံသောကြောင့်၊ တစ်သမတ်တည်း နာခံရမည်။ သင်စိတ်ပါလျှင် နာခံလိုက်၊ သင်စိတ်မပါလျှင် မနာခံဘဲနေလိုက် လုပ်၍မရပေ။ ဤနာခံမှုမျိုးသည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို မခံရပေ။ သင်သည် ငါမိတ်သဟာယပြုသော အမှုသစ်ကို မီအောင်မလိုက်နိုင်ဘဲ၊ ယခင်က ဆိုရိုးစကားများကို ဆက်လက်စွဲကိုင်နေလျှင်၊ သင့်အသက်တာ၌ တိုးတက်မှု မည်သို့ရှိနိုင်မည်နည်း။ ဘုရားသခင်၏အမှုမှာ သူ၏ နှုတ်ကပတ်တော်များ မှတစ်ဆင့် သင့်ကို ထောက်ပံ့ပေးဖို့ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များကို သင်နာခံပြီး လက်ခံသောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ဧကန်အမှန် အမှုပြုလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါပြောသည့်အတိုင်း တစ်သဝေမတိမ်း အမှုပြုသည်။ ငါပြောထားသည့် အတိုင်း လုပ်ဆောင်လော့၊ ထိုအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ မဆိုင်းမတွ အမှုပြုလိမ့်မည်။ သင်တို့ မြင်တွေ့ရန်အတွက် အလင်းသစ်ကို ငါစေလွှတ်ကာ၊ ပစ္စုပ္ပန်၏ အလင်းထဲသို့ သင်တို့ကို ငါခေါ်ဆောင်နေပြီး၊ ဤအလင်းထဲသို့ သင်လှမ်းဝင်လာသောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ချက်ချင်းအမှုပြုလိမ့်မည်။ “သင်ပြောတဲ့အတိုင်း ငါလုပ်ဆောင်မည် မဟုတ်။” ဟု ပြောပြီး ဆိုဆုံးမရ ခက်ကောင်းခက်နိုင်သောသူ အချို့ရှိသည်။ ထိုကိစ္စမျိုးတွင် သင် ယခု လမ်းဆုံးသို့ ရောက်နေပြီ၊ သင်သည် သွေ့ခြောက်နေပြီး နောက်ထပ် အသက်မရှိတော့ဟု သင့်ကို ငါပြောသည်။ ထို့ကြောင့် သင်၏ စိတ်သဘောထား ပြောင်းလဲလာသည်ကို တွေ့ကြုံရာ၌ ပစ္စုပ္ပန်ကာလ၏ အလင်းကို မီအောင်လိုက်ခြင်းထက် မည်သည့်အရာမျှ ပိုအရေးပါသည်မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် အသုံးပြုခြင်းခံရသည့် လူအချို့၌သာ အလုပ်လုပ်သည်သာမက၊ ထို့ထက်ပို၍ အသင်းတော်၌ အလုပ်လုပ်သည်။ သူသည် မည်သူ့အထဲ၌မဆို အလုပ်လုပ်နေနိုင်သည်။ သူသည် ပစ္စုပ္ပန်ကာလ၌ သင့်အထဲမှာ အလုပ်လုပ်ကောင်း လုပ်လိမ့်မည်ဖြစ်ပြီး ဤအမှုကို သင်တွေ့ကြုံရလိမ့်မည်။ နောက်ထပ်ကာလအတွင်း၌ သူသည် အခြားလူတစ်ယောက်အထဲ၌ အလုပ်လုပ်ကောင်းလုပ်နိုင်ပြီး၊ ထိုအခြေအနေတွင် သင်မြန်မြန်လိုက်ရမည်။ ပစ္စုပ္ပန်ကာလ၏ အလင်းကို သင် ပို၍နီးကပ်စွာ လိုက်လေလေ၊ သင်၏အသက်တာ ပို၍ ကြီးထွားနိုင်လေလေ ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်ပုဂ္ဂိုလ်အမျိုးအစား ဖြစ်ပါစေ၊ သူ့အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ပါက သင်လိုက်ရမည်။ သူတို့၏ အတွေ့အကြုံများကို သင့်အတွေ့အကြုံများမှတစ်ဆင့် ခံစားလော့၊ ထိုအခါ သင်သည် ပို၍ပင် အဆင့်မြင့်သော အရာများကို ရရှိလိမ့်မည်။ ထိုသို့လုပ်ခြင်းဖြင့် သင်သည် ပိုမိုလျင်မြန်စွာ တိုးတက်လာလိမ့်မည်။ ဤသည်မှာ လူသားအတွက် စုံလင်ခြင်း၏ လမ်းကြောင်းဖြစ်ပြီး အသက်တာ ကြီးထွားသည့် နည်းလမ်းဖြစ်သည်။ စုံလင်စေခြင်းလမ်းကြောင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအား သင်၏နာခံမှုအားဖြင့် ရောက်ရှိလေသည်။ ဘုရားသခင်က မည်သည့်လူအမျိုးအစားအားဖြင့် သင့်ကို စုံလင်စေမည်ကိုလည်းကောင်း၊ သူက မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာအားဖြင့် သင့်အား အမှုအရာများကို ရရှိခွင့်ပြုမည် သို့မဟုတ် မြင်ခွင့်ပြုမည်ကိုလည်းကောင်း သင်မသိချေ။ သင်သည် ဤလမ်းမှန်ပေါ်၌ လျှောက်လှမ်းနိုင်လျှင်၊ သင့်အနေဖြင့် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးသည်ကိုခံရဖို့ ကြီးမားသော မျှော်လင့်ချက်ရှိကြောင်း ယင်းကပြသသည်။ သင်မလျှောက်လှမ်းနိုင်ပါက၊ သင့်အနာဂတ်သည် မျှော်လင့်ချက်မရှိ၊ အလင်းရောင်ကင်းမဲ့သော အနာဂတ်ဖြစ်ကြောင်း ယင်းကပြသသည်။ သင်သည် လမ်းမှန်ပေါ်သို့ ရောက်သောအခါ၊ အရာခပ်သိမ်း၌ ဖွင့်ပြမှုကို ရရှိလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အခြားသူများကို မည်သည့်အရာ ဖွင့်ပြသည်ဖြစ်စေ၊ သင်သည် သူတို့၏ သိကျွမ်းခြင်းအပေါ် အခြေခံပြီး အမှုအရာများကို သင်ကိုယ်တိုင် ကြုံတွေ့ခံစားရအောင် ဆက်လက်လုပ်ဆောင်လျှင်၊ ဤအတွေ့အကြုံသည် သင့်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး၊ သင်သည် ဤအတွေ့အကြုံမှနေ၍ အခြားသူများကို ကူညီထောက်ပံ့နိုင်လိမ့်မည်။ စကားလုံးများ သံယောင်လိုက်ခြင်းအားဖြင့် အခြားသူများကို ကူညီထောက်ပံ့သော သူများသည် မည်သည့်အတွေ့အကြုံမျှ မရှိသောလူတို့ဖြစ်သည်။ သင်ကိုယ်တိုင်၏ တကယ့်အတွေ့အကြုံနှင့် သိကျွမ်းခြင်းအကြောင်းကို စမပြောနိုင်သေးခင်၌၊ သင်သည် အခြားသူများ၏ အလင်းဖွင့်ပြခြင်းနှင့် ဉာဏ်အလင်းပေးမှုအားဖြင့် လက်တွေ့လုပ်ဆောင်နည်းကို တွေ့ရှိရန် သင်ယူရမည်။ ဤအရာက သင်ကိုယ်တိုင်၏ အသက်တာအတွက် သာ၍ ကြီးမားသော အကျိုးကျေးဇူး ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ဆီမှ လာသော အရာမှန်သမျှကို နာခံလျက် ထိုကဲ့သို့ တွေ့ကြုံသင့်သည်။ သင်၏အသက်တာ ကြီးထွားနိုင်စေရန်အတွက် သင်သည် အရာရာ၌ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေပြီး အရာရာ၌ သင်ခန်းစာများကို သင်ယူလေ့လာသင့်သည်။ ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်ခြင်းက အလျင်မြန်ဆုံးသော တိုးတက်မှုကို ဖြစ်စေနိုင်လေသည်။

သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ လက်တွေ့ အတွေ့အကြုံများအားဖြင့် သင့်ကို ဉာဏ်အလင်းပေးပြီး သင်၏ ယုံကြည်ခြင်းအားဖြင့် သင့်ကို စုံလင်စေသည်။ သင်သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရဖို့ အမှန်တကယ် ဆန္ဒရှိသလော။ သင်သည် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းခံရဖို့ အမှန်တကယ် ဆန္ဒရှိလျှင်၊ သင်၏ ဇာတိပကတိကို စွန့်ပယ်ဖို့သတ္တိ သင့်မှာရှိလိမ့်မည်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး အပျက်သဘော ဆောင်မည် သို့မဟုတ် အားနည်းမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံမှ လာသမျှအားလုံးကို နာခံနိုင်လိမ့်မည်ဖြစ်ပြီး၊ လူရှေ့သူရှေ့၌ ဖြစ်စေ သို့မဟုတ် တစ်ဦးတည်းသီးသန့်ဖြစ်စေ၊ သင်၏အပြုအမူအားလုံးသည် ဘုရားသခင်အတွက် ရှုချင်စဖွယ်ဖြစ်လိမ့်မည်။ သင်သည် ရိုးသားသောလူ တစ်ယောက်ဖြစ်ပြီး အရာခပ်သိမ်း၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရလိမ့်မည်။ လူများရှေ့၌ တစ်မျိုး၊ လူတို့နောက်ကွယ်၌ တစ်မျိုး ပြုမူတတ်သည့် လိမ်လည်လှည့်ဖြားသော လူတို့သည် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရရန် ဆန္ဒမရှိကြပေ။ သူတို့ အားလုံးသည် ထာဝရပြစ်ဒဏ်ခံရခြင်းနှင့် ပျက်စီးခြင်း၏သားများ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်နှင့် မဟုတ်ဘဲ၊ စာတန်နှင့် ဆိုင်သောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ရွေးချယ်သည့် လူအမျိုးအစား မဟုတ်ပါတကား။ အကယ်၍ သင့်အပြုအမူများနှင့် အမူအကျင့်တို့ကို ဘုရားသခင်၏ရှေ့၌ ပြရန် သို့မဟုတ် ဘုရားသခင်၏ ဝိညာဉ်တော် ကြည့်ရှုရန် မဖြစ်နိုင်ပါက၊ ယင်းမှာ သင်၌ တစ်ခုခုမှားနေကြောင်း သက်သေဖြစ်သည်။ သင်သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံပြီး သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်းကို အရေးစိုက်မှသာ၊ သင်သည် စုံလင်စေခြင်းခံရမည့် လမ်းကြောင်းပေါ်၌ ရပ်တည်နေနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရရန်နှင့် ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရန် သင်အမှန်တကယ် ဆန္ဒရှိလျှင်၊ ညည်းညူသည့်စကား တစ်ခွန်းမျှမဟဘဲ၊ ဘုရားသခင်၏အမှုကို ချင့်တွက်ရန် သို့မဟုတ် အကဲဖြတ်ရန် ဝံ့ရဲခြင်းမရှိဘဲ၊ ဘုရားသခင်၏ အမှုခပ်သိမ်းကို သင်နာခံသင့်သည်။ ဤသည်တို့မှာ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့အတွက် အနည်းဆုံး သတ်မှတ်ချက်များ ဖြစ်ပါသည်။ ဘုရားသခင်၏ စုံလင်စေခြင်းကို ရှာဖွေသောသူတို့အတွက် လိုအပ်သော သတ်မှတ်ချက်တစ်ခုက ဤသို့ဖြစ်သည်- အရာခပ်သိမ်းတွင် ဘုရားသခင်ကိုချစ်သော နှလုံးသားဖြင့် ပြုမူလုပ်ဆောင်လော့။ အရာခပ်သိမ်းတွင် ဘုရားသခင်ကိုချစ်သော နှလုံးသားဖြင့် ပြုမူလုပ်ဆောင်ခြင်း ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်၏ အပြုအမူများနှင့် အမူအကျင့်အားလုံးမှာ ဘုရားသခင်၏ရှေ့၌ ပြ၍ရသည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ထို့ပြင် သင်၌ မှန်ကန်သော ရည်ရွယ်ချက်များ ရှိသောကြောင့် သင်၏အပြုအမူများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သင်သည် ၎င်းတို့ကို ဘုရားသခင်အား (သို့မဟုတ်) သင်၏ညီအစ်ကို မောင်နှမများအား ပြသရန် မကြောက်ရွံ့ဘဲ၊ ဘုရားသခင်၏ရှေ့၌ သင်သစ္စာဆိုရဲလေသည်။ သင်သည် သင်၏ ရည်ရွယ်ချက်တိုင်း၊ အတွေးတိုင်းနှင့် စိတ်ကူးတိုင်းကို ဘုရားသခင်၏ရှေ့၌ သူစိစစ်ဖို့ရန်အတွက် ပြရမည်။ သင်သည် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်လျှင်၊ သင့်အသက်တာထဲက တိုးတက်မှုမှာ မြန်ဆန်လိမ့်မည်။

သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏ အမှုအားလုံး၌ သင်ယုံကြည်မှု ထားရှိရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ့ကို နာခံရမည်။ အကယ်၍ သင်မနာခံနိုင်လျှင်၊ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယင်းက အရေးမပါတော့ချေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ မနာခံခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့နာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော “ရတနာများ” ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းများ” ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးထားအပ်ပြီး မချိုးဖောက်အပ်သော” တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။ စိတ်နှလုံးထဲ၌ နာခံမှု စိုးစဉ်းမျှမရှိသော ဤအာဏာရှင်များကို မဆိုထားနဲ့၊ နာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးတိုင်အောင် ရှေ့မဆက်နိုင်ကြပါတကား။ ဘုရားသခင်၏ အမှုကို လူသားက အလွယ်တကူ မရရှိနိုင်ပေ။ သူတို့၌ရှိသော ခွန်အားမှန်သမျှ အသုံးပြုခြင်းအားဖြင့်ပင် လူတို့သည် ယင်း၏ တစ်စိတ်တစ်ပိုင်းမျှကိုသာ ရရှိနိုင်မည်ဖြစ်ပြီး၊ အဆုံးသတ်တွင် စုံလင်အောင်ပြုခြင်းကို ရရှိခွင့်ပြုမည် ဖြစ်သည်။ ထိုသို့ဆိုသော် ဘုရားသခင်၏အမှုကို ဖျက်ဆီးရန်ကြိုးစားသော ကောင်းကင်တမန်မင်း၏ သားသမီးများသည် မည်သို့ဖြစ်လိမ့်မည်နည်း။ သူတို့၌ ဘုရားသခင်၏ရယူခြင်းကို ခံရဖို့ မျှော်လင့်ချက်သည် သာ၍ပင် နည်းသည် မဟုတ်လော။ သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ရာ၌ ငါ၏ရည်ရွယ်ချက်မှာ အောင်နိုင်ခြင်းသက်သက်အတွက်သာ သိမ်းပိုက်ရန်မဟုတ်ဘဲ၊ ဖြောင့်မတ်ခြင်းနှင့် မဖြောင့်မတ်ခြင်းကို ထုတ်ဖော်ရန်၊ လူသားကို အပြစ်ဒဏ်ပေးဖို့အတွက် အထောက်အထားရရှိရန်၊ ကောက်ကျစ်စဉ်းလဲသော သူများကို အပြစ်စီရင်ရန်နှင့်၊ ထို့ထက်ပို၍ ရည်ရွယ်ချက်ရှိရှိ နာခံသူများကို စုံလင်စေရန်အတွက် သိမ်းပိုက်ရန်ဖြစ်သည်။ အဆုံးတွင် အားလုံးသည် အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ စုံလင်စေခြင်းခံရသူများမှာ မိမိတို့၏ အတွေးအခေါ်များ၊ အယူအဆများက နာခံမှုနှင့် ပြည့်နေသော သူများပင် ဖြစ်လိမ့်မည်။ ဤသည်မှာ နောက်ဆုံး၌ ဖြစ်မြောက်အောင်ရမည့် အလုပ်ဖြစ်သည်။ ထိုစဉ်တွင် မိမိ၏ လုပ်ဆောင်ချက်တိုင်းက ပုန်ကန်လိုသောသူများသည် အပြစ်ဒဏ်ပေးခြင်းကို ခံရမည်ဖြစ်ပြီး၊ ထာဝရ ကျိန်ခြင်းခံသူများအဖြစ် မီးထဲ၌ လောင်ကျွမ်းဖို့ ပို့ခြင်းခံရမည်ဖြစ်သည်။ ထိုအချိန်ရောက်လာသောအခါ၊ လွန်လေပြီးသော ခေတ်များမှ ထို “ကြီးမြတ်ပြီး နှိမ်နင်းလို့မရသည့် သူရဲကောင်းများ” သည် အယုတ်ညံ့ဆုံးနှင့် အပယ်ခံရဆုံးသော “အားနည်းပြီး မစွမ်းဆောင်နိုင်သည့် ငကြောက်များ” ဖြစ်လာလိမ့်မည်။ ဤအရာကသာလျှင် ဘုရားသခင့် ဖြောင့်မတ်ခြင်း၏ လက္ခဏာတိုင်းနှင့် လူသားမှ ပုန်ကန်ပြစ်မှား၍ မရနိုင်သော သူ၏ စိတ်သဘောထားကို ပုံဆောင်နိုင်ပြီး ဤအရာကသာလျှင် ငါ၏စိတ်နှလုံးထဲမှ အမုန်းတရားကို ကျေနပ်စေနိုင်လေသည်။ ဤသည်မှာ လုံးဝ ထိုက်သင့်သည်ဟု သင်တို့ လက်မခံကြသလော။

သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို တွေ့ကြုံရသူတိုင်း သို့မဟုတ် ဤအတန်းစားထဲ၌ ရှိသောသူတိုင်းက အသက်ကို ရနိုင်သည်မဟုတ်ပေ။ အသက်ဆိုသည်မှာ လူသားတစ်ရပ်လုံးမှ ဝေမျှယူသည့် ဘုံပိုင်ပစ္စည်းတစ်ခု မဟုတ်သည့်အပြင်၊ စိတ်သဘောထား ပြောင်းလဲမှုများသည်လည်း လူတို့အားလုံးမှ အလွယ်တကူ ရရှိနိုင်သည် မဟုတ်ပေ။ ဘုရားသခင်၏အမှုကို ကျိုးနွံနာခံခြင်းသည် စစ်မှန်ပြီး အမှန်တကယ် ဖြစ်ရမည်ဖြစ်ပြီး၊ ယင်းကို အသက်ရှင်နေထိုင်ရမည်။ အပေါ်ယံ ကျိုးနွံနာခံခြင်းမျှသာဖြင့် ဘုရားသခင်၏ ချီးမွမ်းခြင်းကို မရရှိနိုင်သည့်အပြင်၊ မိမိ၏စိတ်သဘောထား၌ ပြောင်းလဲခြင်းကို မရှာဖွေဘဲ၊ ဘုရားသခင့် နှုတ်ကပတ်တော်၏ အပေါ်ယံကဏ္ဍများကို နာခံရုံမျှသည် ဘုရားသခင်၏ စိတ်နှလုံးနှင့် မညီညွတ်ပါပေ။ ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံခြင်းဟူသည် တစ်ခုတည်းဖြစ်ပြီး အတူတူပင်ဖြစ်သည်။ အမှန်တကယ် ကျိုးနွံနာခံခြင်းမရှိဘဲ၊ အပေါ်ယံ၌ ခယဝယလုပ်တတ်သော သူများကို မဆိုထားနှင့်၊ ဘုရားသခင်ကိုသာ ကျိုးနွံနာခံပြီး သူ၏အမှုကို ကျိုးနွံနာခံခြင်း မရှိသောသူများကို နာခံတတ်သည်ဟု မမှတ်ယူနိုင်ပေ။ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသောသူ အားလုံးတို့သည် ထိုအမှုမှ အကျိုးရရှိနိုင်ကြပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် အမှုအား နားလည်ခြင်းကို ရရှိနိုင်ကြသည်။ ထိုကဲ့သို့သော လူတို့သာလျှင် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံကြသည်။ ထိုကဲ့သို့သော လူတို့သည် အမှုသစ်မှနေ၍ အသစ်သော သိကျွမ်းခြင်းကို ရယူနိုင်ပြီး အသစ်သော ပြောင်းလဲမှုများကို ကြုံတွေ့နိုင်သည်။ ဤလူတို့သာလျှင် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံရသည်၊ ဤလူတို့သာလျှင် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရပြီး၊ ဤလူတို့သာလျှင် မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ချီးမွမ်းခြင်းကိုခံရသူများသည် ဘုရားသခင်ကို သာမက သူ၏ နှုတ်ကပတ်တော်နှင့် အမှုကို ဝမ်းမြောက်စွာ ကျိုးနွံနာခံသောသူများ ဖြစ်ကြသည်။ ထိုကဲ့သို့သော လူတို့သာလျှင် တရားနည်းလမ်းကျသည်၊ ထိုကဲ့သို့သော လူတို့သာလျှင် ဘုရားသခင်ကို စိတ်ရင်းဖြင့် လိုလားတောင့်တပြီး၊ ဘုရားသခင်ကို စိတ်ရင်းဖြင့် ရှာဖွေကြသည်။ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်းအကြောင်းကို နှုတ်ဖြင့် ပြောရုံမျှပြောပြီး အချုပ်အားဖြင့် သူ့ကို ကျိန်ဆဲသောသူများအနေဖြင့် ထိုသူတို့သည် မိမိတို့ကိုယ်ကိုယ် မျက်နှာဖုံးတပ်သောသူများ၊ မြွေဆိပ် ရှိသောသူများ ဖြစ်ကြသည်၊ သူတို့သည် အားလုံးအနက် ဒုက္ခအပေးဆုံးသူများ ဖြစ်ကြသည်။ ဤလူလိမ်လူညစ်များသည် အနှေးနှင့်အမြန် ၎င်းတို့၏ မသတီစရာ မျက်နှာဖုံးများ ဆွဲချွတ်ပစ်ခြင်းကို ခံရလိမ့်မည်။ ဤသည်မှာ ယနေ့ လုပ်ဆောင်လျက်ရှိနေသော အလုပ် မဟုတ်ပါသလော။ ကောက်ကျစ်စဉ်းလဲသော လူများသည် အစဉ်အမြဲ ကောက်ကျစ်စဉ်းလဲကြပြီး၊ အပြစ်ဒဏ်ပေးခြင်းနေ့ရက်မှ မည်သည့်အခါမျှ လွတ်မြောက်လိမ့်မည် မဟုတ်ပေ။ ကောင်းမြတ်သောလူများသည် အစဉ်အမြဲ ကောင်းမြတ်ကြပြီး၊ ဘုရားသခင်၏အမှု အဆုံးသို့ရောက်သောအခါ၊ ထုတ်ဖော်ခြင်းကို ခံရကြလိမ့်မည်။ မတရားသောသူ တစ်ယောက်မျှ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်း ခံရမည်မဟုတ်သကဲ့သို့၊ ဖြောင့်မတ်သောသူ တစ်ယောက်မျှ ဆိုးယုတ်သည်ဟု သတ်မှတ်ခြင်း ခံရမည်မဟုတ်ချေ။ ငါသည် လူတစ်ဦးတစ်ယောက်ကို မတရားစွပ်စွဲခြင်း ခံစေမည်လော။

သင်၏အသက်တာ တိုးတက်လာသည်နှင့်အမျှ သင်သည် အဆင့်တိုင်း၌ ပို၍နက်ရှိုင်းလာသည့် အသစ်သောဝင်ရောက်မှုနှင့် သာ၍အဆင့်မြင့်သော ထိုးထွင်းနားလည်မှုအသစ်ကို အမြဲရရမည်။ ဤသည်မှာ လူသားအားလုံး ဝင်ရောက်သင့်သည့် အရာဖြစ်သည်။ မိတ်သဟာယဖွဲ့ခြင်း၊ တရားဒေသနာများကို ကြားနာခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း၊ သို့မဟုတ် ကိစ္စတစ်ခုခုကို ကိုင်တွယ်ခြင်းအားဖြင့် သင်သည် အသစ်သော ထိုးထွင်းနားလည်မှုနှင့် အသစ်သော ဉာဏ်ပွင့်ခြင်းတို့ကို ရရှိမည်ဖြစ်ပြီး၊ အတိတ်၏ဥပဒေသများနှင့် အတိတ်၏ကာလများထဲ၌ နေထိုင်ရမည်မဟုတ်ပေ။ သင်သည် အသစ်သောအလင်းထဲ၌ အစဉ်အမြဲ နေရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သွေဖည်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ မှန်ကန်သောလမ်းကြောင်းအား စတင်ခြင်းကို ဆိုလိုသည်။ အပေါ်ယံအဆင့်တစ်ခုခု၌ အဖိုးအခပေးခြင်းက လုံလောက် လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် တစ်နေ့ပြီးတစ်နေ့ သာ၍မြင့်သောနယ်ပယ်သို့ ဝင်ရောက်နေပြီး အသစ်သောအရာများ နေ့ရက်စဉ်တိုင်း ပေါ်ထွန်းလေ့ရှိသည့်အပြင် လူသားသည်လည်း နေ့ရက်စဉ်တိုင်း အသစ်သောဝင်ရောက်မှုတစ်ခုကို ပြုလုပ်ရမည်။ ဘုရားသခင် စကားပြောသည့်အတိုင်း၊ သူပြောထားခဲ့သမျှ အရာအားလုံးကို ထို့အတူ အကောင်အထည်ဖော်ပြီး၊ သင်သည် အမီမလိုက်နိုင်လျှင် နောက်ကျန်ရစ်လိမ့်မည် ဖြစ်သည်။ သင်သည် သင်၏ဆုတောင်းချက်များ၌ သာ၍နက်ရှိုင်းစွာ သွားရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အား စားသောက်ခြင်းသည် ပြတ်တောင်းပြတ်တောင်း ဖြစ်၍မရနိုင်ပေ။ သင်လက်ခံရရှိသော ဉာဏ်ပွင့်ခြင်းနှင့် အလင်းရခြင်းတို့ကို ပိုမိုနက်ရှိုင်းစေလော့၊ ထိုအခါ သင်၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ တဖြည်းဖြည်း မှေးမှိန်သွားရမည်။ သင်၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုလည်း အားကောင်းလာစေရမည်ဖြစ်ကာ သင်ကြုံတွေ့သော မည်သည့်အရာကိုမဆို သင်သည် ထိုအကြောင်းနှင့်ပတ်သက်၍ သင်၏ ကိုယ်ပိုင်အတွေးများ ရှိရမည်ဖြစ်ပြီး ကိုယ်ပိုင်အမြင်ရှုထောင့်များ ရှိရမည်ဖြစ်သည်။ စိတ်ဝိညာဉ်ထဲ၌ရှိသော အချို့အရာများကို နားလည်ခြင်းအားဖြင့်၊ သင်သည် အပြင်ပန်းအရာများ၌ ထိုးထွင်းနားလည်မှုကို ရရှိပြီး မည်သည့်ကိစ္စ၌မဆို အနှစ်သာရကို နားလည်ရမည်။ အကယ်၍ သင်သည် ဤအရာများနှင့် ပြင်ဆင်ထားခြင်း မရှိပါက၊ အသင်းတော်ကို သင် မည်ကဲ့သို့ ဦးဆောင်နိုင်မည်နည်း။ သင်သည် မည်သည့်စစ်မှန်မှုမျှ မရှိဘဲနှင့်၊ ထို့ပြင် လက်တွေ့လုပ်ဆောင်နည်း တစ်နည်းမျှမပါဘဲနှင့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကိုသာ ပြောဆိုလျှင်၊ သင်သည် အချိန်ခဏတာသာ ပြည့်စုံလုံလောက်နိုင်မည် ဖြစ်သည်။ ယင်းသည် ယုံကြည်သူအသစ်များကို စကားပြောသောအခါ၌ မဖြစ်စလောက် လက်ခံနိုင်စရာ ဖြစ်သော်လည်း၊ အချိန်ကာလတစ်ခုပြီးနောက် ယုံကြည်သူအသစ်များက တကယ့် အတွေ့အကြုံအချို့ ရှိခဲ့ပြီးသောအခါ၊ သင်သည် သူတို့ကို ကူညီထောက်ပံ့နိုင်တော့မည် မဟုတ်ချေ။ ထိုအခါ သင်သည် ဘုရားသခင်အသုံးပြုရန် အဘယ်သို့ သင့်တော်မည်နည်း။ သင်သည် အသစ်သော ဉာဏ်အလင်းမပါဘဲ အလုပ်မလုပ်နိုင်ပေ။ အသစ်သော ဉာဏ်အလင်း မရှိသောသူများသည် မည်သို့တွေ့ကြုံရမည်ကို မသိသောသူများ ဖြစ်ကြပြီး၊ ထိုကဲ့သို့သော လူတို့သည် အသစ်သော သိကျွမ်းခြင်း သို့မဟုတ် အသစ်သော အတွေ့အကြုံကို မည်သည့်အခါမျှ မရကြပေ။ ထို့ပြင် သူတို့သည် အသက်ကို ထောက်ပံ့ပေးသည့် ကိစ္စတွင် မိမိ၏အလုပ်တာဝန်ကို မည်သည့်အခါမျှ မလုပ်နိုင်ကြသကဲ့သို့၊ ဘုရားသခင်အသုံးပြုရန် မသင့်တော်နိုင်ကြပေ။ ဤသို့သော လူအမျိုးအစားသည် အသုံးမဝင်၊ အပျင်းခိုသူသက်သက် ဖြစ်သည်။ အမှန်အားဖြင့် ထိုကဲ့သို့သော လူတို့သည် အလုပ်ထဲတွင် သူတို့၏အလုပ်တာဝန်ကို လုပ်နိုင်စွမ်းမရှိ၊ သူတို့အားလုံးမှာ အသုံးမဝင်ကြပေ။ သူတို့သည် သူတို့၏ အလုပ်တာဝန်ကိုဆောင်ရွက်ရန် ပျက်ကွက်သည့်အပြင် အမှန်တကယ်တွင် သူတို့သည် အသင်းတော်အပေါ် မလိုအပ်သောဝန်များစွာကို ထားရှိလေသည်။ ဤ “ကြည်ညိုကိုင်းရှိုင်းဖွယ်ရာ လူဟောင်းများ” ကို အသင်းတော်မှ အမြန်ထွက်ခွာဖို့ ငါတိုက်တွန်းပေသည်၊ သို့မှသာ အခြားသူများက သင့်ကို တွေ့မြင်စရာ မလိုတော့ပေ။ ထိုကဲ့သို့သော လူတို့သည် အမှုသစ်အား နားလည်ခြင်းမရှိဘဲ၊ အဆုံးမဲ့သော အယူအဆများနှင့် ပြည့်နေကြသည်။ သူတို့သည် အသင်းတော်၌ မည်သည့်အလုပ်တာဝန်ကိုမျှ မထမ်းဆောင်ကြပေ။ ထို့ထက် သူတို့သည် နေရာတကာတွင် ခလောက်ဆန်ပြီး အပျက်သဘောဆောင်ခြင်းကို ပျံ့နှံ့စေလျက်၊ အသင်းတော်၌ လက်မခံနိုင်သော အပြုအမူနှင့် အနှောင့်အယှက်မျိုးစုံ၌ ပါဝင်သည်အထိပင်ဖြစ်ပြီး၊ ထိုသို့ဖြင့် ကွဲပြားခြားနားမှုကို သိမြင်နိုင်စွမ်း မရှိသူများအား ဇဝေဇဝါနှင့် ဖရိုဖရဲ ဖြစ်စေသည်။ သင့်အတွက်ကြောင့် အသင်းတော် ပျက်စီးထိခိုက်မည်စိုး၍ အသက်ရှင်လျက်ရှိသော ဤနတ်မိစ္ဆာများ၊ ဤဝိညာဉ်ဆိုးများက ဖြစ်နိုင်သမျှ အမြန်ဆုံး အသင်းတော်မှ ထွက်သွားသင့်သည်။ သင်သည် မျက်မှောက်အမှုကို ကြောက်ရွံ့ကောင်းကြောက်ရွံ့မည် မဟုတ်သော်လည်း၊ အနာဂတ်၏ တရားသော အပြစ်ဒဏ်ပေးခြင်းကို သင်မကြောက်ရွံ့သလော။ အသင်းတော်၌ ကပ်ပါးရပ်ပါးလုပ်သော လူတို့ အမြောက်အများရှိပြီး၊ ဘုရားသခင်၏ ပုံမှန်အမှုကို နှောင့်ယှက်တားဆီးဖို့ ကြိုးစားသော ဝံပုလွေများလည်း များစွာရှိသည်။ ဤအရာအားလုံးသည် နတ်ဆိုးဘုရင် စေလွှတ်လိုက်သော နတ်ဆိုးများ၊ သတိလက်လွတ်သော သိုးများကို ဝါးမျိုရန် ကြိုးစားသည့် ကြောက်စရာကောင်းသော ဝံပုလွေများ ဖြစ်ကြသည်။ ထိုသို့ခေါ်တွင်သော ဤလူတို့ကို မနှင်ထုတ်လျှင်၊ သူတို့သည် အသင်းတော်အပေါ်၌ ကပ်ပါးကောင်များ၊ လှူဖွယ်ပစ္စည်းများကို ဝါးမျိုသော သံချေးပိုးရွများ ဖြစ်လာကြလိမ့်မည်။ အထင်သေးစရာကောင်းသော၊ မသိနားမလည်သော၊ ယုတ်ညံ့ပြီး ရွံရှာဖွယ်ကောင်းသော ဤလောက်ကောင်များ အပြစ်ပေးခံရသောတစ်နေ့ အနှေးနှင့်အမြန် ရောက်လာအံ့တည်း။

အရှေ့သို့- ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်

နောက်တစ်ခုသို့- နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။