နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအမှုပြုသည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံး၏ အမှုကို လုပ်ဆောင်ရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အမှုပြုရာတွင် အသုံးပြုသည့် အခြေခံသဘောတရားဖြစ်သည်။ လူသားက လူ့ဇာတိ၌ ပေါ်ထွန်းသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်ကို အမှန်တကယ် မြင်နိုင်ဖို့နှင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုတို့ကို ရှုမြင်နိုင်ဖို့အလို့ငှာ မတူညီသော ရှုထောင့်များမှ စကားပြောရန် သူသည် လူ့ဇာတိကိုခံယူခဲ့သည်။ လူကို သိမ်းပိုက်ခြင်း၊ စုံလင်စေခြင်းနှင့် ပယ်ထုတ်ခြင်းဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ထိုသို့သောအမှုကို လုပ်ဆောင်ခြင်း ဖြစ်သည်၊ ယင်းမှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူတို့သည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူသား၏ အနှစ်သာရနှင့် လူသားက မည်သည့်အရာထဲသို့ ဝင်ရောက်သင့်သည် ဆိုသည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသော အမှုသည် အလုံးစုံ အောင်မြင်ခြင်းသို့ ဆောင်ကြဉ်းခံရပေသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူတို့ ဖော်ထုတ်ခံရကြသည်၊ ပယ်ထုတ်ခံရပြီး၊ စစ်ကြောခံရကြလေသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြင်ကြပြီး ဖြစ်သည်၊ ဤနှုတ်ကပတ်တော်များကို ကြားကြပြီးဖြစ်သကဲ့သို့၊ ဤနှုတ်ကပတ်တော်များ၏ တည်ရှိခြင်းကို သတိပြုမိကြပြီး ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်း၊ ဘုရားသခင်၏ အရာအားလုံး တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာတို့အပြင်၊ လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လူကိုကယ်တင်ရန် သူ၏ ဆန္ဒကို ယုံကြည်လာကြပြီး ဖြစ်သည်။ “နှုတ်ကပတ်တော်” ဟူသည့်စကားလုံးသည် ရိုးရှင်းပြီး သာမန်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များသည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါစေသည်၊ ယင်းတို့သည် လူတို့၏စိတ်နှလုံးများကို ပြောင်းလဲစေသည်၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်သဘောထားအဟောင်းတို့ကို ပြောင်းလဲစေပြီး၊ လောကတစ်ခုလုံး ဖြစ်ပေါ်လေ့ရှိသည့် နည်းလမ်းကို ပြောင်းလဲစေသည်။ ခေတ်ကာလများ တစ်လျှောက်တွင်၊ ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့်အမှုပြုပြီး သူသာလျှင် ထိုသို့ စကားပြောပြီး၊ လူသားကို ထိုသို့ကယ်တင်ရန် ကြွလာပေသည်။ ဤအချိန်မှစ၍ လူသားသည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်များ၏ ထိန်းကျောင်းခြင်းနှင့်ထောက်ပံ့ပေးခြင်းခံရလျက် အသက်ရှင်ကြလေသည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ လောက၌ ဘုရားနှုတ်ကပတ်တော်များ၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများ အလယ်တွင် အသက်ရှင်ကြပြီး၊ သူ၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ အောက်တွင် အသက်ရှင်လာကြပြီး ဖြစ်သည့် သာ၍ များသော လူများပင် ရှိလေသည်။ ဤနှုတ်ကပတ်တော်များနှင့် ဤအမှုသည် လူသား၏ ကယ်တင်ခြင်း အတွက်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းခြင်းအတွက်နှင့် အိုဟောင်းသော ဖန်ဆင်းခြင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲခြင်းတို့အတွက်သာ ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုလျက် လောကကို ဖန်ဆင်းခဲ့သည်၊ သူသည် နှုတ်ကပတ်တော်များကို အသုံးပြုလျက် စကြဝဠာအနှံ့ လူတို့ကို ဦးဆောင်ပြီး၊ နှုတ်ကပတ်တော်များကို အသုံးပြုလျက် ၎င်းတို့ကို သိမ်းပိုက်ပြီး ကယ်တင်သည်။ နောက်ဆုံးတွင် သူသည် အိုဟောင်းသော ကမ္ဘာလောက တစ်ခုလုံးကို အဆုံးသတ်ကာ၊ ထိုသို့ဖြင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးကို ပြီးစီးစေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုမည် ဖြစ်သည်။ နိုင်ငံတော်ခေတ် တစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ၏အမှုကို ပြုရန်နှင့် သူ့အမှု၏ ရလဒ်များကို ရရှိရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူသည် အံ့ဖွယ်ရာများကို လုပ်ဆောင်ခြင်းမရှိ သို့မဟုတ် နိမိတ်လက္ခဏာများကို ပြခြင်း မရှိဘဲ၊ နှုတ်ကပတ်တော်များမှတစ်ဆင့် သူ၏အမှုကို လုပ်ဆောင်ရုံမျှ လုပ်ဆောင်လေသည်။ ဤနှုတ်ကပတ်တော်များကြောင့်၊ လူသားသည် အာဟာရ ဖြည့်ခံရပြီး၊ ထောက်ပံ့ခံရကြကာ၊ အသိပညာနှင့် စစ်မှန်သော အတွေ့အကြုံကို ရရှိသည်။ နှုတ်ကပတ်တော်ခေတ်၌၊ လူသည် ထူးခြားစွာ ကောင်းချီးခံစားရပြီး ဖြစ်သည်။ သူသည် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို မခံစားရသကဲ့သို့၊ ဘုရားနှုတ်ကပတ်တော်၏ အလျှံပယ်သော ထောက်ပံ့မှု သက်သက်ကိုသာ မွေ့လျော်ခံစားရလေသည်။ လူသည် ကျိုးကြောင်းမမြင်ဘဲ၊ ထွက်ရှာခြင်း သို့မဟုတ် ကျိုးကြောင်းမမြင်ဘဲ ခရီးဆက်သွားခြင်း မလိုအပ်ဘဲ၊ သူ၏ သက်သောင့်သက်သာ ဖြစ်ခြင်းအလယ်မှ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မြင်ရသည်၊ ဘုရားသခင် ကိုယ်တော်တိုင် သူ၏ နှုတ်ဖြင့် စကားပြောဆိုသည်ကို ကြားရသည်၊ ဘုရားသခင်ထောက်ပံ့ပေးသော အရာကို လက်ခံရရှိပြီး၊ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ သူ၏ အမှု လုပ်ဆောင်နေသည်ကို စောင့်ကြည့်ရလေသည်။ ဤသည်တို့မှာ အတိတ်က လူတို့ မမွေ့လျော် မခံစားနိုင်ခဲ့သောအရာများ ဖြစ်ကြပြီး ၎င်းတို့ မည်သည့်အခါတွင်မျှ မရရှိဖူးသည့် ကောင်းချီးမင်္ဂလာများ ဖြစ်ကြသည်။

ဘုရားသခင်သည် လူကို စုံလင်စေရန် စိတ်ဆုံးဖြတ်ထားပြီးဖြစ်ကာ၊ သူ မည်သည့် ရှုထောင့်မှ စကားပြောသည်ဖြစ်စေ၊ ယင်းမှာ လူတို့ကို စုံလင်စေခြင်းအတွက်သာ ဖြစ်သည်။ ဝိညာဉ်တော်၏ ရှုထောင့်မှ ပြောဆိုသော နှုတ်ကပတ်တော်များသည် လူတို့အဖို့ နားလည်ရန် ခက်ခဲလေသည်။ ၎င်းတို့၏ သိနားလည်နိုင်စွမ်းသည် နည်းပါးလှသည့်အတွက်၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ရှာတွေ့နိုင်ခြင်းငှာ ၎င်းတို့ နည်းလမ်းမရှိကြချေ။ ဘုရားသခင်၏ အမှုသည် မတူကွဲပြားသော အကျိုးတရားများ ရရှိပြီး၊ အမှု၏ အဆင့်အသီးသီးကို လုပ်ဆောင်ရာတွင် သူသည် သူ၏ ရည်ရွယ်ချက်ရှိသည်။ ထို့အပြင် ဘုရားသခင်အနေဖြင့် မတူကွဲပြားသော ရှုထောင့်များမှ စကားပြောရန် အရေးကြီး၏၊ အကြောင်းမှာ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်သာ ဘုရားသခင်သည် လူကို စုံလင်စေနိုင်သည့်အတွက် ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ ရှုထောင့်မှသာ သူ၏အသံကို မြွက်ဆိုပါက၊ ဘုရားသခင်၏ အမှု၏ ဤအဆင့်ကို ပြီးစီးစေဖို့ နည်းလမ်းရှိမည် မဟုတ်ပေ။ သူ စကားပြောဆိုသည့် လေသံမှ၊ ဘုရားသခင်သည် ဤလူစုအား စုံလင်စေဖို့ စိတ်ပိုင်းဖြတ်ထားသည်ကို သင်သိနိုင်သည်။ ထို့ကြောင့် စုံလင်စေခြင်းခံရဖို့ ဆန္ဒရှိသူများ အသီးသီးအတွက် မည်သည့်အရာသည် ပထမအဆင့် ဖြစ်သင့်သနည်း။ အားလုံးအထက်တွင်၊ သင်သည် ဘုရားသခင်၏ အမှုကို သိရမည်။ ယနေ့တွင် ဘုရားသခင်၏ အမှု၌ နည်းစနစ်အသစ် စတင်ပြီး ဖြစ်သည်။ ခေတ်သည် ကူးပြောင်းပြီး ဖြစ်သည်၊ ဘုရားသခင် အမှုပြုသည့် နည်းလမ်းလည်း ပြောင်းလဲသွားပြီး ဖြစ်ကာ ဘုရားသခင်စကားပြောသည့် နည်းစနစ်သည် ခြားနားလေသည်။ ယနေ့တွင် သူ၏ အမှုနှင့်ဆိုင်သည့် နည်းစနစ် ပြောင်းလဲပြီးဖြစ်သည်သာမက၊ ခေတ်သည်လည်း ပြောင်းလဲပြီ ဖြစ်သည်။ ယခုသည် နိုင်ငံတော်ခေတ်ဖြစ်၏။ ဘုရားသခင်ကို ချစ်ခြင်း ခေတ်လည်းဖြစ်၏။ ယင်းသည် အနှစ်တစ်ထောင်နိုင်ငံတော်ခေတ်၏ အမြည်း ဖြစ်သည်- ယင်းမှာ နှုတ်ကပတ်တော်ခေတ်လည်း ဖြစ်ပြီး၊ လူကို စုံလင်စေရန် ဘုရားသခင်က စကားပြောဆိုခြင်း နည်းလမ်းများစွာ အသုံးပြုပြီး၊ လူကို ထောက်ပံ့ရန် မတူကွဲပြားသော ရှုထောင့်များမှ စကားပြောသည့်ခေတ် ဖြစ်သည်။ အနှစ်တစ်ထောင် နိုင်ငံတော်ခေတ် အတွင်းသို့ ဝင်ရောက်ရာတွင်၊ ဘုရားသခင်သည် လူသားအား အသက် လက်တွေ့အရှိတရားထဲသို့ ဝင်ခွင့်ပေးရင်းနှင့် မှန်သော လမ်းကြောင်းပေါ်သို့ ၎င်းကို ဦးဆောင်ရင်း၊ လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်များကို စတင် အသုံးပြုလိမ့်မည်။ ဘုရားသခင်၏ အမှု၏ အဆင့်များစွာကို တွေ့ကြုံပြီးနောက်၊ လူသားက ဘုရားသခင်၏ အမှုသည် မပြောင်းမလဲ ရှိမနေဘဲ၊ မရပ်မနား အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်ကာ နက်သည်ထက် နက်လာသည်ကို မြင်ရလေသည်။ လူတို့သည် ယင်းကို အချိန်ကြာမြင့်စွာ တွေ့ကြုံပြီးနောက်တွင် အမှုသည် အဖန်ဖန် ပြောင်းလဲရင်း၊ ထပ်တလဲလဲ လည်ပတ်ပြီးဖြစ်သည်။ သို့သော် ယင်းသည် မည်ရွေ့မည်မျှ ပြောင်းလဲသည်ဖြစ်စေ၊ လူသားမျိုးနွယ်ထံ ကယ်တင်ခြင်း ဆောင်ကြဉ်းခြင်း ဖြစ်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်မှ မည်သည့်အခါမျှ သွေဖည်မသွားပေ။ အကြိမ်တစ်သောင်း အပြောင်းအလဲများ တစ်လျှောက်တွင်ပင်၊ ယင်းသည် ယင်း၏ မူလရည်ရွယ်ချက်မှ မည်သည့်အခါမျှ လမ်းလွဲမသွားပေ။ ဘုရားသခင်၏ အမှု၏ နည်းစနစ် မည်မျှပြောင်းလဲမည် ဖြစ်စေကာမူ၊ ဤအမှုသည် သမ္မာတရားမှ သို့မဟုတ် အသက်ထံမှ မည်သည့်အခါမျှ သွေဖည်မသွားပေ။ အမှုကို လုပ်ဆောင်သည့် နည်းစနစ်ထဲက အပြောင်းအလဲများသည် အမှု၏ ပုံစံနှင့် ဘုရားသခင် စကားပြောသည့် ရှုထောင့်တို့ရှိ အပြောင်းအလဲတစ်ခုမျှသာ ပါဝင်သည်။ ဘုရားသခင်၏ အမှု၏ အဓိကကျသော ရည်မှန်းချက်တွင် ပြောင်းလဲမှုမရှိချေ။ ဘုရားသခင်၏ အသံနေအသံထားနှင့် သူ၏ အမှု နည်းစနစ်တို့ရှိ အပြောင်းအလဲများသည် အကျိုးသက်ရောက်မှု တစ်ခုကို ရရှိရန်အလို့ငှာ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ အသံနေအသံထား ပြောင်းလဲခြင်းသည် ရည်ရွယ်ချက် သို့မဟုတ် အမှုနောက်ကွယ်က အခြေခံသဘောတရား၌ ပြောင်းလဲခြင်းတစ်ခုဟု မဆိုလိုပေ။ လူသည် အဓိကအားဖြင့် အသက်ရှာဖွေဖို့အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း အသက်ကို မရှာဖွေပါက၊ သို့မဟုတ် သမ္မာတရား သို့မဟုတ် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို မလိုက်စားပါက၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း မဟုတ်ပေ။ သင်သည် ဘုရင်တစ်ဦးဖြစ်ဖို့ရန် နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ ကြိုးစား နေသေးသည်မှာ လက်တွေ့ကျပါသလော။ အသက်ကို ရှာဖွေခြင်းမှတစ်ဆင့် ဘုရားသခင်ကို ချစ်ခြင်းအား စွမ်းဆောင်ရရှိခြင်း- ဤအရာသည်သာ လက်တွေ့အရှိတရား ဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း- ဤအရာအားလုံးသည် လက်တွေ့အရှိတရား ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ဤနှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းဖြင့်၊ သင်သည် တကယ့် အတွေ့အကြုံအလယ်တွင် ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာကို သဘောပေါက်လာလိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ အမှန်တကယ် လိုက်စားခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။

ယခုသည် နိုင်ငံတော်ခေတ် ဖြစ်၏။ သင်သည် ဤခေတ်အသစ်ထဲသို့ ဝင်ရောက်ပြီးခြင်း ရှိ မရှိဆိုသည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ သင်ဝင်ရောက်ပြီးခြင်း ရှိ မရှိဆိုသည့်အပေါ်၊ သူ၏ နှုတ်ကပတ်တော်များက သင့်အသက်တာ လက်တွေ့အရှိတရား ဖြစ်လာပြီးခြင်း ရှိ မရှိဆိုသည့်အပေါ် မူတည်ပေသည်။ အဆုံးတွင် လူအားလုံးသည် ဘုရားနှုတ်ကပတ်တော်များ၏ကမ္ဘာ၌ အသက်ရှင်ကြရန် အလို့ငှာနှင့် သူ၏ နှုတ်ကပတ်တော်များက လူအသီးသီးကို အတွင်းမှ အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေးဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတိုင်းထံ သိစေပြီး ဖြစ်သည်။ ဤအချိန် အတွင်းတွင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာ၌ အရေးမထားသကဲ့သို့၊ သူ၏ နှုတ်ကပတ်တော်များကို စိတ်မဝင်စားပါက၊ ဤသည်မှာ သင်၏ လက်ရှိအခြေအနေ မှားယွင်းသည်ကို ပြသပေသည်။ သင်သည် နှုတ်ကပတ်တော်ခေတ်ထဲသို့ မဝင်ရောက်နိုင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်မလုပ်ပေ။ သင်သည် ဤခေတ်ထဲသို့ ဝင်ရောက်ပြီးဖြစ်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ၏အလုပ်ကို လုပ်လိမ့်မည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိဖို့ နှုတ်ကပတ်တော်ခေတ်၏ အစတွင် မည်သည့်အရာကို သင် လုပ်ဆောင်နိုင်သနည်း။ ဤခေတ်ထဲနှင့် သင်တို့အလယ်တွင်၊ ဘုရားသခင်သည် အောက်ပါ အချက်များကို ပြီးမြောက်လိမ့်မည်- လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်ရှင် နေထိုင်ကြလိမ့်မည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်ကို အလေးအနက် ချစ်ကြလိမ့်မည်။ လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံအုတ်မြစ်အဖြစ်နှင့် ၎င်းတို့၏ လက်တွေ့အရှိတရား အဖြစ် အသုံးပြုကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ ရှိကြလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့်၊ လူသားသည် ဘုရားသခင်နှင့်အတူ မင်းတို့၏တန်ခိုးအာဏာကို စွဲကိုင်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က စွမ်းဆောင်ရရှိမည့် အမှု ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဖတ်မရှုဘဲ အသက်ရှင်နိုင်သလော။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမရှိဘဲ၊ တစ်ရက် သို့မဟုတ် နှစ်ရက်ပင် အသက်မရှင်နိုင်ဟု ခံစားရသောသူများစွာ ရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်ဖတ်ကြရပြီး၊ အချိန်က အခွင့်မပေးပါက၊ ယင်းတို့ကို နားထောင်ခြင်းက ၎င်းတို့အဖို့ လုံလောက်ပေမည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က လူတို့ကို ပေးသော ခံစားချက် ဖြစ်ပြီး ၎င်းတို့ကို စတင်တို့ထိသည့် နည်းလမ်း ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက် နိုင်ရန်အလို့ငှာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို နှုတ်ကပတ်တော်များ မှတစ်ဆင့် အုပ်စိုးပေသည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမရှိဘဲ တစ်ရက်မျှကြာပြီးနောက်တွင်၊ သင်သည် မှောင်မိုက်မှုနှင့် ဆာငတ်မှုကို ခံစားရပြီး ယင်းကို မခံနိုင်ပါက၊ ဤသည်မှာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရပြီးဖြစ်ကာ သူသည် သင့်ထံမှ ထွက်မသွားသေးသည်ကို ပြသပေသည်။ ထိုအခါ သင်သည် ဤရေစီးကြောင်းထဲ၌ ရှိသောသူတစ်ဦး ဖြစ်သည်။ သို့သော် အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမရှိဘဲ၊ တစ်ရက် သို့မဟုတ် နှစ်ရက်ကြာပြီးနောက် သင်သည် အမှုအရာတစ်ခုကို မခံစားရပါက၊ ဆာငတ်မှု မရှိသကဲ့သို့ လုံးဝ တို့ထိခြင်းမခံစားရပါက၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ထံမှ ထွက်သွားပြီဖြစ်သည်ကို ပြသပေသည်။ သို့ဖြစ်လျှင် ဤအရာက သင့်အတွင်းရှိ အခြေအနေနှင့်ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းသည်ကို ဆိုလိုလေသည်။ သင်သည် နှုတ်ကပတ်တော်ခေတ်ထဲသို့ မဝင်ရောက်ရသေးသကဲ့သို့၊ သင်သည် နောက်ကျ ကျန်ရစ်ပြီးသူများထဲမှ တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်သည် လူတို့ကို အုပ်စိုးရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လျှင် နေလို့ကောင်းပြီး၊ မစားသောက်လျှင် သင်သည် လိုက်လျှောက်ရမည့် လမ်းကြောင်း မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ အစာဖြစ်လာသကဲ့သို့၊ ၎င်းတို့ကို တွန်းအားပေးသည့် ခွန်အား ဖြစ်လာသည်။ ကျမ်းစာက၊ “လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်။” (ရှင်မဿဲခရစ်ဝင် ၄:၄) ဟုပြောသည်။ ယနေ့တွင် ဘုရားသခင်သည် ဤအမှုကို ပြီးစီးစေမည်ဖြစ်ပြီး သင်တို့အထဲတွင် ဤအမှန်တရားကို သူ ဖြစ်မြောက်စေမည် ဖြစ်သည်။ အတိတ်တွင် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရက်ပေါင်းများစွာ မဖတ်ရှုဘဲ နေနိုင်ကြသော်လည်း၊ ပုံမှန်အတိုင်း စားနိုင်ပြီး အလုပ်လုပ်နိုင်ခဲ့ကြသော်လည်း၊ ယနေ့တွင် ဤသည်မှာ အဘယ်သို့ မဖြစ်ရသနည်း။ ဤခေတ်တွင် ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးဖို့ နှုတ်ကပတ်တော်များကို အဓိက အသုံးပြု၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူသားသည် တရားစီရင်ခံရပြီး စုံလင်စေခြင်းခံရပြီးနောက် နောက်ဆုံးတွင် နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခြင်း ခံရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ လူသား၏အသက်ကို ထောက်ပံ့ပေးနိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ၊ အထူးသဖြင့် နိုင်ငံတော်ခေတ်တွင်၊ လူသားကို အလင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအတွက် လမ်းကြောင်းတစ်ခု ပေးနိုင်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် စားသောက်ရင်း၊ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားမှ မသွေဖည်သရွေ့၊ ဘုရားသခင်က သင့်ကို စုံလင်စေနိုင်လိမ့်မည် ဖြစ်သည်။

အသက်ကို လိုက်စားခြင်းသည် အလျင်လို၍ ရသည့်အရာတစ်ခု မဟုတ်ပေ။ အသက်တာ ကြီးထွားမှုသည် တစ်ရက် နှစ်ရက်မျှဖြင့် မဖြစ်ပေ။ ဘုရားသခင်၏ အမှုသည် ပုံမှန် ဖြစ်ပြီး လက်တွေ့ကျသကဲ့သို့၊ သေချာပေါက် ကြုံသည့် ဖြစ်စဉ်တစ်ခု ရှိသည်။ သူ၏ ကားစင်တင်ခံရခြင်းအမှုကို ပြီးစီးဖို့ လူ့ဇာတိခံ ယေရှုက သုံးဆယ့်သုံးနှစ်ခွဲ အချိန်ကြာခဲ့သည်- သို့ဆိုလျှင် အဆုံးစွန် အခက်အခဲဆုံး အမှုဖြစ်သည့် လူသားကို သန့်စင်ခြင်းနှင့် သူ၏ အသက်တာကို ပြောင်းလဲခြင်းတို့သည် အဘယ်နည်း။ ဘုရားသခင်ကို ထင်ရှားဖော်ပြသည့် ပုံမှန်လူတစ်ဦးဖြစ်စေရန်မှာ လွယ်ကူသည့်အလုပ် မဟုတ်ပေ။ ဤသည်မှာ အထူးသဖြင့် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် မွေးဖွားသည့်လူများ၊ အရည်အချင်း ညံ့ဖျင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ အချိန်ကာလကြာမြင့်စွာ လိုအပ်သည့်လူတို့အတွက် ဖြစ်သည်။ ထို့ကြောင့် ရလဒ်များကို မြင်ရဖို့ စိတ်မစောနှင့်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရာတွင် ဖန်တီးလုပ်ဆောင်ရမည် ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ ပိုအားထုတ်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ဖတ်ရှုပြီးသည့်အခါတွင်၊ သင်သည် ဘုရား နှုတ်ကပတ်တော်များ၌ အသိပညာ၊ ထိုးထွင်းသိမြင်မှု၊ ချင့်ချိန်နိုင်စွမ်းနှင့် ဉာဏ်ပညာတို့တွင် ကြီးထွားလျက်၊ ထိုနှုတ်ကပတ်တော်များကို လက်တွေ့ လုပ်ဆောင်နိုင်ရမည်။ ဤအရာမှတစ်ဆင့် သင်သည် နားမလည်လိုက်ဘဲနှင့် ပြောင်းလဲလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ယင်းတို့ကို ဖတ်ရှုခြင်း၊ သိရှိလာခြင်း၊ ယင်းတို့ကို တွေ့ကြုံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့ကို သင်၏ အခြေခံသဘောတရားအဖြစ် ယူနိုင်ပါက၊ သင်သည် သတိမထားမိဘဲ ရင့်ကျက်လာလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက်တွင်ပင်၊ ၎င်းတို့ လက်တွေ့မလုပ်ဆောင်နိုင်ကြဟု ပြောသောသူများ ရှိသည်။ သင်သည် အဘယ်အရာကို အလျင်စလို ဖြစ်နေသနည်း။ ဝိညာဉ်ရင့်ကျက်မှု တစ်ခုခုအထိ သင် ရောက်ရှိသည့်အခါတွင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်သည်။ လေးနှစ်သား သို့မဟုတ် ငါးနှစ်သား ကလေးတစ်ဦးက မိမိ၏မိဘများကို ထောက်ပံ့ကူညီ နိုင်စွမ်းမရှိ သို့မဟုတ် လေးစားနိုင်ခြင်းမရှိဟု ပြောမည်လော။ သင်၏ လတ်တလော ဝိညာဉ်ရင့်ကျက်မှု မည်မျှကြီးမြတ်သည်ကို သင်သိသင့်သည်။ သင်လက်တွေ့လုပ်ဆောင်နိုင်သည်ကို လက်တွေ့လုပ်ဆောင်လော့၊ ပြီးလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို နှောင့်ယှက်သူတစ်ဦး အဖြစ်ကို ရှောင်ရှားလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရုံ စားသောက်ပြီး၊ ယခုမှစ၍ ယင်းကို သင်၏ အခြေခံသဘောတရားအဖြစ် သဘောထားလော့။ ဘုရားသခင်က သင့်ကို စုံလင်စေနိုင်ခြင်း ရှိ မရှိဆိုသည်ကို လောလောဆယ်တွင် မစိုးရိမ်နှင့်။ ယင်းကို အသည်းအသန် ကြိုးစား မရှာဖွေသေးနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုသာ ၎င်းတို့ သင့်ထံရောက်လာသည်နှင့်အမျှ စားသောက်လော့၊ ပြီးလျှင် ဘုရားသခင်သည် သင့်ကို စုံလင်စေမည်မှာ သေချာပေသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက်ရာတွင် အသုံးပြုရသည့် အခြေခံသဘောတရား ရှိသည်။ အလွန် ကျိုးကြောင်းမမြင်ဘဲ မလုပ်ဆောင်နှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရာတွင်၊ တစ်ဖက်၌၊ သင် နားလည်လာသင့်သော နှုတ်ကပတ်တော်များကို- ဆိုလိုသည်မှာ ရူပါရုံနှင့်ဆိုင်သော နှုတ်ကပတ်တော်များကို- ရှာဖွေပြီး အခြားတစ်ဖက်တွင် သင် တကယ် လက်တွေ့လုပ်ဆောင် သင့်သည့်အရာကို- ဆိုလိုသည်မှာ သင် ဝင်ရောက်သင့်သည့်အရာကို- ရှာဖွေလော့။ ကဏ္ဍတစ်ခုသည် အသိပညာနှင့် ပတ်သက်ပြီး၊ အခြားတစ်ခုမှာ ဝင်ရောက်ခြင်းနှင့် သက်ဆိုင်သည်။ သင်သည် နှစ်ခုလုံးကို သဘောပေါက်သည်နှင့်တစ်ပြိုင်နက်- ဆိုလိုသည်မှာ သင် နားလည်သင့်သည့်အရာနှင့် လက်တွေ့လုပ်ဆောင်သင့်သည့်အရာတို့ကို သဘောပေါက်ပြီးသည့်အခါတွင်- ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်ကို သင် သိလိမ့်မည်။

ရှေ့ဆက်သွားရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အကြောင်းကို ပြောဆိုခြင်းသည် သင် စကားပြောရာတွင် အသုံးပြုသည့် အခြေခံသဘောတရား ဖြစ်သင့်သည်။ သာမန်အားဖြင့်၊ သင်တို့ စုဝေးလာသောအခါတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့၏ အပြန်အလှန် ဆက်ဆံခြင်းနှင့်ဆိုင်သည့် အကြောင်းအရာ ဖြစ်စေလျက်၊ ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ သင် သိသည့်အရာ၊ ယင်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်နှင့် သန့်ရှင်းသော ဝိညာဉ်တော်က မည်သို့အလုပ်လုပ်သည့်အကြောင်းကို ပြောဆိုရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပတ်သက်သည့် မိတ်သဟာယတွင် သင်တို့ ပါဝင်သင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယပြုသရွေ့၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အလင်းပေးလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် ကမ္ဘာလောကကို စွမ်းဆောင်ရရှိခြင်းသည် လူသား၏ ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်ပေသည်။ သင်သည် ဤအရာထဲသို့ မဝင်ရောက်လျှင်၊ ဘုရားသခင်သည် အမှုပြုခြင်းငှာ နည်းလမ်းရှိမည်မဟုတ်ပေ။ သင်သည် သင်၏ နှုတ်ကိုပိတ်ထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်းကို မပြောလျှင်၊ ဘုရားသခင်သည် သင့်ကို အလင်းပေးနိုင်မည် မဟုတ်။ သင် အလုပ်မများသည့် အချိန်တိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်းကို ပြောပြီး၊ အချည်းနှီးသော စကားစမြည်ပြောဆိုခြင်းတွင် မပါဝင်နှင့်။ သင်၏ အသက်တာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပြည့်စေလော့- ထိုအခါမှသာ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦး ဖြစ်လိမ့်မည်။ သင်၏ မိတ်သဟာယသည် အပေါ်ယံဖြစ်သည် ဖြစ်စေ အရေးမကြီးပေ။ ပေါ့တန်ခြင်း မရှိဘဲနှင့် နက်ရှိုင်းမှု မရှိနိုင်။ နည်းစနစ်တစ်ခု ရှိရမည်။ သင်၏ လေ့ကျင့်မှုမှတစ်ဆင့်၊ သင့်အပေါ် သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းပေးမှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ ထိရောက်စွာ စားသောက်ရမည်ဆိုသည်ကို သင် သဘောပေါက်လိမ့်မည်။ စူးစမ်းမှု ကြားကာလပြီးသည့်နောက်တွင်၊ သင်သည် ဘုရားသခင် နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်လိမ့်မည်။ သင်သည် ပူးပေါင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားမှသာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိနိုင်လိမ့်မည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၏ အခြေခံသဘောတရားထဲမှ၊ တစ်ချက်သည် အသိပညာနှင့် ဆက်နွှယ်ပြီး အခြားတစ်ခုမှာ ဝင်ရောက်ခြင်းနှင့် ဆက်နွှယ်သည်။ မည်သည့် နှုတ်ကပတ်တော်များကို သင်သိလာသင့်သနည်း။ ရူပါရုံများနှင့်ဆက်နွှယ်သော နှုတ်ကပတ်တော်များကို သင်သိလာသင့်သည် (ဘုရားသခင်၏ အမှုသည် ယခု မည်သည့်ခေတ်သို့ ဝင်ရောက်ပြီးဖြစ်သည်၊ ယခု ဘုရားသခင်က မည်သည့်အရာကို စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည်၊ လူ့ဇာတိခံယူခြင်း ဆိုသည်မှာ မည်သည့်အရာ ဖြစ်သည် စသည်တို့ကဲ့သို့သော နှုတ်ကပတ်တော်များ ဖြစ်သည်။ ဤအရာအားလုံးသည် ရူပါရုံများနှင့် ဆက်နွှယ်ပေသည်။) လူက ဝင်ရောက်သင့်သည့် လမ်းသည် မည်သည့်အရာကို ရည်ရွယ်ပါသနည်း။ ဤအရာသည် လူက လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်သင့်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရည်ညွှန်းသည်။ အထက်က အရာတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၏ ရှုထောင့်နှစ်ခု ဖြစ်သည်။ ယခုအချိန်မှစ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤနည်းဖြင့် စားသောက်လော့။ သင်သည် ရူပါရုံနှင့် ပတ်သက်သော သူ၏ နှုတ်ကပတ်တော်များကို ရှင်းလင်းသည့် သိနားလည်မှု တစ်ခု ရှိပါက၊ တစ်ချိန်လုံး ဖတ်မြဲဖတ်နေဖို့ မလိုပေ။ အဓိက အရေးကြီးသည်မှာ ဘုရားသခင်ထံသို့ သင့်နှလုံးသားကို မည်သို့ လှည့်ရမည်၊ ဘုရားသခင်၏ ရှေ့၌ သင့်နှလုံးသားကို မည်သို့ ငြိမ်သက်စေရမည်ဆိုသည်နှင့်၊ ဇာတိပကတိကို မည်သို့ စွန့်လွှတ်ရမည်ကဲ့သို့သော ဝင်ရောက်ခြင်းနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များကို သာ၍ စားသောက်ဖို့ ဖြစ်သည်။ ဤသည်တို့မှာ သင် လက်တွေ့ လုပ်ဆောင်သင့်သည့်အရာများ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်ကို မသိဘဲနှင့်၊ စစ်မှန်သော မိတ်သဟာယဆိုသည်မှာ မဖြစ်နိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်ကို သင် သိသည်နှင့်တစ်ပြိုင်နက်၊ အဓိကအချက်က မည်သည့်အရာဖြစ်သည်ကို သင် သဘောပေါက်ပြီးသည့်အခါတွင်၊ မိတ်သဟာယသည် လွတ်လပ်လာလိမ့်မည် ဖြစ်ပြီး၊ မည်သည့်အရေးကိစ္စ ပေါ်သည်ဖြစ်စေ သင်သည် မိတ်သဟာယဖွဲ့နိုင်ပြီး လက်တွေ့အရှိတရားကို သဘောပေါက်နိုင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယ ပြုနေချိန်တွင် သင်သည် လက်တွေ့အရှိတရား မရှိပါက၊ ဘယ်အရာက အဓိက ဖြစ်သည်ကို သင်နားမလည်သေးပေ၊ ယင်းက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်မှန်း မသိသည်ကို ပြသပေသည်။ အချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းသည် ငြီးငွေ့ဖွယ်ဖြစ်သည်ဟု မြင်ကောင်းမြင်နိုင်သည်၊ ယင်းမှာ ပုံမှန်အခြေအနေ မဟုတ်ပေ။ ပုံမှန်အခြေအနေ ဖြစ်သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအား မည်သည့်အခါတွင်မျှ မငြီးငွေ့ခြင်း၊ ယင်းတို့ကို အမြဲ ဆာငတ်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကောင်းမွန်သည်ဟု အမြဲ မြင်ခြင်း ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ဝင်ရောက်ပြီးသော သူက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပုံ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန့်အလွန် လက်တွေ့ကျပြီး လူ ဝင်ရောက်သင့်သောအရာ အတိအကျ ဖြစ်သည်ဟု သင်ခံစားရသောအခါ၌၊ သူ၏ နှုတ်ကပတ်တော်များသည် လူသားအဖို့ ကြီးမားစွာ အထောက်အကူ ဖြစ်ပြီး အကျိုးပြုသကဲ့သို့၊ လူသား၏ အသက် အထောက်အပံ့ ဖြစ်သည်ဟု သင် ခံစားရသည့်အခါတွင်- သင့်ကို ဤခံစားချက်ပေးသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ သင့်ကို တို့ထိသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သည်။ ဤအရာက သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်လုပ်နေပြီး၊ ဘုရားသခင်သည် သင့်ထံမှ မစွန့်ခွာသွားသေးသည်ကို သက်သေပြပေသည်။ လူအချို့က ဘုရားသခင် အမြဲ စကားပြောနေသည်ကို မြင်လျက်၊ သူ၏ နှုတ်ကပတ်တော်များကို ငြီးငွေ့လာကြပြီး ယင်းတို့ကို ၎င်းတို့ ဖတ်သည်ဖြစ်စေ၊ မဖတ်သည်ဖြစ်စေ မည်သည့်အကျိုးဆက်မျှ မရှိဟု ထင်ကြသည်- ယင်းမှာ ပုံမှန်အခြေအနေ မဟုတ်ပေ။ ၎င်းတို့သည် လက်တွေ့အရှိတရား ထဲသို့ ဝင်ရောက်ဖို့ ဆာငတ်သည့် နှလုံးသား ကင်းမဲ့ကြပြီး၊ ထိုသို့သောလူတို့သည် စုံလင်စေခြင်းကို မဆာငတ်ကြသကဲ့သို့ အရေးကြီးသည်ဟု မခံယူကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား သင် ဆာငတ်ခြင်း မရှိသည်ကို ရှာဖွေတွေ့ရှိသောအခါတိုင်းတွင်၊ ဤအရာက သင်သည် ပုံမှန် အခြေအနေတွင် မရှိသည်ကို ပြသပေသည်။ အတိတ်တွင် ဘုရားသခင်သည် သင့်ထံမှ ထွက်ခွာပြီးဖြစ်သည်၊ မဖြစ်သည်ကို သင်၏အတွင်း၌ ငြိမ်သက်ခြင်း ရှိ မရှိဆိုသည်နှင့် သင်သည် မွေ့လျော်မှု တွေ့ကြုံခဲ့ရခြင်း ရှိ မရှိဆိုသည်တို့အပေါ် ဆုံးဖြတ်ပေသည်။ ယခုတွင် အဓိကအချက်မှာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်ခြင်း ရှိ မရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ လက်တွေ့အရှိတရား ဖြစ်ခြင်း ရှိ မရှိ၊ သင်သည် သစ္စာရှိခြင်း ရှိ မရှိဆိုသည်နှင့်၊ ဘုရားသခင်အတွက် သင် လုပ်နိုင်သမျှ အားလုံးကို လုပ်နိုင်ခြင်း ရှိ မရှိဆိုသည်တို့ ဖြစ်သည်။ တစ်နည်းအားဖြင့် လူသည် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားအားဖြင့် တရားစီရင်ခြင်း ခံရပေသည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို လူသားမျိုးနွယ် အားလုံးထံသို့ ညွှန်ကြားသည်။ သင်သည် ထိုနှုတ်ကပတ်တော်များကို ဖတ်ရှုရန် လိုလားနေပါက၊ သူသည် သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်၊ သို့သော် သင်က မလိုလားပါက၊ သူသည် သင့်ကို အသိဉာဏ် ပွင့်လင်းစေမည် မဟုတ်။ ဘုရားသခင်သည် ဖြောင့်မတ်ခြင်းကို ဆာငတ်ကာ မွတ်သိပ်သော သူတို့ကို အသိဉာဏ်ပွင့်လင်းစေပြီး၊ သူ့ကို ရှာ‌ဖွေသောသူတို့ကို အသိဉာဏ် ပွင့်လင်းစေသည်။ အချို့က သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှု ပြီးသည့်နောက်တွင်ပင်၊ ဘုရားသခင်သည် ၎င်းတို့ကို အသိဉာဏ်ပွင့်လင်းစေခြင်း မရှိဟု ပြောကြသည်။ သို့သော် ဤနှုတ်ကပတ်တော်များကို သင်တို့ မည်သည့်နည်းလမ်းဖြင့် ဖတ်ရှုကြသနည်း။ လူတစ်ဦးက မြင်းစီးလျက် ပန်းများကို ကြည့်သည့်ပုံစံဖြင့် သူ၏ နှုတ်ကပတ်တော်များကို သင်ဖတ်ရှုပြီး၊ လက်တွေ့အရှိတရားအပေါ် အရေးမထားပါက၊ ဘုရားသခင်သည် သင့်ကို မည်သို့ အသိဉာဏ်ပွင့်လင်းစေနိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးမထားသူသည် ဘုရားသခင်၏ စုံလင်စေခြင်းကို မည်သို့ ခံရနိုင်မည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးမထားပါက၊ သင်သည် သမ္မာတရား ဖြစ်စေ၊ လက်တွေအရှိတရားဖြစ်စေ၊ ရှိလိမ့်မည်မဟုတ်။ သူ၏ နှုတ်ကပတ်တော်များကို သင် တန်ဖိုးထားလျှင်၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်ပြီး၊ ထိုအခါတွင်မှ လက်တွေ့အရှိတရားကို သင် ပိုင်ဆိုင်လိမ့်မည်။ ဤသည်မှာ သင် အလုပ်များသည်ဖြစ်စေ၊ မများသည်ဖြစ်စေ၊ အခြေအနေများ ဆိုးသည် ဖြစ်စေ၊ မဆိုးသည်ဖြစ်စေ၊ သင် ငြီးငွေ့သည်ဖြစ်စေ၊ မငြီးငွေ့သည်ဖြစ်စေ အချိန်တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရမည့် အကြောင်းရင်း ဖြစ်သည်။ အားလုံးခြုံကြည့်သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ၏ တည်ရှိခြင်း အခြေခံအုတ်မြစ် ဖြစ်သည်။ မည်သူမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စွန့်ခွာ၍မရဘဲ၊ ၎င်းတို့သည် တစ်နေ့ အစာသုံးကြိမ် စားသည့်အတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားရမည်။ ဘုရားသခင်၏ စုံလင်စေခြင်းနှင့် ရယူခံရခြင်းတို့သည် ထိုမျှ လွယ်ကူနိုင်မည်လော။ လက်ရှိအချိန်၌ သင် နားလည်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်၏ အမှု၌ သင် ထိုးထွင်းသိမြင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြစ်နိုင်သမျှ များများ စားသောက်ရမည်။ ဤသည်မှာ အခြေအနေဖန်တီးလုပ်ဆောင်သည့်နည်းလမ်းဖြင့် ဝင်ရောက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ သင် ဝင်ရောက်နိုင်သောအရာကို အလျင်အမြန် လက်တွေ့လုပ်ဆောင်ပြီး၊ သင် မလုပ်နိုင်သောအရာကို ခဏဘေးဖယ် ထားလော့။ အစတွင် သင် နားမလည်နိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာ ရှိကောင်း ရှိနိုင်သော်လည်း၊ နှစ်လ သို့မဟုတ် သုံးလ၊ တစ်နှစ်ခန့်ပင် ကြာပြီးနောက်တွင်၊ သင် နားလည်လိမ့်မည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူကို တစ်ရက်၊ နှစ်ရက်ဖြင့် မစုံလင်စေနိုင်သောကြောင့် ဖြစ်သည်။ အချိန်အများစုတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ဖတ်ရှုသောအခါ၊ သင် ချက်ချင်း နားလည်ကောင်း နားလည်နိုင်မည်မဟုတ်။ ထိုအချိန်တွင် ယင်းတို့သည် စာမျှထက် မပိုသကဲ့သို့ ထင်ကောင်း ထင်ရနိုင်သည်။ ယင်းတို့ကို သင် နားမလည်နိုင်မီတွင်၊ အချိန်တစ်ခုကြာ ထိုနှုတ်ကပတ်တော်များကို သင် တွေ့ကြုံရမည် ဖြစ်သည်။ ဘုရားသခင်သည် စကားများစွာ ပြောပြီးသည့်နောက်၊ သင်သည် သူ၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ အစွမ်းကုန် ကြိုးစားသင့်သည်၊ ထို့နောက် မသိလိုက်ဘဲနှင့်၊ သင် နားလည်လာမည် ဖြစ်ပြီး မသိလိုက်ဘဲနှင့်၊ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူကို အသိဉာဏ်ပွင့်လင်းစေသောအခါတွင်၊ ယင်းသည် မကြာခဏ လူ၏ သတိပြုမိခြင်း မရှိဘဲ ဖြစ်ပေသည်။ သင် ဆာငတ်ကာ မွတ်သိပ်သောအခါ၌ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့် အခြေခံသဘောတရားသည် သင် စားသောက်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြု ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အရေးမထားသကဲ့သို့- ၎င်းတို့၏ စိတ်ရှုပ်ထွေးသော အတွေးထဲတွင်၊ သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်သည်၊ မဖတ်သည်ကို စိတ်ဝင်စားခြင်းမရှိသည့် ကိစ္စတစ်ခု ဖြစ်သည်ဟု ယုံကြည်လျက်- သူ၏ နှုတ်ကပတ်တော်များအပေါ် မတူကွဲပြားသော သဘောထားတစ်ခု အမြဲ ရှိသူများအားလုံးသည် လက်တွေ့အရှိတရား မပိုင်ဆိုင်သူများ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ် ပွင့်လင်းစေခြင်းဖြစ်စေ မတွေ့ရနိုင်ပေ။ ဤကဲ့သို့သော လူများသည် အားမစိုက်ဘဲ၊ လုပ်ဆောင်ရုံမျှ လုပ်ဆောင်နေသူများ၊ ပုံဥပမာနှင့်ဆိုင်သည့်က ဦးနန်ဂုအို ကဲ့သို့၊ စစ်မှန်သော အရည်အချင်းများ မရှိဘဲ ဟန်ဆောင်နေသူများ ဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်တွေ့အရှိတရားအဖြစ် မရှိဘဲနှင့်၊ သင်သည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မရှိပေ။ စမ်းသပ်ခံရမည့် အချိန်ရောက်လာသောအခါတွင်၊ သင်သည် သေချာပေါက် လဲပြိုလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ထုတ်ဖော်ပြခံရလိမ့်မည်။ သို့သော် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရန် ပုံမှန်ကြိုးစားသူများသည် စမ်းသပ်မှုများနှင့် ဝန်းရံဖိစီးခံရသည့်အခါ၊ ဘုရားသခင်၏ အမှု၏ ရည်ရွယ်ချက်ကို နားလည်လိမ့်မည်။ အသိတရား ပိုင်ဆိုင်သောသူနှင့် ဘုရားသခင်ကို ဆာငတ်သောသူသည် ဘုရားသခင်အား သူ၏မေတ္တာအတွက် ပြန်ပေးဆပ်ရန် လက်တွေ့ကျသော လုပ်ရပ်ကို လုပ်ဆောင်သင့်သည်။ လက်တွေ့အရှိတရား မပိုင်ဆိုင်သူများသည် အသေးအဖွဲ ကိစ္စလေးများကိုပင် ရင်ဆိုင်ရာတွင် ခိုင်ခိုင်မြဲမြဲ မရပ်တည်နိုင်ပေ။ ယင်းမှာ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ရှိသူများနှင့် မရှိသူများကြားက ခြားနားချက်ဖြစ်သည်။ ၎င်းတို့ နှစ်ဦးလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက် ကြသော်လည်း၊ စမ်းသပ်မှုများအလယ်တွင် အချို့သည် ခိုင်ခိုင်မာမာ ရပ်တည်နိုင်သော်လည်း၊ အချို့က အဘယ်ကြောင့် ထွက်ပြေးကြသနည်း။ သိသာထင်ရှားသော ခြားနားမှုမှာ အချို့သည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့ကြလေသည်။ ၎င်းတို့သည် ၎င်းတို့၏ လက်တွေ့အရှိတရားအဖြစ် အသုံးတော်ခံဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိကြသကဲ့သို့၊ ၎င်းတို့အတွင်းတွင် သူ၏ နှုတ်ကပတ်တော်များက အမြစ်မတွယ်သေးပေ။ ၎င်းတို့ မောပန်းသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ လမ်းကြောင်း အဆုံးသို့ ရောက်ကြလေသည်။ သို့ဆိုလျှင် စမ်းသပ်မှုများအလယ်တွင် အချို့သည် ခိုင်ခိုင်မာမာ ရပ်နိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို သိနားလည်ပြီး ရူပါရုံ ရှိကြကာ ဘုရားသခင်၏ အလိုနှင့် သူ၏ သတ်မှတ်ချက်များကို နားလည်သောကြောင့် ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် စမ်းသပ်မှုများ တစ်လျှောက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ကြပေသည်။ ဤသည်မှာ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုဖြစ်ပြီး၊ အသက်လည်း ဖြစ်သည်။ အချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ကောင်း ဖတ်နိုင်သော်လည်း၊ လက်တွေ့ မလုပ်ဆောင်ကြပေ၊ ယင်းတို့ကို လေးလေးနက်နက် သဘောမထားကြပေ။ ယင်းတို့ကို လေးလေးနက်နက် သဘောမထားသူတို့သည် လက်တွေ့လုပ်ဆောင်ဖို့ အလေးမထားကြချေ။ ၎င်းတို့၏ လက်တွေ့ အရှိတရားအဖြစ် အသုံးတော်ခံဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိကြသူတို့သည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မရှိကြသကဲ့သို့၊ ထိုသို့သော လူများသည် စမ်းသပ်မှုများ တစ်လျှောက် ခိုင်ခိုင်မာမာ မရပ်တည်နိုင်ပေ။

ဘုရားသခင်၏ နှုတ်ကပတ်တော်များ ထွက်ပေါ်လာသည့်အချိန်တွင်၊ သင်တို့ ချက်ချင်း လက်ခံရရှိပြီး ယင်းတို့ကို စားသောက်သင့်သည်။ သင်တို့ မည်မျှ နားလည်သည်ဖြစ်စေ၊ သင်တို့ ခိုင်ခိုင်မာမာ စွဲကိုင်သင့်သည့် ရှုထောင့်တစ်ခုမှာ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့၊ သိရှိဖို့နှင့် လက်တွေ့လုပ်ဆောင်ဖို့ ဖြစ်သည်။ ဤသည်မှာ သင်တို့ လုပ်ဆောင်နိုင်သင့်သည့် အရာတစ်ခု ဖြစ်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှု မည်မျှကြီးမားလာသည်မှာ ကိစ္စမရှိပေ။ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ်သာ အာရုံစိုက်လော့။ ဤသည်မှာ လူသားက ပူးပေါင်း လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်၏ ဝိညာဉ်ရေးရာ အသက်တာ ဆိုသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်း၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရန် ကြိုးစားဖို့ ဖြစ်သည်။ အခြားတစ်ခုတစ်လေအပေါ် အာရုံစိုက်ရန်မှာ သင်၏ အရေးကိစ္စ မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်သို့ စားသောက်ရမည်ကို သိရှိဖို့အလို့ငှာ အသင်းတော် ခေါင်းဆောင်များသည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများအားလုံးကို လမ်းပြနိုင်သင့်ပေသည်။ ဤသည်မှာ အသင်းတော် ခေါင်းဆောင် တစ်ဦးချင်းစီတိုင်း၏ တာဝန် ဖြစ်သည်။ အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ခြင်းကို ကြီးမားသည့် အရေးပါမှု တစ်ခုအဖြစ် မှတ်ယူသင့်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ရှိသင့်ပေသည်။ ဤလက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းဆိုသည်မှာ နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ခြင်းဟု ဆိုလိုသည်။ ယနေ့တွင်၊ လူအများစုက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်ဘဲ ၎င်းတို့ အသက်မရှင်နိုင်ကြဟု ခံစားရပြီး သူ၏ နှုတ်ကပတ်တော်များသည် အချိန်ကာလကို ပဓာနမထားဘဲ လတ်ဆတ်သည်ဟု ခံစားရသည်။ ဤသည်မှာ ၎င်းတို့သည် လမ်းကြောင်းမှန်ပေါ်သို့ စတင် ရောက်ရှိနေကြသည်ကို ဆိုလိုပေသည်။ ဘုရားသခင်သည် သူ၏ အမှုကို ပြုရန်နှင့် လူသားကို ထောက်ပံ့ပေးရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ အယောက်တိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တမ်းတကြပြီး ဆာငတ်ကြသည့်အခါ၊ လူသားမျိုးနွယ်သည် သူ၏ နှုတ်ကပတ်တော်များ၏ ကမ္ဘာလောကထဲသို့ ဝင်ရောက် ကြလိမ့်မည်။

ဘုရားသခင်သည် များစွာ ပြောဆိုပြီးဖြစ်သည်။ သင်မည်မျှ သိရှိလာပြီးဖြစ်သနည်း။ သင် မည်မျှ ဝင်ရောက်ပြီး ဖြစ်သနည်း။ အသင်းတော် ခေါင်းဆောင်တစ်ဦးသည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို ဘုရားသခင် နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ လမ်းပြခြင်း မရှိသေးပါက၊ ၎င်းတို့သည် ၎င်းတို့တာဝန်ကို တမင် ပျက်ကွက်ကြပြီးဖြစ်လိမ့်မည် ဖြစ်ကာ ၎င်းတို့၏ တာဝန်ဝတ္တရားများကို မလုပ်ဆောင်နိုင်ကြပြီး ဖြစ်ပေလိမ့်မည်။ သင်၏ သိနားလည်ခြင်းသည် နက်နဲသည်ဖြစ်စေ အပေါ်ယံ ဖြစ်ပါစေ၊ သင်၏ သိနားလည်မှု အတိုင်းအတာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်သို့ စားသောက်ရမည်ကို သင်သိရမည်၊ သူ၏ နှုတ်ကပတ်တော်များကို သင် အလွန်အာရုံစိုက်ရမည် ဖြစ်ပြီး၊ ယင်းတို့ကို စားသောက်ခြင်း၏ အရေးပါမှုနှင့် လိုအပ်မှုတို့ကို သိနားလည်ရမည်။ ဘုရားသခင်သည် များစွာပြောဆိုပြီးသည့်နောက်၊ သင်သည် သူ၏ နှုတ်ကပတ်တော်များကို မစားသောက်ပါက သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို ရှာဖွေဖို့ သို့မဟုတ် လက်တွေ့လုပ်ဆောင်ဖို့ မကြိုးစားပါက၊ ဤအရာကို ဘုရားသခင်၌ ယုံကြည်ခြင်းဟု ခေါ်ဆို၍မရနိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ရမည်၊ သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံပြီး အသက်ရှင်နေထိုင်ရမည် ဖြစ်သည်။ ဤအရာကိုသာ ဘုရားသခင်၌ ယုံကြည်မှုဟု ခေါ်ဆို၍ ရနိုင်ပေသည်။ ဘုရားသခင်ကို ယုံကြည်သည်ဟု သင့်နှုတ်ဖြင့် ပြောသော်လည်း၊ သူ၏ နှုတ်ကပတ်တော်များထဲမှ မည်သည့်အရာကိုမျှ လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက သို့မဟုတ် မည်သည့် လက်တွေ့အရှိတရားကိုမျှ မဖြစ်ပေါ်စေနိုင်ပါက၊ ဤအရာကို ဘုရားသခင်၌ ယုံကြည်ခြင်းဟု မခေါ်ဆိုပေ။ ထို့ထက် ယင်းသည် “ဆာလောင်မှုကို ဖြေဖျောက်ဖို့ ပေါင်မုန့်ရှာခြင်း” ဖြစ်သည်။ လက်တွေ့အရှိတရား စိုးစဉ်းမျှပင် ပိုင်ဆိုင်ခြင်းမရှိဘဲ၊ အရေးမပါသော သက်သေခံချက်များ၊ အချည်းနှီးသော အရာများ၊ အပေါ်ယံဖြစ်သော အရေးကိစ္စများကို ပြောဆိုခြင်း- ဤအရာတို့သည် ဘုရားသခင်၌ ယုံကြည်မှုတွင် မပါဝင်သကဲ့သို့၊ သင်သည် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ဆိုင်သည့် မှန်ကန်သော နည်းလမ်းအား တကယ်ကို သဘောမပေါက်သေးပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြစ်နိုင်သမျှ များများ အဘယ်ကြောင့် စားသောက် ရမည်နည်း။ သူ၏ နှုတ်ကပတ်တော်များကို သင် မစားသောက်ဘဲ၊ ကောင်းကင်ဘုံသို့ တက်ဖို့သာ ကြိုးစားပါက၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု ဖြစ်ပါသလော။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦး လျှောက်လှမ်းသင့်သည့် ပထမ ခြေလှမ်းမှာ အဘယ်နည်း။ မည်သည့် လမ်းကြောင်းဖြင့် ဘုရားသခင်သည် လူကို စုံလင်စေသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်ဘဲနှင့်၊ သင်သည် စုံလင်စေခြင်း ခံရနိုင်သလော။ သင်၏ လက်တွေ့အရှိတရားအဖြစ် အသုံးတော်ခံဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိဘဲနှင့်၊ သင်သည် နိုင်ငံတော်နှင့်ဆိုင်သော လူတစ်ဦးဟု ယူဆ၍ ရနိုင်သလော။ ဘုရားသခင်၌ ယုံကြည်မှုသည် မည်သည့်အရာကို အတိအကျ ဆိုလိုသနည်း။ ဘုရားသခင်ကို ယုံကြည်သူများသည် အနည်းဆုံးအနေဖြင့် အပြင်ပန်းတွင် ကောင်းကောင်း ပြုမူသင့်သည်။ အားလုံးထဲတွင် အရေးအကြီးဆုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုင်ဆိုင်ဖို့ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးဝ စွန့်ပစ်၍မရပေ။ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် သူ၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်း အားလုံးကို သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ အနာဂတ်တွင်၊ တိုင်းနိုင်ငံတိုင်း၊ အသင်းတော် ဂိုဏ်းဂဏတိုင်း၊ ဘာသာတရားတိုင်းနှင့် ကဏ္ဍတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှတစ်ဆင့် သိမ်းပိုက်လိမ့်မည်။ ဘုရားသခင်သည် တိုက်ရိုက် စကားပြောဆိုလိမ့်မည်ဖြစ်ပြီး၊ လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ လက်များထဲ၌ စွဲကိုင်ထားကြလိမ့်မည် ဖြစ်ကာ၊ ဤအရာအားဖြင့် လူသားမျိုးနွယ်သည် စုံလင်စေခြင်းခံရလိမ့်မည်။ အတွင်းနှင့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ နေရာအနှံ့ ပျံ့နှံ့သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ နှုတ်များဖြင့် ပြောဆိုကြလိမ့်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့ လုပ်ဆောင်ကြလိမ့်မည် ဖြစ်ပြီး၊ အတွင်းကော အပြင်ပါ ဘုရားသခင် နှုတ်ကပတ်တော်၌ နက်နက်ရှိုင်းရှိုင်း ပြည့်နှက်ဆဲဖြစ်လျက်၊ စိတ်ထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိန်းသိမ်းကြလိမ့်မည်။ ထိုသို့ဖြင့် လူသားမျိုးနွယ်သည် စုံလင်စေခြင်း ခံရလိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းပြီး၊ သူ့အဖို့ သက်သေခံနိုင်သောသူများ၊ ဤသည်တို့မှာ ၎င်းတို့၏ လက်တွေ့အရှိတရားအဖြစ် ဘုရားသခင် နှုတ်ကပတ်တော်များကို ပိုင်ဆိုင်ကြသည့် လူများ ဖြစ်သည်။

နှုတ်ကပတ်တော်ခေတ်ထဲသို့- အနှစ်တစ်ထောင် နိုင်ငံတော်ခေတ်ထဲသို့- ဝင်ရောက်ခြင်းသည် ယနေ့တွင် ပြီးမြောက်လျက်ရှိသည့် အမှု ဖြစ်သည်။ ယခုအချိန်မှစ၍၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယ ပြုရာတွင် ပါဝင်ခြင်းကို လက်တွေ့လုပ်ဆောင်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပြင် ကြုံတွေ့ခံစားခြင်းအားဖြင့်သာ၊ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင် နိုင်လိမ့်မည်။ သင်သည် အခြားသူများအား သိမ်းသွင်းစည်းရုံးဖို့ အလို့ငှာ လက်တွေ့ကျသော အတွေ့အကြုံအချို့ကို ဖြစ်ပေါ်စေရမည်။ အကယ်၍ သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားကို အသက်ရှင် မနေထိုင်နိုင်ပါက၊ မည်သူမျှ ယုံကြည်လက်ခံကြမည် မဟုတ်ပေ။ ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသောသူများ အားလုံးသည် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားကို အသက်ရှင် နေထိုင်နိုင်ကြသည်။ အကယ်၍ သင်သည် ဤလက်တွေ့အရှိတရားကို မဖြစ်ပေါ်စေနိုင်သကဲ့သို့၊ ဘုရားသခင်ကို သက်သေမခံနိုင်ပါက၊ ဤအရာက သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်မလုပ်ရသေးသကဲ့သို့၊ သင်သည် စုံလင်စေခြင်း မခံရသေးသည်ကို ပြသပေသည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ အရေးပါမှု ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်သော နှလုံးသား ရှိပါသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်သောသူများသည် သမ္မာတရားကို ဆာငတ်ကြပြီး၊ ဤကဲ့သို့သော လူများသည်သာ ဘုရားသခင်၏ ကောင်းချီးပေးခြင်းခံရပေသည်။ အနာဂတ်တွင်၊ ဘာသာတရားများအားလုံးနှင့် အသင်းတော်ဂိုဏ်းဂဏများအားလုံးကို ဘုရားသခင် ပြောဆိုမည့် သာ၍များသော နှုတ်ကပတ်တော်များစွာ ရှိသည်။ ဘုရားသခင်သည် တစ်ပါးအမျိုးသားများအလယ် ၎င်းတို့ကို သိမ်းပိုက်ဖို့ စကားပြောဆိုပြီး၊ သူ၏ အသံကို မိန့်မြွက်ခြင်းမပြုမီ၊ ပထမဦးစွာ သင်တို့ကို စုံလင်စေဖို့ သင်တို့အလယ်တွင် စကားပြောဆိုပြီး သူ၏အသံကို မိန့်မြွက်လေသည်။ နှုတ်ကပတ်တော်များမှ တစ်ဆင့်၊ အားလုံးသည် စိတ်ရင်းအမှန်နှင့် လုံးဝ ယုံကြည်လက်ခံကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏ ဗျာဒိတ်များမှတစ်ဆင့်၊ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား လျော့နည်းသွားသည်၊ သူသည် လူတစ်ဦး၏ သွင်ပြင်ကို ရရှိပြီး၊ သူ၏ပုန်ကန်တတ်သော စိတ်သဘောထား လျော့နည်းသွားလေသည်။ နှုတ်ကပတ်တော်များသည် လူသားအပေါ် ဩဇာအာဏာဖြင့် အလုပ်လုပ်ပြီး ဘုရားသခင်၏ အလင်းအတွင်းတွင် လူကို သိမ်းပိုက်သည်။ လက်ရှိခေတ်၌ ဘုရားသခင်လုပ်ဆောင်သည့် အမှုအပြင် သူ့အမှု၏ အပြောင်းအလဲများ အားလုံးကို သူ၏ နှုတ်ကပတ်တော်များအတွင်း၌ တွေ့ရှိနိုင်သည်။ သင်သည် သူ၏ နှုတ်ကပတ်တော်များကို မဖတ်ရှုပါက၊ မည်သည့်အရာကိုမျှ သင် နားလည်လိမ့်မည် မဟုတ်။ သူ၏ နှုတ်ကပတ်တော်များကို သင်ကိုယ်တိုင်၏ စားသောက်ခြင်းမှတစ်ဆင့်၊ ပြီးလျှင် သင်၏ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယပြုခြင်းနှင့် သင်၏ တကယ့်အတွေ့အကြုံများမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် ပြည့်ဝသော အသိပညာကို သင် ရရှိလိမ့်မည်။ ထိုအခါမှသာ သင်သည် ယင်းတို့၏ လက်တွေ့အရှိတရားကို အမှန်တကယ် အသက်ရှင်နေထိုင်နိုင်လိမ့်မည် ဖြစ်သည်။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ပုံဥပမာနှင့်ဆိုင်သည့်” ဆိုသည့် စကားစု မပါဝင်ပါ။

အရှေ့သို့- ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

နောက်တစ်ခုသို့- အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။