အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

ဘုရားသခင်သည် မတူညီသော ခေတ်များနှင့်အညီ၊ သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုပြီး သူ၏ အမှုကို လုပ်ဆောင်သည်၊ ပြီးလျှင် မတူညီသော ခေတ်များတွင် မတူညီသော နှုတ်ကပတ်တော်များကို ပြောဆိုလေသည်။ ဘုရားသခင်သည် စည်းမျဉ်းများကို မလိုက်နာပေ၊ သို့မဟုတ် အမှုတစ်ခုတည်းကို ထပ်မလုပ်ဆောင်ပေ၊ သို့မဟုတ် အတိတ်၏ အမှုအရာများကို တသသ လွမ်းဆွတ်မနေပေ။ သူသည် အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ မအိုဟောင်းသော ဘုရားသခင်ဖြစ်သကဲ့သို့၊ နေ့စဉ် နှုတ်ကပတ်တော်သစ်များကို သူပြောဆိုလေသည်။ သင်သည် ယနေ့ လိုက်နာသင့်သည့်အရာကို လိုက်နာသင့်သည်။ ဤသည်မှာ လူ၏ တာဝန်နှင့် ဝတ္တရား ဖြစ်သည်။ မျက်မှောက်ခေတ်တွင် လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်၏ အလင်းနှင့် နှုတ်ကပတ်တော်ကို ဗဟိုပြုရန်မှာ အရေးကြီးပေသည်။ ဘုရားသခင်သည် စည်းမျဉ်းများကို မလိုက်နာသကဲ့သို့၊ သူ၏ ဉာဏ်ပညာနှင့် အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းကို ပေါ်လွင်စေဖို့ မတူကွဲပြားသော ရှုထောင့်များစွာမှ စကားပြောနိုင်လေသည်။ သူသည် ဝိညာဉ်တော်၏ ရှုထောင့်မှ စကားပြောသည် ဖြစ်စေ၊ လူ၏ရှုထောင့်မှ စကားပြောသည်ဖြစ်စေ၊ ဘေးလူတစ်ဦး၏ ရှုထောင့်မှ စကားပြောသည်ဖြစ်စေ- ဘုရားသခင်သည် အမြဲ ဘုရားသခင်ဖြစ်ပြီး၊ သူ စကားပြောဆိုသည့် လူ၏ရှုထောင့်ကြောင့် သူသည် ဘုရားသခင် မဟုတ်ဟု သင်ပြော၍ မရနိုင်ပေ။ ဘုရားသခင် စကားပြောဆိုသည့် မတူညီသော ရှုထောင့်များ၏ အကျိုးဆက်အနေဖြင့် လူအချို့ကြားတွင် အယူအဆများ ထွက်ပေါ်လာခဲ့သည်။ ထိုသို့သော လူများသည် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာမရှိသကဲ့သို့၊ သူ၏ အမှုနှင့်ဆိုင်သည့် အသိပညာမရှိပေ။ ဘုရားသခင်သည် ရှုထောင့်တစ်ခုမှ အမြဲစကားပြောပါက၊ လူသည် ဘုရားသခင်နှင့် ပတ်သက်သော စည်းမျဉ်းများ ချမှတ်မည် မဟုတ်လော။ ဘုရားသခင်သည် လူကို ထိုသို့ပြုမူဖို့ ခွင့်ပြုနိုင်မည်လော။ မည်သည့် ရှုထောင့်မှ ဘုရားသခင် စကားပြောသည်ဖြစ်စေ၊ ထိုသို့ လုပ်ဆောင်ခြင်းအတွက် သူသည် ရည်ရွယ်ချက်ရှိ၏။ ဘုရားသခင်သည် ဝိညာဉ်တော်၏ ရှုထောင့်မှ အမြဲစကားပြောခဲ့မည်ဆိုပါက၊ သင်သည် သူနှင့် ထိတွေ့နိုင်မည်လော။ ထို့ကြောင့် သင့်ကို သူ၏ နှုတ်ကပတ်တော်များ ထောက်ပံ့ပေးဖို့နှင့် လက်တွေ့အရှိတရားထဲသို့ သင့်ကို လမ်းပြဖို့ရန် သူသည် တစ်ခါတစ်ရံတွင် ဘေးလူတစ်ဦး၏ ရှုထောင့်မှ သင့်ကို စကားပြောပေသည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းသည် သင့်တင့်လျောက်ပတ်သည်။ အတိုချုပ် ပြောရလျှင်၊ ထိုအရာအားလုံးကို ဘုရားသခင် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ဤအရာကို သင် သံသယမထားသင့်ပေ။ သူသည် ဘုရားသခင်ဖြစ်သည်၊ ထို့ကြောင့် မည်သည့် ရှုထောင့်မှ သူစကားပြောသည်ဖြစ်စေ သူသည် အမြဲ ဘုရားသခင် ဖြစ်ပေလိမ့်မည်။ ဤသည်မှာ မပြောင်းနိုင်သော အမှန်တရားဖြစ်သည်။ သူ မည်ကဲ့သို့ အမှုပြုသည် ဖြစ်စေ၊ သူသည် ဘုရားသခင် ဖြစ်နေဆဲဖြစ်ပြီး၊ သူ၏ အနှစ်သာရသည် ပြောင်းလဲလိမ့်မည်မဟုတ်။ ပေတရုသည် ဘုရားသခင်ကို အလွန်ချစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးနှင့် ကိုက်ညီသော လူတစ်ဦး ဖြစ်ခဲ့သော်လည်း၊ ဖြစ်တည်မှု၏ အနှစ်သာရသည် ဖြစ်သည့်အတိုင်းရှိပြီး လုံးဝ မပြောင်းလဲနိုင်သည့်အတွက်၊ ဘုရားသခင်သည် ပေတရုကို သခင် သို့မဟုတ် ခရစ်တော်အဖြစ် မမြင်ခဲ့ပေ။ သူ၏ အမှုတွင်၊ ဘုရားသခင်သည် စည်းမျဉ်းများကို မလိုက်နာသော်လည်း၊ သူ၏ အမှုကို ထိရောက်စေရန်နှင့် သူနှင့်ဆိုင်သည့် လူသား၏ အသိပညာကို နက်နဲလာစေရန် မတူညီသော နည်းစနစ်များကို အသုံးပြုလေသည်။ သူ၏ အမှုပြုခြင်း နည်းစနစ်တိုင်းက လူသားအား သူ့ကို သိဖို့ ကူညီသကဲ့သို့၊ လူကို စုံလင်စေဖို့အလို့ငှာ ဖြစ်ပေသည်။ မည်သည့် အမှုပြုခြင်း နည်းစနစ်ကို ဘုရားသခင် အသုံးပြုသည်ဖြစ်စေ၊ အသီးသီးသည် လူသားကို တည်ဆောက်ပေးဖို့နှင့် စုံလင်စေဖို့အလို့ငှာ ဖြစ်သည်။ သူ၏ အမှုပြုခြင်း နည်းစနစ်များထဲမှတစ်ခုသည် အလွန်ကြာမြင့်သည့် အချိန်ကာလတစ်ခု ကြာရှည်ခံကောင်း ခံနိုင်သော်လည်း၊ ဤသည်မှာ ဘုရားသခင်၌ လူ၏ ယုံကြည်ခြင်းကို ဖေးမဖို့အလို့ငှာ ဖြစ်ပေသည်။ ထို့ကြောင့် သင်၏ စိတ်နှလုံး၌ သံသယမရှိသင့်ပေ။ ဤအရာများအားလုံးသည် ဘုရားသခင်၏ အမှု၏ အဆင့်များ ဖြစ်ပြီး ယင်းတို့ကို သင်တို့ နာခံရမည်။

ယနေ့ ပြောဆိုထားသည့် အရာသည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှု ဖြစ်သည်- ကောင်းကင်နိုင်ငံသို့ တက်ရောက်ခြင်း သို့မဟုတ် ရှင်ဘုရင်များအဖြစ် အုပ်စိုးခြင်း မဟုတ်ပေ။ ပြောဆိုထားသော အရာအားလုံးသည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုကို လိုက်စားခြင်း ဖြစ်သည်။ ဤအရာထက် သာ၍လက်တွေ့ကျသော လိုက်စားခြင်း မရှိသကဲ့သို့၊ ရှင်ဘုရင်များကဲ့သို့ အုပ်စိုးခြင်း အကြောင်း ပြောဆိုခြင်းသည် လက်တွေ့မကျပေ။ လူသားသည် အလွန် သိချင်စိတ်ပြင်းပြခြင်းကို ပိုင်ဆိုင်ပြီး၊ သူသည် ဘုရားသခင်၏ ယနေ့အမှုကို သူ၏ ဘာသာရေး အယူအဆများဖြင့် တိုင်းတာနေဆဲဖြစ်သည်။ ဘုရားသခင်၏ အလွန်များသည့် အမှုပြုခြင်း နည်းစနစ်များစွာကို ကြုံတွေ့ပြီးလျက်၊ လူသားသည် ဘုရားသခင်၏ အမှုကို မသိရှိသေးပေ၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဆက်ရှာဖွေနေဆဲဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံပြီးခြင်း ရှိ မရှိဆိုသည်ကို ကြည့်နေဆဲဖြစ်သည်။ ဤသည်မှာ ကြောက်ခမန်းလိလိ မသိနားမလည်မှု ဖြစ်သည်မဟုတ်လော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်းမရှိသေးဘဲနှင့်၊ သူသည် ဘုရားသခင်ဖြစ်သည်ဟု သင် ယုံကြည်ဦးမည်လော။ ယနေ့တွင် အသင်းတော်ထဲရှိ ထိုသို့သော လူများစွာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ဖို့ စောင့်ဆိုင်းနေကြ၏။ ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံပါက၊ သူသည် ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မပြည့်စုံပါက၊ သူသည် ဘုရားသခင် မဟုတ်ဟု ပြောကြလေသည်။ သို့ဆိုလျှင် သင်သည် ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များ ပြည့်စုံမှုကြောင့် ယုံကြည်သလော သို့မဟုတ် သူကိုယ်တိုင် ဘုရားသခင် ဖြစ်သောကြောင့် ယုံကြည်သလော။ ဘုရားသခင်၌ ယုံကြည်မှုနှင့် ဆိုင်သည့် လူသား၏ အမြင်ကို တည့်မတ်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်း မရှိသည်ကို သင် တွေ့သောအခါ၊ သင်သည် အဝေးသို့ အမြန်ထွက်ပြေးသွားသည်- ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းမှုလော။ သင်သည် ဘုရားသခင်ကို ယုံကြည်သောအခါတွင်၊ အရာရာတိုင်းကို ဘုရားသခင်ထံ ဝကွက်အပ်ရမည် ဖြစ်ပြီး ဘုရားသခင်၏ အမှုအားလုံးကို နာခံရမည်။ ဘုရားသခင် ဓမ္မဟောင်းကျမ်း၌ နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့သည်- ယင်းတို့ထဲမှ မည်သည့်အရာ ပြည့်စုံသည်ကို သင်၏ ကိုယ်ပိုင်မျက်စိနှင့် သင် မြင်ခဲ့ပါသလော။ သင်မမြင်ခဲ့သောကြောင့် ယေဟောဝါသည် စစ်မှန်သော ဘုရားသခင်မဟုတ်ဟု သင်ပြော၍ရပါသလော။ နှုတ်ကပတ်တော်များစွာ ပြည့်စုံပြီးဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ လူသည် သမ္မာတရား မရှိသကဲ့သို့ မည်သည့်အရာကိုမျှ နားမလည်သောကြောင့် ယင်းကို ရှင်းလင်းစွာ မြင်နိုင်စွမ်း မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်းမရှိဟု ခံစားရသည့်အခါ၊ အချို့က ထွက်ပြေးသွားလိုကြသည်။ စမ်းကြည့်လော့။ သင် ထွက်ပြေးနိုင်ခြင်း ရှိ မရှိကို ကြည့်လော့။ ထွက်ပြေးသွားလျက်ဖြင့်၊ သင် ပြန်လာလိမ့်ဦးမည် ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို သူ၏နှုတ်ကပတ်တော်ဖြင့် ထိန်းချုပ်ပြီး၊ သင်သည် အသင်းတော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စွန့်ခွာပါက၊ ဆက်လက်အသက်ရှင်နိုင်မည် မဟုတ်။ ဤအရာကို သင်မယုံကြည်ပါက၊ ကိုယ်တိုင် စမ်းကြည့်လော့- သင်သည် ဤအတိုင်း စွန့်ခွာသွား နိုင်သည်ဟု ထင်သလော။ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်ကို ထိန်းချုပ်၏။ သင်သည် စွန့်ခွာ၍ မရနိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တစ်ခု ဖြစ်သည်။ လူအချို့က စမ်းကြည့်လိုပါက၊ စမ်းကြည့်နိုင်သည်။ ဤလူသည် ဘုရားသခင်မဟုတ်ဟု သင်တို့ပြောကြသည်၊ သို့ဆိုလျှင် သူ့ကိုဆန့်ကျင်၍ အပြစ်ကျူးလွန်လော့၊ ပြီးလျှင်သူ မည်သည့်အရာ လုပ်ဆောင်သည်ကို ကြည့်လော့။ သင်၏ ခန္ဓာသည် သေဆုံးမည်မဟုတ်သကဲ့သို့၊ သင်သည် မိမိကိုယ်ကိုယ် ကျွေးမွေးကာ ဝတ်ဆင်နိုင်ဆဲ ဖြစ်နိုင်သော်လည်း၊ စိတ်ပိုင်းဆိုင်ရာအရ ယင်းသည် မခံမရပ်နိုင်လောက်အောင် ဖြစ်လိမ့်မည်။ သင်သည် စိတ်သောကရောက်ပြီး အလွန်အမင်း စိတ်ဆင်းရဲလိမ့်မည်။ မည်သည့်အရာမျှ သာ၍ နာကျင်စရာ မကောင်းပေ။ လူသည် စိတ်ပိုင်းဆိုင်ရာ အလွန်အမင်း စိတ်ဆင်းရဲခြင်းနှင့် ဝမ်းနည်းပက်လက်ဖြစ်ခြင်းကို မခံနိုင်ပေ- သင်သည် ခန္ဓာ၏ ဆင်းရဲဒုက္ခကို သင် သည်းခံနိုင်ကောင်း သည်းခံနိုင်မည် ဖြစ်သော်လည်း၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနှင့် ရေရှည အလွန်အမင်း စိတ်ဆင်းရဲခြင်းကို ခံနိုင်စွမ်း လုံးဝမရှိပေ။ ယနေ့တွင် လူအချို့သည် မည်သည့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုမျှ မမြင်နိုင်သေးသောကြောင့်၊ အပျက်သဘောဆောင် လာကြ၏၊ သို့သော် ဘုရားသခင်သည် လူကို သူ၏ နှုတ်ကပတ်တော်ဖြင့် ထိန်းချုပ်သောကြောင့်၊ ၎င်းတို့ မည်မျှ အပျက်သဘောဆောင်ကြသည် ဖြစ်စေ၊ မည်သူမျှ ထွက်မပြေးဝံ့ကြချေ။ အမှန်တရားများ ပေါ်ထွန်းခြင်း မရှိသော်လည်း၊ မည်သူမျှ ထွက်မပြေးနိုင်သေးပေ။ ဤအရာများသည် ဘုရားသခင်၏ လုပ်ရပ်များ ဖြစ်သည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်သည် လူသားကို အသက်နှင့် ထောက်ပံ့ပေးရန် ကမ္ဘာမြေသို့ ကြွလာပြီးဖြစ်သည်။ သူသည် လူတို့ တွေးထင်သကဲ့သို့ ဘုရားသခင်နှင့် လူကြားက ငြိမ်းချမ်းသော ဆက်ဆံရေး တစ်ခုကို သေချာစေဖို့အလို့ငှာ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြသခြင်းအားဖြင့် သင့်ကို မချော့မော့ပေ။ ၎င်းတို့၏ အာရုံစိုက်မှုသည် အသက်ပေါ်၌ မရှိဘဲ၊ ယင်းအစား ဘုရားသခင်က နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုခြင်းအပေါ် အာရုံစိုက်သူအားလုံးသည် ဖာရိရှဲများ ဖြစ်သည်။ ယေရှုကို ကားတိုင်ပေါ်၌ သံမှိုရိုက်ခဲ့ကြသူများမှာ ဖာရိရှဲများ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံပါက သူ့ကို ယုံကြည်ရင်းနှင့်၊ မပြည့်စုံပါက ဘုရားသခင်ကို သံသယထားကာ ပြစ်မှားပင် ပြစ်မှားစော်ကားရင်း၊ ဘုရားသခင်၌ ယုံကြည်မှုနှင့် ဆိုင်သည့် သင်၏ကိုယ်ပိုင် အမြင်အတိုင်း ဘုရားသခင်ကို အကဲဖြတ်ပါက၊ သင်သည် သူ့ကို ကားတိုင်၌ သံမှိုရိုက်သည် မဟုတ်လော။ ဤသို့သော လူများသည် ၎င်းတို့၏ တာဝန်များကို ပေါ့ဆပြီး၊ သက်သောင့်သက်သာရှိခြင်း၌ လောဘတကြီး သောက်စားမြူးထူးကြပေသည်။

တစ်ဖက်မှ ကြည့်ပါက၊ လူသားနှင့်ပတ်သက်၍ အကြီးမားဆုံး ပြဿနာမှာ သူသည် ဘုရားသခင်၏ အမှုကို မသိခြင်းဖြစ်သည်။ လူသား၏ သဘောထားသည် ငြင်းပယ်သော သဘောထားမဟုတ်သော်လည်း၊ သံသယရှိသည့် သဘောထားတစ်ခု ဖြစ်သည်။ လူသားသည် မငြင်းပယ်သော်လည်း၊ အပြည့်အဝလည်း အသိအမှတ်မပြုပေ။ လူတို့သည် ဘုရားသခင်၏ အမှုနင့်ဆိုင်သည့် စေ့စပ်သေချာသော အသိပညာ တစ်ခု ရှိပါက၊ ၎င်းတို့ ထွက်ပြေးသွားလိမ့်မည် မဟုတ်ပေ။ အခြားပြဿနာမှာ လူသည် လက်တွေ့အရှိတရားကို မသိခြင်း ဖြစ်သည်။ ယနေ့တွင် လူတစ်ဦးစီတိုင်း ထိတွေ့ရသည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ အနာဂတ်တွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ဖို့ ဧကန်အမှန် မစဉ်းစားသင့်ပေ။ သင့်ကို ငါ ရှင်းရှင်းလင်းလင်းပြော၏- လက်ရှိအဆင့်အတွင်းတွင်၊ သင်တို့ မြင်နိုင်စွမ်း ရှိသည့်အရာအားလုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်ပြီး၊ အချက်အလက်များ မရှိသော်လည်း၊ ဘုရားသခင်၏ အသက်ကို လူသား၏ အထဲ၌ ဖြစ်ပေါ်စေနိုင်ဆဲ ဖြစ်သည်။ အနှစ်တစ်ထောင် နိုင်ငံ၏ အဓိက အမှုမှာ ဤအမှုဖြစ်ပြီး၊ သင်သည် ဤအမှုကို မသိမြင်နိုင်ပါက၊ အားနည်းလာလိမ့်မည် ဖြစ်ပြီး၊ ပြိုလဲလိမ့်မည်ဖြစ်သည်။ သင်သည် စမ်းသပ်မှုများအလယ် သက်ဆင်းရလိမ့်မည်ဖြစ်ပြီး၊ သို့တိုင် သာ၍ ဆိုးရွားစွာ သင်သည် စာတန်၏ ဖမ်းဆီးခြင်းကို ခံရလိမ့်မည်။ ဘုရားသခင်သည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုဖို့ ကမ္ဘာမြေသို့ ကြွလာပြီး ဖြစ်သည်။ သင် ထိတွေ့ရသည့်အရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်၊ သင်မြင်သောအရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်၊ သင်ကြားသောအရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်၊ သင်လိုက်နာသောအရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်၊ သင် ကြုံတွေ့သောအရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ပြီး၊ ဘုရားသခင်၏ ဤလူ့ဇာတိခံယူခြင်းသည် လူသားကို စုံလင်စေရန် အဓိကအားဖြင့် နှုတ်ကပတ်တော်ကို အသုံးပြုလေသည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြသကဲ့သို့၊ အထူးသဖြင့် အတိတ်က ယေရှု လုပ်ဆောင်ခဲ့သည့် အမှုကို မလုပ်ဆောင်ပေ။ ၎င်းတို့သည် ဘုရားသခင် ဖြစ်ပြီး နှစ်ဦးလုံးက လူ့ဇာတိ ဖြစ်သော်လည်း၊ ၎င်းတို့၏ အမှုတော်များက မတူကြပေ။ ယေရှုကြွလာခဲ့ချိန်တွင်၊ သူသည်လည်း ဘုရားသခင့်အမှု၏ တစ်စိတ်တစ်ပိုင်းကို လုပ်ဆောင်ခဲ့ပြီး၊ နှုတ်ကပတ်တော် အချို့ကို ပြောဆိုခဲ့သည်- သို့သော် သူ ပြီးမြောက်ခဲ့သည့် အဓိကအမှုမှာ အဘယ်နည်း။ သူ အဓိက ပြီးမြောက်ခဲ့သည့်အရာမှာ ကားစင်တင်ခံရခြင်း အမှု ဖြစ်သည်။ သူသည် ကားစင်တင်ခံရခြင်းအမှုကို ပြည့်စုံစေရန်နှင့် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ဖို့ရန် အပြစ်ရှိသော လူ့ဇာတိ ပုံသဏ္ဌာန် ဖြစ်လာခဲ့ပြီး၊ အပြစ်ဖြေရာယဇ်အဖြစ် သူအစေခံခဲ့သည်မှာ လူသားမျိုးနွယ် တစ်ရပ်လုံး၏ အပြစ်အားလုံးအတွက် ဖြစ်သည်။ ဤသည်မှာ သူ ပြီးမြောက်ခဲ့သည့် အဓိကအမှုဖြစ်သည်။ နောက်ဆုံးတွင် သူသည် နောက်မှလာကြသူများကို လမ်းပြရန် ကားတိုင်လမ်းကို ထောက်ပံ့ပေးခဲ့သည်။ ယေရှုကြွလာခဲ့ချိန်တွင်၊ အဓိကအားဖြင့် ရွေးနုတ်ခြင်းအမှုကို ပြည့်စုံစေရန် ဖြစ်သည်။ သူသည် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ခဲ့ပြီး၊ ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သည့် ဧဝံဂေလိတရားကို လူသားထံ ယူဆောင်လာခဲ့သည့်အပြင်၊ ကောင်းကင် နိုင်ငံတော်သို့ သွားရာလမ်းကြောင်းကိုလည်း ပေါက်ဖွားစေခဲ့သည်။ အကျိုးဆက်အနေဖြင့် နောက်မှရောက်လာကြသူများ အားလုံးက၊ “ကားတိုင်လမ်းကို ငါတို့ လျှောက်သင့်ပြီး ကားတိုင်အတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆပ်သင့်ကြ၏။” ဟုပြောခဲ့ကြသည်။ မှန်ပေ၏၊ အစတွင် ယေရှုသည်လည်း လူသားကို နောင်တရစေရန်၊ အပြစ်များကို ဝန်ခံစေရန် အခြားသော အမှုကို လုပ်ဆောင်ခဲ့ပြီး နှုတ်ကပတ်တော်အချို့ကို ပြောဆိုခဲ့သည်။ သို့သော် သူ၏ အမှုတော်မှာ ကားစင်တင်ခံရခြင်း ဖြစ်ဆဲဖြစ်ပြီး၊ လမ်းခရီးအကြောင်း ဟောပြောခြင်းဖြင့် သူ ကုန်လွန်ခဲ့သည့် သုံးနှစ်ခွဲသည် နောက်ပိုင်းတွင်ရောက်လာမည့် ကားစင်တင်ခံရခြင်းအတွက် ပြင်ဆင်ခြင်း ဖြစ်ခဲ့သည်။ ယေရှု ဆုတောင်းခဲ့သည့် အကြိမ်အချို့သည်လည်း ကားစင်တင်ခံရခြင်းအတွက် ဖြစ်သည်။ သူ အသက်ရှင်နေထိုင်ခဲ့သည့် ပုံမှန်လူတစ်ဦး၏ အသက်တာနှင့် ကမ္ဘာမြေ၌ သူ အသက်ရှင်ခဲ့သည့် သုံးဆယ့် သုံးနှစ်ခွဲကာလသည် အဓိကအားဖြင့် ကားစင်တင်ခံရခြင်း အမှုကို ပြည့်စုံစေခြင်းအတွက် ဖြစ်သည်။ ယင်းတို့သည် ဤအမှုကို လက်ခံ ဆောင်ရွက်ရန် သူ့ကို ခွန်အားပေးဖို့ ဖြစ်ခဲ့ပြီး၊ ယင်း၏ အကျိုးဆက်အနေဖြင့် ဘုရားသခင်သည် ကားစင်တင်ခံရခြင်း အမှုကို သူ့ထံ အပ်နှံခဲ့သည်။ ယနေ့တွင် လူ့ဇာတိခံ ဘုရားသခင်သည် မည်သည့်အမှုကို ပြီးမြောက်စေလိမ့်မည်နည်း။ ယနေ့တွင် ဘုရားသခင်သည် အဓိကအားဖြင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း” နှင့်ဆိုင်သည့် အမှုကို ပြည့်စုံစေရန်၊ လူကို စုံလင်စေဖို့နှင့် နှုတ်ကပတ်တော်ဖြင့် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် နှုတ်ကပတ်တော်၏ စစ်ဆေးမှုကို လူသားအား လက်ခံစေဖို့ နှုတ်ကပတ်တော်ကို အသုံးပြုရန် လူ့ဇာတိခံလာပြီးဖြစ်ပေသည်။ သူ၏နှုတ်ကပတ်တော်များဖြင့်၊ သူသည် သင့်ကို ထောက်ပံ့မှု ရရှိစေပြီး အသက်ကို ရရှိစေသည်။ သူ၏ နှုတ်ကပတ်တော်များဖြင့် သင်သည် သူ၏အမှုနှင့် လုပ်ဆောင်ချက်များကို မြင်ရသည်။ ဘုရားသခင်သည် သင့်ကို ပြစ်တင်ဆုံးမရန်နှင့် စစ်ဆေးရန် နှုတ်ကပတ်တော်ကို အသုံးပြုပြီး၊ ထိုသို့ဖြင့် အခက်အခဲကို သင် ခံစားရပါက၊ ယင်းသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် အချက်အလက်များဖြင့် အမှုမပြုဘဲ နှုတ်ကပတ်တော်များဖြင့် အမှုပြုသည်။ သူ၏ နှုတ်ကပတ်တော်သည် သင့်အပေါ် ရောက်လာပြီးနောက်တွင်သာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အတွင်းတွင် အမှုပြုနိုင်ပြီး၊ သင့်အား နာကျင်မှု ခံစားစေနိုင်သည် သို့မဟုတ် ချိုမြိန်မှုကို ခံစားစေနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာ သင့်ကို လက်တွေ့အရှိတရားထဲသို့ ခေါ်ဆောင်နိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာ သင့်ကို စုံလင်စေနိုင်စွမ်းရှိသည်။ ထို့ကြောင့်၊ ဤအရာကို အနည်းဆုံး သင်နားလည်ရမည်- နောက်ဆုံးသောကာလ အတွင်းတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုသည် အဓိကအားဖြင့် လူတိုင်းကို စုံလင်စေဖို့နှင့် လူသားကို လမ်းပြဖို့ သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုခြင်း ဖြစ်သည်။ သူ လုပ်ဆောင်သည့် အမှုအားလုံးသည် နှုတ်ကပတ်တော်မှတစ်ဆင့် ဖြစ်သည်။ သင့်ကို ပြစ်တင်ဆုံးမရန် ဘုရားသခင်သည် အချက်အလက်များကို အသုံးမပြုပေ။ လူအချို့က ဘုရားသခင်ကို ခုခံသည့် အချိန်များ ရှိသည်။ ဘုရားသခင်က သင့်ကို အလွန် စိတ်ပင်ပန်းခြင်းမဖြစ်စေပေ၊ သင်၏ ခန္ဓာသည် ပြစ်တင်ဆုံးမခြင်းမခံရသကဲ့သို့၊ အခက်အခဲကို သင် မခံစားရပေ- သို့သော် သူ၏ နှုတ်ကပတ်တော် သင့်အပေါ် ရောက်လာပြီး သင့်ကို စစ်ဆေးသည်နှင့်တစ်ပြိုင်နက်၊ ယင်းသည် သင့်အတွက် မခံမရပ်နိုင်စရာ ဖြစ်ပေသည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ အစေခံသူများ၏ အချိန်ကာလအတွင်းတွင်၊ ဘုရားသခင်သည် လူသားကို အနက်ဆုံးသော တွင်းထဲသို့ ပစ်ချဖို့ ပြောခဲ့သည်။ လူသားသည် အနက်ဆုံးသော တွင်းထဲသို့ အမှန်တကယ် ရောက်ရှိခဲ့ပါသလော။ လူသားကို စစ်ဆေးဖို့ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းမျှမှတစ်ဆင့်၊ လူသည် အနက်ဆုံးသော တွင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ အတောအတွင်းတွင်၊ ဘုရားသခင်သည် လူ့ဇာတိခံယူချိန်တွင်၊ အရာအားလုံးကို ပြီးမြောက်စေဖို့နှင့် အရာအားလုံးကို ရှင်းလင်းသွားစေဖို့ အဓိကအားဖြင့် နှုတ်ကပတ်တော်ကို အသုံးပြုလေသည်။ သူ၏ဖြစ်ခြင်းကို သူ၏ နှုတ်ကပတ်တော်များထဲ၌သာ သင်မြင်နိုင်သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်ကို သူ၏နှုတ်ကပတ်တော်များထဲ၌သာ သင် မြင်နိုင်သည်။ လူ့ဇာတိခံ ဘုရားသခင် ကမ္ဘာမြေသို့ကြွချိန်တွင်၊ နှုတ်ကပတ်တော်များကို ပြောဆိုခြင်းမှလွဲ၍ အခြားမည်သည့်အမှုကိုမျှ သူမလုပ်ဆောင်ပေ- ထို့ကြောင့် အချက်အလက်များကို မလိုအပ်ပေ။ နှုတ်ကပတ်တော်များက လုံလောက်ပေ၏။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် သူသည် အဓိကအားဖြင့် ဤအမှုကို လုပ်ဆောင်ဖို့၊ သူ၏ နှုတ်ကပတ်တော်များထဲ၌ သူ၏တန်ခိုးနှင့် သာလွန်မှုကို လူသားအား ရှုမြင်ခွင့်ပေးဖို့၊ သူသည် မိမိကိုယ်ကိုယ် မည်သို့ နှိမ့်ချစွာ ကွယ်ဝှက်သည်ကို သူ၏နှုတ်ကပတ်တော်များထဲ၌ လူသားအား မြင်ခွင့်ပေးဖို့နှင့် သူ၏အလုံးစုံကို သူ၏နှုတ်ကပတ်တော်များထဲ၌ လူသားအား သိခွင့်ပေးဖို့ ကြွလာပြီး ဖြစ်သောကြောင့် ဖြစ်သည်။ သူ၏အရာအားလုံးနှင့် သူ၏ဖြစ်ခြင်း အားလုံးသည် သူ၏နှုတ်ကပတ်တော်များထဲတွင်ရှိ၏။ သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့သြဖွယ် ဖြစ်ခြင်းသည်လည်း သူ၏နှုတ်ကပတ်တော်များထဲတွင် ရှိသည်။ ဤအရာတွင် ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များကို ပြောဆိုသည့် နည်းစနစ် များစွာကို သင့်အား မြင်စေခြင်း ဖြစ်ပေသည်။ ဤအချိန်အတောအတွင်း ဘုရားသခင်၏ အမှုအများစုသည် လူသားကို ပံ့ပိုးပေးခြင်း၊ ထုတ်ဖော်ပြခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ ဖြစ်ပေပြီ။ ဘုရားသခင်သည် လူတစ်ဦးကို ပေါ့ပေါ့တန်တန် မကျိန်ဆဲသကဲ့သို့၊ သူကျိန်ဆဲသည့်အခါတွင်ပင် ၎င်းတို့ကို သူ ကျိန်ဆဲသည်မှာ နှုတ်ကပတ်တော်မှတစ်ဆင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူသည့် ဤခေတ်၌၊ ဘုရားသခင်က မကျန်းမာသူများကို ကျန်းမာစေပြီး နတ်ဆိုးများကို တစ်ဖန် နှင်ထုတ်ခြင်းကို မြင်ရဖို့ မကြိုးစားကြနှင့်၊ ပြီးလျှင် နိမိတ်လက္ခဏာများကို စဉ်ဆက်မပြတ် ရှာဖွေခြင်းအား ရပ်တန့်လော့- အဓိပ္ပာယ်မရှိပေ။ ထိုနိမိတ်လက္ခဏာများသည် လူသားကို မစုံလင်စေနိုင်ပေ။ ရှင်းရှင်းပြောရလျှင်- လူ့ဇာတိရှိသော ဘုရားသခင် ကိုယ်တိုင်စင်စစ်သည် မဆောင်ရွက်ပေ။ သူသည် စကားသာ ပြောဆိုလေသည်။ ဤသည်မှာ သမ္မာတရားဖြစ်သည်။ သူသည် သင့်ကို စုံလင်စေရန် နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ သင့်ကို ကျွေးမွေးရန်နှင့် ရေလောင်းပေးရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူသည် အမှုပြုရန်လည်း နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ သူ၏ လက်တွေ့အရှိတရားကို သင့်အား သိစေဖို့ အချက်အလက်များအစား နှုတ်ကပတ်တော်များကို သူအသုံးပြုလေသည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ဤပုံစံကို သင် သိမြင်နိုင်စွမ်းရှိပါက၊ အပျက်သဘောဆောင်ဖို့ ခက်ခဲပေသည်။ အပျက်သဘောဆောင်သည့် အရာများအပေါ်၌ အာရုံစိုက်မည့်အစား အပြုသဘောဆောင်သော အရာများအပေါ်၌သာ သင်တို့ အာရုံစိုက်သင့်သည်- ဆိုလိုသည်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ၊ သို့မဟုတ် အချက်အလက်များ ပေါ်ထွန်းသည်ဖြစ်စေ၊ မပေါ်ထွန်းသည်ဖြစ်စေ၊ ဘုရားသခင်သည် လူသားကို သူ၏ နှုတ်ကပတ်တော်များမှ အသက်ကို ရရှိစေပြီး၊ ဤသည်မှာ နိမိတ်လက္ခဏာအားလုံး၌ အကြီးမြတ်ဆုံးဖြစ်ကာ၊ ထို့ထက်ပင်သာ၍ ယင်းသည် ငြင်း၍မရနိုင်သော အချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သိဖို့ အကောင်းဆုံးသော သက်သေအထောက်အထားဖြစ်ပြီး နိမိတ်လက္ခဏာများ ထက်ပင် သာ၍ကြီးမြတ်သော နိမိတ်လက္ခဏာတစ်ခု ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသာလျှင် လူသားကို စုံလင်စေနိုင်ပေသည်။

နိုင်ငံတော်ခေတ် အစပြုသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် နှုတ်ကပတ်တော်များကို စတင် ထုတ်လွှတ်လေသည်။ အနာဂတ်တွင် ထိုနှုတ်ကပတ်တော်များ တဖြည်းဖြည်း ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ ထိုအချိန်၌ လူသားသည် အသက်တာ၌ ကြီးထွားရင့်ကျက်လိမ့်မည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြရန် နှုတ်ကပတ်တော်ကို ဘုရားသခင် အသုံးပြုခြင်းသည် သာ၍ စစ်မှန်ပြီး၊ သာ၍ လိုအပ်ကာ၊ ယနေ့သည် နှုတ်ကပတ်တော်ခေတ်ဖြစ်ပြီး လူသား၏ ယုံကြည်ခြင်း၊ စိတ်ဆုံးဖြတ်ချက်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ လိုအပ်သည့်အတွက်၊ လူသား၏ ယုံကြည်ခြင်းကို စုံလင်စေဖို့အလို့ငှာ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ အသုံးမပြုပေ။ နောက်ဆုံးသောကာလနှင့်ဆိုင်သည့် လူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် လူသားအတွက် အစေခံရန်နှင့် ပံ့ပိုးပေးရန် သူ၏နှုတ်ကပတ်တော်ကို အသုံးပြုခြင်းဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များ ပြောဆိုခြင်း ပြီးသည့်နောက်တွင်သာ ယင်းတို့ စတင်ပြည့်စုံလိမ့်မည်ဖြစ်သည်။ လူ့ဇာတိအဆင့်၌ သူရှိချိန်တွင်၊ သူ၏နှုတ်ကပတ်တော်များ မပြည့်စုံနိုင်သောကြောင့်၊ သူ စကားပြောဆိုသည့်အချိန်ကာလအတွင်းတွင်၊ သူ၏ နှုတ်ကပတ်တော်များသည် မပြည့်စုံပေ။ ဤသည်မှာ လူသားက ဘုရားသခင်သည် လူ့ဇာတိ ဖြစ်ပြီး၊ နာမ်ဝိညာဉ်မဟုတ်သည့်ကို မြင်နိုင်ရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ လက်တွေ့အရှိတရားကို လူသားက မိမိကိုယ်တိုင်၏ မျက်စိဖြင့် ရှုမြင်နိုင်ရန် အလို့ငှာ ဖြစ်သည်။ သူ၏ အမှု ပြီးပြည့်စုံသည့်တစ်နေ့တွင်၊ ကမ္ဘာမြေပေါ်၌ သူပြောဆိုသင့်သည့် နှုတ်ကပတ်တော်များအားလုံးကို ပြောဆိုပြီးသောအခါတွင်၊ သူ၏ နှုတ်ကပတ်တော်များ စတင်ပြည့်စုံလိမ့်မည် ဖြစ်သည်။ ယခုအချိန်သည် ဘုရားသခင် ပြောဆို၍ မပြီးသေးသောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်းခေတ် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေပေါ်၌ သူ၏နှုတ်ကပတ်တော်များ ပြောဆိုနေဆဲ ဖြစ်သည်ကို သင်မြင်သောအခါတွင်၊ သူ၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်းကို မစောင့်နှင့်။ ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များ ပြောဆိုခြင်းကို ရပ်သည့်အချိန်နှင့် ကမ္ဘာမြေပေါ်၌ သူ၏ အမှုပြီးစီးသွားချိန်သည် သူ၏ နှုတ်ကပတ်တော်များ စတင်ပြည့်စုံမည့် အချိန်ဖြစ်လိမ့်မည်။ ကမ္ဘာမြေပေါ်၌ သူ ပြောဆိုသည့် နှုတ်ကပတ်တော်များတွင်၊ တစ်နည်းအားဖြင့် အသက် ထောက်ပံ့ခြင်းရှိပြီး၊ နောက်တစ်နည်းအားဖြင့်၊ ပရောဖက်ပြုချက်- ဖြစ်လာမည့် အရာများ၊ လုပ်ဆောင်မည့် အရာများနှင့် မပြီးမြောက်ရသေးသည့် အရာများနှင့်ဆိုင်သည့် ပရောဖက်ပြုချက်- ရှိလေသည်။ ယေရှု၏ နှုတ်ကပတ်တော်များထဲတွင်လည်း ပရောဖက်ပြုချက် ရှိပေသည်။ တစ်နည်းအားဖြင့်၊ သူသည် အသက်ကို ထောက်ပံ့ပေးခဲ့ပြီး၊ နောက်တစ်နည်းအားဖြင့်၊ သူသည် ပရောဖက်ပြုချက်ကို ပြောဆိုခဲ့သည်။ ယနေ့တွင် လူ၏ ကိုယ်ပိုင်မျက်စိနှင့် မြင်နိုင်သောအရာနှင့် ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် အရာတို့အကြား အလွန်ကြီးမားသည့် ခြားနားချက် တစ်ခု ရှိသောကြောင့်၊ နှုတ်ကပတ်တော်များနှင့် အချက်အလက်များကို တစ်ချိန်တည်းတွင် ဆောင်ရွက်ခြင်းနှင့်ဆိုင်သည့် ပြောဆိုဆွေးနွေးမှု မရှိပေ။ ဘုရားသခင်၏အမှု ပြီးပြည့်စုံသည်နှင့်တစ်ပြိုင်နက်၊ သူ၏နှုတ်ကပတ်တော်များ ပြည့်စုံလိမ့်မည် ဖြစ်ပြီး၊ နှုတ်ကပတ်တော်များ နောက်တွင် အချက်အလက်များ လိုက်လာမည်ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ နောက်ဆုံးသောကာလ အတွင်းတွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် ကမ္ဘာမြေပေါ်၌ နှုတ်ကပတ်တော်နှင့် သက်ဆိုင်သည့်အမှုတော်ကို ဆောင်ရွက်ပြီး၊ ထိုသို့ နှုတ်ကပတ်တော်၏ အမှုတော်ကို ဆောင်ရွက်ရာတွင်၊ သူသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုပြီး၊ အခြားကိစ္စများကို ဂရုမစိုက်ပေ။ ဘုရားသခင်၏ အမှု ပြောင်းလဲသည်နှင့်တစ်ပြိုင်နက်၊ သူ၏ နှုတ်ကပတ်တော်များ စတင် ပြည့်စုံလိမ့်မည် ဖြစ်သည်။ ယနေ့တွင် သင့်ကို စုံလင်စေရန် နှုတ်ကပတ်တော်များကို ဦးစွာပထမ အသုံးပြုလေသည်။ စကြဝဠာတစ်ခွင်လုံးတစ်လျှောက် ဘုန်းအသရေကို သူ ရရှိချိန်တွင်၊ သူ၏ အမှု ပြီးပြည့်စုံလိမ့်မည်- ပြောဆိုသင့်သည့် နှုတ်ကပတ်တော်များအားလုံး ပြောဆိုပြီးဖြစ်လိမ့်မည်ဖြစ်ကာ နှုတ်ကပတ်တော်အားလုံး ဖြစ်ရပ်မှန်များ ဖြစ်လာပြီးဖြစ်လိမ့်မည်။ လူသားမျိုးနွယ်အနေဖြင့် သူ့ကို သိကျွမ်းဖို့အလို့ငှာနှင့် သူ၏ ဖြစ်ခြင်းကို လူသားမျိုးနွယ်က မြင်ကာ သူ၏ နှုတ်ကပတ်တော်မှ သူ၏ ဉာဏ်ပညာနှင့် သူ၏ အံ့ဖွယ်လုပ်ဆောင်ချက်များကို မြင်နိုင်ဖို့အလို့ငှာ၊ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နှုတ်ကပတ်တော်နှင့် ဆိုင်သော အမှုတော်ကို လုပ်ဆောင်ရန် ကမ္ဘာမြေသို့ ကြွလာပြီ ဖြစ်သည်။ နိုင်ငံတော်ခေတ်အတွင်းတွင်၊ ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို သိမ်းပိုက်ဖို့ရန် အဓိကအားဖြင့် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ အနာဂတ်တွင် သူ၏ နှုတ်ကပတ်တော်သည် ဘာသာတရားတိုင်း၊ နယ်မြေအကန့်တိုင်း၊ နိုင်ငံတိုင်း၊ ဂိုဏ်းဂဏတိုင်း အပေါ်သို့လည်း ရောက်လာလိမ့်မည်။ သိမ်းပိုက်ဖို့နှင့် သူ၏ နှုတ်ကပတ်တော်က ဩဇာအာဏာနှင့် တန်ခိုး သယ်ဆောင်သည်ကို လူအားလုံးအား မြင်စေဖို့ ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြု၏- ထို့ကြောင့် ယနေ့တွင် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသာ ရင်ဆိုင်ရခြင်း ဖြစ်သည်။

ဤခေတ်၌ ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များသည် ပညတ်တော်ခေတ်အတွင်း ပြောဆိုခဲ့သော နှုတ်ကပတ်တော်များမှ ကွဲပြားခြားနားပြီး၊ ထိုနည်းတူ ၎င်းတို့သည် ကျေးဇူးတော်ခေတ် အတွင်း ပြောဆိုခဲ့သော နှုတ်ကပတ်တော်များမှလည်း ကွဲပြားပေသည်။ ကျေးဇူးတော်ခေတ်၌ ဘုရားသခင်သည် နှုတ်ကပတ်တော်နှင့် ဆိုင်သောအမှုကို မလုပ်ဆောင်ခဲ့ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ရန် ကားစင်တင်ခံရခြင်း အမှုကိုသာ ဖော်ပြခဲ့သည်။ ကျမ်းစာက ယေရှု အဘယ်ကြောင့် ကားစင်တင်ခံရမည်ဆိုသည်နှင့် ကားတိုင်ပေါ်၌ သူခံခဲ့ရသည့် ဆင်းရဲဒုက္ခ၊ ပြီးလျှင် လူသားသည် ဘုရားသခင်အတွက် မည်သို့ ကားစင်တင်ခံခဲ့ရသင့်သည် ဆိုသည်တို့ကိုသာ ဖော်ပြခဲ့သည်။ ထိုခေတ်အတွင်းတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးသည် ကားစင်တင်ခံရခြင်းကို ဗဟိုပြုခဲ့သည်။ နိုင်ငံတော်ခေတ်အတွင်းတွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် သူ့ကိုယုံကြည်သူများ အားလုံးကို သိမ်းပိုက်ရန် နှုတ်ကပတ်တော်များကို ပြောဆို၏။ ဤသည်မှာ၊ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း” ဖြစ်သည်။ ဘုရားသခင်သည် ဤအမှုကို လုပ်ဆောင်ရန် နောက်ဆုံးသောကာလ၌ ကြွလာပြီးဖြစ်သည်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ စစ်မှန်သော အရေးပါမှုကို ပြီးမြောက်စေဖို့ ကြွလာပြီးဖြစ်ပေသည်။ သူသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုပြီး၊ အချက်အလက်များ ပေါ်ထွန်းခြင်း ရှိခဲပေသည်။ ဤသည်မှာ နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အနှစ်သာရဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်က နှုတ်ကပတ်တော်များကို ပြောဆိုသောအခါ၊ ဤသည်မှာ လူ့ဇာတိ၌ရှိသည့် နှုတ်ကပတ်တော်၏ ပေါ်ထွန်းခြင်းဖြစ်ပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိထဲသို့ ကြွလာခြင်းဖြစ်သည်။ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍...။” ဤအရာ (လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်းခြင်းအမှု) သည် နောက်ဆုံးသောကာလ၌ ဘုရားသခင်ပြီးမြောက်မည့် အမှုဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ နောက်ဆုံးအခန်း ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေသို့ကြွလာရမည်ဖြစ်ကာ သူ၏ နှုတ်ကပတ်တော်များကို လူ့ဇာတိ၌ ထင်ရှားစေရမည် ဖြစ်သည်။ ယနေ့ လုပ်ဆောင်ပြီးသောအရာ၊ အနာဂတ်တွင် လုပ်ဆောင်ပြီးမည့်အရာ၊ ဘုရားသခင်က ပြီးမြောက်စေမည့်အရာ၊ လူသား၏ နောက်ဆုံး ခရီးပန်းတိုင်၊ ကယ်တင်ခံရမည့်သူများ၊ ဖျက်ဆီးခံရမည့်သူများ၊ စသည်ဖြင့်- အဆုံးတွင် စွမ်းဆောင်ရရှိသင့်သည့် ဤအမှုအားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးဖြစ်ကာ၊ အားလုံးသည် နှုတ်ကပတ်တော်က လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အရေးပါမှုကို ပြီးမြောက်စေဖို့ အလို့ငှာ ဖြစ်သည်။ ယခင်က ထုတ်ပြန်ခဲ့သည့် စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များနှင့် အခြေခံဥပဒေသများ၊ ဖျက်ဆီးခံရမည့်သူများ၊ ငြိမ်သက်ခြင်း ချမ်းသာခြင်းထဲသို့ ဝင်ရောက်ကြမည့်သူများ- ဤနှုတ်ကပတ်တော်များအားလုံး ပြည့်စုံရမည် ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသောကာလအတောအတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်က အဓိကအားဖြင့် ပြီးမြောက်သည့် အမှု ဖြစ်သည်။ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သား ထားသောသူများသည် မည်သည့်နေရာနှင့် သက်ဆိုင်ကြောင်း၊ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားခြင်း မခံရသောသူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ သူ၏လူများနှင့် သူ၏သားများကို မည်ကဲ့သို့အမျိုးအစား ခွဲခြားသတ်မှတ်လိမ့်မည်ဖြစ်ကြောင်း၊ ဣသရေလနိုင်ငံကို မည်သည့်အရာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အဲဂုတ္တုပြည်ကို မည်သည့်အရာ ဖြစ်လိမ့်မည်ဖြစ်ကြောင်းတို့ကို သူသည် လူတို့အား နားလည်စေလေသည်- အနာဂတ်တွင်၊ ဤနှုတ်ကပတ်တော်များတစ်ခုစီတိုင်း ပြည့်စုံလိမ့်မည်။ ဘုရားသခင့်အမှု၏ ခြေလှမ်းများသည် အရှိန်မြင့်လာနေ၏။ ခေတ်တိုင်းတွင် မည်သည့်အရာ လုပ်ဆောင်ရမည်၊ နောက်ဆုံးသောကာလ အတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်ရမည် ဆိုသည်နှင့်၊ ဆောင်ရွက်ရမည့် သူ၏အမှုတော်တို့ကို လူသားထံ ထုတ်ဖော်ပြရန် နည်းလမ်းများအဖြစ် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုပြီး၊ ဤနှုတ်ကပတ်တော်များ အားလုံးသည် နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အရေးပါမှုကို ပြီးမြောက်စေရန်အလို့ငှာ ဖြစ်သည်။

“နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ခြင်းအပေါ် အာရုံစိုက်သူများအားလုံးသည် စွန့်ပစ်ခံရလိမ့်မည်။ ၎င်းတို့သည် စုံလင်စေခြင်း မခံရမည့်သူများ ဖြစ်သည်။” ဟု ယခင်က ငါပြောပြီးဖြစ်သည်။ ငါသည် စကားများစွာ ပြောပြီးဖြစ်သော်လည်း၊ လူသည် ဤအမှုနှင့်ဆိုင်သည့် အသိပညာ အနည်းငယ်မျှမရှိသကဲ့သို့၊ ဤအခြေအနေအထိ ရောက်ရှိလျက်ဖြင့်၊ လူတို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို တောင်းဆိုကြဆဲဖြစ်သည်။ သင်၏ ဘုရားသခင်၌ ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို လိုက်စားခြင်းထက် မည်သည့်အရာမျှ မပိုသလော သို့မဟုတ် ယင်းသည် အသက်ကို ရဖို့ရန်အလို့ငှာ ဖြစ်သလော။ ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီး၊ ထိုနှုတ်ကပတ်တော်များထဲမှ အချို့သည် ပြည့်စုံခြင်း မရှိသေးပေ။ ယေရှုကို ဘုရားသခင် မဟုတ်ဟု သင် ဆိုနိုင်သလော။ သူသည် ခရစ်တော် ဖြစ်ပြီး ဘုရားသခင်၏ ချစ်လှစွာသောသား ဖြစ်သည်ဟု ဘုရားသခင်က သက်သေခံခဲ့သည်။ ဤအရာကို သင် ငြင်းနိုင်သလော။ ယနေ့တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုပြီး၊ အကယ်၍ သင်သည် ဤအရာကို အကုန်အစင် နားမလည်ပါက၊ သင်သည် ခိုင်မြဲစွာ မရပ်တည်နိုင်ပေ။ သူသည် ဘုရားသခင်ဖြစ်သောကြောင့် သူ့ကို သင် ယုံကြည်သလော သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်း ရှိ မရှိဆိုသည့်အပေါ် အခြေခံ၍ သူ့ကို သင် ယုံကြည်သလော။ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ယုံကြည်သလော၊ သို့မဟုတ် ဘုရားသခင်ကို သင် ယုံကြည်သည်လော။ ယနေ့တွင်၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပေ- သူသည် အမှန်တကယ် ဘုရားသခင် ဖြစ်ပါသလော။ အကယ်၍ သူပြောဆိုသည့် နှုတ်ကပတ်တော်များ မပြည့်စုံပါက၊ သူသည် အမှန်တကယ် ဘုရားသခင် ဖြစ်ပါသလော။ ဘုရားသခင်၏ အနှစ်သာရကို သူ ပြောဆိုသည့် နှုတ်ကပတ်တော်များ ပြည့်စုံခြင်း ရှိ မရှိဆိုသည့်အရာအားဖြင့် ဆုံးဖြတ်ပါသလော။ လူအချို့သည် ဘုရားသခင်ကို မယုံကြည်မီတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်းကို အဘယ်ကြောင့် အမြဲစောင့်ဆိုင်းနေကြသနည်း။ ဤသည်မှာ ဘုရားသခင်ကို ၎င်းတို့ မသိကြဟု ဆိုလိုသည် မဟုတ်လော။ ထိုသို့သော အယူအဆများ ပိုင်ဆိုင်သူ အားလုံးသည် ဘုရားသခင်ကို ငြင်းပယ်သူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အကဲဖြတ်ဖို့ ၎င်းတို့၏ အယူအဆများကို အသုံးပြုကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံပါက၊ သူ့ကို ၎င်းတို့ ယုံကြည်ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မပြည့်စုံပါက၊ သူ့ကို ၎င်းတို့ မယုံကြည်ကြပေ။ ပြီးလျှင် ၎င်းတို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲ လိုက်စားကြလေသည်။ ဤလူတို့သည် ခေတ်သစ် ဖာရိရှဲများဖြစ်သည် မဟုတ်လော။ သင်တို့ ခိုင်မြဲစွာ ရပ်တည်နိုင်ခြင်း ရှိ မရှိဆိုသည်မှာ စစ်မှန်သော ဘုရားသခင်ကို သင်တို့ သိ မသိ ဆိုသည့်အရာအပေါ် မူတည်သည်- ဤသည်မှာ အလွန် အရေးကြီးပေသည်။ သင့်အထဲ၌ ဘုရားသခင် နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရား သာ၍ ကြီးမားလေလေ၊ ဘုရားသခင်၏ လက်တွေ့အရှိတရားနှင့်ဆိုင်သည့် သင်၏ အသိပညာ သာ၍ ကြီးမားလေလေဖြစ်ပြီး စမ်းသပ်မှုများအတွင်းတွင် သင်သည် သာ၍ ခိုင်မြဲစွာ ရပ်တည်နိုင်လေလေဖြစ်သည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ရခြင်းကို သင် သာ၍ အာရုံစိုက်လေလေ၊ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်မှု လျော့နည်း လေလေဖြစ်ပြီး စမ်းသပ်မှုများအလယ်တွင် သင်ပြိုလဲလိမ့်မည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများသည် အခြေခံအုတ်မြစ် မဟုတ်ပေ။ ဘုရားသခင်၏ လက်တွေ့အရှိတရားသည်သာ အသက်ဖြစ်သည်။ အချို့လူများသည် ဘုရားသခင်၏ အမှုက စွမ်းဆောင်ရရှိမည့် အကျိုးသက်ရောက်မှုများကို မသိကြချေ။ ၎င်းတို့သည် မိမိတို့၏ နေ့ရက်များကို ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့်‌ အသိပညာကို လိုက်စားခြင်းမရှိဘဲ၊ စိတ်ရှုပ်ထွေးမှုဖြင့် ကုန်လွန်စေကြသည်။ ၎င်းတို့၏ လိုက်စားမှု ရည်မှန်းချက်မှာ ၎င်းတို့၏ အလိုဆန္ဒများကို ဘုရားသခင်အား ဖြည့်ဆည်းစေဖို့သာ အမြဲဖြစ်ပြီး ထိုအခါမှသာ ၎င်းတို့၏ ယုံကြည်မှုတွင် အလေးအနက် ရှိကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များပြည့်စုံပါက၊ အသက်ကို ၎င်းတို့ လိုက်စားမည်ဟု ပြောကြသော်လည်း၊ သူ၏ နှုတ်ကပတ်တော်များ မပြည့်စုံပါက၊ အသက်ကို လိုက်စားခြင်းငှာ ၎င်းတို့ ဖြစ်နိုင်ချေမရှိချေ။ လူသားက ဘုရားသခင်၌ ယုံကြည်မှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ခြင်းငှာ အားထုတ်ခြင်းဖြစ်ပြီး ကောင်းကင်ဘုံနှင့် တတိယ ကောင်းကင်သို့ တက်ခြင်းငှာ အားထုတ်ခြင်းဖြစ်သည်ဟု ထင်လေသည်။ ၎င်းတို့ထဲမှ မည်သူမျှက ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုသည် လက်တွေ့အရှိတရားထဲသို့ ဝင်နိုင်ခြင်းငှာ အားထုတ်ခြင်း၊ အသက်ကို ရရှိအောင် အားထုတ်ခြင်းနှင့် ဘုရားသခင်၏ ရယူခံရခြင်းငှာ အားထုတ်ခြင်း ဖြစ်သည်ဟု မပြောကြချေ။ ဤကဲ့သို့သော လိုက်စားခြင်း၌ တန်ဖိုးမှာ မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းအား မလိုက်စားသောသူတို့သည် ဘုရားသခင်ကို မယုံကြည်သောသူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ပြစ်မှားစော်ကားသောသူများ ဖြစ်ကြ၏။

ဘုရားသခင်၌ ယုံကြည်မှုက မည်သည့်အရာဖြစ်သည်ကို ယခု သင်တို့ နားလည်ပါသလော။ ဘုရားသခင်၌ ယုံကြည်မှုမှာ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ရခြင်းလော။ ယင်းသည် ကောင်းကင်ဘုံသို့ တက်ခြင်းကို ဆိုလိုသလော။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အနည်းငယ်မျှ မလွယ်ကူပေ။ ထိုဘာသာရေးအလေ့အထများကို သန့်စင်ပစ်သင့်သည်။ မကျန်းမာသူများကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ကို လိုက်စားခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အာရုံစိုက်ခြင်း၊ ဘုရားသခင်၏ သာ၍များသော ကျေးဇူးတော်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို တပ်မက်ခြင်း၊ ဇာတိပကတိ၏ အလားအလာများနှင့် သက်သောင့်သက်သာဖြစ်ခြင်းများကို လိုက်စားခြင်း- ဤအရာများသည် ဘာသာရေး အလေ့အထများဖြစ်ကြပြီး ထိုသို့သော ဘာသာရေး အလေ့အထများသည် မရေရာသော ယုံကြည်မှုမျိုးဖြစ်သည်။ ယနေ့တွင် ဘုရားသခင်၌ ယုံကြည်မှု အစစ်အမှန်မှာ အဘယ်အရာနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်အသက်၏ လက်တွေ့အရှိတရား အဖြစ် လက်ခံခြင်းနှင့် ဘုရားသခင်ကို စစ်မှန်သည့် ချစ်ခြင်းအား ရရှိဖို့အလို့ငှာ ဘုရားသခင်၏နှုတ်ကပတ်တော်မှ သူ့ကို သိကျွမ်းခြင်း ဖြစ်သည်။ ရှင်းအောင်ဆိုရလျှင်- ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ သင်သည် ဘုရားသခင်ကို နာခံနိုင်ရန်၊ ဘုရားသခင်အား ချစ်နိုင်ရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ဆောင်ရွက်သင့်သော တာဝန်ကို ဆောင်ရွက်နိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ ရည်မှန်းချက်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှု နှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ ကြည်ညိုခြင်း မည်မျှ ခံထိုက်တန်ကြောင်းနှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံများ၌ ကယ်တင်ခြင်းအမှုကို မည်သို့လုပ်ဆောင်ပြီး ၎င်းတို့ကို စုံလင်စေခြင်း နှင့်ဆိုင်သည့် အသိပညာကို ရရှိရမည်ဖြစ်သည်- ဤအရာများသည် ဘုရားသခင်၌ သင်၏ယုံကြည်မှုနှင့်ဆိုင်သည့် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဇာတိပကတိနှင့် သက်ဆိုင်သော အသက်တာမှ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် အသက်တာသို့ ပြောင်းလဲခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း အတွင်း အသက်ရှင်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော အသက်တာအတွင်း အသက်ရှင်ခြင်းသို့ ပြောင်းလဲခြင်း ဖြစ်သည်။ ယင်းသည် စာတန်၏အုပ်စိုးမှုအောက်မှ ထွက်လာခြင်းနှင့် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်၌ အသက်ရှင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို နာခံမှုနှင့် ဇာတိပကတိကို မနာခံမှုတို့အား စွမ်းဆောင်ရရှိနိုင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား သင်၏ စိတ်နှလုံးတစ်ခုလုံးကို ရယူခွင့်ပေးခြင်း၊ ဘုရားသခင်အား သင့်ကို စုံလင်စေရန် အခွင့်ပေးခြင်းနှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေခြင်းတို့ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် အဓိကအားဖြင့် ဘုရားသခင်၏ ဘုန်းအသရေနှင့် တန်ခိုးတို့ သင့်အထဲ၌ ထင်ရှားစေရန်အလို့ငှာ၊ ဘုရားသခင်၏ အလိုကို သင်လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အစီအစဉ်ကို ပြီးမြောက်စေနိုင်ရန်အလို့ငှာနှင့် စာတန်၏ရှေ့၌ ဘုရားသခင်အဖို့ သင်သက်သေခံနိုင်စေရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်လိုသည်ဆန္ဒကို ဗဟိုမပြုသင့်သကဲ့သို့၊ သင်၏ ကိုယ်ရေးကိုယ်တာ ဇာတိပကတိအတွက်လည်း မဖြစ်သင့်ပေ။ ယင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းငှာ အားထုတ်ခြင်းနှင့် ဘုရားသခင်ကို နာခံနိုင်ခြင်း၊ ပြီးလျှင် ပေတရုကဲ့သို့ သေသည်အထိ သူ့ကို နာခံနိုင်ခြင်းအကြောင်း ဖြစ်သင့်ပေသည်။ ဤသည်တို့မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိက ရည်မှန်းချက်များ ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို သိကျွမ်းဖို့နှင့် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းသည် သင့်ကို ဘုရားသခင်နှင့်ဆိုင်သည့် သာ၍ကြီးမားသော အသိပညာ ပေးနိုင်သည်၊ ထို့နောက်မှသာ သင်သည် ဘုရားသခင်ကို နာခံနိုင်ပေသည်။ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာဖြင့်သာ သူ့ကို သင် ချစ်နိုင်ပြီး၊ ဤသည်မှာ လူသားက ဘုရားသခင်၌ သူ၏ ယုံကြည်မှုတွင် ရှိသင့်သည့် ရည်မှန်းချက်ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုတွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ရှုမြင်ရဖို့ အမြဲ ကြိုးစားနေပါက၊ ဘုရားသခင်၌ ဤယုံကြည်မှု၏ ရှုထောင့်အမြင်သည် လွဲမှား၏။ ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်၏ လက်တွေ့အရှိတရားအဖြစ် လက်ခံခြင်း ဖြစ်သည်။ ဘုရားသခင်၏ ရည်မှန်းချက်ကို သူ၏ နှုတ်မှလာသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သင်ကိုယ်တိုင်၏ အတွင်းတွင် ထိုနှုတ်ကပတ်တော်များကို ဆောင်ရွက်ခြင်းအားဖြင့်သာ ရရှိပေသည်။ ဘုရားသခင်၌ ယုံကြည်မှုတွင်၊ လူသားသည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့၊ ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်ဖို့နှင့် ဘုရားသခင်ကို လုံးဝ နာခံတတ်ခြင်းအတွက် ကြိုးပမ်းသင့်ပေသည်။ သင်သည် ညည်းညူခြင်းမရှိဘဲ ဘုရားသခင်ကို နာခံနိုင်ပါက၊ ဘုရားသခင်၏ အလိုဆန္ဒများကို ဂရုပြုနိုင်ပါက၊ ပေတရု၏ ဝိညာဉ်ရင့်ကျက်မှုကို စွမ်းဆောင်ရရှိနိုင်ပြီး၊ ဘုရားသခင်ပြောဆိုသည့် ပေတရု၏ပုံစံကို ပိုင်ဆိုင်နိုင်ပါက၊ ယင်းသည် ဘုရားသခင်၌ ယုံကြည်မှုတွင် အောင်မြင်မှုကို သင်ရရှိပြီးသော အချိန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ယင်းက သင်သည် ဘုရားသခင်၏ ရယူခြင်းခံရပြီးဖြစ်သည်ကို ညွှန်ပြပေမည်။

ဘုရားသခင်သည် သူ၏အမှုကို စကြဝဠာတစ်ခုလုံးအနှံ့ လုပ်ဆောင်သည်။ သူ့ကို ယုံကြည်သူအားလုံးသည် သူ၏ နှုတ်ကပတ်တော်ကို လက်ခံရမည်ဖြစ်ပြီး၊ သူ၏ နှုတ်ကပတ်တော်ကို စားသောက်ရမည်ဖြစ်သည်။ ဘုရားသခင် ပြသော နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ခြင်းဖြင့် မည်သူမျှ ဘုရားသခင်၏ ရယူခြင်းကို မခံရနိုင်ပေ။ ခေတ်အဆက်ဆက်တွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်ကို အမြဲ အသုံးပြုခဲ့သည်။ ထို့ကြောင့် သင်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ၌သာ သင်တို့၏အာရုံကို မစိုက်သင့်ဘဲ၊ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ကြိုးပမ်းသင့်ပေသည်။ ဓမ္မဟောင်း ပညတ်တော်ခေတ်တွင် ဘုရားသခင်က နှုတ်ကပတ်တော်အချို့ ပြောဆိုခဲ့ပြီး၊ ကျေးဇူးတော်ခေတ်၌ ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့သည်။ ယေရှုသည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီးနောက်တွင်၊ နောက်ပိုင်း တမန်တော်များနှင့် တပည့်တော်များသည် လူတို့အား ယေရှု ထုတ်ပြန်ခဲ့သည့် ပညတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ ဦးဆောင်ခဲ့ပြီး၊ ယေရှု ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် အခြေခံသဘောတရားများအတိုင်း တွေ့ကြုံစေခဲ့သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုသည်။ ဘုရားသခင်သည် လူသားကို ဖိနှိပ်ရန် သို့မဟုတ် လူသား ယုံကြည်လက်ခံ လာစေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးမပြုပေ။ ဤအရာက ဘုရားသခင်၏တန်ခိုးကို မထင်ရှားစေနိုင်ပေ။ အကယ်၍ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုသာ ပြသပါက၊ ဘုရားသခင်၏ စစ်မှန်မှုကို ထင်ရှားစေဖို့ခက်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် လူသားကို စုံလင်စေဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများအားဖြင့် လူသားကို မစုံလင်စေဘဲ၊ လူသားကို ရေလောင်းပေးရန်နှင့် ထိန်းကျောင်းရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်၊ ယင်းနောက်တွင် လူသား၏ အကြွင်းမဲ့ နာခံခြင်းနှင့် ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏အသိကို ရရှိပေသည်။ ဤသည်မှာ သူပြုသည့်အမှုနှင့် သူပြောသည့် နှုတ်ကပတ်တော်များ၏ ရည်မှန်းချက်ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခြင်း နည်းလမ်းအား အသုံးမပြုပေ- သူသည် လူသားကို စုံလင်စေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ အမျိုးမျိုးသော အမှုပြုနည်းများစွာကို အသုံးပြုလေသည်။ စစ်ဆေးခြင်းဖြစ်စေ၊ ကိုင်တွယ်ဖြေရှင်းခြင်း ဖြစ်စေ၊ ပြုပြင်ခြင်းဖြစ်စေ၊ နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်းဖြစ်စေ၊ ဘုရားသခင်သည် လူကို စုံလင်စေဖို့နှင့် လူကို ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့ဖွယ်ဖြစ်ခြင်းတို့နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာကို ပေးဖို့ရန် များစွာသော ရှုထောင့်အမျိုးမျိုးမှ စကားပြောဆိုလေသည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ချိန်တွင် လူသားကို ပြည့်စုံစေသောအခါ၊ လူသားသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မျှော်လင့်ဖို့ အရည်အချင်း ပြည့်မီပေလိမ့်မည်။ သင်သည် ဘုရားသခင်ကို သိကျွမ်းလာပြီး သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်ကို နာခံနိုင်သည့်အခါတွင်၊ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်သည့်အခါ၊ ဘုရားသခင်နှင့် ပတ်သက်သည့် မည်သည့်အယူအဆမျှ ရှိတော့မည် မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် သင်သည် ဖောက်ပြန်ပျက်စီးပြီး ဘုရားသခင်ကို အကြွင်းမဲ့ နာခံနိုင်စွမ်းမရှိချေ- ဤအခြေအနေတွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့ရန် အရည်အချင်း ပြည့်မီသည်ဟု သင်ထင်ပါသလော။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဘုရားသခင် ပြသည့်အချိန်တွင်၊ ယင်းမှာ လူသားကို ဘုရားသခင် အပြစ်ပေးသည့်အချိန်ဖြစ်ပြီး၊ ခေတ်ပြောင်းလဲသည့် အချိန်လည်း ဖြစ်သည့်အပြင်၊ ခေတ်အဆုံးသတ်သည့် အချိန်ဖြစ်သည်။ ဘုရားသခင်၏ အမှုကို ပုံမှန် ဆောင်ရွက်နေအချိန်တွင်၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပေ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခြင်းသည် သူ့အတွက် အလွန် ရိုးရှင်းလွယ်ကူသော်လည်း၊ ယင်းမှာ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အခြေခံသဘောတရား မဟုတ်သကဲ့သို့၊ လူသားကို ဘုရားသခင်၏ စီမံခန့်ခွဲမှု ရည်မှန်းချက်လည်း မဟုတ်ပေ။ လူသားက နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ပါက၊ ပြီးလျှင် ဘုရားသခင်၏ ဝိညာဉ်ခန္ဓာသည် လူသားထံ ပေါ်ထွန်းခဲ့မည်ဆိုပါက၊ လူအားလုံးသည် ဘုရားသခင်ကို ယုံကြည်ကြမည် မဟုတ်လော။ ကြီးစွာသော ဒုက္ခဆင်းရဲခြင်း အလယ်မှ လာသည့် အောင်မြင်သောသူများဖြစ်သည့်၊ အောင်မြင်သောသူ တစ်စုကို အရှေ့အရပ်မှ ရယူထားသည်ဟု ယခင်က ငါပြောပြီး ဖြစ်သည်။ ဤစကားများက မည်သည့်အရာကို ဆိုလိုပါသနည်း။ ယင်းတို့က ရယူခံရပြီးသော ဤသူတို့သည်သာ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းနှင့် စစ်ဆေးမှုမျိုးစုံကို ခံပြီးသည့်နောက်တွင် အမှန်တကယ် နာခံကြသည်ဟု ဆိုလိုပေသည်။ ဤလူများ၏ ယုံကြည်မှုသည် မရေမရာနှင့် စိတ်ကူး သက်သက်မဟုတ်ဘဲ စစ်မှန်လေသည်။ ၎င်းတို့သည် မည်သည့် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် သဘာဝလွန် ဖြစ်ရပ်များကိုမျှ မမြင်ရသေးပေ။ ၎င်းတို့သည် ခက်ခဲသော ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ သို့မဟုတ် နက်နဲသော ထိုးထွင်းသိမြင်မှုများအကြောင်း မပြောကြပေ။ ယင်းအစား ၎င်းတို့သည် လက်တွေ့အရှိတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ပြီးလျှင် ဘုရားသခင်၏ လက်တွေ့အရှိတရားနှင့်ဆိုင်သည့် စစ်မှန်သော အသိပညာတို့ ရှိကြသည်။ ထိုသို့သော လူစုသည် ဘုရားသခင်၏ တန်ခိုးကို မြင်သာအောင် လုပ်နိုင်စွမ်း သာ၍ရှိသည် မဟုတ်လော။ နောက်ဆုံးသော ကာလအတွင်း ဘုရားသခင်၏ အမှုသည် စစ်မှန်သော အမှုဖြစ်သည်။ ယေရှု၏ ခေတ်အတောအတွင်းတွင်၊ ယေရှုသည် လူသားကို စုံလင်စေရန်မဟုတ်ဘဲ၊ လူသားကို ရွေးနုတ်ဖို့ ကြွလာခဲ့ပေသည်၊ ထို့ကြောင့် သူသည် လူတို့ သူ့နောက်ကိုလိုက်စေရန် နိမိတ်လက္ခဏာအချို့ကို ပြသခဲ့လေသည်။ သူသည် အဓိကအားဖြင့် ကားစင်တင်ခံရခြင်း အမှုကို ပြည့်စုံစေဖို့ ကြွလာခဲ့သည့်အတွက်၊ နိမိတ်လက္ခဏာများ ပြခြင်းသည် သူ၏အမှုတော်၏ အစိတ်အပိုင်း တစ်ခု မဟုတ်ခဲ့ပေ။ ထိုသို့သော နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများသည် သူ၏အမှုကို ထိရောက်စေရန် လုပ်ဆောင်သည့် အလုပ်ဖြစ်ခဲ့သည်။ ယင်းတို့သည် အပိုအလုပ်ဖြစ်ခဲ့ပြီး၊ ခေတ်တစ်ခေတ်လုံး၌ အမှုကို ကိုယ်စားမပြုခဲ့ပေ။ ဓမ္မဟောင်း ပညတ်တော်ခေတ်အတွင်းတွင်၊ ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြခဲ့သည်- သို့သော် ယနေ့ ဘုရားသခင် လုပ်ဆောင်သော အမှုသည် စစ်မှန်သော အလုပ်ဖြစ်ပြီး ယခုတွင် သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဧကန်မုချ ပြမည်မဟုတ်ပေ။ အကယ်၍ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သူပြခဲ့ပါက၊ သူ၏ တကယ့်အမှုသည် ဖရိုဖရဲ ဖြစ်သွားမည် ဖြစ်ပြီး သူသည် နောက်ထပ် မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်ကို အသုံးပြုဖို့ ပြောသော်လည်း၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုလည်း ပြသခဲ့ပါက၊ ယင်းက လူသားသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း ရှိ မရှိဆိုသည်ကို ရှင်းလင်းသွားစေနိုင်မည်လော။ ထို့ကြောင့် ဘုရားသခင်သည် ထိုသို့သောအရာများကို မလုပ်ဆောင်ခြင်း ဖြစ်သည်။ လူသား၏အတွင်းတွင် ဘာသာတရား အလွန်များလှ၏။ ဘုရားသခင်သည် လူသားအတွင်းရှိ ဘာသာရေး အယူအဆများအားလုံးနှင့် သဘာဝလွန် အမှုအရာများကို ထုတ်ပစ်ဖို့နှင့် ဘုရားသခင်၏ လက်တွေ့အရှိတရားကို လူသားအား သိစေဖို့၊ နောက်ဆုံးသောကာလတွင် ကြွလာပြီးဖြစ်သည်။ စိတ်ကူးသက်သက်ဖြစ်ပြီး စိတ်ကူးယဉ်ဖန်တီးထားသော ဘုရားသခင်တစ်ပါး၏ ပုံရိပ်ကို- တစ်နည်းအားဖြင့် လုံးဝ မတည်ရှိသည့် ဘုရားသခင်တစ်ပါး၏ပုံရိပ်ကို ဖယ်ရှားရန် ဘုရားသခင် ကြွလာပြီးဖြစ်သည်။ ထို့ကြောင့် ယခု တန်ဖိုးရှိသည့် တစ်ခုတည်းသော အရာမှာ သင့်အတွက် လက်တွေ့အရှိတရားနှင့်ဆိုင်သည့် အသိပညာတစ်ခု ရှိဖို့ ဖြစ်သည်။ သမ္မာတရားသည် အရာရာကို ကျော်လွန်၏။ ယနေ့တွင် သမ္မာတရား မည်မျှကို သင် ပိုင်ဆိုင်သနည်း။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသောသူအားလုံးသည် ဘုရားသခင် ဖြစ်ပါ၏လော။ ဆိုးယုတ်သော ဝိညာဉ်များသည်လည်း နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်ကြသည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင် ဖြစ်ပါ၏လော။ ဘုရားသခင်၌ လူသား၏ ယုံကြည်မှုတွင်၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများထက်၊ လူသားရှာဖွေသော အရာမှာ သမ္မာတရားဖြစ်ပြီး၊ သူ လိုက်စားသောအရာမှာ အသက်ဖြစ်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သင့်ပေသည်။

အရှေ့သို့- နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

နောက်တစ်ခုသို့- စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။