တစ်နေ့ ကျွန်ုပ်တို့ ပြန်တွေ့ရမည်
၁
ဘုရားသခင်နှင့် ကျွန်ုပ်တို့ အတူရှိကြသည့်အခါ၊ ကျွန်ုပ် ပြုံးရွှင်ရယ်မောကြပြီး၊ ယင်းက အလွန် ချိုမြိန်လှပေ။
ကျွန်ုပ်တို့ကို ရေလောင်းကာ ထိန်းကျောင်းဖို့ ကိုယ်တော် စကားပြောပြီး အမှုပြုကာ၊ ကျွန်ုပ်တို့အပေါ် သမ္မာတရား ကိုယ်တော် နှင်းအပ်ပေ။
ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ ကမ္ပည်းထိုးထားသည်၊ ကိုယ်တော်နှင့်အတူ ထိုသို့ နက်ရှိုင်းသော ချစ်ခင်မြတ်နိုးမှုကို ကျွန်ုပ်တို့ မျှဝေခံစားကြပေ။
ကိုယ်တော်၏ အမှုတော် ပြီးဆုံးတော့မည်ဖြစ်ပြီး၊ မကြာခင် ကိုယ်တော် ကျွန်ုပ်တို့ကို စွန့်ခွာတော့မည်။
ကိုယ်တော်၏ ကြင်နာခြင်းနှင့် ချစ်ခြင်းတို့ကို ကျွန်ုပ် ပြန်မပေးဆပ်သေးပေ။
အို ဘုရားသခင်။ အနန္တတန်ခိုးရှင် ဘုရားသခင်။ အို ဘုရားသခင်။ အနန္တတန်ခိုးရှင် ဘုရားသခင်။
ကိုယ်တော် စွန့်ခွာတော့မည်၊ ထို့ကြောင့် ကျွန်ုပ် အဘယ်ကြောင့် ဝမ်းမနည်းဘဲ နေနိုင်မည်နည်း။
၂
အတိတ်က အကြွေများကို ကျွန်ုပ် တွေးမိကာ ကျွန်ုပ်၏ စိတ်နှလုံးက ဓါးဖြင့် အမွှမ်းခံရသကဲ့သို့ နာကျင်ပေ။
ပေါ့ဆခြင်းနှင့် ပုန်ကန်ခြင်းတို့ဖြင့် ကိုယ်တော်ကို ကျွန်ုပ့် အလွန် နာကျင်စေပြီး ကျွန်ုပ်အမြဲ နောင်တရမိပေမည်။
အဖန်ဖန် ကိုယ်တော် ကျွန်ုပ်ကို ရိုက်နှက်ဆုံးမကာ ပဲ့ပြင်ဆုံးမပေ၊ ကျွန်ုပ်၏ ခံစားချက်မဲ့သော နှလုံးသားကို နိုးထစေရင်းလေ။
တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ပစ်ကာ လူသားပုံသဏ္ဍာန်တစ်ခု ကျွန်ုပ် အသက်ရှင်နေထိုင်သည်။
ကိုယ်တော်၏ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းကို ယခု ကျွန်ုပ်ရရှိသည်၊ ကျွန်ုပ်၏ နှလုံးသား သာ၍ ကိုယ်တော့်ကို တွယ်တာပေ။
အို ဘုရားသခင်။ အနန္တတန်ခိုးရှင် ဘုရားသခင်။ အို ဘုရားသခင်။ အနန္တတန်ခိုးရှင် ဘုရားသခင်။
ကိုယ်တော် စွန့်ခွာတော့မည်ဖြစ်ပြီး၊ ဤခံစားချက်ဟောင်းများကို ကျွန်ုပ် မမေ့နိုင်ပေ။
၃
ကိုယ်တော် ဇိအုန်ထံ ပြန်သွားနေပြီး ကိုယ်တော်နှင့်အတူ တစ်ဖန်ရှိဖို့ ကျွန်ုပ်တို့ မျှော်လင့်စောင့်စားပေ။
ကောင်းကင်တွင် ကိုယ်တော်ရှိပြီး မြေကြီးပေါ်တွင် ကျွန်ုပ်တို့ရှိကာ၊ ကျွန်ုပ်တို့ ဝေးကွာကြမည်ဖြစ်သော်လည်း၊ တစ်နေ့ ကျွန်ုပ်တို့ တစ်ဖန် ပြန်တွေ့ကြရမည်။
ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့နှင့်အတူ ရှိသည်၊ ကိုယ်တော်၏ ချစ်ခြင်းအတွက် ကျွန်ုပ်တို့ တောင့်တပေ။
ကိုယ်တော်၏ စိတ်သဘောထားက သန့်ရှင်းကာ ဖြောင့်မတ်ပြီး၊ ချီးမွမ်းခြင်းနှင့် ထိုက်တန်ပေ။
ကိုယ်တော်၏ စေခိုင်းမှုများကို ကျွန်ုပ်တို့ ထိန်းသိမ်းကာ ကိုယ်တော့်အတွက် ထာဝရ သက်သေခံရမည်။
အို ဘုရားသခင်။ အနန္တတန်ခိုးရှင် ဘုရားသခင်။ အို ဘုရားသခင်။ အနန္တတန်ခိုးရှင် ဘုရားသခင်။
ကိုယ်တော်၏ ချစ်ခြင်းကို ကျွန်ုပ်တို့၏ စိတ်နှလုံးများထဲ ကမ္ပည်းထိုးထားကာ ကိုယ်တော်ကို ထာဝရ ကျွန်ုပ်တို့ ချစ်မည်။