အခန်း ၁၀၄

ငါ၏ အပြင်၌ ရှိသော လူများ၊ အဖြစ်အပျက်များ နှင့် အမှုအရာ အားလုံးသည် အနတ္တအဖြစ်သို့ ကုန်လွန်၍သွားလိမ့်မည် ဖြစ်သော်လည်း၊ ငါ၏ အတွင်း၌ ရှိသော လူများ၊ အဖြစ်အပျက်များ နှင့် အမှုအရာ အားလုံးသည် ငါ့ထံမှ အရာရာတိုင်းကို ရရှိလိမ့်မည် ဖြစ်ပြီး ငါနှင့်အတူ ဘုန်းအသရေထဲသို့ ဝင်ရောက်ကြရလိမ့်မည်၊ ငါ၏ ဇိအုန်တောင်သို့ ဝင်ရောက်ရလိမ့်မည်၊ ငါ၏ နေထိုင်ရာထဲသို့ ဝင်ရောက်ရလိမ့်မည်ဖြစ်ပြီး ငါနှင့်အတူတကွ ထာဝရ ယှဉ်တွဲ နေထိုင်ရလိမ့်မည် ဖြစ်သည်။ ငါသည် အစအဦး၌ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အဆုံးတွင် ငါ၏ အမှုကို ပြည့်စုံစေမည် ဖြစ်သည်။ ငါသည် ရှင်ဘုရင်အဖြစ်လည်း တည်ရှိကာ ထာဝရ အုပ်စိုးမည်။ ကြားကာလ အတောအတွင်းတွင်၊ ငါသည် စကြဝဠာ တစ်ခုလုံးကိုလည်း ဦးဆောင်ပြီး ကွပ်ကဲအုပ်ချုပ်၏။ ငါသည် တစ်ဆူတည်းသော ဘုရားသခင် ကိုယ်တိုင် ဖြစ်သည့်အတွက်၊ ငါ၏ သြဇာအာဏာကို မည်သူမျှ ယူဆောင်မသွားနိုင်ပေ။ ထို့အပြင် ငါ၏သားဦးများအနေဖြင့် ငါနှင့်အတူ စိုးစံနိုင်ကြစေရန်အလို့ငှာ၊ ငါ၏ သြဇာအာဏာကို ငါ၏ သားဦးများအပေါ် လွှဲပြောင်းပေးဖို့ အာဏာ ရှိ၏။ ဤအရာများသည် ထာဝရ တည်ရှိလိမ့်မည် ဖြစ်ပြီး၊ မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့် ဖြစ်သည်။ (ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ကို ငါဆွေးနွေးသည့် မည်သည့်နေရာတွင်မဆို၊ ငါသည် ငါ၏ နိုင်ငံတော်ထဲ၌ ဖြစ်ပျက်သော အရာနှင့် ထာဝရ တည်ရှိလိမ့်မည် ဖြစ်သကဲ့သို့ မည်သည့်အခါမျှ မပြောင်းလဲနိုင်သော အရာကို ရည်ညွှန်းနေခြင်း ဖြစ်သည်။) အယောက်တိုင်းသည် စိတ်နှလုံးအကြွင်းမဲ့ လက်ခံယုံကြည်ရမည် ဖြစ်ပြီး ငါချစ်သော သူများအထဲ၌ ငါ၏ ကြီးမြတ်သော တန်ခိုးကို မြင်ကြရမည်။ မည်သူမျှ ငါ၏ နာမကို အရှက်မရစေနိုင်။ အရှက်ရစေသည့် မည်သူမဆို ဤနေရာမှ ထွက်သွားရမည်။ ယင်းမှာ ငါသည် အကြင်နာကင်းမဲ့၍ မဟုတ်ဘဲ သင်သည် မဖြောင့်မတ်သောကြောင့် ဖြစ်သည်။ အကယ်၍ ငါ၏ ပြစ်တင်ဆုံးမမှုကို သင် စော်ကားပါက၊ ငါသည် သင့်ကို ကိုင်တွယ်မည် ဖြစ်ပြီး သင့်ကို ထာဝရကာလပတ်လုံး ပျက်စီးဖို့ ဖြစ်စေမည်။ (ဟုတ်ပေ၏၊ ဤသည်မှာ ငါသားဦးများ မဟုတ်သည့် လူများကို ရည်ညွှန်းပေသည်။) ထိုသို့သော အမှိုက်ကို ငါ၏ အိမ်တွင် မကြိုဆိုလိုပေ၊ ထို့ကြောင့် အမြန်ထကာ ဤနေရာမှ ထွက်သွားလော့။ တစ်မိနစ် သို့မဟုတ် တစ်စက္ကန့်မျှပင် အချိန်မဆွဲနှင့်။ ငါ ပြောသည့် အရာကို သင် လုပ်ရမည်၊ သို့မဟုတ်ပါက စကားတစ်လုံးဖြင့် သင့်ကို ငါဖျက်ဆီးမည်။ သင် မတုံ့ဆိုင်းဘဲ ရှိနေသေးလျှင် ပိုကောင်းမည် ဖြစ်ပြီး၊ လှည့်စားဖို့ မကြိုးစားသေးပါက ပိုကောင်းမည်။ ငါ၏ရှေ့တွင် ရှိသည့်အခါ၊ သင်သည် အဓိပ္ပာယ်မရှိသော စကားများကို ဖန်တီးပြီး၊ ငါ့ကို ဗြောင်လိမ်၏။ အမြန်ထကာ ထွက်သွားကြလော့။ ထိုသို့သော အရာများအတွက် ငါရှိသည့်အချိန်မှာ နည်းပါးသည်။ (အစေခံမှု လုပ်ဆောင်ရန် အချိန်ကျသည့်အခါ၊ ဤလူများသည် အစေခံမှုကို လုပ်ဆောင်ကြလိမ့်မည် ဖြစ်ပြီး ထွက်ခွာရန် အချိန်ကျသည့်အခါ ထွက်ခွာကြလိမ့်မည် ဖြစ်သည်။ ငါသည် အမှုအရာများကို တစ် မိနစ် သို့မဟုတ် တစ်စက္ကန့်မျှ မနှောင့်နှေးစေဘဲ၊ ဉာဏ်ပညာဖြင့် လုပ်ဆောင်၏။ အနည်းငယ်မျှ လုံးဝ နှောင့်နှေးမှုမရှိစေပေ။ ငါ၏ လုပ်ရပ်အားလုံးသည် ဖြောင့်မတ်ပြီး လုံးဝ မှန်ကန်တိကျသည်။) သို့သော်လည်း ငါ၏ သားဦးများနှင့် ပတ်သက်လာသည့်အခါတွင်၊ ငါသည် အလွန်အမင်း သည်းခံပြီး သင့်အား ငါနှင့်အတူ ကောင်းမွန်သော ကောင်းကြီးမင်္ဂလာများနှင့် ထာဝရအသက်ကို ရာသက်ပန် မွေ့လျော်နိုင်စေရင်း၊ သင့်အတွက် ငါ၏ ချစ်ခြင်းမေတ္တာသည် ထာဝရ ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ သင်သည် မည်သည့် ဆုတ်ဆိုင်းမှုကိုမျှ လုံးဝ ကြံ့ကြံ့ခံရလိမ့်မည် မဟုတ်သကဲ့သို့ ငါ၏ တရားစီရင်ခြင်းကို ကြုံဖို့ လိုလိမ့်မည်လည်း မဟုတ်ပေ။ (ဤသည်မှာ ကောင်းချီးမင်္ဂလာများကို သင် စတင် မွေ့လျော်သည့် အချိန်ကို ရည်ညွှန်းသည်။) ဤသည်မှာ အဆုံးမဲ့ ကောင်းချီးမင်္ဂလာနှင့် ကမ္ဘာလောကကို ဖန်ဆင်းခဲ့အချိန်တွင် ငါ၏ သားဦးများထံ ငါပြုသည့်ကတိ ဖြစ်သည်။ ထိုအထဲတွင် ငါ၏ ဖြောင့်မတ်ခြင်းကို သင်တို့ မြင်သင့်သည်- ငါခွဲခန့်မှတ်သားပြီးသော သူများကို ငါ ချစ်ပြီး ငါ စွန့်ပစ်ကာ ပယ်ထုတ်ပြီးဖြစ်သော သူများကို ကမ္ဘာအဆက်ဆက် ငါ မုန်းသည်။

ငါ၏ သားဦးများအဖြစ်၊ သင်တို့အားလုံးသည် သင်တို့၏ ကိုယ်ပိုင် တာဝန်များကို ထိန်းသိမ်းသင့်ကြပြီး၊ သင်တို့၏ ကိုယ်ပိုင် ရာထူးအဆင့်အတန်းများတွင် ခိုင်မာစွာ ရပ်တည်သင့်သည်။ သင်တို့အနေဖြင့် ငါ၏ ဘုန်းအသရေရှိသော ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်ကြဖို့အလို့ငှာနှင့် ငါ၏ ဘုန်းအသရေ အလင်းသည် သင်တို့၏ မျက်နှာများမှတစ်ဆင့် လင်းနိုင်ဖို့အလို့ငှာ၊ ငါ၏ မိန့်မြွက်ချက်များသည် သင်တို့၏ နှုတ်များမှ ပျံ့နှံ့နိုင်ဖို့အလို့ငှာ၊ ငါ၏ နိုင်ငံတော်ကို သင်တို့ စိုးမိုးနိုင်ကြဖို့အလို့ငှာနှင့် ငါ၏ လူတို့ကို သင်တို့ အုပ်စိုးနိုင်ကြဖို့အလို့ငှာ၊ ငါ့ ရှေ့၌ ဆောင်ယူခံရသည့် အဦးဆုံး ရင့်မှည့်သော အသီးများ ဖြစ်ပြီး၊ ငါ၏ ကိုယ်တိုင် စစ်ဆေးခြင်းကို လက်ခံကြလော့။ ဤ နေရာ၌ “အဦးဆုံး ရင့်မှည့်သော အသီးများ” အပြင်၊ “ဆောင်ယူခံရသည်” ဟူသကဲ့သို့သော ဝေါဟာရများကို ငါဖော်ပြသည်။ “အဦးဆုံး ရင့်မှည့်သော အသီးများ” ဆိုသည်မှာ အဘယ်နည်း။ လူတို့၏ အယူအဆများအရ၊ ၎င်းတို့က ထိုအရာများကို ဆောင်ယူခံရသော ပထမအသုတ်မှ လူများ သို့မဟုတ် အောင်မြင်သောသူများ သို့မဟုတ် သားဦးများ ဖြစ်ကြသောလူများအဖြစ် တွေးထင်ကြသည်။ ဤအရာများ အားလုံးသည် ငါ၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အတွေးမှားများနှင့် မှားယွင်းသော အနက်ပြန်ဆိုမှုများ ဖြစ်သည်။ အဦးဆုံး ရင့်မှည့်သော အသီးများမှာ ငါ့ထံမှ ဗျာဒိတ် ရရှိပြီးသောလူများနှင့် ငါ၏ သြဇာအာဏာ ပေးခြင်း ခံရပြီးသောသူများ ဖြစ်သည်။ “အဦးဆုံး ရင့်မှည့်သော” ဟူသည့် စကားများက ငါ၏ ပိုင်ဆိုင်မှုတွင် ရှိခြင်းနှင့် ငါ၏ ခွဲခန့်မှတ်သားခြင်းနှင့် ရွေးကောက်ခံရခြင်းကို ရည်ညွှန်းပေသည်။ “အဦးဆုံး ရင့်မှည့်သော” ဟူသည်မှာ “အစဉ်အလိုက်တစ်ခုတွင် အဦးဆုံး” ဖြစ်သည်ကို မဆိုလိုပေ။ “အဦးဆုံး ရင့်မှည့်သော အသီးများ” သည် လူသား မျက်စိများဖြင့် မြင်နိုင်သည့် ရုပ်ဝတ္ထု အရာများ မဟုတ်ပေ။ ဤ “အသီးများ” ဟုခေါ်ဆိုသည့် အရာမှာ မွှေးရနံ့ ထွက်သော အရာများကို ရည်ညွှန်းသည် (ဤသည်မှာ သင်္ကေတဆိုင်ရာ အဓိပ္ပာယ်တစ်ခု ဖြစ်သည်)၊ ဆိုလိုသည်မှာ ယင်းသည် ငါ့ကို အသက်ရှင်နေထိုင်နိုင်သည့်‌ လူများ၊ ငါ့အား ထင်ရှားစေနိုင်သည့်လူများနှင့် ငါနှင့်အတူ ထာဝရ အသက်ရှင်နိုင်သော လူများကို ရည်ညွှန်းပေသည်။ “အသီးများ” ဟု ငါဆိုသောအခါတွင်၊ ငါ၏ သားများနှင့် လူများ အားလုံးကို ရည်ညွှန်းနေခြင်း ဖြစ်သည်၊ “အဦးဆုံး ရင့်မှည့်သော အသီးများ” ဆိုသည်မှာ ငါ နှင့်အတူတကွ ရှင်ဘုရင်များအဖြစ် စိုးစံကြမည့် သားဦးများကို ရည်ညွှန်းပေသည်။ ထို့ကြောင့် “အဦးဆုံး ရင့်မှည့်သော” ဆိုသည်ကို သြဇာအာဏာ ရှိခြင်းအဖြစ် ရှင်းပြသင့်ပေသည်။ ယင်းမှာ ၎င်း၏ စစ်မှန်သော အဓိပ္ပာယ် ဖြစ်သည်။ “ဆောင်ယူခံရခြင်း” ဆိုသည်မှာ လူတို့ စိတ်ကူးမည်ကဲ့သို့ နိမ့်သော နေရာ တစ်ခုမှ မြင့်သော နေရာ တစ်ခုသို့ ဆောင်ယူခံရခြင်းကို မဆိုလိုပေ။ ယင်းမှာ ကြီးမားသော နားလည်မှုလွဲခြင်း တစ်ခု ဖြစ်သည်။ “ဆောင်ယူခံရခြင်း” ဆိုသည်မှာ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့်၊ ထို့နောက် ရွေးကောက်ခြင်းကို ရည်ညွှန်းပေသည်။ ယင်းသည် ငါ ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးကောက်ထားသော သူအားလုံးကို ရည်ညွှန်းသည်။ ဆောင်ယူခံရသူ အားလုံးမှာ သားဦးများ သို့မဟုတ် သားများ၏ အရိုက်အရာကို ရရှိပြီးသည့် လူများ သို့မဟုတ် ဘုရားသခင်၏ လူမျိုးများ ဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်မှာ လူတို့၏ အယူအဆများနှင့် သဟဇာတ မဖြစ်ဆုံးသောအရာ ဖြစ်သည်။ အနာဂတ်တွင် ငါ၏ အိမ်၌ ဝေစုတစ်ခု ရှိကြမည့် သူများသည် ငါ၏ရှေ့တွင် ဆောင်ယူခြင်းကို ခံရပြီးဖြစ်သော သူအားလုံး ဖြစ်ကြသည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်၊ မည်သည့်အခါမျှ မပြောင်းလဲသကဲ့သို့ ငြင်းပယ်၍မရနိုင်ပေ။ ယင်းသည် စာတန်အား တန်ပြန်တိုက်ခိုက်ခြင်း တစ်ခု ဖြစ်သည်။ ငါ ကြိုတင်ခွဲခန့်မှတ်သားထားသောသူ မည်သူမဆိုသည် ငါ၏ ရှေ့တွင် ဆောင်ယူခြင်း ခံရကြမည်။

“သန့်ရှင်းသော တံပိုးခရာ” ကို မည်သို့ ရှင်းပြသနည်း။ ဤအရာနှင့် သက်ဆိုင်၍ သင်တို့၏ သိနားလည်မှုမှာ အဘယ်နည်း။ အဘယ်ကြောင့် ယင်းကို သန့်ရှင်းကာ၊ အသံလွှင့်နှင့်ပြီးဖြစ်သည်ဟု ဆိုရသနည်း။ ဤအရာကို ငါ့ အမှု၏ အဆင့်များမှ ရှင်းပြသင့်ပြီး ငါ အမှုပြုနည်းစနစ်မှ နားလည်သင့်သည်။ ငါ၏ တရားစီရင်ခြင်းကို လူသိရှင်ကြား ကြေညာသည့် အချိန်သည် ငါ၏ စိတ်သဘောထားကို တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့ထံ ထုတ်ဖော်ပြသည့်အချိန် ဖြစ်သည်။ ယင်းသည် သန့်ရှင်းသော တံပိုးကို မှုတ်သော အချိန် ဖြစ်သည်။ ဆိုလိုသည်မှာ ငါ၏ စိတ်သဘောထားသည် သန့်ရှင်းပြီး ပုန်ကန်ပြစ်မှား၍ မရသည်ကို ငါ မကြာခဏ ဆိုပေသည်၊ ယင်းမှာ “တံပိုးခရာ” ကို သရုပ်ဖော်ပြရန် “သန့်ရှင်းသော” ဟူသည့် ဝေါဟာရကို အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။ ဤအရာမှ “တံပိုးခရာ” သည် ငါ၏ စိတ်သဘောထားကို ရည်ညွှန်းပြီး ငါ၏ ဖြစ်ခြင်း နှင့် ငါ၏အရာအားလုံးကို ကိုယ်စားပြုသည်မှာ သိသာထင်ရှားပေသည်။ ငါ၏ တရားစီရင်ခြင်းသည် နေ့စဉ် တိုးတက်နေသည်၊ ငါ၏ အမျက်ဒေါသကို နေ့စဉ် ထုတ်လွှတ်နေသကဲ့သို့ ငါ၏ ကျိန်ခြင်းသည် ငါ၏ စိတ်သဘောထားနှင့် မကိုက်ညီသော အရာတစ်ခုစီတိုင်းအပေါ် နေ့စဉ်နှင့်အမျှ ကျရောက်သည်ဟုလည်း ဆိုနိုင်သည်။ ထိုအခါ ငါ၏ တရားစီရင်ခြင်း စတင်သည့် အချိန်သည် သန့်ရှင်းသော တံပိုးခရာ အသံမြည်သည့်အချိန် ဖြစ်ပြီး၊ ယင်းသည် တစ်ခဏ ရပ်တန့်ခြင်းမရှိသကဲ့သို့၊ တစ်မိနစ် သို့မဟုတ် တစ်စက္ကန့်မျှပင် ရပ်တန့်ခြင်းမရှိဘဲ၊ နေ့စဉ်နေ့တိုင်း ဆက်လက် အသံမြည်သည်ဟု ဆိုနိုင်ပေသည်။ ယခုအချိန်မှစ၍ ကြီးမားသည့် ဘေးဒုက္ခများ တဖြည်းဖြည်း ကျရောက်ခြင်းနှင့်အတူ သန့်ရှင်းသော တံပိုးခရာသည် သာ၍ ကျယ်လောင်သည်ထက် ကျယ်လောင်စွာ အသံမြည်လိမ့်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် ငါ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့်ဆိုင်သည့် ဖွင့်ပြခြင်းနှင့်အတူ၊ ငါ၏ စိတ်သဘောထားသည် တိုး၍ လူသိရှင်ကြား ဖြစ်လိမ့်မည်ဖြစ်ပြီး ငါ၏ ဖြစ်ခြင်းနှင့် ငါ၏အရာအားလုံးတို့ကို ငါ၏ သားဦးများထဲသို့ တိုး၍ ဖြည့်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ အနာဂတ်တွင် ငါ အမှုပြုမည့်ပုံ ဖြစ်သည်။ တစ်ဖက်တွင် ငါချစ်သော သူများကို အားဖြည့်ကာ ကယ်တင်နေစဉ်တွင်၊ အခြားတစ်ဖက်တွင် ငါ ရွံ့မုန်းသော သူအားလုံးကို ထုတ်ဖော်ပြရန် ငါ၏ နှုတ်ကပတ်တော်ကို အသုံးပြုနေခြင်း ဖြစ်သည်။ အောက်မေ့သတိရလော့။ ဤသည်မှာ လုံးဝ မှန်ကန်သည့် ငါ့ အမှု၏ နည်းစနစ်၊ ငါ့ အမှု၏ အဆင့်များ ဖြစ်သည်။ ဤအရာကို ဖန်ဆင်းခြင်းကတည်းက ငါ စီစဉ်နေခဲ့ပြီးဖြစ်ကာ မည်သူကမျှ ပြောင်းလဲ၍ မရနိုင်ပေ။

လူတို့အတွက် နားလည်ရန် ခက်ခဲသော ငါ၏ နှုတ်ကပတ်တော်များ၏ အစိတ်အပိုင်းများစွာ ရှိနေဆဲ ဖြစ်သည်၊ ထို့ကြောင့် ငါသည် ငါ စကားပြောသည့် ပုံစံနှင့် နက်နဲမှုများကို ဖွင့်ပြသည့် ငါ၏ နည်းစနစ်များကို နောက်ထပ် တိုးတက်စေခဲ့သည်။ ဆိုလိုသည်မှာ ငါ စကားပြောသည့် ပုံစံသည် အသစ်သော ပုံစံနှင့် နည်းစနစ်များဖြင့် နေ့စဉ် ပြောင်းလဲကာ တိုးတက်နေသည်။ ဤသည်တို့မှာ ငါ့အမှု၏ အဆင့်များ ဖြစ်ပြီး မည်သူမျှ မပြောင်းလဲနိုင်ပေ။ လူတို့သည် ငါ ပြောသော အရာများ နှင့်အညီသာ ပြောဆိုနိုင်ပြီး ဆောင်ရွက်နိုင်ကြသည်။ ဤသည်မှာ လုံးဝ အမှန်တရား ဖြစ်သည်။ ငါ၏ ဇာတိအဖြစ်တော် နှင့် ငါ၏ လူ့ဇာတိ နှစ်မျိုးလုံးတွင် သင့်လျော်သော အစီအစဉ်များကို ငါ ပြုလုပ်ပြီး ဖြစ်သည်။ ငါ၏ လူသားသဘာဝ၏ လုပ်ရပ်နှင့် လုပ်ဆောင်မှုတိုင်း အတွင်းတွင်၊ ငါ၏ ဘုရားသဘောသဘာဝနှင့်ဆိုင်သော ဉာဏ်ပညာ၏ လက္ခဏာသွင်ပြင်တစ်ခု ရှိသည်။ (လူသားမျိုးနွယ်သည် မည်သည့် ဉာဏ်ပညာမျှ လုံးလုံး မပိုင်ဆိုင်သည်နှင့်အမျှ၊ သားဦးများက ငါ၏ ဉာဏ်ပညာ ရှိသည်ဟုဆိုခြင်းမှာ ၎င်းတို့အထဲတွင် ငါ၏ ဘုရားသဘောသဘာဝနှင့်ဆိုင်သော စိတ်သဘောထား ရှိသည်ကို ရည်ညွှန်းပေသည်။) သားဦးများသည် မိုက်မဲသော အရာများကို လုပ်ဆောင်ကြသည့်အခါတွင်၊ ယင်းမှာ သင်တို့အတွင်းတွင် လူသား အရိပ်လက္ခဏာများ သင်တို့ ရှိကြသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ထိုသို့သော လူသား မိုက်မဲမှုကို ဖယ်ရှားရမည် ဖြစ်ပြီး၊ ငါနှစ်သက်သော အရာကို လုပ်ဆောင်ကာ ငါ မုန်းသောအရာကို ငြင်းပယ်ရမည်။ ငါထံမှ လာသောသူ မည်သူမဆို ငါ၏ အတွင်းသို့ ပြန်လာရမည် ဖြစ်ပြီး၊ ငါ့အထဲမှ မွေးဖွားသောသူ မည်သူမဆိုသည် ငါ၏ ဘုန်းအသရေအထဲသို့ ပြန်လာရမည်။ ငါ မုန်းသော သူများသည် စွန့်ပစ်ခံရမည် ဖြစ်ပြီး ငါ့ထံမှ တစ်ယောက်ပြီး တစ်ယောက် အဆက်ဖြတ်ခံရမည်။ ဤသည်တို့မှာ ငါ့ အမှု၏ အဆင့်များ ဖြစ်သည်။ ငါ၏ စီမံခန့်ခွဲမှုနှင့် ငါ၏အနှစ်ခြောက်ထောင် ဖန်ဆင်းခြင်း အစီအစဉ် ဖြစ်သည်။ ငါ စွန့်ပစ်သော သူများအားလုံးသည် ငါ့ကို ကျိုးနွံနာခံပြီး နာခံမှုရှိစွာ စွန့်ခွာသင့်သည်။ ငါ၏ နာမသည် သာ၍ပင် တိုး၍ ဘုန်းအသရေရှိနိုင်ဖို့ အလို့ငှာနှင့် ငါ၏ဘုန်းအသရေရှိသော မျက်နှာကို ဘုန်းအသရေရှိသော အလင်းက ဖြည့်ဆည်းနိုင်ဖို့အလို့ငှာ၊ ၎င်းတို့သည် ငါ၏ ဘုန်းအသရေထဲတွင် ငါ၏ ဉာဏ်ပညာနှင့် ပြည့်ဝနိုင်ကြပြီး ငါ၏ ဘုန်းအသရေရှိသော အလင်းထဲတွင် ငါ၏ နာမကို သာ၍ပင် ဘုန်းထင်ရှားစေနိုင်ဖို့အလို့ငှာ၊ ငါချစ်သော သူများအားလုံးသည် ၎င်းတို့အပေါ် ငါ နှင်းအပ်ပြီးဖြစ်သည့် ကောင်းချီးမင်္ဂလာများကြောင့် ငါ့ကို ချီးမွမ်းသင့်ပေသည်။

အရှေ့သို့- အခန်း ၁၀၃

နောက်တစ်ခုသို့- အခန်း ၁၀၅

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။