အခန်း ၁၀၅

ငါ၏ နှုတ်ကပတ်တော်များ နောက်ကွယ်က အခြေခံသဘောတရားများကြောင့်၊ ပြီးလျှင် ငါအမှုပြုပုံပြုနည်းတို့ကြောင့်၊ လူတို့သည် ငါ့ကို ငြင်းပယ်ကြ၏။ ဤသည်မှာ အလွန်ကြာမြင့်စွာ ငါ စကားပြောခြင်း နောက်ကွယ်က ရည်ရွယ်ချက် ဖြစ်သည် (ဤအရာကို အဆင်းနီသော နဂါးကြီး၏ သားစဉ်မြေးဆက်များအားလုံးကို ဦးတည်ပေသည်)။ ဤသည်မှာ ငါ့အမှု၏ အမြော်အမြင်ရှိသော နည်းစနစ် ဖြစ်သည်။ ယင်းသည် အဆင်းနီသောနဂါးကြီးအား ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။ ဤသည်မှာ ငါ၏ နည်းဗျူဟာ ဖြစ်ပြီး၊ လူတစ်ဦးတစ်ယောက်ကမျှ ယင်းကို အပြည့်အဝ နားမလည်နိုင်ပေ။ အလှည့်အပြောင်းတိုင်းတွင်- ဆိုလိုသည်မှာ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အသွင်ကူးပြောင်းသည့် အဆင့်တိုင်းတွင်- လူအချို့သည် ပယ်ထုတ်ခြင်း ခံရမည်။ ၎င်းတို့သည် ငါ့အမှု၏ အစီအစဉ်အလိုက် ပယ်ထုတ်ခံရကြသည်။ ဤသည်သာလျှင် ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံး အလုပ်လုပ်သည့် နည်းလမ်း ဖြစ်သည်။ ငါ ပယ်ထုတ်လိုသော လူများကို တစ်ယောက်ပြီးတစ်ယောက် ငါလွှင့်ပစ်ပြီးနောက်တွင်၊ ငါ့အမှု၏ နောက်တစ်ဆင့်ကို ငါ စတင်၏။ သို့သော် (ဤအရာက တရုတ်ပြည်ရှိ အသင်းတော်များအတွင်းတွင် ဆိုလိုသည်) ဤသည်မှာ အပြီးသတ် ပယ်ထုတ်ခြင်း ဖြစ်ပြီး ကမ္ဘာလောကအား ဖန်ဆင်းခြင်းကတည်းက အသွင်ကူးပြောင်းသည့် အဆင့်တစ်ခုအတောအတွင်း လူဦးရေပမာဏ အများဆုံး ပယ်ထုတ်ခြင်း ခံရမည့် အကြိမ်လည်း ဖြစ်သည်။ သမိုင်းတစ်လျှောက်တွင်၊ လူတို့ ပယ်ထုတ်ခံရပြီးသည့် အကြိမ်တိုင်း၌၊ နောက်ပိုင်းအမှုတွင် အစေခံခြင်း ပေးရန် လက်ကျန် လူတစ်စု ရှိထားပြီး ဖြစ်သည်။ သို့သော်၊ ဤအကြိမ်သည် ယခင် အကြိမ်များနှင့် မတူပေ။ ယင်းသည် သန့်ရှင်းပြီး၊ ကျွမ်းကျင်၏။ ဤသည်မှာ အကြိမ်အားလုံးထဲမှ အရေးပါဆုံးနှင့် အစေ့စပ်အသေချာဆုံး ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် လူအများစုသည် ၎င်းတို့၏ စိတ်များမှ သံသယကို မျိုသိပ်ဖို့ အတင်းအကျပ် ကြိုးစားကြသော်လည်း ၎င်းတို့သည် နောက်ဆုံးတွင် သံသယကို မချိုးနှိမ်နိုင်ကြသကဲ့သို့၊ အဆုံးတွင် ၎င်းတို့၏ ရုန်းကန်မှုများထဲသို့ လဲကျသွားကြသည်။ ဤအရာကို ဆုံးဖြတ်ရန် ၎င်းတို့ တာဝန်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ငါကြိုတင်ခွဲခန့်ထားသောသူများသည် မလွတ်မြောက်နိုင်ကြသကဲ့သို့ ငါကြိုတင်ခွဲခန့်ထားခြင်း မရှိသောသူများကို ငါ အထင်အမြင်သေးရုံသာ တတ်နိုင်သောကြောင့် ဖြစ်သည်။ ငါချစ်သည့် တစ်ဦးတည်းသော လူများမှာ ငါမျက်နှာသာပေးလျက် ကြည့်ရှုသော သူများ ဖြစ်သည်။ သို့မဟုတ်လျှင် လူတစ်ဦးမျှ ငါ၏ နိုင်ငံတော်ထဲသို့ လွတ်လပ်စွာ ဝင်ထွက်နိုင်ကြလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ငါ၏ သံလှံတံဖြစ်ပြီး ဤသည်သာ တန်ခိုးနှင့်ပြည့်သော သက်သေခံချက်နှင့် ငါ၏ စီမံအုပ်ချုပ်ရေး အမိန့်များကို ဆောင်ရွက်ခြင်း၏ ပြည့်ဝသော သရုပ်သကန် ဖြစ်သည်။ ဤသည်မှာ တက်ကြွသောစိတ်နှလုံးတစ်ခု ရှိရုံမျှဖြစ်သည့် ကိစ္စတစ်ခု သေချာပေါက် မဟုတ်ပေ။ စာတန်သည် ကျရှုံးခြင်းကို ရင်ဆိုင်လျက် အစွမ်းမဲ့လေပြီဟု အဘယ်ကြောင့် ငါ ပြောလေပြီနည်း။ ပထမတွင် ၎င်းသည် ခွန်အား ရှိခဲ့သော်လည်း ၎င်းသည် ငါ၏ လက်ထဲတွင် ရှိ၏။ အကယ်၍ ငါက လှဲ၍နေရန် ၎င်းကို စေခိုင်းပါက၊ ၎င်းသည် လှဲ၍နေရမည်ဖြစ်ပြီး၊ ငါ့အတွက် အစေခံမှုပေးဖို့ ထရန် ၎င်းကို ငါ စေခိုင်းပါက၊ ၎င်းသည် ထကာ ငါ့အတွက် အစေခံမှု ပေးရမည်ဖြစ်သကဲ့သို့ ထိုသို့ ကောင်းစွာ လုပ်ဆောင်ရမည်ဖြစ်သည်။ စာတန်အနေဖြင့် ဤအရာကို လုပ်ဆောင်ရန် လိုလားနေခြင်း မဟုတ်။ ငါ၏ သံလှံတံသည် စာတန်အား အုပ်စိုးသည်ဟု ဆိုထားပြီး၊ ဤနည်းဖြင့်သာ ၎င်းသည် စိတ်နှလုံးနှင့် စကားဖြင့် ယုံကြည်လက်ခံခြင်းဖြစ်သည်။ ငါ၏ စီမံအုပ်ချုပ်ရေး အမိန့်များသည် ယင်းအား စိုးမိုးသကဲ့သို့၊ ငါ၌ ငါ၏ ကြီးမားသော ခွန်အားရှိ၏၊ ထို့ကြောင့် စာတန်သည် လုံးဝ လက်ခံယုံကြည်ရုံသာ တတ်နိုင်သည်။ ၎င်းသည် ခုခံမှု တစိုးတစိမျှ မရှိဘဲ ငါ၏ ခြေတင်ရာခုံအောက်၌ အနင်းခံရမည်ဖြစ်သည်။ အတိတ်တွင်၊ ၎င်းသည် ငါ၏ သားများအတွက် အစေခံနေခဲ့ချိန်တွင်၊ ထိုသို့ဖြင့် ငါ့အား အရှက်ရစေရန် မျှော်လင့်ရင်းနှင့် ငါသည် အစွမ်းအစ မရှိဟု အခိုင်အမာဆိုရင်း၊ ငါ၏ သားများကို အပြင်းအထန် မထီလေးစားပြုခဲ့ပြီး တမင်တကာ အနိုင်ကျင်ခဲ့သည်။ ကျိုးကြောင်းမမြင်လိုက်လေခြင်း။ သင့်ကို သေသည်ထိ ငါနင်းခြေမည်။ ဆက်လုပ်လော့။ နောက်တစ်ဖန် ရက်စက်ကြမ်းကြုတ်ဖို့ သင့်ကို ငါ စိန်ခေါ်သည်။ ငါ၏ သားများကို အေးစက်သော ဥပေက္ခာပြုခြင်းဖြင့် နောက်တစ်ဖန် ဆက်ဆံဖို့ သင့်ကို ငါ စိန်ခေါ်သည်။ လူတို့ သာ၍ ရိုးသာလေလေ၊ ငါ၏ စကားများကို ၎င်းတို့ သာ၍ နားထောင်ကာ ငါ့ကို ကျိုးနွံနာခံလေလေ၊ သင်သည် ၎င်းတို့အား သာ၍ အနိုင်ကျင့်ကာ သီးခြားခွဲထားလေလေဖြစ်သည် (ဤတွင် အုပ်စုတစ်စုဖွဲဖို့ သင်၏ ကြံရာပါများကို စုစည်းခြင်းအား ငါ ရည်ညွှန်းနေခြင်း ဖြစ်သည်)။ ယခုတွင် သင်၏ ရက်စက်ကြမ်းကြုတ်သော နေ့ရက်များမှာ အဆုံးသတ်ပြီဖြစ်ပြီး၊ ငါသည် သင့်ကို တစ်စစီ စာရင်းရှင်းနေ၏။ ငါသည် သင် လုပ်ဆောင်ပြီးသည့်အရာ တစ်စက်မျှဖြင့်ပင် သင့်ကို အလွတ်ပေးလိမ့်မည်မဟုတ်။ ယခုတွင် တန်ခိုးကို ဆောင်ယူပြီးသူမှာ စာတန်ဖြစ်သည့် သင်မဟုတ်။ ထို့ထက်၊ ယင်းတန်ခိုးကို ငါပြန်ဆောင်ယူပြီးဖြစ်ကာ၊ သင့်အား ကိုင်တွယ်ဖြေရှင်းဖို့ ငါ၏သားများကို ခေါ်ရန် အချိန် ရောက်လာပြီဖြစ်သည်။ သင်သည် နာခံရမည်ဖြစ်ပြီး အနည်းငယ်မျှ ခုခံခြင်း မရှိရ။ အတိတ်တွင် ငါ့ရှေ့မှောက်၌ သင် ရှိသည့်အချိန်တွင် မည်မျှ လိမ္မာခဲ့သည်ဖြစ်စေ၊ ယင်းက ယနေ့ သင့်ကို ကူညီလိမ့်မည်မဟုတ်။ အကယ်၍ သင်သည် ငါချစ်သောသူများထဲမှ တစ်ဦး မဟုတ်ပါက၊ သင့်ကို ငါ အလိုမရှိ။ တစ်ယောက် ပိုနေခြင်းက လက်မခံနိုင်စရာ ဖြစ်သည်။ ယင်းသည် ငါကြိုတင်သတ်မှတ်ထားသော အရေအတွက် ဖြစ်ရမည်ဖြစ်ပြီး၊ ယင်းထက် တစ်ယောက် လျော့သည်မှာ သာ၍ပင် ဆိုးရွားသည်။ အချင်းစာတန်- အနှောင့်အယှက် မပြုနှင့်။ ယင်းမှာ မည်သူ့ကို ငါချစ်ပြီး မည်သူ့ကို ငါမုန်းသည်ဆိုသည်နှင့်ပတ်သက်၍ ငါ၏ စိတ်နှလုံးတွင် မရှင်းမလင်း ဖြစ်သောကြောင့်များ ဖြစ်နိုင်သလော။ ငါ့ကို သတိပေးရန် သင့်အား ငါ လိုအပ်သလော။ စာတန်သည် ငါ၏ သားများကို မွေးဖွားပေးနိုင်သလော။ အားလုံးသည် အဓိပ္ပာယ်မရှိပေ။ အားလုံးသည် စိတ်ပျက်စရာဖြစ်၏။ ငါသည် အားလုံးကို စေ့စေ့စပ်စပ်နှင့် လုံးလုံးလျားလျား ဖယ်ရှားမည်။ တစ်ဦးတစ်ယောက်ကိုမျှပင် အလိုမရှိ။ အားလုံး ထွက်သွားရမည်။ နှစ်ခြောက်ထောက် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးသတ်ပြီ၊ ငါ၏ အမှု ပြီးပြီဖြစ်သကဲ့သို့၊ ဤသားရဲများနှင့် ကြမ်းကြုတ်သောတိရိစ္ဆာန်အုပ်ကို ငါရှင်းပစ်ရမည်။

ငါ၏ နှုတ်ကပတ်တော်များကို ယုံကြည်ပြီး ယင်းတို့ကို လက်တွေ့လုပ်ဆောင်သူများသည် ငါ ချစ်သောသူများ ဖြစ်ရမည်။ ငါသည် ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကိုမျှ စွန့်ပစ်မည်မဟုတ်သကဲ့သို့၊ တစ်ဦးတစ်ယောက်ကိုမျှ လက်လွှတ်မည် မဟုတ်။ ထို့ကြောင့် သားဦးများ ဖြစ်ကြသောသူများသည် စိုးရိမ်ရန် မလိုအပ်။ ယင်းကို ငါကပေးသနားထားသည့်အတွက်၊ မည်သူမျှ ယူဆောင်မသွားနိုင်သကဲ့သို့၊ ငါကောင်းချီးပေးသော သူများအပေါ်၌ ယင်းကို ငါပေးသနားရန် သေချာပေသည်။ (ကမ္ဘာလောကကို ဖန်ဆင်းခြင်းမတိုင်မီ) ငါလက်ခံခဲ့သောသူများကို ငါ (ယနေ့) ကောင်းချီးပေး၏။ ဤသည်မှာ ငါအမှုပြုသော နည်းလမ်းဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေး အမိန့်များ၏ အပိုဒ်ငယ်အသီးသီးနောက်ကွယ်က အဓိက နိယာမလည်း ဖြစ်ကာ၊ ယင်းကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ နောက်ထပ် စာလုံးတစ်လုံးကိုမျှ ဖြစ်စေ၊ နောက်ထပ် စာကြောင်းတစ်ကြောင်းကိုမျှဖြစ်စေ ထပ်ဖြည့်၍မရနိုင်သကဲ့သို့ စာလုံးတစ်လုံး သို့မဟုတ် စာကြောင်းတစ်ကြောင်းကိုမျှ ချန်ထား၍ မရနိုင်ပေ။ အတိတ်တွင် ငါ၏ ဇာတိအဖြစ်တော်သည် သင်တို့ထံ ပေါ်ထွန်းသည်ဟု မကြာမခဏ ငါဆိုခဲ့၏။ သို့ဆိုလျှင် ငါ၏ ဇာတိအဖြစ်တော်မှာ အဘယ်အရာဖြစ်ပြီး ယင်းသည် မည်သို့ ပေါ်ထွန်းသနည်း။ ဤအရာက ငါ၏ ဖြစ်ခြင်း ဖြစ်သော ဇာတိအဖြစ်တော်ကို သက်သက် ရည်ညွှန်းသလော။ ယင်းသည် ငါ ပြောသော ဝါကျတိုင်းကို သက်သက် ရည်ညွှန်းသလော။ မရှိမဖြစ်လျက်ရှိသော ဤသွင်ပြင်လက္ခဏာနှစ်ခုသည် သေးငယ်သော အစိတ်အပိုင်းတစ်ခုကိုသာ ဖြစ်စေသည်။ ဆိုလိုသည်မှာ၊ ၎င်းတို့သည် ငါ၏ ဇာတိအဖြစ်တော်နှင့်သက်ဆိုင်သည့် ပြည့်စုံသော ရှင်းပြချက်တစ်ခုအဖြစ် မပါဝင်ပေ။ ငါ၏ ဇာတိအဖြစ်တော်သည် ငါ၏ အသွေးအသား ကိုယ်တိုင်၊ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ လုပ်ဆောင်ချက်များလည်း ပါဝင်၏၊ သို့သော် အတိကျဆုံးသော ရှင်းပြချက်မှာ ငါ၏ သားဦးများနှင့် ငါသည် ငါ၏ ဇာတိအဖြစ်တော် ဖြစ်သည်ဟူ၍ ဖြစ်၏။ ဆိုလိသည်မှာ၊ စိုးစံပြီး တန်ခိုးကို စွဲကိုင်ထားသည့် ပေါင်းစည်းထားသော ခရစ်ယာန်လူတစ်စုသည် ငါ၏ ဇာတိအဖြစ်တော် ဖြစ်ပေသည်။ ဤအကြောင်းကြောင့်၊ သားဦး အသီးသီးသည် မရှိမဖြစ် ဖြစ်သကဲ့သို့၊ ငါ၏ ဇာတိအဖြစ်တော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် လူအရေအတွက်သည် (ထိုသို့ဖြင့် ငါ၏ နာမကို အရှက်ရစေခြင်း) တစ်ယောက် မပိုနိုင်သကဲ့သို့၊ ပို၍ အရေးကြီးသည်မှာ (ထိုသို့ဖြင့် ငါ့ကို အပြည့်အဝ မထင်ရှားခြင်းစေနိုင်ခြင်း) တစ်ယောက် လျော့နည်း၍လည်း မရနိုင်ကြောင်းကို ငါအလေးပေးခြင်း ဖြစ်သည်။ ထို့အပြင်၊ သားဦးများသည် ငါ၏ အချစ်ဆုံးသောသူများ၊ ငါ၏ ရတနာများနှင့် ငါ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် ပုံပေါ်လာခြင်းဖြစ်သည်ဟု အကြိမ်ကြိမ် ငါအလေးပေးခြင်း ဖြစ်သည်။ ၎င်းတို့သာ ငါ၏စုံလင်ပြီး ပြည့်ဝသော သရုပ်သကန်ကို ပုံဖော်နိုင်သည်။ ငါကိုယ်တိုင်သည် ငါ၏ ဇာတိအဖြစ်တော်၏ ပြည့်ဝသော သရုပ်သကန်တစ်ခု ဖြစ်နိုင်သည်။ သားဦးများနှင့် အတူရှိမှသာ ငါ ကိုယ်တိုင်အား စုံလင်ပြီး ပြည့်ဝသော သရုပ်သကန်တစ်ခုအဖြစ် ဆိုနိုင်ပေသည်။ ထို့ကြောင့်၊ ငါသည် ငါ၏ သားဦးများအပေါ် တင်းကျပ်သော တောင်းဆိုချက်များ ထားရှိပြီး၊ အမှုအရာတစ်ခုကိုမျှ လျစ်လျူမရှုဘဲ၊ ငါ၏ သားဦးများမှလွဲ၍ အားလုံးကို အထပ်ထပ်အခါခါ ဖြတ်တောက်ပြီး သေစေ၏။ ဤသည်မှာ ငါပြောပြီးသော အရာအားလုံး၏ အရင်းအမြစ်ဖြစ်သကဲ့သို့၊ ငါ ပြောပြီးသမျှ အရာအားလုံး၏ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။ ထို့အပြင်၊ ငါသည် ၎င်းတို့သည် ငါလက်ခံပြီးသောသူများ၊ ကမ္ဘာလောကကို ဖန်ဆင်းခြင်းကတည်းက ကိုယ်တိုင်ကိုယ်ကျ ငါရွေးချယ်ပြီးဖြစ်သောသူများ ဖြစ်ရမည်ဟု ထပ်သလဲလဲ ငါ အလေးပေးရခြင်း ဖြစ်သည်။ သို့ဆိုလျှင်၊ “ပေါ်ထွန်းသည်” ဟူသော စကားကို မည်သို့ ရှင်းပြ၍ရနိုင်မည်နည်း။ ယင်းသည် ဝိညာဉ်ရေးရာ လောကထဲသို့ တစ်ဦးတစ်ယောက် ဝင်ရာက်သည့် အချိန်နှင့် ပတ်သက်သလော။ ယင်းသည် ငါ၏ သွေးသား ကိုယ်တိုင် ဘိသိက်ခံရသော အချိန်၊ သို့မဟုတ် ငါ၏ သွေးသား ကိုယ်တိုင်ကို ၎င်းတို့ မြင်ရသောအချိန် ဖြစ်သည်ဟု လူအများစုက ယုံကြည်ကြသော်လည်း၊ ဤအရာအားလုံးသည် မှားယွင်း၏။ နီးပင် မနီးစပ်ပေ။ ယင်း၏ မူရင်း အဓိပ္ပာယ်အရ၊ “ပေါ်ထွန်းသည်” ဟူသည်မှာ နားလည်ရန် လုံးဝ မခက်ခဲသော်လည်း ယင်းကို ငါ၏ ရည်ရွယ်ချက်နှင့်အညီ နားလည်ရန်မှာ များစွာ သာ၍ ခက်ခဲသည်။ ယင်းကို ဤသို့ ပြော၍ရနိုင်သည်- လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ချိန်တွင်၊ ငါသည် ငါ၏ အရည်အသွေးကို ငါချစ်သော ဤလူစုအထဲသို့ ထည့်သွင်းပေးခဲ့ပြီး ဤလူစုသည် ငါ၏ ဇာတိအဖြစ်တော် ဖြစ်ပေသည်။ တစ်နည်းအားဖြင့် ပြောရမည် ဆိုပါက၊ ငါ၏ ဇာတိအဖြစ်တော်သည် ထိုအချိန်က ပေါ်ထွန်းခဲ့နှင့်ပြီး ဖြစ်သည်။ ဤအမည်နာမကို လက်ခံရရှိခဲ့သည့်နောက် ငါ၏ ဇာတိအဖြစ်တော် ပေါ်ထွန်းခဲ့သည် မဟုတ်ပေ။ ထို့ထက်၊ ယင်းသည် ဤလူစုအား ငါကြိုတင်ခန့်ခွဲခဲ့သည့်နောက်၊ ပေါ်ထွန်းခဲ့ခြင်း ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် ငါ၏ အရည်အသွေး ပါရှိသောကြောင့် ဖြစ်သည် (၎င်းတို့၏ သဘာဝ မပြောင်းလဲသကဲ့သို့၊ ၎င်းတို့သည် ငါ၏ ဇာတိအဖြစ်တော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်)။ ထို့ကြောင့် ကမ္ဘာလောကကို ဖန်ဆင်းခြင်း အချိန်မှစ၍ မျက်မှောက်ခေတ်ထိတိုင် ငါ၏ ဇာတိအဖြစ်တော်သည် အစဉ်အပေါ်ထွန်းလေပြီ။ ငါ၏ သွေးသား ကိုယ်တိုင်သည် ငါ၏ ဇာတိအဖြစ်တော်ဖြစ်သည်ဟု လူအများစုက ယုံကြည်ကြ၏၊ ယင်းမှာ ထိုသို့ လုံးဝ မဟုတ်ပေ။ ထိုစိတ်ကူးသည် ၎င်းတို့၏ အတွေးများနှင့်အယူအဆများတွင်သာ ပေါ်ပေါက်၏။ အကယ်၍ ငါ၏ သွေးသား ကိုယ်တိုင် တစ်ဦးတည်းသည် ငါ၏ ဇာတိအဖြစ်‌တော် ဖြစ်ခဲ့ပါက၊ စာတန်အား အရှက်ရစေဖို့ လုံလောက်မည် မဟုတ်ပေ။ ယင်းသည် ငါ၏ နာမကို ဘုန်းထင်ရှားစေနိုင်မည် မဟုတ်သကဲ့သို့၊ ယင်းသည် အမှန်တွင် တန်ပြန် အကျိုးသက်ရောက်မှု တစ်ခု ရှိမည် ဖြစ်ကာ၊ ထိုသို့ဖြင့် ငါ၏ နာမကို အရှက်ရစေမည်ဖြစ်ပြီး၊ ခေတ်များတစ်လျှောက် ငါ့နာမအား စာတန်၏ အရှက်ရစေခြင်း အမှတ်အသား တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ငါသည် ဉာဏ်ပညာရှိသော ဘုရားသခင် ကိုယ်တိုင် ဖြစ်ပြီး ထိုသို့ မိုက်မဲသော အရာတစ်ခုကို မည်သည့်အခါမျှ ငါ လုပ်ဆောင်မည် မဟုတ်။

ငါ၏ အမှုသည် ရလဒ်များစွာရှိ၏၊ ထို့ပြင် ငါသည် နှုတ်ကပတ်တော်များကို နည်းစနစ်များဖြင့် ပြောရမည်။ ငါ၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များ အားလုံးကို ငါ၏ ဝိညာဉ်တော်နှင့်အတူ ပြောဆိုထားခြင်းဖြစ်ကာ၊ ငါ၏ ဝိညာဉ်တော်ပြုသည့် အရာအားလုံးအတိုင်း ငါ စကားပြောပေသည်။ ထို့ကြောင့် အားလုံးသည် ငါ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ငါ၏ ဝိညာဉ်ကို ခံစားမိသင့်သည်၊ ငါ၏ ဝိညာဉ်က မည်သည့်အရာ လုပ်ဆောင်နေသည်ကို မြင်သင့်သည်။ ငါ လုပ်ဆောင်သည်မှာ မည်သည့်အရာ အတိအကျဖြစ်သည်ကို ၎င်းတို့ မြင်သင့်သည်၊ ၎င်းတို့သည် ငါ၏ နှုတ်ကပတ်တော်များကို အခြေခံ၍ ငါအမှုပြုသည့် နည်းစနစ်ကို မြင်သင့်ပြီး ငါ၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ အခြေခံသဘောတရားများက မည်သည့်အရာများ ဖြစ်သည်ကို မြင်သင့်သည်။ ငါသည် စကြဝဠာ၏ အခြေအနေ တစ်ခုလုံးကို စောင့်ကြည့်နေ၏။ လူတိုင်း၊ အဖြစ်အပျက်တိုင်းနှင့် နေရာတိုင်းသည် ငါ၏ ကွပ်ကဲမှုအောက်၌ ရှိကြသည်။ ငါ၏ အစီအစဉ်ကို ချိုးဖောက်ဝံ့သောသူ တစ်ယောက်မျှ မရှိ။ အရာခပ်သိမ်းသည် ငါညွှန်ကြားထားသည့် အစီအစဉ်ဖြင့် တစ်ဆင့်ချင်း ရှေ့ဆက်တိုးနေ၏။ ဤသည်မှာ ငါ၏ ကြီးမားသော ခွန်အား ဖြစ်သည်။ ဤသည်မှာ ငါ၏ အစီအစဉ် တစ်ခုလုံးအား စီမံခန့်ခွဲခြင်း ဉာဏ်ပညာ တည်ရှိသော နေရာ ဖြစ်သည်။ မည်သူမျှ အပြည့်အဝ နားမလည်နိုင် သို့မဟုတ် ရှင်းလင်းစွာ မပြောဆိုနိုင်ပေ။ ငါသည် အရာခပ်သိမ်းကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားခြင်းဖြစ်ကာ ငါတစ်ဦးတည်းက ထိန်းချုပ်ထားခြင်း ဖြစ်သည်။

အရှေ့သို့- အခန်း ၁၀၄

နောက်တစ်ခုသို့- အခန်း ၁၀၆

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။