အခန်း ၁၀၆

ငါ၏ နှုတ်ကပတ်တော်များကို မသိကြသော သူများ၊ ငါ၏ သာမန် လူ့သဘာဝကို မသိကြသော သူများနှင့် ငါ၏ ဘုရားသဘောသဘာဝကို အာခံသောသူများ အားလုံးသည် ဘာမျှမရှိခြင်းအဖြစ်သို့ ချေဖျက်ခံရမည်။ မည်သူမျှ ဤအရာမှ လွတ်ငြိမ်းခွင့်ရမည် မဟုတ်သကဲ့သို့၊ ယင်းသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်သကဲ့သို့ ဤသည်မှာ လက်တွေ့လုပ်ဆောင်ဖို့ အကြီးလေးဆုံးသော အရာတစ်ခု ဖြစ်သည့်အတွက်၊ အားလုံးသည် ဤသွင်ပြင်လက္ခဏာတွင် စံမီရမည်ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို မသိကြသော သူများသည် ငါရှင်းရှင်းလင်းလင်း ညွှန်ပြခဲ့သော အရာတို့ကို နားထောင်ပြီးဖြစ်သော်လည်း၊ ယင်းတို့နှင့်သက်ဆိုင်သည့် အသိပညာ မရှိကြသေးသူများ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ကြသော လူများ ဖြစ်သည် (ငါသည် ဝိညာဉ်ရေးရာ ကိစ္စရပ်များနှင့် ကိုက်ညီသည့် လူသား အစွမ်းအစတစ်ခုကို မဖန်ဆင်းသေးသည်နှင့်အမျှ၊ ၎င်းတို့အား များစွာ ငါမတောင်းဆိုပေ။ ငါ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ နားထောင်ကြရန်နှင့် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ကြရန်မျှသာ ငါတောင်းဆိုပေသည်)။ ၎င်းတို့သည် ငါ၏ အိမ်တော်နှင့်ဆိုင်သော လူများ မဟုတ်သကဲ့သို့၊ ငါကဲ့သို့ အလားတူ အမျိုးအစား မဟုတ်ကြပေ။ ၎င်းတို့သည် စာတန်၏ နိုင်ငံနှင့် သက်ဆိုင်ကြသည်။ ထို့ကြောင့် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ကြသော ဤလူများထဲမှ တစ်ဦးတစ်ယောက်ကိုမျှ ငါအလိုမရှိပေ။ ယခင်က၊ ငါသည် ခြေလွန်လက်လွန် ဖြစ်လေပြီဟု သင်တို့ ထင်ခဲ့ကြသည်၊ သို့သော ယခုတွင် သင်တို့ နားလည်သင့်ကြပေသည်။ သားရဲများသည် ဘုရားသခင်နှင့် မည်သို့ စကားလက်ဆုံပြောဆိုဖို့ ဖြစ်နိုင်မည်နည်း။ ယင်းသည် အဓိပ္ပာယ်မရှိ ဖြစ်မည် မဟုတ်လော။ ငါ၏ သာမန် လူ့သဘာဝကို မသိကြသော လူများသည် ငါ၏ လူ့သဘာဝဖြင့် ငါပြုသည့် အရာကို ၎င်းတို့၏ တိုင်းတာဖို့ ကိုယ်ပိုင် အယူအဆများကို အသုံးပြုသော သူများ ဖြစ်ကြသည်။ နာခံဖို့ထက်၊ ၎င်းတို့သည် မိမိတို့၏ ဇာတိ မျက်လုံးများဖြင့် ငါ့အား ချစ်တီးခေါင်းသန်းရှာ လုပ်လာကြသည်။ ငါ ပြောလေပြီးသော စကားများက အချည်းနှီး ဖြစ်ကောင်းဖြစ်လေပြီလော။ ငါ၏ သာမန် လူ့သဘာဝသည် ငါ၏ မရှိမဖြစ်သည့် အစိတ်အပိုင်းတစ်ခု၊ ပြီးပြည့်စုံသည့် ဘုရားသခင် ကိုယ်တိုင် ဖြစ်သကဲ့သို့၊ ဤသည်မှာ ငါ၏ သာမန် လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝတို့ တစ်ခုနှင့်တစ်ခု အတူပူးပေါင်းလျက် လုပ်ဆောင်သော မှန်ကန်သည့်နည်းလမ်း ဖြစ်သည်ဟု ငါ ပြောပြီးဖြစ်သည်- ငါ၏ သာမန် လူ့သဘာဝမှတစ်ဆင့် ငါပြုသော အမှုများသည် လူသား အယူအဆများနှင့် မကိုက်ညီသည့်အခါ၊ ငါ့ကို အာခံသောသူများနှင့် ငါနှင့်သဟဇာတ မဖြစ်သောသူများသည် ထုတ်ဖော်ပြခြင်းခံကြရ၏။ ထို့နောက်တွင်၊ ငါ၏ ပြီးပြည့်စုံသော သဘာဝသည် လူ့သဘာဝမှတစ်ဆင့် စကားပြောပြီး၊ ဤနည်းဖြင့် ငါသည် အချို့သော လူတို့ကို ကိုင်တွယ်ဖြေရှင်း၏။ အကယ်၍ ငါပြုသည့်အရာကို သင်နားမလည်သော်လည်း မည်သို့ပင်ဆိုစေ သင် ကျိုးနွံနာခံနိုင်ပါက၊ သင်သည် ငါ ရှုတ်မချသည့် လူစားမျိုး ဖြစ်၏။ ထိုသို့သော လူတို့ကို ငါသည် အသိဉာဏ်သာပွင့်လင်းစေသည်။ ထိုသို့သော လူတို့ကို ငါချစ်ပြီး၊ သင်၏ ကျိုးနွံနာခံမှုကြောင့်၊ သင့်ကို ငါ အသိဉာဏ်ပွင့်လင်းစေသည်။ ငါ၏ ဘုရားသဘောသဘာဝကို အာခံသော သူများတွင် ငါ၏ နှုတ်ကပတ်တော်များကို မသိကြသော သူများ၊ ငါ၏ သာမန် လူ့သဘာဝနှင့် သဟဇာတ မဖြစ်ကြသော လူများနှင့် ဘုရားသဘောသဘာဝဖြင့် ငါပြုသောအရာ (ဥပမာအားဖြင့် ငါ၏ အမျက်ဒေါသထွက်လာခြင်း သို့မဟုတ် အသင်းတော်ကို တည်ဆောက်ခြင်း အစရှိသည်တို့အား) သဘောမတူကြသောသူများ ပါဝင်သည်။ ဤသည်တို့မှာ ငါ၏ ဘုရားသဘောသဘာဝကို ခုခံခြင်းနှင့်ဆိုင်သည့် ထုတ်ဖော်ပြသချက်များသာ ဖြစ်ကြသည်။ သို့သော်၊ ငါအလေးပေးရမည်ဖြစ်ပြီး သင်တို့ အယောက်တိုင်း အာရုံစိုက်သင့်သော အရာတစ်ခု ရှိ၏- ယနေ့ ငါ၏ ဖြစ်ခြင်းဖြစ်သော ဇာတိအဖြစ်တော်နှင့် သဟဇာတ မဖြစ်သော သူများသည် ငါ၏ ဘုရားသဘောသဘာဝအား ခုခံနေကြခြင်း ဖြစ်သည်။ ငါ၏ ဖြစ်ခြင်း ဖြစ်သော ဇာတိအဖြစ်တော်သည် ပြီးပြည့်စုံသော ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်ဟု အဘယ်ကြောင့် ငါပြောမြဲပြောနေသနည်း။ ငါ၏ ဖြစ်ခြင်း ဖြစ်သော ဇာတိအဖြစ်တော်၏ စိတ်သဘောထားသည် ဘုရားသဘောသဘာဝနှင့်ဆိုင်သော စိတ်သဘောထား၏ အလုံးစုံ ဖွဲ့စည်းပါဝင်သည်။ ငါ့ကို တိုင်းတာရန် လူသား အယူအဆများကို အသုံးပြုနှင့်။ ယခုပင်လျှင်၊ လူများစွာတို့က ငါသည် သာမန် လူ့သဘာဝ ပိုင်ဆိုင်ပြီး၊ ငါပြုသော အရာများအားလုံးသည် သေချာပေါက် မှန်ကန်ခြင်းမရှိဟု ပြောနေကြဆဲ ဖြစ်သည်။ လူတို့သည် ဤကဲ့သို့ ဖြစ်ကြသည်အခါ၊ သင်သည် အသက်သေဆုံးရန် တောင်းဆိုနေခြင်း သက်သက် မဟုတ်လော။ ငါပြောနေသော စကားတစ်လုံးကိုမျှ ၎င်းတို့ နားမလည်ကြသကဲ့သို့၊ ၎င်းတို့သည် မျက်ကန်း၏ သားစဉ်မြေးဆက်များနှင့် အဆင်းနီသော နဂါးကြီး၏ သားပေါက်များ လုံးဝ ဖြစ်ကြလေတကား။ အယောက်တိုင်းကို နောက်တစ်ကြိမ် ထပ်၍ ငါပြောမည် (ပြီးလျှင် နောက်ပိုင်းတွင် ငါထပ်၍ ပြောတော့မည် မဟုတ်သကဲ့သို့၊ ဤအရာကို စော်ကားသောသူ အားလုံး မုချ ကျိန်ခြင်းကိုခံကြရလိမ့်မည်)၊ ငါ၏ နှုတ်ကပတ်တော်များ၊ ငါ၏ ရယ်ခြင်း၊ ငါ၏ စားခြင်း၊ ငါ၏ အသက်ရှင်ခြင်း၊ ငါ၏ စကားနှင့် အပြုအမူ အားလုံးသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည့် ငါက လုပ်ဆောင်ထားခြင်းဖြစ်ပြီး၊ ထိုအထဲတွင် လူသား ရောနှောသည့် လက္ခဏာ ရေးရေးမျှမရှိ။ တစ်ခုမျှ မရှိ။ လုံးဝ တစ်ခုမျှ မရှိ။ လူအားလုံးသည် စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်များကို ရပ်တန့်ရမည်ဖြစ်ပြီး၊ ၎င်းတို့၏ အရေးမပါသော ခန့်မှန်းမှုများကို ရပ်ရမည်။ ဤအရာများနှင့်ပတ်သက်၍ လူတို့ ဆက်လက်လုပ်ဆောင်လေ၊ ၎င်းတို့ ပျက်ဆီးကိန်းဆိုက်လေ ဖြစ်လိမ့်မည်။ ငါ၏ အကြံဉာဏ်ကို အလေးဂရုပြုလော့။

ငါသည် အယောက်တိုင်း၏ အတွင်းကျကျ စိတ်နှလုံးကို အမြဲ စိစစ်နေသည်၊ တစ်ဦးချင်းစီ၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို စိစစ်နေသည်။ ငါနှစ်သက်သောသူများနှင့် ငါမနှစ်သက်သော လူများအား တစ်ယောက်ချင်းစီ ရှင်းလင်းစွာ ငါမြင်သည်။ ဤသည်မှာ လူတို့ စိတ်မကူးနိုင်သည့် တစ်စုံတစ်ရာဖြစ်သည့်အပြင်၊ ၎င်းတို့ မပြီးမြောက်နိုင်သည့် တစ်စုံတစ်ရာ ဖြစ်သည်။ ငါသည် အလွန်များလှစွာ ပြောဆိုပြီးဖြစ်ကာ အမှုအရာ များစွာတို့ကို လုပ်ဆောင်ပြီး ဖြစ်သည်။ ငါ၏ စကားများနှင့် ငါလုပ်ဆောင်သည့်အရာ၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို မည်သူ အတိအကျ ဖော်ထုတ်နိုင်မည်နည်း။ မည်သူမျှ မဖော်ထုတ်နိုင်ပေ။ ဤအချိန်မှစ၍ နောင်တွင်၊ သာ၍ များသော နှုတ်ကပတ်တော်များကိုပင် ငါပြောဦးမည်။ တစ်ဖက်တွင် ဤအရာသည် ငါမနှစ်သက်သောသူ အားလုံးကို ပယ်ထုတ်လိမ့်မည်ဖြစ်သော်လည်း၊ အခြားတစ်ဖက်တွင် သင်တို့သည် ရှင်ပြန်ထမြောက်ခြင်းကို နောက်တစ်ကြိမ် သာ၍ ပြင်းထန်မှုဖြင့်သာ သင်တို့ မြည်းစမ်းဖို့အလို့ငှာ၊ ယင်းသည် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သင်တို့အား အနည်းငယ် ပို၍ ဒုက္ခခံစေလိမ့်မည်။ ဤအရာကို လူတို့က ဆုံးဖြတ်၍မရနိုင်သကဲ့သို့၊ မည်သူမျှ ယင်းကို ဖြစ်ပျက်ခြင်းမှ မထိန်းထားနိုင်ပေ။ ဤအရာကို ယခု သင်သိလျှင်ပင်၊ ဤသည်မှာ ငါ့အမှု၏ နည်းစနစ်ဖြစ်သောကြောင့်၊ အချိန်လာသည့်အခါ ဤဒုက္ခဆင်းရဲခြင်းမျိုးကို သင် ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ပေ။ ငါ၏ ရည်မှန်းချက်များ စွမ်းဆောင်ရရှိဖို့အလို့ငှာနှင့် သင်တို့အပေါ်၌ ငါ၏အလို ပြည့်စုံနိုင်ဖို့အလို့ငှာ ဤကဲ့သို့ ငါအမှုပြုရမည်ဖြစ်သည်။ ဤသည်မှာ “သင်တို့ သည်းခံရမည့် နောက်ဆုံးသော ဒုက္ခဆင်းရဲ” ဟု ခေါ်ဆိုရသည့် အကြောင်းရင်း ဖြစ်သည်။ နောက်ပိုင်းတွင်၊ အဆင်းနီသော နဂါးကြီးသည် ငါ၏ အမြစ်ဖြတ် ချေမှုန်းခြင်းကို ခံရပြီးဖြစ်လိမ့်မည်ဖြစ်ကာ ၎င်းသည် နောက်တစ်ဖန် သောင်းကျန်းဝံ့မည် မဟုတ်သည့်အတွက်၊ သင်တို့၏ ဇာတိခန္ဓာသည် တစ်ဖန် ဆင်းရဲဒုက္ခ ခံရလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ကိုယ်ခန္ဓာထဲ မဝင်ရောက်မီ နောက်ဆုံးသော အဆင့် ဖြစ်သည်။ ယင်းသည် အသွင်ကူးပြောင်းခြင်းဆိုင်ရာ အဆင့်တစ်ခု ဖြစ်သည်။ သို့သော် မစိုးရိမ်ကြနှင့်- ငါသည် သင်တို့အား အခက်အခဲတစ်ခုပြီး နောက်တစ်ခုကို ဖြတ်သန်းဦးဆောင်သွားမည် ဖြစ်သည်။ ငါသည် ဖြောင့်မတ်သော ဘုရားသခင် ကိုယ်တိုင် ဖြစ်သကဲ့သို့၊ ငါပြောခဲ့သောအရာများ ဧကန်မုချ ဖြစ်လာမည်ဆိုသည်ကို ယုံကြည်ကြလော့။ ငါသည် ယုံကြည်အားကိုးထိုက်သော ဘုရားသခင် ကိုယ်တိုင် ဖြစ်၏။ နိုင်ငံအားလုံး၊ တိုင်းပြည်အားလုံးနှင့် ဂိုဏ်းဂဏ အားလုံးသည် ငါ့ထံသို့ ပြန်လာနေကြပြီး ငါ၏ ပလ္လင်ဆီ အုံနေကြပြီ ဖြစ်သည်။ ဤသည်မှာ ငါ၏ ကြီးမြတ်သော တန်ခိုးဖြစ်ပြီး ငါသည် မနာခံသောသူ တစ်ဦးချင်းစီတိုင်းကို တရားစီရင်ကာ မည်သည့်ခြွင်းချက်မျှ မရှိဘဲ ၎င်းတို့အား ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချမည် ဖြစ်သည်။ အားလုံး ရပ်တည်ချက်ကို ပြင်ဆင်ရမည်။ ဤသည်မှာ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ နောက်ဆုံး အဆင့် ဖြစ်ပြီး ထိုအရာ ပြီးပြည့်စုံသည်နှင့်တစ်ပြိုင်နက်၊ အရာရာတိုင်းကို လုပ်ဆောင်ပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးလာပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်၊ ငါသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်မည်။

(ငါသည် စိတ်သောက မခံစားရသော်လည်း) ငါ၏ အမှု၏ အရှိန် တိုးမြင့်ပြီးဖြစ်သောကြောင့်၊ သင်တို့ထံ ငါ၏ နှုတ်ကပတ်တော်များကို နေ့စဉ် ငါထုတ်ဖော်ပြသကဲ့သို့၊ သင်တို့သည် ငါ၏ ခြေလှမ်းများနောက် နီးကပ်စွာ လိုက်လျှောက်နိုင်ကြဖို့အလို့ငှာ နေ့စဉ် သင်တို့ကို ငါ ထိန်းသိမ်းထားသည့် နက်နဲမှုများကို ငါ ဖွင့်ဟမည်။ (ဤသည်မှာ ငါ၏ ဉာဏ်ပညာ ဖြစ်၏။ ငါသည် လူတို့ကို စုံလင်စေဖို့ ငါ၏ နှုတ်ကပတ်တော်များကို အသုံးပြုသော်လည်း၊ လူတို့အား ဒဏ်ခတ်ရန်လည်း ငါ အသုံးပြု၏။ အားလုံးသည် ငါ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကာ ငါ၏ နှုတ်ကပတ်တော်များထဲရှိ ငါ၏ အလိုနှင့်အညီ ဆောင်ရွက်နိုင်ကြ၏။ အပျက်သဘောဆောင် သူများသည် အပျက်သဘောဆောင်ကြလိမ့်မည်ဖြစ်ပြီး၊ ထုတ်ဖော်ပြ ခံရမည့်သူများသည် ၎င်းတို့၏ စရိုက်အမှန်များကို ပြသလိမ့်မည်။ အာခံသူများသည် ခုခံကြလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို သစ္စာစောင့်သိစွာ ချစ်ကြသော သူများသည် သာ၍ပင် သစ္စာစောင့်သိကြလိမ့်မည်။ ဤအကြောင်းကြောင့်၊ အားလုံးသည် ငါ၏ ခြေလှမ်းများ နောက်လိုက်နိုင်ကြလိမ့်မည် ဖြစ်သည်။ ငါဖော်ပြပြီးဖြစ်သည့် ဤအခြေအနေအားလုံးမှာ ငါ၏ အမှုပြုသည့် နည်းစနစ်များနှင့် ငါ စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည့် ရည်မှန်းချက်များ ဖြစ်သည်။) အတိတ်တွင်၊ ငါသည် ဤအရာမျိုးကို ပြောဆိုပြီးဖြစ်သည်- သင်တို့ကို မည်သို့မည်ပုံ ငါ ဦးဆောင်သည်ဖြစ်စေ၊ သင်တို့သည် အလားတူ နည်းလမ်းဖြင့် ရှာဖွေသင့်၏။ သင်တို့အား မည်သည့်အရာကိုမဆို ငါပြောသည်ဖြစ်စေ၊ သင်တို့ နားထောင်သင့်ကြ၏။ ဤအရာအားဖြင့် အဘယ်အရာကို ငါဆိုလိုသနည်း။ သင်တို့ သိကြသလော။ ငါ၏ နှုတ်ကပတ်တော်၏ ရည်ရွယ်ချက်နှင့် အရေးပါမှုတို့မှာ အဘယ်နည်း။ သင်တို့ နားလည်ကြသလော။ ဤအရာကို လူမည်မျှက အပြည့်အဝ ရှင်းလင်းစွာပြောဆိုနိုင်သနည်း။ “သင်တို့ကို မည်သို့မည်ပုံ ငါ ဦးဆောင်သည်ဖြစ်စေ၊ သင်တို့သည် အလားတူ နည်းလမ်းဖြင့် ရှာဖွေသင့်၏” ဟု ငါပြောသောအခါ၊ ငါ၏ ဖြစ်ခြင်းဖြစ်သည့် ဇာတိအဖြစ်တော်အနေဖြင့် ငါ ထောက်ပံ့ပေးသော လမ်းပြမှုကို ငါ ရည်ညွှန်းရုံမျှရည်ညွှန်းနေခြင်း ဖြစ်သည်။ ထို့အပြင်၊ ငါသည် ငါပြောသော နှုတ်ကပတ်တော်များနှင့် ငါလျှောက်သော လမ်းကြောင်းကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ယနေ့တွင်၊ ဤနှုတ်ကပတ်တော်များသည် အမှန်တကယ် ပြည့်စုံပြီးဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို ငါ ပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက်၊ ဘီလူးသရဲစီးသော မျက်နှာများသည် သင်တို့အား ၎င်းတို့အားလုံးနှင့်ဆိုင်သည့် ရှင်းလင်း အမြင်တစ်ခုကို ပေးရင်း၊ ငါ၏ မျက်မှောက်အလင်းတွင် ဖော်ထုတ်ခံရကြလေသည်။ ငါ၏ ဤမိန့်မြွက်ချက်များသည် စာတန်ထံ ကြေညာချက်တစ်ခု ဖြစ်သည်သာမက သင်တို့ အားလုံးကို တာဝန်ပေးအပ်နှံမှုတစ်ခုလည်း ဖြစ်သည်။ သင်တို့ အများစုသည် ဤနှုတ်ကပတ်တော်များကို သင်တို့အဖို့ တာဝန်ပေးအပ်နှံမှုတစ်ခုအဖြစ် ယုံကြည်ရင်း မသိကျိုးကျွံပြုကြသည်။ ယင်းတို့သည် တရားစီရင်ခြင်း နှုတ်ကပတ်တော်များနှင့် ဩဇာအာဏာပါရှိသော နှုတ်ကပတ်တော်များဖြစ်သည်ကို သင်တို့ နားမလည်ကြချေ။ ငါ၏ နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ ငါ့အတွက် ကောင်းမွန်စွာ အစေခံမှု လုပ်ဆောင်ရန်နှင့် ငါ့ကို လုံးဝ ကျိုးနွံနာခံရန် စာတန်အား အမိန့်ပေးဖို့ ဖြစ်သည်။ အတိတ်တွင် ငါ ထုတ်ဖော်ပြပြီးသော နက်နဲမှုများထဲတွင်၊ သင်တို့ သဘောမပေါက်ကြသေးသော အရာများစွာ ရှိဆဲဖြစ်၏။ ထိုသို့ဖြင့်၊ အနာဂတ်တွင် သင်တို့သည် သာ၍ ရှင်းလင်းပြီး စေ့စပ်သော သိနားလည်မှုတစ်ခု ရရှိနိုင်ကြဖို့အလို့ငှာ သင်တို့ထံ သာ၍ ငါ ထုတ်ဖော်ပြလိမ့်မည်ဖြစ်သည်။

ကပ်ဘေးများ ရောက်လာသောအခါ၊ အယောက်တိုင်း ကြောက်လန့်ကြ၏။ လူအားလုံးသည် ဝမ်းနည်းခြင်းဖြင့် ငိုကြွေးကာ အတိတ်တွင် ၎င်းတို့ လုပ်ဆောင်ခဲ့သည့် မကောင်းသောအရာများအတွက် စက်ဆုပ်မှုကို ခံစားကြရ၏၊ သို့သော် ဤသည်မှာ အမျက်တော်ခေတ် ဖြစ်သည့်အတွက်၊ ထိုအချိန်တွင် အလွန်နောက်ကျပြီ ဖြစ်သည်။ ယင်းသည် လူတို့အား ကယ်တင်ရန်နှင့် ကျေးဇူးတော်ကို ပေးရန် အချိန် မဟုတ်ဘဲ၊ အစေခံများ အားလုံးကို ရှင်းလင်းပြီး၊ ငါ့အတွက် ငါ၏ သားများကို အုပ်စိုးခွင့်ပေးရန် အချိန် ဖြစ်သည်။ ဤသည်မှာ အတိတ်က အချိန်ကာလများနှင့် ဧကန်အမှန် ကွဲပြား၏။ ယင်းသည် ကမ္ဘာလောကအား ဖန်းဆင်းခြင်းကတည်းက မကြုံဖူးစဖူး ဖြစ်သည်။ ငါသည် ကမ္ဘာလောကအား တစ်ကြိမ် ဖန်ဆင်းခဲ့သောကြောင့် ကမ္ဘာလောကအား တစ်ကြိမ် ငါဖျက်ဆီးမည်ဖြစ်ပြီး ငါကြိုတင်ခွဲခန့်ထားသောအရာကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ “ပေါင်းစည်းထားသော ခရစ်ယာန်လူများ” နှင့် “ပေါင်းစည်းထားသော ကမ္ဘာအနှံ့ လူသစ်များ” ဟူသော ဝေါဟာရ နှစ်ခုကို ယခင်က အတော်အတန် မကြာခဏ ဖော်ပြပြီးဖြစ်သည်။ ယင်းတို့ကို မည်ကဲ့သို့ ရှင်းပြသင့်သနည်း။ “ပေါင်းစည်းထားသော ခရစ်ယာန် လူများ”သည် သားဦးများကို ရည်ညွှန်းခြင်း ဖြစ်သလော။ “ပေါင်းစည်းထားသော ကမ္ဘာအနှံ့ လူသစ်များ”သည်လည်း သားဦးများကို ရည်ညွှန်းခြင်း ဖြစ်သလော။ မဟုတ်ပေ။ လူတို့သည် ထိုစကားရပ်များကို မှန်ကန်စွာ အနက်မပြန်ကြလေပြီ။ လူတို့၏ အယူအဆများသည် ၎င်းတို့အား အမှုအရာတို့ကို ဤအတိုင်းအတာထိ နားလည်ရန်သာ ကူညီကြသောကြောင့်၊ ယင်းတို့ကို သင်တို့အတွက် ဤနေရာတွင် ယခု ငါရှင်းပြမည်။ ပေါင်းစည်းထားသော ခရစ်ယာန် လူများနှင့် ပေါင်းစည်းထားသော ကမ္ဘာအနှံ့ လူသစ်များသည် မတူညီကြပေ။ ၎င်းတို့၏ အဓိပ္ပာယ်များသည် သီးခြားဖြစ်ကြ၏။ ဤဝေါဟာရနှစ်ခု၏ သုံးနှုန်းပုံသည် အလွန် ဆင်တူပြီး၊ တစ်ခုတည်းသော အရာကဲ့သို့ ထင်ရသော်လည်း၊ စစ်မှန်သော အနေအထားမှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ “ပေါင်းစည်းထားသော ခရစ်ယာန် လူများ” ဆိုသည်မှာ မည်သူတို့ကို အတိအကျ ရည်ညွှန်းခြင်း ဖြစ်သနည်း။ သို့မဟုတ် ယင်းသည် မည်သည့်အရာကို ရည်ညွှန်းခြင်း ဖြစ်သနည်း။ ခရစ်ယာန် လူများနှင့်သက်ဆိုင်၍ ဆိုရလျှင်၊ အယောက်တိုင်းသည် တစ်ညီတစ်ညွတ်တည်း ငါ့ကို တွေးမိကြမည် ဖြစ်သည်။ ၎င်းတို့သည် ထိုသို့လုပ်ဆောင်ရန် လုံးဝ မမှားကြချေ။ ထို့အပြင်၊ လူသား အယူအဆများတွင် “လူများ” ဟူသော ဝေါဟာရသည် လူသားများကို အသေအချာ ရည်ညွှန်းခြင်း ဖြစ်ပေမည်။ မည်သည့်လူတစ်ဦးကမျှ ယင်းကို အခြားအရာနှင့် ဆက်စပ်မိမည် မဟုတ်ပေ။ “ပေါင်းစည်းထားသော” ဟူသည့် ဝေါဟာရကို ပြောဆိုသည့်အခါ၊ ယင်းမှာ တစ်ခုတည်းနီးပါးဖြစ်သည့် လူများစွာ စုဝေးခြင်းတစ်ခုကို ဆိုလိုပြီး၊ ဤအကြောင်းကြောင့် “ပေါင်းစည်းထားသည်”ဟု ခေါ်ဆိုပေသည်။ ဤနေရာတွင် လူသားများ၏ စိတ်များသည် အလွန်ရိုးစင်းလွန်းလှသည်ကို တွေ့နိုင်သည်။ ၎င်းတို့သည် ငါ၏ ဆိုလိုရင်းအဓိပ္ပာယ်ကို လုံးဝ နားမလည်နိုင်ကြပေ။ ယခုတွင်၊ ပေါင်းစည်းထားသော ခရစ်ယာန်လူများက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့်ပတ်သက်၍ ငါတရားဝင် စတင် မိတ်သဟာယပြုမည် (သို့သော်လည်း လူအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများကို ဘေးဖယ်ထားရမည်။ ထိုသို့မဟုတ်ပါက ၎င်းတို့ထဲမှ မည်သူမျှ နားလည်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ထိုဝေါဟာရကို ငါရှင်းပြလျှင်ပင် ၎င်းတို့သည် ယုံကြည်ကြမည် မဟုတ်သကဲ့သို့ ယင်းကို သဘောပေါက်နိုင်ကြလိမ့်မည် မဟုတ်ပေ)- ငါ၏ နှုတ်ကပတ်တော်များကို ပြောလျှင်ပြောချင်း၊ ငါ၏ သားဦးများ အားလုံးသည် ငါ၏ အလိုနှင့်အညီ ဆောင်ရွက်နိုင်ကြမည်ဖြစ်ပြီး၊ ငါ၏ အလိုကို ဖော်ပြနိုင်ကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် စိတ်နှလုံးတစ်ခုတည်းနှင့် နှုတ်တစ်ခုတည်း ဖြစ်ကြ၏။ ၎င်းတို့သည် တိုင်းနိုင်ငံ အားလုံးနှင့် လူမျိုးအပေါင်းတို့အား တရားစီရင်နေကြစဉ်တွင်၊ ၎င်းတို့သည် ငါ၏ ဖြောင့်မတ်ခြင်းကို ဆောင်ရွက်နိုင်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အကောင်အထည်ဖော်နိုင်ကြလိမ့်မည် ဖြစ်သည်။ ယင်းတို့သည် ငါ၏ ဖော်ပြချက်တစ်ခုဖြစ်ပြီး၊ ငါ၏ သရုပ်သကန် ဖြစ်သည်။ ထို့ကြောင့် “ပေါင်းစည်းထားသော ခရစ်ယာန်လူများ” ဆိုသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ငါ၏ သားဦးများ အကောင်အထည်ဖော်ခြင်းနှင့်ဆိုင်သည့် အမှန်တရား ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ၎င်းတို့သည် သားဦးများ၏ လက်ထဲ၌ ရှိသော ဩဇာအာဏာ ဖြစ်သည်။ ဤသည်မှာ ခရစ်တော်နှင့် ဆက်နွှယ်၏- ထို့ကြောင့် “ပေါင်းစည်းထားသော ခရစ်ယာန်လူများ” ဟူသော ဝေါဟာရ ဖြစ်ပေသည်။ ထို့အပြင်၊ သားဦးများ အားလုံးသည် ငါ၏ အလိုနှင့်အညီ ဆောင်ရွက်နိုင်ကြပြီး၊ ဤအကြောင်းရင်းကြောင့်၊ “ပေါင်းစည်းထားသော” ဟူသည့် ဝေါဟာရကို ငါအသုံးပြု၏။ “ပေါင်းစည်းထားသော ကမ္ဘာအနှံ့ လူသစ်များ” ဆိုသည်မှာ ငါ၏ နာမ၌ရှိသော လူအားလုံးကို ဆိုလိုသည်။ တစ်နည်းအားဖြင့်၊ ငါ၏ သားဦးများ၊ ငါ၏ သားများနှင့် ငါ၏ လူများ ဖြစ်ကြသည်။ “အသစ်” ဟူသော စကားလုံးသည် ငါ၏ နာမကို ရည်ညွှန်းခြင်း ဖြစ်သည်။ ၎င်းတို့သည် ငါ၏ နာမ၌ ရှိကြသောကြောင့်၊ (ငါ၏ နာမ၌ အရာခပ်သိမ်း ပါရှိပြီး၊ ယင်းသည် ထာဝရ သစ်လွင်ကာ မည်သည့်အခါတွင်မျှ မအိုဟောင်းပေ။ ယင်းကို လူသားက ပြောင်းလဲ၍ မရ) ပြီးလျှင် ၎င်းတို့သည် အနာဂတ်တွင် ထာဝရ အသက်ရှင်ကြမည် ဖြစ်သောကြောင့်၊ ၎င်းတို့သည် ကမ္ဘာအနှံ့ လူသစ်များ ဖြစ်ကြသည်။ ဤနေရာရှိ “ပေါင်းစည်းထားသော” ဟူသည့် စကားမှာ လူအရေအတွက်နှင့် စပ်လျဉ်းပြီး၊ ယင်းသည် ယခင် ကိစ္စရပ်နှင့် မတူပေ။ ငါ၏ နှုတ်ကပတ်တော်ကို ပြောဆိုသည့်အခါ၊ အားလုံး ယုံကြည်သင့်၏။ သံသယ မရှိကြနှင့်။ သင်တို့၏ လူသား အယူအဆများနှင့် လူ့အတွေးအခေါ်များကို သင်တို့ကိုယ်တိုင် ဖယ်ရှားကြလော့။ နက်နဲမှုများကို ထုတ်ဖော်ပြခြင်းနှင့်ဆိုင်သည့် ငါ၏ လတ်တလော လုပ်ငန်းစဉ်မှာ လူသား အယူအဆများနှင့် အတွေးအခေါ်များကို ဖယ်ရှားခြင်း လုပ်ငန်းစဉ် အတိအကျ ဖြစ်သည် (အဘယ်ကြောင့်ဆိုသော် လူတို့သည် ငါ့ကို တိုင်းတာဖို့နှင့် ငါ ပြောသည့်အရာကို တိုင်းတာဖို့ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကို အသုံးပြုကြသောကြောင့်၊ ငါသည် လူသား အယူအဆများနှင့် လူ့အတွေးအခေါ်များကို ဖယ်ရှားရန် ငါကိုယ်တိုင် ထုတ်ဖော်ပြထားသော နက်နဲမှုများကို ငါအသုံးပြုသည်)။ ဤအမှုသည် မကြာမီ ပြီးစီးလိမ့်မည် ဖြစ်သည်။ ငါ၏ နက်နဲမှုများသည် အတိုင်းအတာတစ်ခုအထိ ထုတ်ဖော်ပြခံရချိန်တွင်၊ လူတို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ တွေးခေါ်ခြင်း နည်းလမ်းအဆင့်ဆင့်တို့ မရှိတော့လုနီးပါး ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ငါ့အား တိုင်းတာရန် ၎င်းတို့၏ လူသားအယူအဆများ အသုံးပြုခြင်းကို ရပ်တန့်ကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့ နေ့စဉ် တွေးသည့်အရာကို ငါထုတ်ဖော်ပြလိမ့်မည်ဖြစ်ပြီး ငါပြန်တိုက်ခိုက်မည်။ အတိုင်းအတာတစ်ခုထိ၊ လူတို့သည် နောက်ထပ် တွေးတောကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ ဦးခေါင်းများသည် အတွေးအခေါ်အားလုံး ကင်းမဲ့လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် ငါ၏ နှုတ်ကပတ်တော်များကို လုံးဝ ကျိုးနွံနာခံကြလိမ့်မည် ဖြစ်သည်။ ယင်းသည် ဝိညာဉ်လောကထဲသို့ သင်တို့ ဝင်ရောက်ကြမည့် အချိန် ဖြစ်လိမ့်မည်။ ဤသည်မှာ သင်တို့အား ဝိညာဉ်လောကထဲသို့ ငါ ဝင်ရောက်ခွင့်မပြုမီ ငါ၏ အမှုထဲက အဆင့် တစ်ဆင့် ဖြစ်သည်။ သင်တို့သည် သန့်ရှင်းပြီး အပြစ်အနာအဆာကင်းကာ ဝိညာဉ်လောကထဲသို့ မဝင်ရောက်မီ၊ လူသားအယူအဆများအားလုံးကို မိမိတို့ကိုယ်ကိုယ် ဖယ်ရှားရမည်။ ဤသည်မှာ “ငါသည် သန့်ရှင်းသော ဝိညာဉ်ခန္ဓာ ဖြစ်သည်” ဟုဆိုခြင်းအားဖြင့် ရည်ရွယ်သည့် အရာ ဖြစ်သည်။ သို့သော်၊ သင်တို့သည် ငါ၏ ခြေလှမ်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပြီး၊ သင်တို့ နားမလည်လိုက်မီ၊ ငါ၏ အချိန် ရောက်လာလိမ့်မည် ဖြစ်သည်။

အရှေ့သို့- အခန်း ၁၀၅

နောက်တစ်ခုသို့- အခန်း ၁၀၇

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။