အခန်း ၁၀၇

ငါ၏ နှုတ်ကပတ်တော်များသည် ပြင်းထန်မှု အဆင့်တစ်ခုထိ ရောက်ရှိသည့်အခါ၊ လူအများစုသည် ယင်းတို့ကြောင့် နောက်ဆုတ်သွားကြသည်။ ငါ၏သားဦးများ ထုတ်ဖော်ပြခံရသည်မှာ ဤအခိုက်အတန့်တွင် အတိအကျ ဖြစ်၏။ ငါသည် အရာအားလုံးကို စွမ်းဆောင်ရရဖို့ စိုးစဉ်းမျှ အားမထုတ်ဘဲ၊ ငါ၏ နှုတ်ကပတ်တော်များကို အသုံးပြုသည်ဟု ငါ ဆိုပြီးဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များဖြင့်၊ ငါသည် ငါမုန်းတီးသော အရာအားလုံးကို ဖျက်ဆီးပြီး၊ ငါ၏ သားဦးများကို စုံလင်စေဖို့လည်း ယင်းတို့ကို ငါ အသုံးပြုသည်။ (ငါ၏ နှုတ်ကပတ်တော်များကို ပြောဆိုသောအခါ မိုးချုန်းသံ ခုနှစ်ချက်သည် မြည်ဟီးလိမ့်မည်ဖြစ်ပြီး၊ ထိုအခိုက်အတန့်တွင် ငါ၏ သားဦးများနှင့် ငါသည် ပုံသဏ္ဌာန်ပြောင်းလဲကာ ဝိညာဉ်လောကသို့ ဝင်ရောက်ကြလိမ့်မည်။) ငါ၏ ဝိညာဉ်သည် ကိုယ်တိုင် လုပ်ဆောင်သည်ဟု ငါပြောသောအခါ၊ ငါ၏ နှုတ်ကပတ်တော်များသည် အားလုံးကို စွမ်းဆောင်ရရှိသည်ဟု ဆိုလိုပြီး၊ ဤအရာမှ ငါသည် အနန္တတန်ခိုးရှင်ဖြစ်သည်မှာ သိသာပေသည်။ သို့ဖြစ်ရာ တစ်ဦးတစ်ယောက်သည် ငါ မိန့်မြွက်သော စာကြောင်းအသီးသီး နောက်ကွယ်က ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တို့ကို သာ၍ပင် ကြီးမားသော ရှင်းလင်းမှုဖြင့် မြင်နိုင်သည်။ ယခင်က ငါ ဆိုပြီးဖြစ်သည့်အတိုင်း၊ ငါ၏ လူ့သဘာဝအတွင်း ငါဖွင့်ဟသမျှတိုင်းသည် ငါ့သရုပ်သကန်၏ လက္ခဏာသွင်ပြင် တစ်ခုဖြစ်သည်။ သို့ဖြစ်ရာ၊ ငါ၏ သာမန်လူ့သဘာဝအတွင်း ငါပြောသည့်အရာကို သေချာရေရာခြင်း မရှိနိုင်သကဲ့သို့ အမှန်တကယ် မယုံကြည်နိုင်သော လူတို့သည် ဖယ်ရှားခြင်း ခံရပေမည်။ ငါ၏ သာမန်လူ့သဘာဝသည် ငါ၏ ပြည့်စုံသော ဘုရားသဘောသဘာဝ၏ မရှိမဖြစ်သော လက္ခဏာသွင်ပြင်တစ်ခု ဖြစ်သည်ဟု ငါသည် ထပ်သလဲလဲ အလေးပေးပြီးဖြစ်သော်လည်း၊ အလွန်များလှသော လူတို့သည် ငါ၏ သာမန်လူ့သဘာဝကို လျစ်လျူရှုလျက် ငါ၏ ပြည့်စုံသော ဘုရားသဘောသဘာဝကိုသာ ဆက်လက် အာရုံစိုက်ကြလေသည်။ သင်သည် ကျိုးကြောင်းမမြင်လေပြီ။ ငါသည် သင်၏ အယူအဆများနှင့် မကိုက်ညီသကဲ့သို့၊ ငါ ဖြစ်သည့် လူသားသည် သင်၏ ဘုရားသခင်နှင့် မကိုက်ညီဟု သင်ဆိုသည်။ ဤလူများသည် ငါ၏ နိုင်ငံတော်တွင် ကျန်ရှိနိုင်သလော။ ငါသည် သင့်ကို ငါ၏ ခြေဖဝါးအောက်တွင် နင်းခြေမည်။ ငါ့ကို နောက်ထပ် ပုန်ကန်ရန် သင့်ကို ငါ စိန်ခေါ်၏။ ထိုသို့သော တစ်ဇွတ်ထိုးလုပ်ခြင်းဖြင့် ဆက်လက်လုပ်ဆောင်ဖို့ သင့်ကို ငါ စိန်ခေါ်၏။ ငါ၏အပြုံးသည် သင်၏အယူအဆများနှင့် မကိုက်ညီ၊ ငါ၏ စကားသည် သင်၏ နားများအဖို့ နာပျော်ဖွယ် မဖြစ်သကဲ့သို့၊ ငါ၏ လုပ်ရပ်များသည် သင့်ကို အကျိုးမပြုပေ- ငါ မှန်သလော။ ဤအရာအားလုံးသည် သင့်အကြိုက်ဖြစ်ရမည်။ ယင်းမှာ ဘုရားသခင်နှင့် တူသောအရာ ဖြစ်သလော။ ပြီးလျှင် ဤလူများသည် ငါ၏ အိမ်တွင် ရှိနေချင်သေးပြီး၊ ငါ၏ နိုင်ငံတော်တွင် ကောင်းချီးမင်္ဂလာများ ရရှိချင်ကြသေးသလော။ သင်သည် စိတ်ကူးယဉ်နေသည် မဟုတ်လော။ အမှုအရာများသည် မည်သည့်အချိန်ကတည်းက အလွန် အံ့ဖွယ်ဖြစ်လေသနည်း။ သင်သည် ငါ့ကို မနာခံချင်သော်လည်း၊ ငါ့ထံမှ ကောင်းချီးမင်္ဂလာများကို ရရှိရန် ဆန္ဒရှိဆဲ ဖြစ်သည်။ သင့်ကို ငါ ပြော၏- လုံးဝ မဖြစ်နိုင်။ ကြိမ်ဖန်များစွာ ငါ ပြောပြီးသည့်အတိုင်း၊ ငါ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ပြီး ကောင်းချီးမင်္ဂလာများကို ရရှိသူများသည် ငါချစ်သော သူများဖြစ်ရမည်။ ဤစကားများအပေါ် အဘယ်ကြောင့် ငါ အလေးပေးရသနည်း။ အယောက်တိုင်း တွေးနေသည့်အရာကို ငါ သိကာ နားလည်၏။ ၎င်းတို့၏ အတွေးများကို တစ်ခုပြီးတစ်ခု ထောက်ပြရန် ငါ့အတွက် မလိုအပ်ပေ။ ၎င်းတို့၏ စစ်မှန်သော ပုံသဏ္ဍာန်များသည် ငါ၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များမှတဆင့် ထုတ်ဖော်ပြခံရလိမ့်မည်ဖြစ်ပြီး၊ ငါ၏ တရားစီရင်ခြင်း ပလ္လင်ရှေ့မှာက်တွင်၊ အားလုံးသည် ဝမ်းနည်းမှုဖြင့် ငိုကြွေးကြလိမ့်မည်။ ဤသည်မှာ မည်သူမျှ ပြောင်းလဲ၍မရနိုင်သော သိသာသည့် အချက်တစ်ချက် ဖြစ်သည်။ အဆုံးတွင်၊ ငါသည် ၎င်းတို့အား တစ်ဦးပြီးတစ်ဦး အနက်ဆုံးသောတွင်းထဲသို့ ဝင်ရောက်စေလိမ့်မည်။ ဤသည်မှာ နတ်ဆိုး စာတန်အပေါ် ငါ၏ တရားစီရင်ခြင်းနှင့်ပတ်သက်၍ ငါ စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည့် နောက်ဆုံး ရလဒ်ဖြစ်သည်။ ငါသည် တစ်ဦးချင်းစီကို ကိုင်တွယ်ဖြေရှင်းရန် ငါ၏ တရားစီရင်ခြင်းနှင့် စီမံခန့်ခွဲခြင်း အမိန့်များကို အသုံးပြုရမည်ဖြစ်ပြီး၊ ဤသည်မှာ လူတို့ကို ငါ ပြစ်တင်ဆုံးမပုံ ဖြစ်သည်။ ဤအရာတွင် သင်တို့တွင် မှန်ကန်သော ထိုးထွင်းသိမြင်မှု တစ်ခုတစ်လေ ရှိသလော။ ငါသည် စာတန်အား အကြောင်းပြချက်တစ်ခုပေးရန် မလိုအပ်ပေ။ ငါသည် ၎င်း၏ အသက်သေလုနီးပါးဖြစ်ကာ ထပ်သလဲလဲ သက်ညှာမှု တောင်းခံသည်အထိ ရိုက်နှက်ရန် ငါ၏ သံလှံတံကို အသုံးပြုမည်။ ထို့ကြောင့်၊ လူတို့သည် ငါ၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ဖတ်ရှုကြသည့်အခါ၊ ၎င်းတို့သည် ယင်းတို့ကို စိုးစဉ်းမျှ နားမလည်နိုင်ကြဘဲ၊ ငါ၏ ရှုထောင့်အမြင်မှ၊ စာကြောင်းဆိုင်းနှင့် ဝါကျတိုင်းသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အကောင်အထည်ဖော်ခြင်းတစ်ခု ဖြစ်သည်။ ဤသည်မှာ သိသာထင်ရှားသည့် အချက်တစ်ချက်ဖြစ်သည်။

ယနေ့တွင် ငါသည် တရားစီရင်ခြင်းကို ‌ဖော်ပြပြီးဖြစ်သည့်အတွက်၊ ဤအကြောင်းအရာသည် တရားစီရင်ခြင်း ပလ္လင်ကို ခြုံငုံပေသည်။ အတိတ်တွင်၊ သင်တို့သည် ဘုရားသခင်၏ ပလ္လင်ရှေ့မှောက်တွင် တရားစီရင်ခြင်းကို ရရှိကြလိမ့်မည်ဟု သင်တို့ မကြာခဏ ပြောကြလေပြီ။ သင်တို့သည် တရားစီရင်ခြင်းနှင့် ပတ်သက်၍ သိနားလည်မှုအချို့ ရှိသော်လည်း တရားစီရင်ခြင်း ပလ္လင်ကို သင်တို့ စိတ်မကူးနိုင်ကြပေ။ အချို့သော လူများသည် တရားစီရင်ခြင်း ပလ္လင်မှာ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတစ်ခုဟု တွေးကောင်းတွေးကြမည် သို့မဟုတ် ယင်းသည် စားပွဲကြီးတစ်လုံးဖြစ်သည်ဟု ထင်ကောင်းထင်ကြမည် သို့မဟုတ် ယင်းကို လောကီကမ္ဘာလောကတွင်ရှိသည့် တရားသူကြီး၏ ပလ္လင်တစ်ခုအဖြစ် မြင်ယောင်မိပေမည်။ မှန်ပေ၏၊ ဤအကြိမ် ငါ၏ ရှင်းပြချက်၌ သင်တို့ ပြောဆိုပြီးသည့်အရာကို ငါ ငြင်းလိမ့်မည်မဟုတ်သော်လည်း၊ ငါ့အဖို့ လူများ၏ စိတ်ကူးစိတ်သန်းများထဲက အရာများသည် သင်္ကေတဖြစ်သော အဓိပ္ပာယ် ပါရှိဆဲဖြစ်သည်။ သို့ဖြစ်ရာ လူတို့ စိတ်ကူးသည့်အရာနှင့် ငါ၏ ဆိုလိုရင်းအဓိပ္ပာယ်တို့အကြား ခြားနားချက်မှာ ကောင်းကင်နှင့် မြေကြီးကြားလောက် ကြီးမားဆဲ ဖြစ်သည်။ လူတို့၏ အယူအဆများ၌ လူများစွာတို့သည် တရားစီရင်ခြင်း ပလ္လင်ရှေ့တွင် ဝမ်းနည်းမှုဖြင့် ငိးကြွေးရင်းနှင့် ညှာတာမှုကို တောင်ခံရင်း လဲလျောင်း ဝပ်ဆင်းနေကြ၏။ ဤအရာတွင် လူသား စိတ်ကူးစိတ်သန်းသည် အထွတ်အထိပ်သို့ ရောက်ရှိပြီး၊ ထို့ထက်ပို၍ မည်သည့်အရာကိုမျှ မည်သူမျှက မစဉ်းစားနိုင်ကြပေ။ သို့ဆိုလျှင် တရားစီရင်ခြင်း ပလ္လင်သည် အဘယ်အရာနည်း။ ဤနက်နဲမှုကို ငါထုတ်ဖော်မပြမီ၊ သင်တို့သည် ယခင်က သင်တို့ ယခင် နားလည်မှုလွဲခြင်းများအားလုံးကို ငြင်းပယ်ကြရမည်။ ထိုအခါမှသာ ငါ၏ ရည်မှန်းချက် ရောက်ရှိနိုင်ပေမည်။ ဤသည်သာ ဤအကြောင်းအရာနှင့်ပတ်သက်၍ သင်တို့၏ အယူအဆများနှင့် အတွေးများအား ပပျောက်စေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ငါစကားပြောသည့် အချိန်တိုင်းတွင်၊ သင်တို့ အာရုံစိုက်ကြရမည်။ သင်တို့သည် နောက်ထပ် သတိမမူ မဖြစ်ရ။ ငါ၏ တရားစီရင်ခြင်း ပလ္လင်ကို ကမ္ဘာလောက၏ ဖန်ဆင်းခြင်းကတည်းက တည်ထောင်ထားပြီး ဖြစ်သည်။ ကုန်လွန်သည့် ခေတ်များနှင့် မျိုးဆက်များတွင်၊ များစွာသောသူတို့သည် ယင်း၏ ရှေ့မှောက်တွင် သေဆုံးကြရပြီးဖြစ်ကာ၊ များစွာသော သူတို့သည်လည်း ယင်းရှေ့မှာက်တွင် အသက်ပြန်ရှင်လာရင်း၊ ထမြောက်ကြပြီး ဖြစ်သည်။ အစမှ အဆုံးထိ ငါ၏ တရားစီရင်ခြင်းသည် မည်သည့်အခါမျှ ရပ်တန့်ခြင်းမရှိဟု ပြောနိုင်၏၊ ထို့ကြောင့် ငါ၏ တရားစီရင်ခြင်း ပလ္လင်သည် အစဉ်အမြဲ တည်ရှိသည်။ တရားစီရင်ခြင်း ပလ္လင်အကြောင်း ဖော်ပြသည့်အခါတိုင်းတွင် လူသားအားလုံးသည် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ခံစားကြရသည်။ မှန်ပေ၏၊ အထက်တွင် ငါဆိုထားပြီးဖြစ်သည့်အရာမှ၊ သင်တို့သည် ဤတရားစီရင်ခြင်း ပလ္လင်မှာ အဘယ်အရာဖြစ်သည်ကို မသိကြပေ။ တရားစီရင်ခြင်း ပလ္လင်သည် တရားစီရင်ခြင်းနှင့်အတူ ဒွန်တွဲတည်ရှိသော်လည်း၊ ယင်းတို့သည် မတူညီသော ဂုဏ်ဒြပ်နှစ်မျိုး ရှိကြ၏။ (ဤနေရာတွင် “ဂုဏ်ဒြပ်” မှာ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတစ်ခုကို မရည်ညွှန်းဘဲ နှုတ်ကပတ်တော်များကို ရည်ညွှန်း၏။ လူသားများသည် ဤဂုဏ်ဒြပ်ကို လုံးဝမမြင်နိုင်ပေ။) တရားစီရင်ခြင်းသည် ငါ၏ နှုတ်ကပတ်တော်များကို ရည်ညွှန်းပေသည်။ (ယင်းတို့သည် ပြင်းထန်သည် ဖြစ်စေ၊ ပျော့ပျောင်းသည်ဖြစ်စေ၊ အားလုံး ငါ၏ တရားစီရင်ခြင်းတွင် ပါဝင်ကြသည်။ သို့ဖြစ်ရာ ငါ၏ နှုတ်မှ ငါ ထုတ်ပြန်သည့် မည်သည့်အရာမဆိုသည် တရားစီရင်ခြင်း ဖြစ်၏။) ယခင်က လူများသည် ငါ၏ နှုတ်ကပတ်တော်များကို တရားစီရင်ခြင်း၏ နှုတ်ကပတ်တော်များ၊ နူးညံ့သိမ်မွေ့ခြင်းနှင့်ဆိုင်သော နှုတ်ကပတ်တော်များနှင့် အသက်ကိုပေးသော နှုတ်ကပတ်တော်များ အပါအဝင် မတူညီသော အမျိုးအစားများအဖြစ် ခွဲခြားခဲ့ကြသည်။ ယနေ့တွင်၊ တရားစီရင်ခြင်းနှင့် ငါ၏ နှုတ်ကပတ်တော်တို့သည် ဆက်နွှယ်ကြသည်ကို သင်တို့အတွက် ငါရှင်းလင်းပြမည်။ ဆိုလိုသည်မှာ၊ တရားစီရင်ခြင်းသည် ငါ၏ နှုတ်ကပတ်တော်များဖြစ်ပြီး ငါ၏ နှုတ်ကပတ်တော်များသည် တရားစီရင်ခြင်း ဖြစ်သည်။ သင်တို့အနေဖြင့် ယင်းတို့ကို သီးခြားစီ လုံးဝ ပြော၍မရပေ။ လူတို့က ထိုပြင်းထန်သော နှုတ်ကပတ်တော်များသည် တရားစီရင်ခြင်း ဖြစ်သည်ဟု ထင်ကြသည်၊ သို့သော် ၎င်းတို့၏ သိနားလည်မှုသည် မပြည့်စုံပေ။ ငါပြောသည့် အရာရာတိုင်းသည် တရားစီရင်ခြင်း ဖြစ်သည်။ အတိတ်တွင် ပြောဆိုခဲ့သော တရားစီရင်ခြင်း အစသည် ငါ၏ ဝိညာဉ်သည် နေရာတိုင်းတွင် တရားဝင် အလုပ်စတင်ပြီး ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စတင်အကောင်အထည်ဖော်သည့်အချိန်ကို ရည်ညွှန်းသည်။ ဤဝါကျတွင် “တရားစီရင်ခြင်း” ဆိုသည်မှာ တကယ့် လက်တွေ့အရှိတရားကို ရည်ညွှန်၏။ ယခုတွင် ငါသည် တရားစီရင်ခြင်း ပလ္လင်အကြောင်း ရှင်းပြမည်။ စီရင်ခြင်းပလ္လင်သည် ကမ္ဘာအဆက်ဆက် တည်ရှိပြီး ငါ၏ တရားစီရင်ခြင်းနှင့် အတူတကွပါရှိသည်ဟု ငါသည် အဘယ်ကြောင့် ပြောသနည်း။ ငါ၏ တရားစီရင်ခြင်းနှင့် သက်ဆိုင်သည့် ရှင်းပြချက်မှ ယင်းနှင့်သက်ဆိုင်၍ သိနားလည်မှု သင်တို့ ရရှိပြီးပြီလော။ တရားစီရင်ခြင်းပလ္လင်မှာ ငါဖြစ်သည့် လူသားကို ရည်ညွှန်း၏။ ကမ္ဘာအဆက်ဆက် ငါသည် အစဉ် ဖွင့်ဟပြီး စကားပြောနေသည်။ ငါသည် ထာဝရ အသက်ရှင်၏၊ ထို့ကြောင့် ငါ၏ တရားစီရင်ခြင်း ပလ္လင်နှင့် ငါ၏ တရားစီရင်ခြင်းသည် ထာဝရ အတူတကွ တည်ရှိပေသည်။ ဤအရာကို ယခု ရှင်းလင်းသင့်ပေပြီ။ လူတို့၏ စိတ်ကူးများထဲတွင်၊ ၎င်းတို့သည် ငါ့ကို အရာဝတ္ထု တစ်ခုကဲ့သို့ သဘောထားကြသော်လည်း၊ ဤကိစ္စနှင့် စပ်လျဉ်း၍ သင်တို့ကို ငါသည် အပြစ်မတင်သကဲ့သို့၊ သင်တို့ကို ငါမရှုတ်ချပေ။ သင်တို့သည် နာခံကာ ငါ၏ ထုတ်ဖော်ပြချက်ကို လက်ခံပြီး၊ ယင်းမှ ငါသည် အလုံးစုံကို လွှမ်းခြုံသော ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်ကို သင်တို့သိရှိရန်သာ ငါ မျှော်လင့်သည်။

ငါ၏နှုတ်ကပတ်တော်များသည် လူသားများအဖို့ လုံးဝ နားမလည်နိုင်စရာ ဖြစ်သည်၊ ငါ၏ခြေလှမ်းများသည် ၎င်းတို့အတွက် ရှာတွေ့ရန် မဖြစ်နိုင်သကဲ့သို့၊ ငါ၏အလိုသည် ၎င်းတို့အတွက် သဘောပေါက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့်၊ သင်တို့ ယနေ့ရှိကြသည့် အခြေအနေ (ငါ၏ ထုတ်ဖော်ပြချက်ကို လက်ခံရရှိနိုင်ခြင်း၊ ယင်းအတွင်းမှ ငါ့အလိုကို သဘောပေါက်နိုင်ခြင်းနှင့် ယင်းမှတစ်ဆင့် ငါ့ခြေလှမ်းများနောက် လိုက်နိုင်ခြင်း)သည် လုံးဝ ငါ၏ အံ့သြဖွယ် လုပ်ဆောင်ချက်များ၊ ငါ၏ ကျေးဇူးတော်နှင့် ငါ၏သနားကြင်နာမှုတို့၏ ရလဒ် ဖြစ်သည်။ တစ်နေ့တွင် ငါသည် သင်တို့အား ငါ၏ဉာဏ်ပညာကိုပင် မြင်တွေ့ခွင့်ပေးမည်၊ ငါ၏လက်တို့ဖြင့် လုပ်ဆောင်ပြီးဖြစ်သော အရာကို ရှုမြင်ခွင့်နှင့် ငါ့အမှု၏ အံ့သြဖွယ်ဖြစ်ခြင်းကို ရိပ်ခနဲ့မြင်ခွင့်ပင် ပေးမည်ဖြစ်သည်။ ထိုအချိန် ရောက်လာသည့်အခါ၊ ငါ၏စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ အသေးစိတ် အစီအစဉ်များကို သင်တို့၏ မျက်စိရှေ့တွင် လုံးဝ ထုတ်ဖော်ပြလိမ့်မည်။ စကြဝဠာ လောကတစ်လျှောက်လုံးနှင့် နေ့စဉ်နေ့တိုင်းတွင်၊ ငါ၏အံ့သြဖွယ်လုပ်ရပ်များ၏ အစိတ်အပိုင်းများ သိသာထင်ရှားပြီး၊ ငါ၏စီမံခန့်ခွဲမှု အစီအစဉ် ပြီးမြောက်နိုင်ဖို့အလို့ငှာ အားလုံးက အစေခံမှုကို ပေးကြ၏။ ဤအရာကို လုံးဝ ထုတ်ဖော်ပြပြီးသည့်အချိန်တွင်၊ ငါသည် အစေခံမှုလုပ်ဆောင်ဖို့ မည်သည့် လူစားမျိုးများအား စီစဉ်ထားပြီးဖြစ်သည်၊ ငါ၏အလိုကို ဖြည့်ဆည်းရန် မည်သည့် လူစားမျိုးကို ငါစီစဉ်ပြီးဖြစ်သည်၊ စာတန်ကို အသုံးချခြင်းမှတစ်ဆင့် မည်သည့်အရာ ငါ စွမ်းဆောင်ရရှိပြီးဖြစ်သည်၊ ငါသည် မိမိဘာသာ မည်သည့်အရာ ပြီးမြောက်ပြီးဖြစ်သည်၊ မည်သည့် လူစားမျိုးများက ငိုကြွေးနေရသည်၊ မည်သည့် လူအမျိုးအစားတို့က အံသွားခဲကြိတ်နေကြသည်၊ မည်သည့် လူအမျိုးအစားတို့က ပျက်စီးခြင်းကို ခံစားရမည်ဆိုသည်နှင့် မည်သည့် လူအမျိုးအစားတို့က ထာဝရပြစ်ဒဏ်ကို ခံရမည်ဆိုသည်တို့ကို သင်တို့တွေ့ရလိမ့်မည်။ “ပျက်စီးခြင်း”အားဖြင့်၊ ငါသည် ကန့်နှင့်လောင်သော မီးအိုင်ထဲသို့ ပစ်ချခံရကာ လုံးဝလောင်ကျွမ်းသွားမည့် သူများကို ရည်ညွှန်းနေခြင်းဖြစ်သည်။ “ထာဝရပြစ်ဒဏ်” အားဖြင့်၊ ငါသည် ထာဝရကာလပတ်လုံး ဆင်းရဲဒုက္ခခံရန် အနက်ဆုံးသောတွင်းထဲသို့ ပစ်ချခြင်းခံရမည့် သူများကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ထို့ကြောင့် ပျက်စီးခြင်းနှင့် ထာဝရပြစ်ဒဏ်ကို တူညီသည့်အရာအဖြစ် တလွဲမထင်နှင့်။ ဆန့်ကျင်ဘက်အနေဖြင့်၊ ထိုနှစ်ခုသည် အလွန်ကွဲပြားခြားနားသည်။ ယနေ့ ငါ့နာမကို ချန်ထားသည့် အစေခံသူများသည် ထာဝရပြစ်ဒဏ်ကို ခံရလိမ့်မည်ဖြစ်ပြီး၊ ငါ့နာမနှင့် မသက်ဆိုင်သော သူများသည် ပျက်စီးခြင်းကို ခံစားရလိမ့်မည်။ ဤသည်မှာ ထာဝရပြစ်ဒဏ်ခံစားရသည့် သူများသည် ငါ၏တရားစီရင်ခြင်းနောက်တွင် ငါ့ကို ထာဝရ ချီးမွမ်းမှု ပေးကြလိမ့်မည်ဟု ငါပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သို့သော် ထိုလူတို့သည် ငါ၏ပြစ်တင်ဆုံးမခြင်းမှ ဘယ်သောအခါမျှ ဖယ်ရှားခံရလိမ့်မည်မဟုတ်သကဲ့သို့၊ ငါ၏ အုပ်စိုးမှုကို အစဉ် လက်ခံကြလိမ့်မည်။ ဤသည်မှာ အနက်ဆုံးသောတွင်းသည် လူတို့ကို ပြစ်တင်ဆုံးမဖို့ ငါ အသုံးပြုသည့် လက်ဖြစ်သည်ဟု ငါ ပြောရသည့်အကြောင်းရင်း ဖြစ်သည်။ အားလုံးသည် ငါ့လက်များ၌ရှိသည်ဟုလည်း ငါပြောသည်။ “အနက်ဆုံးသောတွင်း”သည် စာတန်၏စွမ်းအားကို ရည်ညွှန်းသည်ဟု ငါ ပြောပြီးသော်လည်း၊ ယင်းသည် လူတို့ကို ပြစ်တင်ဆုံးမရန် အသုံးပြုသည့် ငါ၏လက်များ၌လည်း ရှိသည်။ ထို့ကြောင့်၊ အားလုံးသည် ငါ၏လက်များ၌ရှိကာ ဆန့်ကျင်ကွဲလွဲမှု မရှိပေ။ ငါ၏နှုတ်ကပတ်တော်များသည် တာဝန်မဲ့ မဟုတ်ပေ။ ယင်းတို့သည် အားလုံး မှန်ကန်ပြီး ရှေ့နောက်ညီညွတ်သည်။ ယင်းတို့သည် ထွင်လုံး သို့မဟုတ် အဓိပ္ပာယ်မရှိသည် မဟုတ်သကဲ့သို့၊ အယောက်တိုင်းသည် ငါ၏နှုတ်ကပတ်တော်များကို ယုံကြည်သင့်၏။ အနာဂတ်တွင်၊ သင်တို့သည် ဤအရာကြောင့် ဆင်းရဲဒုက္ခခံစားကြရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များကြောင့်၊ များစွာသောလူတို့သည် ဖော်ရွေမှုကင်းမဲ့သွားသည် သို့မဟုတ် ၎င်းတို့ စိတ်ကုန်သွားကြသည်၊ သို့မဟုတ် စိတ်ပျက်လာကြသည်၊ သို့မဟုတ် ခါးခါးသီးသီး ဟစ်အော်ကြသည် သို့မဟုတ် ငိုကြွေးလာကြလေသည်။ တုံ့ပြန်မှုမျိုးစုံ ရှိလိမ့်မည်။ တစ်နေ့တွင်၊ ငါမုန်းတီးသည့် လူများအားလုံး စွန့်ခွာသွားချိန်တွင်၊ ငါ၏ ကြီးမြတ်သောအမှု ပြီးမြောက်လိမ့်မည်။ အနာဂတ်တွင်၊ သားဦးများကြောင့် လူများစွာ လဲပြိုကြလိမ့်မည်ဖြစ်ပြီး၊ အဆုံးတွင်၊ ၎င်းတို့အားလုံး တဖြည်းဖြည်း ထွက်ခွာသွားကြလိမ့်မည်။ တစ်နည်းအားဖြင့်၊ ငါ၏အိမ်သည် တဖြည်းဖြည်း သန့်ရှင်းလာလိမ့်မည်ဖြစ်ပြီး၊ မကောင်းဆိုးဝါး မျိုးစုံတို့သည် တိတ်ဆိတ်စွာ၊ ကျိုးနွံစွာဖြင့် စွန့်ခွာရင်း၊ မကျေနပ်သည့် စကားတစ်ခွန်းမျှမဆိုဘဲ၊ ငါ၏အပါးမှ ဖြည်းညင်းစွာ ဆုတ်ခွာကြလိမ့်မည်။ ထို့နောက်တွင်၊ ငါ၏သားဦးများအားလုံးသည် ထုတ်ဖော်ပြခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ငါ့အမှု၏ နောက်တစ်ဆင့်ကို ငါစတင်မည်။ ထိုအခါမှသာ သားဦးများသည် ငါနှင့်အတူ ရှင်ဘုရင်များ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး၊ စကြဝဠာတစ်ခုလုံးကို အုပ်စိုးကြလိမ့်မည်။ ဤသည်တို့မှာ ငါ့အမှု၏ အဆင့်များဖြစ်ပြီး၊ ယင်းတို့သည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ်၏ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုကို ပုံဖော်လေသည်။ ဤအရာကို လျစ်လျူရှုမသွားနှင့်။ သို့မဟုတ်ပါက သင်သည် အမှားတစ်ခု ပြုမိနေလိမ့်မည်။

သင်တို့ထံ ငါ၏နှုတ်ကပတ်တော်များကို ထုတ်ဖော်ပြချိန်သည် ငါ၏အမှုကို ငါစတင်သည့်အချိန်ဖြစ်၏။ ငါ့နှုတ်ကပတ်တော်များ၏ တစ်လုံးမျှသည် မပြည့်စုံဘဲ ကျန်ရစ်ခဲ့လိမ့်မည်မဟုတ်။ ငါ့အဖို့၊ တစ်ရက်တာသည် နှစ်တစ်ထောင်ကဲ့သို့လည်းကောင်း၊ နှစ်တစ်ထောင်မှာ တစ်ရက်တာကဲ့သို့လည်းကောင်းဖြစ်၏။ ယင်းကို သင်တို့ မည်သို့မြင်သနည်း။ ငါသည် စကြဝဠာလောကကို ထိန်းချုပ်ကာ အရာခပ်သိမ်းကို ပြီးမြောက်သောကြောင့်၊ အချိန်နှင့်သက်ဆိုင်သည့် သင်တို့၏ အယူအဆသည် ငါ၏ အယူအဆနှင့် အလွန်ခြားနား၏။ ငါ၏အမှုသည် တစ်ရက်ပြီးတစ်ရက်၊ တစ်လှမ်းပြီးတစ်လှမ်းနှင့်၊ တစ်ဆင့်ပြီးတစ်ဆင့် ပြီးမြောက်သည်။ ထို့အပြင်၊ ငါ့အမှု၏ ရှေ့သို့တက်ခြင်းသည် တစ်စက္ကန့်မျှပင် မရပ်တန့်ပေ- အခိုက်အတန့်တိုင်းတွင်၊ ယင်းသည် စဉ်ဆက်မပြတ် လုပ်ဆောင်ပြီးစီးလျက်ရှိသည်။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းကတည်းက၊ ငါ၏နှုတ်ကပတ်တော်များသည် လုံးဝ နှောင့်ယှက်ခံရဖူးခြင်း မရှိပေ။ ငါသည် ဤနေ့ထိ ငါ၏ မိန့်မြွက်ချက်များကို ဆက်လက် ပြောဆိုပြီး ဖွင့်ဟပြီး ဖြစ်သည်။ ဤအရာသည် အနာဂတ်ထဲထိ မပြောင်းမလဲ ရှိနေလိမ့်မည် ဖြစ်သည်။ သို့ရာတွင်၊ ငါ၏အချိန်ကို သေချာစွာ စီစဉ်ထားပြီး၊ စနစ်ကျကာ အလွန် သေဝပ်လှသည်။ ငါလုပ်ဆောင်ရန် လိုအပ်သည့်အချိန်တွင် ငါလုပ်ဆောင်ရန် လိုအပ်သည့်အရာကို ငါလုပ်ဆောင်မည်ဖြစ်သကဲ့သို့ (ငါနှင့်အတူ၊ အားလုံးသည် လွတ်မြောက်ကြလိမ့်မည်။ အားလုံး လွတ်လပ်ကြလိမ့်မည်)၊ ငါ့အမှု၏ အဆင့်များနှင့် ပတ်သက်၍ အနည်းငယ်မျှ နှောင့်ယှက်မခံရပေ။ ငါ၏အိမ်တွင် အယောက်တိုင်းကို ငါစီစဉ်နိုင်သည်။ ကမ္ဘာကြီးထဲရှိ အယောက်တိုင်းကို ငါစီစဉ်နိုင်၏- သို့သော်၊ ငါ၏ဝိညာဉ်သည် အမှုပြုနေသောကြောင့်၊ ငါသည် လုံးဝ အလုပ်မများပေ။ ငါသည် အတုမဲ့ ဘုရားသခင် ကိုယ်တိုင်ဖြစ်သည့်အတွက်၊ ငါ့ဝိညာဉ်သည် နေရာတိုင်းကို ဖြည့်ပြီး၊ စကြဝဠာ လောကတစ်ခုလုံးသည် ငါ၏လက်များတွင် ရှိ၏။ ထို့ကြောင့်၊ ငါသည် အနန္တတန်ခိုးရှင် ဖြစ်သည်၊ ငါသည် ဉာဏ်ပညာရှိပြီး ငါ၏ဘုန်းအသရေသည် စကြဝဠာ၏ နေရာတိုင်းအား ဖြည့်သည်ကို တစ်ဦးတစ်ယောက်က မြင်နိုင်သည်။

အရှေ့သို့- အခန်း ၁၀၆

နောက်တစ်ခုသို့- အခန်း ၁၀၈

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။