အခန်း ၁၁၉

သင်တို့အားလုံးသည် ငါ၏ ရည်ရွယ်ချက်များကို သဘောပေါက်သင့်ပြီး၊ သင်တို့အားလုံးသည် ငါ၏ စိတ်နေစိတ်ထားကို နားလည်သင့်သည်။ ယခုအချိန်သည် ဇိအုန်သို့ ပြန်ရန် ပြင်ဆင်ဖို့ အချိန်ဖြစ်၏။ ဤအရာမှ လွဲ၍ အခြားအရာများကို ငါ လျစ်လျူရှု၏။ များမကြာမီ တစ်နေ့တွင် သင်တို့နှင့် ငါ ပြန်လည်ပေါင်းစည်းဖို့နှင့် ဇိအုန်၌ သင်တို့နှင့်အတူ မိနစ်တိုင်း စက္ကန့်တိုင်း ကုန်လွန်ဖို့သာ ငါ မျှော်လင့်သည်။ ငါသည် ကမ္ဘာလောကကို စက်ဆုပ်သည်၊ ငါသည် ဇာတိပကတိကို စက်ဆုပ်ပြီး၊ ကမ္ဘာပေါ်ရှိ လူသားတိုင်းအား ငါသည် ပို၍ပင် ရွံရှာ၏။ ၎င်းတို့အားလုံးသည် လူသားသဘာဝ အနည်းငယ်မျှပင် မရှိကြသည့်၊ မကောင်းဆိုးဝါးများကဲ့သို့ ဖြစ်ကြသောကြောင့်၊ ငါသည် ၎င်းတို့အား မြင်တွေ့ရန် လိုလားခြင်းမရှိပေ။ ငါသည် ကမ္ဘာပေါ်တွင် နေထိုင်ရန် လိုလားခြင်း မရှိ။ ငါသည် သတ္တဝါအားလုံးကို ရွံရှာကာ၏၊ ငါသည် အသွေးအသားရှိသမျှ အားလုံးတို့ကို ရွံရှာ၏။ ကမ္ဘာမြေတစ်ခုလုံးသည် အလောင်းကောင်တို့၏အနံ့ ဟောင်၏။ အလောင်းကောင် အနံ့ဆိုးအားလုံးကို ကမ္ဘာပေါ်မှ ဖယ်ရှားကာ ကမ္ဘာမြေတစ်ခုလုံးကို ငါ့အား ချီးမွမ်းခြင်းဖြင့် ပြည့်စေရန်၊ ငါသည် ဇိအုန်သို့ ချက်ချင်း ပြန်လိုသည်။ ငါသည် ဇိအုန်သို့ ပြန်ရမည်၊ ငါသည် ဇာတိပကတိနှင့် ကမ္ဘာလောကမှ ထွက်ပြေးလွတ်မြောက်ရမည်ဖြစ်ပြီး၊ မည်သူမျှ ငါ၏ လမ်းတွင် မတားဆီးရ။ လူသားကို သတ်ဖြတ်သော ငါ၏ လက်သည် စိတ်ခံစားချက် မရှိချေ။ ယခုမှစ၍ အသင်းတော် တည်ဆောက်ခြင်းအကြောင်းကို မည်သူမျှ မပြောနိုင်ပေ။ တစ်ဦးတစ်လေက ပြောပါက၊ ၎င်းတို့ကို ငါ ခွင့်လွှတ်လိမ့်မည်မဟုတ်။ (ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ယခုသည် ငါ၏ သားဦးများအတွက် သက်သေခံရန် အချိန်နှင့် နိုင်ငံတော်အား တည်ဆောက်ရန်အချိန် ဖြစ်သောကြောင့် ဖြစ်သည်။ အသင်းတော် တည်ဆောက်ခြင်းအကြောင်းကို ပြောသောသူ မည်သူမဆိုသည် နိုင်ငံတော် တည်ဆောက်ခြင်းအား ဖြိုဖျက်နေခြင်းဖြစ်ကာ၊ ငါ၏ စီမံခန့်ခွဲမှုကို နှောင့်ယှက်နေခြင်း ဖြစ်သည်။) အားလုံးသည် အဆင်သင့်ဖြစ်၏၊ အားလုံးကို ပြင်ဆင်ထား၏။ ကျန်ရှိသည့် တစ်ခုတည်းသောအရာမှာ သားဦးများ ချီးမြှောက်ခံရရန်နှင့် သက်သေခံခြင်းခံရရန် ဖြစ်သည်။ ထိုအရာ ဖြစ်ပျက်သည့်အခါ၊ ငါသည် တစ်ခဏမျှ နှောင့်နှေးခြင်းမရှိဘဲနှင့် ပုံသဏ္ဍာန်ကို စဉ်းစားခြင်းမရှိဘဲ၊ သင်တို့၏ စိတ်များတွင် နေ့နေ့ညည ထိန်းသိမ်းထားသည့် နေရာ- ဇိအုန်သို့ ချက်ချင်း ငါ ပြန်မည်။ လက်တလော ကမ္ဘာလောကသည် ချောမွေ့ကာ တည်ငြိမ်လျက် မည်သို့ ဆက်လက်တည်သည်ကိုသာ မကြည့်နှင့်။ ဤအမှုအားလုံးသည် ဇိအုန်သို့ ပြန်ခြင်းနှင့်ဆိုင်သော အမှု ဖြစ်သည်၊ ထို့ကြောင့် ဤအရာများကို ယခု အလေးဂရုမပြုနှင့်။ ဇိအုန်သို့ ပြန်သောနေ့ ရောက်လာသည့်အခါ အားလုံး ပြီးပြည့်စုံလိမ့်မည်။ ဇိအုန်သို့ အဆောတလျင် အဘယ်သူ မပြန်ချင်သနည်း။ အဖနှင့် သားများအတွက် အဆောတလျင် ပြန်လည်ပေါင်းစည်းဖို့ အဘယ်သူ ဆန္ဒမရှိသနည်း။ လောကီသာယာမှုများသည် မည်မျှ မွေ့လျော်ဖွယ် ဖြစ်သော်လည်း၊ ယင်းတို့သည် ငါတို့၏ ဇာတိပကတိကို မထိန်းချုပ်နိုင်ပေ။ ငါတို့သည် ဇာတိပကတိကို ကျော်လွန်ကာ ဇိအုန်သို့ အတူတကွ ပြန်ကြမည် ဖြစ်သည်။ အဘယ်သူသည် ဤအရာကို တားဆီးဝံ့သနည်း။ အဘယ်သူသည် အတားအဆီးများကို ထားရှိဝံ့သနည်း။ ၎င်းတို့အား ငါသည် သေချာပေါက် ခွင့်လွှတ်မည်မဟုတ်။ ငါသည် ခလုတ်တံသင်း အားလုံးတို့ကို ဖယ်ရှားပစ်မည် ဖြစ်၏။ (ဤသည်မှာ ငါသည် ဇိအုန်သို့ ချက်ချင်း မပြန်နိုင်ဟု ငါဆိုရသည့် အကြောင်းရင်း ဖြစ်သည်။ ငါသည် ဤသန့်စင်ခြင်းအလုပ်ကို လုပ်ဆောင်လျက်ရှိနေပြီး၊ ငါ၏ သားဦးများအတွက် တစ်ပြိုင်နက် သက်သေခံနေသည်။ ဤအလုပ်နှစ်ခုသည် တစ်ချိန်တည်းတွင် တိုးတက်လျက်ရှိ၏။ သန့်စင်ခြင်းအလုပ် ပြီးစီးသွားချိန်တွင်၊ သားဦးများကို ငါ ထုတ်ဖော်ပြမည့် အချိန် ဖြစ်လိမ့်မည်။ “ခလုတ်တံသင်းများ”မှာ ကြီးမားသော အစေခံသူ အရေအတွက် ဖြစ်သည်၊ ယင်းမှာ ဤအလုပ်နှစ်ခုသည် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်သည်ဟု ငါ ဆိုရသည့် အကြောင်းရင်း ဖြစ်သည်။) ငါသည် ငါ၏ သားဦးများကို စကြဝဠာ အနှံ့နှင့် ကမ္ဘာမြေ၏ အစွန်းနေရာများ၊ တောင်များ၊ မြစ်များနှင့် အရာခပ်သိမ်းအနှံ့ ငါနှင့်အတူ လျှောက်လှမ်းစေမည်ဖြစ်သည်။ အဘယ်သူသည် ဤအရာကို ဟန့်တားဝံ့သနည်း။ အဘယ်သူသည် ဤအရာကို တားဆီးဝံ့သနည်း။ ငါ၏ လက်သည် မည်သည့်လူသားကိုမျှ အလွယ်တကူ အလွတ်ပေးသည်မဟုတ်။ ငါ၏ သားဦးများမှလွဲ၍ ငါသည် အားလုံးကို ဒေါသူပုန်ထပြီး အားလုံးကို ကျိန်ဆဲ၏။ နယ်မြေအားလုံးတွင်၊ ငါ၏ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိသည့် သေမျိုးတစ်ဦးမျှ မရှိချေ။ အားလုံးသည် ငါ၏ကျိန်ခြင်းကို ကြုံရ၏။ ကမ္ဘာလောက၏ ဖန်ဆင်းခြင်းကတည်းက၊ ငါသည် မည်သူကိုမျှ ကောင်းချီးမပေးလေပြီ။ ငါသည် ကောင်းချီးမင်္ဂလာများကို ပေးပြီးသည့်အချိန်တွင်ပင်၊ ငါသည် စာတန်ကို အလွန်အမင်း မုန်းတီးသည့်အတွက် ယင်းတို့သည် စကားလုံးများမျှသာဖြစ်ပြီး၊ လက်တွေ့အရှိတရား မဟုတ်ပေ။ ငါသည် စာတန်အား လုံးဝ ကောင်းချီးပေးလိမ့်မည်မဟုတ်၊ အပြစ်သာ ပေးမည်ဖြစ်သည်။ စာတန်အား ငါသည် လုံးလုံးလျားလျား အနိုင်ယူပြီး၊ ပြီးပြည့်စုံသော အောင်မြင်မှုသည် ငါ့အတွက် ဖြစ်သည့်နောက်၊ အဆုံးတွင်သာ၊ ငါသည် သစ္စာစောင့်သိသော အစေခံသူများအား ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးမင်္ဂလာများကို ပေးလိမ့်မည်ဖြစ်ပြီး၊ ငါ၏ အမှုအားလုံး ပြီးမြောက်ပြီး ဖြစ်လိမ့်မည်ဖြစ်သည့်အတွက်၊ ငါ့အား ချီးမွမ်းရာတွင် ဝမ်းမြောက်မှုကို ၎င်းတို့အား ရယူခွင့်ပေးမည်။

ဧကန်အမှန်၊ ငါ၏ အချိန်သည် အလှမ်းမဝေးလှပေ။ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် သင်၏ မျက်စိများရှေ့တွင် ပြည့်စုံခြင်းသို့ ရောက်လုနေပြီဖြစ်သည်။ (ယင်းသည် ဧကန်အမှန် သင်တို့၏ မျက်စိများရှေ့တွင် ရှိ၏။ ယင်းသည် အချို့သော နမိတ်ပြခြင်း မဟုတ်။ ဤအရာကို ငါ၏ စိတ်နေစိတ်ထားမှ သင် မြင်နိုင်၏။) ငါ၏ သားဦးများကို ဇိအုန်သို့ ငါသည် ချက်ချင်း အိမ်သို့ခေါ်သွားမည် ဖြစ်သည်။ အချို့က၊ “ယင်းသည် သားဦးများအတွက်သာ ဖြစ်သည်နှင့်အမျှ၊ အဘယ်ကြောင့် အနှစ်ခြောက်ထောင် အချိန်ယူရသနည်း။ ပြီးလျှင် အဘယ့်ကြောင့် အလွန်များလှသော လူများ အဖန်ဆင်းခံခဲ့ရသနည်း” ဟူ၍ ပြောကြလိမ့်မည်။ ငါ၏ အရာရာတိုင်းသည် အဖိုးတန်သည်ဟု ယခင်က ငါ ပြောပြီးဖြစ်သည်။ ငါ၏ သားဦးများသည် အဘယ်သို့ ပို၍ပင် အဖိုးမတန်နိုင်မည်နည်း။ ငါသည် အားလုံးကို ငါ့အား အစေခံဖို့ရန် ဆော်ဩစည်းရုံးမည်ဖြစ်သည်၊ ထို့အပြင် လူတိုင်းက စကြဝဠာလောက တစ်ခုလုံး၌ ငါတို့လက်များထဲတွင် မရှိသောအရာ တစ်ခုမျှမရှိ၊ ငါတို့၏ အစေခံခြင်းထဲတွင် မရှိသည့် လူတစ်ဦးမျှ မရှိသကဲ့သို့၊ ငါတို့၏ အောင်မြင်မှုအတွက် မဟုတ်သည့် အရာတစ်ခုမျှမရှိသည်ကို မြင်နိုင်ကြဖို့အလို့ငှာ၊ ငါသည် ငါ၏ တန်ခိုးကို ထုတ်ဖော်ပြမည်။ ငါသည် အရာရာတိုင်းကို စွမ်းဆောင်ရရှိလိမ့်မည်။ ငါ့အတွက်၊ အချိန်နှင့်သက်ဆိုင်သည့် အယူအဆမရှိ။ ငါသည် အစီအစဉ်နှင့် ငါ၏ အမှုကို အနှစ်ခြောက်ထောင်အတွင်း ပြီးပြည့်စုံစေရန် ရည်ရွယ်သော်လည်း၊ ငါ့အဖို့ အားလုံးသည် လွတ်မြောက်ကာ လွတ်လပ်လေသည်။

အကယ်၍ အနှစ်ခြောက်ထောင်ထက် လျော့နည်းလျှင်ပင်၊ ငါ၏ အမြင်၌၊ အချိန်ကျရောက်ပြီဖြစ်သရွေ့ အဘယ်သူသည် ဆန့်ကျင်ခြင်းစကားတစ်ခွန်းကို မြွက်ဆိုဝံ့မည်နည်း။ အဘယ်သူသည် ထရပ်ကာ သဘောရှိ ဝေဖန်ဝံ့မည်နည်း။ ငါ၏ အမှုကို ငါကိုယ်တိုင် ပြု၏။ ငါ၏ အချိန်ကို ငါကိုယ်တိုင် စီစဉ်၏။ မည်သည့်လူ၊ မည်သည့်ကိစ္စှနှင့် မည်သည့်အမှုအရာကမျှ တစ်ဇွတ်ထိုး မလုပ်ဆောင်ဝံ့ချေ။ ငါသည် အားလုံးကို ငါ့နောက်သို့ လိုက်စေမည်။ ငါ့အတွက် အမှန် သို့မဟုတ် အမှား မရှိ။ အကယ်၍ တစ်စုံတစ်ရာ မှန်ကန်သည်ဟု ငါ ပြောပါက၊ ယင်းသည် ဧကန်မုချ မှန်ကန်၏။ အကယ်၍ တစ်စုံတစ်ရာ မှားယွင်းသည်ဟု ငါ ပြောပါက ယင်းသည် ထိုသို့လည်း ဖြစ်သည်။ သင်တို့သည် လူသားအယူအဆများဖြင့် ငါ့ကို အမြဲ မတိုင်းတာရ။ သားဦးများနှင့် ငါသည် အတူတကွ ကောင်းချီးပေးခံရသည်ဟု ငါ ဆိုသည်- အဘယ်သူသည် ကျိုးနွံနာခံရန် ငြင်းဆိုဝံ့သနည်း။ ငါသည် သင့်အား ချက်ချင်း ဖျက်ဆီးလိမ့်မည်။ သင်သည် ကျိုးနွံနာခံရန် ငြင်းဆို၏။ သင်သည် ပုန်ကန်တတ်၏။ ငါသည် လူသားမျိုးနွယ် တစ်ဦးတစ်လေအတွက် တကယ်ကို သနားကရုဏာမရှိသကဲ့သို့၊ ငါ၏ အမုန်းသည် ယင်း၏ အကန့်အသတ်သို့ ရောက်ရှိနှင့်ပြီး ဖြစ်သည်။ ငါ့သည် တကယ်ကို မည်သို့မျှ နောက်ထပ် သည်းမခံနိုင်တော့ပေ။ ငါနှင့် သက်ဆိုင်သရွေ့၊ စကြဝဠာလောကတစ်ခုလုံးသည် ချက်ချင်း မျိုးဖြုတ်ခံရမည် ဖြစ်သည်- ထိုအခါမှသာ ငါ၏ ကြီးမြတ်သော အမှု ပြည့်စုံလိမ့်မည် ဖြစ်သည်။ ထိုအခါမှသာ ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် ပြီးစီးလိမ့်မည်။ ထိုအခါမှသာ ငါ၏ စိတ်နှလုံးထဲက အမုန်းတရားသည် လွင့်ပြယ်လိမ့်မည်ဖြစ်သည်။ ယခုတွင်၊ ငါ၏ သားဦးများအား သက်သေခံခြင်းအကြောင်းကိုသာ ငါ ဂရုစိုက်၏၊ အခြားသော အရေးကိစ္စများကို ငါ ဘေးဖယ်ထားမည်။ ပထမဦးဆုံး အရေးကြီးသည့် အရာများကို ငါ လုပ်ဆောင်မည်၊ ထို့နောက် သာမည အရာများကို ငါ လုပ်ဆောင်မည်။ ဤသည်တို့မှာ မည်သူမျှ မချိုးဖောက်သင့်သည့် ငါ့ အမှု၏ အဆင့်များ ဖြစ်သည်။ အားလုံးသည် ငါ၏ ကျိန်ခြင်း ပစ်မှတ်များ ဖြစ်လာကြမည်စိုး၍၊ ငါ ပြောသည့်အတိုင်း လုပ်ဆောင်ရမည်။

ယခု ငါ၏ အမှုသည် ပြီးမြောက်သောကြောင့်၊ ငါသည် အနားယူနိုင်၏။ ယခုမှစ၍၊ ငါသည် နောက်ထပ် အလုပ်လုပ်တော့မည်မဟုတ်ဘဲ၊ ငါ၏ သားဦးများသည် ငါဖြစ်သောကြောင့်၊ ငါ လုပ်ဆောင်ချင်သည့် အရာအားလုံးကို လုပ်ဆောင်ဖို့ ငါ၏ သားဦးများအား အမိန့်ပေးမည်။ ငါ၏ သားဦးများသည် ငါ၏ ဇာတိအဖြစ်တော် ဖြစ်သည်။ ဤသည်မှာ အနည်းငယ်မျှ မမှားယွင်းပေ။ ဝေဖန်မှုများ ပြုလုပ်ရန် အယူအဆများကို အသုံးမပြုနှင့်။ ငါတို့သည် တစ်ဦးတည်းပင် ဖြစ်သောကြောင့်၊ သားဦးများကို မြင်ခြင်းသည် ငါ့အား မြင်ခြင်းဖြစ်သည်။ ငါတို့အား ခွဲသောသူ မည်သူမဆိုသည် ထိုသို့ဖြင့် ငါ့အား ဆန့်ကျင်နေခြင်း ဖြစ်ပြီး၊ ငါသည် ၎င်းတို့ကို ခွင့်လွှတ်လိမ့်မည် မဟုတ်။ ငါ၏ နှုတ်ကပတ်တော်များ၌၊ လူသားအဖို့ နားလည်၍မရနိုင်သော နက်နဲမှုများ ရှိသည်။ ငါ ချစ်သော သူတို့သာ ငါ့ကို ဖေါ်ပြနိုင်ပြီး၊ အခြားမည်သူမျှ မဖော်ပြနိုင်။ ဤအရာကို ငါက သတ်မှတ်ထားခြင်းဖြစ်ပြီး၊ မည်သူမျှ ယင်းကို မပြောင်းလဲနိုင်။ ငါ၏ နှုတ်ကပတ်တော်များသည် ကြွယ်ဝ၏၊ ပြည့်စုံကာ နားမလည်နိုင်စရာ ဖြစ်သည်။ အားလုံးသည် ငါ၏ နှုတ်ကပတ်တော်များအပေါ် ကြီးစွာသော အားထုတ်မှု သုံးသင့်သည်၊ ယင်းတို့ကို မကြာခဏ တွေးဆသင့်ပြီး၊ စကားလုံးတစ်လုံး သို့မဟုတ် စာကြောင်းတစ်ကြောင်းကိုမျှ မချန်သင့်ပေ- သို့မဟုတ်ပါက၊ လူတို့သည် မှားယွင်းမှုအောက်တွင် အလုပ်လုပ်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များသည် နားလည်မှုလွဲခံရလိမ့်မည်။ ငါ၏ စိတ်သဘောထားသည် ပုန်ကန်ပြစ်မှားမှုကို သည်းမခံဟု ငါ ပြောပြီးဖြစ်သည်၊ ဆိုလိုသည်မှာ ငါ၏ သက်သေခံ သားဦးတို့ကို ဆန့်ကျင်၍မရပေ။ ငါ၏ သားဦးများသည် ငါ့စိတ်သဘောထား၏ သွင်ပြင်လက္ခဏာတိုင်းကို ကိုယ်စားပြု၏၊ ထို့ကြောင့် အလေးအမြတ်ထားသောတံပိုး အသံမြည်သောအချိန်သည် သားဦးများကို ငါ စတင်သက်သေခံသောအချိန် ဖြစ်ပြီး၊ ထိုသို့ဖြင့် နောင်တွင် အလေးအမြတ်ထားသောတံပိုးသည် လူထုထံ ငါ၏ စိတ်သဘောထားအား ဖြည်းညင်းသော ကြေညာခြင်း ဖြစ်လိမ့်မည်။ တစ်နည်းဆိုရသော်၊ ငါ၏ သားဦးများအား ထုတ်ဖော်သောအချိန်သည် ငါ၏ စိတ်နေသဘောထားအား ထုတ်ဖေါ်သော အချိန် ဖြစ်သည်။ ဤအရာကို အဘယ်သူ နားလည်နိုင်သနည်း။ ငါ ထုတ်ဖော်ပြီးဖြစ်သည့် နက်နဲမှုများအတွင်းတွင်ပင် လူတို့ မရှင်းနိုင်သည့် နက်နဲမှုများ ကျန်ရှိသည်ဟု ငါ ဆိုသည်။ သင်တို့ထဲမှ အဘယ်သူသည် ဤစကားများ၏ စစ်မှန်သော အဓိပ္ပါယ်ကို သဘောပေါက်ရန် အမှန်တကယ် ကြိုးစားလေပြီနည်း။ ငါ၏ စိတ်သဘောထားသည် သင်တို့ စိတ်ကူးပြီးသည့်အတိုင်း လူတစ်ဦး၏ ပင်ကိုစရိုက် ဖြစ်သလော။ ထိုသို့ တွေးဖို့ဆိုသည်မှာ ကြီးလေးသည့် အမှားတစ်ခု ဖြစ်၏။ ယနေ့တွင် ငါ၏ သားဦးများကို တွေ့သောသူ မည်သူမဆိုသည် ကောင်းချီးမင်္ဂလာခံရသော သူတစ်ဦး ဖြစ်ပြီး၊ ငါ၏ စိတ်နေသဘောထားကို ၎င်းတို့ မြင်ပေသည်- ဤသည်မှာ အကြွင်းမဲ့ မှန်ကန်သည်။ ငါ၏ သားဦးများသည် ငါ၏ အရာအားလုံးကို ကိုယ်စားပြု၏။ ၎င်းတို့သည် သေချာပေါက် ငါ၏ဇာတိအဖြစ်တော် ဖြစ်သည်။ ဤအရာကို မည်သူမျှ သံသယမရှိနိုင်စကောင်း။ နာခံသောသူတို့သည် ကျေးဇူးတော်ဖြင့် ကောင်းချီးပေးခြင်းခံရပြီး၊ ပုန်ကန်သောသူတို့သည် ကျိန်ဆိုခြင်း ခံရ၏။ ဤသည်မှာ ငါ ကွပ်ကဲသော အရာဖြစ်ပြီး၊ မည်သည့်လူမျှ ယင်းကို မပြောင်းလဲနိုင်။

အရှေ့သို့- အခန်း ၁၁၈

နောက်တစ်ခုသို့- အခန်း ၁၂၀

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။