အခန်း ၁၁၈

ငါ့သားအတွက် ထ၍သက်သေခံသည့်သူ မည်သူမဆို ငါသည် ၎င်းတို့အပေါ် ကျေးဇူးတော် အပ်နှင်းမည်။ ငါ့သားအတွက် ထ၍ သက်သေခံခြင်းမပြုဘဲ၊ ထိုအစား ခုခံကာ ၎င်းတို့၏ ကိုယ်ပိုင် အကဲဖြတ်မှုများ ပြုလုပ်ဖို့ လူသားအယူအဆများကို အသုံးပြုသူ မည်သူမဆို၊ ၎င်းတို့ကို ငါဖျက်စီးမည်။ အားလုံး ရှင်းလင်းစွာ တွေ့မြင်ရမည်။ ငါ့သားအတွက် သက်သေခံခြင်းသည် ငါ့အတွက် ရိုသေလေးမြတ်ခြင်း အပြုအမူတစ်ခုဖြစ်ပြီး၊ ယင်းက ငါ့အလိုကို ဖြည့်ဆည်းသည်။ သားတော်ကို အနိုင်ကျင့်ကာ ဖိနှိပ်နေစဉ်တွင် ခမည်းတော်ကိုသာ မရို‌သေနှင့်။ ထိုသို့ လုပ်ဆောင်သူတို့သည် အဆင်းနီသောနဂါးကြီး၏ သားစဉ်မြေးဆက်များဖြစ်သည်။ ဤကဲ့သို့သော အကောင်ယုတ်များကို ငါ့သားအတွက် သက်သေခံဖို့ ငါမလိုအပ်ပေ။ ၎င်းတို့ကို အနက်ဆုံးသောတွင်းထဲတွင် ငါဖျက်စီးပစ်မည်။ ငါ၏ သားကို အစေခံမှုပေးဖို့ သစ္စာစောင့်သိပြီး ရိုးသားသော အစေခံသူများကို ငါအလိုရှိသည်။ ကျန်သောသူများအတွက်မူ၊ ၎င်းတို့ကို ငါမလိုအပ်ပေ။ ဤသည်မှာ ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားဖြစ်ပြီး၊ ယင်းက ငါသည် သန့်ရှင်းကာ အပြစ်အနာအဆာ မရှိသော ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်ကို ပြသရန် အသုံးတော်ခံ၏။ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားသော မည်သူကိုမျှ ငါခွင့်လွှတ်လိမ့်မည် မဟုတ်။ မိသားစုထဲတွင်ဖြစ်စေ ကမ္ဘာလောကတွင်ဖြစ်စေ အတိတ်က သင့်ကို အာခံခဲ့သူ သို့မဟုတ် သင့်ကို နှိပ်စက်ညှဉ်းပန်းခဲ့သူ မည်သူမဆို၊ ငါသည် ၎င်းတို့ကို တစ်ဦးပြီးတစ်ဦး ပြစ်တင်ဆုံးမမည်ဖြစ်ပြီး၊ ငါ၌ အသွေးအသားနှင့် သက်ဆိုင်သည့် မည်သည့်အစိတ်အပိုင်းမျှ မရှိသည့်အတွက်၊ မည်သူကိုမျှ အလွတ်ပေးမည် မဟုတ်။ ယနေ့ သင့်အတွက် သက်သေခံခြင်းက ထိုအစေခံသူများသည် ငါ့အတွက် အစေခံမှု ပေးခြင်းအား ပြီးစီးပြီးဖြစ်သည်ကို ပြသ၏၊ ထို့ကြောင့် မည်သည့် သိက္ခာစောင့်စည်းမှု သို့မဟုတ် ကြောင့်ကြခြင်းမျှ မရှိနှင့်။ အဆုံးတွင်တော့၊ ၎င်းတို့သည် သင်၏ အစေခံသူများဖြစ်ပြီး၊ အားလုံးပြီးဆုံးသောအခါ သင်သည် ကောင်းကင်ဘုံနှင့် သက်ဆိုင်ကာ၊ ငါ့ကိုယ်ခန္ဓာသည် သင်မရှိ၍ မဖြစ်သည့်အတွက် အဆုံးတွင် သင်သည် ငါ့ကိုယ်ခန္ဓာဆီသို့ ပြန်လာလိမ့်မည်။ သင်သည် ဘုရားသခင်ကိုယ်တိုင်ဖြစ်ပြီး၊ သင့်ကို အာခံရန် သို့မဟုတ် သင့်ကို ပုန်ကန်ပြစ်မှားရန် မည်သူကိုမျှ သင် သည်းခံမည် မဟုတ်သည့်အတွက်၊ အတိတ်ကာလက သင့်အား အာခံကာ သင့်နှင့် သဟဇာတ မဖြစ်သောသူများသည် (ဤသည်မှာ အခြားသူများ မမြင်နိုင်သည့် အရာတစ်ခုဖြစ်သည်၊ ယင်းကို သင်၏ စိတ်နှလုံးတွင်သာ သင် သိသည်) ၎င်းတို့၏ မူလ အသွင်သဏ္ဍာန် ထုတ်ဖော်ပြီးဖြစ်ကာ ပြိုလဲကြပြီးဖြစ်သည်။ ယင်းကို အပြင်မှ မမြင်နိုင်သော်လည်း၊ ငါ၏ ဝိညာဉ်သည် သင့်အတွင်းတွင် ရှိ၏။ ဤသည်မှာ သံသယ ရှိစရာမလိုပေ။ ငါ၏ သံလှံတံသည် ငါ့ကို အာခံသူအားလုံးအား ဒဏ်ခတ်မည်စိုး၍၊ ယင်းကို လူအားလုံး ယုံကြည်ရမည်။ ငါသည် သင့်အတွက် သက်သေခံသည့်အတွက်၊ သင်သည် ဧကန်မုချ ဩဇာအာဏာရှိပြီး၊ သင် ပြောသမျှတိုင်းသည် ငါ၏ ဖော်ပြချက်ဖြစ်ကာ သင့်ပြုသမျှတိုင်းသည် ငါ၏သရုပ်သကန်ဖြစ်၏။ အကြောင်းမှာ သင်သည် ငါချစ်သောသူ ဖြစ်ကာ ငါ၏ ဇာတိအဖြစ်တော်က မရှိ၍မဖြစ်သော အစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ ထိုကြောင့် သင်၏ လှပ်ရပ်တိုင်း၊ သင်ဝတ်ဆင်သည့်အရာ၊ သင်အသုံးပြုသည့်အရာနှင့် သင် အသက်ရှင်သောနေရာ- ယင်းတို့သည်လည်း ဧကန်မုချ ငါ၏ လုပ်ဆောင်ချက်များ ဖြစ်သည်။ မည်သူမျှ သင့်ကို ဆန့်ကျင်သည့်အရာ တစ်စုံတစ်ခု ရှာတွေ့ရန် မကြိုးစားရ သို့မဟုတ် သင့်ကို အပြစ်မဖို့ရ။ တစ်ဦးတစ်ယောက်က ဤအရာကို လုပ်ဆောင်ပါက၊ ၎င်းတို့ကို ငါခွင့်လွှတ်မည် မဟုတ်ပေ။

ဆိုးညစ်သောအစေခံများကို ငါ့အိမ်မှ ငါနှင်ထုတ်မည်ဖြစ်ပြီး၊ သစ္စာစောင့်သိသော အစေခံများကို ငါ့အိမ်အတွင်း၌ ငါ၏သားဦးများအတွက် သက်သေခံစေမည်။ ဤသည်မှာ ငါ့ အစီအစဉ်ဖြစ်ပြီး၊ ဤသည်မှာ ငါအမှုပြုသည့် နည်းလမ်း ဖြစ်သည်။ ဆိုးညစ်သော အစေခံများက ငါ့သားအတွက် သက်သေခံသောအခါ လူသေများ၏ အနံ့ ရှိကာ ဤသည်မှာ ငါ့အတွက် စက်ဆုပ်စရာ ဖြစ်သည်။ သစ္စာစောင့်သိသော အစေခံများက ငါ့သားအတွက် သက်သေခံသောအခါ ယင်းသည် လေးနက်ပြီး စစ်မှန်ရိုးသားကာ ငါ့အဖို့ လက်ခံနိုင်စရာ ဖြစ်သည်။ ထိုကြောင့် ငါ့သားအတွက် သက်သေခံရန် လိုလားခြင်းမရှိသည့် မည်သူမဆို၊ ဤနေရာမှ ယခု ထွက်သွားလော့။ ထိုသို့လုပ်ဆောင်ရန် သင့်ကို ငါအတင်းအကျပ် ပြုမည်မဟုတ်- သင့်ကို ငါ ထွက်ခွာဖို့ တောင်းဆိုပါက၊ သင် ထွက်သွားရမည်။ သင့်အတွက် အကျိုးဆက်များက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် မည်သည့်အရာက သင့်ကို စောင့်ကြိုနေသည်ကို ကြည့်လော့။ ဤအရာကို အစေခံမှုပေးသူများက အခြား တစ်ဦးတစ်လေထက် ပို၍နားလည်ကြသည်။ ငါ၏ တရားစီရင်ခြင်း၊ ငါ့အမျက်ဒေါသ၊ ငါ၏ ကျိန်ခြင်းများ၊ ငါ၏လောင်ကျွမ်းနေပြီး ပြင်းထန်သော အမျက်သည်းခြင်းသည် ငါ့ကိုဖီဆန်သူ မည်သူမဆိုအပေါ် အချိန်မရွေး ကျရောက်မည်။ ငါ့လက်သည် မည်သူကိုမျှ သနားညှာမှု မပြ။ အစေခံမှု ပေးသူတစ်ဦးသည် ယခင်က မည်မျှ သစ္စာစောင့်သိသည်ဖြစ်စေ၊ ယနေ့တွင် ၎င်းတို့သည် ငါ့သားကို ဖီဆန်ပါက၊ ငါသည် ၎င်းတို့ကို ချက်ချင်း ဖျက်စီးပစ်မည်ဖြစ်ပြီး၊ ၎င်းတို့အား ငါ့ရှေ့တွင် နေခွင့်ပေးမည် မဟုတ်။ ဤအရာမှ ငါ၏ သနားကြင်နာမှု ကင်းမဲ့သော လက်ကို တွေ့မြင်နိုင်သည်။ လူတို့သည် ငါ့ကို မသိကြသောကြောင့်၊ ပြီးလျှင် ၎င်းတို့၏သဘာဝသည် ငါ့ကို အာခံကြသောကြောင့်၊ ငါ့ကို သစ္စာစောင့်သိသော သူတို့သည်ပင် ၎င်းတို့၏ ကိုယ်ပိုင် ပျော်ရွှင်မှုအတွက်သာ ငါ့ကို သစ္စာစောင့်သိကြလေသည်။ ၎င်းတို့အား ဆိုးလေအောင် ထိခိုက်သည့် တစ်စုံတစ်ရာ ဖြစ်ပျက်ပါက၊ ၎င်းတို့၏ စိတ်နှလုံးများ ချက်ချင်း ပြောင်းလဲကာ ငါ့ထံပါးမှ ဆုတ်ခွါချင်ကြသည်။ ဤသည်ကား စာတန်၏ သဘာဝဖြစ်သည်။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် သစ္စာစောင့်သိသည်ဟု ယုံကြည်ရင်း ခေါင်းမမာရ။ ထိုအရာတွင် ၎င်းတို့အတွက် မည်သည့်အရာမျှ မရှိပါက၊ ဤသားရဲအုပ်သည် ငါ့အား တကယ်ကို သစ္စာစောင့်သိနိုင်စွမ်း မရှိပေ။ ငါ၏ စီမံခန့်အုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ငါမထုတ်ပြန်ခဲ့ပါက၊ အချိန်ကြာမြင့်စွာက သင်တို့ ရပ်တည်ချက် ပြင်ဆင်ပြောင်းလဲပြီး ဖြစ်သည်။ ယခုတွင် သင်တို့အားလုံးသည် ငါ့ကို အစေခံမှုပေးရန် လိုလားခြင်း မရှိသော်လည်း၊ ငါ၏ လက်ဖြင့်ဒဏ်ခတ်ခံရရန် လိုလားခြင်း မရှိဘဲလျက်၊ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး အဖြစ်မျိုးတွင် ရှိကြပေသည်။ ငါ့ကို အာခံသူ မည်သူမဆိုအပေါ်သို့ အချိန်မရွေး ကြီးမားသော ကပ်ဘေးများ ကျရောက်လိမ့်မည်ဟု ငါမထုတ်ပြန်ခဲ့ပါက၊ သင်တို့သည် အချိန်ကြာမြင့်စွာက ရပ်တည်ချက် ပြောင်းလဲပြီး ဖြစ်ပေမည်။ လူတို့ ကျင့်သုံးသည့် မာယာများကို ငါ မသိလေသလော။ လူအများစုသည် ယခုတွင် မျှော်လင့်ခြင်း အနည်းငယ် သိုထားကြသော်လည်း၊ ထိုမျှော်လင့်ခြင်းက စိတ်ပျက်မှုသို့ ပြောင်းလဲသွားသည့်အခါ ၎င်းတို့ နောက်ထပ် မည်သို့မျှ ရှေ့ဆက်ရန် လိုလားခြင်းမရှိ ဖြစ်လာကြပြီး နောက်လှည့်ရန် တောင်းဆိုသည်။ ငါသည် မည်သူကိုမျှ ၎င်းတို့၏ အလိုဆန္ဒကို ဆန့်ကျင်လျက် ဤနေရာတွင် ထိန်းသိမ်းထားခြင်းမရှိဘဲ သင့်အတွက် အကျိုးဆက်များက မည်သည့်အရာများ ဖြစ်လိမ့်မည်ကို ဂရုတစိုက် တွေးတောသည်ဟု ယခင်က ငါ ပြောဆိုပြီး ဖြစ်သည်။ သင့်အား ခြိမ်းခြောက်နေသည်မှာ ငါမဟုတ်။ ဤသည်မှာ အမှန်တရားများနှင့် ပတ်သက်ပေသည်။ လူ့သဘာ၀ကို ငါမှလွဲ၍ မည်သူမျှ နားမလည်နိုင်ပေ။ လူအားလုံးက ၎င်းတို့၏ သစ္စာစောင့်သိမှုမှာ မစင်ကြယ်သည်ကို မသိဘဲလျက်၊ ၎င်းတို့သည် ငါ့ကို သစ္စာစောင့်သိကြသည်ဟု တွေးထင်ကြသည်။ ဤမစင်ကြယ်မှုများသည် အဆင်းနီသော နဂါးကြီး၏ အကြံအစည်များ ဖြစ်သည့်အတွက် လူတို့အား ဖျက်ဆီးလိမ့်မည်။ ယင်းကို အချိန်ကြာမြင့်စွာက ငါ ဖွင့်ချခဲ့ပေသည်။ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်၊ ထို့ကြောင့် အလွန်ရိုးရှင်းသောအရာ တစ်စုံတစ်ခုကို ငါမနားမလည်ဘဲ အဘယ်သို့ ရှိနိုင်မည်နည်း။ သင့်၏ ရည်ရွယ်ချက်များကို တွေ့မြင်ဖို့ သင်၏ အသွေးအသားထဲသို့ ငါ ထိုးဖောက်နိုင်သည်။ လူ့သဘာ၀ကို နားလည်ရန်မှာ ငါ့အတွက် မခက်ပေ။ သို့သော် လူတို့သည် မိမိတို့၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်တိုင်မှလွဲ၍ မည်သူမျှ မသိဟု ယုံကြည်လျက် မိမိတို့ကိုကိုယ် လိမ္မာပါးနပ်သည်ဟု ထင်ကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီး၊ အရာခပ်သိမ်းတို့ အတွင်း၌ တည်ရှိသည်ကို ၎င်းတို့ မသိသလော။

ငါ့သားကို တကယ့်အဆုံးအထိ ငါချစ်မည်ဖြစ်ပြီး အဆင်းနီသောနဂါးကြီးနှင့် စာတန်ကို ကာလအစဉ်အဆက် ငါမုန်းတီးမည်။ ငါ့ကို ဖီဆန်သူ အားလုံးအပေါ်တွင် ငါ၏ ပြစ်တင်ဆုံးမခြင်း ကျရောက်လိမ့်မည်ဖြစ်ပြီး၊ ရန်သူ တဦးမျှ လွတ်မည် မဟုတ်။ ယခင်က ငါသည်၊ “ဇိအုန်တွင် ကြီးမားသောကျောက်တစ်ခုကို ငါချထားသည်။ ယုံကြည်သူများအဖို့၊ ဤကျောက်သည် ၎င်းတို့၏ တည်ဆောက်မှု အုတ်မြစ်ဖြစ်သည်။ မယုံကြည်သူများအဖို့၊ ဤသည်မှာ ထိမိ၍ လဲစရာ ကျောက်ဖြစ်သည်။ နတ်ဆိုး၏ သားများအဖို့၊ ဤသည်မှာ ၎င်းတို့အား သေသည့်အထိ ဖိချေသည့် ကျောက်ဖြစ်သည်” ဟုပြောခဲ့၏။ ဤစကားများကို ယခင်က ငါပြောဆိုပြီးဖြစ်သည်သာမက၊ ယင်းတို့ကို လူများစွာက ပရောဖက်ပြုထားပြီးဖြစ်ကာ လူများစွာတို့သည် ဤခေတ်တွင် ဤနှုတ်ကပတ်တော်ကျမ်းပိုဒ်ကို ဖတ်ရှုပြီးဖြစ်သည်။ ထို့အပြင် လူအချို့သည် ဤစကားများကို ရှင်းပြဖို့ ကြိုးစားကြသော်လည်း၊ မည်သူမျှ ဤနက်နဲမှုကို ယခင်က မဖြေရှင်းဖူးကြသေးပေ၊ အဘယ်ကြောင့်ဆိုသော် ဤအမှုသည် နောက်ဆုံးသော ကာလ၏ လတ်တလော အချိန်အတွင်းတွင်သာ လုပ်ဆောင်ထားသောကြောင့် ဖြစ်သည်။ ထိုကြောင့်၊ လူအချို့က ဤစကားများကို ရှင်းပြရန် ကြိုးစားကြပြီးဖြစ်သော်လည်း၊ ၎င်းတို့၏ ရှင်းပြချက်များသည် အတွေးမှားများသာ ဖြစ်သည်။ ယနေ့တွင်၊ ငါ့သားဦးများအတွက် ငါ၏ သက်သေခံခြင်း လေးနက်မှုနှင့် ထိုသို့ လုပ်ဆောင်ရာတွင် ငါ၏ရည်ရွယ်ချက်ကို သင်တို့ သိနိုင်ကြဖို့အလို့ငှာ ဆိုလိုရင်းအဓိပ္ပါယ် တစ်ခုလုံးကို သင်တို့ထံ ငါ ထုတ်ဖော်ပြပြီး ဖြစ်သည်။ ငါသည် ဇိအုန်တွင် ကြီးမားသောကျောက်တစ်ခုကို ချထားပြီး ဤကျောက်သည် ငါ၏ သားဦးများ သက်သေခံခြင်းကို ရည်ညွှန်းပေသည်။ “ကြီးမားသော” ဟူသည့် စကားလုံးသည် ဤသက်သေခံခြင်းကို အလွန်ကြီးမားသော အတိုင်းအတာတစ်ခုတွင် သက်သေခံသည်ဟု မဆိုလိုဘဲ၊ ထို့ထက် ငါ့သားဦများအတွက် သက်သေခံရာတွင် အလွန်များလှစွာသော အစေခံသူများ နောက်ဆုတ်သွားကြလိမ့်မည် ဖြစ်သည်။ ဤနေရာတွင်၊ “မယုံကြည်သူများ” ဟူသည်မှာ ငါ့သားကို သက်သေခံကြသောကြောင့် နောက်ဆုတ်သွားကြသူများကို ရည်ညွှန်းသည်။ ထိုကြောင့်၊ ကျောက်သည် ဤလူစားမျိုးအတွက် ထိမိ၍ လဲစရာ ကျောက်တစ်ခု ဖြစ်သည်။ ဤလူစားမျိုးသည် ငါ၏ လက်ဖြင့် ဒဏ်ခတ်ခံရလိမ့်မည်ဖြစ်သောကြောင့် ယင်းသည် ကျောက်ဖြစ်သည်ဟု ငါ ဆိုရပေသည်၊ ထို့ကြောင့် “လူတို့ ထိမိ၍ လဲစရာ ကျောက်” ဟု ဆိုသည်မှာ လဲကျခြင်း သို့မဟုတ် အားနည်းလာခြင်းနှင့် ပတ်သက်၍ ပြောထားခြင်းမဟုတ်ဘဲ၊ ငါ့လက်ဖြင့် ဒဏ်ခတ်ခံရခြင်းနှင့် ပတ်သက်၍ ပြောထားခြင်းဖြစ်သည်။ “ယုံကြည်သူများအဖို့ ဤကျောက်သည် ၎င်းတို့၏ တည်ဆောက်မှု အုတ်မြစ်ဖြစ်သည်”ဟူသည့်စကားတွင် “ယုံကြည်သူများ” ဟူသည်မှာ သစ္စာစောင့်သိသော အစေခံသူများကို ရည်ညွှန်းပြီး၊ “၎င်းတို့၏ တည်ဆောက်မှုအုတ်မြစ်” ဟူသည်မှာ ၎င်းတို့အနေဖြင့် ငါ့ကို သစ္စာစောင့်သိသော အစေခံမှုပေးပြီးနောက်တွင် ၎င်းတို့ရရှိမည့် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို ရည်ညွှန်းသည်။ သားဦးများကို သက်သေခံပြီးဖြစ်သည်ဆိုသည်မှာ အိုဟောင်းသောခေတ် တစ်ခုလုံး မကြာမီ ကုန်လွန်မည့်အကြောင်းကို ညွှန်ပြပေသည်။ ဆိုလိုသည်မှာ၊ ယင်းသည် စာတန်၏ နိုင်ငံ ပျက်ဆီးခြင်း သင်္ကေတလက္ခဏာ ဖြစ်သည်။ ထို့ကြောင့် တပါးအမျိုးသားတို့အတွက် ယင်းသည် ၎င်းတို့အား သေဆုံးသည်အထိ ဖိချေသည့် ကျောက်ဖြစ်၏။ ထိုကြောင့် တိုင်းနိုင်ငံအားလုံးကို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲခြင်းသည် ကမ္ဘာလောကတစ်ခုလုံး၏ ပြီးပြည့်စုံသော အသစ်ပြုပြင်ခြင်းကို ရည်ညွှန်းသည်။ ဟောင်းသောအရာ ကုန်လွန်လိမ့်မည်ဖြစ်ပြီး အသစ်သောအရာ တည်ဆောက်ခြင်း ထူထောင်လိမ့်မည်- ဤသည်မှာ “အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲခြင်း”၏ မှန်ကန်သော အဓိပ္ပါယ်ဖြစ်သည်။ သင်တို့ နားလည်ကြသလော။ ဤနောက်ဆုံးအဆင့်တွင် ငါ ပြုသော အမှုသည် စကားအနည်းငယ်မျှဖြင့် အကျဉ်းချုပ်နိုင်သည်။ ဤသည်မှာ ငါ၏ အံ့ဘွယ် လုပ်ဆောင်ချက် ဖြစ်ပြီး သင်တို့သည် ငါ၏နှုတ်ကပတ်တော်များအတွင်း ငါ့အလိုကို သဘောပေါက်သင့်ကြပေသည်။

အရှေ့သို့- အခန်း ၁၁၇

နောက်တစ်ခုသို့- အခန်း ၁၁၉

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။