အခန်း ၁၁၇

ခပ်သိမ်းသော နက်နဲမှုများ သည် သင့်ထံမှ လာပြီး၊ ခပ်သိမ်းသော ကောင်းချီးမင်္ဂလာများသည် သင့်အားဖြင့် ထုတ်ဖော်ပြခြင်း ခံရသောကြောင့်၊ သင်သည် စာစောင်ကို ဖွင့်သောသူဖြစ်ပြီး၊ သင်သည် ချိပ်တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်သောသူဖြစ်သည်။ သင်သည် ငါ၏ဇာတိအဖြစ်တော်ဖြစ်သောကြောင့်၊ ငါသည် သင့်ကို ထာဝရကာလ ချစ်ဖို့ သေချာပြီး လူအားလုံးကို သင့်အား ကိုးကွယ်စေရန် သေချာသည်။ သင်သည် ငါ၏ အလျှံအပယ်ဖြစ်ပြီး ပြည့်စုံသော သရုပ်သကန်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ငါ့ခန္ဓာကိုယ်၏ မရှိမဖြစ်သော အစိတ်အပိုင်း ဖြစ်သည်။ ထို့ကြောင့်၊ ငါသည် အထူးသက်သေခံချက် ပေးရမည်။ ငါ၏ ဇာတိအဖြစ်တော်အတွင်း၌ရှိသောသူမှအပ အခြား အဘယ်သူသည် ငါ၏စိတ်နှလုံးနှင့် ညီညွတ်သနည်း။ သင့်အတွက် သက်သေခံသူမှာ သင်ကိုယ်တိုင် မဟုတ်ဘဲ သင့်အတွက် သက်သေခံသည်မှာ ငါ၏ ဝိညာဉ် ဖြစ်ပြီး၊ ဤအရာသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် သက်ဆိုင်သောကြောင့်၊ သင့်ကို ဖီဆန်ဝံ့သော အဘယ်သူကိုမဆို ငါသည် သေချာပေါက် ခွင့်လွှတ်လိမ့်မည် မဟုတ်။ သင်ပြောသမျှအားလုံးကို ငါသည် သေချာပေါက် ပြီးမြောက်စေလိမ့်မည် ဖြစ်ပြီး၊ သင်တွေးသမျှအားလုံးကို ငါသည် ဧကန်မုချ လက်ခံမည်။ အကယ်၍ တစ်စုံတစ်ဦးသည် သင့်ကို သစ္စာမစောင့်သိပါက၊ ၎င်းတို့သည် ငါ့ကို ပွင့်လင်းစွာ ခုခံနေခြင်းဖြစ်ပြီး၊ ငါသည် ၎င်းတို့ကို သေချာပေါက် ခွင့်လွှတ်မည်မဟုတ်။ ငါ၏သားကို ခုခံသော သူတို့အားလုံးကို ငါသည် ပြင်းထန်စွာ ပြစ်တင်ဆုံးမမည်ဖြစ်ပြီး၊ သင်နှင့် သဟဇာတ ဖြစ်သောသူတို့ကို ငါသည် ကောင်းချီးပေးမည်။ ဤသည်မှာ သင့်အပေါ် ငါအပ်နှင်းသည့် သြဇာအာဏာ ဖြစ်သည်။ အတိတ်တွင် ပြောဆိုခဲ့သည့်အရာတွင်- သားဦးတို့အပေါ် ထားရှိခဲ့သော တောင်းဆိုချက်များနှင့် စံနှုတ်းများတွင်-သင်သည် စံပြ ဖြစ်သည်။ ဆိုလိုသည်မှာ၊ သင်ဖြစ်သည့်အတိုင်း သားဦးများကိုလည်း ဖြစ်ဖို့ ငါ တောင်းဆိုမည်ဖြစ်သည်။ ဤသည်မှာ လူသားတို့ လုပ်နိုင်သောအရာ တစ်စုံတစ်ခုမဟုတ်ဘဲ၊ ထို့ထက် ယင်းသည် ငါ၏ ဝိညာဉ်ကိုယ်တိုင် လုပ်ဆောင်သောအရာဖြစ်သည်။ အကယ်၍ သင့်အတွက် သက်သေခံသည်မှာ လူသားများဖြစ်သည်ဟု တစ်ဦးတစ်ယောက်က ယုံကြည်ပါက ထိုသတ္တဝါသည် စာတန်၏ အမျိုးနှင့် ငါ၏ ရန်သူဖြစ်သည်မှာ ယုံမှားဖွယ်မရှိပေ။ ထို့ကြောင့် သက်သေခံခြင်းသည် ပြည့်စုံခိုင်လုံကာ၊ ထာဝရမပြောင်းလဲသကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော် အတည်ပြုသော အရာဖြစ်သည်။ အဘယ်သူမျှ ယင်းကို ပေါ့တန်စွာ ပြောင်းလဲ၍မရနိုင်သကဲ့သို့၊ ပြောင်းလဲသူ မည်သူမဆိုကို ငါသည် ခွင့်လွှတ်မည်မဟုတ်။ လူသားများသည် ငါ့အတွက် သက်သေမခံနိုင်ကြသည့်အတွက်၊ ငါကိုယ်တိုင် ငါ၏ဇာတိအဖြစ်တော်အတွက် သက်သေခံပြီး၊ လူတို့သည် ငါ၏ အမှုကို ဝင်ရောက်မစွက်ဖက်ရ။ ဤသည်တို့မှာ ပြင်းထန်သော တရားစီရင်း နှုတ်ကပတ်တော်များဖြစ်ပြီး၊ လူအယောက်စီတိုင်း ယင်းတို့ကို ဂရုပြုရမည်။

ငါပြောသောအရာတွင် သင်တို့သည် အသေးစိတ်အချက်တိုင်းကို ထည့်သွင်းစဉ်းစားပြီး မှတ်သားထားသင့်သည်။ ငါ၏ စကားများကို သာမန်ကာလျှံကာ သဘောမထားဘဲ ဂရုတစိုက်နားထောင်လော့။ သားဦးများသည် ငါ၏ဇာတိအဖြစ်တော်နှင့် ငါ့နိုင်ငံ၏ မရှိမဖြစ်သော အစိတ်အပိုင်းဖြစ်သည်ဟု ငါသည် အဘယ့်ကြောင့် ပြောသနည်း။ ခေတ်အားလုံးမတိုင်မီတွင်၊ ငါတို့သည် အတူတကွ အသက်ရှင်ခဲ့ပြီး အဘယ်သောအခါမျှ မကွဲကွာခဲ့ကြပေ။ စာတန်၏ နှောင့်ယှက်ခြင်းများကြောင့်၊ ပထမအကြိမ် လူ့ဇာတိကိုခံယူခဲ့ပြီးနောက်တွင်၊ ငါသည် ဇိအုန်တောင်သို့ ပြန်လာခဲ့သည်။ ဤအရာမှစတင်၍၊ ငါတို့အားလုံးသည် လောကထဲသို့ ဝင်ရောက်လာခဲ့ကြပြီး၊ နောက်ဆုံးသော ကာလ၌ ငါအောင်မြင်မှုရရှိပြီးနောက်တွင်- ဆိုလိုသည်မှာ စာတန် ဖောက်ပြန်ပျက်စီးစေခဲ့သည့် ဇာတိပကတိမှ သင်တို့ကို ငါ ပြန်လည်ရယူပြီးနောက်တွင်- ငါ၏ဇာတိအဖြစ်တော်သည် မည်သည့်အခါတွင်မျှ မကွဲကွာဖို့၊ ပြန်လည်ပေါင်းစည်းရန်အလို့ငှာ ငါသည် သင်တို့ကို ဇိအုန်တောင်သို့ ပြန်လည် ခေါ်ဆောင်လိမ့်မည်။ ယင်းနောက်တွင် ငါသည် တစ်ဖန် လူ့ဇာတိခံယူလိမ့်မည်မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ၏ခန္ဓာကိုယ်မှ ဧကန်အမှန် ထွက်လာကြလိမ့်မည် မဟုတ်။ ဆိုလိုသည်မှာ၊ ထို့နောက်တွင်၊ အရာရာသည် ယခု စေ့စပ်သေချာစွာ ပြီးစီးသွားပြီဖြစ်သည့်အတွက်၊ ငါသည် ကမ္ဘာလောကကို တစ်ဖန် ဖန်ဆင်းလိမ့်မည် မဟုတ်ဘဲ၊ ဇိအုန်တောင်ရှိ ငါ၏ သားဦးတို့နှင့် မခွဲမခွာ ထာဝရ ရှိနေလိမ့်မည်ဖြစ်ကာ ငါသည် ခေတ်ဟောင်း တစ်ခုလုံးကို အဆုံးသတ်တော့မည်ဖြစ်သည်။ ငါ၏ဇာတိအဖြစ်တော်သည် ဇိအုန်တောင်တွင် တည်ရှိသည့်အတွက်၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်၏ အသက်ရှိသည်မှာ ဇိအုန်တွင်သာ ဖြစ်သည်။ ဤအရာမှလွဲ၍ တည်ရှိသည့် ကောင်းကင်သစ်များ သို့မဟုတ် မြေကြီးသစ်များ နောက်ထပ် ရှိလိမ့်မည်မဟုတ်။ ငါ၏ဇာတိအဖြစ်တော်သည် ဇိအုန်တောင်တစ်ခုလုံးကို ဖြည့်သောကြောင့်၊ ငါသည် ကောင်းကင်သစ်ဖြစ်ပြီး၊ ငါသည် မြေကြီးသစ်လည်း ဖြစ်သည်။ ငါ၏သားဦးတို့သည် ကောင်းကင်သစ် ဖြစ်ကြသည်၊ ငါ၏သားဦးတို့သည် မြေကြီးသစ် ဖြစ်ကြသည်ဟုလည်း ပြောကောင်းပြောနိုင်သည်။ ငါ၏ သားဦးတို့နှင့် ငါသည် ခွဲခြားမရနိုင်သည့် ခန္ဓာတစ်ခုတည်းနှင့် သက်ဆိုင်၏။ ငါ့အကြောင်းပြောဆိုခြင်းသည် သားဦးများ သေချာပေါက်ပါဝင်ပြီး၊ ငါတို့အား ခွဲခွာရန် ကြိုးစားသောမည်သူကိုမဆို ငါသည် ဧကန်မုချ ခွင့်လွှတ်လိမ့်မည်မဟုတ်။ ငါ၏ပလ္လင်ရှေ့သို့ တိုင်းနိုင်ငံအားလုံးနှင့် လူအားလုံးတို့ကို ငါ ပြန်လာစေသည့်ချိန်တွင်၊ စာတန်အားလုံးတို့သည် လုံးလုံးလျားလျား အရှက်ရလိမ့်မည်ဖြစ်ပြီး၊ ဆိုးယုတ်သော မကောင်းဆိုးဝါးများသည် ငါ့ထံမှ အဝေးသို့ နောက်ဆုတ်သွားကြလိမ့်မည်ဖြစ်သည်။ တိုင်းနိုင်ငံအားလုံးနှင့် လူအားလုံးတို့ကို ငါအုပ်ချုပ်နေလိမ့်မည်ဖြစ်သည့်အတွက်၊ စကြဝဠာလောကတစ်ခုလုံးအပေါ် ငါသည် တန်ခိုးအာဏာ ကိုင်စွဲနေလိမ့်မည်ဖြစ်ကာ၊ စာတန်များအားလုံးသည် အကုန်အစင် မွှေနှောက်ဖျက်ဆီးခြင်းခံရလိမ့်မည်၊ လုံးဝ ရှုံးနိမ့်လိမ့်မည်ဖြစ်ပြီး ငါ၏ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်များ၏ အပြစ်ပေးခြင်းကို ရရှိနေလိမ့်မည် ဖြစ်သည့်အတွက်၊ ဖြောင့်မတ်ခြင်းသည် လူအပေါင်းတို့အလယ် (ဆိုလိုသည်မှာ ငါ့သားများနှင့် လူများအလယ်) တည်ရှိလိမ့်မည်မှာ သေချာပြီး၊ တိုင်းနိုင်ငံအားလုံးအလယ်တွင် စာတန်၏ နှောင့်ယှက်မှုများ ရှိလိမ့်မည်မဟုတ်သည်မှာ သေချာ၏။

ငါသည် လူအပေါင်းတို့အလယ် အမှုဖြင့် ရှေ့ဆက်နေသော်လည်း၊ ၎င်းတို့သည် ငါ့ဝိညာဉ်၏ အသိဉာဏ်ပွင့်လင်းစေခြင်းသာရှိပြီး၊ ငါ၏ နက်နဲမှုများကို ဖွင့်ဟဖို့ရန် အရည်အချင်း ပြည့်မီသောသူတစ်ယောက်မျှ သူတို့အလယ်တွင် မရှိ၊ ငါ့ကို ဖော်ပြရန် မည်သူမျှ အရည်အချင်း မပြည့်မီပေ။ ငါ့ထံမှ လာသော သူသာလျှင် ငါ၏အမှုကို လုပ်ဆောင်ရန် အရည်အချင်းပြည့်မီ၏- ကျန်သောသူများအတွက်မူ၊ ငါသည် ၎င်းတို့အား ယာယီသာ အသုံးပြု၏။ ငါ့အထဲ၌ ရှိသမျှအရာရာတိုသင်းသည် အဖိုးတန်သည့်အတွက်၊ ငါ၏ ဝိညာဉ်သည် လူသားတစ်ဦးအပေါ် ထင်ရာမြင်ရာ ဆင်းသက်လိမ့်မည် မဟုတ်။ ငါ၏ဝိညာဉ်အတွက် တစ်စုံတစ်ဦးအပေါ် ဆင်းသက်ဖို့နှင့် ငါ၏ဝိညာဉ်အတွက် တစ်စုံတစ်ဦးအပေါ် အလုပ်လုပ်ဖို့ဆိုသည်မှာ လုံးဝ ခြားနားသောအရာများ ဖြစ်သည်။ ငါ၏ဝိညာဉ်သည် ငါ၏အပြင်ဘက်တွင်ရှိသော လူများအပေါ်တွင် အလုပ်လုပ်သော်လည်း၊ ငါ၏ဝိညာဉ်သည် ငါ့ထံမှ လာသော သူအပေါ်တွင် ဆင်းသက်သည်။ ဤသည်မှာ လုံးဝ ဆက်စပ်မှုမရှိသော အကြောင်းအရာနှစ်ခုဖြစ်သည်။ အကြောင်းမှာ ငါ့ထံမှလာသော လူသည် သန့်ရှင်းသော်လည်း ငါ၏အပြင်ဘက်တွင်ရှိသော ၎င်းတို မည်မျှ ကောင်းမွန်နိုင်သည်ဖြစ်စေ၊ သန့်ရှင်းခြင်း မရှိကြပေ။ ငါ၏ ဝိညာဉ်သည် သေးငယ်သည့် အကြောင်းပြချက်တစ်ခုတစ်လေအတွက် တစ်စုံတစ်ဦးအပေါ် ဆင်းသက်လိမ့်မည်မဟုတ်။ လူတို့ မစိုးရိမ်သင့်ပေ။ ငါသည် အမှားများကိုမပြုသကဲ့သို့၊ ငါသည် ငါ လုပ်ဆောင်သည့်အရာနှင့်ပတ်သက်၍ တစ်ရာရာခိုင်နှုန်း သေချာသည်။ ငါသည် သူ့အတွက် သက်သေခံပြီးဖြစ်သည်နှင့်အမျှ၊ သူ့ကို ဧကန်မုချ ကာကွယ်လည်း ကာကွယ်ပေးမည်။ ထိုသူသည် ငါ့ထံမှ တကယ်ကို လာပြီး၊ ငါ၏ဇာတိအဖြစ်တော်အဖို့ မရှိမဖြစ် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကို ဘေးဖယ်ကာ၊ စာတန်ပေးသော မည်သည့် စိတ်ကူးများကိုမဆို စွန့်ပစ်ဖို့၊ ငါ၏ မိန့်မြွက်ချက်တိုင်းကို မှန်ကန်သည်ဟု ယုံကြည်ကာ၊ ၎င်းတို့၏ စိတ်များထဲ၌ သံသယများအဖို့ အလျော့မပေးရန် ငါမျှော်လင့်သည်။ ဤသည်မှာ လူသားမျိုးနွယ်အဖို့ ငါ၏ တာဝန်ပေးစေခိုင်းချက်၊ လူသားမျိုးနွယ်အဖို့ ငါ၏ တိုက်တွန်းချက်ဖြစ်သည်။ ဤအရာများကို အယောက်တိုင်း လိုက်နာရမည်၊ ယင်းတို့ကို အယောက်တိုင်း စစ်မှန်ရိုးသာစွာ နာခံရမည်ဖြစ်ပြီး၊ ငါပြောသောအရာကို စံနှုန်းအဖြစ် အယောက်တိုင်း ခံယူရမည် ဖြစ်သည်။

ငါသည် ငါ၏ အမှုကို တိုင်းနိုင်ငံအားလုံးနှင့် လူအပေါင်းတို့အလယ် စတင်သည်သာမက၊ စကြဝဠာလောထဲက နေရာတိုင်း၌လည်း ငါ၏ အမှုကို စတင်ပြီး၊ ဤအရာက ဇိအုံသို့ ငါပြန်လာမည့် နေ့ရက်သည် အလှမ်းမဝေးသည်ကို သာ၍ပင်ပြသည် (အဘယ့်ကြောင့်ဆိုသော် ငါ၏ အမှုကို လူအားလုံးအလယ်နှင့် စကြဝဠာအနှံ့ စတင်အမှုမပြုနိုင်မီ ဇိအုံသို့ပြန်ဖို့ရန် ငါ့အတွက် လိုအပ်သောကြောင့်ဖြစ်သည်)။ ငါအမှု၏ အဆင့်များနှင့် ငါ အမှုပြုသည့် နည်းလမ်းများကို သဘောပေါက်နိုင်သောသူ တစ်ဦးတစ်လေ ရှိသလော။ ငါသည် နိုင်ငံခြားသားများနှင့် စိတ်နှလုံးအားဖြင့် တွေ့ဆုံမည်ဟု ငါဆိုသည့်အကြောင်းရင်းမှာ၊ ဤအရာသည် အခြေခံအားဖြင့် ဇာတိပကတိဖြင့် လုပ်ဆောင်၍ မရနိုင်သောကြောင့်ဖြစ်ပြီး၊ ငါသည် ဒုတိယအကြိမ် အန္တရာယ်များကို အရဲစွန့်ရန် လိုလားနေခြင်း မရှိသောကြောင့် ဖြစ်သည်။ ဤသည်တို့မှာ နိုင်ငံခြားသားများနှင့် စိတ်နှလုံးအားဖြင့် မိတ်သဟာယဖွဲ့ခြင်းအတွက် အကြောင်းရင်းများဖြစ်သည်။ ဤအရာသည် စစ်မှန်သော ဝိညာဉ်လောကတွင် ရှိရမည်ဖြစ်ပြီး၊ ဇာတိပကတိ၌ အသက်ရှင်နေသည့် သူများ စိတ်ကူးသကဲ့သို့က အချို့သော မရေရာသည့် ဝိညာဉ်လောကမဟုတ်ပေ။ ငါသည် မတူကွဲပြားသော ခေတ်တစ်ခုအတွင်းတွင် စကားပြောနေလိမ့်မည်ဖြစ်သည်နှင့်အမျှ၊ ထိုအချိန်တွင် ငါပြောသောအရာသည် ငါ ပြောဆိုသည်နည်းလမ်းဖြင့် ကွဲပြားရုံမျှ ကွဲပြားလိမ့်မည်။ ထို့ကြောင့် ငါသည် လူသားမျိုးနွယ်အား ငါ စကားပြောသည့် နည်းလမ်းကို သတိပြုဖို့ရန် ထပ်ကာထပ်ကာ၊ သတိပေးနေခြင်းဖြစ်ပြီး၊ ငါပြောသော အရာ၌ လူတို့ မဖွင့်ဟနိုင်သော နက်နဲမှုများရှိသည်ဟုလည်း လူတို့ကို ငါသတိပေးနေခြင်းဖြစ်သည်။ သို့သော် ဤအရာများကို အဘယ့်ကြောင့် ငါပြောသည်ကို မည်သူမျှ နားမလည်ကြသကဲ့သို့၊ ယနေ့ ငါသည် သင်တို့ကို ဤအရာ ပြောသည့်အခါမှသာ သင်တို့ အနည်းငယ် နားလည်နိုင်ကြသော်လည်း အပြည့်အဝ မဟုတ်သေးပေ။ ငါ၏အမှု၌ ဤအဆင့်နောက်တွင်၊ ငါသည် သင်တို့ကို တစ်ဆင့်ပြီးတစ်ဆင့် အကြောင်းကြားမည်။ (ငါသည် ဤအရာမှတစ်ဆင့် အချို့သော လူတို့ကို ပယ်ထုတ်ချင်သေး၏၊ ထို့ကြောင့် ငါသည် ယခု မည်သည့်အရာကိုမျှ ပြောလိမ့်မည်မဟုတ်။) ဤသည်မှာ ငါ့အမှုရှိ နောက်အဆင့်၏ နည်းစနစ်ဖြစ်သည်။ ငါသည် ဉာဏ်ပညာရှိသော ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်ကို အယောက်တိုင်း ဂရုပြုသင့်ပြီး၊ ရှင်းလင်းစွာ မြင်သင့်သည်။

အောက်ခြေမှတ်စုများ-

က။ မူရင်းစာသား၌ “စိတ်ကူးသကဲ့သို့” ဟူသည့် စကားရပ်မပါရှိပါ။

အရှေ့သို့- အခန်း ၁၁၆

နောက်တစ်ခုသို့- အခန်း ၁၁၈

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။