အခန်း ၁၁၆

ငါ၏ နှုတ်ကပတ်တော်များထဲတွင်၊ လူတို့ကို ကြောက်ရွံ့စေသည့်အရာများစွာ ရှိသည်။ ငါ၏ နှုတ်ကပတ်တော်များထဲမှ များစွာတို့သည် လူများကို စိုးရိမ်ပူပန်မှုဖြင့် တုန်လှုပ်စေပြီး၊ ငါ၏ နှုတ်ကပတ်တော်များထဲမှ များစွာတို့သည် လူတို့ကို ဆင်းရဲဒုက္ခခံစေကာ မျှော်လင့်ချက် ဆုံးရှုံးစေပြီး လူတို့၏ ပျက်စီးခြင်းကို သာ၍ပင် ဖြစ်စေလေသည်။ မည်သူမျှ ငါ့နှုတ်ကပတ်တော်များ၏ အလျှံပယ်ဖြစ်ခြင်းကို နားမလည်နိုင်ပေ သို့မဟုတ် ယင်းကို ရှင်းလင်းစွာ သဘောမပေါက်နိုင်ပေ။ သင်တို့သည် အရေးကိစ္စများ၏ ယေဘုယျ အခြေအနေကို သိသော်လည်း တိကျသည့် အမှန်တရားများ၏ စစ်မှန်သော အရိပ်အကဲကို မရှင်းမလင်း ဖြစ်နေဆဲဖြစ်သည်မှာ ငါ၏နှုတ်ကပတ်တော်များကို သင်တို့အား တစ်ကြောင်းချင်းစီ ငါပြောပြကာ ယင်းတို့ကို သင်တို့ထံ ထုတ်ဖော်ပြချိန်တွင်သာ ဖြစ်ပေသည်။ ထို့ကြောင့် ငါ့နှုတ်ကပတ်တော်များအားလုံးကို ထုတ်ဖော်ပြရန်၊ ထိုသို့ဖြင့် သင်တို့အား သာ၍ ကြီးမားသော သိနားလည်မှုကို ရရှိခွင့်ပေးရန် အမှန်တရားများကို ငါ အသုံးပြုမည်။ ငါ၏ စကား ပြောပုံဆိုပုံကို စဉ်းစားရာတွင်၊ ငါသည် ငါ၏ နှုတ်ကပတ်တော်များဖြင့်သာ စကားပြောနေခြင်းမဟုတ်ဘဲ၊ ထိုထက်ပို၍ပင် ငါသည် ငါ၏နှုတ်ကပတ်တော်များဖြင့် ဆောင်ရွက်နေပေသည်- ဤသည်မှာ “နှုတ်ကပတ်တော်များနှင့် ပြီးမြောက်အောင်မြင်မှုများ တစ်ပြိုင်နက် ဖြစ်ပေါ်ခြင်း” ၏ စစ်မှန်သော အဓပ္ပာယ် ဖြစ်သည်။ အကြောင်းမှာ ငါနှင့်ပတ်သက်၍ အရာရာသည် လွတ်လပ်ပြီး၊ အရာရာသည် လွတ်မြောက်ခြင်းခံရကာ၊ ဤအခြေခံ အုတ်မြစ်ပေါ်၌၊ ငါပြုသောအရာ အားလုံးသည် ဉာဏ်ပညာဖြင့် ပြည့်ပေသည်။ ငါသည် သတိမမူဘဲ စကားမပြောသကဲ့သို့၊ သတိမမူဘဲ မပြုမူပေ။ (ငါ၏လူ့သဘာဝသည် ငါကိုယ်တိုင်၏ ခွဲခြား၍မရသော အစိတ်အပိုင်း ဖြစ်သောကြောင့်၊ လူ့သဘာဝဖြင့်ဖြစ်စေ၊ ဘုရားသဘောသဘာဝဖြင့်ဖြစ်စေ၊ ငါသည် ဉာဏ်ပညာဖြင့် စကားပြောဆိုကာ ပြုမူသည်။) သို့သော် ငါစကားပြောသော အချိန်တွင်၊ အဘယ်သူမျှ ငါ့စကား၏ သဘောသွားကို အာရုံမစိုက်ကြချေ။ ငါပြုမူသောအချိန်တွင်၊ အဘယ်သူမျှ ငါ့အမှု၏ နည်းစနစ်ကို အာရုံမစိုက်ချေ။ ဤသည်မှာ လူသား၏ အားနည်းချက်ဖြစ်သည်။ ငါသည် ငါ၏ သားဦးများအပေါ်တွင်သာမက၊ လူသားအားလုံးအပေါ် ငါ၏ တန်ခိုးကို ထုတ်ဖော်ပြမည်၊ သို့သော် ထို့ထက်ပို၍ပင် ငါသည် တိုင်းနိုင်ငံအားလုံးအတွင်းနှင့် လူအပေါင်းတို့အလယ်တွင် ငါ၏ တန်ခိုးကို ထုတ်ဖော်ပြမည်။ ထိုသို့ လုပ်ဆောင်ခြင်းသည်သာ စာတန်ကို အရှက်ရစေသည့် အားကောင်းသော သက်သေခံချက်ဖြစ်သည်။ ငါသည် ရူးမိုက်စွာ မပြုမူပေ။ သားဦးများအတွက် ငါ၏သက်သေသည် မှားယွင်းမှုတစ်ခု ဖြစ်သည်ဟု လူအများစုက ထင်ကြ၏။ ၎င်းတို့က ငါ့အပြင် အခြားသော ဘုရားများစွာ ရှိသည်၊ ငါသည် အဓိပ္ပာယ်မဲ့စွာ ပြုမူသည်၊ ငါသည် မိမိကိုယ်ကိုယ် အဆင့်အတန်းကျစေသည် ပြောကြသည်။ ဤတွင် လူသား၏ဖောက်ပြန်ပျက်စီးခြင်းသည် ပို၍ပင် ဖော်ထုတ်ခံရသည်။ သားဦးများအတွက် သက်သေခံခြင်းတွင် ငါ အမှားပြုလုပ်မိနိုင်မည်လော။ ငါမှားသည်ဟု သင်တို့ပြောသည်၊ သို့ဆိုလျှင် သင်တို့ သက်သေခံနိုင်သလော။ အကယ်၍ ယင်းသည် ငါ၏ ချီးမြှောက်ခြင်း၊ ငါ၏သက်သေခံချက်ကြောင့်သာ မဟုတ်ပါက၊ သင်တို့သည် ငါ၏သားကို သင်တို့၏ အောက်သို့ တွန်းကြဆဲ ဖြစ်မည်၊ သူ့ကို အေးစက်စက်နိုင်သည့် ဥပက္ခာပြုခြင်းဖြင့် ဆက်ဆံနေဆဲ ဖြစ်မည်ဖြစ်ကာ၊ သူ့ကို သင်တို့၏ အစေခံကဲ့သို့ ဆက်ဆံနေဆဲ ဖြစ်ပေမည်။ အသင် လူယုတ်မာအုပ်စုတို့။ ငါသည် အပြန်အလှန်အားဖြင့် သင်တို့အသီးသီးကို ရှင်းထုတ်မည်။ မည်သူမျှ သက်ညှာခံရမည်မဟုတ်။ ငါ့ကိုပြောလော့၊ ပုံမှန် လူ့သဘာဝ ပိုင်ဆိုင်သော လူတစ်ဦးနှင့် သဟဇာတ မဖြစ်နိုင်သော ၎င်းတို့သည် မည်သည့်အရာ အမျိုးအစားများ ဖြစ်ကြသနည်း။ ၎င်းတို့သည် လူယုတ်မာများဖြစ်ကြသည်မှာ ယုံမှားဖွယ်ရာမရှိပေ။ ငါသည် ၎င်းတို့အား သည်းမခံနိုင်ပေ။ အကယ်၍ သင်တို့၏ သက်သေခံချက်ကို ငါစောင့်ခဲ့ပါက၊ ငါ၏အမှုသည် နှောင့်နှေးနှင့်ပြီး ဖြစ်လိမ့်မည်။ အသင် လူယုတ်မာအုပ်စုတို့။ သင်တို့သည် တကယ်ကို လူ့သဘာဝ လုံးဝ မရှိကြပေ။ ငါ့အတွက် အစေခံမှုပြုရန် သင်တို့ကို ငါအလိုမရှိ။ ယခုချက်ချင်း ဤနေရာမှ ထွက်သွားလော့။ သင်တို့သည် ငါ၏သားကို အချိန်ကြာမြင့်စွာ နိုင်ထက်စီးနင်းပြုကြလေပြီ။ ငါသည် သင့်ကို အနှစ်အဖြစ်သို့ ငါနင်းခြေမည်။ သင်သည် တစ်ဖန် ရိုင်းစိုင်းဝံ့ပါက မည်သည့်အရာ ဖြစ်ပျက်သည်ကို ကြည့်ပါလေ။ သင်သည် တစ်ဖန် ငါ့အား အရှက်ရစေဝံ့ပါက၊ မည်သည့်အရာ ဖြစ်ပျက်သည်ကို ကြည့်ပါလေ။ ငါ၏ ကြီးမြတ်သော အမှုကို ငါ ပြီးမြောက်နှင့်ပြီးဖြစ်သည်။ ငါသည် နောက်ပြန်လှည့်ကာ ဤသားရဲအုပ်ကို ရှင်းထုတ်ပစ်သင့်ပေသည်။

(ငါချစ်သော သူများနှင့် ပတ်သက်သရွေ့) အားလုံးသည် ငါ၏လက်များ၌ ပြီးမြောက်သကဲ့သို့၊ (ငါမုန်းတီးသော ထိုသားရဲများ၊ ငါစက်ဆုပ်ရွံရှာသော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများနှင့် ပတ်သက်သရွေ့) အားလုံးကိုလည်း ငါ၏လက်များဖြင့် ဖျက်ဆီးပေသည်။ ငါ လုပ်ဆောင်မည့် အရာအားလုံးကို ငါ၏သားဦးများအား ငါ မြင်တွေ့ခွင့်ပေး၏၊ ၎င်းတိုအား စေ့စေ့စပ်စပ် နားလည်ခွင့်ပေးပြီး၊ ယင်း၌ ငါသည် ဇိအုန်တောင်မှ ထွက်လာကတည်းက ငါလုပ်ဆောင်ပြီးသမျှအားလုံးကို တွေ့မြင်ခွင့်ပေး၏။ နောက်ပိုင်းတွင်၊ ငါတို့သည် ဇိအုန်တောင်ထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်၊ ခေတ်များမတိုင်မီ ငါတို့ ရှိခဲ့ကြသည့် နေရာထဲသို့ ဝင်ရောက်ကြလိမ့်မည် ဖြစ်ပြီး၊ ငါတို့၏အသက်တာများကို အသစ်တစ်ဖန် အသက်ရှင်ကြလိမ့်မည် ဖြစ်သည်။ ထိုအချိန်မှစ၍၊ လောကနှင့် ဤလူယုတ်မာအုပ်စုနှင့် နောက်ထပ် မည်သည့်အဆက်အသွယ်မျှ ရှိလိမ့်မည်မဟုတ်ဘဲ၊ ပြီးပြည့်စုံသော လွတ်လပ်မှု ရှိလိမ့်မည်။ အားလုံးသည် ပိတ်ဆီးထားခြင်းမရှိသကဲ့သို့၊ အဟန့်အတား ရှိလိမ့်မည် မဟုတ်။ အဘယ်သူသည် ငါ၏သားဦးများထဲမှ တစ်ဦးတစ်ယောက်ကို ခုခံဝံ့သနည်း။ အဘယ်သူသည် ငါ၏သားဦးများကို ဆက်လက် ဆန့်ကျင်ဝံ့သနည်း။ ငါသည် ၎င်းတို့ကို အလွယ်တကူ သက်ညှာလိမ့်မည် မဟုတ်။ သင်သည် အတိတ်၌ ငါ့ကို မည်သို့ ရိုသေလေးမြတ်ခဲ့သည်ဖြစ်စေ၊ ယင်းမှာ ယနေ့ ငါ၏သားဦးများကို သင် ရိုသေလေးမြတ်ရမည့်ပုံ ဖြစ်သည်။ ငါ၏ရှေ့၌တစ်မျိုး၊ ငါ၏ကွယ်ရာ၌တစ်မျိုး မဖြစ်နှင့်။ လူအသီးသီး အဘယ်သို့ရှိသည်ကို ရှင်းလင်းပြတ်သားမှုဖြင့် ငါမြင်သည်။ ငါတို့သည် တစ်ကိုယ်တည်း ဖြစ်သည့်အတွက်၊ ငါ၏သားကို သစ္စာမစောင့်သိခြင်းသည် ငါ့ကို သားသမီးဝတ်မပြုခြင်းဖြစ်သည်၊ ယင်းသည် သိသာသော အချက်တစ်ချက် ဖြစ်ပေသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ငါ့ကို ကောင်းသော်လည်း ငါ၏ သားဦးများအပေါ် ခြားနားသော သဘောထား ကိုင်စွဲပါက၊ ၎င်းတို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာအား ခွဲကြသောကြောင့် ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ သဘာဝ သားစဉ်မြေးဆက်တစ်ဦးဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိပေ။ ဤအပြစ်ကို မည်သည့်အခါတွင်မျှ ခွင့်လွှတ်၍မရနိုင်။ သင်တို့အသီးသီးသည် ဤအရာကို မြင်ရမည်။ ငါ့ကို သက်သေခံရန်မှာ သင်တို့၏တာဝန်ဖြစ်ပြီး၊ ထို့ထက်ပို၍ ငါ၏သားဦးများကို သက်သေခံရန်မှာ သင်တို့၏ ဝတ္တရားဖြစ်သည်။ သင်တို့ထဲမှ မည်သူမျှ သင်တို့၏တာဝန်များကို အချောင်မခိုရ- နှောင့်ယှက်သောသူ မည်သူကိုမဆို၊ ငါ ချက်ချင်း ရှင်းထုတ်မည်။ မိမိကိုယ်ကိုယ် တစ်ခုတစ်လေ ထူးခြားသည်ဟု မထင်လေနှင့်။ သင့်အား ယခု ငါပြော၏- ထိုသို့ အဖြစ်ဆုံးသောသူ မည်သူမဆို၊ ၎င်းတို့သည် ငါ၏ အတင်းကျပ်ဆုံးသော အပြစ်ပေးခြင်း ပစ်မှတ် ဖြစ်လိမ့်မည်။ ထိုသို့ အဖြစ်ဆုံးသောသူ မည်သူမဆိုသည်၊ အနည်းဆုံးသော မျှော်လင့်ချက်ရှိပြီး၊ ထာဝရ အပြစ်ဒဏ်ခံရသော အဖြစ်၏ သားတစ်ဦး အဖြစ်ဆုံး ဖြစ်ပေသည်။ ငါသည် သင့်ကို အစဉ်အမြဲ ပြစ်တင်ဆုံးမမည်။

ငါ၏အမှုတော်အားလုံးကို ငါ၏ဝိညာဉ်တော်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ပြီး၊ ငါသည် စာတန်၏ အတန်းအစား တစ်ဦးတစ်လေကိုမျှ ဝင်ရောက်စွက်ဖက် ခွင့်မပြုပေ။ ဤသည်မှာ ငါ၏ အစီအစဉ်များကို နှောင့်ယှက်ခြင်းမှ ရှောင်ရှားရန် ဖြစ်သည်။ အဆုံး၌ လူကြီးများရော ကလေးများပါ နှစ်ဦးလုံးကို ငါသည် ထစေကာ ငါနှင့် ငါ၏သားဦးများကို ချီးမွမ်းခွင့်ပေးမည်၊ ငါ၏အံ့ဩဖွယ် လုပ်ဆောင်ချက်များကို ချီးမွမ်းခွင့်ပေးပြီး၊ ငါ့ဇာတိအဖြစ်တော်၏ သရုပ်သကန်ကို ချီးမွမ်းခွင့်ပေးမည်။ ငါသည် တောင်တန်းများ၊ မြစ်များနှင့် အရာအားလုံးကို တုန်ခါစေလျက်၊ ချီးမွမ်းခြင်းအသံကို စကြဝဠာ တစ်ခုလုံးနှင့် ကမ္ဘာမြေ အစွန်းများထိ ပဲ့တင်ထပ်စေမည်ဖြစ်ပြီး၊ စာတန်ကို လုံးလုံးလျားလျား ငါအရှက်ရစေမည်။ ငါသည် ညစ်ညူးပြီး ဆိုးယုတ်သော ကမ္ဘာလောကတစ်ခုလုံးကို ဖျက်ဆီးပြီး၊ သန့်ရှင်းကာ မညစ်ညမ်းသော လောကသစ်တစ်ခုကို တည်ဆောက်ရန် ငါ၏ သက်သေခံချက်ကို အသုံးပြုမည်။ (နေ၊ လ၊ ကြယ်များနှင့် အာကာသ ဗိမာန်များသည် အနာဂတ်တွင် ပြောင်းလဲမည် မဟုတ်ဟုဆိုရာ၌၊ ကမ္ဘာလောကဟောင်းသည် တည်ရှိဆဲဖြစ်သည်ဟု ငါမဆိုလိုဘဲ၊ ကမ္ဘာလောက တစ်ခုလုံး ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး ကမ္ဘာလောကဟောင်းသည် အစားထိုးခြင်းခံရလိမ့်မည်ဟု ဆိုလိုပေသည်။ စကြဝဠာကို အစားထိုးဖို့ ငါ မဆိုလိုပေ။) ထိုနောက်မှသာ ငါ၏ အလိုနှင့်ညီသော လောကဖြစ်လိမ့်မည်။ ယင်းအတွင်းတွင်၊ ယနေ့တွင်ရှိသည့် ဖိနှိပ်မှုမျိုး ရှိလိမ့်မည်မဟုတ်သကဲ့သို့၊ လူများ အချင်းချင်း အမြတ်ထုတ်ခြင်းနှင့်ဆိုင်သည့် လတ်တလော ဖြစ်စဉ် ရှိလိမ့်မည် မဟုတ်ပေ။ ထို့ထက်၊ ဇာတိပကတိအတွင်းတွင် တရားမျှတမှုနှင့် သင့်မြတ်မှု ရှိလိမ့်မည်။ (တရားမျှတမှုနှင့် သင့်မြတ်မှုတို့ ရှိလိမ့်မည်ဟု ငါပြောသော်လည်း၊ ယင်းသည် ဇာတိပကတိ အတွင်း၌ ဖြစ်လိမ့်မည်။ ယင်းသည် ကောင်းကင်နှင့် မြေကြီးကွာခြားသကဲ့သို့- ငါ၏ နိုင်ငံတော်နှင့် အလွန်ကွာခြားလိမ့်မည်။ နှစ်ခုကို နှိုင်းယှဉ်စရာ တကယ်ကို နည်းလမ်းမရှိပေ- အဆုံး၌၊ လူ့လောကသည် လူ့လောကဖြစ်ပြီး၊ ဝိညာဉ်လောကသည် ဝိညာဉ်လောကဖြစ်သည်။) ထိုအချိန်၌၊ ငါ၏သားဦးများနှင့် ငါသည် ထိုသို့သော ကမ္ဘာလောကတစ်ခုအပေါ် တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးလိမ့်မည် (စာတန်ကို ငါသည် လုံး‌ဝ ရှင်းထုတ်ပြီး ဖြစ်လိမ့်မည် ဖြစ်သောကြောင့်၊ ဤလောကထဲတွင် စာတန်ထံမှ နှောင့်ယှက်ခြင်း ရှိလိမ့်မည်မဟုတ်။) သို့သော်၊ ငါတို့၏ အသက်တာများသည် နိုင်ငံတော်၏ အသက်တာများ ဖြစ်ဆဲရှိလိမ့်မည်၊ ယင်းကို မည်သူမျှ မငြင်းနိုင်ပေ။ ခေတ်ကာလများတစ်လျှောက်လုံးတွင် ငါ၏သားဦးကဲ့သို့ ပြုမူရန် မည်သူမျှ မရှိသေးသောကြောင့်၊ ခေတ်ကာလများ တစ်လျှောက်တွင်၊ (မည်မျှသစ္စာစောင့်သိသည်ဖြစ်စေ) ဤကဲ့သို့ အသက်တာမျိုးကို တွေ့ကြုံပြီးသူ လူသားတစ်ဦးတစ်လေမျှ လုံးဝ မရှိဖူးပေ၊ ပြီးလျှင် နောက်ပိုင်းတွင် ၎င်းတို့သည် ငါ့အတွက် အစေခံမှု ပေးကြလိမ့်ဦးမည် ဖြစ်သည်။ ဤအစေခံသူများသည် သစ္စာစောင့်သိသော်လည်း၊ ၎င်းတို့သည် နောက်ဆုံးတွင် ငါ အနိုင်ယူပြီးဖြစ်သည့် စာတန်၏ သားစဉ်မြေးဆက်များ ဖြစ်ကြလေသည်၊ ထို့ကြောင့် ခန္ဓာသေဆုံးပြီးသည့်နောက်တွင်၊ ၎င်းတို့သည် ငါ့အတွက် အစေခံမှု ပြုရန် လူ့လောကထဲသို့ မွေးဖွားလာကြဆဲဖြစ်သည်။ ဤသည်မှာ “သားများသည် နောက်ဆုံးတွင် သားများဖြစ်ကြပြီး၊ အစေခံသူတို့သည် နောက်ဆုံးတွင် စာတန်၏ သားစဉ်မြေးဆက်များသာ ဖြစ်ကြသည်” ဟူသောစကား၏ စစ်မှန်သောအဓိပ္ပာယ် ဖြစ်သည်။ ခေတ်ကာလများတစ်လျှောက်တွင်၊ ယနေ့၏ သားဦးများအတွက် အစေခံမှုပြုရန် လူမည်မျှရှိသည်ကို မသိရပေ။ အစေခံသူများထဲမှ မည်သူမျှ ထွက်မပြေးနိုင်သကဲ့သို့၊ ငါသည် ၎င်းတို့အား ထာဝရ ငါ့အတွက် အစေခံမှု ပြုစေမည်။ ၎င်းတို့၏ သဘာဝကို ထည့်သွင်းစဉ်းစားခြင်းဖြင့်၊ ၎င်းတို့အားလုံးသည် စာတန်၏ သားသမီးများ ဖြစ်ကြပြီး၊ ၎င်းတို့အားလုံးက ငါ့ကို ခုခံကြသည်၊ ပြီးလျှင် ၎င်းတို့သည် ငါ့အတွက် အစေခံမှု ပြုကြသော်လည်း၊ ၎င်းတို့ အတင်းအကျပ်ပြုခံရခြင်းဖြစ်ပြီး၊ ၎င်းတို့ထဲမှ မည်သူမျှ ရွေးချယ်စရာတစ်ခုတစ်လေ မရှိပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အရာရာကို ငါ၏လက်ဖြင့် ထိန်းချုပ်ထားသောကြောင့် ဖြစ်ပြီး၊ ငါအသုံးပြုသော အစေခံသူတို့သည် အဆုံးထိတိုင် ငါ့အတွက် အစေခံမှု ပြုကြရမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် စိတ်ဝိညာဉ် တစ်ခုတည်းနှင့် သက်ဆိုင်ကြသောကြောင့်၊ ခေတ်ကာလများ၏ ပရောဖက်များနှင့် တမန်တော်များကဲ့သို့ အလားတူ သဘာဝရှိသည့် လူများစွာ ယနေ့တွင် ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ငါ့အတွက် အလုပ်များကြသည့် သစ္စာစောင့်သိသော အစေခံသူများစွာ ရှိနေဆဲ ဖြစ်သော်လည်း၊ အဆုံး၌ (နှစ်ခြောက်ထောင်ကြာ၊ ၎င်းတို့သည် ငါ့အတွက် စဉ်ဆက်မပြတ် အစေခံမှု ပြုနေကြပြီးဖြစ်သည်၊ ထို့ကြောင့် ဤလူတို့သည် အစေခံသူများအလယ်တွင် ပါဝင်ပေသည်)၊ ငါ ပြင်ဆင်ပြီးဖြစ်သည့်အရာသည် ၎င်းတို့အတွက် မဟုတ်သောကြောင့်၊ ခေတ်ကာလများတစ်လျှောက်လုံးက မျှော်လင့်ပြီးသောအရာကို မည်သူမျှ မကြိုးပမ်းမရရှိနိုင်ချေ။

ငါ၏အရာရာသည် မျက်စိရှေ့မှောက်တွင် ပြီးမြောက်နှင့်ပြီးဖြစ်သည်။ ငါသည် ငါ၏သားဦးများကို ငါ၏အိမ်သို့ ငါပြန်လာစေမည်ဖြစ်ပြီး၊ ပြန်လည်ပေါင်းစည်းဖို့ ငါ၏ထံပါးသို့ ပြန်လာစေမည်။ ငါသည် ထူးထူးကဲကဲ အောင်မြင်ကာ အောင်နိုင်လျက် ပြန်လာပြီးဖြစ်ကာ၊ ဘုန်းအသရေကို အပြည့်အဝ ရရှိပြီးဖြစ်သည်၊ ငါသည် သင်တို့ကို ပြန်ခေါ်ဆောင်ရန် ကြွလာပေသည်။ အတိတ်ကာလတွင်၊ လူအချို့က “ပညာသတိရှိသော သတို့သမီးငါးယောက်၊ မိုက်သော သတို့သမီးငါးယောက်”ကို ကြိုတင်ခန့်မှန်း ခဲ့ကြသည်။ ဤခန့်မှန်းချက်သည် မတိကျသော်လည်း၊ လုံးဝ မှားယွင်းသည်လည်း မဟုတ်ပေ- ထို့ကြောင့် သင်တို့ကို ရှင်းပြချက်အချို့ ငါ ပေးကောင်းပေးနိုင်သည်။ “ပညာသတိရှိသော သတို့သမီးငါးယောက်နှင့် မိုက်သော သတို့သမီးငါးယောက်” တို့သည် အတူတကွ လူအရေအတွက်ကို ကိုယ်စားမပြုသကဲ့သို့ လူအမျိုးအစားတစ်ခုကိုလည်း ကိုယ်စားမပြုပေ။ “ပညာသတိရှိသော သတို့သမီးငါးယောက်” သည် လူအရေအတွက်တစ်ခုကို ရည်ညွှန်းပြီး “မိုက်သော သတို့သမီးငါးယောက်” သည် လူတစ်မျိုးတစ်စားကို ကိုယ်စားပြုသည်၊ သို့သော် မည်သည့်အရာကမျှ သားဦးများကို မရည်ညွှန်းပေ။ ယင်းထက် ၎င်းတို့သည် ဖန်ဆင်းခြင်းကို ကိုယ်စားပြုပေသည်။ ဤသည်မှာ ၎င်းတို့အား နောက်ဆုံးသောကာလ၌ ဆီကို ပြင်ဆင်ရန် စေခိုင်းထားခြင်း ဖြစ်သည်။ (ဖန်ဆင်းခြင်းသည် ငါ၏ အရည်အသွေးကို မပိုင်ဆိုင်ပေ။ အကယ်၍ ၎င်းတို့သည် ပညာသတိရှိသော သူများဖြစ်လိုလျှင်၊ ဆီကို ပြင်ဆင်ရန် လိုအပ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် ငါ၏ နှုတ်ကပတ်တော်များဖြင့် ပြင်ဆင်ထားရန် လိုအပ်ပေသည်။) “ပညာသတိရှိသော သတို့သမီး ငါးယောက်” သည် ငါဖန်ဆင်းခဲ့သော လူသားများထဲမှ ငါ၏သားများနှင့် ငါ၏လူများကို ကိုယ်စားပြုသည်။ ၎င်းတို့ကို “သတို့သမီးများ” ဟု ခေါ်ဆိုခံရသည်မှာ ကမ္ဘာမြေပေါ်တွင် မွေးဖွားခြင်း ဖြစ်သော်လည်း၊ ၎င်းတို့ကို ငါ ရယူထားသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို သန့်ရှင်းသည်ဟု ဆိုနိုင်သည်၊ ထို့ကြောင့် ၎င်းတို့ကို “သတို့သမီးများ” ဟု ခေါ်ခြင်းဖြစ်သည်။ အထက်တွင် ဆိုခဲ့ပြီးဖြစ်သော “ငါးယောက်” သည် ငါခွဲခန့်မှတ်သားထားပြီးဖြစ်သော ငါ၏သားများနှင့် ငါ၏လူများ၏ အရေအတွက်ကို ကိုယ်စားပြုသည်။ “မိုက်သော သတို့သမီး ငါးယောက်” သည် အစေခံသူများကို ရည်ညွှန်းသည်၊ အကြောင်းမှာ ၎င်းတို့သည် ပြင်ပအရာများကိုသာ လိုက်စားရင်း၊ အသက်ကို စိုးစဉ်းမျှ အရေးထားမှု မရှိဘဲလျက်၊ ငါအတွက် အစေခံမှု ပြုကြသကဲ့သို့၊ (၎င်းတို့သည် ငါ၏ အရည်အသွေးမရှိသောကြောင့်၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ယင်းသည် အပြင်ပန်းအရာ တစ်ခုဖြစ်၏)၊ ၎င်းတို့သည် ငါ၏တတ်စွမ်းသော ကူညီမစသူများ မဖြစ်နိုင်ကြသည့်အတွက်၊ ထို့ကြောင့် ၎င်းတို့ကို “မိုက်သော သတို့သမီးများ” ဟုခေါ်ပေသည်။ အထက်တွင်ဖော်ပြပြီးဖြစ်သော “ငါးယောက်” သည် စာတန်ကို ကိုယ်စားပြုပြီး၊ ၎င်းတို့ကို “သတို့သမီးများ” ဟု ခေါ်ရသည့်အချက်မှာ ၎င်းတို့သည် ငါ၏သိမ်းပိုက်ခြင်းကို ခံရပြီးဖြစ်ကာ ငါ့အတွက် အစေခံမှုပြုနိုင်ကြသည်ဟု ဆိုလိုပေသည်-သို့သော် ထိုသို့သော လူများသည် သန့်ရှင်းခြင်းမရှိ၊ ထို့ကြောင့် ၎င်းတို့ကို အစေခံသူများဟု ခေါ်ပေသည်။

အရှေ့သို့- အခန်း ၁၁၅

နောက်တစ်ခုသို့- အခန်း ၁၁၇

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။