အခန်း ၁၀၉

ငါသည် နေ့စဉ် မိန့်မြွက်ချက်များကို ပြုနေ၏၊ စကားပြောနေပြီး ငါ၏ ကြီးမားသည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို ထုတ်ဖော်ပြနေသည်။ ဤအရာအားလုံးသည် ငါ့ဝိညာဉ်၏ အလုပ်အဖြစ် ပါဝင်သည်။ လူတို့၏အမြင်များတွင်၊ ငါသည် လူသားတစ်ဦးသာ ဖြစ်သည်၊ သို့သော် ငါ၏ဖြစ်ခြင်းအားလုံးအပြင် ငါ၏ကြီးမားသော တန်ခိုးတို့ကို ငါထုတ်ဖော်ပြသည်မှာ အတိအကျ ဤလူသားထဲ၌ ဖြစ်သည်။

လူတို့သည် ငါ ဖြစ်သော လူသားကို မသိကျိုးကျွံပြုကြပြီး၊ ငါ၏ လုပ်ရပ်များကို လျစ်လျုရှုကြသောကြောင့်၊ ဤအရာများကို လူသားများက လုပ်ဆောင်သည်ဟု ၎င်းတို့ ယူဆကြသည်။ သို့သော် ငါပြုသောအရာကို လူ့လောကက ပြီးမြောက်နိုင်စွမ်း ရှိသည်၊ မရှိသည်ကို တွေးတောဖို့ အဘယ့်ကြောင့် သင် မနားလေသနည်း။ လူတို့သည် ဤအတိုင်းအတာထိ ငါ့ကို မသိကြပေ။ ၎င်းတို့သည် ငါ၏ နှုတ်ကပတ်တော်များကို နားမလည်ကြသကဲ့သို့၊ ငါ၏ လုပ်ဆောင်ချက်များကို သဘောမပေါက်ကြပေ။ ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးသော လူသားတို့။ ငါသည် သင်တို့အား ဘယ်အချိန်၌ ဝါးမြိုရအံ့နည်း။ ငါသည် သင့်အား ဘယ်အချိန်၌ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ မြုပ်နှံရအံ့နည်း။ ငါသည် သင်တို့၏ အုပ်စုမှ ကြိမ်ဖန်များလှစွာ မောင်းထုတ်ခံရပြီးဖြစ်သည်၊ လူတို့ကို ငါ့ကို ကြိမ်ဖန်များစွာ စော်ကားပြီးဖြစ်သည်၊ လှောင်ပြောင်သရော်ကြပြီးဖြစ်ကာ ငါ့ကို အသေရေဖျက်ကြပြီးဖြစ်သကဲ့သို့၊ လူတို့သည် ငါ့အား ကြိမ်ဖန်များစွာ ပွင့်ပွင့်လင်းလင်း ဝေဖန်ကာ အာခံကြပြီးဖြစ်သည်။ မျက်စိကန်းသော လူသားတို့။ သင်တို့သည် ငါ့၏လက်ဖဝါးထဲက လက်တစ်ဆုပ်စာ ရွံ့မြေသက်သက်ဖြစ်သည်ကို သင်တို့မသိသလော။ သင်တို့သည် ငါ၏ဖန်ဆင်းခြင်း အရာများသာ ဖြစ်သည်ကို သင်တို့မသိသလော။ ယခုတွင် ငါ၏အမျက်ဒေါသကို လွှတ်ထားလျက်ရှိပြီး၊ အဘယ်သူမျှ ထိုအမျက်ဒေါသကို မခုခံနိုင်ကြ။ လူတို့သည် ညှာတာမှုအတွက် ထပ်တလဲလဲ တောင်းခံရုံသာ တတ်နိုင်ကြသည်။ သို့သော်လည်း ငါ၏အမှုသည် ဤအဆင့်အထိ တိုးတက်ပြီးသည်နှင့်အမျှ၊ အဘယ်သူမျှ ထိုအရာကို မပြောင်းလဲနိုင်။ ဖန်ဆင်းခံရပြီးဖြစ်သူများသည် ရွံ့အဖြစ်သို့ ပြန်သွားရမည်။ ယင်းမှာ ငါသည် မတရားသောကြောင့်မဟုတ်ဘဲ၊ သင်တို့သည် အလွန် ဖောက်ပြန်ပျက်စီးကာ ရိုင်းစိုင်းကြသောကြောင့်ဖြစ်ပြီး၊ ယင်းမှာ သင်တို့သည် စာတန်၏ ဖမ်းဆီးခြင်းကိုခံရပြီး၊ သူ၏ တန်ဆာပလာများ ဖြစ်လာကြသောကြောင့် ဖြစ်သည်။ ငါသည် သန့်ရှင်းသော ဘုရားသခင် ကိုယ်တိုင်ဖြစ်၏။ ငါသည် ညစ်နွမ်းမခံနိုင်သကဲ့သို့၊ မသန့်ရှင်းသော ဗိမာန်တော်ကို ငါ မပိုင်ဆိုင်နိုင်။ ယခုမှစ၍၊ ငါ၏ပြင်းထန်သည့် အမျက်သည်းခြင်းသည် (အမျက်ဒေါသထက် ပိုမိုပြင်းထန်သည်) တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့အပေါ် စတင် သွန်းလောင်းလိမ့်မည်ဖြစ်ပြီး၊ ငါ့ထံမှလာသော်လည်း ငါ့အားမသိသော လူဖျင်းအားလုံးကို စတင်၍ ပြစ်တင်ဆုံးမလိမ့်မည်။ ငါသည် လူသားများကို ငါ လွန်လွန်ကဲကဲ မုန်းတီးပြီး၊ ငါသည် နောက်ထပ် သနားညှာတာခြင်း ရှိလိမ့်မည် မဟုတ်။ ထို့ထက်၊ ငါ၏ကျိန်ခြင်း အားလုံးကို ၎င်းတို့အပေါ်သို့ သွန်ဆင်းလာစေမည်။ သနားစုံမက်ခြင်းနှင့် ချစ်ခြင်းမေတ္တာ လုံးဝ ရှိတော့မည်မဟုတ်၊ အရာရာသည် ဘာမျှမရှိခြင်းအဖြစ်သို့ မီးရှို့ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ ငါ၏ လူများသည် ငါ၏အိမ်တော်၌ ငါ့အား ချီးမွမ်းကြဖို့အလို့ငှာ၊ ငါ့ကို ဂုဏ်ကျေးဇူးတော် ချီးမွမ်းကြဖို့အလို့ငှာနှင့် ငါ့အတွက် အစဉ်ထာဝရ ဩဘာပေးကြဖို့အလို့ငှာ ငါ၏ နိုင်ငံတစ်ခုတည်းသာ ကျန်ရှိနေလိမ့်မည် (ဤသည်မှာ ငါ့လူများ၏ လုပ်ငန်းဆောင်တာဖြစ်သည်)။ ငါ၏ လက်သည် ငါ၏ အိမ်တော် အတွင်း၊ အပြင်နှစ်ခုလုံးတွင်ရှိသော သူတို့အား စတင် တရားဝင်ပြစ်တင်ဆုံးမလိမ့်မည်။ မည်သည့် မကောင်းမှုပြုသူမျှက ငါ၏ လက်တွင်းနှင့် တရားစီရင်ခြင်းတို့မှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်။ အယောက်တိုင်းသည် ဤချောက်ချားဖွယ် အတွေ့အကြုံကို ကြုံရမည်ဖြစ်ပြီး ငါ့ကို ကိုးကွယ်ကြလိမ့်မည်။ ဤသည်မှာ ငါ၏ ဘုန်းအာနုဘော်ဖြစ်သည့်အပြင်၊ မကောင်းမှုပြုသူများထံ ငါ ကြေညာသည့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တစ်ခု ဖြစ်သည်။ အဘယ်သူမျှ အခြားတစ်ဦးကိုမျှ မကယ်တင်နိုင်။ လူတို့သည် မိမိတို့ကိုယ်ကိုယ်သာ စောင့်ရှောက်နိုင်ကြလိမ့်မည်၊ သို့သော် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ငါ၏ ပြစ်တင်ဆုံးမခြင်းလက်ကို ၎င်းတို့ လွှတ်မြောက်နိုင်ကြလိမ့်မည်မဟုတ်။ ဤတွင် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များက ပြင်းထန်သည်ဟု ပြောကြရသည့် အကြောင်းရင်း ထုတ်ဖော်ပြခံရပေသည်။ ဤသည်မှာ လူအားလုံးက မိမိတို့၏ ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်နိုင်သည့် အမှန်တရားတစ်ခုဖြစ်သည်။

ငါ အမျက်စတင်ထွက်လာသည့်အချိန်၌၊ မကောင်းဆိုးဝါးများ အကြီး၊ အငယ် အားလုံးသည် ငါ၏လက်က ၎င်းတို့အား သေသည်အထိ ဒဏ်ခတ်မည်ကို အလွန်အမင်း ကြောက်ရွံ့လျက်၊ ဝရုန်းသုန်းကား ထွက်ပြေးကြလိမ့်မည်- သို့သော် အဘယ်သူမျှ ငါ၏လက်မှ မလွတ်နိုင်။ ငါသည် နှိက်စက်ခြင်း ကရိယာအားလုံးကို ငါ၏ လက်တွင် စွဲကိုင်ထား၏။ ငါ၏လက်သည် အရာရာကို ထိန်းချုပ်သည်၊ အားလုံးသည် ငါ၏ လက်တွင်းတွင် ရှိပြီး အဘယ်သူမျှ ချိုးဖောက်လွတ်မြောက်နိုင်ခြင်း မရှိ။ ဤအရာသည် ငါ၏ ဉာဏ်ပညာဖြစ်သည်။ ငါသည် လူသားနယ်ပယ်သို့ ရောက်လာချိန်၌၊ လူသားများအလယ် ငါ၏ အမှု အစပြုခြင်းအတွက် အခြေခံအုတ်မြစ်ကို ချခင်းရင်း၊ ကြိုတင်ပြင်ဆင်သော အလုပ်မျိုးစုံကို ပြီးစီးနှင့်ခဲ့ပြီးဖြစ်သည် (ဤသည်မှာ ငါသည် ဉာဏ်ပညာရှိသော ဘုရားသခင် ဖြစ်ပြီး လုပ်ဆောင်သင့်သည့်အရာနှင့် မလုပ်ဆောင်သင့်သည့်အရာတို့ကို မှန်ကန်စွာ ငါ ကိုင်တွယ်ဖြေရှင်း သောကြောင့် ဖြစ်သည်)။ အရာရာကို ကောင်းမွန်စွာ စီစဉ်ထားပြီးနောက်တွင်၊ ငါသည် လူ့ဇာတိခံယူခဲ့ပြီး လူသား နယ်ပယ်သို့ လာခဲ့သည်။ သို့သော် မည်သူမျှ ငါ့အား သတိမထားမိခဲ့ကြ။ ငါ အသိဉာဏ်ပွင့်လင်းစေပြီးဖြစ်သည့် သူများမှအပ၊ မနာခံသော သားများအားလုံးသည် ငါ့အား ဖီဆန်ကြသည်၊ ငါ့အား အရှက်ရစေကြပြီး၊ ငါ့အား တမင် အဖက်မလုပ်ကြချေ။ သို့သော် အဆုံး၌၊ ငါသည် ၎င်းတို့အား လိမ္မာလာစေကာ ကျိုးနွံနာခံလာစေမည် ဖြစ်သည်။ လူသားများအဖို့ ငါသည် အလွန်များစွာ လုပ်ဆောင်နေခြင်းမရှိဟု ထင်ကောင်းထင်နိုင်သော်လည်း၊ ငါ၏ ကြီးမြတ်သော အမှုသည် ပြီးစီးနှင့်ပြီးဖြစ်သည်။ (လူအားလုံးသည် ငါ ဖြစ်သော လူသားကို စကားဖြင့်ဖြစ်စေ၊ စိတ်နှလုံးဖြင့်ဖြစ်စေ လုံးဝ နာခံကြ၏။ ဤသည်မှာ နမိတ်လက္ခဏာတစ်ခုဖြစ်သည်။) ယနေ့တွင်၊ ငါသည် ပေါ်ထွက်ပြီး ငါ့အား ဖီဆန်သည့် ဆိုးယုတ်သော ဝိညာဉ်မျိုးစုံကို ပြစ်တင်ဆုံးမသည်။ ၎င်းတို့ မည်မျှ အချိန်ကြာမြင့်စွာ ငါ့နောက်လိုက်ကြပြီးဖြစ်သည်ကို ပဓာနမထားဘဲ၊ ၎င်းတို့သည် ငါ၏ထံပါးကို စွန့်ခွာကြရမည်။ ငါ့အား ဆန့်ကျင်သောသူ တစ်ဦးတစ်လေကိုမျှ ငါအလိုမရှိ (၎င်းတို့သည် ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့သူများ၊ ဆိုးယုတ်သော ဝိညာဉ်များ၏ ယာယီ ဝင်ပူခြင်းခံရပြီးသူများနှင့် ငါ့အား မသိသောသူများဖြစ်သည်)။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကိုမျှ ငါအလိုမရှိ။ အားလုံးသည် ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး ပျက်ဆီးခြင်း၏ သားများ ဖြစ်လာကြလိမ့်မည်။ ယနေ့ ငါ့အတွက် အစေခံမှု လုပ်ဆောင်ပြီးနောက်တွင်၊ ၎င်းတို့အားလုံး စွန့်ခွာကြရမည်။ ငါ၏ အိမ်တော်၌ ယောင်ပေပေမလုပ်ကြနှင့်။ သင်တို့၏ အတောမသတ်သော အရှက်မဲ့သည့် ကပ်ပါးရပ်ပါးလုပ်ခြင်းကို ရပ်လော့။ စာတန်နှင့်သက်ဆိုင်သော သူများအားလုံးသည် နတ်ဆိုး၏ သားများ ဖြစ်ကြပြီး၊ ထာဝရ ပျက်စီးကြရလိမ့်မည်။ ငါ့အမှု၏ အရှိန်အဟုန်သည် နောက်ထပ် နှောင့်ယှက်မှုများ မရှိဘဲ သာ၍ ကြန့်ကြာမှု လျော့နည်းလာဖို့အလို့ငှာ၊ ငါ့ကို အာခံသူအားလုံးသည် ငါ့ထံပါးမှ တိတ်တဆိတ် ထွက်ခွာသွားကြလိမ့်မည်။ မည်သည့် အတားအဆီးများ သို့မဟုတ် အနှောင့်အယှက်များမျှ မရှိဘဲ၊ အရာခပ်သိမ်းသည် ငါ၏ အမိန့်အရ လုပ်ဆောင်ပြီး ဖြစ်လိမ့်မည်။ အားလုံးသည် ငါ၏အကြည့်ရှေ့တွင် လဲကျကြလိမ့်မည်ဖြစ်ပြီး၊ ငါ၏ မီးရှို့ပြာချခြင်း၌ ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဤအရာက ငါ၏ အနန္တတန်ခိုးနှင့် ငါ၏ စုံလင်သော ဉာဏ်ပညာကို (ငါ၏ သားဦးများတွင် ငါ လုပ်ဆောင်ခဲ့သည့်အရာကို) ပြသ၏။ ယင်းက ငါ၏ အမည်နာမကို သာ၍ ကြီးမားသော ဘုန်းအသရေ တိုးစေလိမ့်မည်ဖြစ်ပြီး ငါ့ထံ သာ၍ ကြီးမားသော ဘုန်းအသရေကို တိုးစေလိမ့်မည်။ ငါ လုပ်ဆောင်သည့်အရာနှင့် ငါ၏ အသံနေအသံထားမှ၊ ငါသည် ငါ၏ အိမ်တော်ထဲက ငါ၏အမှုအားလုံးကို ပြီးစီးပြီးဖြစ်သကဲ့သို့၊ ငါသည် တပါးအမျိုးသား တိုင်းနိုင်ငံများဆီသို့ စတင်လှည့်ပြီးဖြစ်သည်ကို သင်တို့အားလုံး တွေ့မြင်နိုင်ပေသည်။ ငါသည် ထိုနေရာတွင် ငါ၏အမှုကို စတင်နေပြီး၊ ငါ့အမှု၏ နောက်တစ်ဆင့်ကို ဆောင်ရွက်နေပြီ ဖြစ်သည်။

ငါ၏နှုတ်ကပတ်တော် အများစုသည် သင်တို့၏ အယူအဆများနှင့် မကိုက်ညီပေ- သို့သော် ငါ၏ သားများ၊ ထွက်ခွာမသွားကြနှင့်။ လူသားများ၏ အယူအဆများနှင့် မကိုက်ညီသည်မှာ ယင်းတို့သည် ငါ၏ မိန့်မြွက်ချက်များမဟုတ်ဟု မဆိုလိုပေ။ ယင်းတို့ကို ငါ ဧကန်အမှန် မိန့်မြွက်ခဲ့သည်ကို သက်သေပြသည်မှာ ဤအရာ အတိအကျ ဖြစ်ပေသည်။ အကယ်၍ ငါ၏ နှုတ်ကပတ်တော်များသည် လူသား၏ အယူအဆများနှင့် ကိုက်ညီခဲ့မည်ဆိုပါက၊ ယင်းသည် နတ်ဆိုးများ၏ အလုပ် ဖြစ်ပေမည်။ ထို့ကြောင့်၊ သင်သည် ငါ၏နှုတ်ကပတ်တော်များထဲသို့ ပို၍ အားစိုက်ထုတ်ရမည်၊ ငါလုပ်ဆောင်သည့်အရာကို လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ငါချစ်သည့် အရာကို ချစ်ရမည်။ ဤနောက်ဆုံးခေတ်သည် ဘေးဒုက္ခအားလုံး တစ်ဖန် ဖြစ်ပေါ်သည့် ခေတ်လည်းဖြစ်သည်၊ ထို့အပြင် ငါ၏ စိတ်နေသဘောထားအားလုံးကို ငါ ထုတ်ဖော်ပြနေသည့် ခေတ် ဖြစ်သည်။ ငါ၏ သန့်ရှင်းသော တံပိုးများအားလုံး စတင်မှုတ်သည့်အချိန်တွင်၊ လူတို့ အမှန်တကယ် ကြောက်ရွံ့ကြလိမ့်မည်။ ထို့အချိန်တွင်၊ အဘယ်သူမျှ မကောင်းမှု ပြုဝံ့ကြလိမ့်မည်မဟုတ်ဘဲ၊ ယင်းအစား ငါ၏ ဉာဏ်ပညာနှင့် ငါ၏ အနန္တတန်ခိုးအား အသိအမှတ်ပြုလျက်၊ ငါ၏ ရှေ့မှောက်၌ မိမိတို့ကိုယ်ကိုယ် ပျပ်ဝပ်ကြလိမ့်မည်။ နောက်ဆုံးတွင်တော့၊ ငါသည် အမြော်အမြင်ရှိသော ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်။ အဘယ်သူသည် ငါ့ကို ခုခံချေပနိုင်သနည်း။ ထို့ပြင် အဘယ်သူသည် ငါအား ဆန့်ကျင် ပေါ်ထွက်ဝံ့သနည်း။ အဘယ်သူသည် ငါ၏ ဉာဏ်ပညာကို ဝန်မခံဝံ့သနည်း။ အဘယ်သူသည် ငါ၏ အနန္တတန်ခိုးအားမသိဘဲ နေဝံ့သနည်း။ ငါ၏ ဝိညာဉ်သည် နေရာအားလုံး၌ ကြီးမားသော အမှုကို လုပ်ဆောင်နေချိန်တွင်၊ အယောက်တိုင်းသည် ငါ၏ အနန္တတန်ခိုးကို သိကြ၏၊ သိုသော် ငါ၏ ရည်မှန်းချက်ပန်းတိုင်သည် မရောက်ရှိသေးပေ။ ငါ့ အမျက်ဒေါသ၏ အကျိုးဆက်အနေဖြင့်၊ ငါသည် လူတို့အား ငါ၏အနန္တတန်ခိုး၊ ငါ၏ ဉာဏ်ပညာနှင့် ငါ၏ ဇာတိအဖြစ်တော်၏ ဘုန်းအသရေကို တွေ့မြင်စေချင်သည်။ (ဤအရာအားလုံးသည် သားဦးများ၌ သိသာထင်ရှား၏။ ဤသည်မှာ လုံးဝ မှန်ကန်ပေသည်။ ၎င်းတို့မှလွဲ၍၊ အဘယ်သူမျှ ငါ့ ဇာတိအဖြစ်တော်၏ တစ်စိတ်တစ်ပိုင်း မဖြစ်နိုင်။ ဤအရာကို ငါ ခန့်ခွဲထားပြီး ဖြစ်သည်။) ငါ၏ အိမ်တော်တွင်၊ လူတို့ နားမလည်နိုင်သော အဆုံးမဲ့ နက်နဲမှုများရှိသည်။ ငါစကားပြောသည့်အခါ၊ လူတို့က ငါသည် အလွန် အကြင်နာကင်းမဲ့သည်ဟု ဆိုကြသည်။ ၎င်းတို့က အလွန်များလှစွာသော လူတို့သည် ငါ့အား အတိုင်းအတာတစ်ခုထိ ချစ်နှင့်ကြပြီဟု ဆိုကြ၏။ သို့ဆိုလျှင် ထိုသူတို့သည် အဆင်းနီသော နဂါးကြီး၏ သားစဉ်မြေးဆက်များ ဖြစ်သည်ဟု အဘယ်ကြောင့် ငါထောက်ပြရသနည်း။ ထို့အပြင်၊ အဘယ့်ကြောင့် ငါသည် ၎င်းတို့အား တစ်ယောက်ပြီး တစ်ယောက် စွန့်ပစ်လိမ့်မည်နည်း။ ငါ၏ အိမ်တော်၌ သာ၍များသော လူရှိဖို့က သာ၍ကောင်းသည် မဟုတ်လော။ သို့သော်၊ ငါသည် ဤပုံစံဖြင့် ဆက်လက်ပြုမူ၏။ ငါကြိုတင်ပြဋ္ဌာန်းထားသည့် အရေအတွက်ထက် တစ်ဦး၍ မရသကဲ့သို့ တစ်ဦးလျော့၍လည်း မရပေ။ (ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်သည်။ ယင်းကို မည်သည့်လူသားကမျှ ပြောင်းလဲ၍မရနိုင်သည်သာမက၊ ငါသည် စာတန်အား အလျော့ပေးရမည်မဟုတ်သောကြောင့်၊ ငါကိုယ်တိုင်ပင်လျှင် ယင်းကို မပြောင်းလဲနိုင်ပေ။ ဤအရာသည် ငါ၏ ဉာဏ်ပညာနှင့် ဘုန်းအာနုဘော်ကို သိသာစေရန် လုံလောက်ပေသည်။ ငါသည် တစ်ပါးတည်းသော ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်။ ငါ၏ရှေ့၌ လူတို့ ဦးညွှတ်ကြ၏။ ငါသည် လူသားများ ရှေ့၌ အလျော့မပေးပေ။) ဤသည်မှာ စာတန် အရှက်အရစေဆုံးသော အချက် အတိအကျ ဖြစ်သည်။ ငါရွေးချယ်ပြီးသော လူအားလုံးသည် နှိမ့်ချကြသည်၊ ကျိုးနွံကြသည်၊ နာခံကြပြီး ရိုးသားကြသကဲ့သို့၊ ငါ့ကို နှိမ့်ချခြင်းနှင့် မထင်ပေါ်ခြင်းဖြင့် အစေခံနိုင်ကြသည်။ (စာတန်သည် ငါ့အားအရှက်ရစေရန် ဤအမှန်တရားကို အသုံးပြုဖို့ ဆန္ဒရှိခဲ့သော်လည်း၊ စာတန်ကို ငါ ပြန် အနိုင်ယူသည်။) ဤလူများတွင်၊ ငါ၏ စိတ်နေသဘောထားကို မြင်တွေ့နိုင်သည်။ ငါသည် စစ်ပွဲ၌ အောင်မြင်ပြီးနောက် ပြန်လာသည့်အချိန်တွင်၊ ငါ၏သားဦးများအား ငါ၏နိုင်ငံ၌ ဘုရင်များအဖြစ် ငါ ဘိသိက်ပေးမည်ဖြစ်ပြီး၊ ထိုနောက်မှသာ ၎င်းတို့သည် ငါနှင့်အတူ ရှင်ဘုရင်များအဖြစ် စိုးစံကြလိမ့်မည်ဖြစ်သောကြောင့် ငါသည် စတင် အနားယူရလိမ့်မည်။ ငါ၏သားဦးများသည် ငါအား ကိုယ်စားပြုကြသကဲ့သို့ ငါ့ကို ဖော်ပြကြသည်။ ၎င်းတို့၏ နှိမ့်ချပြီး မထင်ပေါ်သော အစေခံခြင်း၌ ၎င်းတို့သည် ငါ့ကို ကျိုးနွံနာခံကြသည်။ ၎င်းတို့၏ ရိုးသားခြင်းဖြင့်၊ ငါ၏နှုတ်ကပတ်တော်များကို ၎င်းတို့ လိုက်နာဆောင်ရွက်ကြသည်။ ၎င်းတို့၏ ရိုးသားခြင်းဖြင့် ငါပြောသည့်အရာကို ၎င်းတို့ပြောကြ၏၊ ၎င်းတို့၏ နိမ့်ချခြင်းဖြင့် ငါ၏ အမည်နာမထံ ဘုန်းအသေရကို ၎င်းတို့ ဆောင်ကြဉ်းကြသည် (မိုက်ရိုင်းမှုဖြစ်စေ ရက်စက်ကြမ်းကြုတ်ခြင်းဖြစ်စေ မရှိဘဲ၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ဖြင့် ဖြစ်သည်)။ ငါ၏သားဦးများ။ စကြဝဠာလောကကို တရားစီရင်ဖို့ အချိန်ကျလေပြီ။ သင်တို့ကို ကောင်းချီး ငါအပ်နှင်းသည်၊ သင်တို့အား သြဇာအာဏာ ငါပေးသကဲ့သို့၊ သင်တို့အား ကောင်းချီးမင်္ဂလာများနှင့်ဆိုင်သော ဝေစုတစ်စုဖြင့် ငါဆုချသည်။ အရာရာ ပြီးမြောက်နှင့်ပြီဖြစ်သကဲ့သို့ သင်တို့သည် အားလုံးကို ထိန်ချုပ်ထားကာ စီစဉ်ထားပေသည်၊ အကြောင်းမှာ ငါသည် သင်တို့၏ ဖခင်ဖြစ်၏၊ ငါသည် သင်တို့၏ ခိုင်ခံ့သော မျှော်စင်ဖြစ်၏၊ ငါသည် သင်တို့၏ အကွယ်အကာနှင့် သင်တို့၏ အထောက်အပံ့ ဖြစ်ပေသည်။ ထို့အပြင်၊ ငါသည် သင်တို့၏ အနန္တတန်ခိုးရှင်တစ်ပါး ဖြစ်သည်။ ငါသည် သင်တို့၏ အရာခပ်သိမ်း ဖြစ်သည်။ အရာရာသည် ငါ၏လက်များ၌ ရှိပြီး အရာရာသည် သင်တို့၏ လက်များ၌လည်း ရှိသည်။ ဤသည်မှာ ယနေ့သာ ပါဝင်သည်မဟုတ်ဘဲ၊ ယမန်နေ့လည်းပါဝင်သကဲ့သို့ မနက်ဖြန်ပင် ပါဝင်၏။ ဤသည်မှာ အောင်ပွဲခံထိုက်သည် မဟုတ်လော။ ဤသည်မှာ သင်တို့၏သြဘာပေးခြင်းနှင့် ထိုက်တန်သည် မဟုတ်လော။ သင်တို့အားလုံး၊ ငါ့ထံမှ သင်တို့နှင့်ထိုက်တန်သော ဝေစုကို လက်ခံကြလော့။ ငါ ပိုင်ဆိုင်သမျှအားလုံးသည် သင်၏အပိုင်ဖြစ်ပြီး ငါ၏ ကြွယ်ဝချမ်းသာမှုများသည် သင်တို့အပေါ်၌ ရှိသောကြောင့်၊ ငါသည် မိမိကိုယ်ကိုယ်အတွက် တစိုးတစိမျှ ချန်မထားဘဲ ငါ၏ အရာရာတိုင်းကို သင်တို့အား ငါပေး၏။ ဤသည်မှာ သင်တို့အား ဖန်ဆင်းပြီးသည့်နောက် “အလွန်ကောင်းသည်” ဟု ငါဆိုရသည့်အကြောင်းရင်း ဖြစ်သည်။

ယနေ့ သင်လုပ်ဆောင်သည့်အရာ၊ တွေးတောသည့်အရာနှင့် ပြောဆိုသည့်အရာကို အဘယ်သူ ညွှန်ကြားသည်ကို သင်တို့သိသလော။ သင်တို့၏ လုပ်ရပ်များနောက်ကွယ်က ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်တို့အား ငါမေးသည်- သိုးသငယ်၏ မင်္ဂလာဆောင်ပွဲခံခြင်းသို့ သင်တို့ အဘယ်သို့ တက်ရောက်သနည်း။ ယနေ့တွင်လော။ သို့မဟုတ် အနာဂတ်တွင်လော။ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲခံခြင်းဆိုသည်မှာ အဘယ်နည်း။ သင်တို့မသိကြ၊ သိသလော။ ကောင်းပြီ၊ သို့ဆိုလျှင် သင်တို့အတွက် ထိုအရာကို ငါရှင်းပြမည်- ငါသည် လူသားနယ်ပယ်သို့ လာခဲ့ချိန်၌၊ ယနေ့ ငါ ဖြစ်သော လူသားကို အစေခံရန် လူမျိုးစုံ၊ ကိစ္စရပ်မျိုးစုံနှင့် အမှုအရာမျိုးစုံတို့ကို ငါ စီစဉ်ထားခဲ့ပြီး ဖြစ်သည်။ ယခုတွင် အရာရာ ပြီးစီးသောကြောင့်၊ ငါသည် အစေခံသူများကို ဘေးသို့ ပစ်ထားလျက်ရှိသည်။ ဤအရာသည် မင်္ဂလာဆောင်ပွဲခံခြင်းနှင့် အဘယ်ပတ်သက်မှု ရှိသနည်း။ ဤလူတို့သည် ငါ့အဖို့ အစေခံမှု ပေးကြသည့်အခါ- ဆိုလိုသည်မှာ ငါသည် သိုးသငယ်ဖြစ်စေခြင်းခံရချိန်တွင်- ငါသည် မင်္ဂလာဆောင်ပွဲခံခြင်း၏ အရသာကို ခံစားရသည်။ တစ်နည်းအားဖြင့်၊ ငါခံစားရပြီးသမျှသော နာကျင်မှုအားလုံး၊ ငါ လုပ်ဆောင်ပြီးသမျှသော အရာအားလုံး၊ ငါပြောပြီးသမျှသော အရာရာ၊ ငါ ကြုံပြီးဖြစ်သည့် အယောက်တိုင်းနှင့် ငါ၏ တစ်သက်တာတွင် ငါ လုပ်ဆောင်ပြီးဖြစ်သည့် အရာရာတိုင်းသည် မင်္ဂလာဆောင်ပွဲခံခြင်းအဖြစ် ပါဝင်ပြီး ဖြစ်သည်။ ငါ ဖြစ်သော လူသားသည် ဘိသိက်ပေးခံခဲ့ရပြီးနောက်၊ သင်တို့သည် ငါ့နောက်သို့ စတင်လိုက်ခဲ့ကြ၏ ( ပြီးလျှင် ဤအချိန်တွင် ငါသည် သိုးသငယ် ဖြစ်လာခဲ့သည်)၊ ထို့ကြောင့်၊ ငါ၏ ဦးဆောင်မှုအောက်၌၊ သင်တို့သည် နာကျင်မှုနှင့် ဘေးဒုက္ခမျိုးစုံတို့ကို တွေ့ကြုံပြီး ဖြစ်သကဲ့သို့၊ လောက၏ စွန့်ပစ်ခြင်းနှင့် မကောင်းပြောခြင်းတို့ကို ခံရပြီးဖြစ်သည်၊ မိသားစု၏ စွန့်ပစ်ခြင်းကိုခံရပြီးဖြစ်သကဲ့သို့၊ ငါ၏ ကောင်းချီးမင်္ဂလာများအောက်တွင် အသက်ရှင်ကြရပြီး ဖြစ်သည်။ ဤအရာအားလုံးသည် သိုးသငယ်၏ မင်္ဂလာဆောင်ပွဲခံခြင်း အစိတ်အပိုင်းများ ဖြစ်သည်။ လုပ်ဆောင်ခြင်းအဖြစ်သို့ သင်တို့အား ငါ ဆိုက်ရောက်စေသည့်အရာအားလုံးမှာ သင်တို့ကို ရယူခြင်း ရည်ရွယ်ချက်အတွက် ဖြစ်သောကြောင့်၊ ငါသည် “မင်္ဂဆောင်ပွဲခံခြင်း” ကို အသုံးပြုပေသည်။ သို့သော်၊ ဤအရာသည် ပွဲခံခြင်း၏ အစိတ်အပိုင်းသာ ဖြစ်သည်။ အနာဂတ်တွင်- သို့မဟုတ် ယနေ့ဟူ၍လည်း ဆိုနိုင်သည်- သင်တို့ မွေ့လျော်သော အရာတိုင်း၊ သင်တို့ ရရှိသောအရာအားလုံးနှင့် ငါနှင့်အတူ သင်တို့ ဝေမျှခံစားသည့် မင်းတို့၏ တန်ခိုးအာဏာအားလုံးသည် ပွဲခံခြင်း၏ အစိတ်အပိုင်း ဖြစ်သည်။ ငါ၏ချစ်ခြင်းမေတ္တာသည် ငါကိုချစ်သော သူအပေါင်းထံသို့ ရောက်လာသည်။ ငါချစ်သော သူတို့သည် ထာဝရ ကျန်ရှိနေလိမ့်မည်၊ ဘယ်သောအခါမျှ ဖယ်ရှားခံရလိမ့်မည်မဟုတ်သကဲ့သို့၊ အစဉ်ထာဝရ ငါ၏ ချစ်ခြင်းမေတ္တာအတွင်း၌ ရှိလိမ့်မည်။ ယင်းသည် ထာဝရဖြစ်၏။

အရှေ့သို့- အခန်း ၁၀၈

နောက်တစ်ခုသို့- အခန်း ၁၁၀

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။