အခန်း ၁၁၀

အရာရာ ထုတ်ဖော်ပြခံရချိန် ယင်းသည် ငါ အနားယူမည့်အချိန် ဖြစ်လိမ့်မည်၊ ထို့အပြင် အရာရာ စနစ်တကျဖြစ်မည့် အချိန်လည်းဖြစ်လိမ့်မည်။ ငါသည် ငါ၏အမှုတော်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်၏၊ ငါသည် အရာရာကို ကိုယ်တိုင် စီစဉ်ညွှန်ကြားကာ စီစဉ်၏။ ငါသည် ဇိအုန်မှ ထွက်သောအချိန်နှင့် ငါ ပြန်သောအချိန်၊ ပြီးလျှင် ငါ၏ သားဦးတို့သည် ငါ့အားဖြင့် စုံလင်စေခြင်းခံရပြီးသည့် အချိန်တွင်၊ ငါ၏ ကြီးမြတ်သော အမှုတော်ကို ငါ ပြီးစီးလိမ့်မည်။ လူတို့၏ အယူအဆများ၌ လုပ်ဆောင်ထားသောအရာ တစ်စုံတစ်ခုသည် မြင်၍ရနိုင်ရမည်ဖြစ်သကဲ့သို့ ထိတွေ့နိုင်ရမည်ဟူ၍ ဖြစ်၏၊ သို့သော် ယင်းကို ငါ မြင်ပုံမှာ အရာရာတိုင်းသည် ငါစီစဉ်သည့်အခိုက်အတန့်တွင် ပြီးပြည့်စုံလေသည်။ ဇိအုန်သည် ငါ၏ဘုံဗိမာန်ဖြစ်ပြီး၊ ယင်းသည် ငါ၏ ခရီးပန်းတိုင်လည်း ဖြစ်၏။ ငါ၏ အနန္တတန်ခိုးကို ငါထုတ်ဖော်ပြသည်မှာ ထိုနေရာ၌ဖြစ်ပြီး၊ ငါနှင့် ငါ၏သားဦးများသည် မိသားစုတစ်စုကဲ့သို့ ငါတို့၏ ပျော်ရွှင်ခြင်းကို ဝေမျှခံစားလိမ့်မည်မှာလည်း ထိုနေရာတွင် ဖြစ်သည်။ ငါသည် ၎င်းတို့နှင့်အတူ ထာဝရကာလပတ်လုံး အသက်ရှင်မည်မှာ ထိုနေရာတွင် ဖြစ်သည်။ ထိုလှပသော နေရာ ဇိအုန်သည် လူတို့ တောင့်တသော နေရာဖြစ်၏။ မရေမတွက်နိုင်သော လူတို့သည် ဇိအုန်အဖို့ ခေတ်ကာလများတစ်လျှောက် ဆန္ဒပြင်းပြကြပြီးဖြစ်သော်လည်း၊ အစအဦးမှ တစ်ဦးတစ်ယောက်မျှ ဇိအုန်ထဲသို့ မဝင်ရောက်ကြသေးပေ။ (လွန်လေပြီးသော ခေတ်များမှ သန့်ရှင်းသူများနှင့် ပရောဖက်များပင်လျှင် ဇိအုန်ထဲသို့ တစ်ဦးတစ်ယောက်မျှ ဝင်ရောက်ဖူးခြင်းမရှိ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ငါသည် ငါ၏ သားဦးများကို နောက်ဆုံးသောကာလ၌ ရွေးချယ်နေခြင်းကြောင့် ဖြစ်ပြီး၊ ၎င်းတို့အားလုံးသည် ဤအချိန်အတောအတွင်း၌ မွေးဖွားလာကြခြင်း ဖြစ်သည်၊ ဤအရာမှတစ်ဆင့် ငါ ပြောဆိုသော ငါ၏ သနားကရုဏာနှင့် ငါ၏ ကျေးဇူးတော်တို့ ပို၍ ထင်ရှားပေါ်လွင် လာ၏)။ ယခု၌ သားဦး ဖြစ်နေသူ လူတစ်ဦးတစ်ယောက်တိုင်းသည် ငါနှင့်အတူ ဇိအုန်သို့ ဝင်ရောက်ကာ၊ ထိုကောင်းချီးမင်္ဂလာအား မွေ့လျော်ခံစားရလိမ့်မည်။ ၎င်းတို့သည် ငါ၏ အရည်အချင်းနှင့် ငါ၏ ဘုန်းအသရေရှိသော ပုံရိပ်တို့ကို ပိုင်ဆိုင်သောကြောင့်နှင့် ၎င်းတို့သည် ငါ့အတွက် သက်သေခံနိုင်ကြသကဲ့သို့၊ ငါ့အား ဘုန်းထင်ရှားစေကာ၊ ငါ့ကို အသက်ရှင်နေထိုင်နိုင်ကြသောကြောင့် ငါသည် ငါ၏ သားဦးများကို အတိုင်းအတာ တစ်ခုအထိ မြှင့်တင်ပေးလျက်ရှိ၏၊ ထို့အပြင် ၎င်းတို့သည် စာတန်အား အနိုင်ယူနိုင်ပြီး၊ အဆင်းနီသော နဂါးကြီးအား အရှက်ရစေနိုင်စွမ်း ရှိကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ငါ၏ သားဦးတို့သည် စင်ကြယ်သော သတို့သမီးများ ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ငါ ချစ်သောသူများဖြစ်ပြီး၊ ငါ ရွေးချယ်ပြီးဖြစ်ကာ မျက်နှာသာ ပေးထားသောသူများ ဖြစ်သည်။ ၎င်းတို့ကို ငါ ချီးမြှောက်ရသောအကြောင်းရင်းမှာ၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်နေရာတွင် ရပ်တည်နိုင်ကြပြီး၊ ငါ့ကို နှိမ့်ချစွာနှင့် မထင်ပေါ်ခြင်းဖြင့် အစေခံနိုင်ကြသကဲ့သို့၊ ငါ့အတွက် အားကောင်းသော သက်သေခံနိုင်ကြ၏။ ငါသည် ငါ၏ အားအင်အားလုံးကို ငါ၏ သားဦးများ အပေါ်တွင် သုံးစွဲထားပြီးဖြစ်ကာ၊ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအားလုံးကို ၎င်းတို့၏ အစေခံခြင်းအတွက် သေချာစွာ စီစဉ်ထားပြီးဖြစ်သည်။ အဆုံး၌ကား ငါသည် ငါ၏ ပြည့်ဝသော ဘုန်းအသရေကို ငါ၏ သားဦးများမှတစ်ဆင့် အယောက်တိုင်းအား တွေ့မြင်စေလိမ့်မည်ဖြစ်ပြီး၊ ငါ၏ သားဦးများကြောင့် အယောက်တိုင်းကို ငါ့အား အပြည့်အဝ လက်ခံယုံကြည် စေလိမ့်မည် ဖြစ်သည်။ ငါသည် မည်သည့် မကောင်းဆိုးဝါးကိုမျှ အတင်းအကျပ် ပြုမည်မဟုတ်သကဲ့သို့၊ ငါ့ထံ၌ သက်သေများရှိကာ၊ ငါ၏ လက်များထဲ၌ သြဇာအာဏာ ရှိသည့်အတွက် ၎င်းတို့၏ ထကြွသောင်းကျန်းခြင်း သို့မဟုတ် မဆင်မခြင်ပြုခြင်းများကိုလည်း ငါသည် မစိုးရိမ်ပေ။ စာတန်ကဲ့သို့သောလူတို့ ယခု နားထောင်ကြလော့။ ငါ မိန့်မြွက်သော စကားတိုင်းနှင့် ငါ ပြုသော အရာရာ၏ နောက်ကွယ်က ရည်ရွယ်ချက်သည် ငါ၏ သားဦးများအား စုံလင်စေရန် ဖြစ်သည်။ ထို့ကြောင့် သင်သည် ငါ၏ အမိန့်များကို အလေးဂရုပြုရမည်ဖြစ်ပြီး၊ ငါ၏ သားဦးများကို နာခံရမည်။ ထိုသို့မဟုတ်လျှင် ငါ၏အကြောင်းကို သင့်အား ပြမည်၊ ချက်ချင်း ထာဝရပြစ်ဒဏ်ခံရသော အဖြစ်ကို သင့်အား ခံစားစေရင်း၊ ငါသည် သင့်ကို ကိုင်တွယ်ဖြေရှင်းမည်။ ငါ၏ သားဦးများသည် ငါ၏ ပလ္လင်ကို မြှောက်ကိုင်ခြင်းငှာ ထိုက်တန်သည့် တစ်ဦးတည်းသောသူများ ဖြစ်ကြသောကြောင့်၊ ငါစီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စတင် ဆောင်ရွက်နှင့်ပြီး ဖြစ်ကြသည်။ ငါသည် ၎င်းတို့ကို ဘိသိက်ပေးနှင့်ပြီးဖြစ်သည်။ ငါ၏ သားဦးများကို မကျိုးနွံမနာခံသော သူ မှန်သမျှသည် သေချာပေါက် အသုံးမကျကြသကဲ့သို့၊ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်အား ကမောက်ကမဖြစ်စေရန် အဆင်းနီသော နဂါးကြီးအားဖြင့် စေလွှတ်ခြင်းခံရပြီး ဖြစ်သည်မှာ သေချာပေသည်။ ထိုသို့သော လူလိမ်လူညစ်သည် ငါ၏ အိမ်တော်မှ ချက်ချင်း နှင်ထုတ်ခံရလိမ့်မည်။ ငါသည် ထိုသို့သောအရာက ငါ့အတွက် အစေခံခြင်းပြုဖို့ မလိုချင်ပေ။ ၎င်းတို့သည် ထာဝရ ပျက်စီးခြင်းကို ရင်ဆိုင်ရလိမ့်မည်- ပြီးလျှင် တကယ့်မကြာမီအချိန်တွင်၊ နှောင့်နှေးခြင်းမရှိဘဲ ရင်ဆိုင်ရလိမ့်မည်။ ငါ၏ အစေခံမှုတွင်ရှိသောသူတို့သည် ငါ၏ထောက်ခံမှုကို ရရှိထားနှင့်ပြီးဖြစ်ရမည်။ ၎င်းတို့သည် ၎င်းတို့ ပေးရမည့် အဖိုးအခနှင့် ပတ်သက်၍ စိုးရိမ်ခြင်းမရှိဘဲ နာခံမှု ရှိရမည်။ အကယ်၍ ၎င်းတို့သည် ပုန်ကန်တတ်ကြပါက၊ ၎င်းတို့သည် ငါ့အဖို့ အစေခံမှုပေးခြင်းငှာ မထိုက်တန်ကြချေ။ ငါသည် ထိုသို့သော သတ္တဝါများကို မလိုအပ်ပေ။ ၎င်းတို့ မြန်မြန်လုပ်ကာ ဤနေရာမှ ထွက်သွားသင့်ပေသည်။ ငါသည် ၎င်းတို့အား လုံးဝ မလိုချင်ပေ။ ဤအရာနှင့်ပတ်သက်၍ ယခု သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။ ငါ့အတွက် အစေခံမှု ပြုသောသူတို့သည် ကောင်းမွန်စွာ လုပ်ဆောင်ရမည်ဖြစ်ပြီး၊ မည်သည့်ပြဿနာမျှ မဖြစ်စေရ။ အကယ်၍ သင်သည် မျှော်လင့်ချက်မရှိဟု ခံစားရပြီး ပြဿနာများ စတင်ဖြစ်ပွားစေပါက၊ ငါသည် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း လက်စသတ်မည်။ ငါ၏ အစေခံမှု၌ရှိသော သင်တို့သည် ယင်းကို ရှင်းလင်းကြပါသလော။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့် ဖြစ်၏။

ငါ့အတွက် သက်သေခံခြင်းသည် ငါ့ သားဦးများ၏ တာဝန် ဖြစ်သည်၊ ထို့ကြောင့် ငါ့အတွက် တစ်ခုတစ်လေကို ပြုလုပ်ပေးရန် သင်တို့ကို ငါ မတောင်းဆိုပေ။ သင်တို့သည် သင်တို့၏ တာဝန်များကို ကောင်းမွန်စွာ ဆောင်ရွက်ကြပြီး၊ ငါ၏ သင်တို့အပေါ် ငါအပ်နှင်းထားသော ကောင်းချီးမင်္ဂလာများကို မွေ့လျော် ခံစားကြသရွေ့ ငါ စိတ်ကျေနပ်လိမ့်မည်။ စကြဝဠာတစ်ခွင်လုံးနှင့် ကမ္ဘာမြေ၏ အဆုံးစွန်များတစ်လျှောက် ငါ ခရီးသွားခဲ့ချိန်တွင်၊ ငါသည် ငါ၏ သားဦးများကို ရွေးချယ်ခဲ့ပြီး၊ ၎င်းတို့ကို စုံလင်စေခဲ့၏။ ဤသည်မှာ ကမ္ဘာလောကကို မဖန်ဆင်းမီ ငါ ပြီးစီးခဲ့သောအရာတစ်ခု ဖြစ်သည်။ လူသားမျိုးနွယ်ထဲမှ တစ်ဦးတစ်ယောက်မျှ ဤအရာကြောင်းကို မသိသော်လည်း၊ ငါ၏ အမှုတော်ကို တိတ်တဆိတ် စွမ်းဆောင်ရရှိပြီးဖြစ်သည်။ ဤအချက်သည် လူသား၏ အယူအဆများနှင့်မူ မကိုက်ညီချေ။ သို့ရာတွင် အချက်အလက်တို့သည် အချက်အလက်များသာ ဖြစ်ပြီး၊ မည်သူမျှ ယင်းတို့ကို မပြောင်းလဲနိုင်ချေ။ မကောင်းဆိုးဝါး အကြီးအငယ် နှစ်ခုလုံးတို့သည် ၎င်းတို့၏ အယောင်ဆောင်မှုများမှတစ်ဆင့် ၎င်းတို့၏ သွင်ပြင်အစစ်အမှန်တို့ကို ထုတ်ဖေါ်ပြပြီးဖြစ်ကာ၊ ၎င်းတို့သည် ငါ၏ ပြစ်တင်ဆုံးမခြင်းကို အမျိုးမျိုးသော အတိုင်းအတာများဖြင့် ခံကြရပြီးဖြစ်သည်။ ငါ၏ အမှုတော်အဖို့ အဆင့်များရှိပြီး၊ ငါ၏ နှုတ်ကပတ်တော်များ၌ ဉာဏ်ပညာရှိ၏။ ငါ လုပ်ရပ်များနှင့် စကားများမှ၊ သင်တို့သည် တစ်ခုတစ်လေကို မြင်ကြပြီလော။ ငါသည် အမှုအရာများကို လုပ်ဆောင်နေကာ ပြောနေခြင်းသက်သက်လော။ ငါ၏ နှုတ်ကပတ်တော်တို့သည် ပြင်းထန်ရုံမျှ ပြင်းထန်သလော၊ တရားစီရင်ရုံမျှဖြစ်သလော သို့မဟုတ် နှစ်သိမ့်ပေးနေခြင်းမျှလော။ ယင်းသည် အလွန် လွယ်သယောင် ပြုထားသော်လည်း၊ လူသားမျိုးနွယ်အတွက် ဤအရာကို တွေ့မြင်ခြင်းသည် လုံးဝ မရိုးရှင်းပေ။ ငါ၏ နှုတ်ကပတ်တော်များထဲ၌ ဉာဏ်ပညာ၊ တရားစီရင်မှု၊ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် နှစ်သိမ့်ခြင်းတို့ ရှိသည်သာမက၊ ထို့ထက်ပို၍ ယင်းတို့သည် ငါ၏အရာအားလုံးနှင့် ဖြစ်ခြင်း ပါရှိပေသည်။ ငါ့ နှုတ်ကပတ်တော်များ တစ်ခုစီတိုင်းသည် လူသားမျိုးနွယ်က ထုတ်ဖော် မပြနိုင်သည့် နက်နဲမှုတစ်ခု ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များသည် လုံးဝ နားလည်၍မရနိုင်သကဲ့သို့၊ နက်နဲမှုများအား ထုတ်ဖေါ်ပြထားပြီး ဖြစ်သော်လည်း၊ လူသားမျိုးနွယ်၏ အရည်အချင်းများပေါ် အခြေခံ၍၊ ယင်းတို့သည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းနှင့် သိနားလည်မှုအတိုင်းအတာ အပြင်ဘက်၌ ရှိနေဆဲဖြစ်သည်။ ငါ့အတွက် နားလည်ရန် အရိုးရှင်းဆုံးသော စကားသည် လူတို့အတွက် နားလည်ရန် အခက်ခဲ ဆုံးသောအရာ ဖြစ်၏၊ ထို့ကြောင့် ငါနှင့် ၎င်းတို့ကြားက ခြားနားမှုသည် ကောင်းကင်နှင့် မြေကြီးကြား ခြားနားမှုကဲ့သို့ ဖြစ်သည်။ ဤသည်မှာ ငါသည် ငါ့သားဦးများ၏ ပုံသဏ္ဌာန်များကို လုံးဝ ပြောင်းလဲချင်ကာ ၎င်းတို့အား ခန္ဓာကိုယ်အတွင်းသို့ အပြည့်အဝ ဝင်ရောက်စေချင်သည့် အကြောင်းရင်း ဖြစ်သည်။ အနာဂတ်၌ ၎င်းတို့သည် ဇာတိပကတိမှ ကိုယ်အတွင်းသို့ ဝင်ရောက်လိမ့်မည်သာမက၊ ၎င်းတို့၏ ပုံသဏ္ဌာန်များကို ကိုယ်အတွင်း၌ရှိစဉ် အမျိုးမျိုးသော အတိုင်းအတာတို့ဖြင့် ပြောင်းလဲကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ငါ၏ အစီအစဉ် ဖြစ်၏။ ယင်းသည် လူသားတို့ မလုပ်နိုင်သော အရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ယင်းကို လုံးဝ မလုပ်ဆောင်နိုင်ချေ။ ထို့ကြောင့် ငါသည် ဤအရာကို သင်တို့အား အသေးစိတ် ရှင်းပြခဲ့လျှင်ပင်၊ သင်တို့ နားလည်ဦးမည်မဟုတ်။ သင်တို့သည် သဘာဝလွန် အသိစိတ်တစ်ခုထဲသို့သာ ဝင်ရောက်နိုင်ကြပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ငါသည် ပညာဉာဏ်ရှိသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သောကြောင့် ဖြစ်သည်။

သင်တို့သည် နက်နဲမှုများကို မြင်သောအခါ၊ သင်တို့အားလုံး တူညီသော နည်းလမ်းဖြင့် တုံ့ပြန်ကြ၏။ ရင်ထဲတွင် သင်တို့သည် ဤနက်နဲမှုများကို လက်မခံကြသော်လည်း သို့မဟုတ် အသိအမှတ်မပြုကြသော်လည်း၊ ယင်းတို့ကို စကားဖြင့် သင်တို့ အသိအမှတ်ပြုကြ၏။ ဤကဲ့သို့သော လူမျိုးများသည် အလှည့်ဖြားဆုံးသော သူများဖြစ်ပြီး၊ နက်နဲမှုများကို ငါထုတ်ဖော်ပြသော အချိန်တွင်၊ ၎င်းတို့ကို တစ်ဦးချင်း ငါ ပယ်ထုတ်ကာ စွန့်ပစ်လိမ့်မည် ဖြစ်သည်။ သို့သော် ငါ ပြုသမျှအရာရာသည် အဆင့်များဖြင့် ဖြစ်၏။ ငါသည် အမှုအရာများကို အလောတကြီး မပြုသကဲ့သို့၊ ကြောင်းကျိုးမမြင်ဘဲ ကောက်ချက်ချခြင်းလည်း မပြုပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ငါသည် ဘုရားသဘာဝ စိတ်သဘောထားကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ လူတို့သည် လတ်တလော ငါ လုပ်ဆောင်နေသည့်အရာနှင့်ဆိုင်သည့် သို့မဟုတ် ငါ၏ နောက်တစ်ဆင့်တွင် မည်သည့်အရာ ငါ လုပ်ဆောင်လိမ့်မည်ဆိုသည်နှင့်ဆိုင်သော ရှင်းလင်းသည့် အမြင်တစ်ခုကို လုံးဝ မရရှိနိုင်ချေ။ အဆင့်တစ်ဆင့်၏ နှုတ်ကပတ်တော်များကို ငါ ပြောဆိုသည့်အချိန်တွင်သာ၊ ငါ အမှုပြုသည့် နည်းလမ်းသည် ငါနှင့်အတူ ရှေ့ဆက်လေသည်။ အရာရာတိုင်း ငါ၏ နှုတ်ကပတ်တော်များအတွင်း၌ ဖြစ်ပျက်ပြီး၊ အရာရာတိုင်းကို ငါ၏ နှုတ်ကပတ်တော်များအတွင်း၌ ထုတ်ဖော်ပြထား၏၊ ထို့ကြောင့် မည်သူမျှ စိတ်မရှည်ခြင်း မဖြစ်သင့်ပေ။ ငါ့အား အစေခံခြင်းကို ပေးခြင်းသည် လုံလောက်၏။ ခေတ်ကာလများမတိုင်မီ၊ ငါသည် သင်္ဘောသဖန်းပင်အကြောင်း ပရောဖက်ပြုချက် တစ်ခု ပြုလုပ်ခဲ့သည်၊ သို့သော် ခေတ်ကာလများတစ်လျှောက်၌၊ မည်သူမျှ သင်္ဘောသဖန်းပင်တစ်ပင်အား မမြင်ခဲ့သကဲ့သို့၊ မည်သူမျှ ယင်းကို မရှင်းပြနိုင်ခဲ့ချေ၊ ပြီးလျှင် ဤစကားများအား အစောပိုင်း ချီးမွမ်းခြင်းများတွင် ဖော်ပြထားခဲ့ပြီးဖြစ်သော်လည်း၊ ယင်းတို့၏ အဓိပ္ပာယ်အစစ်အမှန်ကို မည်သူမျှ မသိခဲ့ကြပေ။ ဤစကားများက လူတို့ကို “ကပ်ဘေးကြီး” ဟူသော စကားရပ်ကဲ့သို့ စိတ်ရှုပ်ထွေးစေခဲ့ပြီး၊ ဤအရာက ငါသည် လူသားမျိုးနွယ်ထံ လုံးဝ မဖွင့်ဟခဲ့သော နက်နဲမှုတစ်ခုကို ဖြစ်ပေါ်စေသည်။ သင်္ဘောသဖန်းပင်သည် ကောင်းသော သီးပင်တစ်မျိုး ဖြစ်နိုင်သည် သို့တည်းမဟုတ် နောက်ထပ် တစ်ဆင့်တက်လျက်၊ ယင်းသည် သန့်ရှင်းသူများအား ရည်ညွှန်းခြင်း ဖြစ်ကောင်းဖြစ်မည်ဟု လူတို့ တွေးထင်ခဲ့ကြသည်- သို့သော် ယင်းတို့သည် ဤနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်အစစ်အမှန်မှ အလွန် ဝေးကွာဆဲ ဖြစ်ခဲ့သည်။ ငါသည် နောက်ဆုံးသောကာလတွင် ငါ၏ စာစောင်ကို ဖွင့်သည့်အခါ၊ ယင်းကို သင်တို့အား ပြောပြမည်။ (“စာစောင်”သည် ငါ ပြောဆိုပြီးဖြစ်သော နှုတ်ကပတ်တော်များအားလုံး- နောက်ဆုံးသောကာလထဲက ငါ၏ နှုတ်ကပတ်တော်များကို ရည်ညွှန်းသည်။ ယင်းသည် ထိုအရာအားလုံး ပါရှိ၏)။ “သင်္ဘောသဖန်းပင်”သည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို- ယင်းတို့ တစ်ခုချင်းစီကို ရည်ညွှန်း၏။ သို့သော် ဤသည်မှာ ဆိုလိုသည့်အရာ၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ သင်္ဘောသဖန်းပင်၏ အစို့အညှောက် ထွက်ခြင်းသည် လူ့ဇာတိ၌ အမှုပြုရန်နှင့် စကားပြောရန် ငါ၏ စတင်ခြင်းကို ရည်ညွှန်းသော်လည်း၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအား သိရှိစေခြင်း မရှိခဲ့သေးချေ။ (ပြီးလျှင် ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်တွင် ငါ၏နာမအဖို့ သက်သေ မပေါက်ဖွားခဲ့သေးသကဲ့သို့၊ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မည်သူမျှ မသိခဲ့ကြသောကြောင့် ဖြစ်သည်။) ငါ၏ နာမအား သက်သေခံကာ ပျံ့နှံ့သည့်အချိန်တွင်၊ ယင်းကို လူအပေါင်းတို့က ချီးမွမ်းကြချိန်နှင့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များက ရလဒ်များ စွမ်းဆောင်ရရှိချိန်၊ ယင်းသည် သင်္ဘောသဖန်းပင်က အသီးသီးသော အချိန် ဖြစ်လိမ့်မည်။ ဤသည်မှာ အဘယ်အရာမျှ ချန်လှပ်မထားသည့် ပြည့်ဝသော ရှင်းပြချက် ဖြစ်သည်။ ဤတွင် အားလုံး ထုတ်ဖော်ပြထားပေသည်။ (ငါ၏ ယခင်က နှုတ်ကပတ်တော်များ၌၊ ငါ့အနေဖြင့် အပြည့်အဝ မထုတ်ဖော်ရသေးသည့် အစိတ်အပိုင်းတစ်ခု ရှိခဲ့သောကြောင့် ငါသည် ဤအရာကို ပြောရခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့သည် စိတ်ရှည်စွာ စောင့်ဆိုင်းကာ ရှာဖွေဖို့ လိုအပ်ခဲ့ပေသည်။)

သားဦးများကို ငါစုံလင်စေသည့်အချိန်၌၊ ငါသည် ငါ၏ ပြည့်ဝသော ဘုန်းအသရေနှင့် ငါ၏ အလုံးစုံပေါ်ထွန်းခြင်းအား စကြဝဠာလောကထံ ထုတ်ဖော်ပြလိမ့်မည်။ ဤအရာကို ခန္ဓာဖြင့် လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး၊ ယင်းသည် ငါ၏ ကိုယ်ပိုင် ဇာတိအဖြစ်တော်ဖြင့် လူအားလုံးအထက်တွင် ဖြစ်လိမ့်မည်။ ယင်းသည် ငါ၏ ဇိအုန်တောင်နှင့် ငါ၏ ဘုန်းအသရေဖြင့် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အထူးသဖြင့်၊ ယင်းသည် ချီးမွမ်းခြင်းများ ပွက်ပွက်ညံသံ အလယ်တွင် လုပ်ဆောင်လိမ့်မည်။ ထို့ပြင် ငါ၏ ရန်သူတို့သည် အနက်ဆုံးသော တွင်းနှင့် ကန့်နှင့် ရောနှောသော မီးအိုင်ထဲသို့ ဆင်းသက်ကြရင်း၊ ငါ၏ပတ်လည်တွင် ဆုတ်ခွာကြလိမ့်မည်။ ယနေ့ လူတို့ စိတ်ကူးကြည့်နိုင်သည်မှာ အကန့်အသတ် ရှိပြီး၊ ငါ၏ မူလ ရည်ရွယ်ချက်နှင့် မကိုက်ညီပေ။ ဤသည်မှာ ငါသည် နေ့စဉ် စကားပြောသည့်အခါ၊ လူတို့၏ အယူအဆများနှင့် အတွေးများကို ငါ ပစ်မှတ်ထားရသည့် အကြောင်းရင်း ဖြစ်သည်။ ငါ ပြောသောအရာသည် သင်တို့အဖို့ လုံးဝကိုက်ညီမည့် နေ့ရက်တစ်ရက် (ခန္ဓာထဲသို့ ဝင်ရောက်ခြင်း နေ့ရက်) ရှိလာလိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် မည်သည့် ခုခံခြင်းမျှ ရှိလိမ့်မည် မဟုတ်ပေ။ ထိုအချိန်၌ သင်တို့သည် သင်တို့၏ အတွေးများ ရှိတော့မည် မဟုတ်သကဲ့သို့၊ ထိုအခါ ငါသည် မိန်မြွက်ချက်များ ပြုလုပ်ခြင်းကို ရပ်တန့်လိမ့်မည်။ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်အတွေး ရှိတော့မည်မဟုတ်သည်နှင့်အမျှ၊ ငါသည် သင်တို့အား တိုက်ရိုက် အသိဉာဏ်သာ ပွင့်လင်းစေလိမ့်မည်- ဤသည်မှာ သားဦးများ ခံစားမည့် ကောင်းချီးမင်္ဂလာ ဖြစ်ပြီး၊ ယင်းသည် ၎င်းတို့အနေဖြင့် ငါနှင့်အတူ ရှင်ဘုရင်များကဲ့သို့ အုပ်စိုးသောအချိန်၌ ဖြစ်ပျက်လိမ့်မည်။ လူသားများသည် ၎င်းတို့ စိတ်မကူးနိုင်သော အရာများတွင် မယုံကြည်ကြသကဲ့သို့၊ ယုံကြည်သော သူအချို့ ရှိလျှင်ပင်၊ ယင်းသည် ငါ၏ အထူး အသိဉာဏ်ပွင့်လင်းစေခြင်းကြောင့်သာ ထိုသို့ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက အဘယ်သူမျှ ယုံကြည်မည် မဟုတ်သကဲ့သို့၊ ဤသည်မှာ တွေ့ကြုံရမည့်အရာတစ်ခု ဖြစ်သည်။ (ဤအဆင့်အား ဖြတ်သန်းခြင်းမရှိဘဲနှင့်၊ ငါ၏ ကြီးစွာသောတန်ခိုးသည် ထုတ်ဖော်ပြခံရလိမ့်မည် မဟုတ်သကဲ့သို့၊ ဤအရာက ငါ့ နှုတ်ကပတ်တော်များ၏ မိန့်မြွက်ချက်မျှမှတစ်ဆင့် ငါသည် လူတို့၏ အယူအဆများကို ဖယ်ရှားသည်ဟု ဆိုလိုပေသည်။ ဤအမှုတော်ကို အခြား အဘယ်သူမျှ မလုပ်နိုင်သကဲ့သို့၊ ငါ့အား အဘယ်သူမျှ အစားမထိုးနိုင်ချေ။ ငါသည် ယင်းကို ပြီးစီးစေနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ သို့သော် ဤသည်မှာ အကြွင်းမဲ့မဟုတ်။ ငါသည် ဤအမှုတော်ကို လူသားမျိုးနွယ်မှတစ်ဆင့် လုပ်ဆောင်ရမည် ဖြစ်သည်)။ လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို ကြားပြီးသည့်နောက်တွင် ခွန်အားတက်ကြွ လာကြသည်၊ သို့သော် အဆုံး၌ ၎င်းတို့အားလုံး ဆုတ်ခွာသွားကြသည်။ ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်ဘဲ မနေနိုင်ဖြစ်ကြရသည်။ သို့ရာတွင် လူတို့ သဘောမပေါက်နိုင်သည့် နက်နဲမှုများ ရှိ၏။ မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်ကို မည်သူမျှ စိတ်မကူးနိုင်သကဲ့သို့၊ ငါ ထုတ်ဖေါ်ပြသည်များထဲ၌ ငါသည် သင်တို့အား ဤအရာကို မြင်ခွင့်ပေးမည်ဖြစ်၏။ ယင်းမှတစ်ဆင့် ငါ၏ ဤစကားများ၏ စစ်မှန်သော အဓိပ္ပာယ်သည် သိသာထင်ရှားလိမ့်မည်- “ငါ၏ အသုံးပြုခြင်းအတွက် မသင့်တော်သော သူအားလုံးတို့ကို ငါသည် အမြစ်ဖြတ်မည်။” ငါ၏ သားဦးများသည် ငါ၏ ရန်သူများ ရှိသကဲ့သို့ မျိုးစုံသော သရုပ်သကန်များ ရှိကြကြလေသည်။ ယင်းတို့အားလုံးကို သင်တို့ထံ တစ်ခုပြီးတစ်ခု ထုတ်ဖေါ်ပြလိမ့်မည် ဖြစ်သည်။ အောက်မေ့သတိရလော့။ သားဦးတို့မှလွဲ၍ မည်သူမဆိုသည် နတ်ဆိုးတို့၏ လုပ်ဆောင်မှု ရှိကြသည်။ ၎င်းတို့အားလုံးသည် စာတန်၏ လက်ပါးစေများ ဖြစ်ကြ၏။ (၎င်းတို့သည် များမကြာမီ တစ်ဦးချင်း ထုတ်ဖေါ်ပြ ခံရလိမ့်မည် ဖြစ်သည်၊ သို့သော်လည်း အဆုံးထိတိုင် အစေခံမှု လုပ်ဆောင်ရန် လိုအပ်သောသူအချို့ ရှိသကဲ့သို့၊ အချိန်ကာလတစ်ခုကြာသာ အစေခံမှု လုပ်ဆောင်ရန် လိုအပ်သည့် အခြားသူများ ရှိကြသည်)။ ငါ၏ နှုတ်ကပတ်တော်များ၏ လုပ်ဆောင်မှုအောက်၌၊ အားလုံးသည် ၎င်းတို့၏ အစစ်အမှန် ပုံသဏ္ဌာန်များကို ပြသကြလိမ့်မည်။

တိုင်းနိုင်ငံတိုင်း၊ နေရာတိုင်းနှင့် ဂိုဏ်းဂဏတိုင်းတို့သည် ငါ့နာမတော်၏ ပေါကြွယ်ဝခြင်းကို မွေ့လျော်ကြ၏။ အကြောင်းမူကား ကပ်ဘေးသည် လတ်တလောတွင် အစပျိုးနေပြီး၊ ငါ၏ လက်အတွင်း၌ ရှိနေကာ၊ ငါသည် ယင်းကို တဖြည်းဖြည်း အများအပြား ကျရောက်စေဖို့ ပြင်ဆင် နေသောကြောင့်၊ အယောက်တိုင်းသည် စစ်မှန်သောလမ်းခရီးကို အဆောတလျင် ရှာဖွေနေကြပေသည်၊ ယင်းသည် ထိုသို့လုပ်ဆောင်ခြင်း၏ အဖိုးအခက အရာရာတိုင်းကို စွန့်လွှတ်ဖို့ဖြစ်လျှင်ပင် ရှာဖွေရမည့်အရာဖြစ်သည်။ အရာခပ်သိမ်း၌ ငါသည် ငါ၏ ကိုယ်ပိုင်အချိန် ရှိသည်။ ငါ ပြောသည့်အချိန်တိုင်း ယင်းသည် ပြီးစီးလိမ့်မည်၊ မိနစ်နှင့် စက္ကန့်ပင်မဆိုင်း ပြီးစီးလိမ့်မည် ဖြစ်သည်။ မည်သူမျှ ယင်းကို မဟန့်တားနိုင် သို့မဟုတ် မရပ်တန့်နိုင်ပေ။ အကယ်စင်စစ် အဆင်းနီသော နဂါးကြီးသည် ငါ၏ နှိမ်နင်းသော ရန်သူဖြစ်၏။ ၎င်းသည် ငါ့အတွက် အစေခံသူတစ်ဦး ဖြစ်ပြီး၊ ၎င်းသည် ခုခံခြင်း အလျှင်းမရှိဘဲ ငါ ပြောသည့်အရာ မည်သည့်အရာကိုမဆို လုပ်ဆောင်၏။ ၎င်းသည် အမှန်တကယ် ငါ၏ ဝန်တင်တိရစ္ဆာန် ဖြစ်သည်။ ငါ၏ အမှုတော် ပြီးစီးပြီးသည့် အချိန်တွင်၊ ငါသည် ၎င်းအား အနက်ဆုံးသောတွင်းနှင့် ကန့်နှင့် ရောနှောသော မီးအိုင်ထဲသို့ (ဖျက်ဆီးခြင်း ခံရသောသူများအား ငါရည်ညွှန်း၏) ပစ်ချလိမ့်မည်။ ဖျက်ဆီးခံရသော သူတို့သည် သေခြင်းကို မြည်းစမ်းရုံမျှ မြည်းစမ်းကြလိမ့်မည်သာမက၊ ၎င်းတို့သည် ငါ့အား ညှဉ်းပန်းနှိပ်စက်ခြင်းများအတွက် ပြင်းထန်စွာ အပြစ်ပေးခြင်းလည်း ခံရလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အစေခံသူများမှတစ်ဆင့် ငါ လုပ်ဆောင်မည့် အမှုတော် ဖြစ်၏၊ ငါသည် အဆင်းနီသော နဂါးကြီး၏ သားမြေးစဉ်ဆက်တို့ကို အလျှင်း ပျက်သုန်း စေရင်း၊ စာတန်အား မိမိကိုယ်ကိုယ် သတ်ဖြတ်စေကာ မိမိကိုယ်ကိုယ် ဖျက်ဆီးစေမည်ဖြစ်သည်။ ဤသည်မှာ ငါ့အမှုတော် တစ်စိတ်တစ်ပိုင်း ဖြစ်၏။ ထို့နောက်တွင် ငါသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများဘက်သို့ ဦးလှည့်မည်ဖြစ်သည်။ ဤသည်တို့သည် ငါ့အမှုတော်၏ အဆင့်များ ဖြစ်ကြ၏။

အရှေ့သို့- အခန်း ၁၀၉

နောက်တစ်ခုသို့- အခန်း ၁၁၁

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။