အခန်း ၁၁၁

တိုင်းနိုင်ငံအားလုံးတို့သည် သင့်ကြောင့် ကောင်းချီးမင်္ဂလာ ခံစားရလိမ့်မည်၊ လူမျိုးအပေါင်းသည် သင့်ကြောင့် ငါ့အား ထောမနာပြုကာ ချီးမွမ်းကြလိမ့်မည်။ ငါ၏ နိုင်ငံတော်သည် စည်ပင်ကာ ဖွံ့ဖြိုးတိုးတက်ပြီး၊ ထာဝရ ဆက်လက်တည်ရှိနေလိမ့်မည်။ မည်သူကိုမျှ ယင်းအား နင်းခြေခွင့်ပြုမည် မဟုတ်သကဲ့သို့၊ ငါနှင့် လိုက်လျောညီညွှတ်မှု မရှိသော မည်သည့်အရာကိုမျှ တည်ရှိခွင့်ပြုလိမ့်မည်မဟုတ်၊ အကြောင်းမူကား ငါသည် မည်သည့် ပုန်ကန်ပြစ်မှားခြင်းကိုမျှ သည်းမခံသည့် ဘုန်းအာနုဘော်ဖြစ်သော ဘုရားသခင် ကိုယ်တိုင်ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ငါသည် အဘယ်သူကိုမျှ ငါ့အား ဝေဖန်ခွင့်မပြုသကဲ့သို့၊ အဘယ်သူကိုမျှ ငါနှင့် သဟဇာတ မဖြစ်ရန် ခွင့်မပြုပေ။ ဤအရာသည် ငါ၏ စိတ်နေသဘောထားနှင့် ငါ၏ ဘုန်းအာနုဘော်ကို ပြသဖို့ရန် လုံလောက်သည်။ တစ်ဦးတစ်လေသည် ငါ့အား အာခံသည့်အခါ၊ ငါသည် ၎င်းအား ငါ၏ ကိုယ်ပိုင်အချိန်၌ အပြစ်ပေးမည်။ တစ်ဦးတစ်လေအား ငါ အပြစ်ပေးသည်ကို အဘယ့်ကြောင့် မည်သူမျှ မမြင်ကြရသေးသနည်း။ အကြောင်းမူကား ငါ၏ အချိန်သည် ရောက်မလာသေးသကဲ့သို့ ငါ၏လက်သည် အမှန်တကယ် အရေးယူဆောင်ရွက်ခြင်း မရှိသေးသောကြောင့်သာ ဖြစ်၏။ ကပ်ဘေးကြီးများ သွန်ဆင်းပြီးဖြစ်သော်လည်း၊ ဤသည်မှာ ကပ်ဘေးတို့က ဖြစ်ပေါ်စေသည့်အရာအကြောင်းကို ပြောဆိုခြင်းသာ ပါရှိခြင်းဖြစ်စဉ်တွင်၊ ကြီးမားသော ကပ်ဘေးတို့၏ လက်တွေ့အရှိတရားသည် လူသားတစ်ဦးတစ်လေအပေါ်ကိုမျှ မကျရောက်သေးပေ။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များမှ တစ်ခုတစ်လေကို လုံးဝ သဘောပေါက်ကြပြီလော။ ယနေ့တွင်၊ ငါသည် ကြီးမားသော ကပ်ဘေးတို့၏ လက်တွေ့အရှိတရားကို စတင်လွှင့်ထုတ်မည်ဖြစ်သည်။ ဤအရာနောက်တွင်၊ ငါ့အား ခုခံသောသူ မည်သူမဆိုသည် ငါ၏ လက်ဖြင့် ဒဏ်ခတ်ခံရလိမ့်မည်။ အတိတ်ကာလ၌၊ ငါ လုပ်ဆောင်ပြီးသမျှမှာ လူအနည်းငယ်ကို ဖော်ထုတ်ဖို့ ဖြစ်သည်။ မည်သည့် ကြီးမားသော ကပ်ဘေးမျှ မရောက်ရှိသေးချေ။ ယနေ့သည် အတိတ်ကာလနှင့် ကွဲပြားခြားနား၏။ ကြီးမားသော ကပ်ဘေးများက ဖြစ်ပေါ်စေသည့် အရာအကြောင်း အားလုံးကို သင်တို့အား ငါ ပြောပြပြီးဖြစ်သည့်အတွက်၊ ငါသည် ကြီးမားသော ကပ်ဘေးများ၏ လက်တွေ့အရှိတရားကို သတ်မှတ်ထားသည့် အချိန်တွင် လူသိရှင်ကြား ငါ ကြေညာမည်။ ဤအရာမတိုင်မီ၊ ကြီးမားသော ကပ်ဘေးအားဖြင့် မည်သူမျှ မထိခိုက်သေးပေ၊ ထို့ကြောင့် လူအများစုသည် (ယင်းမှာ အဆင်းနီသော နဂါးကြီး၏ သားများ ဖြစ်သည်) မဆင်မခြင်နှင့် ထင်ရာမြင်ရာ ဆက်လက် ပြုမူကြလေပြီ။ လက်တွေ့အရှိတရား ရောက်ရှိလာသော အချိန်၌၊ ဤကံဆိုးသော သတ္တဝါများသည် လုံးဝ လက်ခံယုံကြည်လာကြလိမ့်မည် ဖြစ်သည်။ သို့မဟုတ်ပါက၊ အယောက်တိုင်းသည် ငါနှင့် သက်ဆိုင်၍ မသေချာမရေရာ ဖြစ်ကြမည်ဖြစ်ပြီး၊ ငါနှင့်ပတ်သက်၍ မည်သူမျှ ရှင်းရှင်းလင်းလင်း ဖြစ်ကြမည် မဟုတ်ပေ။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့် ဖြစ်သည်။ ဤအရာမှ၊ ငါ၏ အမှုပြုသည့် နည်းလမ်း (လူမျိုးအပေါင်းတို့ထဲ၌ ငါ၏အမှုပြုခြင်း နည်းလမ်းကို ရည်ညွှန်းနေခြင်း)သည် စတင်ပြောင်းလဲပြီဖြစ်သည်ကို မြင်နိုင်၏၊ ငါသည် အဆင်းနီသော နဂါးကြီး၏ သားမြေးစဉ်ဆက်များမှတစ်ဆင့် ငါ၏ အမျက်ဒေါသ၊ ငါ၏ တရားစီရင်ခြင်းနှင့် ငါ၏ ကျိန်ဆိုခြင်းတို့ကို ပြသလျက်ရှိပြီး၊ ငါ၏ လက်သည် ငါ့အား ခုခံသောသူအားလုံးကို စတင် ပြစ်တင်ဆုံးမပြီ ဖြစ်သည်။ ငါသည် သားဦးများမှတစ်ဆင့် ငါ၏ သနားကရုဏာနှင့် ငါ၏ ချစ်ခြင်းမေတ္တာကို ပြသနေ၏။ ထို့ထက်သာ၍ပင်၊ သားဦးများမှတစ်ဆင့်၊ ငါသည် မည်သည့် ပုန်ကန်ပြစ်မှားမှုမျှ သည်းမခံသည့် ငါ၏သန့်ရှင်းသော စိတ်သဘောထားကို ပြသလျက်ရှိ၏။ ငါသည် ငါ၏ သြဇာအာဏာကို ပြသလျက်ရှိပြီး ငါ၏ ဇာတိအဖြစ်တော်ကို ပြသနေသည်။ အစေခံသူများသည် ငါ့အား အစေခံမှု ပေးရန် နေသားတကျရှိပြီဖြစ်ပြီး၊ ငါ၏ သားဦးများကို ပို၍ပို၍ သိထားကြပြီ ဖြစ်သည်။ အစေခံသူများအနေဖြင့် ငါ့အား ကြောက်ရွံ့ခြင်းနှင့် တုန်လှုပ်ခြင်းတို့ဖြင့် အစေခံမှု ပေးကြဖို့အလို့ငှာ၊ ငါ့ကို ခုခံသော သူတို့အား ဒဏ်ခတ်ခြင်းအားဖြင့် ငါသည် အစေခံသူတို့အား ငါ၏ မညှာတာသောလက်ကို မြင်ခွင့်ပေး၏။ ထို့အပြင်၊ ငါသည် ငါ၏ သားဦးများအား အသက်တာ၌ ၎င်းတို့ ကြီးထွားကြဖို့အလို့ငှာ၊ ၎င်းတို့အား ငါ၏ သြဇာအာဏာကို မြင်ခွင့်ပေးကာ ငါ့အား ပို၍ ကောင်းစွာနားလည်ခွင့်ပေး၏။ (စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၊ ပရောဖက်ပြုချက်နှင့် လူမျိုးအားလုံးတို့အပေါ် တရားစီရင်မှု အပါအဝင်) ပြီးခဲ့သည့် ကာလ၌ ငါ ပြောဆိုခဲ့သော နှုတ်ကပတ်တော်များသည် အစီအစဉ်တကျဖြင့် စတင် ပြည့်စုံနေပြီဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ၎င်းတို့၏ မျက်စိများရှေ့တွင် ငါ၏ နှုတ်ကပတ်တော်များ ပြည့်မြောက်သည်ကို မြင်ကြရမည်၊ ငါ၏ နှုတ်ကပတ်တော်များထဲမှ တစ်ခုမျှ အကျိုးမဲ့မဟုတ်ဘဲ၊ ထိုနှုတ်ကပတ်တော် တစ်ခုစီတိုင်း လက်တွေ့ကျသည်ကို ၎င်းတို့ မြင်ကြရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များ မပြည့်စုံမီ၌၊ ယင်းတို့ မပြည့်စုံသေးသောကြောင့် လူများစွာ စွန့်ခွာကြလိမ့်မည်။ ဤသည်မှာ ငါ၏ အမှုပြုသည့် နည်းလမ်း ဖြစ်သည်- ယင်းသည် ငါ့သံလှံတံ၏ လုပ်ငန်းဆောင်တာ ဖြစ်သည်သာမက၊ သာ၍ပင် ငါ့နှုတ်ကပတ်တော်များ၏ ဉာဏ်ပညာ ဖြစ်၏။ ဤအရာများမှ၊ ငါ၏အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် အဆင်းနီသော နဂါးကြီးအတွက် ငါ၏ မုန်းတီးခြင်းကို မြင်နိုင်သည်။ (ဤအရာကို ငါ၏ အမှုအား ငါစတင်ပြီးနောက်တွင်သာ မြင်တွေ့ရနိုင်၏။ ယခုတွင် အချို့သောသူတို့သည် ထုတ်ဖော်ခြင်း ခံရ၏- ယင်းသည် ငါ၏ ပြစ်တင်ဆုံးမခြင်း၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သော်လည်း၊ ကြီးမားသော ကပ်ဘေးများတွင် မပါဝင်နိုင်ပေ။ ဤအရာကို နားလည်ရန် မခက်ခဲချေ။ ထို့ကြောင့် ယခုမှစ၍ ငါ၏အမှုပြုခြင်း နည်းလမ်းသည် လူတို့အတွက် နားလည်ရန် သာ၍ပင် ခက်ခဲလိမ့်မည်ကို မြင်နိုင်၏။ အချိန်ကျရောက်သည့်အခါ သင်တို့အနေဖြင့် ဤအရာကြောင့် အားမနည်းကြဖို့အလို့ငှာ ယနေ့တွင် ငါက သင်တို့အား ပြောပြနေခြင်းဖြစ်သည်။ ရှေးခေတ်အချိန်ကာလများကတည်းက လူတို့ မမြင်ဖူးသည့် အရာများနှင့် လူတို့အား ၎င်းတို့၏ စိတ်ခံစားချက်များနှင့် ၎င်းတို့၏ မိမိတို့ကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်းတို့အား ဘေးဖယ်ထားဖို့ ခက်ခဲစေမည့် အရာများ ဖြစ်ပျက်လိမ့်မည်ဖြစ်သောကြောင့်၊ ဤသည်မှာ သင်တို့အား ငါ အပ်နှံနေသောအရာ ဖြစ်သည်)။ ငါသည် အဆင်းနီသောနဂါးကြီးအား အပြစ်ပေးရန် မတူကွဲပြားသော နည်းလမ်းများကို အသုံးပြုရသည့် အကြောင်းရင်းမှာ ၎င်းသည် ငါ၏ရန်သူနှင့် ငါ၏ရန်ဘက် ဖြစ်သောကြောင့် ဖြစ်၏။ ၎င်း၏ သားမြေးစဉ်ဆက်များအားလုံးကို ငါသည် ဖျက်ဆီးပစ်ရမည်- ထိုအခါမှသာ ငါ၏ စိတ်နှလုံးမှ အမုန်းကို ငါ ဖယ်ရှားနိုင်မည်ဖြစ်ပြီး၊ ထိုအခါမှသာ ငါသည် အဆင်းနီသော နဂါးကြီးအား ကောင်းစွာ အရှက်ရစေနိုင်ပေသည်။ ဤအရာသည်သာ အဆင်းနီသော နဂါးကြီးအား လုံးဝ ဖျက်ဆီးခြင်းဖြစ်ပြီး ၎င်းအား ကန့်နှင့်ရောသော မီးအိုင်အတွင်းသို့၊ အနက်ဆုံးသော တွင်းထဲသို့ ပစ်ချခြင်းဖြစ်၏။

ငါသည် ငါ၏ သားဦးများကို တိုင်းနိုင်ငံအားလုံးကို အုပ်စိုးခြင်းနှင့် ကောင်းချီးမင်္ဂလာများ မွေ့လျော်ခံစားခြင်းတို့၌ ငါနှင့်အတူတကွ စိုးစံခွင့်ပေးကာ ငါ့ကို ပူးပေါင်းစေသည်မှာ ယမန်နေ့တွင်သာ မဟုတ်ခဲ့ပေ။ ငါသည် ယနေ့တွင်လည်း ထိုသို့ လုပ်ဆောင်ပြီး သာ၍ အရေးကြီးသည်မှာ မနက်ဖြန်တွင်လည်း ထိုသို့ လုပ်ဆောင်လိမ့်မည် ဖြစ်သည်။ ငါသည် ငါ၏ အမှုကို အောင်မြင်စွာ ပြီးမြောက်ပြီး ဖြစ်သည်- ငါသည် ထိုသို့ တစ်လျှောက်လုံး ပြောလာနေပြီးဖြစ်ကာ ဖန်ဆင်းခြင်း အစ၏ အချိန်မှ ငါသည် ထိုသို့ စတင်ပြောဆိုခဲ့သည်ဟုလည်း ဆိုနိုင်၏၊ သို့သော် လူသားတို့သည် ငါ ပြောနေသည့်အရာကို နားမလည်ကြချေ။ ဖန်ဆင်းခြင်း အချိန်မှသည် ယခုထိတိုင်၊ ငါသည် ကိုယ်တိုင်ကိုယ်ကျ အမှုမပြုသေးပေ။ တစ်နည်းအားဖြင့်၊ ငါ၏ ဝိညာဉ်သည် စကားပြောပြီး အမှုပြုရန် လူသားအပေါ် မည်သည့်အခါတွင်မျှ မသက်ဆင်းသေးချေ။ သို့သော် ယနေ့သည် အတိတ်ကာလနှင့် ကွဲပြား၏၊ ငါ၏ ဝိညာဉ်သည် စကြဝဠာလောကရှိ နေရာတိုင်းတွင် ကိုယ်တိုင်ကိုယ်ကျ အမှုပြုနေ၏။ နောက်ဆုံးသောကာလတွင် ငါနှင့်အတူ အာဏာဖြင့် စိုးစံမည့် လူတစ်စုကို ငါ ရယူလိုသည်၊ ပထမဦးစွာ ငါသည် ငါ၏ တစ်စိတ်တစ်ဝမ်းတည်းရှိသူ၊ ငါ၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကောင်း ထားနိုင်သည့် လူတစ်ဦးကို ရရှိသည်။ ထို့နောက်တွင်၊ ငါ၏ ဝိညာဉ်သည် စကြဝဠာလောကဆီသို့ ငါ၏အသံကို ဖေါ်ပြရန်၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ထုတ်ပြန်ရန်နှင့် ငါ၏ နက်နဲမှုများကို ထုတ်ဖော်ပြရန် သူအပေါ်သို့ လုံးဝ ဆင်းသက်လိမ့်မည် ဖြစ်သည်။ ငါ၏ ဝိညာဉ်သည် သူ့အား ကိုယ်တိုင်ကိုယ်ကျ စုံလင်စေလိမ့်မည်။ ငါ၏ ဝိညာဉ်သည် သူ့အား ကိုယ်တိုင်ကိုယ်ကျ ဆုံးမပဲ့ပြင်လိမ့်မည်။ သူသည် သာမန်လူ့သဘာဝတွင် အသက်ရှင်သောကြောင့်၊ မည်သူမျှ ရှင်းလင်းစွာ မမြင်နိုင်ပေ။ ငါ၏ သားဦးတို့သည် ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်သောအချိန်၌၊ ယခု ငါ လုပ်ဆောင်သောအရာသည် လက်တွေ့အရှိတရား ဟုတ်မဟုတ်ဆိုသည်မှာ လုံးဝ ရှင်းလင်းသွားလိမ့်မည် ဖြစ်၏။ ဟုတ်ပေ၏၊ လူသားအမြင်အရ၊ လူသား အမြင်တွင်၊ လူသား အယူအဆများတွင်၊ မည်သူမျှ မယုံကြည်သကဲ့သို့ မည်သူမျှ မနာခံနိုင်ကြပေ။ သို့သော် ယင်းမှာ လူတို့နှင့်သက်ဆိုင်၍ ငါ၏ သည်းခံခြင်း ဖြစ်သည်။ လက်တွေ့အရှိတရားသည် ရောက်မလာသေးသောကြောင့်၊ လူတို့သည် မယုံကြည်နိုင်ကြ သို့မဟုတ် နားမလည်နိုင်ကြချေ။ ၎င်းတို့၏ လူသားအယူအဆများအလယ်တွင် ငါ၏ နှုတ်ကပတ်တော်များကို ယုံကြည်မည့်သူတစ်ဦးတစ်လေမျှ လုံးဝ မရှိဖူးချေ။ လူတို့အားလုံးသည် ဤကဲ့သို့ ဖြစ်ကြ၏- ၎င်းတို့သည် ငါ၏ သွေးသားကိုယ်တိုင် ပြောဆိုခြင်းကိုသာ သို့မဟုတ် ငါ့ဝိညာဉ်၏ အသံကိုသာ တစ်ခုမဟုတ်တစ်ခုကို ယုံကြည်ကြ၏။ ဤသည်မှာ လူတို့၌ ကိုင်တွယ်ဖြေရှင်းဖို့ အခက်ခဲဆုံးသောအရာ ဖြစ်သည်။ ၎င်းတို့သည် တစ်စုံတစ်ခု ဖြစ်ပျက်သည်ကို ၎င်းတို့၏ ကိုယ်ပိုင်မျက်လုံးများဖြင့် မမြင်တွေ့ရသေးပါက၊ အဘယ်သူမျှ ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများကို မစွန့်လွှတ်နိုင်ကြသကဲ့သို့၊ ငါ ပြောသော အရာကို အဘယ်သူမျှ မယုံကြည်နိုင်ကြချေ။ ယင်းမှာ ထိုမနာခံသော သားများကို အပြစ်ပေးရန် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ငါအသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။

ယခင်က ထိုသို့သော အရာများကို ငါ ပြောပြီးဖြစ်သည်- ငါသည် အဦးဆုံးနှင့် နောက်ဆုံးသောသူ ဖြစ်ကာ၊ ငါသည် အစအဦးမှသည် အဆုံးထိ အရာရာကို ကွပ်ကဲသောသူ ဖြစ်သည်။ နောက်ဆုံးသောကာလ၌၊ ငါသည် အောင်နိုင်သော သားယောက်ျား တစ်သိန်းလေးသောင်းလေးထောင်ကို ရရှိလိမ့်မည်။ သင်တို့သည် “အောင်နိုင်သောသားယောက်ျား” ဟူသည့် ဤစကားရပ်အား အချို့သော တိုက်ရိုက် သိနားလည်မှု ရှိကြသော်လည်း၊ တစ်သိန်းလေးသောင်းလေးထောင်ဟူသည့် ကိန်းဂဏန်းနှင့် ပတ်သက်၍ မရှင်းမလင်း ဖြစ်ကြသည်။ လူသားအယူအဆများ၌၊ ကိန်းဂဏန်းတစ်ခုသည် လူအရေအတွက်တစ်ခု သို့မဟုတ် အမှုအရာ အရေအတွက်တစ်ခုကို ရည်ညွှန်းရပေမည်။ “အောင်နိုင်သော သားယောက်ျားများ” – “အောင်နိုင်သော သားယောက်ျား ၁၄၄၀၀၀-ကို အထူးပြုသည့် “၁၄၄၀၀၀” နှင့်စပ်လျဉ်း၍၊ လူတို့သည် အောင်နိုင်သော သားယောက်ျားများ ၁၄၄၀၀၀ ရှိသည်ဟု တွေးထင်ကြ၏။ ထို့အပြင်၊ အချို့သော လူတို့က ဤကိန်းဂဏန်းနှင့် ဆိုင်သည့် အမှန်တရားအတွင်းတွင် သင်္ကေတ အဓိပ္ပာယ်အချို့ ရှိသည်ဟု ထင်ကြပြီး၊ ၎င်းတို့သည် ၁၄၀၀၀၀ နှင့် ၄၀၀၀ကို သီးခြား အစိတ်အပိုင်းများအဖြစ် ယူကြသည်။ သို့သော် ဤအနက်ပြန်မှုနှစ်ခလုံးသည် မှားယွင်း၏။ ဤအရာက တကယ့် ကိန်းဂဏန်းတစ်ခုကို မရည်ညွှန်းသကဲ့သို့၊ သင်္ကေတ အဓိပ္ပာယ်အချို့ကိုလည်း သာ၍ပင် မရည်ညွှန်းပေ။ လူသားမျိုးနွယ်အလယ်တွင်၊ ဤအရာကို ထိုးထွင်းသိနိုင်သောသူတစ်ဦးမျှ မရှိ- လွန်ခဲ့သော မျိုးဆက်များမှ လူအားလုံးက ယင်းအား သင်္ကေတ အဓိပ္ပာယ်တစ်ခုကို ရည်ညွှန်းခြင်း ဖြစ်ကောင်းဖြစ်မည်ဟု တွေးထင်ခဲ့ကြသည်။ ၁၄၄၀၀၀ ဟူသည့် ကိန်းဂဏန်းသည် အောင်နိုင်သော သားယောက်ျားများနှင့် ဆက်စပ်၏။ ထိုသို့ဖြင့်၊ ၁၄၄၀၀၀ သည် နောက်ဆုံးသောကာလ၌ စိုးစံမည့်၊ ငါ ချစ်မြတ်နိုးသည့် လူစုကို ရည်ညွှန်းပေသည်။ ဆိုလိုသည်မှာ၊ ၁၄၄၀၀၀ ကို ဇိအုန်မှ လာခဲ့ပြီး ဇိအုန်သို့ ပြန်သွားမည့် လူစုအဖြစ် အနက်ပြန်သင့်ပေသည်။ အောင်နိုင်သော သားယောက်ျား ၁၄၄၀၀၀နှင့်သက်ဆိုင်သည့် ပြည့်စုံသော ရှင်းပြချက်မှာ အောက်ပါအတိုင်း ဖြစ်သည်- ၎င်းတို့သည် ဇိအုန်မှ ကမ္ဘာလောကသို့ လာခဲ့ပြီး၊ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းခံခဲ့ရသည့် လူများ ဖြစ်ပြီး၊ ယင်းမှာ နောက်ဆုံး၌ ငါ၏ ပြန်လည်ရယူခြင်းခံရပြီး၊ ငါနှင့်အတူ ဇိအုန်သို့ ပြန်ကြမည့် ၎င်းတို့ ဖြစ်ကြ၏။ တစ်ဦးတစ်ယောက်သည် ငါ၏ နှုတ်ကပတ်တော်များမှ ငါ့အမှု၏ အဆင့်များကို မြင်နိုင်၏၊ ဆိုလိုသည်မှာ သင်တို့အနေဖြင့် ကိုယ်အတွင်းသို့ဝင်ရောက်မည့်အချိန်သည် အလွန်အလှမ်းဝေးခြင်းမရှိပေ။ ယင်းမှာ ဤသွင်ပြင်လက္ခဏာကို သင်တို့အား ထပ်သလဲလဲ ရှင်းပြပြီး၊ ယင်းနှင့်ပတ်သက်၍ သင်တို့ကို သတိပေးရသည့် အကြောင်းရင်း ဖြစ်သည်။ သင်တို့သည် ရှင်းလင်းစွာ မြင်လိမ့်မည်ဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များမှ လက်တွေ့လုပ်ဆောင်ရမည့် နည်းလမ်းကို ရှာတွေ့လိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များမှ ငါ့အမှု၏ အရှိန်အဟုန်ကို သင်တို့ ရှာတွေ့လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအရှိန်အဟုန်ကို ရှာတွေ့ရန်၊ ယင်းကို ငါ ထုတ်ဖော်ပြသော နက်နဲမှုများမှ သင်တို့ သိမြင်ရမည် (အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်၏ အလုပ်ကို မည်သူမျှမမြင်နိုင်သကဲ့သို့ မည်သူမျှ ထိုးထွင်းမသိမြင်နိုင်ပေ)။ ယင်းမှာ နောက်ဆုံးသောကာလ၌ နက်နဲမှုများကို ငါထုတ်ဖော်ပြရသည့် အကြောင်းရင်း ဖြစ်သည်။

ငါ၏ အိမ်တွင်၊ ငါနှင့် မကိုက်ညီသောအရာ မည်သည့်အရာမျှ ရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ယခုမှစ၍ ငါသည် နည်းနည်းချင်း စတင် နုတ်ပယ်ကာ သန့်စင်မည် ဖြစ်သည်။ လူတို့အလယ်တွင်၊ ဤအမှုကို မည်သူမျှ ဝင်ရောက်မစွက်ဖက်နိုင်သကဲ့သို့၊ မည်သူမျှ မလုပ်ဆောင်နိုင်ချေ။ ဤအရာက နောက်ဆုံးသောကာလတွင် လူကိုယ်တိုင် ငါ အမှုပြုနေသည့် အကြောင်းရင်းကို ထုတ်ဖော်ပြသည်။ ပြီးလျှင် ဤသည်မှာ သင်တို့သည် မိမိတို့ကိုယ်ကိုယ် မွေ့လျော်ရန်သာ လိုအပ်ပြီး၊ အနည်းငယ်မျှ အားထုတ်ရန် မလိုအပ်ဟု ကြိမ်ဖန်များစွာ ငါ ပြောပြီးဖြစ်သည့် အကြောင်းရင်း ဖြစ်သည်။ ငါ၏ တန်ခိုးအား ထုတ်ဖော်ပြသည်မှာ၊ ငါ၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်အား ထုတ်ဖော်ပြသည်မှာ၊ ပြီးလျှင် လူတို့ မဖော်ထုတ်နိုင်သော နက်နဲမှုများအားလုံးကို (လူတို့သည် ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့်ဆိုင်သည့် အသိပညာ တစ်ခုတစ်လေ သို့မဟုတ် ငါ့အမှု၏ အဆင့်များနှင့်ဆိုင်သည့် သိနားလည်မှု တစ်ခုတစ်လေ မရှိထားသောကြောင့်၊ ယင်းတို့ကို နက်နဲမှုများဟု ခေါ်ဆိုခြင်းဖြစ်သည်) ထုတ်ဖော်ပြသည်မှာ ဤအရာမှတစ်ဆင့် ဖြစ်သည်။ နောက်ဆုံးသော ကာလတွင် ငါ ရယူမည့်အရာနှင့် ငါ လုပ်ဆောင်မည့်အရာတို့သည် နက်နဲမှုများ ဖြစ်သည်။ ကမ္ဘာလောကကို ငါဖန်ဆင်းခဲ့သည့် အချိန်မတိုင်မီတွင်၊ ယနေ့ ငါ ပြုသောအရာကို ငါ မည်သည့်အခါတွင်မျှ မလုပ်ဆောင်ခဲ့သကဲ့သို့၊ ငါသည် လူတို့အား ငါ၏ ဘုန်းအသရေဖြင့်ပြည့်စုံသော မျက်နှာ သို့မဟုတ် ငါ့၏ ဇာတိအဖြစ်တော်၏ အစိတ်အပိုင်းတစ်ခုတစ်လေကို မည်သည့်အခါတွင်မျှ မပြသခဲ့ပေ။ ငါ၏ ဝိညာဉ်သည် အချို့သောလူတို့အပေါ်တွင်သာ အမှုပြုခဲ့၏။

(ဖန်ဆင်းခြင်းအချိန်ကတည်းက၊ မည်သူမျှ ငါ့ကို မထင်ရှားစေနိုင်သေးသကဲ့သို့၊ မည်သူမျှ ငါ့ကို မဖော်ပြနိုင်ခဲ့သောကြောင့်၊ ငါသည် လူတို့အား ငါ၏ ဇာတိအဖြစ်တော်ကို လုံးဝ မြင်တွေ့ခွင့် မပေးဖူးသကဲ့သို့၊ ငါ၏ ဝိညာဉ်သည် အချို့သော လူတို့အပေါ်တွင် အမှုပြုပြီးဖြစ်၏)။ ယနေ့မှသာ ငါ၏ ဘုန်းအသရေဖြင့်ပြည့်စုံသော ပုံသဏ္ဍာန်နှင့် ငါ၏ ဇာတိအဖြစ်တော်ကို လူတို့ထံ ငါထုတ်ဖော်ပြပြီးဖြစ်ကာ၊ ယခုမှသာ ၎င်းတို့သည် ဤအရာတို့ကို မြင်တွေ့ရခြင်း ဖြစ်သည်။ သို့သော် ယနေ့ သင်တို့ တွေ့မြင်ရသောအရာသည် မပြည့်စုံသေးသကဲ့သို့၊ ယင်းမှာ သင်တို့အား ငါ မြင်စေလိုသောအရာ မဟုတ်သေးပေ။ သင်တို့အား ငါမြင်စေလိုသောအရာမှာ ခန္ဓာကိုယ်ထဲတွင်သာရှိပြီး၊ ယခု ဤအခြေအနေကို မည်သူမျှ မပြည့်မီသေးချေ။ တစ်နည်းအားဖြင့်၊ ခန္ဓာကိုယ်ထဲသို့ မဝင်ရောက်မီတွင်၊ ငါ၏ ဇာတိအဖြစ်တော်ကို အဘယ်သူမျှ မမြင်တွေ့နိုင်ပေ။ ထို့ကြောင့်၊ ငါသည် ငါ၏ ဇာတိအဖြစ်တော်ကို စကြဝဠာလောကထံသို့ ဇိအုန်တောင်ပေါ်တွင် ထုတ်ဖော်ပြမည်ဟု ပြောခြင်း ဖြစ်သည်။ ဇိအုန်တောင်ထဲသို့ ဝင်ရောက်ခြင်းသည် ငါ၏ စီမံကိန်း နောက်ဆုံးအပိုင်းဖြစ်သည်ကို ဤအရာမှ မြင်တွေ့နိုင်၏။ ဇိအုန်တောင်ထဲသို့ ဝင်ရောက်သောအချိန်၌၊ ငါ၏ နိုင်ငံတော်သည် အောင်မြင်စွာ တည်ဆောက်ပြီးဖြစ်လိမ့်မည်။ တနည်းအားဖြင့်၊ ငါ၏ ဇာတိအဖြစ်တော်သည် နိုင်ငံတော်ဖြစ်သည်။ သားဦးများအနေဖြင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သောအချိန်သည် နိုင်ငံတော် ဖြစ်ပေါ်မည့်အချိန် အတိအကျ ဖြစ်သည်၊ ယင်းမှာ သားဦးများ ဇိအုန်တောင်ထဲသို့ ဝင်ရောက်ခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်ကို ငါ ထပ်သလဲလဲ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ ယခင်က မည်သူမျှ သဘောမပေါက်ဖူးသော ငါ့ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံး၏ ဗဟိုချက် ဖြစ်သည်။

ငါ၏ အမှုပြုခြင်း နည်းလမ်းကို ငါပြောင်းလဲလိုက်သည်နှင့်တစ်ပြိုင်နက် လူသားအတွေးဖြင့် လက်လှမ်းမမီနိုင်သောအရာများ ပို၍ပင် ရှိလိမ့်မည်၊ ထို့ကြောင့် ဤကိစ္စနှင့်စပ်လျဉ်း၍ ဂရုပြုလော့။ လူသားအတွေးက လက်လှမ်းမမီသည့်အရာများ ရှိသော်လည်း၊ ဤသည်မှာ ငါ ပြောသောအရာ မှားယွင်းသည်ဟု မဆိုလိုပေ။ ယင်းမှာ လူတို့အနေဖြင့် ဆင်းရဲဒုက္ခခံရန် ပို၍ပင် လိုအပ်သည်သာ ဖြစ်ပြီး၊ လူတို့အနေဖြင့် ငါနှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့ရန် ပို၍ပင် လိုအပ်ခြင်းဖြစ်သည်။ အကြောင်းမဲ့သက်သက် အကျင့်မပျက်နှင့် ပြီးလျှင် သင်၏ ကိုယ်ပိုင် အယူအဆများ နောက်သို့သာ မလိုက်နှင့်။ အကြောင်းမှာ ငါ့အား အစေခံမှု ပေးသော သူအများစုသည် ဤသွင်ပြင်လက္ခဏာတွင် လဲကျတတ်ကြသည့်အတွက် ဖြစ်သည်။ ငါသည် လူသားသဘာဝကို ဖော်ထုတ်ရန်နှင့် လူသားအယူအဆများကို ထုတ်ဖော်ပြရန် ငါ၏ နှုတ်ကပတ်တော်များကို အသုံးပြုလျက်ရှိသည်။ (သို့သော် ငါ့အား အစေခံမှု ပေးသူများသည် ၎င်းတို့၏အယူအဆများကို ငါမပြောင်းလဲပေးသောကြောင့်၊ လဲကျ၍သာ နေကြ၏။ ငါ၏သားဦးများဖြစ်သော သူများ၏ အယူအဆများကိုမူ ငါသည် ပြောင်းလဲပေးပြီး၊ ဤအရာမှတစ်ဆင့် ၎င်းတို့၏ အတွေးအခေါ်ကို ဖယ်ရှားပေးလေသည်။) ထို့ကြောင့် အဆုံးတွင်၊ ငါ ထုတ်ဖော်ပြပြီးဖြစ်သော နက်နဲမှုများကြောင့်၊ ငါ၏ သားဦးများအားလုံးသည် စုံလင်စေခြင်း ခံရကြလိမ့်မည်။

အရှေ့သို့- အခန်း ၁၁၀

နောက်တစ်ခုသို့- အခန်း ၁၁၂

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။