အခန်း ၁၁၂

“နှုတ်ကပတ်တော်များနှင့် လက်တွေ့အရှိတရားတို့သည် အတူတကွ ရှေ့ဆက်ကြ၏” ဟူသည်မှာ ငါ၏ ဖြောင့်မတ်သော စိတ်နေသဘောထား တစ်စိတ်တစ်ဒေသ ဖြစ်၏။ ဤနှုတ်ကပတ်တော်များမှ၊ ငါသည် ငါ၏စိတ်နေသဘောထားကို အယောက်တိုင်းအား အလုံးစုံ သေချာ မြင်တွေ့ခွင့်ပေးမည်။ လူတို့က ဤအရာသည် စွမ်းဆောင်မရရှိနိုင်ဟု ထင်ကြသော်လည်း၊ ငါ့အဖို့ ယင်းသည် လွယ်ကူပြီး နှစ်လိုဖွယ်ဖြစ်ကာ၊ မည်သည့် အားစိုက်ထုတ်မှုမျှ မလိုအပ်ပေ။ ငါ၏နှုတ်မှ ငါ၏ နှုတ်ကပတ်တော်များ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ ချက်ချင်း အယောက်တိုင်း မြင်နိုင်သည့် အမှန်တရားတစ်ခု ရှိလေသည်။ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။ ငါသည် အမှုအရာ တစ်ခုခုကို ပြောဆိုပြီးဖြစ်သည့်အတွက်၊ ထိုအရာများ ဧကန်မုချ ပြီးမြောက်လိမ့်မည်။ သို့မဟုတ်ပါက၊ ငါသည် စကားပြောမည်မဟုတ်။ လူသား အယူအဆများ၌၊ “ကယ်တင်ခြင်း” ဟူသည့် စကားလုံးသည် လူအားလုံးအတွက် ပြောဆိုထားခြင်းဖြစ်သည်၊ သို့သော် ဤအရာသည် ငါ၏ ရည်ရွယ်ချက်နှင့် မကိုက်ညီချေ။ အတိတ်တွင်၊ “မသိနားမလည်သောသူတို့နှင့် စိတ်အားထက်သန်စွာ ရှာဖွေသော သူတို့ကို ငါသည် အစဉ် ကယ်တင်သည်” ဟု ငါပြောခဲ့၏၊ ဤတွင် “ကယ်တင်သည်” ဟူသော စကားလုံးသည် ငါ့အား အစေခံမှု ပေးသူတို့နှင့်ပတ်သက်၍ ပြောဆိုထားခဲ့ခြင်းဖြစ်ကာ၊ ယင်းမှာ ထိုသို့သော အစေခံသူများကို ငါသည် အထူးဆက်ဆံမှုပေးမည်ဟု ဆိုလိုပေသည်။ တစ်နည်းအားဖြင့်၊ ငါသည် ထိုလူတို့အတွက် ပြစ်ဒဏ်လျှော့ပေါ့ပေးမည် ဖြစ်သည်။ သို့ရာတွင်၊ မရိုးဖြောင့်သကဲ့သို့ လှည့်ဖြားတတ်သော ထိုအစေခံသူတို့သည် ဖျက်ဆီးခြင်းခံရသည့်အရာများ ထဲ၌ ပါဝင်ပေမည်၊ ဆိုလိုသည်မှာ ငါသည် ၎င်းတို့အား ပြင်းထန်သော အပြစ်ပေးခြင်း ခံရစေမည် ဖြစ်သည်။ (၎င်းတို့သည် ဖျက်ဆီးခြင်းခံရမည့် အရာများထဲတွင် ရှိသော်လည်း၊ ဖျက်ဆီးခြင်းခံရသောသူတို့နှင့် ၎င်းတို့သည် များစွာကွာခြား၏။ ၎င်းတို့သည် ထာဝရ ပြင်းထန်သော အပြစ်ဒဏ်ကို ရရှိကြလိမ့်မည်ဖြစ်ပြီး၊ ထိုလူတို့ ရရှိမည့် အပြစ်ဒဏ်သည် စာတန်နတ်ဆိုး၏ အပြစ်ဒဏ် ဖြစ်သည်။ ဤသည်မှာ ထိုသူတို့သည် အဆင်းနီသောနဂါးကြီး၏ သားစဉ်မြေးဆက်များ ဖြစ်သည်ဟု ငါ ပြောခဲ့ချိန်တွင် ငါ ရည်ရွယ်သည့်အရာ၏ စစ်မှန်သော အဓိပ္ပာယ်လည်း ဖြစ်သည်။) သို့သော် ငါ၏ သားဦးများနှင့် ပတ်သက်၍ ဤစကားမျိုးများကို ငါအသုံးမပြုချေ။ ၎င်းတို့နှင့် ပတ်သက်၍၊ ငါသည် ငါ၏သားဦးများကို ပြန်ရမည်ဖြစ်ပြီး၊ ၎င်းတို့သည် ဇိအုန်သို့ နောက်တစ်ဖန် ပြန်သွားလိမ့်မည်ဟု ငါဆိုသည်။ ထို့ကြောင့် ငါ၏သားဦးများသည် ငါ၏ကြိုတင်ပြဋ္ဌာန်းထားကာ ရွေးချယ်ထားသော သူများ ဖြစ်သည်ဟု ငါ အမြဲ ဆိုပြီးဖြစ်၏။ ငါ၏သားဦးများသည် နဂိုမူလက ငါနှင့် သက်ဆိုင်ခဲ့ကြပြီး၊ ၎င်းတို့သည် ငါ့ထံမှ လာခဲ့သည်၊ ထို့ကြောင့် ၎င်းတို့သည် ဤနေရာ ငါ့ထံသို့ ပြန်လာကြရမည်။ သားများနှင့် လူတို့အား သားဦးတို့နှင့် နှိုင်းယှဉ်သည့်အခါ- ဤသည်မှာ အမှန်တကယ် ကောင်းကင်နှင့် မြေကြီး ကွာခြားမှု ဖြစ်သည်။ သားများနှင့် လူတို့သည် အစေခံသူတို့ထက် များစွာ ကောင်းမွန်သော်လည်း၊ ၎င်းတို့သည် ငါနှင့်သက်ဆိုင်သောသူများ လုံးဝ မဟုတ်ပေ။ သားများနှင့် လူတို့အား လူသားမျိုးနွယ်ထဲမှ ထပ်လောင်း ရွေးချယ်ထားခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့် ငါ၏အားအင်ကို သားဦးများအပေါ်၌ အမြဲ အာရုံစိုက်ခြင်းဖြစ်ပြီး၊ ထို့နောက်တွင် ငါသည် သားဦးများအား ဤသားများနှင့် လူတို့ကို စုံလင်စေလိမ့်မည်။ ဤသည်တို့မှာ ငါ၏ အနာဂတ် အမှု အဆင့်များ ဖြစ်သည်။ ယခုတွင် သင်တို့အား ပြောပြခြင်းသည် အသုံးမဝင်ပေ၊ ထို့ကြောင့် ငါသည် ယင်းကို သားများနှင့် လူတို့ထံ ရံဖန်ရံခါမျှသာ ဖော်ပြထားပြီးဖြစ်သော်လည်း၊ သားဦးများထံသို့သာ ငါသည် ဤကိစ္စရပ်များကို ထပ်သလဲလဲ ပြောဆိုကာ ထပ်သလဲလဲ ဖော်ပြထားပြီးဖြစ်သည်။ ဤသည်မှာ ငါ စကားပြောကာ အမှုပြုသည့် နည်းလမ်း ဖြစ်သည်။ အဘယ်သူမျှ ဤအရာကို မပြောင်းလဲနိုင်- ငါ တစ်ဦးတည်းသာ အရာရာနှင့်ပတ်သက်၍ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

နေ့စဉ်၊ ငါသည် သင်တို့၏ အယူအဆများကို ခုခံတွန်းလှန်နေရပြီး၊ တစ်နေ့ပြီးတစ်နေ့ ငါသည် သင်တို့တစ်ဦးချင်းစီကို စိတ်ဖြာလေ့လာနေသည်။ ငါက အတိုင်းအတာတစ်ခုအထိ စကားပြောဆိုပြီးချိန်တွင်၊ သင်တို့သည် ဒုံးရင်းအခြေအနေသို့ ပြန်ရောက်ကာ၊ ငါ၏လူ့သဘာဝကို ငါ၏ ဘုရားသဘောသဘာဝမှ တစ်ဖန် ခွဲခြားကြ၏။ ဤအချိန်တွင်၊ လူတို့ ထုတ်ဖော်ပြခံရမည့် အချိန်သည် ရောက်လာလေပြီ- လူတို့က ငါသည် လူ့ဇာတိ၌ အသက်ရှင်ဆဲဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တိုင် လုံးဝ မဟုတ်၊ ငါသည် လူသားဖြစ်ဆဲဖြစ်ပြီး ဘုရားသခင်သည် ဘုရားသခင်သာ ဖြစ်ဆဲဖြစ်ကာ၊ ဘုရားသခင်သည် ငါဖြစ်သည့် ဇာတိအဖြစ်တော်နှင့် မည်သည့် ပတ်သက်မှုမျှမရှိဟု တွေးထင်ကြသည်။ ဤလူသားမျိုးနွယ် အကျင့်ပျက် လိုက်လေခြင်း။ ငါသည် ယခင်က အလွန်များလှစွာသော နှုတ်ကပတ်တော်များကို ပြောဆိုပြီးဖြစ်သော်လည်း၊ သင်တို့သည် ယင်းတို့အား မတည်ရှိခဲ့သည့်အလား အချိန်ကြာမြင့်စွာက သဘောထားပြီးဖြစ်ကာ ဤအရာက ငါ၏ အရိုးများထဲထိ စွဲသည့် မုန်းတီးမှုဖြင့် ငါ့ကို ပြည့်စေသည်။ အမှန်တကယ် ဤအရာက ငါ့ကို သင့်အပေါ် စက်ဆုပ်ရွံရှာစေ၏။ အဘယ်သူသည် ပြီးပြည့်စုံသော ဘုရားသခင်ကိုယ်တိုင် ဖြစ်သည့်၊ လူ့သဘာဝနှင့် ပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်ခုလုံးရှိသည့် ငါ့ကို သာမန်ကာလျှံကာ ပုန်ကန်ပြစ်မှားဝံ့သနည်း။ အဘယ်သူသည် ၎င်းတို့၏ အတွေးများဖြင့် ငါ့အား ခုခံဝံ့သနည်း။ ငါ၏ကြီးမားလှသော ဘေးဒဏ်သည် စတင် ကျရောက်သည့်နောက်တွင်၊ ငါသည် ၎င်းတို့အား တစ်ဦးတစ်လေကိုမျှ အလွတ်မပေးဘဲ ထို့ထက် ၎င်းတို့အားလုံးကို ပြင်းပြင်းထန်ထန် အပြစ်ပေးလျက် တစ်ယောက်ပြီးတစ်ယောက် အပြစ်ပေးမည်။ ငါ၏ ဝိညာဉ်သည် လူကိုယ်တိုင် အမှုပြု၏၊ ဤသည်မှာ ငါသည် ဘုရားသခင် ကိုယ်တိုင် မဟုတ်ဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အားဖြင့်၊ ယင်းမှာ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်ဟု သာ၍ပင် ဆိုလိုပေသည်။ လူတို့သည် ငါ့အား မသိကြ- ၎င်းတို့အားလုံးသည် ငါ့အား ခုခံကြပြီး၊ ငါ၏ နှုတ်ကပတ်တော်များမှ ငါ၏ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းကို မရှုမြင်ကြဘဲ၊ ယင်းအစား ၎င်းတို့သည် ငါ့အား ဆန့်ကျင်နိုင်ပြီး ငါနှင့်ပတ်သက်၍ အပြစ်ရှာဖို့ တစ်စုံတစ်ရာကို ငါ၏ နှုတ်ကပတ်တော်များထဲတွင် ရှာတွေ့ရန် ကြိုးစားကြသည်။ ငါသည် ငါ၏သားဦးများနှင့်အတူ ဇိအုန်၌ ထွက်ပေါ်လာသည့်တစ်နေ့တွင်၊ ငါသည် ဤကံဆိုးသည့် သတ္တဝါများကို စတင် ကိုင်တွယ်ဖြေရှင်းမည်။ ဤကာလတွင်၊ ငါသည် ဤအမှုကို အဓိက လုပ်ဆောင်နေသည်။ ငါသည် အတိုင်းအတာတစ်ခုထိ ပြောဆိုပြီးချိန်တွင်၊ အစေခံသူ အမြောက်အများသည် နောက်ဆုတ်ကြပြီးဖြစ်လိမ့်မည်ဖြစ်သကဲ့သို့၊ သားဦးတို့သည်လည်း အခက်အခဲမျိုးစုံကို ခံစားကြရပြီး ဖြစ်လိမ့်မည်။ အမှု၏ ဤအဆင့်နှစ်ဆင့် တိုးတက်မှုနှင့်အတူ၊ ငါ၏အမှု၏ အဆင့်သည် အဆုံးသတ်တစ်ခုသို့ ရောက်လာလိမ့်မည်။ တစ်ချိန်တည်းတွင်၊ ငါသည် ငါ၏သားဦးများကို ဇိအုန်သို့ ပြန်ခေါ်ဆောင်လိမ့်မည်။ ဤသည်တို့မှာ ငါ့အမှု၏ အဆင့်များ ဖြစ်သည်။

ငါ၏သားဦးများသည် ငါ့နိုင်ငံတော်၏ မရှိမဖြစ် အစိတ်အပိုင်း ဖြစ်သည်၊ ယင်းမှ ငါ၏ ဇာတိအဖြစ်သည် အမှန်တွင် နိုင်ငံတော် ဖြစ်သည်ကို မြင်တွေ့နိုင်သည်- ငါ၏ နိုင်ငံတော်သည် အဦးအစသည် ငါ၏ သားဦးများ မွေးဖွားခြင်းနောက် လိုက်လာပေသည်။ တစ်နည်းအားဖြင့် ငါ၏နိုင်ငံတော်သည် ကမ္ဘာလောက၏ ဖန်ဆင်းခြင်း အချိန်ကတည်းက တည်ရှိပြီးဖြစ်ကာ၊ ငါ၏သားဦးများကို ရယူဖို့သည် (ဆိုလိုသည်မှာ ငါ၏သားဦးများကို ပြန်ရရန်သည်) ငါ၏နိုင်ငံတော်ကို နဂိုအတိုင်း ပြန်ဖြစ်လာစေရန် ဖြစ်သည်။ ဤအရာမှ၊ သားဦးများသည် အထူး အရေးပါမှုရှိသည်ကို သင်တို့ မြင်တွေ့နိုင်၏။ နိုင်ငံတော် ဖြစ်တည်လာလိမ့်မည်မှာ ငါ၏ သားဦးများ တည်ရှိသည်နှင့် တစ်ပြိုင်နက်ဖြစ်သည်၊ တန်ခိုးအာဏာဖြင့် စိုးစံခြင်းနှင့်ဆိုင်သော လက်တွေ့အရှိတရား ဖြစ်လာလိမ့်မည်၊ အသစ်သော အသက် ထွက်ပေါ်လာလိမ့်မည်ဖြစ်ပြီး၊ ခေတ်ဟောင်းတစ်ခုလုံးသည် အလုံးစုံ အဆုံးသတ်နိုင်ပေသည်။ ဤသည်မှာ မလွဲသော ဦးတည်ရာ ဖြစ်သည်။ သားဦးများသည် ဤအနေအထားတွင် ရှိကြသောကြောင့်၊ ၎င်းတို့သည် ကမ္ဘာကြီး၏ပျက်စီးခြင်း၊ စာတန်၏ ပျက်စီးခြင်းနှင့် အစေခံသူတို့၏ သရုပ်မှန်ကို ဖော်ထုတ်ပြခြင်းနှင့် အဆင်းနီသော နဂါးကြီးသည် သားစဉ်မြေးဆက်များ ရှိမည်မဟုတ်သကဲ့သို့၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ဆင်းသက်ရလိမ့်မည်ဆိုသည့် အမှန်တရားကို အမှတ်အသားပြုပေသည်- ထို့ကြောင့် အာဏာကို ကိုင်စွဲထားသောသူများနှင့် အဆင်းနီသော နဂါးကြီး၏ သားစဉ်မြေးဆက်များဖြစ်သူ အားလုံးသည် ပိတ်ဆို့တားဆီးခြင်း၊ ခုခံခြင်းနှင့် ဖျက်ဆီးခြင်းတို့တွင် အကြိမ်ကြိမ် ပါဝင်လုပ်ဆောင်ကြသည်။ ထိုအတောအတွင်းတွင်၊ ငါသည် ငါ၏ သားဦးများကို အဖန်တလဲလဲ ချီးမြှောက်သည်၊ သက်သေခံပြီး ထုတ်ဖော်ပြ၏။ အကြောင်းမှာ ငါ့ထံမှလာသော သူများသည်သာ ငါ့အတွက် သက်သေခံရန် သင့်လျော်ပေသည်။ ၎င်းတို့သည်သာ ငါကို အသက်ရှင်နေထိုင်ရန် အရည်အချင်းပြည့်မီပြီး၊ ၎င်းတို့သာ ငါ့အတွက် တိုက်ပွဲတွင် တိုက်ခိုက်ပြီး လှပသော အောင်ပွဲကို ရရှိဖို့ အကြောင်းရင်း ရှိကြသည်။ ငါမှလွဲ၍ ရှိသောသူတို့သည် ငါ့လက်ထဲက ရွှံ့စေးအနည်းငယ်မျှထက် မပိုချေ- ၎င်းတို့ အယောက်တိုင်းသည် ဖန်ဆင်းခံအရာများဖြစ်၏။ သားများနှင့် လူတို့သည် ဖန်ဆင်းခြင်း သတ္တဝါများထဲမှ ရွေးချယ်ထားသည့် သာ၍ ကောင်းမွန်သော သူများထက် ဘာမျှ မပိုချေ၊ သို့သော် ၎င်းတို့သည် ငါနှင့် မသက်ဆိုင်ကြ။ ထို့ကြောင့်၊ သားဦးများနှင့် သားများကြားတွင် ကြီးမားသည့် ကွာခြားမှုရှိသည်။ သားများသည် သားဦးများနှင့် နှိုင်းယှဉ်ရန် လုံးဝ အရည်အချင်းမပြည့်မီချေ- ၎င်းတို့သည် သားဦးများ၏ အုပ်ချုပ်ခြင်းနှင့် စိုးမိုးခြင်းကို ခံရ၏။ ယခုတွင် သင်တို့သည် ဤအရာနှင့်ပတ်သက်၍ ရှင်းလင်း ပြတ်သားသင့်ပေသည်။ ငါ ပြောဆိုထားပြီးသော စကားလုံးတိုင်းသည် မှန်ကန်ပြီး မည်သို့မျှ မမှားနိုင်ပေ။ ဤအရာအားလုံးသည် ငါ၏ ဇာတိအဖြစ်တော် ဖော်ပြချက် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ယင်းသည် ငါ၏ မိန့်မြွက်ချက်ဖြစ်သည်။

ငါသည် အနှစ်မဲ့သော စကားများကို မပြောဆိုသကဲ့သို့ ငါသည် အမှားများ မပြုလုပ်ဟု ငါ ဆိုလေပြီ။ ဤသည်မှာ ငါ၏ ဘုန်းအာနုဘော်အား ပြသရန် လုံလောက်သည်။ သို့သော်လည်း လူတို့သည် အကောင်းနှင့် အဆိုးကို မခွဲခြားနိုင်ကြသကဲ့သို့၊ ၎င်းတို့ လုံးလုံးလျားလျား လက်ခံယုံကြည်လာကြသည်မှာ ၎င်းတို့အပေါ် ငါ၏ ပြစ်တင်ဆုံးမခြင်း ကျရောက်သောအချိန်တွင်သာ ဖြစ်သည်။ သို့မဟုတ်ပါက၊ ၎င်းတို့သည် ဆက်လက်ပုန်ကန်ကာ ခေါင်းမာကြလေသည်။ ဤသည်မှာ လူသားမျိုးနွယ်အားလုံးကို ပြန်လည်တိုက်ခိုက်ဖို့ရန် ပြစ်တင်ဆုံးမခြင်းကို ငါ အသုံးပြုရသည့် အကြောင်းရင်း ဖြစ်၏။ လူသားအယူအဆများ၌၊ ဘုရားသခင် ကိုယ်တိုင်သာ ရှိသည့်အတွက်၊ အဘယ်ကြောင့် ငါ့ထံမှလာသော သားဦးများ အလွန်များရသနည်း။ ဤသို့ ငါပြောနိုင်၏- ငါ၏ ကိုယ်ပိုင် အရေးကိစ္စများနှင့်သက်ဆိုင်၍၊ ငါသည် ယင်းတို့ကို ငါ ပြောလိုသည့် မည်သည့်နည်းလမ်းဖြင့်မဆို ပြောဆိုသည်။ လူသားသည် ငါ့အား မည်သည့်အရာ လုပ်ဆောင်နိုင်စွမ်း ရှိသနည်း။ ဤကဲ့သို့လည်း ငါ ပြောနိုင်သည်- သားဦးများနှင့် ငါသည် ပုံသဏ္ဍာန်တစ်ခုတည်းနှင့် မသက်ဆိုင်သော်လည်း၊ ငါတို့သည် ဝိညာဉ်တစ်ခုတည်းနှင့် သက်ဆိုင်ကြ၏။ ထို့ကြောင့် ၎င်းတို့အားလုံးသည် ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်ကြသည်နှင့်အမျှ ငါနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နိုင်ကြသည်။ ငါတို့သည် ပုံသဏ္ဍာန်တစ်ခုတည်းနှင့် မသက်ဆိုင်ကြသည့် အကြောင်းရင်းမှာ လူအားလုံးတို့သည် ငါ့ဇာတိအဖြစ်တော်၏ အစိတ်အပိုင်းတိုင်းအား အံ့မခန်း ရှင်းလင်းမှုဖြင့် မြင်တွေ့နိုင်ကြဖို့အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ငါသည် ငါ၏ သားဦးတို့အား တိုင်းနိုင်ငံအားလုံးနှင့် လူအားလုံးအပေါ် ငါနှင့်အတူ ဩဇာအာဏာ စွဲကိုင်ခွင့်ပေးရသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ အဆုံးသတ် သဘောထား ဖြစ်သည် (ငါ ပြောသော ဤ “အဆုံးသတ် သဘောထား” ဟူသည်မှာ ငါ၏လေသံသည် သိမ်မွေ့ပြီး၊ ငါသည် သားများနှင့် လူတို့အား စတင် စကားပြောဆိုပြီးဖြစ်သည်ကို ဆိုလိုသည်)။ လူအများစုသည် ဤလက္ခဏာသွင်ပြင်နှင့်စပ်လျဉ်း၍ သံသယများ ရှိကြ၏၊ သို့သော်လည်း ၎င်းတို့အတွက် အလွန် များလှစွာသော သံသယဖြင့် မိမိတို့ကိုယ်ကိုယ် ပြည့်စေဖို့ မလိုအပ်ပေ။ ငါသည် လူတို့အား ပုန်ကွယ်စရာ နေရာမရှိဘဲ အရှက်ရစေရန်အလို့ငှာ လူအားလုံး၏ အယူအဆများကို တစ်ခုပြီးတစ်ခု ငါ ဖော်ထုတ်လိမ့်မည်။ ငါသည် စကြဝဠာအနှံ့နှင့် ကမ္ဘာမြေ၏ အစွန်းနေရာများထိ ခရီးသွားကာ စကြဝဠာ၏ အခြေအနေတစ်ခုလုံးကို လေ့လာ၏။ ငါသည် လူအမျိုးအစားတိုင်းကို ဆန်းစစ်၏- ငါ၏ လက်မှ လွတ်မြောက်နိုင်သောသူ တစ်ဦးမျှ မရှိ။ ငါသည် အမှုအရာ အမျိုးအစားတိုင်းတွင် ပါဝင်ပြီး၊ ငါကိုယ်တိုင်ကိုယ်ကျ မကိုင်တွယ်သောအရာ မည်သည့်အရာမျှ မရှိ။ အဘယ်သူသည် ငါ၏ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းကို ငြင်းပယ် ဝံ့သနည်း။ အဘယ်သူသည် ငါနှင့်ပတ်သက်၍ လုံးလုံးလျားလျား လက်ခံယုံကြည်ခြင်း မရှိဝံ့သနည်း။ အဘယ်သူသည် ငါ၏ရှေ့၌ လုံးဝ မိမိတို့ကိုယ်ကိုယ် မဝပ်စင်းဘဲ နေဝံ့သနည်း။ ငါ၏ သားဦးများကြောင့် ကောင်းကင်အားလုံး ပြောင်းလဲလိမ့်မည် ဖြစ်ပြီး၊ ထို့ထက်ပို၍ပင် ငါနှင့် ငါ၏ သားဦးများကြောင့် ကမ္ဘာမြေတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလိမ့်မည်။ လူအားလုံးတို့သည် ငါ၏ ဇာတိအဖြစ်တော်ရှေ့တွင် ဒူးထောက်ကြရမည်ဖြစ်ပြီး၊ အရာရာအားလုံးသည်- အနည်းငယ်မျှ မှားယွင်းမှုမရှိဘဲ- ငါ့လက်များ၏ ထိန်းချုပ်မှုအတွင်းသို့ ဧကန်မုချ ရောက်လာကြရမည်။ အယောက်တိုင်းသည် လုံးလုံးလျားလျား ယုံကြည်လက်ခံကြရမည် ဖြစ်ကာ၊ အရာဝတ္ထုတစ်ခုစီတိုင်းသည် ငါ၏ အိမ်သို့ ရောက်လာရမည်ဖြစ်ပြီး ငါ့အား အစေခံခြင်းကို ပေးကြရမည်။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ နောက်ဆုံးအပိုင်းဖြစ်သည်။ ယခုမှစ၍၊ မတူကွဲပြားသောလူတို့ကို ပစ်မှတ်ထားသည့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များနှင့်ဆိုင်သည့် အမျိုးမျိုးသော အချက်အားလုံးသည် ရလဒ်များ စတင် ဖြစ်ပေါ်စေလိမ့်မည် (အဘယ်ကြောင့်ဆိုသော် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို အပြည့်အဝ လူသိရှင်ကြား ဖြစ်စေကာ၊ လူအမျိုးမျိုးတိုင်းနှင့် အမှုအရာတစ်ခုစီတိုင်းအတွက် သင့်လျော်သော အစီအစဉ်များအား ပြုလုပ်ထားပြီးဖြစ်သောကြောင့် ဖြစ်သည်။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကြောင့် လူအားလုံးတို့သည် ၎င်းတို့၏ သင့်လျော်သော နေရာတွင် ရှိကြရမည်ဖြစ်ပြီး၊ လူအမျိုးမျိုးတိုင်း၏ စစ်မှန်သော စရိုက်များ ဖော်ထုတ်ခြင်း ခံရပေမည်)။ ယင်းမှာ စစ်မှန်သော၊ တကယ့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ ရောက်ရှိခြင်း ဖြစ်လိမ့်မည်။

ယခုတွင် ငါ့အမှု၏ အဆင့်များနှင့်အညီ၊ ငါသည် ငါ ပြောလိုသည့်အရာကို ပြောဆိုပြီး၊ အယောက်တိုင်းသည် ငါ၏ နှုတ်ကပတ်တော်များကို အလေးအနက်ထားရမည် ဖြစ်သည်။ ခေတ်များတစ်လျှောက်လုံး၌၊ သန့်ရှင်းသောသူတိုင်းသည် “ယေရုရှလင်မြို့သစ်”ကို ပြောဆိုပြီးဖြစ်ကာ ယင်းကို အယောက်တိုင်း သိကြသော်လည်း၊ ဤစကားရပ်၏ စစ်မှန်သော အဓိပ္ပါယ်ကို မည်သူမျှ နားမလည်ချေ။ ယနေ့၏အမှုသည် ဤအဆင့်သို့ တိုးတက်ပြီဖြစ်သည်နှင့်အမျှ၊ ယင်းတို့ သင်တို့ နားလည်နိုင်ကြဖို့အလို့ငှာ ငါသည် ဤစကားရပ်၏ စစ်မှန်သော အဓိပ္ပါယ်ကို ထုတ်ဖော်ပြမည် ဖြစ်သည်။ သို့သော် ငါ၏ ထုတ်ဖော်ပြခြင်းတွင် အကန့်အသတ်တစ်ခု ရှိ၏- ယင်းကို ငါ မည်သို့ ရှင်း‌ပြသည်ဖြစ်စေ၊ ပြီးလျှင် ယင်းကို ငါမည်သို့ ရှင်းလင်းစွာ ပြောသည်ဖြစ်စေ၊ မည်သည့် လူသားမျှ ဤဝေါဟာရ၏ လက်တွေ့အရှိတရားကို မခြုံငုံနိုင်သောကြောင့် သင်တို့ မည်သည့်အခါတွင်မျှ လုံးဝ နားမလည်နိုင်ကြပေ။ အတိတ်ကာလ၌ ယေရုရှလင်သည် ကမ္ဘာပေါ်ရှိ ငါ၏ နေထိုင်ရာနေရာကို ရည်ညွှန်းခဲ့သည်၊ ဆိုလိုသည်မှာ၊ ငါ လမ်းလျှောက်ကာ လှုပ်ရှားသည့် နေရာဖြစ်သည်။ သို့သော် “အသစ်” ဟူသော စကားလုံးသည် ဤစကားရပ်ကို ပြောင်းလဲစေပြီး၊ ယင်းသည် ယခုတွင် ဖြစ်လေ့ရှိသည့်အရာနှင့် လုံးဝ မတူပေ။ လူတို့သည် ယင်းကို အနည်းငယ်မျှ သဘောမပေါက်နိုင်ပေ။ လူအချို့က ယင်းသည် ငါ၏ နိုင်ငံတော်ကို ရည်ညွှန်းသည်ဟု ထင်ကြသည်။ လူအချို့က ယင်းမှာ ငါ ဖြစ်သော ဇာတိအဖြစ်တော်ဖြစ်သည်ဟု ထင်ကြသည်။ အချို့က ယင်းမှာ အသစ်သော ကောင်းကင်နှင့် မြေကြီးဟု ထင်ကြ၏၊ ပြီးလျှင် အချို့သော လူတို့သည် ယင်းမှာ ဤကမ္ဘာလောကကို ငါ ဖျက်ဆီးသည့်နောက် ဖြစ်လာသော လောကအသစ်ဟု ထင်ကြသည်။ လူတစ်ဦး၏ စိတ်သည် အလွန့်အလွန် ရှုပ်ထွေးကာ ထူးကဲဆန်းစုံသည့် စိတ်ကူးစိတ်သန်း ရှိနိုင်စွမ်းရှိကြလျှင်ပင်၊ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ ၎င်းတို့ သဘောမပေါက်နိုင်ကြသေးချေ။ ခေတ်များ တစ်လျှောက်လုံး၌၊ လူတို့သည် ဤ စကားရပ်၏ အဓိပ္ပါယ်အစစ်အမှန်ကို သိဖို့ရန် သို့မဟုတ် မြင်ဖို့ရန် မျှော်လင့်နေကြပြီးဖြစ်သည်၊ သို့သော်၊ ၎င်းတို့သည် ၎င်းတို့၏ ဆန္ဒများအား မဖြည့်ဆည်းနိုင်ကြလေပြီ- ၎င်းတို့ အားလုံးသည် ၎င်းတို့၏ ပြင်းပြသောဆန္ဒများကို နောက်ချန်ထားရင်း၊ စိတ်ပျက်အားလျော့ကြပြီးဖြစ်ကာ သေဆုံးကြပြီးဖြစ်သည်။ ငါ၏ အချိန်သည် ရောက်မလာခဲ့သေး သောကြောင့်၊ ငါသည် မည်သူကိုမျှ အလွန်တကူ မပြောပြနိုင်ခဲ့ပေ။ ငါ၏ အမှုသည် ဤအဆင့်ထိ ပြီးစီးပြီဖြစ်သည့်အတွက်၊ ငါသည် သင်တို့အား အရာရာကို ပြောပြမည်။ ယေရုရှလင်မြို့သစ်သည် ဤအရာလေးခုကို ခြုံငုံသည်- ငါ၏ အမျက်ဒေါသ၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၊ ငါ၏ နိုင်ငံတော်နှင့် ငါ၏ သားဦးများအပေါ်တွင် ငါအပ်နှင်းသော အဆုံးမဲ့ ကောင်းချီးမင်္ဂလာများ ဖြစ်ကြသည်။ “အသစ်” ဟူသော စကားရပ်ကို ငါသုံးရသည့်အကြောင်းရင်းမှာ ဤအစိတ်အပိုင်းလေးခုတို့သည် ကွယ်ဝှက်ထားသောကြောင့် ဖြစ်သည်။ ငါ၏ အမျက်ဒေါသကို မည်သူမျှ မသိကြသောကြောင့်၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မည်သူမျှ မသိကြသောကြောင့်၊ ငါ၏ နိုင်ငံတော်ကို မည်သူမျှ မမြင်သေးသကဲ့သို့ ငါ၏ ကောင်းချီးမင်္ဂလာများကို မည်သူမျှ မွေ့လျော်ခံစားခြင်း မရှိကြသေးသောကြောင့်၊ “အသစ်” ဟူသည်မှာ ကွယ်ဝှက်ထားသော အရာကို ရည်ညွှန်း၏။ ယေရုရှလင်မြို့သစ်သည် ကမ္ဘာမြေသို့ ဆင်းသက်ပြီးဖြစ်သော်လည်း၊ ယေရုရှလင်မြို့သစ်၏ လက်တွေ့အရှိတရားကို မည်သူမျှ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခြင်းမရှိကြသေးသောကြောင့်၊ ငါ ပြောဆိုပြီးသောအရာကို မည်သူမျှ အပြည့်အဝ နားမလည်နိုင်ပေ။ ယင်းနှင့်သက်ဆိုင်၍ မည်မျှ ပြည့်ဝစွာ ငါ ပြောဆိုသည်ဖြစ်စေ၊ လူတို့သည် အပြည့်အဝ နားလည်ကြလိမ့်မည် မဟုတ်။ အကယ်၍ တစ်စုံတစ်ဦးက နားလည်လျှင်ပင်၊ ဤနားလည်ခြင်းသည် ၎င်းတို့၏ စကားလုံးများ၊ ၎င်းတို့၏ စိတ်နှင့် ၎င်းတို့၏ အယူအဆများသာ ဖြစ်သည်။ ဤသည်မှာ မလွဲသော ဦးတည်ရာဖြစ်၏။ ဤသည်မှာ တစ်ခုတည်းသော ရှေ့ဆက်လမ်းဖြစ်ပြီး မည်သူမျှ ယင်းမှ မိမိတို့ကိုယ်ကိုယ် မလွတ်မြောက်စေနိုင်ပေ။

အရှေ့သို့- အခန်း ၁၁၁

နောက်တစ်ခုသို့- အခန်း ၁၁၃

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။