အခန်း ၁၁၃

ငါ၏ ဉာဏ်ပညာသည် ငါ လုပ်ဆောင်သည့် လုပ်ရပ်တိုင်းတွင်ရှိသော်လည်း လူသားသည် အခြေခံအားဖြင့် ဤဉာဏ်ပညာကို နားလည်နိုင်စွမ်း မရှိပေ။ လူသားသည် အခြေခံအားဖြင့် ဤအစွမ်းအစ ကင်းမဲ့သည်နှင့်အမျှ၊ ငါ၏လုပ်ရပ်များနှင့် နှုတ်ကပတ်တော်များကိုသာ မြင်နိုင်သည်၊ ငါ၏ဘုန်းအသရေ သို့မဟုတ် ငါ့ ဇာတိအဖြစ်တော်၏ ပေါ်ထွန်းခြင်းကို မမြင်နိုင်ပေ။ ထို့ကြောင့် လူသားအပေါ် ငါ၏ ပြောင်းလဲမှုများဖြစ်စေခြင်းမရှိဘဲနှင့်၊ လူသားသည် ငါ၏ ဉာဏ်ပညာနှင့် ငါ၏အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းကို မြင်နိုင်ဖို့အလို့ငှာ၊ ငါ့သားဦးများနှင့် ငါသည် ဇိအုန်သို့ပြန်သွားကာ ပုံသဏ္ဌာန် ပြောင်းလဲလိမ့်မည်ဖြစ်သည်။ ယခု လူသားမြင်ရသော ငါ၏ဉာဏ်ပညာနှင့် အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းတို့သည် ငါ့ဘုန်းအသရေ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှဖြစ်သည်- ဖော်ပြရန်ပင် မထိုက်တန်ပေ။ ဤအရာမှ ငါ၏ဉာဏ်ပညာနှင့် ဘုန်းအသရေတို့သည် အဆုံးမရှိသကဲ့သို့- တိုင်းတာ၍ မရနိုင်လောက်အောင် နက်ရှိုင်းသကဲ့သို့- လူသား၏ ဉာဏ်သည် အခြေခံအားဖြင့် ယင်းကို မစဉ်းစားနိုင်ပေ သို့မဟုတ် နားမလည်နိုင်ပေ။ နိုင်ငံတော်ကို တည်ဆောက်ခြင်းသည် သားဦးတို့၏တာဝန်ဖြစ်ပြီး ဤသည်မှာ ငါ၏အလုပ်လည်း ဖြစ်သည်။ ဆိုလိုသည်မှာ ယင်းသည် ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ ကိစ္စတစ်ခုဖြစ်သည်။ နိုင်ငံတော်ကို တည်ဆောက်ခြင်းသည် အသင်းတော်ကို တည်ဆောက်ခြင်းနှင့် မတူပေ။ ငါနှင့် ငါ့သားဦးများသည် ငါ၏ ဇာတိအဖြစ်တော်နှင့် နိုင်ငံတော်ဖြစ်သည့်အတွက်၊ ငါ့သားဦးများနှင့် ငါသည် ဇိအုန်တောင်သို့ ဝင်ရောက်သောအခါ၊ နိုင်ငံတော်တည်ဆောက်ခြင်းကို စွမ်းဆောင်ရရှိပြီးဖြစ်လိမ့်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် နိုင်ငံတော်ကို တည်ဆောက်ခြင်းသည် အမှုထဲက အဆင့်တစ်ခု- ဝိညာဉ်လောကထဲသို့ ဝင်ရောက်ခြင်း အဆင့်တစ်ခု ဖြစ်သည်။ (သို့သော် လောကကြီးကို ဖန်ဆင်းခြင်းကတည်းက ငါလုပ်ဆောင်ပြီးသမျှ အားလုံးသည် ဤအဆင့်အတွက် ဖြစ်လေပြီ။ ယင်းသည် အဆင့်တစ်ဆင့်ဟု ငါဆိုသော်လည်း အမှန်တွင် အဆင့်တစ်ဆင့် လုံးဝမဟုတ်ပေ။) ထို့ကြောင့် ငါသည် ဤအဆင့်ကိုအစေခံခြင်းတွင် အစေခံသူအားလုံးကို အသုံးပြုပြီး၊ နောက်ပိုင်းတွင် နောက်ဆုံးသောကာလအတွင်း၌ လူများစွာတို့သည် လက်လျှော့ကြလိမ့်မည်။ ၎င်းတို့အားလုံးသည် သားဦးများကို အစေခံမှုများ ပေးကြလေသည်။ ဤအစေခံသူများကို ကြင်နာမှုပေးသူ မည်သူမဆိုသည် ငါ၏ ကျိန်စာများအားဖြင့် သေဆုံးကြလိမ့်မည်။ (အစေခံသူများအားလုံးသည် အဆင်းနီသောနဂါးကြီး၏ အကြံအစည်များကို ကိုယ်စားပြုကြပြီး အားလုံးသည် စာတန်၏လက်ပါးစေများ ဖြစ်ကြသည်၊ ထို့ကြောင့် ၎င်းတို့ကို ကြင်နာမှုပေးသူတို့သည် အဆင်းနီသောနဂါးကြီး၏ ကြံရာပါများဖြစ်ကြပြီး စာတန်နှင့် သက်ဆိုင်ကြပေသည်။) ငါချစ်သောသူအားလုံးကို ငါချစ်မြတ်နိုးပြီး ငါ၏ကျိန်စာများနှင့် ပူလောင်မှု၏ ပစ်မှတ်များအားလုံးကို ငါသည် စက်ဆုပ်ရွံရှာ၏။ သင်တို့သည်လည်း ဤအရာကို လုပ်ဆောင်နိုင်ကြသလော။ ငါ့ကိုဆန့်ကျင်သောသူ မည်သူ့ကိုမဆို ငါသည် သေချာပေါက် ခွင့်လွှတ်လိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကို ချမ်းသာပေးလိမ့်မည်မဟုတ်။ လုပ်ဆောင်ချက်အသီးသီးကို လုပ်ဆောင်ရာတွင်၊ ငါ့ကိုအစေခံရန် အရေအတွက် များပြားလှသော အစေခံသူများအတွက် ငါသည် စီစဉ်၏။ ထို့ကြောင့် သမိုင်းတစ်လျှောက်လုံးတွင် ပရောဖက်များနှင့် တမန်တော်များ အားလုံးက အစေခံမှု ပြုကြပြီးဖြစ်သည်မှာ ယနေ့၏အဆင့်အတွက် ဖြစ်ကာ၊ ၎င်းတို့သည် ငါ၏စိတ်နှလုံးနှင့် ညီညွတ်ခြင်းမရှိကြသကဲ့သို့၊ ငါ့ထံမှ မဟုတ်ကြပေ။ (၎င်းတို့အများစုသည် ငါ့ကို သစ္စာစောင့်သိကြသော်လည်း၊ မည်သူမျှ ငါနှင့် မသက်ဆိုင်ကြချေ။ ထို့ကြောင့် ၎င်းတို့၏ အလုပ်များနေခြင်းသည် ငါ့အတွက် ဤနောက်ဆုံးသော အဆင့်၏ အခြေခံအုတ်မြစ်ကို ပြုလုပ်ရန်ဖြစ်သော်လည်း၊ ၎င်းတို့ ကိုယ်တိုင်နှင့် ပတ်သက်သရွေ့ ၎င်းတို့၏ အားထုတ်မှုအားလုံးသည် အချည်းနှီး ဖြစ်လေသည်။) သို့ဖြစ်သောကြောင့် နောက်ဆုံးသောကာလအတွင်းတွင် လက်လျှော့ကြသော လူ အရေအတွက် သာ၍ပင် များပြားလိမ့်မည်။ (“များပြားလှသောအရေအတွက်” ဟု ငါပြောရသည့်အကြောင်းရင်းမှာ ငါ၏စီမံခန့်ခွဲမှုအစီအစဉ်သည် ယင်း၏အဆုံးသို့ ရောက်ရှိပြီးဖြစ်သည်၊ ငါ၏နိုင်ငံတော် တည်ဆောက်ခြင်းသည် အောင်မြင်ပြီးဖြစ်သကဲ့သို့၊ သားဦးများသည် ပလ္လင်ပေါ်တွင် ထိုင်ကြပြီဖြစ်သောကြောင့် ဖြစ်သည်။) ယင်းမှာ သားဦးများ၏ ပေါ်ထွန်းခြင်းကြောင့်သာ ဖြစ်သည်။ သားဦးများ ပေါ်ထွန်းပြီးဖြစ်သောကြောင့်၊ အဆင်းနီသောနဂါးကြီးသည် လမ်းကြောင်း အားလုံးကို ထိခိုက်နစ်နာစေဖို့နှင့် အားအင်ကုန်ခမ်းစေဖို့ ဖြသ်နိုင်သမျှ နည်းလမ်းတိုင်းကို ကြိုးစားလေသည်။ ၎င်းသည် ငါ့အတွက် အစေခံမှုပြုရန် လာကြသည့်၊ လက်တလောအချိန်ကာလတွင် ၎င်းတို့၏စရိုက်မှန်များကို ပြသပြီးဖြစ်သကဲ့သို့ ငါ၏စီမံခန့်ခွဲမှုကို ဟန့်တားနှောင့်ယှက်ရန် ကြိုးစားကြပြီး ဖြစ်သည့် ဆိုးညစ်သော ဝိညာဉ်မျိုးစုံကို စေလွှတ်လေသည်။ ဤအရာများကို ပကတိမျက်စိဖြင့် မမြင်နိုင်ပေ။ ယင်းတို့သည် ဝိညာဉ်လောကနှင့်ဆိုင်သည့် အရာအားလုံးဖြစ်သည်။ ထို့ကြောင့် လူတို့သည် နောက်ဆုတ်သော လူ မြောက်မြားစွာ ရှိလိမ့်မည်ကို မယုံကြည်ကြပေ၊ သို့သော် ငါ လုပ်ဆောင်သည့် အရာကို ငါသိသည်၊ ငါ၏စီမံခန့်ခွဲမှုကို ငါနားလည်၏။ ဤသည်မှာ လူသားကို ကြားဝင်စွက်ဖက်ခွင့် မပြုဖို့ အကြောင်းရင်းဖြစ်သည်။ (ဆိုးယုတ်သော ဝိညာဉ်ဆိုး အမျိုးအစားတိုင်းသည် ၎င်းတို့၏ စရိုက်မှန်များကို ထုတ်ဖော်ပြကြမည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်ဖြစ်ကာ၊ လူသားအားလုံး စစ်မှန်ရိုးသားစွာ လက်ခံယုံကြည်ကြလိမ့်မည်။)

ငါသည် ငါ၏သားဦးများကို ချစ်သော်လည်း၊ အဆင်းနီးသော နဂါးကြီး၏ သားစဉ်မြေးဆက်များဖြစ်ကြပြီး ငါ့ကို ကြီးမားသော စစ်မှန်ရိုးသားမှုဖြင့် ချစ်မြတ်နိုးကြသူများကို ငါလုံးဝ မချစ်ပေ။ အမှန်တွင် ၎င်းတို့ကို ငါသာ၍ပင် စက်ဆုပ်ရွံရှာသည်။ (ဤလူတို့သည် ငါ၏လူများ မဟုတ်ကြသကဲ့သို့၊ ၎င်းတို့သည် စေတနာကောင်းများကို ပြကြပြီး နှစ်သက်ဖွယ်သော စကားများကို ပြောကြသော်လည်း၊ ဤသည်မှာ အဆင်းနီသောနဂါးကြီး၏ အကြံအစည်တစ်ခုသာ ဖြစ်သည်၊ ထို့ကြောင့် ငါသည် ၎င်းတို့ကို ငါ၏ရိုးတွင်းခြင်ဆီများထိတိုင် မုန်း၏။) ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်ပြီး၊ ဤသည်မှာ ငါ့ဖြောင့်မတ်ခြင်း အလုံးစုံဖြစ်သည်။ လူသားသည် ယင်းကို လုံးဝ နားလည်၍မရနိုင်ပေ။ အဘယ့်ကြောင့် ငါ၏ဖြောင့်မတ်ခြင်း အလုံးစုံကို ဤနေရာတွင် ထုတ်ဖော်ပြထားသနည်း။ ဤအရာမှ၊ တစ်ဦးတစ်ယောက်သည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသော ငါ၏သန့်ရှင်းသည့် စိတ်သဘောထားကို သိမြင်နိုင်ပေသည်။ ငါသည် ငါ၏သားဦးများကို ချစ်မြတ်နိုးနိုင်သကဲ့သို့ ငါ့သားဦးများ မဟုတ်သော သူများကို (၎င်းတို့သည် သစ္စာစောင့်သိသူများ ဖြစ်ကြလျှင်ပင်) စက်ဆုပ်ရွံရှာနိုင်သည်။ ဤသည်မှာ ငါ၏ စိတ်သဘောထားဖြစ်သည်။ သင်တို့ မမြင်နိုင်သလော။ လူတို့၏အယူအဆများတွင်၊ ငါသည် အစဉ်အမြဲ သနားကရုဏာနှင့်ပြည့်စုံသော ဘုရားသခင် ဖြစ်ပြီး၊ ငါ့ကိုချစ်သောသူ အားလုံးတို့ကို ငါ ချစ်သည်။ ဤအနက်ပြန်ခြင်းသည် ငါ့ကို ဆန့်ကျင်ပြစ်မှားခြင်း ဖြစ်သည်မဟုတ်လော။ ငါသည် တိရစ္ဆာန်များနှင့် သားရဲများကို ချစ်နိုင်သလော။ ငါသည် စာတန်ကို ငါ့သားဦးအဖြစ် သဘောထားပြီး မွေ့လျော်နိုင်သလော။ အဓိပ္ပာယ်မရှိပေ။ ငါ့အမှုကို ငါ၏သားဦးများအပေါ် ငါ ဆောင်ရွက်ပြီး၊ ငါ့သားဦးများမှ လွဲ၍၊ ငါသည် ချစ်မြတ်နိုးရန် အခြား မည်သည့်အရာမျှမရှိပေ။ (သားများနှင့်လူများသည် ဖြည့်စွက်ချက်တစ်ခု ဖြစ်သော်လည်း အရေးမကြီးကြပေ။) လူတို့က ငါသည် အသုံးမဝင်သောအလုပ်များစွာကို လုပ်ဆောင်ခဲ့သည်ဟု ပြောလေ့ရှိသော်လည်း၊ ငါ့အမြင်တွင် ယင်းအမှုသည် အမှန်တွင် တန်ဖိုးအရှိဆုံးနှင့် အဓိပ္ပာယ်အရှိဆုံး ဖြစ်သည်။ (ဤအရာက လူ့ဇာတိခံယူခြင်း နှစ်ရပ်အတောအတွင်း လုပ်ဆောင်ခဲ့သည့် အမှုကို လုံးဝ ရည်ညွှန်းပေသည်။ ငါ၏ တန်ခိုးကို ထုတ်ဖော်ပြလိုသောကြောင့် ငါသည် ငါ၏ အမှုကို ပြည့်စုံစေဖို့ လူ့ဇာတိဖြစ်လာရပေမည်။) ငါ့ဝိညာဉ်တော်သည် ကိုယ်တိုင်ကိုယ်ကျ အမှုပြုရန် ကြွလာသည်ဟု ငါပြောရသည့် အကြောင်းရင်းမှာ ငါ့အမှုသည် လူ့ဇာတိ၌ ပြည့်စုံသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ငါ၏သားဦးများနှင့် ငါသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ စတင်ဝင်ရောက်ပေသည်။ လူ့ဇာတိ၌ စာတန်နှင့် စစ်ဖြစ်ခြင်းသည် ဝိညာဉ်လောက၌ စာတန်နှင့်စစ်ဖြစ်ခြင်းထက် သာ၍ပြင်းထန်၏။ ယင်းကို လူအားလုံးက မြင်နိုင်သည်၊ ထို့ကြောင့် စာတန်၏ သားစဉ်မြေးဆက်များကပင်လျှင် ငါ့အတွက် နှစ်သက်ဖွယ်သော သက်သေကို ခံနိုင်ကြပြီး၊ ထွက်ခွာရန် လိုလားခြင်း မရှိကြချေ။ ဤသည်မှာ ဇာတိပကတိ၌ ငါ၏အမှုပြုခြင်း ကိုယ်၌ထဲက အဓိပ္ပာယ်ဖြစ်သည်။ ယင်းသည် အဓိကအားဖြင့် နတ်ဆိုး၏ သားစဉ်မြေးဆက်များအား နတ်ဆိုးကိုယ်တိုင်ကို ဂုဏ်သရေ ညှိုးစေရန်အလို့ငှာ ဖြစ်သည်။ ဤသည်မှာ နတ်ဆိုးစာတန်အပေါ် ဆိုက်ရောက်စေသည့် အားအကောင်းဆုံးသော အရှက်ရစေခြင်းဖြစ်သည်၊ အလွန်အားကောင်းသည်မှာ ၎င်းသည် ၎င်း၏ အရှက်ရခြင်းကို ကွယ်ဝှက်ရန် နေရာမရှိဖြစ်ကာ သနားကရုဏာအတွက် ငါ၏ ရှေ့မှောက်တွင် ထပ်တလဲလဲ တောင်းပန်လေသည်။ ငါသည် အနိုင်ရလေပြီ၊ ငါသည် အရာရာတိုင်းအပေါ် အောင်နိုင်လေပြီ။ ငါသည် ငါ့သားဦးများနှင့်အတူ မိသားစု ချမ်းမြေ့ပျော်ရွှင်မှုကို မွေ့လျော်ခံစားရန်နှင့် ကောင်းကင်နိုင်ငံတော်၏ ကြီးမားသော စားတော်ပွဲ၌ အစဉ်ထာဝရ ပါဝင်ရန် တတိယကောင်းကင်ကို ငါ ထိုးဖောက်ကျော်လွှားကာ ဇိအုန်တောင်သို့ ရောက်ရှိပြီး ဖြစ်သည်။

သားဦးများအတွက်၊ ငါသည် အဖိုးအခတိုင်းကို ပေးပြီးဖြစ်ကာ ငါ၏ အားထုတ်မှုဖြင့် နာကျင်မှုအားလုံးကို ဆောင်ယူပြီး ဖြစ်သည်။ (ငါလုပ်ဆောင်ခဲ့သမျှအားလုံး၊ ငါပြောပြီးသမျှအားလုံး၊ ဆိုးယုတ်သော ဝိညာဉ်အမျိုးအစားတိုင်းကို ငါ ရိပ်စားမိသည့်အချက်နှင့် အစေခံသူ အမျိုးအစားတိုင်းအား ငါ မောင်းထုတ်ပြီးဖြစ်သည့်အချက်တို့ကို လူသားက တကယ်ကို မသိပေ- ယင်းသည် သားဦးများအတွက်သာ ဖြစ်လေပြီဖြစ်သည်။) သို့သော် ငါ့အမှုများစွာအတွင်းတွင် ငါ၏ စီစဉ်မှုသည် စနစ်တကျ ဖြစ်ပေသည်။ အမှုကို ကျိုးကြောင်းမမြင်ဘဲ သေချာပေါက် လုပ်ဆောင်မထားပေ။ ငါ၏ နေ့စဉ် နှုတ်ကပတ်တော်များတွင်၊ သင်တို့သည် ငါ့အမှု၏ နည်းစနစ်နှင့် ယင်း၏ အဆင့်များကို မြင်နိုင်သင့်သည်။ ငါ၏နေ့စဉ် လုပ်ရပ်များတွင်၊ သင်တို့သည် ငါ၏ဉာဏ်ပညာနှင့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ငါ၏အခြေခံသဘောတရားများကို မြင်နိုင်သင့်ပေသည်။ ငါပြောပြီးသည့်အတိုင်း စာတန်သည် ငါ၏စီမံခန့်ခွဲမှုကို ကြားဝင်နှောက်ယှက်ခြင်းနှင့်ဆိုင်သည့် ရည်ရွယ်ချက်အတွက် ငါ့အတွက် အစေခံမှုကို လုပ်ဆောင်သောသူတို့ကို စေလွှတ်ပြီးဖြစ်သည်။ ဤအစေခံသူတို့သည် တောပင်များဖြစ်ကြသော်လည်း၊ “ဂျုံစပါး” ဆိုသည့် စကားက သားဦးများကို မရည်ညွှန်းဘဲ၊ သားဦးများမဟုတ်သည့် သားများနှင့် လူများအားလုံးကို ရည်ညွှန်းပေသည်။ “ဂျုံစပါးသည် ဂျုံစပါး အမြဲ ဖြစ်လိမ့်မည်။ တောပင်သည်လည်း အမြဲ တောပင် ဖြစ်လိမ့်မည်။” ဤအရာက စာတန်နှင့်သက်ဆိုင်သည့် သူများ၏ သဘာဝသည် ဘယ်သောအခါမျှ မပြောင်းလဲနိုင်သည်ကို ဆိုလိုပေသည်။ ထို့ကြောင့် တိုတိုပြောရလျှင် ၎င်းတို့သည် စာတန် ဆက်ဖြစ်နေကြသည်။ ငါသည် ကမ္ဘာလောက၏ ဖန်ဆင်းခြင်းမတိုင်မီတွင် ဤလူများအထဲသို့ ငါ၏အရည်အသွေးကို ထည့်သွင်းခဲ့သောကြောင့်၊ “ဂျုံစပါး” သည် သားများနှင့်လူများကို ဆိုလိုသည်။ လူသား၏ သဘာဝသည် ပြောင်းလဲခြင်းမရှိဟု ငါ ပြောဆိုနှင့်ပြီးဖြစ်ကာ ယင်းမှာ ဂျုံစပါးသည် အမြဲဂျုံစပါးလိမ့်မည့် အကြောင်းရင်း ဖြစ်သည်။ သို့ဆိုလျှင် သားဦးများကား အဘယ်သို့နည်း။ သားဦးများသည် ငါ့ထံမှ လာကြသည်။ ၎င်းတို့ကို ငါ မဖန်ဆင်းခဲ့ပေ၊ ထို့ကြောင့် ၎င်းတို့ကို ဂျုံစပါးဟု ခေါ်၍မရနိုင်ပေ။ (အဘယ့်ကြောင့်ဆိုသော် ဂျုံစပါးဟု ဖော်ပြခြင်း တစ်ခုတစ်လေသည် “မျိုးကြဲရန်” ဟူသည့် စကားလုံးများနှင့် အမြဲဆက်နွှယ်ပြီး “မျိုးကြဲရန်” ဟူသည်မှာ “ဖန်ဆင်းရန်” ဟု အဓိပ္ပာယ်ရပေသည်။ တောပင်များအားလုံးကို အစေခံသူများအဖြစ် ပြုမူရန် စာတန်က တိတ်တဆိတ် မျိုးကြဲထားခြင်း ဖြစ်သည်။) သားဦးများသည် ငါ၏ ဇာတိအဖြစ်တော်၏ ပြည့်စုံပြီး အလျှံပယ်ဖြစ်သော သရုပ်သကန်ဖြစ်သည်ဟုသာ ပြော၍ရနိုင်ပေသည်။ ယင်းတို့ကို ရွှေ၊ ငွေနှင့် အဖိုးတန်ကျောက်များက ကိုယ်စားပြုသင့်ပေသည်။ ဤအရာက ငါ၏ကြွလာခြင်းသည် သူခိုးတစ်ဦးကဲ့သို့ ဖြစ်သည်ဟူသောအချက်နှင့် သက်ဆိုင်ပြီးပြီး ငါသည် ရွှေ၊ ငွေနှင့် အဖိုးတန်ကျောက်များကို ခိုးယူဖို့ရန် ကြွလာပြီးဖြစ်သည်။ (အဘယ့်ကြောင့်ဆိုသော် ဤရွှေ၊ ငွေနှင့် အဖိုးတန်ကျောက်များသည် မူလက ငါနှင့် သက်ဆိုင်ခဲ့ပြီး၊ ငါသည် ယင်းတို့ကို ငါ့အိမ်သို့ ပြန်ယူဆောင်သွား လိုသောကြောင့်ဖြစ်သည်။) ငါ့သားဦးများနှင့်ငါသည် ဇိအုန်သို့ အတူတကွ ပြန်သွားချိန်တွင်၊ ဤရွှေ၊ ငွေနှင့် ဤအဖိုးတန်ကျောက်များကို ငါသည် ခိုးယူပြီး ဖြစ်ပေလိမ့်မည်။ ဤအချိန်အတောအတွင်းတွင်၊ စာတန်၏ ပိတ်ပင်ခြင်းများနှင့် အနှောင့်အယှက်ခြင်းများ ရှိလိမ့်မည်။ ထို့ကြောင့် ငါသည် ရွှေ၊ ငွေနှင့် အဖိုးတန်ကျောက်များကို ယူဆောင်ပြီး စာတန်နှင့် အဆုံးအဖြတ်ပေးသော တိုက်ပွဲကိုစတင်မည်။ (ဤတွင် ငါသည် ပုံပြင်တစ်ပုဒ်ကို သေချာပေါက် ပြောနေခြင်းမဟုတ်။ ဤသည်မှာ ဝိညာဉ်လောကထဲက ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ယင်းနှင့်ပတ်သက်၍ အတော်အတန် မရှင်းမလင်း ဖြစ်ကြပြီး၊ ယင်းကို ပုံပြင်တစ်ပုဒ်ကဲ့သို့သာ ကြားနိုင်ကြသည်။ သို့သော် ငါ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်က မည်သည့်အရာဖြစ်သည်ကို ငါ၏ နှုတ်ကပတ်တော်များမှ မြင်ဖို့ရန်မှာ သင်တို့၏အမှုအရာ ဖြစ်ပြီး၊ ယင်းကို ရယ်စရာတစ်ခုကဲ့သို့ သင်တို့ လုံးဝ သဘောမထားသင့်ပေ။ သို့မဟုတ်ပါက၊ ငါ့ဝိညာဉ်သည် လူသားအားလုံးထံမှ ထွက်ခွာသွားလိမ့်မည်။) ယနေ့တွင်၊ ဤတိုက်ပွဲသည် လုံးဝ ပြီးဆုံးသွားပြီဖြစ်ပြီး၊ (ငါနှင့် သက်ဆိုင်သည့် ရွှေ၊ ငွေနှင့် အဖိုးတန်ကျောက်များကို သယ်ဆောင်လျက်) ငါသည် ငါ၏ သားဦးများကို ဇိအုန်တောင်သို့ ငါ့အတူ ပြန်လည်ခေါ်ဆောင်သွားမည်။ ရွှေ၊ ငွေနှင့် အဖိုးတန်ကျောက်များ ရှားပါးခြင်းကြောင့်၊ ပြီးလျှင် ယင်းတို့၏ အဖိုးထိုက်တန်ခြင်းကြောင့်၊ စာတန်သည် ယင်းတို့ကို ဆွဲလုဖို့ ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် ကြိုးစားလေသည်၊ သို့သော် ငါ့ထံမှဖြစ်သောအရာသည် ငါ့ထံသို့ ပြန်လာရမည်ဟု အဖန်တလဲလဲ ငါ ဆိုသည်၊ ယင်း၏ အဓိပ္ပာယ်ကို အထက်တွင် ဖော်ပြထားပေသည်။ သားဦးများသည် ငါ့ထံမှလာပြီး၊ ငါနှင့်သက်ဆိုင်သည်ဟု ငါ၏ ပြောဆိုခြင်းသည် စာတန်ထံ ကြေညာချက်တစ်ခု ဖြစ်သည်။ မည်သူမျှ ဤအရာကို နားမလည်သကဲ့သို့၊ ယင်းသည် ဝိညာဉ်လောကနှင့်ဆိုင်သည့် အဖြစ်အပျက်တစ်ခု လုံးဝ ဖြစ်သည်။ ထို့ကြောင့် သားဦးများသည် ငါနှင့်သက်ဆိုင်သည်ဟု အဘယ့်ကြောင့် ငါထပ်တလဲလဲ အလေးပေးပြောရသည်ကို လူသားက နားမလည်ပေ။ ယနေ့တွင် သင် နားလည်သင့်သည်။ ငါ၏ နှုတ်ကပတ်တော်များသည် ရည်ရွယ်ချက်နှင့် ဉာဏ်ပညာ ရှိသည်ဟု ငါဆိုပြီးဖြစ်သော်လည်း၊ သင်တို့သည် ဤအရာကို အပြင်ပန်းသာ နားလည်ကြပေသည်- လူတစ်ဦးကမျှ ဤအရာကို စိတ်ဝိညာဉ်ဖြင့် ရှင်းလင်းစွာ မမြင်နိုင်ပေ။

ငါသည် တိုး၍ တိုး၍ ပြောဆိုပြီး၊ ငါ သာ၍ပြောလေ ငါ့နှုတ်ကပတ်တော်များ သာ၍ ခက်ထန်လာလေ ဖြစ်သည်။ ယင်းသည် အတိုင်းအတာတစ်ခုထိ ရောက်ရှိချိန်တွင်၊ ငါသည် လူတို့ကို အတိုင်းအတာတစ်ခုထိ အမှုပြုရန်၊ လူတို့အား စိတ်နှလုံးထဲနှင့် စကားအားဖြင့်သာ လက်ခံယုံကြည်စေခြင်း မဟုတ်ဘဲ၊ ယင်းထက် ပို၍ ၎င်းတို့အား သေမလား ရှင်မလားဖြစ်စေရန် ငါ၏ နှုတ်ကပတ်တော်များကို အသုံးပြု၏။ ဤသည်မှာ ငါ့အမှု၏ နည်းစနစ်နှင့် ငါ့အမှုက ယင်း၏ အဆင့်များဖြင့် ရှေ့ဆက်ပုံ ဖြစ်သည်။ ထိုသို့ ဖြစ်ရပေမည်။ ထိုမှသာ (နောက်ဆုံးတွင် သားဦးများကို စုံလင်စေဖို့၊ ၎င်းတို့အား ဇာတိပကတိကို ချိုးဖျက်လွတ်မြောက်ပြီး ဝိညာဉ်လောကထဲသို့ ဝင်ရောက်ခွင့်ပေးရန် ငါ၏နှုတ်ကပတ်တော်များကို အသုံးပြုရင်း) ယင်းသည် စာတန်ကို အရှက်ရစေနိုင်ပြီး၊ သားဦးများကို စုံလင်စေနိုင်ပေသည်။ လူသားသည် ငါ့ နှုတ်ကပတ်တော်များ၏ နည်းစနစ်နှင့် သဘောသွားကို နားမလည်ပေ။ ငါ၏ ရှင်းပြချက်မှ အချို့သော ထိုးထွင်းသိမြင်မှုသည် သင်တို့အားလုံးထံသို့ လာသင့်ပြီး၊ သင်တို့အားလုံးသည် သင်တို့ လုပ်ဆောင်ရမည့် အလုပ်ကို ပြီးစီးဖို့ ငါ၏ နှုတ်ကပတ်တော်များကို လိုက်လျှောက်သင့်ကြပေသည်။ ဤသည်မှာ သင်တို့အား ငါ အပ်နှင်းပြီးသော အရာ ဖြစ်သည်။ ဤအရာကို အပြင်လောကမှသာမက သာ၍ အရေးကြီးသည်မှာ ဝိညာဉ်လောကမှလည်း သင်တို့သိရမည်။

အရှေ့သို့- အခန်း ၁၁၂

နောက်တစ်ခုသို့- အခန်း ၁၁၄

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။