အခန်း ၁၀၂

ငါသည် အတိုင်းအတာတစ်ခုအထိ ပြောဆိုပြီးဖြစ်ကာ ငါ၏ အမှုသည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိပြီးဖြစ်သည်။ သင်တို့ အသီးသီးသည် ငါ၏ အလိုကို ဘောပေါက်နေသင့်ပြီး ငါ၏ ဝန်ကို အမျိုးမျိုးသော အတိုင်းအတာအထိ ထောက်ထားနိုင်သင့်သည်။ ယခုသည် ဇာတိပကတိမှ ဝိညာဉ်လောကထဲသို့ ပြောင်းလဲသောအချိန် အလှည့်အပြောင်းဖြစ်သည်- သင်တို့သည် ခေတ်ကာလများကြား ဖြတ်ကျော်နေသည့် ရှေ့ပြေးများ၊ စကြဝဠာနှင့် ကမ္ဘာအစွန်းဆုံး နေရာများကို ဖြတ်ကူးသော စကြဝဠာနှင့်ဆိုင်သည့် လူများ ဖြစ်ကြသည်။ သင်တို့သည် ငါ၏ အချစ်မြတ်နိုးဆုံးသူများ ဖြစ်သည်။ သင်တို့သည် ငါချစ်သောသူများ ဖြစ်ကြသည်။ ငါ၏အားသွန်ခွန်စိုက် လုပ်ရသော အားထုတ်မှုအားလုံးသည် သင်တို့အတွက် ဖြစ်သောကြောင့်၊ ငါသည် သင်တို့မှလွဲ၍ မည်သူကိုမျှ မချစ်ဟု ဆိုနိုင်သည်။ ယင်းကို သင်တို့ မသိခြင်း ဖြစ်နိုင်သလော။ အရာခပ်သိမ်းကို ငါအဘယ်ကြောင့် ဖန်ဆင်းခဲ့မည်နည်း။ သင်တို့အား အလုပ်အကျွေးပြုရန် အရာခပ်သိမ်းကို အဘယ်ကြောင့် ငါ လှုပ်ရှားစေခဲ့မည်နည်း။ ဤလုပ်ရပ်အားလုံးသည် သင်တို့အတွက် ငါ့ချစ်ခြင်းမေတ္တာ၏ ဖော်ပြချက်များ ဖြစ်ခဲ့ပေသည်။ ငါသည် သင်တို့အား ရယူခြင်းအတွက် တောင်များနှင့် တောတောင်များထဲမှ အရာခပ်သိမ်း၊ ပြီးလျှင် ကမ္ဘာမြေကြီးနှင့် ကမ္ဘာမြေကြီးပေါ်မှ အရာခပ်သိမ်းတို့သည် ငါ့အား ချီးမွမ်းကာ ဘုန်းထင်ရှားစေကြသည်။ အမှန်တွင် အရာရာတိုင်းကို လုပ်ဆောင်ပြီး ဖြစ်သည်။ ထို့အပြင် အရာရာတိုင်းကို စေ့စေ့စပ်စပ် လုပ်ဆောင်ပြီး ဖြစ်သည်။ သင်တို့သည် ငါ့အဖို့ ထူးကဲသော သက်သေကို ခံကြပြီးဖြစ်ကာ၊ ငါ့အတွက် နတ်ဆိုးများနှင့် စာတန်ကို အရှက်ရစေကြပြီး ဖြစ်သည်။ ငါ၏ အပြင်ဘက်ရှိ လူများ၊ အရေးကိစ္စများနှင့် အမှုအရာအားလုံးသည် ငါ၏ သြဇာအာဏာ အောက်တွင် ကျိုးနွံနာခံကြပြီး၊ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ် ပြီးပြည့်စုံခြင်းကြောင့်၊ အားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင်အမျိုးအစား နောက်လိုက်ကြသည် (ငါ၏ လူများသည် ငါနှင့်သက်ဆိုင်ပြီး စာတန်၏ အမျိုးအားလုံးသည် မီးအိုင်နှင့် သက်ဆိုင်ကြသည်- ၎င်းတို့သည် ထာဝရ ငိုကြွေးမြည်တမ်းကြမည်ဖြစ်ပြီး၊ အစဉ်အမြဲ ဆုံးရှုံး ပျက်စီးကြမည့် နေရာဖြစ်သည့် အနက်ဆုံးသော တွင်းထဲသို့ ကျဆင်းသွားကြသည်။) “ဆုံးရှုံးပျက်စီးခြင်း” နှင့် “ထိုအချိန်မှ စတင်ကာ ၎င်းတို့၏ ခန္ဓာ၊ စိတ် နှင့် ဝိညာဉ်ကို ယူကာ၊” ဟူ၍ ငါပြောဆိုသည့်အခါ၊ ငါသည် ၎င်းတို့အား စာတန်၏ လက်သို့ လွှဲအပ်လိုက်ခြင်းနှင့် ၎င်းတို့အား နင်းခြေခွင့်ပေးခြင်းကို ရည်ညွှန်းနေပေသည်။ တစ်နည်းအားဖြင့်ဆိုသော် ငါ၏ အိမ်သူအိမ်သား မဟုတ်သောသူ အားလုံးသည် ပျက်စီးခြင်း ခံရမည့်အရာများ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ တည်ရှိတော့မည် မဟုတ်။ ဤသည်မှာ လူတို့ စိတ်ကူးသကဲ့သို့ ၎င်းတို့ ရှိကြတော့မည် မဟုတ်ဟု မဆိုလိုပေ။ ယင်းမှာ ငါ၏ အယူအဆတွင် ငါ၏ အပြင်ဘက်ရှိ အရာရာသည် မတည်ရှိဟု ဆိုနိုင်ပြီး ဤသည်မှာ ထာဝရ ပြစ်ဒဏ်ခံရခြင်း အဖြစ်၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ လူသား၏အမြင်တွင် ဤအရာတို့သည် တည်ရှိပုံရသေးသော်လည်း၊ ငါ၏ အမြင်တွင် ၎င်းတို့သည် ဘာမျှမရှိခြင်းအဖြစ်သို့ ပြောင်းသွားပြီး ဖြစ်ကာ ထာဝရကာလပတ်လုံး ပျက်စီးဆုံးရှုံးကြလိမ့်မည်ဖြစ်သည်။ (ငါအမှုမပြုတော့သည့် သူများသည် ငါ၏ အပြင်ဘက်၌ ရှိသည်ဟု ငါအလေးပေးပြောခြင်း ဖြစ်သည်။) လူသားများတွင် ၎င်းတို့ မည်သို့ တွေးသည်ဖြစ်စေ၊ ဤအရာကို ၎င်းတို့ သဘောမပေါက်နိုင်ကြသကဲ့သို့၊ ၎င်းတို့ မည်မျှကောင်းစွာ မြင်သည်‌ဖြစ်စေ၊ ယင်းကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့အား ငါ အသိဉာဏ် မပွင့်လင်းစေပါက၊ ၎င်းတို့ကို အလင်းမပေးသကဲ့သို့ ယင်းကို ၎င်းတို့ထံ တိကျပြတ်သားစွာ မထောက်ပြပါက၊ လူတို့သည် ရှင်းလင်းစွာ နားမလည်နိုင်ပေ။ ထို့အပြင် ၎င်းတို့အားလုံးက ယခင်ထက် သာ၍ အနှစ်မဲ့သည်ကို ခံစားရင်းနှင့် လိုက်လျှောက်ရန် လမ်းကြောင်း မရှိဟု တိုး၍ ခံစားကြရင်း၊ ယင်းနှင့်ပတ်သက်ပြီး ပို၍ပို၍ ဇဝေဇဝါ ဖြစ်လာကြသည်- ၎င်းတို့သည် လူသေများကဲ့သို့ ဖြစ်လုနီးနီး ဖြစ်ကြသည်။ ယခု (သားဦးများမှအပ လူအားလုံးကို ဆိုလိုခြင်း) လူသားအများစုသည် ဤအခြေအနေတွင် ရှိကြသည်။ ဤအရာများကို အင်မတန် ရှင်းလင်းပြတ်သားမှုဖြင့် ငါထောက်ပြပြီးဖြစ်သော်လည်း၊ ဤလူတို့သည် တုံ့ပြန်မှု မရှိကြသကဲ့သို့၊ ၎င်းတို့၏ ဇာတိသွေးသား ပျော်ရွှင်မှုများကို ဂရုစိုက်နေကြဆဲဖြစ်သည်၊ ၎င်းတို့ စားလိုက် အိပ်လိုက်၊ အိပ်လိုက် စားလိုက် လုပ်နေသည်။ ၎င်းတို့သည် ငါ၏ နှုတ်ကပတ်တော်များကို တွေးဆခြင်း မရှိကြပေ။ ၎င်းတို့ အားထုတ်သည့်အခါတွင်ပင်၊ ယင်းသည် တစ်ခဏမျှသာဖြစ်သည်။ နောက်ပိုင်းတွင် ငါ့အား လုံးဝ နားမထောင်ခဲ့ကြသည့်အလား လုံးဝ မပြောင်းလဲဘဲလျက်၊ ၎င်းတို့ ရှိခဲ့ကြသည့်အတိုင်း ရှိနေကြဆဲဖြစ်သည်။ ဤသည်မှာ ဝန်ထုပ်ဝန်ပိုးများ မရှိသော ထုံးစံအတိုင်းဖြစ်သည့် အသုံးမကျသော လူများဖြစ်သည်။ ၎င်းတို့သည် အသိသာဆုံးသော ကပ်ပါးရပ်ပါးများ ဖြစ်ကြသည်။ နောက်ပိုင်းတွင် ငါသည် ၎င်းတို့အား တစ်ယောက်ပြီး တစ်ယောက် စွန့်ပယ်မည်။ မစိုးရိမ်နှင့်။ တစ်ယောက်ပြီး တစ်ယောက် ငါသည် ၎င်းတို့အား အနက်ဆုံးသော တွင်းထဲသို့ ပြန်ပို့မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့သော လူအမျိုးအစား ပေါ်၌ မည်သည့်အခါမျှ အမှုမပြုဖူးသကဲ့သို့၊ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် ၎င်းတို့ ရရှိပြီးဖြစ်သည့် ဆုကျေးဇူးများမှ လာပေသည်။ ဆုကျေးဇူးအကြောင်းကို ငါပြောဆိုသည့်အခါ၊ ဤသူတို့မှာ ငါ၏ အစေခံသူများဖြစ်သည့် အသက်မရှိသော လူများဖြစ်သည်ကို ဆိုလိုပေသည်။ ငါသည် ၎င်းတို့ထဲမှ မည်သူကိုမျှ မလိုချင်သကဲ့သို့၊ ၎င်းတို့အား ငါပယ်ထုတ်မည် (သို့သော် ယခုတွင်မူ ၎င်းတို့သည် အနည်းငယ် အသုံးဝင်ကြသေးသည်)။ အစေခံသူများဖြစ်ကြသော အသင်တို့ နားထောင်ကြလော့။ သင်တို့ကို ငါ၏အသုံးပြုနေခြင်းမှာ သင့်အား ငါမျက်နှာသာပေးသည်ကို ဆိုလိုသည်ဟု မထင်ကြနှင့်။ ယင်းမှာ သိပ်လွယ်ကူလှသည် မဟုတ်။ အကယ်၍ သင်သည် ငါ့အား သင့်ကို မျက်နှာသာ ပေးစေလိုပါက၊ သင်သည် ငါလက်ခံသောသူနှင့် ငါကိုယ်တိုင် ကိုယ်ကျ စုံလင်စေသောသူတစ်ဦး ဖြစ်ရမည်။ ဤသည်မှာ ငါချစ်သော လူအမျိုးအစား ဖြစ်သည်။ လူတို့က ငါသည် အမှားတစ်ခု ပြုမိပြီဟု ဆိုကြလျှင်ပင်၊ ငါသည် လုံးဝ ကတိပျက်မည် မဟုတ်ပေ။ ဤအရာကို သင်သိသလော။ အစေခံခြင်းကို ပေးသောသူများသည် ကျွဲနွားနှင့် မြင်းများသာ ဖြစ်ကြသည်။ ၎င်းတို့သည် အဘယ်သို့ ငါ၏ သားဦးများ ဖြစ်နိုင်ကြမည်နည်း။ ယင်းမှာ အဓိပ္ပာယ်မဲ့မည် မဟုတ်လော။ ယင်းမှာ သဘာဝ၏ နိယာမများအား ဖောက်ဖျက်မှုတစ်ခု ဖြစ်မည် မဟုတ်လော။ ငါ၏ အသက်နှင့် ငါ၏ အရည်အချင်း ရှိသောသူ မည်သူမဆိုသည် ငါ၏ သားဦးများ ဖြစ်ကြသည်။ ဤသည်မှာ ယုတ္တိတန်သောအရာ ဖြစ်သည်။ မည်သူမျှ ယင်းကို မငြင်းနိုင်။ ယင်းသည် ထိုသို့ ဖြစ်ရပေမည်။ သို့မဟုတ်ပါက ဤအခန်းကဏ္ဍတွင် လုပ်ဆောင်နိုင်သောသူမည်သူမျှ ရှိမည်မဟုတ်သကဲ့သို့၊ ယင်းအတွက် အစားထိုးနိုင်သောသူ မည်သူမျှ ရှိမည် မဟုတ်ပေ။ ငါသည် ဖြောင့်မတ်သော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည့်အတွက်၊ ဤသည်မှာ စိတ်ခံစားချက်ကို အကြောင်းပြု၍ ဆောင်ရွက်သည့် ကိစ္စတစ်ခု မဟုတ်ပေ။ ငါသည် သန့်ရှင်းသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ ငါသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသည့်၊ ပုန်ကန်ပြစ်မှား၍မရသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။

လူသားများအတွက် မဖြစ်နိုင်သော အရာတိုင်းသည် ငါ့အတွက် အဆင်ပြေချောမွေ့ကာ အချုပ်အနှောင်ကင်းသည်။ ယင်းကို မည်သူမျှ မရပ်တန့်နိုင်သကဲ့သို့ မည်သူကမျှ မပြောင်းလဲနိုင်ပေ။ နတ်ဆိုးစာတန်လေးကို မပြောနှင့်၊ ယင်း၏ ကြီးမားမှုဖြင့် ကမ္ဘာ လောကကြီးသည် ငါ၏ လက်ထဲတွင် လုံးဝ ရှိပေသည်။ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်ကြောင့်သာ မဟုတ်ခဲ့ပါက၊ ငါ၏ သားဦးများကြောင့်သာ မဟုတ်ခဲ့ပါက၊ ငါသည် ဤအိုဟောင်းဆိုးယုတ်သည့်အပြင် သေခြင်း အနံ့ဆိုးဖြင့် အလွန်နံဟောင်နေသည့် ဤလူတကာနှင့် သောင်းပြောင်း လိင်ဆက်ဆံတတ်သည့် ခေတ်ကို အချိန်ကြာမြင့်စွာက ဖျက်ဆီးပြီး ဖြစ်ပေမည်။ သို့သော် ငါသည် မှန်ကန်မှုဖြင့် ဆောင်ရွက်ပြီး၊ ပေါ့ပေါ့တန်တန် စကားမပြောပေ။ တစ်စုံတစ်ရာကို ငါပြောလိုက်သည်နှင့်တစ်ပြိုင်နက်၊ ယင်းသည် ပြီးမြောက်သွားလိမ့်မည်။ အကယ်၍ ဤသည်မှာ ထိုသို့မဖြစ်ခဲ့လျှင်ပင်၊ ငါ့အတွက် အရာရာကို ပြီးမြောက်စေမည်ဖြစ်ကာ ငါ၏ လုပ်ဆောင်ချက်များအတွက် လမ်းဖွင့် ပေးမည့် ငါ့ဉာဏ်ပညာ၏ ရှုထောင့် အမြဲရှိသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ငါ၏ နှုတ်ကပတ်တော်များသည် ငါ၏ ဉာဏ်ပညာ ဖြစ်သောကြောင့် ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များသည် အရာရာဖြစ်၏။ လူတို့သည် ထိုနှုတ်ကပတ်တော်များကို အခြေခံအားဖြင့် နားမလည်နိုင်ကြသကဲ့သို့၊ ယင်းတို့ကို သဘောမပေါက်နိုင်ကြပေ။ “မီးအိုင်” ကို ငါ မကြာခဏ ရည်ညွှန်းသည်။ ယင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် ကန့်နှင့်ရောသော မီးအိုင်နှင့် အဘယ်သို့ ကွာခြားသနည်း။ ကန့်နှင့်ရောသော မီးအိုင်ဆိုသည်မှာ စာတန်၏ သြဇာလွှမ်းမိုးမှုကို ရည်ညွှန်းပြီး မီးအိုင် ဆိုသည်မှာ စာတန်၏ အုပ်စိုးမှုအောက်၌ရှိသော ကမ္ဘာလောကတစ်ခုလုံးကို ဆိုလိုသည်။ ကမ္ဘာလောကထဲရှိ အယောက်တိုင်းသည် မီးအိုင်ထဲတွင် လောင်မြိုက်ခြင်းကို ခံကြရသည် (ဆိုလိုသည်မှာ ၎င်းတို့သည် တိုး၍ ဖောက်ပြန်ပျက်စီးလာကြပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုသည် အဆင့်တစ်ခုသို့ ရောက်ရှိ ပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် တစ်ယောက်ပြီး တစ်ယောက် ငါ၏ ဖျက်ဆီးခြင်းကို ခံကြရလိမ့်မည်၊ ယင်းမှာ နှုတ်ကပတ်တော် တစ်ခုမျှ၏ မိန့်မြွက်ချက်ဖြင့် အလွယ်တကူ ငါ လုပ်ဆောင်နိုင်ပေသည်)။ ငါ၏ အမျက် ပို၍ ကြီးလေ၊ မီးအိုင် တစ်လျှောက် မီးတောက်မီးလျှံ ပို၍ ကြီးလေ ဖြစ်သည်။ ဤသည်မှာ လူတို့သည် ပို၍ ပို၍ ဆိုးယုတ်လာပုံကို ရည်ညွှန်းပေသည်။ ငါ၏ အမျက်ဒေါသ ပေါက်ကွဲသည့် အချိန်သည် မီးအိုင် ပွင့်ထွက်ပေါက်ကွဲသည့် အချိန်လည်း ဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ ယင်းသည် စကြဝဠာ ကမ္ဘာ တစ်ခုလုံး ဆုံးရှုံးပျက်စီးသည့် အချိန် ဖြစ်လိမ့်မည်။ ထိုနေ့ရက်တွင် ငါ၏ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်၌ အပြည့်အဝ ပေါ်ထွန်းလိမ့်မည်ဖြစ်ပြီး၊ အသက်သစ် တစ်ခု စတင်လိမ့်မည်။ ဤသည်မှာ များမကြာမီ ပြည့်စုံလာမည့် အရာတစ်ခု ဖြစ်သည်။ ယင်းကို ငါပြောဆိုခြင်းဖြင့်၊ အရာရာသည် အမြင်တွင် ပြည့်စုံလာလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ကိစ္စရပ်နှင့်ဆိုင်သည့် လူသား၏ အမြင်တွင် ဖြစ်သော်လည်း၊ ငါ့အတွက် အရာရာသည် လွယ်ကူသောကြောင့်၊ ငါ၏ အမြင်တွင် အမှုအရာများသည် ကြိုတင်ပြီးပြည့်စုံနှင့်ပြီး ဖြစ်လိမ့်မည်။ ငါ စကားပြောပြီး ယင်းသည် ပြီးစီးသွား၏။ ငါ စကားပြောပြီး ယင်းသည် တည်ထောင်ခြင်းသို့ ရောက်လေသည်။

နေ့စဉ်နေ့တိုင်း သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို စားကြသည်၊ ငါ၏ ဗိမာန်တော်ထဲတွင် ကြွယ်ဝခြင်းကို မွေ့လျော်ကြသည်၊ ငါ၏ အသက်ရေစီးရာမြစ်မှ ရေကို သောက်ကြပြီး၊ ငါ၏ အသက်ပင်မှ အသီးကို ခူးဆွတ်ကြသည်။ သို့ဆိုလျှင် ငါ၏ ဗိမာန်တော်ထဲက ကြွယ်ဝခြင်းဆိုသည်မှာ အဘယ်နည်း။ ငါ၏ အသက်ရေစီးရာမြစ်မှ ရေဆိုသည်မှာ အဘယ်နည်း။ အသက်ပင် ဆိုသည်မှာ အဘယ်နည်း။ အသက်ပင်၏ အသီးဆိုသည်မှာ အဘယ်နည်း။ ဤစကားရပ်များကို ကြားနေကျဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ မည်သို့ပင်ဆိုစေ ယင်းတို့သည် စိတ်ရှုပ်ထွေးသာ စိတ်ရှုပ်ထွေးနေကြသည့် လူသား အားလုံးအဖို့ နားမလည်နိုင်စရာ ဖြစ်သည်။ ၎င်းတို့သည် ထိုအသုံးအနှုန်းများကို တာဝန်မဲ့စွာ ပြောဆိုနေကြသည်၊ မဆင်မခြင် အသုံးပြုနေကြပြီး ယင်းတို့ကို ကြုံရာကျပန်း အသုံးချနေကြသည်။ ဗိမာန်တော်ထဲက ကြွယ်ဝခြင်း ဆိုသည်မှာ ငါ ပြောဆိုပြီးသော နှုတ်ကပတ်တော်များကို မဆိုလိုသကဲ့သို့၊ သင်တို့အပေါ် ငါ အပ်နှင်းပြီးဖြစ်သော ကျေးဇူးတော်တို့ကို မဆိုလိုပေ။ သို့ဆိုလျှင် ယင်းသည် အမှန်တကယ် မည်သည့်အရာကို ဆိုလိုသနည်း။ ရှေးကာလများ ကတည်းက၊ ငါ၏ ဗိမာန်တော်ထဲက ကြွယ်ဝခြင်းကို မွေ့လျော်ရလောက်အောင် မည်သူမျှ ကံမကောင်းဖူးကြချေ။ နောက်ဆုံးသော ကာလတွင်သာ၊ ငါ၏ သားဦးများအလယ်တွင် လူတို့သည် ငါ၏ ဗိမာန်တော်ထဲက ဤကြွယ်ဝခြင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ကို မြင်နိုင်ကြပေသည်။ ဤစကားရပ်ထဲက “ဗိမာန်တော်” သည် ငါ၏ ဇာတိအဖြစ်တော်ကို ရည်ညွှန်းသည်။ ယင်းသည် ငါ၏ ဘုံဗိမာန်ဖြစ်သည့်၊ ဇိအုန်တောင်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ငါ၏ ခွင့်ပြုချက် မရှိဘဲနှင့်၊ မည်သူမျှ ထိုအရာထဲသို့ မဝင်ရောက်နိုင် သို့မဟုတ် ထိုအရာမှ မထွက်နိုင်။ “ကြွယ်ဝခြင်း” ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ခန္ဓာဖြင့် ငါနှင့်အတူ စိုးစံနိုင်ခြင်းနှင့်ဆိုင်သည့် ကောင်းချီးမင်္ဂလာကို ရည်ညွှန်းပေသည်။ ယေဘုယျအားဖြင့် ဆိုပါက၊ ဤသည်မှာ သားဦးများ၏ ခန္ဓာဖြင့် ငါနှင့်အတူ စိုးစံနိုင်ခြင်း ကောင်းချီးမင်္ဂလာကို ရည်ညွှန်းပြီး၊ ဤသည်မှာ နားလည်ရန် မခက်ပေ။ အသက်ရေစီးရာမြစ်၏ ရေသည် အဓိပ္ပာယ် နှစ်မျိုးရှိ၏- တစ်ဖက်တွင်၊ ယင်းသည် ငါ၏ စမ်းရေတွင်းမှ စီးဆင်းသော အသက်ရေကို ရည်ညွှန်းသည်- ဆိုလိုသည်မှာ ငါ၏ နှုတ်မှ ထုတ်ပြန်သော နှုတ်ကပတ်တော်တိုင်း ဖြစ်သည်။ အခြားတစ်ဖက်တွင် ယင်းသည် ငါ့လုပ်ဆောင်မှုများ နောက်ကွယ်က ဉာဏ်ပညာနှင့်‌ နည်းဗျူဟာတို့အပြင်၊ ငါ၏ဖြစ်ခြင်းနှင့် ငါ၏အရာအားလုံးကို ရည်ညွှန်းပေသည်။ ငါ၏ နှုတ်ကပတ်တော်များသည် အဆုံးမရှိသည့်၊ ဝှက်ထားသော နက်နဲမှုများ ရှိသည် (ပြီးလျှင် ထိုနက်နဲမှုများသည် ဝှက်ထားခြင်း မရှိတော့ခြင်းသည် အတိတ်ကာလနှင့် ဆန့်ကျင်ဘက်ဖြင့် ဖော်ပြထားခြင်း ဖြစ်သော်လည်း၊ အနာဂတ်တွင် ဖြစ်ပျက်မည့် လူသိရှင်ကြား ထုတ်ဖော်ပြချက်နှင့် နှိုင်းယှဉ်ပါက၊ ယင်းတို့သည် ဝှက်ထားဆဲဖြစ်သည်။ ဤနေရာ၌ “ဝှက်ထားခြင်း” ဆိုသည်မှာ အကြွင်းမဲ့မဟုတ်။ နှိုင်းယှဉ်ချက်အရ ဖြစ်သည်)။ တစ်နည်းအားဖြင့် အသက်ရေစီးရာမြစ်မှ ရေသည် အစဉ် စီးဆင်းနေခြင်းဖြစ်သည်။ ငါ့အထဲတွင်၊ အဆုံးမဲ့ ဉာဏ်ပညာရှိပြီး လူတို့သည် ငါ၏ဖြစ်ခြင်းနှင့် ငါ၏အရာအားလုံးကို လုံးဝ သဘောမပေါက်နိုင်ကြချေ။ ဆိုလိုသည်မှာ အသက်ရေစီးရာမြစ်၏ ရေသည် အစဉ် စီးဆင်းခြင်း ဖြစ်သည်။ လူသား အမြင်တွင်၊ ကိုယ်ထည်ရှိသော သစ်ပင်အမျိုးအစား များစွာရှိကြသော်လည်း မည်သူမျှ အသက်ပင်ကို မမြင်တွေ့ဖူးကြချေ။ သို့သော်လည်း ယင်းကို ယနေ့ မြင်ရသော်လည်း၊ လူတို့သည် ယင်းကို သတိမပြုမိကြသေးချေ- သို့သော် ၎င်းတို့သည် အသက်ပင်မှ စားသုံးခြင်းအကြောင်းကိုပင် ပြောဆိုကြသေးသည်။ ယင်းမှာ အမှန်တကယ် အဓိပ္ပာယ် မရှိလိုက်လေခြင်း။ ၎င်းတို့သည် အသက်ပင်ကို လက်လွတ်စပယ် စားကြမည်တကား။ ယနေ့ လူတို့သည် အသက်ပင်ကို မြင်ကြသော်လည်း၊ သတိမပြုမိကြဟု အဘယ်ကြောင့် ငါဆိုသနည်း။ အဘယ်ကြောင့် ငါထိုသို့ဆိုသနည်း။ ငါ၏ နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို သင်နားလည်သလော။ ယနေ့၏ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်သည် ငါဖြစ်သည့် ဇာတိအဖြစ်တော်ဖြစ်ပြီး သူသည် အသက်ပင် ဖြစ်သည်။ ငါ့ကို အကဲဖြတ်ရန် လူသားတို့၏ အယူအဆများကို အသုံးမပြုနှင့်။ အပြင်ပန်းတွင်၊ ငါသည် အပင်တစ်ပင်နှင့် မတူသော်လည်း၊ ငါသည် အသက်ပင် အမှန်တကယ် ဖြစ်သည်ကို သင် သိသလော။ ငါ၏ လှုပ်ရှားမှု၊ ငါ၏ စကားနှင့် နည်းဟန်တိုင်းသည် အသက်ပင်၏ အသီးဖြစ်ပြီး ယင်းတို့သည် ငါ၏ ဇာတိအဖြစ်တော် ဖြစ်သည်- ယင်းတို့သည် ငါ၏ သားဦးများ စားသင့်သော အရာများ ဖြစ်သည်၊ ထို့ကြောင့် နောက်ဆုံးတွင် ငါ၏ သားဦးများနှင့် ငါသာလျှင် အတိအကျ တစ်ထပ်တည်း တူကြလိမ့်မည်။ ၎င်းတို့သည် ငါ့အား အသက်ရှင်နေထိုင်နိုင်ကြလိမ့်မည် ဖြစ်ပြီး၊ ငါ့အတွက် သက်သေခံနိုင်ကြလိမ့်မည်။ (ဤသည်တို့မှာ ဝိညာဉ်လောကထဲသို့ ငါတို့ ဝင်ရောက်ပြီးနောက်တွင် ဖြစ်ပျက်မည့်အရာများ ဖြစ်သည်။ ခန္ဓာကိုယ်ဖြင့်သာ ငါတို့ တစ်ထပ်တည်း တူညီနိုင်ကြသည်။ သွေးသားဇာတိဖြင့် ငါတို့သည် အကြမ်းဖျင်းသာ တူညီနိုင်သော်လည်း၊ ငါတို့၌ မိမိတို့၏ ကိုယ်ပိုင်အကြိုက်များ ရှိကြသေး၏။)

ငါသည် ငါ၏တန်ခိုးကို ငါ၏သားဦးများထဲ၌ ထုတ်ဖော်ပြလိမ့်မည်သာမက၊ ယင်းကို ငါ၏သားဦးများ၏ တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့အပေါ် အုပ်ချုပ်ခြင်းတွင်လည်း ထုတ်ဖော်ပြမည်။ ဤသည်မှာ ငါ့အမှု၏ အဆင့်တစ်ခု ဖြစ်သည်။ ယခုသည် အဓိကကျ၏၊ ထို့အပြင် ယခုအချိန်သည် အလှည့်အပြောင်း ဖြစ်ပေသည်။ အရာရာ ပြီးမြောက်ပြီးဖြစ်ချိန်တွင်၊ သင်တို့သည် ငါ၏ လက်များက မည်သည့်အရာ လုပ်နေသည်ကို မြင်ရလိမ့်မည်ဖြစ်ပြီး၊ ငါသည် မည်ကဲ့သို့ စီစဉ်ပြီး စီမံခန့်ခွဲသည်ကို သင်တို့ မြင်ရလိမ့်မည်- သို့သော် ဤသည်မှာ မရေရာသော အရာတစ်ခု မဟုတ်ချေ။ ကမ္ဘာလောက၏ တိုင်းနိုင်ငံတိုင်း၏ အင်အားများအရ၊ ယင်းသည် အလွန် အလှမ်းမဝေးလှပေ။ ယင်းသည် လူတို့ စိတ်မကူးနိုင်သော အရာတစ်ခု ဖြစ်သည့်အပြင်၊ ၎င်းတို့ ကြိုတင်၍ မမြင်နိုင်သောအရာတစ်ခု ဖြစ်သည်။ ကောင်းချီးမင်္ဂလာခံစားရန်နှင့် ဆုလာဘ်ချီးမြှင့်ခြင်းခံရရန် အခွင့်အရေးကို လက်လွတ်မဆုံးရှုံးစေရန် သင်တို့သည် သတိမမူခြင်း သို့မဟုတ် ပေါ့ဆခြင်း လုံးဝ မရှိရ။ နိုင်ငံတော်၏ အလားအလာသည် အမြင်တွင် ရှိပြီး၊ ကမ္ဘာလောက တစ်ခုလုံးသည် တဖြည်းဖြည်း ခြောက်ကပ် တိတ်ဆိတ်ခြင်းသို့ ကျရောက်လျက်ရှိသည်။ အနက်ဆုံးသော တွင်းနှင့် ကန့်နှင့်ရောသော မီးအိုင်မှ၊ လူတို့အား ထိတ်လန့်စေရင်းနှင့် ၎င်းတို့အား ကြောက်လန့်စေရင်း မိမိတို့ကိုယ်ကိုယ် ပုန်းကွယ်ရန် နေရာမရှိ ဖြစ်စေရင်း၊ ငိုကြွေးမြည်တမ်းသံများ ထွက်ပေါ်လျက်ရှိသည်။ ငါ၏ နာမဖြင့် ရွေးချယ်ခြင်းကို ခံရပြီးနောက် ပယ်ထုတ်ခြင်းကို ခံရသော မည်သူမဆိုသည် အနက်ဆုံးသော တွင်းထဲတွင် အဆုံးသတ်ရလိမ့်မည်။ ထို့ကြောင့် ငါသည် ကြိမ်ဖန်များစွာ ပြောဆိုပြီးသည်အညီ၊ ငါသည် ပယ်ထုတ်မည့် သူကို အနက်ဆုံးသော တွင်းထဲသို့ ငါပစ်ချမည်။ ကမ္ဘာလောကတစ်ခုလုံး ဖျက်ဆီးခြင်းခံရသည့်အခါ ဖြိုချခံရပြီးချိန်တွင်၊ ဖျက်ဆီးခံရပြီးဖြစ်သည့် အရာရာသည် ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ကျဆင်းသွားလိမ့်မည်။ တစ်နည်းအားဖြင့်၊ ဤအရာတို့သည် မီးအိုင်ထဲမှ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ လွှဲပြောင်းခြင်းကို ခံရလိမ့်မည်။ ထိုအချိန်တွင် အယောက်တိုင်းသည် ထာဝရ ပျက်စီးခြင်းအတွက်ဖြစ်စေ (ငါ၏ အပြင်ဘက်၌ ရှိသောသူ အားလုံးကို ဆိုလိုသည်) သို့မဟုတ် ထာဝရ အသက်အတွက်ဖြစ်စေ (ငါ၏အထဲ၌ ရှိသောသူ အားလုံးကို ဆိုလိုသည်) အဆုံးအဖြတ်ပေးခြင်းကို ခံကြရပြီးဖြစ်လိမ့်မည်။ ထိုအချိန်တွင် ငါနှင့် ငါ၏သားဦးများသည် နိုင်ငံတော်မှ ပေါ်ထွက်လိမ့်မည်ဖြစ်ပြီး၊ ထာဝရကာလထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ဤသည်မှာ နောက်ပိုင်းတွင် ပြည့်စုံလိမ့်မည့် အရာတစ်ခု ဖြစ်သည်။ သင်တို့အား ယခု ငါပြောမည်ဆိုပါက၊ သင်တို့ နားလည်ကြမည် မဟုတ်။ သင်သည် ငါ၏ ဦးဆောင်မှု နောက်သာလိုက်နိုင်သည်၊ ငါ၏ အလင်းထဲတွင် လျှောက်လှမ်းနိုင်သည်၊ ငါ၏ ချစ်ခြင်းမေတ္တာတွင် ငါနှင့်အတူ အဖော်ပြုနိုင်သည်၊ ငါ၏ အိမ်တော်တွင် ငါနှင့်အတူ ပျော်ရွှင်ခြင်းကို ခံစားနိုင်ပြီး၊ ငါ၏ နိုင်ငံတော်ထဲတွင် ငါနှင့်အတူ စိုးစံနိုင်ကာ ငါ၏ သြဇာအာဏာအောက်တွင် တိုင်းနိုင်ငံအားလုံးနှင့် လူအပေါင်းတို့ကို ငါနှင့်အတူ အုပ်စိုးနိုင်သည်။ အထက်တွင် ငါဖော်ပြပြီးသောအရာ အားလုံးသည် သင်တို့အား ငါပေးနေသည့် အဆုံးမဲ့ ကောင်းချီးမင်္ဂလာများအဖြစ် ပါဝင်ပေသည်။

အရှေ့သို့- အခန်း ၁၀၁

နောက်တစ်ခုသို့- အခန်း ၁၀၃

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။