အခန်း ၁၀၁

ငါ၏စီမံခန့်ခွဲမှုကို နှောင့်ယှက်သောသူ သို့မဟုတ် ငါ၏အစီအစဉ်များကို ဖျက်ဆီးရန်ကြိုးစားသောသူ တစ်ဦးတစ်ယောက်ကိုမျှ ငါသက်ညှာမည်မဟုတ်။ ငါမိန့်မြွက်သော နှုတ်ကပတ်တော်များမှ ငါ၏ ဆိုလိုရင်းအဓိပ္ပာယ်ကို အယောက်တိုင်း သဘောပေါက်သင့်ပြီး ငါ ပြောဆိုနေသည့်အကြောင်းအရာနှင့်ဆိုင်သော ရှင်းလင်းသည့် သိနားလည်မှုတစ်ခု ရှိသင့်၏။ လက်ရှိအခြေအနေကိုအကြောင်းပြု၍ သင်တို့ အသီးသီးသည် မိမိကိုယ်ကိုယ် ဆန်းစစ်သင့်သည်- မည်သည့်အခန်းကဏ္ဍကို သင်တို့ လုပ်ဆောင်နေသနည်း။ သင်သည် ငါ့အတွက် အသက်ရှင်နေခြင်းဖြစ်သလော သို့မဟုတ် စာတန်အတွက် သင် အစေခံနေခြင်းဖြစ်သလော။ သင်တို့ အယောက်စီတိုင်း၏ အပြုအမှုများသည် ငါ့ထံမှအစပြုသလော၊ သို့မဟုတ် နတ်ဆိုးထံမှ အစပြုသလော။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်မိကာ ထိုသို့အားဖြင့် ငါ၏ ပြင်းထန်သော အမျက် သင့်ရောက်ခြင်းကို ရှောင်ရှားရန် ဤအရာအားလုံးနှင့် ပတ်သက်၍ သင်တို့ ရှင်းလင်းသင့်သည်။ အတိတ်ကိုပြန်တွေးသည့်အခါ၊ လူတို့သည် ငါ့အပေါ် အမြဲ သစ္စာမဲ့ကြပြီး သားသမီးဝတ် မကျေပွန်ကြလေပြီ။ ၎င်းတို့သည် ငါ့အား မရိုသေကြသကဲ့သို့၊ ထိုမျှမက ငါ့အား သစ္စာဖောက်ကြပြီးဖြစ်သည်။ ဤအကြောင်းရင်းများကြောင့်၊ ဤလူတို့သည် ငါ၏တရားစီရင်ခြင်းကို ယနေ့ ရင်ဆိုင်ရခြင်းဖြစ်သည်။ ငါသည် လူသားတစ်ဦးသာ ဖြစ်ပုံရသော်လည်း၊ ငါလက်မခံသောသူအားလုံးသည် ငါ၏ပယ်ထုတ်ခြင်း ခံရလိမ့်မည်။ (ဤအရာမှ ငါ၏ဆိုလိုရင်းအဓိပ္ပါယ်ကို သင်နားလည်သင့်သည်။ ယင်းမှာ သင်မည်မျှ လှပပုံရသည် သို့မဟုတ် သင်မည်မျှ နှစ်လိုဖွယ်ကောင်းသည်ဆိုသည့်အကြောင်း မဟုတ်ဘဲ သင့်အား ငါကြိုတင်ခွဲခန့်ထားခြင်းနှင့် ရွေးချယ်ထားပြီးခြင်း ရှိမရှိဆိုသည့်အကြောင်း ဖြစ်သည်။) ဤသည်မှာ အကြွင်းမဲ့မှန်ကန်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ငါသည် အပြင်ပန်းတွင် လူသားဖြစ်ပုံရကောင်းရနိုင်သော်လည်း၊ သင်သည် ငါ၏ဘုရားသဘာဝကို သိမြင်ဖို့ ငါ၏လူသားသဘာဝကို ကျော်၍ မြင်ရန်လိုသောကြောင့်ဖြစ်သည်။ “သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘာဝတို့သည် ပြီးပြည့်စုံသော ဘုရားသခင်ကိုယ်တိုင်၏ ခွဲခြား၍မရသော အပိုင်းနှစ်ခု ဖြစ်သည်” ဟု ငါ ကြိမ်ဖန်များစွာ ပြောဆိုပြီးဖြစ်သည်။ မည်သို့ဆိုစေကာမူ၊ သင်တို့သည် ငါ့ကို နားမလည်သေးပေ။ သင်တို့၏ မသဲကွဲသော ထိုဘုရားသခင်ကိုသာ သင်တို့ အလေးထားကြသည်။ သင်တို့သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ကြသော လူများဖြစ်ကြသည်။ သို့ရာတွင် ထိုသို့သောလူများသည် ငါ၏သားဦးများ ဖြစ်ရန် ဆန္ဒရှိကြဆဲဖြစ်၏။ အရှက်မရှိလိုက်လေ။ ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်းက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို မမြင်ကြပေ။ ၎င်းတို့သည် ငါ၏လူမျိုးအဖြစ် အစေခံခြင်းငှာ အဆင့်အတန်းပင် မရှိကြပေ၊ ထို့ကြောင့် ၎င်းတို့သည် အဘယ်သို့ ငါ၏ သားဦးများဖြစ်ပြီး ငါနှင့်အတူ ရှင်ဘုရင်များဖြစ်နိုင်ကြမည်နည်း။ ထိုသို့သော လူများသည် မိမိတို့ကိုယ်ကိုယ် မသိကြပေ။ ၎င်းတို့သည် စာတန်၏အမျိုးဖြစ်ကြပြီး၊ ငါ၏ ရှေ့မှောက်တွင် အစေခံခြင်းငှာ မဆိုထားနှင့်၊ ငါ၏အိမ်ထောင်စုတွင် တိုင်များဖြစ်ခြင်းငှာပင် မထိုက်တန်ကြပေ။ ထို့ကြောင့် ငါသည် ၎င်းတို့အား တစ်ဦးပြီးတစ်ဦး ပယ်ထုတ်မည်ဖြစ်ပြီး၊ တစ်ဦးပြီးတစ်ဦး ၎င်းတို့၏ စစ်မှန်သော မျက်နှာများကို ငါ ထုတ်ဖော်ပြမည်။

ငါသည် အောင်မြင်မှု ရရှိပြီးဖြစ်သောကြောင့်၊ ပြီးလျှင် စကြဝဠာတစ်ခွင်လုံးတစ်လျှောက် ရှင်ဘုရင်အဖြစ် ငါ စိုးစံပြီးဖြစ်သောကြောင့်၊ ငါ၏အမှုသည် တားဆီးမခံရဘဲနှင့် အဟန့်အတား အနည်းငယ်မျှ မရှိဘဲ တစ်ဆင့်ပြီးတစ်ဆင့် ရှေ့ဆက်သွား၏။ (ငါ ရည်ညွှန်းနေသောအရာမှာ နတ်ဆိုးစာတန်ကို အနိုင်ယူပြီးကတည်းက၊ ငါသည် ငါ၏တန်ခိုးကို အသစ်တစ်ဖန် ပြန်လည်ရရှိပြီးဖြစ်သည်။) ငါသည် သားဦးအားလုံးကို ငါ ရရှိသည်နှင့်အမျှ၊ အောင်ခြင်းအလံသည် ဇိအုန်တောင်ပေါ်တွင် ပေါ်ထွက်လိမ့်မည်။ ဆိုလိုသည်မှာ၊ ငါ၏သားဦးတို့သည် ငါ၏အောင်ခြင်းအလံ၊ ငါ၏ဘုန်းအသရေ၊ ငါ၏ဝါကြွားစရာဖြစ်ကြ၏။ ၎င်းတို့သည် စာတန်အား ငါအရှက်ရစေပြီးဖြစ်သည့် သင်္ကေတဖြစ်ပြီး ၎င်းတို့သည် ငါအမှုပြုသည့် နည်းစနစ်ဖြစ်၏။ (၎င်းတို့ကို ငါကြိုတင်ခွဲခန့်ခဲ့ပြီးနောက်တွင် စာတန်၏ပျက်စီးစေခြင်းကို ခံခဲ့ရသော်လည်း၊ ငါ့ဘက်သို့ အသစ်တစ်ဖန်ပြန်လာကြသော လူတစ်စုမှတစ်ဆင့်၊ ငါသည် အဆင်းနီသောနဂါးကြီးကို အရှက်ရစေကာ ပုန်ကန်ခြင်း၏ သားအားလုံးကို ငါအုပ်စိုးမည်။) ငါ၏သားဦးများသည် ငါ၏ အနန္တတန်ခိုးတည်သောနေရာ ဖြစ်ကြ၏။ ၎င်းတို့သည် ပြောင်းလဲ၍မရနိုင်သကဲ့သို့ ငြင်း၍မရနိုင်သော ငါ၏ကြီးမြတ်သည့် အောင်မြင်မှုဖြစ်သည်။ ငါ၏သားဦးများအားဖြင့် ငါ၏စီမံခန့်ခွဲမှုအစီအစဉ်ကို ငါပြီးမြောက်စေမည်၊ ဤသည်မှာ “သင်တို့အားဖြင့် တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အား ငါ၏ပလ္လင်ရှေ့သို့ ငါပြန်လာစေမည်” ဟု အတိတ်တွင် ပြောခဲ့ချိန် ငါ ရည်ရွယ်ခဲ့သည့်အရာ ဖြစ်သည်။ ယင်းမှာ “သင်တို့၏ ပုခုံးများပေါ်မှ လေးလံသောဝန်”ဟူသော စကားများကို ငါ ပြောဆိုခဲ့ချိန်တွင်လည်း ငါ ရည်ရွယ်နေခဲ့သော အရာ ဖြစ်သည်။ ရှင်းသလော။ သင် နားလည်သလော။ သားဦးများသည် ငါ၏စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံး၏ ပုံပေါ်လာခြင်းဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ ငါသည် ဤလူစုအား မည်သည့်အခါတွင်မျှ နူးညံ့သိမ်မွေ့စွာ မဆက်ဆံဖူးသကဲ့သို့ ၎င်းတို့အား ငါပြင်းထန်စွာ အမြဲ ဆုံးမပြီးဖြစ်သကဲ့သို့၊ (လောကတွင် ခံစားရခဲ့သော နာကျင်မှုဝေဒနာများ၊ မိသားစုများ၏ အဖြစ်ဆိုးများ၊ မိဘများ၊ ခင်ပွန်းသည်များ၊ ဇနီးသည်များနှင့် သားသမီးများ၏စွန့်ပစ်ခြင်း- တိုတိုပြောရလျှင် လောကကြီး၏စွန့်ပစ်ခြင်းနှင့် ခေတ်ကာလ၏ ပစ်ပယ်ခြင်းဖြစ်သည့် ထိုပြင်းထန်သော ဆုံးမပဲ့ပြင်မှုဖြစ်၏။) ဤသည်မှာ ယနေ့ ငါ့ရှေ့သို့လာရန် သင်၌ကောင်းသော အခွင့်အလမ်းရှိသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ သင်တို့ မကြာခဏတွေးဆကြပြီးဖြစ်သည့်- “ဤနာမကို အခြားလူများ လက်မခံသော်လည်း အဘယ်ကြောင့် ငါလက်ခံခဲ့သနည်း” ဟူသော မေးခွန်းအဖို့ အဖြေ ဖြစ်သည်။ သင် ယခုသိရလေပြီ။

ယနေ့တွင် မည်သည့်အရာမျှ အတိတ်ကနှင့်မတူပေ။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်သည် နည်းလမ်းအသစ်များကို ခံယူပြီးဖြစ်သည်၊ ငါ၏အမှုသည် ယခင်က ဖြစ်ခဲ့သည်ထက် သာ၍ပင် ကွဲပြားပြီး၊ ငါ၏ မိန့်မြွက်ချက်များသည် ယခုတွင် ပို၍ပင် မကြုံစဖူး ဖြစ်ကြသည်။ ထို့ကြောင့် သင်တို့သည် ငါ့အား သင့်တင့်လျောက်ပတ်စွာ အစေခံမှု ပေးသင့်သည်ဟု ထပ်တလဲလဲ ငါအလေးပေးပြီးဖြစ်သည် (ဤအရာကို အစေခံသူများအား ပြောဆိုထားခြင်းဖြစ်သည်)။ သင်တို့ကိုယ်သင်တို့ အပျက်သဘောဆောင်စွာ မဆက်ဆံကြဘဲ၊ လေးနက်သော လိုက်စားမှုကို ထိန်းသိမ်းလော့။ ကျေးဇူးတော်အနည်းငယ်ကို ရရှိဖို့မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည် မဟုတ်သလော။ ယင်းသည် လောကထဲတွင် ဒုက္ခဆင်းရဲခံရခြင်းထက် သာ၍ပိုကောင်း၏။ သင်တို့အား ငါ ပြော၏။ အကယ်၍ သင်သည် ငါ့အား စိတ်နှလုံးအကြွင်းမဲ့ အစေခံမှုမပေးဘဲ၊ ထိုအစား ငါသည် မဖြောင့်မတ်လေပြီဟု စောဒကတက်ပါက၊ သင်သည် မနက်ဖြန် မရဏာနိုင်ငံနှင့်ငရဲထဲသို့ သက်ဆင်းရလိမ့်မည်။ မည်သူမျှ စောစီးစွာ မသေလိုကြပေ- ထိုသို့ ဖြစ်သည်မဟုတ်သလော။ ဘဝ၏ နောက်ထပ်တစ်ရက်သည်ပင် အဖိုးတန်၏၊ ထို့ကြောင့် သင်သည် ငါ၏စီမံခန့်ခွဲမှုအစီအစဉ်အဖို့ သင့်ကိုယ်သင် လုံးဝ ဆက်ကပ်သင့်ပြီး၊ ထို့နောက်တွင် သင်နှင့်သက်ဆိုင်သည့် ငါ၏တရားစီရင်ခြင်းကို စောင့်စားပြီး၊ သင့်အပေါ် ငါ၏ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်း ကျရောက်သည်ကို စောင့်ဆိုင်းသင့်၏။ ငါ ပြောနေသောအရာသည် အဓိပ္ပါယ်မရှိဟု မယူဆလေနှင့်။ ငါသည် ငါ၏ဖြောင့်မတ်ခြင်းနှင့် ငါ၏စိတ်သဘောထားမှ စကားပြောနေခြင်း ဖြစ်သည်။ ထို့အပြင်၊ ငါသည် ငါ၏ဘုန်းအာနုဘော်နှင့် ဖြောင့်မတ်ခြင်းဖြင့် ပြုမူ၏။ ငါသည်မဖြောင့်မတ်ဟု လူအားလုံး ပြောကြသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ငါ့အား မသိကြသောကြောင့်ဖြစ်၏။ ဤသည်မှာ ၎င်းတို့၏ ပုန်ကန်တတ်သော စိတ်သဘောထားများ၏ ရှင်းလင်းသော ဖော်ပြချက်ဖြစ်သည်။ ငါ့အတွက်မူကား၊ စိတ်ခံစားမှုမရှိပေ။ ထို့ထက်၊ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် အမျက်ဒေါသတို့သာ ရှိသည်။ အချိန်သာ၍ကုန်လွန်လေ ငါ၏စိတ်သဘောထားကို သင်ပို၍ မြင်ရလာလေဖြစ်လိမ့်မည်။ လက်ရှိအချိန်သည် အကူးအပြောင်းအဆင့်တစ်ခုဖြစ်ပြီး သင်တို့သည် ဤအရာ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုကိုသာ မြင်နိုင်ကြသည်။ အပြင်ပန်းအား‌ဖြင့် ထင်ရှားသော အရာအချို့ကိုသာ သင်တို့ မြင်နိုင်ကြ၏။ ငါ၏သားဦးများပေါ်ထွန်းသောအခါ ငါသည် သင်တို့အား အရာရာတိုင်းကို မြင်ခွင့်ပေးမည်ဖြစ်ပြီး အရာအားလုံးကို နားလည်ခွင့်ပေးမည်။ လူအယောက်တိုင်းသည် ၎င်းတို့၏စိတ်နှလုံးများနှင့် စကားများဖြင့် လက်ခံယုံကြည်ကြလိမ့်မည်။ ငါသည် သင်တို့အား ငါ့အဖို့ သက်သေခံခြင်းဖြင့် စကားပြောစေမည်၊ ငါ့အား အစဉ်အမြဲချီးမွမ်းစေကာ အစဉ်အမြဲ ထောမနာပြုစေမည်။ ဤသည်မှာ အလွဲဧကန် ဖြစ်ပြီး မည်သူမျ ပြောင်းလဲ၍မရနိုင်ပေ။ လူတို့သည် ယင်းကို ယုံကြည်ရန်မဆိုထားနှင့်၊ အနည်းငယ်မျှ စိတ်ကူး၍ပင် မရနိုင်ပေ။

သားဦးဖြစ်ကြသောသူများသည် ရူပါရုံများနှင့်စပ်လျဉ်း၍ တိုးပွားနေသည့် ရှင်းလင်းမှု ရှိကြပြီး၊ ငါ့အပေါ် ၎င်းတို့၏ချစ်ခြင်းသည် ယခင်ထက် တိုး၍ ကြီးမားလာသည်။ (ဤသည်မှာ ငါနှင့်သက်ဆိုင်သည့် စာတန်၏စုံစမ်းနှောင့်ယှက်မှုဖြစ်သော စိတ်ကူးယဉ်အချစ်နှင့် ရိပ်စားမိရမည့် တစ်စုံတစ်ရာ မဟုတ်ပေ။ ဤအကြောင်းကြောင့်၊ ငါ့ရှေ့တွင် ၎င်းတို့၏ဆွဲဆောင်မှုများကို ထုတ်ကြွားသောသူများ ရှိကြောင်း ယခင်က ငါဆိုပြီးဖြစ်သည်။ ထိုသို့သော သူများသည် ၎င်းတို့၏ပုံပန်းများကို ငါစိတ်ဝင်စားမည်ဟု ယုံကြည်နေကြသည့် စာတန်၏ လက်ပါးစေများဖြစ်ကြသည်။ အရှက်မရှိ လိုက်လေ။ ၎င်းတို့သည် ကံဆိုးသူများထဲတွင် အနိမ့်ကျဆုံးသောသူများ ဖြစ်လေသည်တကား။) သို့သော်၊ ဤကာလတစ်လျှောက် ငါ ပြောဆိုပြီးဖြစ်သော ဤနှုတ်ကပတ်တော်များမှတစ်ဆင့်၊ မိမိတို့ကိုယ်တိုင် သားဦးများ မဟုတ်ကြသူများသည် ရူပါရုံများအကြောင်း တိုး၍ မရှင်းမလင်း ဖြစ်လာကြပြီး၊ ငါဖြစ်သည့် ဇာတိအဖြစ်တော်၌ ယုံကြည်ခြင်း ဆုံးရှုံးကြပြီး ဖြစ်သည်။ ထို့နောက်တွင်၊ ၎င်းတို့သည် အဆုံးတွင်လဲကျသည့်အထိ တဖြည်းဖြည်း တိုး၍ စိတ်ဝင်စားမှုမရှိဖြစ်လာကြသည်။ ထိုသို့သော လူတို့သည် မိမိတို့ကိုယ်ကိုယ် မတတ်နိုင်ကြချေ။ ဤသည်မှာ ဤကာလအတောအတွင်း ငါပြောနေသောအရာ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်၊ အယောက်တိုင်း (သားဦးများအား ငါပြောနေခြင်း ဖြစ်သည်) ဤအရာကိုမြင်သင့်ပြီး ငါ၏ မိန့်မြွက်ချက်များနှင့် လုပ်ရပ်များမှတစ်ဆင့်၊ ငါ၏အံ့ဖွယ်ဖြစ်ခြင်းကို ရှုမြင်သင့်ကြ၏။ ငါသည် ငြိမ်သက်ခြင်းအရှင်၊ ထာဝရအဘဖြစ်သည်၊ ငါသည်အံ့သြဖွယ်ဖြစ်ပြီး တိုင်ပင်ဘက်ဖြစ်သည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ ငါ၏ ကိုယ်ပိုင်လက္ခဏာ၊ ငါ၏ မိန့်မြွက်ချက်များရှုထောင့်မှ သို့မဟုတ် ငါပြုသည့်အရာမှ ဤအရာကိုရှင်းပြရန်မှာ အလွန်အပေါ်ယံဆန်ပေမည်။ ယင်းကို ဖော်ပြပြောဆိုခြင်းငှာပင် ထိုက်မည်မဟုတ်။ ငါ့အား ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဆိုသည့် အကြောင်းရင်းသည် သားဦးများအား စုံလင်စေဖို့ဖြစ်သော ငါ၏တန်ခိုး၊ စာတန်နှင့် သက်ဆိုင်သော ငါ၏တရားစီရင်ခြင်းနှင့် သားဦးတို့အပေါ် ငါ ပေးအပ်သော အကန့်အသတ်မဲ့ ကောင်းကြီးမင်္ဂလာများမှ အရင်းခံပေသည်။ တစ်နည်းအားဖြင့်၊ ငါသည် ငါ၏သားဦးများအားချစ်ပြီး ငြိမ်သက်ခြင်းအရှင်ဟူသော ဂုဏ်ပုဒ်သည် ၎င်းတို့၏နှုတ်များမှလာသင့်သည့်အတွက်၊ သားဦးများသာ ငါ့ကို ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဆိုရန် အရည်အချင်းပြည့်မီကြသည်။ ၎င်းတို့အဖို့၊ ငါသည် ငြိမ်သက်ခြင်းအရှင် ဖြစ်သည်။ ငါ၏သားများနှင့် ငါ၏လူများအဖို့၊ ငါသည်ထာဝရအဘဟု သိထားကြသည်။ ငါ၏သားဦးများ တည်ရှိခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့သည် ငါနှင့်အတူ ရှင်ဘုရင်အရိုက်အရာ၏ တန်ခိုးကိုကိုင်စွဲထားနိုင်ပြီး တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့ကို (သားများနှင့်လူမျိုးတို့ကို) အုပ်စိုးနိုင်ကြသောကြောင့်လည်းကောင်း၊ သားများနှင့်လူမျိုးတို့သည် ငါ့အား- သားဦးများ၏အထက်၌ရှိသော ဘုရားသခင်ကိုယ်တော်တိုင်ဟု အဓိပ္ပါယ်ရသည့်- ထာဝရအဘဟု ခေါ်သင့်ကြ၏။ ငါသည် သားများ၊ လူမျိုးများ သို့မဟုတ် သားဦးများ မဟုတ်သောသူများအဖို့ အံ့သြဖွယ်ဖြစ်သည်။ ငါ့ အမှု၏အံ့သြဖွယ်ဖြစ်ခြင်းကြောင့် မယုံကြည်သူများသည် (၎င်းတို့၏မျက်လုံးများအား ငါဖုံးကာထားပြီးဖြစ်သည့်အတွက်) ငါ့အား လုံးဝမမြင်နိုင်ကြသကဲ့သို့၊ ငါ၏အမှုနှင့်သက်ဆိုင်သည့် ရှင်းလင်းသော အမြင်မရှိကြချေ။ ထို့ကြောင့်၊ ၎င်းတို့အဖို့၊ ငါသည် အံ့သြဖွယ်ဖြစ်၏။ ငါပြုသမျှအားလုံးသည် ၎င်းတို့ကို အရှက်ရစေဖို့ အသုံးတော်ခံသည့်အတွက်၊ နတ်ဆိုးများအားလုံးနှင့် စာတန်အဖို့၊ ငါသည် တိုင်ပင်ဘက်ဖြစ်သည်။ ငါ၏ လုပ်ရပ်အားလုံးသည် ငါ၏သားဦးများအတွက် ဖြစ်၏။ ငါ၏ခြေလှမ်းတိုင်းသည် အဆင်ပြေချောမွေ့စွာ ရှေ့ဆက်ပြီး၊ ငါသည် ခြေလှမ်းတိုင်းဖြင့် အောင်မြင်မှုရသည်။ ထို့အပြင်၊ ငါသည် စာတန်၏အကြံအစည်အားလုံးကို ရိပ်စားမိနိုင်ပြီး၊ ယင်းတို့ကို ငါ၏ ရည်ရွယ်ချက်များအား အပျက်သဘောဆောင်သော ဘက်မှ အသုံးတော်ခံဖို့ အရာဝတ္ထုတစ်ခု ဖြစ်စေရင်း၊ ငါ့အား အစေခံစေရန် ယင်းတို့ကို ငါအသုံးပြု၏။ ဤသည်မှာ မည်သူမျှ ပြောင်းလဲ၍ရနိုင်သကဲ့သို့ မည်သူမျှ ပြည့်စုံစွာ နားမလည်နိုင်သည့် ငါ၏ “တိုင်ပင်ဘက်”ဖြစ်ခြင်းက ရည်ရွယ်သည့်အရာ ဖြစ်သည်။ သို့သော်၊ ငါ၏ ဇာတိအဖြစ်တော်အရ၊ ငါသည် ငြိမ်သက်ခြင်းအရှင်နှင့် ထာဝရခအဘဖြစ်သည့်အပြင်၊ တိုင်ပင်ဘက်နှင့်အံ့သြဖွယ်လည်းဖြစ်သည်။ ဤအရာတွင် မမှန်သောအရာတစ်ခုမျှမရှိ။ ယင်းကို ငြင်းပယ်၍မရနိုင်သကဲ့သို့၊ မပြောင်းလဲသော သမ္မာတရား ဖြစ်သည်။

ငါ၌ ပြောစရာ အလွန်များလှ၏။ နှိုင်းစာ၍ရနိုင်သည့်အချက် တကယ်ကို မရှိပေ။ ထို့ကြောင့် သင်တို့အနေဖြင့် သည်းခံပြီး စောင့်ရန် ငါ တောင်းဆိုပေသည်။ သင်တို့ လုပ်ဆောင့်သည့် မည်သည့်အရာတွင်မဆို စိတ်ကူးပေါက်ရာ မလုပ်ဆောင်နှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့ အတိတ်တွင် နားလည်ခဲ့သည့်အရာများမှာ ယခု ခေတ်မမှီတော့သောကြောင့် ဖြစ်သည်။ ယင်းသည် မသက်ဆိုင်တော့သကဲ့သို့၊ လက်ရှိသည် ပြောင်းလဲခြင်း အချိန်ကာလတစ်ခု- မင်းဆက်များကြား အကူးအပြောင်း ကာလတစ်ခုကဲ့သို့ ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ သင်တို့အနေဖြင့် သင်တို့၏ အတွေးအခေါ်ကို ပြောင်းလဲရန်နှင့် သင်တို့၏အယူအဆဟောင်းများကို ဖယ်ရှားရန် ငါ တောင်းဆိုသည်။ ဤသည်မှာ “ဖြောင့်မတ်သန့်ရှင်းခြင်းဝတ်ရုံကို ဝတ်ဆင်ခြင်း”၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ ငါကိုယ်တိုင်၏ နှုတ်ကပတ်တော်များကို ငါသာ ရှင်းပြနိုင်ပြီး ငါလုပ်ဆောင်ရန် ငါတာဝန်ယူပြီးဖြစ်သောအရာကို ငါသာ သိသည်။ ထို့ကြောင့်၊ ငါ၏နှုတ်ကပတ်တော်များသာ မစင်ကြယ်ခြင်း မရှိသကဲ့သို့၊ ငါရည်ရွယ်သောအရာ လုံးဝ ဖြစ်၏။ ထို့ကြောင့် ယင်းသည် ဖြောင့်မတ်သန့်ရှင်းခြင်းဝတ်ရုံကို ဝတ်ဆင်ခြင်းဖြစ်သည်။ လူသား စိတ်၏ သိနားလည်မှုသည် စိတ်အထင်မျှဖြစ်သည်။ ၎င်းတို့၏ သိနားလည်မှုသည် မစင်ကြယ်သကဲ့သို့၊ ငါ၏ရည်ရွယ်ချက်များကို စွမ်းဆောင်မရရှိနိုင်ပေ။ ထို့ကြောင့်၊ ငါကိုယ်တိုင် စကားပြောပြီး ငါကိုယ်တိုင် ရှင်းပြကာ၊ ဤသည်မှာ “ငါကိုယ်တိုင် အမှုပြုသည်” ဟု ဆိုခဲ့ချိန်တွင် ငါရည်ရွယ်သောအရာဖြစ်သည်။ ယင်းသည် ငါ၏စီမံခန့်ခွဲမှုအစီအစဉ်၏ မရှိမဖြစ်သော အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး လူအားလုံးသည် ငါ့အား ဘုန်းထင်ရှားစေကာ ချီးမွမ်းကြရပေမည်။ ငါ၏နှုတ်ကပတ်တော်များကို သဘောပေါက်ခြင်းနှင့် စပ်လျဉ်း၍၊ ငါသည် ထိုတန်ခိုးကို လူသားများအား မည်သည့်အခါကမျှ မပေးဖူးသကဲ့သို့၊ ယင်းအတွက် ၎င်းတို့ အစွမ်းအစ လုံးဝ မပိုင်ဆိုင်ကြချေ။ ဤသည်မှာ နတ်ဆိုးအား အရှက်ရစေခြင်းအတွက် ငါ၏နည်းစနစ်များထဲမှ တစ်ခုဖြစ်သည်။ (အကယ်၍ လူသားများသည် ငါ၏မိန့်မြွက်ချက်များကို နားလည်ခဲ့ပြီး ၎င်း၏ ရည်ရွယ်ချက်များကို အဆင့်တိုင်းတွင် စူးစမ်းနိုင်ခဲ့ကြပါက၊ စာတန်သည် လူတို့အား သူ ဆန္ဒရှိသည့် အချိန်တိုင်း ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ငါ့အား ဆန့်ကျင်ကြမည်ဖြစ်ပြီး၊ သားဦးများကို ရွေးချယ်ခြင်းနှင့်ဆိုင်သည့် ငါ၏ရည်မှန်းချက်ပန်းတိုင်ကို ရရှိရန် မဖြစ်နိုင် ဖြစ်စေပေမည်။ အကယ်၍ ငါသည် နက်နဲမှုတိုင်းကို နားလည်ပြီး ငါ ဖြစ်သည့် ဇာတိအဖြစ်တော်က မည်သူမျှ နားမလည်နိုင်သည့် မိန့်မြွက်ချက်များကို ပြောဆိုနိုင်မည်ဆိုပါက၊ ငါသည်လည်း စာတန်၏ ဝင်ပူးခြင်းခံရနိုင်မည်ဖြစ်သည်။ ဤသည်မှာ လူ့ဇာတိ၌ ငါရှိစဉ် ငါသည် သဘာဝလွန် လုံးဝ မဖြစ်သည့် အကြောင်းရင်းဖြစ်၏။) ဤနှုတ်ကပတ်တော်များ၏ အရေးပါမှုနှင့်ဆိုင်သော ရှင်းလင်းသည့် သိနားလည်မှုရှိရန်နှင့် ငါ၏ဦးဆောင်မှုနောက်သို့ လိုက်ရန် အယောက်တိုင်းအတွက် လိုအပ်၏။ နက်နဲသော နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို နားလည်ရန် သင်တို့ဘာသာ မကြိုးစားကြနှင့်။

အရှေ့သို့- အခန်း ၁၀၀

နောက်တစ်ခုသို့- အခန်း ၁၀၂

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။