အခန်း ၁၀၀

ငါ၏ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့် ရွေးချယ်ခြင်း မခံထားရသူ အားလုံးကို ငါစက်ဆုပ်၏။ ထို့ကြောင့် ဤလူများကို ငါ၏အိမ်တော်မှ တစ်ယောက်ပြီးတစ်ယောက် ငါနှင်ထုတ်ရမည်၊ ဤနည်းအားဖြင့် ငါ၏ဗိမာန်တော်ကို သန့်ရှင်းစေကာ ပြစ်မျိုးမှဲ့မထင် ဖြစ်စေမည်၊ ငါ၏အိမ်တော်ကို အမြဲသစ်လွင်စေပြီး မည်သည့်အခါမျှ မဟောင်းနွမ်းဘဲ ရှိစေမည်၊ ငါ၏သန့်ရှင်းသောနာမကို ထာဝရပျံ့နှံ့နိုင်စေမည်ဖြစ်ကာ ငါ၏သန့်ရှင်းသောလူများကို ငါချစ်မြတ်နိုးသောလူများ ဖြစ်လာနိုင်စေမည်။ ဤမြင်ကွင်းမျိုး၊ ဤအိမ်မျိုး၊ ဤနိုင်ငံတော်မျိုးသည် ငါ၏ရည်မှန်းချက် ပန်းတိုင်နှင့် ငါ၏ဘုံဗိမာန်ဖြစ်၏။ ဤအရာသည် ခပ်သိမ်းသောအရာတို့ကို ငါဖန်ဆင်းသည့် အရင်းခံအရပ်ဖြစ်၏။ ဤသည်ကို အဘယ်သူကမျှ ယိမ်းယိုင်စေခြင်း၊ သို့မဟုတ် ပြောင်းလဲစေခြင်း မပြုရ။ ထိုအရပ်အတွင်းတွင် ငါကိုယ်တိုင်နှင့် ငါချစ်မြတ်နိုးသော သားများသာ အတူတကွ နေထိုင်ကြလိမ့်မည်ဖြစ်ပြီး၊ အဘယ်သူကိုမျှ ယင်းကို ခြေဖဝါးအောက် နင်းခြေခွင့် ပြုလိမ့်မည်မဟုတ်၊ မည်သည့်အရာကိုမျှ ထိုအရပ်တွင် နေရာယူခွင့် ပြုမည်မဟုတ်၊ ထို့ထက်မက မနှစ်မြို့ဖွယ်အရာ တစ်စုံတစ်ခုကိုမျှ ဖြစ်ပျက်ခွင့်ပေးမည် မဟုတ်ပေ။ အားလုံးသည် ချီးမွမ်းခြင်းနှင့် သြဘာပေးခြင်းတို့ ဖြစ်နေမည်ဖြစ်ပြီး၊ အားလုံးသည် လူသားတို့မတွေးနိုင်သော မြင်ကွင်းတစ်ရပ် ဖြစ်နေလိမ့်မည်။ သင်တို့၌ ရှိသမျှသော ခွန်အားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် ငါ့အား အစွမ်းကုန်ပေးအပ်သည်ကိုသာ ငါအလိုရှိ၏။ ယနေ့ဖြစ်စေ၊ မနက်ဖြန်ဖြစ်စေ၊ သင်တို့သည် ငါ့ကို အစေခံသောသူတစ်ဦး ဖြစ်သည်ဖြစ်စေ၊ ကောင်းချီးမင်္ဂလာများ ရရှိသူတစ်ဦး ဖြစ်သည်ဖြစ်စေ၊ သင်တို့အားလုံးသည် သင်တို့၏ခွန်အား ပမာဏကို ငါ၏နိုင်ငံတော်အတွက် အသုံးပြုသင့်ကြ၏။ ဤသည်မှာ ခမ်သိမ်းသော ဖန်ဆင်းခံလူတို့ လက်ခံရမည့် တာဝန်ဝတ္တရားတစ်ခုဖြစ်ပြီး၊ ယင်းကို ဤနည်းလမ်းဖြင့် လုပ်ဆောင်ကာ အကောင်အထည်ဖော်ရမည်ဖြစ်သည်။ ငါ့နိုင်ငံတော်၏အလှတရားကို အမြဲသစ်လွင်နေစေရန်နှင့် ငါ၏အိမ်တော်သည် ညီညွတ်ကာ စည်းလုံးနေစေရန်အတွက် အစေခံကြဖို့အလို့ငှာ ခပ်သိမ်းသောအရာတို့ကို ငါဆော်သြစည်းရုံးမည်။ အဘယ်သူကိုမျှ ငါ့အား အာခံခွင့်မပြု၊ ထိုသို့အာခံသောသူတို့သည် တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းကို ခံရမည်။ ယခုအချိန်၌ ငါ၏ကျိန်စာများသည် တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအားလုံးတို့အပေါ် စတင်ကျရောက်လျက်ရှိပြီး ငါ၏ကျိန်စာများသည် ငါ၏တရားစီရင်ခြင်းထက်ပင် ပိုမိုပြင်းထန်၏။ ယခုအချိန်သည် လူအားလုံးကို စတင်၍ ပြစ်တင်ရှုတ်ချဖို့ရာ အချိန်ကျရောက်ပြီ ဖြစ်သောကြောင့် ကျိန်စာများဟု ဆိုခြင်းဖြစ်သည်။ ဤသည်မှာ ယခုအချိန်သည် နောက်ဆုံးသော ခေတ်ကာလဖြစ်ပြီး ဖန်ဆင်းခြင်းအချိန် မဟုတ်သောကြောင့်ပင်ဖြစ်၏။ ခေတ်များ ပြောင်းလဲသွားသည့်အားလျော်စွာ ငါ့အမှု၏အရှိန်အဟုန်သည်လည်း ယခုအချိန်တွင် အလွန်ကွဲပြားပေသည်။ ငါ့အမှု၏လိုအပ်ချက်များကြောင့် ငါလိုအပ်သည့် လူများသည်လည်း ကွဲပြားခြားနား၏။ စွန့်ပစ်သင့်သူများကို စွန့်ပစ်မည်၊ ဖယ်ရှားသင့်သူများကို ဖယ်ရှားမည်၊ အသတ်ခံရသင့်သူများသည် အသတ်ခံရလိမ့်မည်ဖြစ်ကာ ချန်ရစ်ထားသင့်သူများကိုလည်း ချန်ရစ်ထားမည် ဖြစ်သည်။ ဤသည်မှာ လူသား၏အလိုဆန္ဒမပါသော ရှောင်လွှဲမရသည့် ဦးတည်ရာတစ်ခုဖြစ်ပြီး ယင်းကိုမည်သူမျှ ပြောင်းလဲ၍ မရပေ။ ယင်းကို ငါ့အလိုတော်အတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်။ ငါသည် ငါစွန့်လွှတ်လိုသူများကို စွန့်လွှတ်ပြီး၊ ငါပယ်ထုတ်လိုသူများကို ပယ်ထုတ်၏၊ မည်သူမျှ ထင်ရာမြင်ရာ မလုပ်ရ။ ငါသည် ငါချန်ရစ်ထားလိုသော သူတို့ကို ချန်ရစ်ပြီး၊ ငါချစ်မြတ်နိုးလိုသော သူတို့ကို ချစ်မြတ်နိုး၏။ ဤအရာကို ငါ့အလိုတော်အတိုင်း လုပ်ဆောင်ရမည်။ ငါသည် စိတ်ခံစားမှုအရ ပြုမူဆောင်ရွက်ခြင်း မရှိ။ ငါ့ထံ၌ ဖြောင့်မတ်ခြင်း၊ တရားစီရင်ခြင်းနှင့် အမျက်ဒေါသတို့သာ ရှိ၏− စိတ်ခံစားမှု အလျင်းမရှိ။ ငါသည် ဘုရားသခင်၏ လူ့ဇာတိအဖြစ်တော်၊ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည့်အတွက် လူသား၏အရိပ်အယောင် စိုးစဉ်းမျှ ငါ၌မရှိ။ လူအားလုံးသည် ငါ၏လူ့သဘာဝနှင့်ဆိုင်သည့် ငါ၏လက္ခဏာသွင်ပြင်ကို တွေ့မြင်ကြပြီး၊ ငါ၏ဘုရားသဘောသဘာ၀နှင့်ဆိုင်သည့် လက္ခဏာသွင်ပြင်ကိုမူ မမြင်ကြသေးသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် မျက်စိကန်းကြပြီး မရေမရာဖြစ်နေကြ၏။

ငါပြောသောအရာကို သင်တို့၏စိတ်နှလုံးတွင် ထိန်းသိမ်းထားရမည်၊ ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ငါ၏စိတ်နှလုံးကို သင်တို့သိနားလည်ရမည်ဖြစ်ပြီး ငါ၏ဝန်ထုပ်ဝန်ပိုးအပေါ် စာနာထောက်ထားမှုကို ပြကြရမည်။ ထိုအခါ ငါ၏အနန္တတန်ခိုးကို သင်တို့သိရှိလာကြမည်ဖြစ်ပြီး ငါ၏လူ့ဇာတိအဖြစ်တော်ကို တွေ့မြင်ကြလိမ့်မည်။ အကြောင်းမူကား ငါ၏နှုတ်ကပတ်တော်များသည် ဉာဏ်ပညာနှင့်ဆိုင်သော စကားများဖြစ်ပြီး၊ ငါ၏နှုတ်ကပတ်တော်များ နောက်ကွယ်ရှိ အခြေခံသဘောတရားများ၊ သို့မဟုတ် နိယာမများကို အဘယ်သူမျှ သဘောမပေါက်နိုင်ကြပေ။ ငါသည် လှည့်စားခြင်းနှင့် ကောက်ကျစ်ခြင်းတို့ကို ကျင့်ကြံသည်ဟု လူတို့က ထင်ကြပြီး ငါ့ကို ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် မသိရှိကြဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် ငါ့ကို ပြစ်မှားစော်ကားကြသည်။ ၎င်းတို့သည် အလွန်တရာ မျက်စိကန်းကြပြီး အသိပညာမဲ့ကြ၏။ ၎င်းတို့၌ ချင့်ချိန်နိုင်စွမ်း ပမာဏ စိုးစဉ်းမျှပင် မရှိကြချေ။ ငါမိန့်မြွက်သမျှ ဝါကျတိုင်း၌ သြဇာအာဏာနှင့် တရားစီရင်မှုတို့ ပါဝင်ပြီး၊ ငါ၏နှုတ်ကပတ်တော်များကို အဘယ်သူမျှ မပြောင်းလဲနိုင်ပေ။ ငါ၏နှုတ်ကပတ်တော်များကို ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက် ငါ၏နှုတ်ကပတ်တော်များနှင့်အညီ အမှုအရာများ ပြီးမြောက်ဖို့ သေချာပေသည်။ ဤသည်ကား ငါ၏စိတ်သဘောထား ဖြစ်၏။ ငါ၏နှုတ်ကပတ်တော်များသည် သြဇာအာဏာဖြစ်ပြီး ၎င်းတို့ကို ပြင်ဆင်သူ မည်သူမဆိုသည် ငါ၏ပြစ်တင်ဆုံးမခြင်းကို ပုန်ကန်ပြစ်မှားသောကြောင့် ၎င်းတို့ကို ငါဒဏ်ခတ်ရမည်။ ပြင်းထန်သည့်အခြေအနေများ၌ ၎င်းတို့သည် မိမိတို့၏ အသက်တာများပေါ် ပျက်စီးယိုယွင်းခြင်း ကျရောက်စေကြပြီး မရဏနိုင်ငံသို့ဖြစ်စေ၊ အနက်ဆုံးသော တွင်းထဲသို့ဖြစ်စေ သွားကြလေသည်။ ဤသည်ကား လူသားမျိုးနွယ်ကို ငါကိုင်တွယ်ဖြေရှင်းသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး၊ ယင်းကို ပြောင်းလဲရန် လူသား၌ နည်းလမ်းတစ်ခုမျှ မရှိပေ— ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်၏။ ဤအရာကို သတိရလော့။ ငါ၏အမိန့်ကို အဘယ်သူမျှ ပုန်ကန်ပြစ်မှားခွင့်မရှိ။ အမှုအရာတို့ကို ငါ၏အလိုအတော်အတိုင်း လုပ်ဆောင်ရမည်။ ယခင်က ငါသည် သင်တို့အပေါ် သက်ညှာလွန်းခဲ့ပြီး ငါ၏နှုတ်ကပတ်တော်များကိုသာ သင်တို့တွေ့ကြုံခဲ့ကြသည်။ လူများကို ဒဏ်ခတ်ခြင်းနှင့်ပတ်သက်၍ ငါမိန့်မြွက်ခဲ့သော နှုတ်ကပတ်တော်များမှာ ဖြစ်မလာသေးပေ။ သို့သော် ယနေ့မှစ၍ ငါ၏အလိုတော်နှင့် မကိုက်ညီသူ အားလုံးကို အပြစ်ဒဏ်ပေးရန်အတွက် (ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ဆက်နွှယ်သော) ကပ်ဘေးများအားလုံးသည် တစ်ခုပြီးတစ်ခု ကျရောက်လာလိမ့်မည်။ ဖြစ်ရပ်မှန်များ ပေါ်ထွန်းလာရမည်- သို့မဟုတ်လျှင် လူတို့သည် ငါ၏အမျက်ဒေါသကို မြင်နိုင်ကြမည်မဟုတ်ဘဲ ကိုယ်ကျင့်တရားများ အကြိမ်ကြိမ် ပျက်ပြားကြလိမ့်မည်။ ဤသည်ကား ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဆင့်တစ်ခုဖြစ်ပြီး၊ ငါ့အမှု၏နောက်တစ်ဆင့်ကို ငါလုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ သင်တို့အနေဖြင့် ပြစ်မှားမှုကျူးလွန်ခြင်းနှင့် ထာဝရပြစ်ဒဏ်ပေးခံရခြင်းကို ရှောင်ရှားနိုင်ရန်အလို့ငှာ ဤအရာကို ငါကြိုတင်ပြောဆိုထားခြင်းဖြစ်၏။ ဆိုလိုသည်မှာ၊ ယနေ့မှစကာ ငါ၏သားဦးများမှလွဲ၍ ခပ်သိမ်းသောလူတို့အား ငါ၏အလိုတော်နှင့်အညီ သင့်တော်သောနေရာများကို ယူစေမည်ဖြစ်ပြီး ၎င်းတို့ကို တစ်ယောက်ပြီးတစ်ယောက် ငါပြစ်တင်ဆုံးမမည်။ ငါသည် ၎င်းတို့ တစ်ယောက်တလေကိုမျှ လွတ်ငြိမ်းခွင့်ပေးမည်မဟုတ်။ သင်တို့အနေဖြင့် ကိုယ်ကျင့်တရား ထပ်မံပျက်ပြားဝံ့ကြသေးပါက ပျက်ကြည့်ကြလော့။ ပုန်ကန်ဝံ့ကြသေးပါက ထပ်မံပုန်ကန်ကြည့်ကြလော့။ ငါသည် အားလုံးအပေါ် ဖြောင့်မတ်သည်၊ ငါ၌ စိတ်ခံစားချက် တစိုးတစိမျှမရှိဟု ယခင်က ငါပြောဆိုပြီးဖြစ်ကာ၊ ငါ၏စိတ်သဘောထားအား မပြစ်မှားသင့်ကြောင်းကို ဤအရာက ပြသ၏။ ဤသည်မှာ ငါ၏ဇာတိအဖြစ်တော်ဖြစ်၏။ ဤအရာကို အဘယ်သူမျှ မပြောင်းလဲနိုင်။ ခပ်သိမ်းသောသူတို့သည် ငါ၏နှုတ်ကပတ်တော်များကို ကြားကြပြီး၊ ငါ၏ဘုန်းကြီးသော မျက်နှာထားကိုမြင်ကြ၏။ ခပ်သိမ်းသောသူတို့သည် ငါ့အား လုံးဝအကြွင်းမဲ့နာခံကြရမည်— ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်၏။ ငါသည် အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည့်အတွက်၊ ငါသည် ဘုရားသခင်၏ ဇာတိအဖြစ်တော် ဖြစ်သည့်အတွက် စကြဝဠာအနှံ့နှင့် မြေကြီးစွန်းရှိ ခပ်သိမ်းသောသူတို့သည် ငါ့အား ချီးမွမ်းပြီး ဘုန်းထင်ရှားစေသင့်ကြ၏။ ငါ၏နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များ၊ ငါ၏စကားနှင့် အပြုအမူများသည် ငါတစ်ပါးတည်းနှင့်သာဆိုင်သည့် ကိစ္စရပ်များဖြစ်ပြီး ရှေးအကျဆုံးသော အချိန်ကာလများမှ ငါပိုင်ဆိုင်ထားသည့် အရာများဖြစ်ကာ ထာဝရတည်ရှိနေမည့် အရာများဖြစ်သောကြောင့် ၎င်းတို့ကို မည်သူမျှ မပြောင်းလဲနိုင်ပေ။

လူတို့သည် ငါ့အား စမ်းသပ်ရန် ရည်ရွယ်ချက်ထားရှိကြပြီး၊ ငါ့အား အသရေဖျက် ပြောဆိုရန်အလို့ငှာ ငါ၏နှုတ်ကပတ်တော်များအတွင်း၌ ငါ့ကိုဆန့်ကျင်အသုံးပြုဖို့ တစ်စုံတစ်ရာကို ရှာတွေ့လိုကြ၏။ ငါသည် သင်၏အသရေဖျက်ပြောဆိုမှုကို ခံရမည်လော။ ငါသည် ပေါ့ပေါ့တန်တန် ဝေဖန်ခံရမည်လော။ ငါ၏အရေးကိစ္စသည် ပေါ့ပေါ့တန်တန် ဆွေးနွေးဖို့လော။ သင်တို့သည် အမှန်တကယ်ပင် မိမိတို့အတွက် မည်သည့်အရာက ကောင်းသည်ကို မသိကြသော လူတစ်စုဖြစ်ပေတကား။ သင်တို့သည် ငါ့ကို လုံးဝမသိကြပေတကား။ ဇိအုန်တောင်ဟူသည်မှာ အဘယ်နည်း။ ငါ၏ဘုံဗိမာန်ဟူသည်မှာ အဘယ်နည်း။ ကောင်းမွန်သော ခါနာန်ပြည်ဟူသည်ကား အဘယ်နည်း။ ဖန်ဆင်းခြင်း၏ အရင်းခံအရပ်ကား အဘယ်နည်း။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဤစကားများကို ငါအဆက်မပြတ်ပြောနေခဲ့သည်မှာ အဘယ့်ကြောင့်နည်း။ ဇိအုန်တောင်၊ ငါ၏ဘုံဗိမာန်၊ ကောင်းမွန်သော ခါနာန်ပြည်၊ ဖန်ဆင်းခြင်း၏ အရင်းခံအရပ်- ဤအရာအားလုံးကို ငါ၏ဇာတိအဖြစ်တော်အား ရည်ညွှန်းလျက် (ကိုယ်ထည်ကို ရည်ညွှန်းလျက်) ပြောဆိုခြင်းဖြစ်၏။ လူအားလုံးက ဤအရာများသည် ရုပ်အထည်အရ တည်ရှိသည့် နေရာများဖြစ်သည်ဟု ထင်ကြသည်။ ငါ့ဇာတိအဖြစ်တော်သည် ဇိအုန်တောင်ဖြစ်၏။ ယင်းသည် ငါ့ဘုံဗိမာန်ဖြစ်၏။ ဝိညာဉ်လောကသို့ ဝင်ရောက်သူမှန်သမျှသည် ဇိအုန်တောင်ကို တက်လှမ်းကာ ငါ၏ဘုံဗိမာန်ထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ငါ၏ဇာတိအဖြစ်တော်အတွင်းတွင် အရာခပ်သိမ်းကို ငါဖန်ဆင်းခဲ့၏၊ ဆိုလိုသည်မှာ၊ အရာခပ်သိမ်းသည် ကိုယ်ထည်အတွင်း၌ ဖန်ဆင်းခြင်းခံခဲ့ရသည်၊ ထို့ကြောင့် ကိုယ်ထည်သည် အရင်းခံအရပ်ဖြစ်၏။ သင်တို့သည် ကိုယ်ထည်ထဲသို့ ငါနှင့်အတူတကွ ပြန်သွားလိမ့်မည်ဟု ငါအဘယ်ကြောင့်ပြောသနည်း။ ယင်းတွင် မူရင်းအဓိပ္ပာယ်တည်ရှိ၏။ “ဘုရားသခင်” ဟူသည့် အမည်နာမကဲ့သို့ပင် ထိုနာမ်များကိုယ်၌က မည်သည့်အဓိပ္ပာယ်မျှ မရှိပေ၊ ယင်းထက် ၎င်းတို့မှာ ကွဲပြားခြားနားသည့် နေရာများကို ငါပေးထားသည့် ကွဲပြားခြားနားသည့် အမည်နာမများပင် ဖြစ်ကြ၏။ ထို့ကြောင့် ၎င်းတို့၏ တိုက်ရိုက်အဓိပ္ပာယ်များကို အလွန်အမင်းအာရုံစိုက်မနေဘဲ၊ ငါ၏နှုတ်ကပတ်တော်များကို နာယူခြင်းအပေါ်၌သာ အာရုံစိုက်ကြလော့။ ၎င်းတို့ကို ဤနည်းလမ်းဖြင့် သင်တို့မြင်ရမည်ဖြစ်သည်၊ ထိုအခါ ငါ၏အလိုတော်ကို သင်တို့သဘောပေါက်နိုင်ပေလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များထဲ၌ ဉာဏ်အမြော်အမြင် ရှိကြောင်းကို သင်တို့အား ငါအဘယ့်ကြောင့် အကြိမ်ကြိမ်အဖန်ဖန် သတိပေးသနည်း။ ဤအရာ၏နောက်ကွယ်က အဓိပ္ပာယ်ကို သင်တို့အထဲမှ မည်မျှက ကြိုးစား၍ အဖြေရှာဖူးသနည်း။ သင်တို့အားလုံးသည် မျက်စိစုံမှိတ်၍ ခွဲခြမ်းစိတ်ဖြာနေကြပြီး အကျိုးသင့်အကြောင်းသင့်မရှိဘဲ ဖြစ်နေကြပေသည်။

ယခင်က ငါမိန့်မြွက်ခဲ့သည့် အရာအများစုကို သင်တို့ ယခုထိ နားမလည်ကြသေးချေ။ သင်တို့သည် သံသယဖြစ်သည့် အခြေအနေတွင် ရှိမြဲရှိနေကြပြီး ငါ၏စိတ်နှလုံးကို ကျေနပ်မှု မပေးနိုင်ကြသေး။ ငါမိန့်မြွက်သည့် ဝါကျတိုင်းအပေါ် သင်တို့စိတ်ချသေချာလာနိုင်သည့် မည်သည့်အချိန်မဆိုသည် သင်တို့၏အသက်တာ ရင့်ကျက်သည့်အချိန် ဖြစ်လိမ့်မည်။ ငါ့အဖို့ တစ်ရက်သည် အနှစ်တစ်ထောင်ကဲ့သို့ဖြစ်ပြီး၊ အနှစ်တစ်ထောင်သည် တစ်ရက်ကဲ့သို့ဖြစ်၏။ ငါပြောသည့် အချိန်နှင့်ပတ်သက်၍ သင်တို့ မည်သို့ထင်မြင်သနည်း။ ယင်းကို သင်တို့ မည်သို့ရှင်းပြမည်နည်း။ ထိုအရာကို သင်တို့ အဓိပ္ပာယ်ကောက်လွဲကြ၏။ ထို့အပြင် လူအများစုသည် ငါ့ကို ဆန့်ကျင်၍အသုံးပြုဖို့ရန်အတွက် တစ်စုံတစ်ရာ ရှာတွေ့လိုလျက် ဤအရာနှင့်ပတ်သက်၍ ငါ့ကို ရေးကြီးခွင်ကျယ်လုပ်ကြ၏— သင်တို့အတွက် မည်သည့်အရာက ကောင်းသည်ကို သင်တို့မသိကြပေတကား။ သတိထားလော့၊ သို့မဟုတ်ပါက သင်တို့ကို ငါဒဏ်ခတ်အံ့။ အရာခပ်သိမ်း ရှင်းလင်းထင်ရှားသည့်နေ့ရက် ရောက်ရှိလာသည့်အခါ သင်တို့ လုံးဝနားလည်ကြလိမ့်မည်။ ယခု သင်တို့ကို ငါမပြောသေး (ယခုအချိန်သည် လူတို့ကို ဖော်ထုတ်ရန်အချိန်ဖြစ်၏၊ ငါ၏အလိုကို ဖြည့်ဆည်းပေးနိုင်ရန် အယောက်တိုင်း ဂရုစိုက်ကာ သတိထားကြရမည်)။ ငါသည် လူအားလုံးကို ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ဖော်ထုတ်မည်ဖြစ်ပြီး၊ ၎င်းတို့ စစ်မှန်ခြင်း ရှိမရှိဆိုသည်ကို ပြသရန် ၎င်းတို့၏ မူလအသွင်အပြင်များ ထုတ်ဖော်ပြခံရလိမ့်မည်။ အကယ်၍ တစ်စုံတစ်ဦးသည် ပြည့်တန်ဆာ၊ သို့မဟုတ် မိန်းမပျက်တစ်ဦးဖြစ်ပါက ၎င်းတို့ကို ငါဖော်ထုတ်ရမည်။ ငါသည် အမှုအရာများကို အားစိုက်ထုတ်ခြင်းမရှိဘဲ လုပ်ဆောင်ပြီး လူတို့ကို ဖော်ထုတ်ရန် ငါ၏နှုတ်ကပတ်တော်များကိုသာ အသုံးပြုသည်ကို ယခင်က ငါပြောဆိုပြီးဖြစ်သည်။ မည်သည့်ရုပ်ဖျက်ခြင်းကိုမျှ ငါမကြောက်ပေ။ ငါ၏နှုတ်ကပတ်တော်များကို မိန့်မြွက်လိုက်သည်နှင့် တစ်ပြိုင်နက် သင်၏မူလအသွင်အပြင်ကို သင်ထုတ်ဖော်ပြရမည်ဖြစ်ပြီး၊ သင့်ကိုယ်သင် အဘယ်မျှကောင်းစွာ ရုပ်ဖျက်စေကာမူ ထိုအရာကို ငါဧကန်မုချ ရိပ်မိလိမ့်မည်။ ဤသည်မှာ ငါ၏လုပ်ဆောင်ချက်များနှင့်ဆိုင်သော အခြေခံသဘောတရားများဖြစ်၏— မိန့်မြွက်ချက်များကိုသာ အသုံးပြုပြီး အင်အားတစ်စုံတစ်ရာမျှ မသုံးခြင်းဖြစ်၏။ လူတို့သည် ငါ၏နှုတ်ကပတ်တော်များ ပြည့်စုံမည်၊ မပြည့်စုံမည်နှင့်ပတ်သက်၍ ကြောက်စိတ်ဝင်လာကြပြီး ငါ့အတွက် ၎င်းတို့စိုးရိမ်ကြောင့်ကြကာ ငါ့အတွက် စိတ်ပူနေကြ၏။ သို့သော်လည်း ဤအားထုတ်မှုများသည် အမှန်တကယ် မလိုအပ်ပေ။ ၎င်းတို့သည် ပေးဆပ်ရန်မလိုသည့် အဖိုးအခတစ်ခု ဖြစ်သည်။ ငါ့အတွက် သင်စိတ်ပူသော်လည်း သင်ကိုယ်တိုင်၏ အသက်တာသည် ရင့်ကျက်ပြီလော။ သင်ကိုယ်တိုင်၏ ကံကြမ္မာရော မည်သို့နည်း။ သင့်ကိုယ်သင် မကြာခဏ မေးလော့၊ ဖြစ်ကတတ်ဆန်း မနေလေနှင့်။ လူအပေါင်းတို့သည် ငါ၏အမှုကို— ငါ၏လုပ်ဆောင်ချက်များနှင့် ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့်— ထည့်သွင်းစဉ်းစားသင့်ကြသည်၊ ငါ၏ဇာတိအဖြစ်တော်ကို မြင်သင့်ကြသည်၊ ငါ့အကြောင်းကို ပို၍ သိသင့်ကြသည်၊ ငါ၏အနန္တတန်ခိုးကို သိသင့်ကြသည်၊ ငါ၏ဉာဏ်ပညာကို သိရှိပြီး ခပ်သိမ်းသောအရာတို့ကို ငါဖန်ဆင်းခဲ့သည့် နည်းလမ်းများနှင့် နည်းစနစ်များကို သိရှိသင့်ကြကာ ထိုသို့အားဖြင့် ငါ့ကို အဆုံးမရှိ ချီးမွမ်းသင့်ကြ၏။ ငါ့စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ လက်တံများကို မည်သူ့အပေါ်တွင် ငါတင်ထားသည်၊ မည်သူ့အပေါ် ငါအမှုပြုသည်၊ မည်သည့်အရာကို ငါလုပ်လိုသည်နှင့် ငါပြီးပြည့်စုံစေလိုသည်မှာ မည်သည့်အရာဖြစ်သည်တို့ကို လူအားလုံးတို့အား ငါမြင်စေမည်။ ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်သည့်အတွက် လူအယောက်စီတိုင်းက အောင်မြင်အောင် ဆောင်ရွက်ရမည့် အရာတစ်ခုဖြစ်၏။ ငါပြောသည့်အရာကို ငါဖြစ်မြောက်စေမည်။ ငါ၏နှုတ်ကပတ်တော်များကို အဘယ်သူမျှ ပေါ့ပေါ့တန်တန် ခွဲခြမ်းစိတ်ဖြာခြင်း မပြုရ။ ငါ၏လုပ်ဆောင်ချက်များ နောက်ကွယ်မှ အခြေခံသဘောတရားများကို ငါ့နှုတ်ကပတ်တော်များမှတစ်ဆင့် အားလုံးတွေ့မြင်ရမည်ဖြစ်ပြီး၊ ငါ၏အမျက်ဒေါသမှာ အဘယ်အရာဖြစ်ကြောင်း၊ ငါ၏ကျိန်စာမှာ အဘယ်အရာဖြစ်ကြောင်းနှင့် ငါ၏တရားစီရင်ခြင်းမှာ အဘယ်အရာဖြစ်ကြောင်းတို့ကို ငါ၏နှုတ်ကပတ်တော်များမှ သိရှိကြရမည်။ ဤအရာအားလုံးသည် ငါ၏နှုတ်ကပတ်တော်များအပေါ်တွင် တည်နေပြီး လူအယောက်စီတိုင်းက ငါ၏နှုတ်ကပတ်တော် အခုစီတိုင်းအတွင်း တွေ့မြင်သင့်သည့် အရာများဖြစ်ပေ၏။

အရှေ့သို့- အခန်း ၉၉

နောက်တစ်ခုသို့- အခန်း ၁၀၁

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။