အခန်း ၉၉

ငါ့အမှု၏အရှိန်အဟုန်သည် အရှိန်မြင့်နေသောကြောင့်၊ မည်သူမျှ ငါ၏ခြေလှမ်းများကို အမီမလိုက်နိုင်ကြသကဲ့သို့ ငါ၏စိတ်ကိုလည်း မည်သူမျှထိုးထွင်းမသိမြင်နိုင်ပေ၊ သို့သော် ဤသည်မှာ တစ်ခုတည်းသော ရှေ့ဆက်လမ်း ဖြစ်သည်။ ဤသည်မှာ ပြောဆိုထားနှင့်ပြီးဖြစ်သည့် “သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း”ဟူသော စကားရပ်ထဲက “သေခြင်း” ဖြစ်သည် (ငါ၏အလိုကို သဘောမပေါက်နိုင်ခြင်း၊ ငါ၏နှုတ်ကပတ်တော်များမှ ငါဆိုလိုသည့်အရာကို နားမလည်နိုင်ခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဤသည်မှာ “သေခြင်း”နှင့်ဆိုင်သည့် နောက်ထပ်ရှင်းပြချက်ဖြစ်ပြီး “ငါ့ဝိညာဉ်၏ စွန့်ပစ်ခံရခြင်း”ဟု မဆိုလိုပေ။) သင်တို့နှင့် ငါသည် ဤအဆင့်မှ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းပြီးချိန်တွင်၊ “သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း”၏ စစ်မှန်သော အဓိပ္ပာယ် ပြည့်စုံလိမ့်မည် (ဆိုလိုသည်မှာ၊ ဤသည်မှာ “သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း”၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်)။ ယခုတွင်၊ ဤသည်မှာ သင်တို့အားလုံး တည်ရှိသည့် အခြေအနေဖြစ်သည်။ သင်တို့သည် ငါ၏အလိုကို သဘောမပေါက်နိုင်သကဲ့သို့၊ ငါ၏ခြေလှမ်းများကို ရှာမတွေ့နိုင်ကြပေ။ ထို့အပြင် သင်တို့သည် သင်တို့၏ စိတ်ဝိညာဉ်များ၌ ဆိတ်ဆိတ်မနေနိုင်ကြ၊ ထို့ကြောင့် သင်တို့သည် စိတ်ထဲတွင် မသက်သာမှုကို ခံစားရသည်။ ဤအခြေအနေမျိုးသည် ငါဖော်ပြခဲ့သည့် “ဆင်းရဲဒုက္ခ” အတိအကျ ဖြစ်ပြီး၊ လူတို့ မခံနိုင်သည့် ဤဆင်းရဲဒုက္ခအတွင်းတွင် သင်သည် သင်၏ကိုယ်ပိုင်အနာဂတ်ကို တစ်ဖက်တွင် တွေးနေပြီး အခြားတစ်ဖက်တွင် သင်တို့ကို အရပ်လေးမျက်နှာမှ ပစ်ခတ်ကာ တိုက်ခိုက်နေသည့် ငါ၏လောင်ကျွမ်းခြင်းနှင့် ငါ၏တရားစီရင်ခြင်းတို့ကို သင် လက်ခံနေသည်။ ထို့အပြင်၊ သင်သည် ငါ စကားပြောသည့် အသံနေအသံထားနှင့် ဟန်ပန်တို့မှ စည်းမျဉ်းတစ်ခုတစ်လေကို သင် သဘောပေါက်မနိုင်သကဲ့သို့၊ သင် အလွန် ဆင်းရဲဒုက္ခခံရဖို့အလို့ငှာ၊ တစ်နေ့တာ မိန့်မြွက်ချက်တွင် အသံနေအသံထား အမျိုးမျိုးရှိလေသည်။ ဤအရာတို့သည် ငါ၏ အမှုရှိ အဆင့်များဖြစ်သည်။ ဤသည်မှာ ငါ၏ဉာဏ်ပညာဖြစ်သည်။ အနာဂတ်တွင်၊ သင်တို့သည် ဤသွင်ပြင်လက္ခဏာတွင် ပို၍ကြီးမားသော ဆင်းရဲဒုက္ခကို တွေ့ကြုံလိမ့်မည်၊ ထိုအရာအားလုံးသည် သူတော်ကောင်းယောင်ဆောင်လူအားလုံးကို ထုတ်ဖော်ပြရန်အလို့ငှာ ဖြစ်သည်- ဤအရာသည် ယခု ရှင်းလင်းသင့်ပေပြီ။ ဤသည်မှာ ငါ အမှုပြုသည့် နည်းလမ်းဖြစ်သည်။ ဤဆင်းရဲဒုက္ခမျိုး၏ စိတ်ဓာတ်လှုံ့ဆော်မှုနှင့်အတူ၊ သေခြင်းနှင့် ညီမျှသော ဤနာကျင်မှုကို တွေ့ကြုံပြီးသည့်နောက်တွင်၊ အခြားသော နယ်ပယ်ထဲသို့ သင်ဝင်ရောက်လိမ့်မည်။ သင်သည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး၊ ငါနှင့်အတူ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အပေါ် အုပ်စိုးလိမ့်မည်။

ငါသည် လတ်တလောတွင် အဘယ်ကြောင့် သာ၍ ပြင်းထန်သော အသံနေအသံထားတစ်ခုဖြင့် ပြေဆိုနေခဲ့သနည်း။ ငါ၏အသံနေအသံထားသည် အဘယ်ကြောင့် မကြာခဏပြောင်းလဲပြီး ငါ၏အမှုပြုခြင်း နည်းလမ်းသည်လည်း အဘယ်ကြောင့် အလွန် မကြာခဏ ပြောင်းလဲလေပြီနည်း။ ငါ၏ဉာဏ်ပညာသည် ဤအရားများတွင် ရှိလေပြီ။ ငါ၏ နှုတ်ကပတ်တော်များကို ဤနာမအား လက်ခံသူအယောက်စီတိုင်းအတွက် (ငါ၏နှုတ်ကပတ်တော်များ ပြီးပြည့်စုံနိုင်သည်ကို ၎င်းတို့ ယုံကြည်သည် ဖြစ်စေ မယုံကြည်သည်ဖြစ်စေ) ပြောဆိုထားပေသည်၊ ထို့ကြောင့် ငါ၏နှုတ်ကပတ်တော်တို့ကို အယောက်တိုင်းက ကြားကာ မြင်ကြရမည်ဖြစ်ပြီး၊ ငါသည် ငါ၏ အမှုပြုသည့်နည်းလမ်းရှိပြီး ငါ၏ ဉာဏ်ပညာရှိသောကြောင့်၊ ၎င်းတို့သည် ဖိနှိပ်ခြင်းမခံရကြ။ ငါသည် လူတို့ကိုတရားစီရင်ရန်၊ လူတို့ကို ထုတ်ဖော်ပြရန်နှင့် လူတို့၏သဘာဝကို ဖော်ထုတ်ရန် ငါ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ထိုသို့ဖြင့်၊ ငါ၏ ရွေးကောက်ခြင်းခံရသူတို့ကို ငါရွေးချယ်ပြီး၊ ငါ၏ ခွဲခန့်မှတ်သားခြင်းမခံရသူများ သို့မဟုတ် ငါ၏ရွေးချယ်ခြင်းမခံရသူများကို ပယ်ထုတ်သည်။ ဤအရာအားလုံးသည် ငါ၏ဉာဏ်ပညာဖြစ်ပြီး၊ ငါ့အမှု၏ အံ့ဖွယ်ရာ ဖြစ်သည်။ ဤသည်မှာ ငါ့အမှု၏ဤအဆင့်တွင်ရှိသော ငါ၏နည်းစနစ် ဖြစ်သည်။ လူတို့အလယ်တွင်၊ ငါ၏အလိုကို သဘောပေါက်နိုင်သူ တစ်ဦးတစ်လေ ရှိသလော။ လူတို့အလယ်တွင် ငါ၏ဝန်ထုပ်ကို အရေးထားနိုင်သောသူ တစ်ဦးတစ်လေ ရှိသလော။ အမှုကို လုပ်ဆောင်နေသူသည် ငါ၊ ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်။ သင်တို့သည် ငါ၏ ဤနှုတ်ကပတ်တော်များ၏ အရေးပါမှုကို စေ့စေ့စပ်စပ် နားလည်သည့်တစ်နေ့ ရောက်လာလိမ့်မည်ဖြစ်ပြီး ငါသည် အဘယ်ကြောင့် ဤနှုတ်ကပတ်တော်များအား ပြောဆိုလိုသည်ကို သင်တို့ လုံးဝ ရှင်းသွားကြလိမ့်မည်။ ငါ၏ဉာဏ်ပညာသည် အဆုံးမရှိ၊ အနန္တဖြစ်ပြီး၊ တိုင်းတာမရနိုင်သကဲ့သို့၊ ယင်းသည် လူသားများအဖို့ လုံးဝ ထိုးထွင်းမသိမြင်နိုင်ပေ။ လူသားများသည် ငါပြုသောအရာများမှ ယင်း၏ အစိတ်အပိုင်းတစ်ခုကိုသာ မြင်နိုင်ကြ၏၊ သို့သော် ၎င်းတို့မြင်သောအရာမှာ ချို့ယွင်းချက်များရှိဆဲဖြစ်ကာ မပြည့်စုံသေးပေ။ သင်တို့သည် ဤအဆင့်မှ နောက်တစ်ဆင့်သို့ အပြည့်အဝ ကူးပြောင်းပြီးသည့်အခါတွင်၊ ထိုအရာကို သင်တို့ ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မည်။ အမှတ်ရကြလော့။ ယခုသည် တန်ဖိုးအရှိဆုံးခေတ်ဖြစ်သည်- ခန္ဓာ၌ သင်တို့ ရှိကြသည့် နောက်ဆုံးသောအဆင့်ဖြစ်သည်။ ယခု သင်၏အသက်သည် သင်၏ ရုပ်ပိုင်းဆိုင်ရာ အသက်တာ၏ နောက်ဆုံးအသက် ဖြစ်သည်။ သင်တို့သည် ဇာတိပကတိမှ ဝိညာဉ်လောကသို့ ဝင်ရောက်သောအခါ၊ ထိုအချိန်တွင် နာကျင်မှုအားလုံးသည် သင်တို့ကို စွန့်ခွာလိမ့်မည်။ သင်တို့သည် အလွန် ဝမ်းမြောက်ကြလိမ့်မည်ဖြစ်ကာ ရွှင်လန်းဝမ်းမြောက်မှုကြောင့် မရပ်မနား ကခုန်ကြလိမ့်မည်။ သို့သော် သားဦးများသာလျှင် ဤကောင်းချီးမင်္ဂလာနှင့် ထိုက်ထန်သောကြောင့်၊ ငါ ပြောဆိုသော ဤနှုတ်ကပတ်တော်များသည် သားဦးများအတွက်သာဖြစ်သည်ကို သင်တို့ ရှင်းလင်းရမည်။ ဝိညာဉ်လောကသို့ ဝင်ရောက်မှုမှာ အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ၊ အမြင့်ဆုံးသော ကောင်းချီးမင်္ဂလာနှင့် မွေ့လျော်ခံစားရမည့် အဖိုးတန်ဆုံးသော အရာ ဖြစ်သည်။ ယခု သင်တို့ စားဖို့နှင့် ဝတ်ဖို့ ရရှိသည့် အရာများသည် အသွေးအသား၏ ပျော်မွေ့ခြင်းများထက် ဘာမျှမပိုပေ။ ယင်းတို့သည် ကျေးဇူးတော်ဖြစ်ပြီး ငါသည် ဤအရာများကို တကယ်ကို အရေးမထားပေ။ ငါ့အမှု၏ အာရုံစိုက်ရာသည် နောက်တစ်ဆင့် (ဝိညာဉ်လောကသို့ဝင်ရောက်ခြင်းနှင့် စကြဝဠာလောကကို ရင်ဆိုင်ခြင်း)တွင် ရှိသည်။

အဆင်းနီသောနဂါးကြီးသည် ငါ၏ပစ်ချခြင်းနှင့် ချေမှုန်းခြင်းကို ခံရပြီးဖြစ်သည်ဟု ငါဆိုပြီးဖြစ်သည်။ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များကို အဘယ်သို့ မယုံကြည်နိုင်ကြသနည်း။ သင်တို့သည် အဘယ်ကြောင့် ငါ့အတွက် နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ဘေးအန္တရာယ်တို့ကို သည်းခံရန် ဆန္ဒရှိကြသေးသနည်း။ ဤအရာမှာ သင်တို့ ပေးဖို့ မလိုအပ်သော အဖိုးအခတစ်ခု မဟုတ်လော။ ငါသည် ငါ၏ အမှုကို ငါကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်စဉ်တွင်၊ သင်တို့အနေဖြင့် ပျော်မွေ့ဖို့သာ လိုအပ်သည်ကို ငါသည် သင်တို့အား အကြိမ်ကြိမ် သတိပေးပြီးဖြစ်သည်။ သင်တို့သည် အဘယ်ကြောင့် အရေးယူဆောင်ရွက်ရန် အလွန် စိတ်အားထက်သန်ကြသနည်း။ သင်တို့သည် မည်သို့မွေ့ပျော်ရမည်ကို အမှန်တကယ်မသိကြ။ ငါသည် သင်တို့အတွက် အရာရာကို လုံးဝ ပြင်ဆင်ပြီးဖြစ်သည်- ယင်းကို တောင်းဆိုရန် အဘယ်ကြောင့် သင်တို့ထဲမှ မည်သူမျှ ငါထံ မလာကြသနည်း။ သင်တို့သည် ငါဆိုပြီးသည့်အရာနှင့်ပတ်သက်၍ မသေချာကြသေး။ သင်တို့သည် ငါ့ကိုနားမလည်ကြ။ ငါသည် အနှစ်သာရမရှိသော အလ္လာပသလ္လာပများကို ပြောဆိုနေသည်ဟု သင်တို့ ထင်သည်။ အမှန်တကယ်၊ သင်သည် နားဝေတိမ်တောင်ဖြစ်သည်တကား။ (ငါ ပြောဆိုသည့် ပြည့်စုံသော ပြင်ဆင်ခြင်းများဆိုသည်မှာ ငါသည် ငါ့ကိုခုခံသောသူ အယောက်တိုင်းကို ကျိန်ဆဲရန်နှင့် သင်တို့ကိုနှိပ်စက်ညှဉ်းပန်းသူတို့အား အပြစ်ပေးရန် ကိုယ်တိုင်ကိုယ်ကျ အမှုပြုစဉ်တွင်၊ သင်တို့သည် ငါ့ကို ပို၍ကြည်ညိုသင့်ပြီး၊ ငါ့ရှေ့မှောက်၌ ပို၍ဆုတောင်းသင့်ကြောင်းကို ဆိုလိုသည်။) သင်တို့သည် ငါ၏နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မသိကြပေ။ ငါ၏နက်နဲမှုများအားလုံးကို သင်တို့ထံ ငါထုတ်ဖော်ပြသော်လည်း၊ သင်တို့ထဲမှ မည်မျှသည် ယင်းတို့ကို အမှန်တကယ်နားလည်ကြသနည်း။ သင်တို့ထဲမှ မည်မျှသည် ယင်းတို့ကို နက်ရှိုင်းစွာ နားလည်ကြသနည်း။ ငါ၏ပလ္လင်သည် မည်သည့်အရာဖြစ်သနည်း။ ငါ၏သံလှံတံသည် မည်သည့်အရာနည်း။ သင်တို့အထဲမှ မည်သူ သိသနည်း။ ငါ၏ပလ္လင်ကို ဖော်ပြသောအခါ ယင်းမှာ ငါထိုင်သောနေရာ သို့မဟုတ် ငါကျိန်းဝပ်ရာနေရာ သို့မဟုတ် ငါ့ကို၊ ငါ၏ ဖြစ်ခြင်းဖြစ်သည့် ဇာတိအဖြစ်တော်ကို ရည်ညွှန်းသည်ဟု လူအများစုက ထင်ကြသည်။ ဤအရာများသည် မှားယွင်းသော နားလည်မှုများသာ- နားလည်မှုလွဲခြင်း အရှုပ်အထွေးတစ်ခု သက်သက် ဖြစ်သည်။ ဤအနက်ပြန်များထဲမှ မည်သည့်အရာမျှ မမှန်ပေ၊ ဟုတ်ပါသလော။ ဤသည်မှာ သင်တို့အားလုံး ထိုအရာကို နားလည်ကာ သဘောပေါက်ကြသည့် နည်းလမ်းဖြစ်သည်- ဤသည်မှာ အစွန်းရောက်သော သိနားလည်မှု သွေဖည်ခြင်းတစ်ခု သက်သက် ဖြစ်သည်။ ဩဇာအာဏာသည် မည်သည့်အရာဖြစ်သနည်း။ ဩဇာအာဏာနှင့် ပလ္လင်ကြားက ဆက်နွှယ်မှုမှာ အဘယ်နည်း။ ပလ္လင်သည် ငါ၏ ဩဇာအာဏာဖြစ်သည်။ ငါ၏သားဦးများသည် ငါ၏ပလ္လင်ကို မြင့်မြင့်ကိုင်ထားချိန်၊ ယင်းသည် ငါ၏သားဦးများသည် ငါ့ထံမှ ဩဇာအာဏာရရှိမည့်အချိန် ဖြစ်သည်။ ငါသာလျှင် ဩဇာအာဏာရှိသည်၊ ထို့ကြောင့် ငါသာလျှင် ပလ္လင်ရှိသည်။ တစ်နည်းအားဖြင့်၊ ငါ၏ သားဦးများသည် ငါဒုက္ခဆင်းရဲခံသကဲ့သို့ ဒုက္ခဆင်းရဲခံပြီးနောက်တွင်၊ ၎င်းတို့သည် ငါ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လက်ခံလိမ့်မည်ဖြစ်ပြီး ငါ့ထံမှ အရာရာကို လက်ခံရရှိလိမ့်မည်။ ဤသည်မှာ သားဦးအရိုက်အရာကို ၎င်းတို့ ရရှိမည့် လုပ်ငန်းစဉ်ဖြစ်သည်။ ယင်းသည် ငါ၏သားဦးများက ငါ၏ပလ္လင်ကို ကိုင်မြောက်သောအချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ငါ့ထံမှ ဩဇာအာဏာကို ၎င်းတို့ လက်ခံသော အချိန်လည်း ဖြစ်လိမ့်မည်။ ယခုတွင် ဤအရာကို သင်နားလည်သင့်သည်။ ငါ ပြောသောအရာတိုင်းသည် ရှင်းလင်းပြီး အယောက်တိုင်း နားလည်ရန်အလို့ငှာ လုံးဝ ပြတ်သားပေသည်။ သင်တို့၏ ကိုယ်ပိုင်အယူအဆများကို ဘေးဖယ်ထားပြီး၊ သင်တို့ထံ ငါထုတ်ဖော်ပြသော နက်နဲမှုများကို လက်ခံဖို့ စောင့်ဆိုင်းလော့။ သို့ဆိုလျှင် သံလှံတံသည် မည်သည့်အရာ ဖြစ်သနည်း။ ယခင်အဆင့်တွင်၊ ယင်းသည် ငါ၏ ပြင်းထန်သော နှုတ်ကပတ်တော်တို့ကို ရည်ရွယ်ခဲ့သော်လည်း၊ ယခုတွင် ယင်းသည် အတိတ်နှင့် ကွာခြားပေသည်- ယခုတွင် သံလှံတံမှာ ဩဇာအာဏာဖြင့် ပြည့်ဝသည့် ကြီးမားသော ကပ်ဘေးများဖြစ်သည့် ငါ၏လုပ်ဆောင်ချက်များကို ရည်ညွှန်းပေသည်။ ထို့ကြောင့်၊ သံလှံတံကို ဖော်ပြသည့် အချိန်တိုင်းတွင်၊ ယင်းသည် ဩဇာအာဏာနှင့် ပေါင်းစပ်လေသည်။ သံလှံတံ၏ မူရင်းအဓိပ္ပာယ်မှာ ကြီးမားသော ကပ်ဘေးများအရ ပြောဆိုထားခြင်း ဖြစ်သည်- ယင်းသည် ဩဇာအာဏာ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ဤအရာကို အယောက်တိုင်း ရှင်းရှင်းလင်းလင်း မြင်ကြရမည်ဖြစ်ပြီး၊ ထိုသို့ဖြင့်သာ ၎င်းတို့သည် ငါ၏အလိုကို သဘောပေါက်နိုင်ကာ ငါ၏နှုတ်ကပတ်တော်များမှ ဗျာဒိတ်ကို ရရှိနိုင်ပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရှိသောသူ မည်သူမဆို ၎င်း၏လက်တွင် သံလှံတံကို ကိုင်ဆောင်ထားပြီး ဩဇာအာဏာသယ်ဆောင်ပြီး ကြီးမားသော ကပ်ဘေးတစ်ခုတစ်လေကို စီမံဆောင်ရွက်ရန် အခွင့်ရှိသူမှာ သူ ဖြစ်သည်။ ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲမှ တစ်ခု ဖြစ်သည်။

အရာရာတိုင်းနှင့် အရာခပ်သိမ်းသည် သင်တို့အတွက် ဖွင့်ဟထားပြီး (ဤသည်မှာ ရှင်းလင်းစွာ ထောက်ပြပြီးဖြစ်သည့် အစိတ်အပိုင်းကို ရည်ညွှန်းသည်) အရာရာနှင့် အရာခပ်သိမ်းသည် သင်တို့ထံမှ ကွယ်ဝှက်ထားသည် (ဤအရာက ငါ့နှုတ်ကပတ်တော်များ၏ လျှို့ဝှက်သော အစိတ်အပိုင်းကို ရည်ညွှန်း၏)။ ငါသည် ဉာဏ်ပညာဖြင့် စကားပြောသည်- ငါသည် အခြားအရာတို့၏ အဓိပ္ပာယ်ကို သင်တို့အား သဘောပေါက်ခွင့်ပြုစဉ်တွင် (သို့သော် လူအများစုက နားမလည်နိုင်ကြ) ငါ၏နှုတ်ကပတ်တော်များထဲမှ အချို့၏ တိုက်ရိုက်အဓိပ္ပာယ်ကိုသာ သင်တို့အား ငါနားလည်ရန်အခွင့်ပေးသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ငါ့အမှု၏ အစီအစဉ်တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ သင်တို့သည် ဝိညာဉ်ရင့်ကျက်မှု တစ်ခုခုသို့ ရောက်ရှိချိန်တွင်သာ ငါ့နှုတ်ကပတ်တော်၏ စစ်မှန်သောအဓိပ္ပာယ်ကို ငါပြောနိုင်သည်။ ဤသည်မှာ ငါ၏ဉာဏ်ပညာဖြစ်ပြီး၊ ဤသည်တို့မှာ ငါ၏ အံ့ဖွယ်လုပ်ဆောင်ချက်များ ဖြစ်သည် (သင်တို့ကို စုံလင်စေရန်နှင့် စာတန်ကို လုံးလုံးလျားလျားအနိုင်ယူကာ နတ်ဆိုးတို့ကို အရှက်ရစေရန်ဖြစ်သည်)။ သင်တို့သည် အခြားသောနယ်ပယ်သို့ မဝင်ရောက်မိထိတိုင် အပြည့်အဝ နားလည်နိုင်လိမ့်မည်မဟုတ်။ လူတို့၏အယူအဆများတွင် လူတို့ တကယ်ကို နာမလည်နိုင်သည့် အရာများစွာရှိပြီး အကယ်၍ ငါသည် ရှင်းလင်းစွာ ပြောဆိုလျှင်ပင် သင်တို့ နားလည်နိုင်ကြလိမ့်ဦးမည် မဟုတ်သောကြောင့်၊ ငါသည် ဤနည်းဖြင့် ထိုအရာကို လုပ်ဆောင်ရမည် ဖြစ်သည်။ စင်စစ်အားဖြင့်၊ လူတို့၏ စိတ်များမှာ ကန့်သတ်မှုရှိပြီး၊ သင်တို့သည် ဝိညာဉ်လောကသို့ ဝင်ရောက်ပြီးနောက်မှသာ သင်တို့ကို ငါသိရှိစေနိုင်သည့်အရာ များစွာရှိလေသည်။ သို့မဟုတ်ပါက လူသားခန္ဓာသည် လုပ်ငန်းတာဝန်အတွက် အဆင့်မမီသကဲ့သို့၊ ဤသည်မှာ ငါ၏ စီမံခန့်ခွဲမှုကိုသာ နှောင့်ယှက်နိုင်ပေသည်။ ဤသည်မှာ ငါ ပြောဆိုသော “ငါ့အမှု၏ အစီအစဉ်”၏ မှန်ကန်သော အဓိပ္ပာယ် ဖြစ်သည်။ သင်တို့၏အယူအဆများတွင်၊ ငါ့ကို သင်တို့ အဘယ်မျှ နားလည်ကြသနည်း။ သင်တို့၏နားလည်ခြင်းသည် အပြစ်အနာအဆာကင်းသလော။ ယင်းသည် စိတ်ဝိညာဉ်တွင်းရှိ အသိပညာလော။ ထို့ကြောင့်၊ ငါ၏အမှုကို သင်တို့ ပြီးစီးဖို့ရန်နှင့် ငါ၏ အလိုကို လုပ်ဆောင်ဖို့ရန်အတွက် ငါသည်သင်တို့ကို အခြားသောနယ်ပယ်သို့ ကူးပြောင်းခွင့်ပြုရမည်။ သို့ဆိုလျှင် အခြားသောနယ်ပယ်မှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ ယင်းသည် လူတို့ထင်သကဲသို့ ထူးကဲသာလွန်သော မြင်ကွင်းမျိုး အမှန်တကယ်ဖြစ်သလော။ ယင်းသည် မတွေ့မြင်ရ သို့မဟုတ် မခံစားရသော်လည်း တည်ရှိနေသည့် လေကဲ့သိုသော တစ်စုံတစ်ရာ အမှန်တကယ်ဖြစ်သလော။ ငါဆိုပြီးသည်အတိုင်း၊ ခန္ဓာကိုယ်၌ ဖြစ်တည်ခြင်း အခြေအနေသည် အရိုးနှင့် အသားရှိသည့် အရာတစ်ခုဖြစ်ပြီး၊ ပုံသဏ္ဍာန်နှင့် သွင်ပြင် ပိုင်ဆိုင်သော အခြေအနေတစ်ခုဖြစ်သည်။ ဤအရာသည် လုံးဝ မှန်ကန်ပြီး ဧကန်မလွဲဖြစ်ကာ အယောက်တိုင်း ယုံကြည်ရမည်။ ဤသည်မှာ ခန္ဓာကိုယ်ထဲက စစ်မှန်သော အခြေအနေဖြစ်သည်။ ထို့အပြင်၊ ခန္ဓာကိုယ်တွင် လူတို့ မုန်းသောအရာများ မရှိပေ။ သို့သော် ဤအခြေအနေသည် အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ လူတို့သည် အသွေးအသားမှ ခန္ဓာသို့ ဖြတ်သန်းသောအခါ၊ ကြီးမားသောအုပ်စု ထွက်ပေါ်လာရမည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ၎င်းတို့၏ အသွေးအသားအိမ်များမှ ချိုးဖျက်လွတ်မြောက်ကြလိမ့်မည်ဖြစ်ပြီး၊ အသီးသီးသည် မိမိတို့၏ ကိုယ်ပိုင် အမျိုးအစားနောက် လိုက်လိမ့်မည်ဟု ဆိုနိုင်သည်- အသွေးအသားသည် အသွေးအသားဆီသို့ စုစည်းပြီး၊ ခန္ဓာသည် ခန္ဓာဆီသို့ စုစည်းလေသည်။ ယခုတွင် ၎င်းတို့၏အိမ်များ၊ ၎င်းတို့၏ မိဘများ၊ ဇနီးများ၊ ခင်ပွန်းများ၊ သားများနှင့်သမီးများမှ ခွဲထွက်သောသူတို့သည် ဝိညာဉ်လောကထဲသို့ စတင်ဝင်ရောက်ကြပေသည်။ အဆုံးတွင် ယင်းသည် ဤကဲ့သို့ဖြစ်သည်- ဝိညာဉ်လောကထဲက အခြေအနေမှာ သားဦးများသည် သီဆိုရင်းနှင့် ကခုန်ရင်း၊ ငါ၏သန့်ရှင်းသောနာမကို ဩဘာပေးရင်း၊ အတူတကွ စုစည်းကြလေသည်။ ဤသည်မှာ လှပပြီး အစဉ်သစ်လွင်သော မြင်ကွင်းတစ်ခုဖြစ်သည်။ အားလုံးသည် ငါ့ကို မရပ်မနားဘဲ ထာဝရချီးမွမ်းလျက် ငါ၏သန့်ရှင်းသောနာမကို ထာဝရ ကိုင်မြောက်လျက်၊ ငါချစ်ခင်ရသော သားများဖြစ်သည်။ ဤသည်မှာ ဝိညာဉ်လောကထဲသို့ ဝင်ရောက်ပြီးနောက် အခြေအနေဖြစ်သည်၊ ဤသည်မှာ ဝိညာဉ်လောကထဲသို့ ဝင်ရောက်ပြီးနောက် အမှုလည်းဖြစ်ပြီး၊ ငါ ပြောဆိုပြီးဖြစ်သည့် အခြေအနေ၊ ဝိညာဉ်လောကတွင် အသင်းတော်ကို ထိန်းကျောင်းခြင်း အခြေအနေလည်းဖြစ်သည်။ ထို့အပြင် ယင်းမှာ ငါ၏ ဩဇာအာဏာ၊ ငါ၏အမျက်ဒေါသနှင့် ငါ၏စီရင်ခြင်းတို့ကို သယ်ဆောင်ရင်း၊ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့ကို အုပ်ချုပ်ရန် ငါ၏သံလှံတံကို ကိုင်ဆောင်လျက်၊ စကြဝဠာ၏ တိုင်းနိုင်ငံတိုင်းနှင့် တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အလယ် ငါ၏ဇာတိအဖြစ်တော် ပေါ်ထွန်းခြင်းဖြစ်သည်။ လူအားလုံးနှင့် စကြဝဠာတစ်ခုလုံးအလယ်တွင် ဤအရာသည် လူအားလုံးနှင့် တောင်တန်းများပေါ်၊ မြစ်များထဲ၊ အိုင်များထဲနှင့် ကမ္ဘာမြေကြီး၏ အစွန်းနေရာများရှိ အရာအားလုံးအား ငါ့ကိုချီးမွမ်းစေကာ ဘုန်းထင်ရှားစေရင်း၊ အရာခပ်သိမ်း၏ ဖန်ဆင်းရှင်နှင့် အရာရာကိုလမ်းပြသူ၊ အရာရာ စီမံခန့်ခွဲသူ၊ အရာရာကို တရားစီရင်သူ၊ အရာရာကို ပြီးမြောက်စေသူ၊ အရာရာကို အပြစ်ပေးပြီး အရာရာကို ဖျက်ဆီးသူဖြစ်သော တစ်ပါးတည်းသော ဘုရားသခင်ဖြစ်သည့် ငါ့ကိုသိရှိစေရင်း၊ ငါ့ကို ကောင်းကင်နှင့် မြေကြီးအား တုန်လှုပ်စေသော သက်သေကို ခံလေသည်။ ထိုအခါ ဤသည်မှာ ငါ့ဇာတိအဖြစ်တော်၏ စစ်မှန်သော ပေါ်ထွန်းခြင်း ဖြစ်ပေသည်။

အရှေ့သို့- အခန်း ၉၈

နောက်တစ်ခုသို့- အခန်း ၁၀၀

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။