အခန်း ၉၈

ခပ်သိမ်းသောအရာတို့သည် သင်တို့အယောက်တိုင်းအပေါ် ကျရောက်လာလိမ့်မည်ဖြစ်ပြီး၊ ယင်းတို့သည် သင်တို့အား ငါ့အကြောင်းကို ပို၍ သိခွင့်ပေးမည်ဖြစ်ကာ၊ ငါ့အကြောင်းကို ပို၍ သေချာစေလိမ့်မည်။ ယင်းတို့သည် သင်တို့အား တစ်ပါးတည်းသော ဘုရားသခင်ကိုယ်တိုင်ဖြစ်သည့် ငါ့ကို သိခွင့်ပေးလိမ့်မည်၊ အနန္တတန်ခိုးရှင်ဖြစ်သော ငါ့ကို သိခွင့်ပေးလိမ့်မည်၊ လူ့ဇာတိခံ ဘုရားသခင်ကိုယ်တိုင်ဖြစ်သော ငါ့ကို သိခွင့်ပေးလိမ့်မည်။ ထို့နောက်တွင် ငါသည် ဇာတိပကတိမှ ထွက်လာကာ၊ ငါ၏ နေထိုင်ရာနှင့် ငါ၏ ခရီးပန်းတိုင်၊ အရာခပ်သိမ်းကို ငါ ဖန်ဆင်းခဲ့သည့် အခြေစိုက်စခန်းဖြစ်သည့်၊ ဇိအုန်သို့၊ ခါနန်၏ ကောင်းသောမြေသို့ ပြန်သွားလိမ့်မည်။ ယခုတွင် သင်တို့ တစ်ဦးမျှ ငါ ပြောနေသော စကားများ၏ အဓိပ္ပါယ်ကို နားမလည်ချေ။ ဤစကားတို့၏ အဓိပ္ပါယ်ကို နားလည်နိုင်သော လူတစ်ယောက်မျှ မရှိပေ။ အရာရာကို သင်တို့ထံ ထုတ်ဖော်ပြသည့်အခါမှသာ၊ ဤစကားများကို အဘယ်ကြောင့် ငါ ပြောဆိုနေသည်ကို သင်တို့ နားလည်ကြလိမ့်မည်။ ငါသည် တစ်ပါးတည်းသော ဘုရားသခင်ကိုယ်တိုင် ဖြစ်သောကြောင့်၊ ငါသည် စကြဝဠာနှင့် သက်ဆိုင်ဖို့ မဆိုထားနှင့်၊ လောကနှင့် မသက်ဆိုင်ပေ။ ငါသည် စကြဝဠာလောက တစ်ခုလုံးကို ငါ၏လက်ထဲတွင် စွဲကိုင်ထား၏၊ ငါကိုယ်တိုင်သည် ယင်းကို ကွပ်ကဲအုပ်ချုပ်ပြီး၊ လူတို့သည် ငါ၏ ဩဇာအာဏာအား ကျိုးနွံနာခံရုံသာ တတ်နိုင်၏၊ ငါ၏ သန့်ရှင်းသော နာမအား ပြောဆိုရုံသာ တတ်နိုင်၏၊ ငါ့ကို ဩဘာပေးကာ ချီးမွမ်းရုံသာ တတ်နိုင်ကြ၏။ အရာရာကို သင်တို့ထံ တဖြည်းဖြည်း ထုတ်ဖော်ပြလိမ့်မည်။ မည်သည့်အရာမျှ ဖုံးကွယ်မထားသော်လည်း၊ သင်တို့သည် ငါ၏ စကားပြောခြင်းနည်းလမ်် သို့မဟုတ် ငါ့နှုတ်ကပါတ်တော်တို့၏ သဘောသွားကို နားမလည်နိုင်ကြသေးချေ။ ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်က မည်သည့်အရာသာ ဖြစ်သည်ကို သင်တို့ နားမလည်ကြသေးချေ။ ထို့ကြောင့် ငါ ပြောဆိုပြီးဖြစ်သည့်အရာထဲမှ သင်တို့ နားမလည်သော အရာအားလုံးကို နောက်ပိုင်းတွင် သင်တို့အား ငါ ပြောပြလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် အရာရာသည် ငါ့အတွက် ရိုးရှင်းကာ ရှင်းလင်းသော်လည်း၊ သင်တို့အတွက် အလွန့်အလွန် ခက်ခဲပြီး၊ ယင်းတို့ သင်တို့ တကယ်ကို လုံးဝ နားမလည်သောကြောင့် ဖြစ်သည်။ ဤရည်မှန်းချက်အဖို့၊ ငါသည် ငါ၏ စကားပြောဆိုခြင်း နည်းလမ်းကို ပြောင်းလဲမည်ဖြစ်ပြီး၊ ငါ စကားပြောဆိုသောအခါ အမှုအရာများကို အတူတကွ ဆက်စပ်တော့မည်မဟုတ်ဘဲ၊ အချက်အသီးသီးကို တစ်ခုပြီးတစ်ခု ငါ ရှင်းလင်းစေမည်။

သေရာမှ ရှင်ပြန်ထမြောက်ဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဇာတိပကတိတွင် သေဆုံးပြီးနောက် သေခြင်းနောက်တွင် ကိုယ်ခန္ဓာသို့ ပြန်လာခြင်းကို ဆိုလိုသလော။ ဤသည်မှာ သေရာမှ ရှင်ပြန်ထမြောက်ရန်ဟု ခေါ်ဆိုသလော။ ထိုမျှ ရိုးရှင်းသလော။ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည်။ ဤအရာနှင့်သက်ဆိုင်၍ သင်သည် မည်သည့်အရာကို သိသနည်း။ ဤအရာကို သင် မည်သို့ သဘောပေါက်သနည်း။ ငါ၏ ပထမအကြိမ် လူ့ဇာတိခံယူခြင်းအတွင်း သေရာမှ ငါ၏ရှင်ပြန်ထမြောက်ခြင်းကို တိုက်ရိုက် ယူ၍ ရနိုင်မည်လော။ ဖြစ်စဉ်မှာ စာထဲ၌ ဖော်ပြထားသကဲ့သို့ အမှန်တကယ် ဖြစ်ခဲ့သလော။ ငါသည် ပွင့်လင်းစွာ စကားမပြောပါက၊ ငါသည် ရှင်းလင်းစွာ စကားမပြောပါက၊ ငါ့နှုတ်ကပတ်တော်တို့၏ အနက်အဓိပ္ပါယ်ကို မည်သူမျှ နားလည်နိုင်လိမ့်မည်မဟုတ်ဟု ငါ ပြောဆိုပြီးဖြစ်သည်။ သေရာမှ ရှင်ပြန်ထမြောက်ခြင်းသည် ထိုကဲ့သို့ ဖြစ်ခဲ့သည်ဟု မတွေးထင်ခဲ့သောသူ ခေတ်ကာလများတစ်လျှောက်တွင် လူတစ်ဦးမျှ မရှိလေပြီ။ ကမ္ဘာလောက၏ ဖန်ဆင်းခြင်းအချိန်ကတည်းက၊ မည်သူမျှ ဤအရာ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားမလည်သေးပေ။ ငါသည် ကားတိုင်ပေါ်တွင် အမှန်တကယ် သံမှိုစွဲခံခဲ့ရသလော။ ထို့ပြင် သေပြီးနောက် ငါသည် သချိုင်းထဲမှ ထွက်လာခဲ့သလော။ အမှန်တကယ် ဤသို့ ဖြစ်ခဲ့သလော။ ဤအရာသည် အမှန်တကယ် အမှန်ဖြစ်နိုင်သလော။ ခေတ်ကာလများတစ်လျှောက်တွင် မည်သူမျှ ဤအရာထဲသို့ အားထုတ်မှုတစ်ခုတစ်လေ မထားရှိလေပြီ၊ ဤအရာမှ ငါ့ကို မည်သူမျှ သိမလာလေပြီ၊ ပြီးလျှင် ဤအရာကို မယုံကြည်သော လူတစ်ဦးမျှ မရှိပေ။ ဤအရာ မှန်ကန်သည်ဟု အယောက်တိုင်းက ထင်ကြသည်။ ငါ၏ နှုတ်ကပတ်တော်တိုင်းတွင် အတွင်းအနက်အဓိပ္ပါယ်တစ်ခုရှိသည်ကို ၎င်းတို့ မသိကြပေ။ သို့ဆိုလျှင် သေရာမှ ရှင်ပြန်ထမြောက်ခြင်းသည် အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ (မဝေးသော အနာဂတ်တွင်၊ သင်တို့သည် ဤအရာကို ကြုံတွေ့ရလိမ့်မည်၊ ထို့ကြောင့် သင်တို့ကို ထိုအရာအကြောင်းအား ကြိုတင် ပြောနေခြင်း ဖြစ်သည်။) မည်သည့် ဖန်ဆင်းခံ သတ္တဝါမျှ သေဆုံးရန် လိုလားနေခြင်းမရှိပေ။ ၎င်းတို့အားလုံး အသက်ရှင်ချင်ကြ၏။ ငါ၏ ရှုထောင့်အမြင်မှ၊ ဇာတိပကတိ၏ သေဆုံးခြင်းသည် အမှန်တကယ် သေခြင်းတစ်ခု မဟုတ်ပေ။ ငါ၏ ဝိညာဉ်အား လူတစ်ယောက်ထံမှ ပြန်သိမ်းသောအခါ၊ ထိုလူသည် သေဆုံး၏။ ထို့ကြောင့် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းခံရသော ထို မကောင်းဆိုးဝါးများအားလုံး (ယုံကြည်ခြင်း မရှိသောသူများ၊ မယုံကြည်သူများအားလုံး)ကို လူသေဟု ငါ ခေါ်ဆို၏။ ကမ္ဘာလောကကို ဖန်ဆင်းခြင်း အချိန်ကတည်းက၊ ငါသည် ငါ၏ ဝိညာဉ်ကို ငါ ရွေးချယ်ထားပြီးဖြစ်သော အယောက်တိုင်းထံ ထောက်ပံ့ပေးထားပြီးဖြစ်သည်။ သို့သော်၊ ဖန်ဆင်းခြင်း အချိန်နောက်၌ ဖြစ်ပေါ်သော အဆင့်တစ်ခုနောက်တွင်၊ လူတို့သည် အချိန်တစ်ခုကြာ စာတန်၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် ငါသည် စွန့်ခွာခဲ့ကာ၊ လူတို့သည် စတင် ဆင်းရဲဒုက္ခခံစားခဲ့ရ၏ (ငါသည် လူ့ဇာတိခံယူပြီး ကားတိုင်တွင် သံမှိုစွဲရိုက်ခံခဲ့ရချိန်၌ ငါကြံ့ကြံ့ခံခဲ့ရသော ဆင်းရဲဒုက္ခ)။ သို့သော်၊ ငါ ကြိုတင်ခွဲခန့်ထားသော အချိန်တွင် (လူတို့ကို ငါ၏စွန့်ပစ်မှု အဆုံးသတ်သောအချိန်)၊ ငါသည် ငါ ကြိုတင်ခွဲခန့်ထားခဲ့သော လူတို့ကို ပြန်သိမ်းယူခဲ့ပြီး၊ သင်တို့သည် အသက် ပြန်ဝင်လာဖို့အလို့ငှာ၊ ငါ၏ဝိညာဉ်အား သင်တို့ထဲသို့ ငါ တစ်ဖန် ထားရှိခဲ့၏။ ဤအရာကို “သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း”ဟု ခေါ်သည်။ ယခုတွင်၊ ငါ၏ ဝိညာဉ်၌ အမှန်တကယ် အသက်ရှင်သောသူတို့သည် အားလုံး ထူးကဲသာလွန်နှင့်ကြကာ ၎င်းတို့အားလုံးသည် ကိုယ်ခန္ဓာထဲတွင် အသက်ရှင်ကြ၏။ သို့ရာတွင် များမကြာမီ၊ သင်တို့အားလုံးသည် သင်တို့၏ တွေးခေါ်မှု၊ သင်တို့၏ အယူအဆများနှင့် လောကီ အချုပ်အနှောင်အားလုံးတို့ကို စွန်ပစ်ကြလိမ့်မည်။ သို့သော် ယင်းမှာ လူတို့ စိတ်ကူးသကဲ့သို့ ဆင်းရဲဒုက္ခခံပြီးနောက် သေခြင်းမှ ထလာခြင်း မဟုတ်ပေ။ ယခု သင်တို့ ရှင်သန်နေကြခြင်းသည် ကိုယ်ခန္ဓာထဲတွင် အသက်ရှင်ခြင်းအဖို့ ကြိုတင်သတ်မှတ်ချက်ဖြစ်သည်။ ယင်းသည် ဝိညာဉ်လောကထဲသို့ ဝင်ရောက်ရန် လိုအပ်သောလမ်းကြောင်း ဖြစ်၏။ ငါ ပြောဆိုသော သာမန်လူ့သဘာဝ၏ ကျော်လွန်ခြင်းသည် မိသားစုမရှိခြင်း၊ ဇနီးမယား မရှိခြင်း၊ သားသမီး မရှိခြင်းနှင့် လူသားလိုအပ်ချက်များ မရှိခြင်းကို ဆိုလိုသည်။ ယင်းသည် ငါ၏ပုံသဏ္ဍာန်အား အသက်ရှင်နေထိုင်ခြင်းအပေါ် တစ်ခုတည်း အာရုံစိုက်ရန်၊ ငါ့အထဲသို့ ဝင်ရောက်ခြင်းအပေါ် တစ်ခုတည်း အာရုံစိုက်ရန်နှင့် ငါမှလွဲ၍ အခြားသော အရာများကို မတွေးတောရန် ဖြစ်သည်။ သင်သွားသော နေရာတိုင်းသည် သင့်အိမ်ဖြစ်၏။ ဤသည်မှာ သာမန်လူ့သဘာဝကို ကျော်လွန်ခြင်း ဖြစ်သည်။ သင်တို့သည် ငါ၏ ဤစကားတို့ကို လုံးဝ နားလည်မှုလွဲကြလေပြီ။ သင်တို့၏ သိနားလည်ခြင်းသည် ပေါ့တန်လွန်း၏။ ငါသည် တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့ထံ အတိအကျ မည်သို့ ပေါ်ထွန်းမည်နည်း။ ယနေ့တွင် ဇာတိပကတိဖြင့်လော။ မဟုတ်ချေ။ အချိန်ကျသောအခါ၊ ငါသည် စကြဝဠာ၏ တိုင်းနိုင်ငံတိုင်းတွင် ငါ၏ခန္ဓာကိုယ်ဖြင့် ပေါ်ထွန်းလိမ့်မည်။ နိုင်ငံခြားသားများက ၎င်းတို့အား ထိန်းကျောင်းပေးရန် သင်တို့ကို လိုအပ်ချိန်သည် မရောက်ရှိသေးချေ။ ထိုအချိန်တွင်၊ သင်တို့သည် ၎င်းတို့ကို ထိန်းကျောင်းပေးရန် ဇာတိပကတိမှ ထွက်လာပြီး ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန် လိုအပ်လိမ့်မည်။ ဤအရာသည် အမှန်တရားဖြသ်သော်လည်း၊ ယင်းသည် လူတို့ စိတ်ကူးသကဲ့သို့၊ “သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း” မဟုတ်ပေ။ သတ်မှတ်ထားသော အချိန်၌၊ သင်တို့သည် ဇာတိပကတိမှ အမှတ်တမဲ့ ထွက်လာလိမ့်မည်ဖြစ်ပြီး၊ ဝိညာဉ်လောကသို့ ဝင်ရောက်ကာ၊ ငါတို့နှင့်အတူ တိုင်းနိုင်ငံအားလုံးကို အုပ်စိုးကြလိမ့်မည်။ အချိန် မကျသေးချေ။ ငါသည် သင်တို့ကို ဇာတိပကတိထဲတွင် ရှိစေလိုသောအခါ၊ သင်တို့သည် ဇာတိပကတိထဲတွင် ရှိနေကြလတ္တံ့ (ငါ့အမှု၏ သတ်မှတ်ချက်များနှင့်အညီ သင်တို့သည် ယခု တွေးတောခြင်း ရှိရမည်ဖြစ်ပြီး၊ ဇာတိပကတိထဲတွင် အသက်ရှင်ရဦးမည်၊ ထို့ကြောင့် သင်တို့အနေဖြင့် ငါ၏ ခြေလှမ်းများအတိုင်း ဇာတိပကတိဖြင့် သင်လုပ်ဆောင်ရန် လိုအပ်သောအရာများကို သင် လုပ်ဆောင်သင့်ဆဲ ဖြစ်သည်။ မလှုပ်မယှက် မစောင့်ဆိုင်းနှင့်၊ အဘယ်ကြောင့်ဆိုသော် စောင့်ဆိုင်းခြင်းသည် ကြန့်ကြာမှု ဖြစ်စေလိမ့်မည်)။ ငါသည် သင်တို့ကို အသင်းတော်၏ သိုးထိန်းများအဖြစ် ကိုယ်ခန္ဓာဖြင့် ဆောင်ရွက်စေရန် လိုအပ်သောအခါ၊ သင်တို့သည် ဇာတိပကတိမှ ထွက်လာလိမ့်မည်၊ သင်၏ အတွေးကို စွန့်ပစ်လိမ့်မည်ဖြစ်ပြီး၊ အသက်ရှင်ရန် ငါ့အပေါ် လုံးဝ အမှီပြုကြလိမ့်မည်။ ငါ၏ တန်ခိုးနှင့် ဉာဏ်ပညာ၌ ယုံကြည်ခြင်းရှိလော့။ အရာရာကို ငါ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်လိမ့်မည်။ သင်တို့သည် စောင့်ဆိုင်းကာ ဝမ်းမြောက်ဖို့ရန်သာ လို၏။ ကောင်းချီးမင်္ဂလာအားလုံး သင်တို့ထံ ရောက်လာမည်ဖြစ်ပြီး၊ သင်တို့သည် မကုန်ခမ်းနိုင်သကဲ့သို့ အဆုံးအစမဲ့သော အထောက်အပံ့ကို ရရှိလိမ့်မည်။ ထိုနေ့ရက် ရောက်လာသောအခါ၊ သင်တို့သည် ဤအရာကို ငါလုပ်ဆောင်ပုံ၏ အခြေခံသဘောတရားကို နားလည်ကြလိမ့်မည်။ ငါ၏ အံ့ဖွယ် လုပ်ဆောင်ချက်များကို သင်တို့ သိကြလိမ့်မည်ဖြစ်ပြီး၊ ငါ၏သားဦးတို့ကို ဇိအုန်သို့ ငါမည်သို့ ပြန်ဆောင်ကြဉ်းသည်ကို သင်တို့ နားလည်ကြလိမ့်မည်။ ဤအရာသည် သင်တို့ စိတ်ကူးသလောက် မရှုပ်ထွေးသော်လည်း၊ သင်တို့ တွေးထင်သလောက်လည်း မရိုးရှင်းပေ။

ဤအရာကို ငါပြောသည့်အခါ၊ သင်တို့သည် ငါ၏ စကားများ နောက်ကွယ်က ရည်ရွယ်ချက်ကို သာ၍ပင် သဘောမပေါက်လာနိုင်ကြသကဲ့သို့ ပို၍ပင် ရှုပ်ထွေးလာကြသည်ကို ငါ သိ၏။ သင်တို့သည် မည်သည့်အရာကိုမျှ နားမလည်နိုင်ကြဖို့အလို့ငှာ၊ ယင်းတို့ကို အစောပိုင်းတွင် ငါ ပြောဆိုပြီးဖြစ်သည့်အရာများနှင့် သင်တို့ ရောထွေးကုန်မည်ဖြစ်ပြီး၊ ထွက်ပေါက်မရှိသည့်အလား ထင်ရလိမ့်မည်။ သို့သော် မစိုးရိမ်ကြနှင့်။ အရာရာကို သင်တို့အား ငါ ပြောပြမည်။ ငါ ပြောသော အရာရာတိုင်းသည် အဓိပ္ပါယ်ရှိ၏။ ငါသည် တည်ရှိနေသော အရာများကို မရှိခြင်းသို့ ပြန်ရောက်စေနိုင်ပြီး၊ ဘာမျှမရှိခြင်းမှ အမှုအရာမျိုးစုံကို ဖန်တီးနိုင်သည်ဟု ငါ ပြောဆိုပြီးဖြစ်၏။ လူသား စိတ်ကူးထဲ၌၊ ဇာတိပကတိမှ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန်၊ တစ်ဦးတစ်ယောက်သည် သေရာမှ ထမြောက်ရမည်ဖြစ်သည်။ အတိတ်တွင်၊ ငါသည် ဤနည်းလမ်းကို သုံးခဲ့ပြီး၊ ငါ၏ အကြီးမားဆုံးသော နိမိတ်လက္ခဏာကို ထင်ရှားစေခဲ့သည်၊ သို့သော် ယနေ့သည် အတိတ်နှင့် မတူပေ။ ငါသည် သင်တို့ကို ဇာတိပကတိမှ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ခေါ်ဆောင်မည်ဖြစ်သည်။ ဤသည်မှာ သာ၍ပင် ကြီးမြတ်သော နိမိတ်လက္ခဏာနှင့် အံ့ဖွယ်ရာတစ်ခု မဟုတ်ပေလော။ ဤအရာသည် ငါ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်း၏ သာ၍ ကြီးမားသော သရုပ်သကန်တစ်ခု မဟုတ်လော။ ငါသည် ငါ၏အစီအစဉ် ရှိပြီး၊ ငါ၏ ရည်ရွယ်ချက်များ ရှိ၏။ အဘယ်သူသည် ငါ၏လက်များတွင် မရှိသနည်း။ ငါလုပ်ဆောင်သည့်အမှုကို ငါသိ၏။ ယနေ့ ငါ၏ အမှုပြုခြင်း နည်းစနစ်များသည် အမှန်တကယ်၌ အတိတ်နှင့် ကွဲပြားလေသည်။ ငါသည် ခေတ်များ၏ အပြောင်းအလဲအတိုင်း ငါ၏ အမှုပြုခြင်း နည်းစနစ်များကို ပြုပြင်၏။ ငါသည် ကားတိုင်တွင် သံမှိုရိုက်နှက်ခံခဲ့ရချိန်တွင်၊ ယင်းမှာ ကျေးဇူးတော်ခေတ် ဖြစ်ခဲ့သော်လည်း၊ ယခုသည် နောက်ဆုံးသောကာလ ဖြစ်၏။ ငါ့အမှု၏ အဟုန်သည် အရှိန်မြင့်လာနေသည်။ ယင်းသည် အတိတ်ကထက် သာ၍ နှေးကွေးဖို့မဆိုထားနှင့်၊ အတိတ်တွင် လုပ်ဆောင်ခဲ့သကဲ့သို့ တူညီသော မြန်နှုန်းဖြင့် ရှေ့မဆက်ပေ။ ထို့ထက်၊ ယင်းသည် အတိတ်ကထက် ပို၍ များစွာ မြန်မြန်ဆန်ဆန် ရှေ့ဆက်သည်။ ယင်းကို ဖော်ပြဖို့ရန် တကယ်ကို မဖြစ်နိုင်သကဲ့သို့၊ အလွန်များသည့် ခက်ခဲရှုပ်ထွေးသော ဖြစ်စဉ်များစွာ မလိုအပ်ချေ။ ငါသည် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် လွတ်လပ်သည်။ ငါ၏ အလိုအား မည်သို့ ပြည့်စုံစေမည်ဆိုသည်နှင့် ငါသည် သင်တို့အား မည်သို့ စုံလင်စေမည်ဆိုသည်တို့ကို သတ်မှတ်ရန် ငါ့ထံမှ ဩဇာအာဏာနှင့်ဆိုင်သော စကားတစ်ခွန်းသာ လိုအပ်သည်မှာ အမှန် မဟုတ်သလော။ ငါ ပြောသော အရာတိုင်းသည် ဧကန်မုချ လုပ်ဆောင်ပြီးစီးလိမ့်မည်။ အတိတ်ကာလ၌၊ ငါသည် ဆင်းရဲဒုက္ခ ခံစားရလိမ့်မည်ဟု မကြာခဏ ငါပြောခဲ့ပြီး၊ ယခင်က ငါ ကြံ့ကြံ့ခံခဲ့ရသော ဆင်းရဲဒုက္ခကို လူတို့အား ထုတ်ဖော်ပြောခွင့် ငါမပြုခဲ့ပေ။ ဤအရာအား ထုတ်ဖော်ပြောခြင်းသည် ငါ့အပေါ် ပြစ်မှားစော်ကားခြင်း ဖြစ်ခဲ့၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ငါသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်ပြီး၊ ငါ့အတွက် မည်သည့်အခက်အခဲမျှ မရှိသောကြောင့် ဖြစ်သည်။ သင်က ဤဆင်းရဲဒုက္ခကို ပြောသောအခါ၊ လူတို့ကို ငိုကြွေးစေ၏။ အနာဂတ်တွင် သက်ပြင်းချခြင်းများနှင့် မျက်ရည်များ ရှိလိမ့်မည် မဟုတ်ဟု ငါ ပြောဆိုပြီးဖြစ်သည်။ ဤအရာကို ဤရှုထောင့်မှ ရှင်းပြသင့်ပြီး၊ ထို့နောက် ငါ့နှုတ်ကပတ်တော်တို့၏ အဓိပ္ပာယ်ကို နားလည်နိုင်ပေသည်။ “လူသားတို့သည် ဤဆင်းရဲဒုက္ခအား တကယ်ကို မခံရပ်နိုင်ကြ” ဟူသော စကား၏ အဓိပ္ပါယ်မှာ ငါသည် လူသားအယူအဆများနှင့် အတွေးများအားလုံးမှ ချိုးဖျက်လွတ်မြောက်နိုင်သည်၊ ဇာတိပကတိ၏ စိတ်ခံစားချက်များမှ ချိူးဖျက်လွတ်မြောက်နိုင်သည်၊ လောကီဆန်ခြင်း အရိပ်လက္ခဏာအားလုံးမှ ချိုးဖျက်လွတ်မြောက်နိုင်ပြီး၊ ဇာတိပကတိမှ ထွက်ခွာသွားနိုင်သကဲ့သို့၊ အယောက်တိုင်းက ငါ့အား ငြင်းဆိုနေချိန်တွင်၊ ငါသည် ရပ်တည်နိုင်ဆဲဖြစ်သည်ဟူ၍ ဖြစ်ပေသည်။ ဤသည်မှာ ငါသည် တစ်ပါးတည်းသော ဘုရားသခင်ကိုယ်တိုင် ဖြစ်သည်ကို သက်သေပြရန် လုံလောက်၏။ “သားဦးတိုင်းသည် ဇာတိပကတိမှ ဝိညာဉ်လောကသို့ ဝင်ရောက်ရမည်။ ဤသည်မှာ ရှင်ဘုရင်များအဖြစ် ငါနှင့်အတူ စိုးစံရန်အတွက် ၎င်းတို့ လျှောက်ရမည့် လမ်းကြောင်း ဖြစ်သည်” ဟူ၍ ငါ ပြောဆိုပြီးဖြစ်သည်။ ဤစာကြောင်း၏ အဓိပ္ပါယ်မှာ သင့်အနေဖြင့် အတိတ်တွင် သင်စိတ်ကူးထားပြီးဖြစ်သော အရာကို ကြုံရသောအခါ၊ သင်တို့သည် ထိုမင်းသားများနှင့် ရှင်ဘုရင်များအား တရားဝင် စတင် တရားစီရင်ရန် ဇာတိပကတိမှ တရားဝင် ထွက်ခွာကာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်သည်ဟူ၍ ဖြစ်ပေသည်။ ၎င်းတို့သည် ဤအချိန်၌ ဖြစ်ပေါ်သော အရာများအပေါ် အခြေခံ၍ တရားစီရင်ခြင်းခံရလိမ့်မည်။ သို့သော် ယင်းသည် သင်တို့ စိတ်ကူးသလောက် မရှုပ်ထွေးပေ- ယင်းသည် ခဏတွင်းချင်း လုပ်ဆောင်ပြီးလိမ့်မည်။ သင်တို့သည် သေခြင်းမှ ထမြောက်ရန် မလိုအပ်သကဲ့သို့၊ သင်သည် ဆင်းရဲဒုက္ခခံစားဖို့ရန်ပင် လိုအပ်လိမ့်မည် မဟုတ် (အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေပေါ်က သင်တို့၏ ဆင်းရဲဒုက္ခနှင့် အခက်အခဲများသည် အဆုံးသတ်သို့ ရောက်လာနှင့်ပြီးဖြစ်သောကြောင့်ဖြစ်ကာ၊ ငါသည် နောင်တွင် ငါ၏သားဦးများကို ကိုင်တွယ်ဖြေရှင်းလိမ့်မည်မဟုတ်တော့သည်ကို ငါ ပြောဆိုနှင့်ပြီးဖြစ်သည်)။ သင်သည် ဝိညာဉ်လောကသို့ အမှတ်တမဲ့ဖြင့် ဝင်ရောက်လိမ့်မည်ဟူသော အမှန်တရားဖြင့်၊ သားဦးတို့သည် ပြောဆိုထားသည့်အတိုင်း ၎င်းတို့၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ခံစားရလိမ့်မည်။ ဤသည်မှာ ငါ၏ သနားကရုဏာနှင့် ကျေးဇူးတော် ဖြစ်သည်ဟု ငါအဘယ်ကြောင့် ဆိုသနည်း။ အကယ်၍ တစ်ဦးတစ်ယောက်သည် သေခြင်းမှ ထမြောက်ပြီးမှသာ ဝိညာဉ်လောကသို့ ဝင်ရောက်နိုင်မည်ဆိုပါက၊ ဤသည်မှာ သနားကရုဏာနှင့် ကျေးဇူးတော်ဖြင့် ပြည့်စုံခြင်းမှ အလှမ်းဝေးနေပေမည်။ ထို့ကြောင့် ဤသည်မှာ ငါ၏ကျေးဇူးတော်နှင့် သနားကရုဏာတို့၏ အသိသာဆုံးသော ဖော်ပြချက် ဖြစ်သည်။ ထို့အပြင် ဤအရာက လူတို့ကို ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့် ငါ၏ ရွေးကောက်ခြင်းအား ထုတ်ဖော်ပြသည်။ ယင်းသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များက မည်မျှ တင်းကျပ်သည်ကို လုံလောက်စွာ ပြသနိုင်ပေသည်။ ငါ ဆန္ဒရှိသောသူ မည်သူ့အပေါ်မဆို ငါသည် ကျေးဇူးတော်ဖြင့် ပြည့်စုံမည်ဖြစ်ပြီး၊ ငါ ဆန္ဒရှိသော မည်သူ့အပေါ်မဆို ငါသည် သနားကရုဏာနှင့် ပြည့်စုံမည်ဖြစ်သည်။ မည်သူမျှ ဖက်ပြိုင်ခြင်း၊ သို့မဟုတ် တိုက်လှန်ခြင်း မပြုရာ။ ဤအရာအားလုံးကို ငါ ဆုံးဖြတ်မည်။

လူတို့သည် ယင်းကို နားမလည်နိုင်ကြသကဲ့သို့၊ ၎င်းတို့ အသက်မရှူနိုင်သည်အထိ မိမိတို့ကိုယ်ကိုယ်အပေါ် ဖိအားပေးကြ၏၊ သို့သော် မိမိတို့ကိုယ်ကိုယ် ချည်နှောင်သည်မှာ ၎င်းတို့ ဖြစ်ကြဆဲ ဖြစ်သည်။ လူတို့၏ တွေးခေါ်ခြင်းသည် အမှန်တကယ် ကန့်သတ်ချက်ရှိသည်၊ ထို့ကြောင့် ၎င်းတို့သည် လူသားအတွေးနှင့် အယူအဆများကို ဖယ်ရှားပစ်ရမည်။ ထို့ကြောင့်၊ ငါသည် အရာရာကို ထိန်းချုပ်ရန်၊ အရာရာကို စီမံခန့်ခွဲရန်၊ ဇာတိပကတိမှ ထွက်ခွာကာ ဝိညာဉ်လောကသို့ ဝင်ရောက်ရမည်ဖြစ်သည်။ ဤသည်မှာ လူအပေါင်းတို့နှင့် တိုင်းနိုင်ငံအားလုံးကို အုပ်စိုးဖို့ရန်နှင့် ငါ၏အလို ပြည့်စုံစေဖို့ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ယင်းသည် အလှမ်းမဝေးပေ။ သင်တို့သည် ငါ၏ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းကို ယုံကြည်ခြင်း မရှိကြသကဲ့သို့၊ ငါအဘယ်သူဖြစ်သည်ကို မသိကြချေ။ ငါသည် လူသားတစ်ဦးာ ဖြစ်သည်ဟု သင်တို့ ထင်ကြပြီး၊ ငါ၏ ဘုရားသဘောသဘာဝကို လုံးဝ မမြင်နိုင်ကြချေ။ အမှုအရာတို့သည် ငါ ပြည့်စုံစေလိုသော အချိန်တွင်၊ ပြည့်စုံလိမ့်မည်ဖြစ်သည်။ လိုအပ်သမျှအားလုံးမှာ ငါ၏ နှုတ်မှ စကားခွန်းသာ ဖြစ်သည်။ သင်တို့သည် လတ်တလောတွင် ငါ ပြောဆိုပြီးဖြစ်သည့် ငါ၏ လူ့သဘာဝနှင့်ဆိုင်သော သွင်ပြင်လက္ခဏာနှင့် ငါ၏လှုပ်ရှားမှုတိုင်းကိုသာ အာရုံစိုက်ထားကြပြီးဖြစ်သော်လည်း၊ ငါ၏ ဘုရားသဘောသဘာဝ၏ သွင်ပြင်လက္ခဏာကို သင်တို့ အာရုံမစိုက်ကြလေပြီ။ ဆိုလိုသည်မှာ၊ ငါသည်လည်း အတွေးနှင့် အယူအဆများရှိသည်ဟု သင်တို့ ထင်ကြပေသည်။ သို့သော် ငါ၏အတွေးများ၊ စိတ်ကူးများနှင့် စိတ်၊ ငါ၏လှုပ်ရှားမှုတိုင်း၊ ငါ ပြုသော အရာတိုင်းနှင့် ငါ ပြောသော အရာတိုင်းတို့သည် ဘုရားသခင်ကိုယ်တိုင်၏ ပြည့်စုံသော သရုပ်သကန်ဖြစ်သည်ဟူ၍ ငါ ဆိုထားပြီးဖြစ်သည်။ သင်တို့သည် ဤအရာအားလုံးကို မေ့လျော့ကြပြီလော။ သင်တို့အားလုံးသည် မရေရာသော လူများပေတကား။ သင်တို့သည် ငါ့နှုတ်ကပတ်တော်များ၏ အနက်အဓိပ္ပါယ်ကို နားမလည်ကြချေ။ ငါသည် ငါ ပြောဆိုပြီးဖြစ်သည့် အရာမှတစ်ဆင့် ငါ၏ သာမန်လူ့သဘာဝ သွင်ပြင်လက္ခဏာကို သင်တို့အား တွေ့မြင်ခွင့်ပေးပြီး ဖြစ်သည် (ငါသည် သင်တို့အား ငါ၏ သာမန် လူ့သဘာဝကို ငါ၏ နေ့စဉ်ဘဝ၊ လက်တွေ့အရှိတရားတွင် မြင်တွေ့ခွင့်ပေးပြီးဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဤကာလအတွင်း၌ ငါ ပြောဆိုပြီးသည့်အရာမှ ငါ၏ သာမန်လူ့သဘာဝ သွင်ပြင်လက္ခဏာကို နားမလည်ကြသေးသောကြောင့် ဖြစ်၏)၊ သို့သော် ငါ၏ သာမန်လူ့သဘာဝကို သင်တို့ နားမလည်ကြသကဲ့သို့၊ ငါ့အား ဆန့်ကျင်အသုံးပြုနိုင်သည့် တစ်စုံတစ်ရာကို ဆုပ်ကိုင်ရန်သာ ကြိုးစားကြပြီး သင်တို့သည် ငါ့ရှေ့တွင် မထိန်းမသိမ်းနိုင်လောက်အောင် ဖြစ်ကြသည်။ သင်တို့သည် ကျိုးကြောင်းမမြင်ကြပါတကား။ မသိနားမလည်ကြပါတကား။ သင်တို့သည် ငါ့အား မသိကြ။ ငါသည် အချိန်ကြာမြင့်စွာ အချည်းနှီး ပြောဆိုမိလေပြီ။ သင်တို့သည် ငါ့ကို လုံးလုံး မသိကြသကဲ့သို့၊ ငါ၏ သာမန်လူ့သဘာဝအား ပြည့်စုံသော ဘုရားသခင်ကိုယ်တိုင်၏ အစိတ်အပိုင်းတစ်ခုအဖြစ် တကယ်ကို မမှတ်ယူကြပေ။ ငါသည် အမျက်မထွက်ဘဲ အဘယ်သို့ နေနိုင်မည်လော။ ငါသည် တစ်ဖန် သနားကရုဏာနှင့် အဘယ်သို့ ပြည့်စုံနိုင်မည်နည်း။ ငါသည် ဤမနာခံသောသူတို့အား ငါ၏ အမျက်ဒေါသဖြင့်သာ တုံ့ပြန်နိုင်၏။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲကြ၏၊ ငါ့ကို သင်တို့ လုံးဝ မသိကြချေ။ ငါသည် အမှားလုပ်မိပြီဟု သင်တို့ ထင်ကြသည်။ ငါသည် အမှားလုပ်မိနိုင်မည်လော။ ငါသည် လူ့ဇာတိခံယူရန် မည်သည့် ဇာတိခန္ဓာကိုမဆို သတိမမူဘဲ ရွေးချယ်မည်လော။ ငါ၏ လူ့သဘာဝနှင့် ငါ၏ ဘုရားသဘောသဘာဝသည် ပြီးပြည့်စုံသော ဘုရားသခင်ကိုယ်တိုင် ဖန်တီးသည့် ခွဲထုတ်၍မရသော အစိတ်အပိုင်းနှစ်ခုဖြစ်သည်။ ယခု သင်တို့သည် ဤအရာနှင့်ပတ်သက်၍ လုံးဝ ရှင်းသွားသင့်ပေသည်။ ငါ၏ နှုတ်ကပတ်တော်များသည် အထွတ်အထိပ်သို့ ရောက်ရှိနှင့်ပြီးဖြစ်ကာ ငါ၏ နှုတ်ကပတ်တော်များကို သာ၍ ကြီးမားသော အတိုင်းအတာဖြင့် ရှင်းပြတော့မည် မဟုတ်။

အရှေ့သို့- အခန်း ၉၇

နောက်တစ်ခုသို့- အခန်း ၉၉

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။