အခန်း ၉၇

ငါသည် လူတစ်ဦးစီတိုင်းအား ငါ၏ အံ့သြဖွယ် လုပ်ဆောင်ချက်များကို မြင်စေကာ ငါ၏ အမြော်အမြင်ရှိသော စကားများကို ကြားစေမည်။‌ ဤသည်မှာ လူတစ်ဦးစီတိုင်း ပါဝင်ရမည်ဖြစ်ပြီး၊ အမှုအရာတစ်ခုစီတိုင်းမှတစ်ဆင့် ဖြစ်ပျက်ရမည်။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်ပြီး၊ ဤသည်မှာ ငါ၏ အမျက်ဒေါသ ဖြစ်သည်။ စကြဝဠာထဲက နေရာတိုင်းနှင့် ကမ္ဘာမြေ၏ အစွန်းနေရာများက လူအပေါင်းတို့သည် မိမိတို့၏ ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်ကြဖို့အလို့ငှာ၊ ငါသည် လူတစ်ဦးစီတိုင်းနှင့် ကိစ္စရပ်တစ်ခုစီတိုင်းကို ခြုံငုံမည် ဖြစ်သည်။ ဤအရာကို စွမ်းဆောင်ရရှိသည်အထိ ငါသည် ဘယ်သောအခါမျှ ရပ်တန့်မည်မဟုတ်။ ငါ၏ အမျက်ဒေါသကို အနည်းငယ်မျှ မထိန်ချန်ဘဲ အပြည့်အဝ သွန်းလောင်းပြီး ဖြစ်သည်။ ယင်းသည် ဤအမည်နာမကို လက်ခံသော လူတစ်ဦးစီတိုင်းကို ဦးတည်ထားသည်။ (ယင်းသည် ကမ္ဘာလောက၏ တိုင်းနိုင်ငံအားလုံးအပေါ်သို့ မကြာမီ ကျရောက်လာတော့မည် ဖြစ်သည်။) ငါ၏ အမျက်ဒေါသသည် အဘယ်နည်း။ ယင်းသည် မည်မျှ ပြင်းထန်သနည်း။ မည်သည့် လူစားမျိုးအပေါ် ငါ၏ အမျက်ဒေါသ ကျရောက်သနည်း။ အမျက်ဒေါသသည် ဒေါသ၏ အပြင်းထန်ဆုံးအဆင့်ဖြစ်သည်ဟု လူအချို့က ထင်ကြသော်လည်း ဤအရာက အမျက်ဒေါသကို အပြည့်အဝ မရှင်းပြပေ။ ငါ၏အမျက်ဒေါသနှင့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသည် ခွဲထုတ်မရသော အပိုင်းနှစ်ပိုင်း ဖြစ်သည်။ ငါ၏စီမံအုပ်ချုပ်ရေး အမိန့်များကို ငါထုတ်ပြန်လိုက်သည့်အခါ ယင်းတို့၏ နောက်တွင် အမျက်ဒေါသက လိုက်လာသည်။ သို့ဆိုလျှင် အမျက်ဒေါသသည် အတိအကျ အဘယ်အရာဖြစ်သနည်း။ အမျက်ဒေါသသည် လူများကို ငါ စီရင်သည့် တရားစီရင်ခြင်း၏ အတိုင်းအတာတစ်ခုဖြစ်ပြီး ယင်းသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့် တစ်ခုတစ်လေကို ပြဋ္ဌာန်းချက်နောက်ကွယ်က အခြေခံသဘောတရား ဖြစ်သည်။ ငါ၏အမိန့်တစ်ခုကို ဖောက်ဖျက်သောသူ မည်သူမဆို ဖောက်ဖျက်ခြင်းခံရပြီးဖြစ်သည့် အတိုင်းအတာအပေါ် မူတည်၍ ငါ၏အမျက်ဒေါသသည် အလားတူ လိုက်လျောညီထွေသော ပမာဏ ရှိလိမ့်မည်။ ငါ၏ အမျက်ဒေါသ ရှိသည့်အခါ၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များလည်း ရှိဖို့ သေချာပြီး၊ အပြန်အလှန် ရှိလိမ့်မည်။ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် အမျက်ဒေါသသည် ခွဲမရသော အရာတစ်ခုလုံး ဖြစ်သည်။ ယင်းသည် မည်သူမျှ ပုန်ကန်မပြစ်မှားနိုင်သည့် တရားစီရင်ခြင်းများထဲမှ အပြင်းထန်ဆုံးဖြစ်သည်။ လူအားလုံးသည် ယင်းကို လိုက်နာစောင့်ထိန်းရမည် သို့မဟုတ်ပါက ၎င်းတို့သည် ငါ၏လက်ဖြင့် ဒဏ်ခတ်ခံရခြင်းကို ရှောင်ရှားရန် လွယ်ကူလိမ့်မည်မဟုတ်ပေ။ လူတို့သည် ယင်းကို ခေတ်ကာလများတစ်လျှောက်လုံး အဘယ်သောအခါမျှ မသိခဲ့ကြသော်လည်း၊ (ကြီးမားသော ကပ်ဘေးများက ဖြစ်စေသည့် နာကျင်မှုဝေဒနာကို ခံစားခဲ့ရသူ အချို့ရှိသော်လည်း၊ ယင်းကို ၎င်းတို့ မသိကြသေးပေ။ သို့သော်၊ ဤစီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်အား စီမံဆောင်ရွက်ခြင်းသည် ယခုမှစ၍ အဓိက စတင်ပေသည်။) သင်တို့သည် ပုန်ကန်ပြစ်မှားမှု ဖြစ်စေခြင်းအား ရှောင်ရှားနိုင်ဖို့အလို့ငှာ၊ ယနေ့တွင် ငါသည် ထိုအရာအားလုံးကို သင်တို့ထံ ထုတ်ဖော်ပြပြီး ဖြစ်သည်။

လူအားလုံးသည် ငါ၏အသံကို ကြားသင့်ပြီး၊ ငါ၏နှုတ်ကပတ်တော်များကို ယုံကြည်သင့်သည်။ သို့မဟုတ်ပါက၊ ငါသည် ဆောင်ရွက်မည်မဟုတ်သကဲ့သို့ မည်သည့်အမှုကိုမျှ လုပ်ဆောင်မည် မဟုတ်။ ငါ၏ နှုတ်ကပတ်တော်တိုင်းနှင့် လှပ်ရပ်တိုင်းသည် သင်တို့လိုက်နာသင့်သော ဥပမာများဖြစ်သည်။ ယင်းတို့သည် သင်တို့၏ စံနမူနာများဖြစ်ကြပြီး သင်တို့ လိုက်လျှောက်ဖို့အတွက် စံပုံစံတစ်ခု ဖြစ်သည်။ ငါလူ့ဇာတိခံယူရသည့် အကြောင်းရင်းမှာ သင်တို့သည် ငါ၏လူ့သဘာဝ၌ ငါ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို မြင်နိုင်ကြဖို့အလို့ငှာ ဖြစ်သည်။ အနာဂတ်တွင်၊ ငါသည် သင်တို့အား ငါ၏ဘုရားသဘာဝရှိ ငါ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို မျက်မြင်တွေ့ကြုံခွင့်ပေးမည်။ အမှုအရာများသည် ဤနည်းဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ရှေ့ဆက်ရမည်။ သို့မဟုတ်ပါက၊ လူတို့သည် တကယ်ကို ယုံကြည်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့သည် ငါနှင့်သက်ဆိုင်သည့် အသိပညာရှိကြလိမ့်မည်မဟုတ်။ ထိုအစား ၎င်းတို့သည် မရှင်းလင်းသကဲ့သို့ မပြတ်သားသော ရူပါရုံများသာ ရှိနိုင်စွမ်း ရှိကြလိမ့်မည်ဖြစ်ပြီး၊ ငါနှင့်သက်ဆိုင်သည့် ရှင်းသော သိနားလည်မှုတစ်ခု ရှိနိုင်ကြလိမ့်မည် မဟုတ်ပေ။ ငါ့ဇာတိအဖြစ်တော်သည် သင်တို့ထံ အပြည့်အဝ ပေါ်ထွန်းပြီးဖြစ်သည်ဟု ငါ၏နှုတ်ကပတ်တော်များက ပြသပြီးဖြစ်သော်လည်း- လူတို့သည် မိုက်မဲကာ မသိနားမလည်ကြသည့် တစ်ခုတည်းသော အကြောင်းရင်းကြောင့်- ၎င်းတို့သည် ငါ့နှုတ်ကပတ်တော်များကို ကြားသော်လည်း ငါ့ကို မသိကြသေးချေ။ ငါသည် လူ့ဇာတိခံယူပြီးဖြစ်သည့် ယခုတင်၊ လူတို့သည် ငါ့ကို အာခံဆဲဖြစ်သောကြောင့်၊ ငါသည် ဤဆိုးယုတ်ပြီး အကျင့်ပျက်သည့် ခေတ်ဟောင်းကို အပြစ်ပေးရန်နှင့် စာတန်နှင့် နတ်ဆိုးများကို လုံးလုံး အရှက်ရစေရန် ငါ၏ အမျက်ဒေါသနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ငါ အသုံးပြုသည်။ ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ်အတွက် ခရီးပန်းတိုင်ဖြစ်ပြီး၊ ယင်းသည် လူသားမျိုးနွယ်ကို စောင့်ဆိုင်းသည့် အဆုံးသတ် ဖြစ်သည်။ ရလဒ်မှာ မည်သူမျှ မပြောင်းလဲနိုင် သို့မဟုတ် ၎င်းတို့၏ ထွက်မြောက်ရာလမ်းကို မပြောဆိုနိုင်သော ရှောင်လွဲမရသည့် ဇာတ်သိမ်းဖြစ်သည်။ ငါတစ်ဦးတည်းသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ဤသည်မှာ ငါ၏ စီမံခန့်ခွဲမှုနှင့် ငါ၏ အစီအစဉ်ဖြစ်သည်။ လူအားလုံးတို့သည် ယုံကြည်ရမည်ဖြစ်သကဲ့သို့၊ စိတ်နှလုံးနှင့် စကားဖြင့် လက်ခံယုံကြည်ရမည်။ ဤဘဝတွင် ကောင်းမွန်သော ကံကြမ္မာကို ရရှိသူများသည် ထာဝရကာလပတ်လုံး ဧကန်မခု ဆင်းရဲဒုက္ခခံစားရလိမ့်မည်ဖြစ်သော်လည်း ဤဘဝတွင် ဆင်းရဲဒုက္ခခံစားရသူများသည် ထာဝရကာလပတ်လုံး ဧကန်မုချ ကောင်းချီးခံစားရလိမ့်မည်-ဤအရာကို ငါကြိုတင်ခွဲခန့်မှတ်သားထားပြီးဖြစ်ကာ မည်သူမျှ မပြောင်းလဲနိုင်ပေ။ ငါ့နှလုံးသားကို ပြောင်းလဲနိုင်သူ မည်သူမျှ မရှိသကဲ့သို့၊ စကားတစ်လုံးပင် ဖယ်ရှားဖို့မဆိုထားနှင့်၊ ငါ့နှုတ်ကပတ်တော်များဆီသို့ နောက်ထပ် စကားတစ်လုံးကို ပေါင်းထည့်နိုင်သူ မည်သူမျှ မရှိပေ။ ဤအရာကို ဖောက်ဖျက်သူမည်သူမဆို၊ ၎င်းတို့ကို ငါ ဧကန်မုချ ပြစ်တင်ဆုံးမမည်။

ငါ၏ နက်နဲမှုများကို သင်တို့ထံ နေ့စဉ် ထုတ်ဖော်ပြလျက်ရှိသည်- ယင်းတို့ကို သင်တို့ အမှန်တကယ် နားလည်ကြသလော။ ထိုအရာများနှင့် ပတ်သက်၍ သင်တို့ အမှန်တကယ် သေချာသလော။ စာတန်သည် သင်တို့ကို လှည့်ဖြားနေချိန်တွင်၊ ယင်းကို သင်တို့ ရိပ်စားမိနိုင်သလော။ ဤအရာကို အသက်တာထဲက သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုများအတိုင်း ဆုံးဖြတ်ထားပေသည်။ အရာခပ်သိမ်းကို ငါ စီမံထားခြင်းဖြစ်သည်ဟု ငါ ဆိုသည့်အတွက်၊ ငါ၏ သားဦးများကို စုံလင်စေရန်အလို့ငှာ ငါသည် အဘယ်ကြောင့် လူ့ဇာတိခံယူရမည်နည်း။ ထို့အပြင်၊ လူတို့က အသုံးမဝင်သကဲ့သို့ ထင်သည့် များစွာသော အလုပ်တို့ကို ငါအဘယ်ကြောင့် လုပ်ဆောင်လေပြီနည်း။ မရှင်းမလင်းဖြစ်သူမှာ ငါ လော။ ဤအရာကို အမှတ်ရကြလော့။ ငါ လုပ်ဆောင်သည့် အရာတိုင်းသည် ငါ၏ သားဦးများကိုရရှိရန်အလို့ငှာသာမက၊ သာ၍အရေးကြီးသည်မှာ၊ စာတန်ကို အရှက်ရစေရန် ဖြစ်သည်။ စာတန်သည် ငါ့ကို အာခံသော်လည်း၊ ငါသည် ၎င်း၏ သားသမီးများအား ၎င်းကို ပုန်ကန်စေပြီး ငါ့ကို ပြန်လည်ချီးမွမ်းစေရန် တန်ခိုးအာဏာ ရှိ၏။ ထို့အပြင်၊ ငါ လုပ်ဆောင်သည့်အရာအားလုံးသည် အမှု၏ နောက်အဆင့်က ချောမွေ့ပြေပြစ်စွာ စီးဆင်းဖို့နှင့် ကမ္ဘာလောကတစ်ခုလုံးသည် ငါ့ကို ဩဘာပေးကာ ချီးမွမ်းကြရန်၊ ပြီးလျှင် ထွက်သက်ရှိသမျှအရာအားလုံးသည် ငါ့ရှေ့၌ ဒူးထောက်ကာ ငါ့ကို ဘုန်းထင်ရှားစေရန် ဖြစ်သည်။ ထိုနေ့သည် အမှန်တကယ် ဘုန်းအသရေနှင့်ဆိုင်သော နေ့ရက် ဖြစ်လိမ့်မည်။ ငါသည် အရာခပ်သိမ်းကို ငါ၏ လက်ထဲ၌ ဆုပ်ကိုင်ထားပြီး မိုးချုန်းသံခုနှစ်ချက် မြည်ဟီးသောအခါ အရာခပ်သိမ်းသည် ဘယ်သောအခါမျှ မပြောင်းလဲဘဲ အားလုံး တစ်သမတ်တည်းဖြစ်လျက် လုံးလုံးလျားလျား ပြီးမြောက်လိမ့်မည်။ ထိုအချိန်မှစ၍၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်တို့၏ အသစ်သော အသက်တာထဲသို့ ဝင်ရောက်ရမည်၊ လုံးလုံးလျားလျား အသစ်ဖြစ်သော အခြေအနေများထဲသို့ ဝင်ရောက်ရမည်ဖြစ်ပြီး၊ နိုင်ငံတော်အသက်တာသည် စတင်လိမ့်မည်ဖြစ်သည်။ သို့သော် နိုင်ငံတော်အတွင်းတွင် မည်သည့်အရာနှင့် တူသနည်း။ လူတို့သည် ယင်းကို ရှင်းလင်းစွာ တကယ်ကို မသိမြင်နိုင်ကြချေ (အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်အသက်တာကို မည်သူမျှ မမြည်းစမ်းဖူးသေးသောကြောင့်ဖြစ်ပြီး၊ ထို့ကြောင့် ၎င်းကို လူတို့၏ စိတ်များတွင်သာ စိတ်ကူးရသေးကာ ၎င်းတို့၏နှလုံးသားထဲတွင်သာ အချိန်ယူ စဉ်းစားဖူးကြသည်။) အသင်းတော်အသက်တာမှသည် နိုင်ငံတော် အသက်တာသို့ ပြောင်းလဲရာတွင်၊ ယင်းသည် လက်ရှိအခြေအနေမှ အနာဂတ်အခြေအနေသို့ ပြောင်းလဲခြင်းဖြစ်သည်၊ ဤအချိန်ကာလအတောအတွင်းတွင် ယခင်က လူတို့ မည်သည့်အခါမျှ စိတ်မကူးဖူးသော အရာများစွာ ဖြစ်ပျက်လိမ့်မည်။ အသင်းတော်အသက်တာသည် နိုင်ငံတော်အသက်တာထဲသို့ ဝင်ရောက်ရန် ရှေ့ပြေးနိမိတ်ဖြစ်သည်၊ ထို့ကြောင့် နိုင်ငံတော်သက်တာ မပေါ်ထွက်မီ အသင်းတော် အသက်တာကို ပြုစုစောင့်ရှောက်ရန် ငါသည် အစွမ်းကုန်အားထုတ်မည် ဖြစ်သည်။ အသင်းတော် အသက်တာသည် အဘယ်နည်း။ ယင်းသည် ဤကဲ့သို့ဖြစ်၏- ငါ၏သားဦးများအပါအဝင် အယောက်တိုင်းသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၊ ငါ၏ တရားစီရင်ခြင်းနှင့် ငါ၏ အမျက်ဒေါသတို့ကို နားလည်နိုင်ကြဖို့အလို့ငှာ၊ ငါ၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် မွေ့လျော်ခြင်း၊ ထိုသို့ဖြင့် ငါ၏လောင်ကျွမ်းခြင်းနှင့် သန့်စင်စေခြင်းတို့ကို လက်ခံခြင်းဖြစ်သည်။ “နိုင်ငံတော်အသက်တာ”ဆိုသည်မှာ အဘယ်နည်း။ နိုင်ငံတော်အသက်တာဆိုသည်မှာ ငါ၏ သားဦးများသည် ငါနှင့်အတူ လူအပေါင်းနှင့် တိုင်းနိုင်ငံများအားလုံးကို အုပ်စိုးရင်း၊ ရှင်ဘုရင်များအဖြစ် စိုးစံရာနေရာဖြစ်သည် (ငါ၏သားဦးများနှင့် ငါသာလျှင် နိုင်ငံတော်အသက်တာကို မွေ့လျော်ခံစားနိုင်သည်)။ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအားလုံးမှ ငါ၏သားများနှင့် ငါ၏လူများသည် နိုင်ငံတော်ထဲသို့ ဝင်ရောက်သော်လည်း၊ ၎င်းတို့သည် နိုင်ငံတော် အသက်တာကို မခံစားနိုင်ကြပေ။ နိုင်ငံတော်အသက်တာကို ဝိညာဉ်လောကထဲသို့ ဝင်ရောက်သောသူတို့သာ မွေ့လျော်ခံစားနိုင်သည်။ ထို့ကြောင့် ငါ၏သားဦးများနှင့် ငါသာလျှင် ခန္ဓာကိုယ်ဖြင့် အသက်ရှင်နိုင်သော်လည်း ငါ၏သားများနှင့် ငါ၏လူများသည် ဇာတိပကတိထဲ၌ အသက်ရှင်ကျန်ရစ်နေကြသည်။ (သို့သော် ဤသည်မှာ စာတန်က ပျက်စီးစေပြီးဖြစ်သည့် ဇာတိပကတိမဟုတ်ပေ။ ဤသည်မှာ ငါနှင့်အတူ ရှင်ဘုရင်များအဖြစ် စိုးစံနေသည့် ငါ၏ သားဦးများ၏ အရေးပါမှုဖြစ်သည်။) အခြားလူအားလုံးသည် ၎င်းတို့၏ စိတ်ဝိညာဉ်များ၊ ဝိညာဉ်များနှင့် ခန္ဓာများ ယူဆောင်ခြင်းခံရပြီး မရဏနိုင်ငံထဲသို့ ပစ်ချခြင်းခံရလိမ့်မည်။ ဆိုလိုသည်မှာ ဤလူများသည် လုံးဝ ဆုံးရှုံးပျက်စီးလိမ့်မည်ဖြစ်ပြီး တည်ရှိတော့မည်မဟုတ် (သို့တိုင် ၎င်းတို့သည် အခက်အခဲများနှင့် ကပ်ဘေးများကဲ့သို့သော စာတန်၏ချည်နှောင်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ဖြတ်သန်းရပေမည်)။ ဤအရာ ပြီးသွားသည်နှင့်တစ်ပြိုင်နက်၊ နိုင်ငံတော်အသက်တာသည် လမ်းကြောင်းပေါ်တွင် တရားဝင်ရှိလိမ့်မည်ဖြစ်ပြီး၊ ငါသည် ငါ၏လုပ်ဆောင်မှုများကို တရားဝင် စတင်ထုတ်ဖော်ပြလိမ့်မည် ( ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြပြီး ကွယ်ဝှက်မထားဖို့ ဖြစ်သည်)။ ထိုအချိန်မှစ၍၊ သက်ပြင်းချခြင်းများနှင့် မျက်ရည်များ ဧကန်မုချ ရှိတော့မည် မဟုတ်ပေ။ (အကြောင်းမှာ လူများကို ထိခိုက်စေသော အရာ၊ သို့မဟုတ် ၎င်းတို့ကို ငိုကြွေးစေသည့် အရာ သို့တည်းမဟုတ် ဆင်းရဲဒုက္ခခံစေသည်အရာ မည်သည့်အရာမျှ ရှိတော့မည် မဟုတ်သကဲ့သို့၊ ဤသည်မှာ ငါ့သားများနှင့် ငါ့လူများအတွက်လည်း ဖြစ်သည်။ သို့သော် အလေးပေးရမည့် အချက်တစ်ချက် ရှိ၏၊ ယင်းမှာ ငါ့သားများနှင့် ငါ့လူများသည် ထာဝရ ဇာတိပကတိ ဖြစ်လိမ့်မည် ဖြစ်သည်။) အားလုံးသည် ရွှင်လန်းတက်ကြွကြလိမ့်မည်- စိတ်ကြည်နူးစရာ မြင်ကွင်းတစ်ခု ဖြစ်လိမ့်မည်။ ယင်းသည် ရုပ်ပိုင်းဆိုင်ရာ တစ်စုံတစ်ရာဖြစ်လိမ့်မည်မဟုတ်ဘဲ၊ ထို့ထက် ရုပ်ပိုင်းဆိုင်ရာ မျက်စိများဖြင့် မမြင်နိုင်သည့် တစ်စုံတစ်ရာ ဖြစ်လိမ့်မည်။ ငါ၏ သားဦးဖြစ်သူများသည်လည်း ဤအရာကို မွေ့လျော်ခံစားနိုင်ကြလိမ့်မည်။ ဤသည်မှာ ငါ၏ အံ့သြဖွယ် လုပ်ဆောင်ချက်နှင့် ငါ၏ ကြီးမားသော တန်ခိုး ဖြစ်သည်။

သင်တို့သည် အချိန်တိုင်းတွင် ငါ၏ အလိုကိုရှာဖွေနိုင်ဖို့ ငါ၏ စိတ်နှလုံးကို အရေးထားနိုင်ကြဖို့ ငါ ဆန္ဒရှိသည်။ ယာယီ သာယာမှုသည် သင်၏ ဘဝတစ်ခုလုံးကို ဖျက်ဆီးနိုင်သော်လည်း၊ ယာယီ ဆင်းရဲဒုက္ခသည် ထာဝရကောင်းချီးမင်္ဂလာများကို ဖွင့်လှစ်ပေးနိုင်၏။ စိတ်ပျက်လက်ပျက် မဖြစ်နှင့်။ ဤသည်မှာ နင်းလျှောက်ရမည့် လမ်းကြောင်း ဖြစ်သည်။ ယခင်က "ငါ့အတွက် စိတ်ရင်းအမှန်ဖြင့် အသုံးခံသူများအဖို့၊ ငါသည် ဧကန်မုချ သင့်ကို ကြီးစွာ ကောင်းချီးပေးမည်"ဟု မကြာခဏ ပြောဆိုပြီး ဖြစ်သည်။ ကောင်းချီးမင်္ဂလာများ ဆိုသည်မှာ အဘယ်နည်း။ ယင်းတို့သည် ယနေ့ ရရှိသောအရာများသာ မဟုတ်ဘဲ၊ ထို့ထက်ပိုသည်မှာ အနာဂတ်၌ မွေ့လျော်ခံစားရမည့်အရာများ ဖြစ်သည်- ဤအရာတို့သည်သာ စစ်မှန်သော ကောင်းချီးမင်္ဂလာများဖြစ်သည်။ သင်တို့သည် ဇိအုန်တောင်သို့ ပြန်သွားသောအခါ၊ ဤသည်မှာ ငါ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည့်အတွက်၊ သင်သည် သင်၏ လတ်တလော ဆင်းရဲဒုက္ခအတွက် အဆုံးမရှိသော ကျေးဇူးတင်ရှိခြင်းကို ပြသလိမ့်မည်။ ဇာတိပကတိ၌ ယခု အသက်ရှင်ခြင်းသည် ဇိအုန်တောင်ပေါ်တွင် ရှိခြင်း ဖြစ်စဉ်တွင်၊ (ဆိုလိုသည်မှာ သင်တို့သည် ငါ့အတွင်းတွင် အသက်ရှင်ခြင်းဖြစ်သည်)၊ မနက်ဖြန်တွင် ခန္ဓာကိုယ်၌ အသက်ရှင်ခြင်းသည် ဘုန်းအသရေနှင့်ဆိုင်သော နေ့ရက် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ သာ၍ပင် ဇိအုန်တောင်ပေါ်တွင် ရှိခြင်း ဖြစ်သည်။ ငါပြောသော ဤနှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင်၊ “ဇိအုန်တောင်”၏ ဆိုလိုရင်းကို သင်တို့ နားလည်ကြ၏။ ဇိအုန်တောင်သည် နိုင်ငံတော်နှင့် အဓိပ္ပာယ်တူ ကြောင်းတူသံကွဲ ဖြစ်ပြီး၊ ယင်းသည် ဝိညာဉ်လောကလည်း ဖြစ်သည်။ ယနေ့၏ ဇိအုန်တောင်ပေါ်တွင်၊ သင်သည် နှစ်သိမ့်မှုကို ရရှိရင်းနှင့် ငါ၏ကျေးဇူးတော်ကို ရရှိရင်း၊ ဇာတိပကတိ၌ ရှိပေသည်။ အနာဂတ်၏ ဇိအုန်တောင်ပေါ်တွင်၊ သင်တို့သည် ရှင်ဘုရင်များအဖြစ် စိုးစံရခြင်း ကောင်းချီးမင်္ဂလာကို မွေ့လျော်ခံစားရင်း ခန္ဓာကိုယ်ထဲ၌ ရှိကြလိမ့်မည် ဖြစ်သည်။ ဤအရာကို ပြတ်သားတိကျစွာ လျစ်လျုရှု၍ မရ။ ကောင်းချီးမင်္ဂလာများ ရရှိနိုင်မည့်အချိန်များကို လွန်သွားခွင့်အား လုံးဝ မပေးနှင့်။ စင်စစ်အားဖြင့်၊ ယနေ့သည် ယနေ့ဖြစ်ပြီး၊ နံနက်ဖြန်နှင့် လုံးဝခြားနားပေသည်။ သင်တို့သည် ကောင်းချီးများကို ခံစားလာရသည့်အခါ၊ ယနေ့၏ ကျေးဇူးတော်သည် ဖော်ပြရန်ပင် မထိုက်တန်ဟု သင်တို့ ထင်ကြလိမ့်မည်။ ဤသည်မှာ သင်တို့ကို ငါအပ်နှံသောအရာဖြစ်ပြီး ဤသည်မှာ ငါ၏နောက်ဆုံး အကြံဉာဏ် ဖြစ်သည်။

အရှေ့သို့- အခန်း ၉၆

နောက်တစ်ခုသို့- အခန်း ၉၈

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။