မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ
၁
အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူ
ဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်
ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်း
ဘုရားသခင် ဘုန်းတော်ဝန်းရံလျက် အာဒံနိုးထလာ
ဧဝဟာ ဘုရားဖန်ဆင်းတဲ့ အာဒံ နံရိုးမှ
ပထမဦးဆုံး လူမိန်းမပါ
သူမလည်း လူသားတို့ရဲ့ ဘိုး၊ ဘင်
ဘုရား၏ အသက်မှုတ်သွင်းခြင်းနှင့် ဘုန်းတန်ခိုးမှ
အာဒံနဲ့ ဧဝ နိုးထလာ
အို…ဘုရားသခင် အာဒံကို ဖန်ဆင်းတဲ့နေ့ အို… ကျက်သရေရှိတဲ့နေ့
အို…ဘုရား ဧဝကိုဖန်ဆင်းတဲ့နေ့ အို… ကျက်သရေရှိတဲ့နေ့
သူတို့ဟာ ဘုရားရဲ့ရတနာ အစစ် လူသားတွေရဲ့ ဘိုး၊ ဘင်
သူတို့ဟာ ယောက်ျား နဲ့ မိန်းမ စိတ်ဝိညာဉ်နဲ့ သက်ရှိဘဝတွေပါ
၂
ဘုန်းအပြည့်နဲ့ ဘဝရှိတဲ့ အာဒံကို ဘုရား လက်နဲ့လုပ်ခဲ့
ရုပ်သွင်စုံလင်တဲ့ သူဟာ စိတ်ဝိညာဉ်နဲ့ ဘဝတစ်ခုကိုရလာ
ဘုရားပုံသဏ္ဍာန် ကိုယ်စားပြုဖို့ အသက်ပေးထားတဲ့လူသား
ဧဝဟာ ဘုရားသခင်အသက်ပေးတဲ့ ဒုတိယလူသား
သူမ ဘဝပြည့်စုံပြီး ဘုရားဘုန်းတော်ရရှိ
ဘုရားရဲ့ ပုံသဏ္ဍာန်နဲ့ ထပ်တူပါ အာဒံဆီမှဖြစ်ပေါ်လာတဲ့
အရိုး၊ အသွေး အသား ဝိညာဉ် နဲ့ သက်ရှိ ဘဝတစ်ခု
ဘုရား အာဒံကို ဖန်ဆင်းတဲ့နေ့
အို… ဘုရားသခင် အာဒံကိုဖန်ဆင်းတဲ့နေ့ အို… ကျက်သရေ ရှိတဲ့နေ့
အို… ဘုရားသခင် ဧဝကိုဖန်ဆင်းတဲ့နေ့ အို… ကျက်သရေရှိတဲ့နေ့
သူတို့ဟာ ဘုရားရဲ့ရတနာ အစစ် လူသားတွေရဲ့ဘိုး၊ ဘင်
သူတို့ဟာ ယောက်ျား နဲ့ မိန်းမ စိတ် ဝိညာဉ်နဲ့ သက်ရှိဘဝ တွေပါ။
သူတို့ဟာ ယောက်ျား နဲ့ မိန်းမ စိတ် ဝိညာဉ်နဲ့ သက်ရှိဘဝ တွေပါ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။