စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်

အမှန်အားဖြင့် ယခု လုပ်ဆောင်နေသော အမှုမှာ လူတို့အား ၎င်းတို့၏ ဘိုးဘေးဘီဘင်ဟောင်းဖြစ်သော စာတန်ကို စွန့်လွှတ်စေရန် ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်မှု အလုံးစုံသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားကို ဖော်ထုတ်ရန်နှင့် အသက်တာ၏ အနှစ်သာရကို လူတို့နားလည်စေရန် ရည်ရွယ်သည်။ ထပ်တလဲလဲဖြစ်သော ဤတရားစီရင်မှုများသည် လူတို့၏ စိတ်နှလုံးများကို ထိုးဖောက်သည်။ ၎င်းတို့သည် ထိုအရာများ အားလုံးကို လက်လွှတ်နိုင်ကာ၊ ထိုသို့ဖြင့် အသက်တာကို သိနိုင်ဖို့၊ ညစ်ညူးသော ဤကမ္ဘာကြီးအကြောင်း သိနိုင်ဖို့၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအကြောင်းကို သိနိုင်ဖို့နှင့် စာတန်၏ဖျက်ဆီးခြင်း ခံထားရသော လူသားမျိုးနွယ်အကြောင်းကိုလည်း သိနိုင်ဖို့အလို့ငှာ၊ တရားစီရင်မှု တစ်ခုချင်းစီသည် ၎င်းတို့၏ ကံကြမ္မာနှင့် တိုက်ရိုက်ဆက်နွှယ်ပြီး ၎င်းတို့၏ စိတ်နှလုံးကို ထိခိုက်စေရန် ရည်ရွယ်သည်။ လူသားသည် ဤကဲ့သို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုမျိုးကို သာ၍ လက်ခံရရှိလေလေ၊ လူသား၏ စိတ်နှလုံးအား ပို၍ ထိခိုက်ဒဏ်ရာရစေနိုင်လေဖြစ်ပြီး သူ၏ဝိညာဉ်ကို ပို၍ နိုးထစေနိုင်လေဖြစ်သည်။ အလွန့်အလွန် ဖောက်ပြန်ပျက်စီးနေပြီး နက်နဲစွာ အလှည့်ဖြားခံရဆုံးသော ဤလူတို့၏ ဝိညာဉ်များကို နိုးထပေးရန်မှာ ဤတရားစီရင်မှုမျိုး၏ ရည်မှန်းချက် ပန်းတိုင် ဖြစ်သည်။ လူသား၌ ဝိညာဉ်မရှိ၊ ဆိုလိုသည်မှာ သူ၏ဝိညာဉ်သည် ကြာမြင့်သော အချိန်ကတည်းက သေဆုံးခဲ့ပြီး သူသည် ကောင်းကင်ဘုံ ရှိကြောင်းကို မသိ၊ ဘုရားသခင် တစ်ပါးရှိကြောင်းကို မသိပေ၊ ထို့ပြင် သေခြင်းတရား၏ ချောက်နက်ကြီးထဲတွင် သူရုန်းကန်နေမှန်း သူ သေချာပေါက် မသိပေ။ သူသည် ဤကမ္ဘာကြီးပေါ်ရှိ ဤဆိုးယုတ်သော ငရဲထဲတွင် အသက်ရှင်နေကြောင်း သူ မည်သို့သိနိုင်မည်နည်း။ သူ၏ပုပ်စပ်သော ဤအလောင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှတစ်ဆင့် သေမင်း၏ မရဏနိုင်ငံထဲသို့ ကျရောက်ပြီးဖြစ်ကြောင်း သူ မည်သို့များ သိနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ကြာမြင့်သော အချိန်ကတည်းက ပြုပြင်၍ မရနိုင်လောက်အောင် လူသားမျိုးနွယ်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးသည်ကို သူ မည်သို့ သိနိုင်မည်နည်း။ ပြီးလျှင် ဖန်ဆင်းရှင်သည် မြေကြီးပေါ်သို့ ယနေ့ကြွလာကာ သူကယ်တင်နိုင်မည့် ဖောက်ပြန်ပျက်စီးသော လူတစ်စုကို ရှာဖွေနေကြောင်းကို သူ မည်သို့သိနိုင်မည်နည်း။ လူသားသည် ဖြစ်နိုင်သမျှသော စစ်ဆေးခြင်းနှင့် တရားစီရင်မှု အားလုံးကို ကြုံရသည့်နောက်တွင်ပင်၊ သူ၏ လေးလံထုံထိုင်းသော အသိစိတ်သည် နိုးကြားရုံမျှသာရှိနေဆဲဖြစ်ပြီး စင်စစ်တွင် တုံ့ပြန်ခြင်း မရှိသလောက် ဖြစ်နေသည်။ လူသားမျိုးနွယ်သည် အလွန် ကျဆင်းယိုယွင်းနေပါတကား။ ဤ တရားစီရင်မှုမျိုးသည် မိုးကောင်းကင်မှ ကျလာသော ရက်စက်ကြမ်းတမ်းသည့် မိုးသီးသဖွယ်ဖြစ်သော်လည်း ၎င်းသည် လူသားတို့အတွက် အကြီးမားဆုံးသော အကျိုးကျေးဇူးဖြစ်သည်။ လူတို့ကို ဤသို့တရားမစီရင်ပါက၊ ရလဒ်ရှိမည် မဟုတ်ဘဲ လူတို့ကို ဒုက္ခဆင်းရဲ ချောက်နက်ထဲမှ ကယ်တင်ရန် လုံးဝဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤအမှုကြောင့်သာ မဟုတ်လျှင် လူတို့၏ စိတ်နှလုံးများသည် ရှေးမဆွကတည်းက သေဆုံးခဲ့ပြီး ၎င်းတို့၏ ဝိညာဉ်များသည် စာတန်၏ နင်းခြေမှုကို ရှေးမဆွကတည်းက ခံခဲ့ရသောကြောင့်၊ လူတို့သည် သေမင်း၏ မရဏနိုင်ငံမှ လွတ်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။ ဆုတ်ယုတ်ခြင်း၏ အနက်ဆုံးအတိုင်းအတာအထိ နစ်မြုပ်ပြီးဖြစ်သော သင်တို့ကို ကယ်တင်ခြင်းသည် သင်တို့ကို အစွမ်းကုန် ခေါ်ထုတ်ခြင်းနှင့် သင်တို့ကို အစွမ်းကုန် တရားစီရင်ခြင်းတို့လိုအပ်သည်၊ သို့မှသာလျှင် သင်တို့၏ အေးခဲနေသော စိတ်နှလုံးကို နိုးထစေနိုင်လိမ့်မည်။

သင်တို့၏ ဇာတိပကတိ၊ သင်တို့၏ လွန်ကဲသော အလိုဆန္ဒများ၊ သင်တို့၏ လောဘနှင့် သင်တို့၏ တဏှာရာဂတို့သည် သင်တို့အထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်လျက် ရှိသည်။ ဤအရာများသည် သင်တို့၏ စိတ်နှလုံးတို့ကို အမြဲတစေ ထိန်းချုပ်ထားလွန်းသဖြင့် ပဒေသရာဇ်ဆန်ပြီး ကျဆင်းယိုယွင်းသော ထိုအတွေးအခေါ်များ၏ ထမ်းပိုးကို သင်တို့ စွန့်ပစ်နိုင်စွမ်း မရှိကြ။ သင်တို့သည် သင်တို့၏ လက်ရှိအခြေအနေကို ပြောင်းလဲရန်သော်လည်းကောင်း၊ အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရန်သော်လည်းကောင်း မတမ်းတကြ။ သင်တို့သည် ထိုအရာများ၏ ချည်နှောင်ခြင်းကိုသာ ခံကြရသည်။ ဤအသက်တာသည် အလွန် နာကျင်ကြောင်းနှင့် ဤလူ့လောကသည် အလွန် မှောင်မိုက်ကြောင်းကို သင်တို့အားလုံး သိသော်လည်း၊ သင်တို့၏အသက်တာကို ပြောင်းလဲရန် သင်တို့ထဲမှ တစ်ဦးတစ်ယောက်မျှ သတ္တိမရှိပေ။ သင်တို့သည် ဤဘဝ၏ လက်တွေ့ကျမှုများမှ လွတ်မြောက်ရန်၊ စိတ်ဝိညာဉ်၏ ထူးကဲသာလွန်မှုကို ရရှိရန်နှင့် ငြိမ်သက်ပျော်ရွင်ဖွယ် ကောင်းကင်ဘုံကဲ့သို့ ပတ်ဝန်းကျင်တစ်ခုတွင် အသက်ရှင်ရန်သာ တောင့်တမျှော်လင့်ကြသည်။ သင်တို့သည် သင်တို့၏ လက်ရှိအသက်တာကို ပြောင်းလဲရန်အတွက် ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန် ဆန္ဒမရှိကြ၊ သင်တို့ဝင်ရောက်သင့်သော အသက်တာကို ဤတရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းထဲ၌ ရှာဖွေရန်လည်း သင်တို့ ဆန္ဒမရှိကြ။ ထိုအစား သင်တို့သည် ဇာတိပကတိ၏အလွန် လှပသည့် ထိုကမ္ဘာအကြောင်း လုံးလုံး လက်တွေ့မကျသော အိပ်မက်များကိုသာ စိတ်ကူးယဉ် အိပ်မက်မက်ကြသည်။ သင်တို့ တောင့်တသော အသက်တာမှာ နာကျင်မှု တစ်စုံတစ်ရာကိုမျှ မခံစားရဘဲ သင် မပင်မပန်း ရယူနိုင်သော အသက်တာ ဖြစ်သည်။ ယင်းသည် လုံးဝ လက်တွေ့မဆန်လိုက်လေစွ။ အဘယ်ကြောင့် ဆိုသော် သင်တို့ မျှော်လင့်သည့်အရာမှာ အဓိပ္ပာယ်ရှိသော ဘဝတစ်ခုကို ဇာတိပကတိ၌ အသက်ရှင်နေထိုင်ရန်နှင့် တစ်သက်တာ ဘဝလမ်းကြောင်း၌ သမ္မာတရားကိုရရန်၊ ဆိုလိုသည်မှာ သမ္မာတရားအတွက် အသက်ရှင်ရန်နှင့် တရားမျှတမှုအတွက် ရပ်တည်ရန် မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းသည် ထွန်းလင်း ပြောင်မြောက်သော အသက်တာဟူ၍ သင်တို့မှတ်ယူမည့် အရာမဟုတ်ပေ။ ယင်းသည် မက်မောဖွယ်ကောင်းသော သို့မဟုတ် အဓိပ္ပာယ်ရှိသော အသက်တာ ဖြစ်လိမ့်မည်မဟုတ်ဟု သင်တို့ထင်ကြသည်။ သင်တို့အမြင်တွင် ယင်းအသက်တာမျိုးကို ရှင်သန်နေခြင်းသည် မတရားမှု တစ်ခုအလား ခံစားရပေလိမ့်မည်။ ဤပြစ်တင်ဆုံးမခြင်းကို သင်တို့ ယနေ့လက်ခံသော်လည်း၊ သင်တို့ အားထုတ်နေသော အရာမှာမူ သမ္မာတရားကို ရရန် သို့မဟုတ် ပစ္စုပ္ပန်တွင် သမ္မာတရားဖြင့် အသက်ရှင်ရန် မဟုတ်ဘဲ၊ ယင်းထက် နောက်ပိုင်းတွင် သွေးသားခန္ဓာ ကျော်လွန်ပြီး ပျော်ရွှင်ဖွယ်ရာ အသက်တာထဲ ဝင်ရောက်နိုင်ရန် ဖြစ်သည်။ သင်တို့သည် သမ္မာတရားအတွက် ရှာဖွေနေခြင်း မဟုတ်၊ သမ္မာတရားအတွက် ရပ်တည်နေခြင်းလည်း မဟုတ်သည့်အပြင် သင်တို့သည် သမ္မာတရားအတွက် သေချာပေါက် တည်ရှိနေခြင်း မဟုတ်ပေ။ ယနေ့ သင်တို့သည် ဝင်ရောက်ရန် အားထုတ်နေခြင်း မရှိဘဲ၊ ယင်းအစား သင်တို့၏ အတွေးများတွင် အနာဂတ်နှင့် နေ့ရက်တစ်ရက်တွင် ဖြစ်လာနိုင်သည့်အရာတို့က နေရာယူထားကြသည်- သင်တို့သည် ကောင်းကင်ပြာကြီးကို ငေးကြည့်လျက် ခါးသီးသော မျက်ရည်များကျပြီး ကောင်းကင်ဘုံသို့ တစ်နေ့နေ့တွင် ခေါ်ဆောင်ခြင်းခံရရန် မျှော်လင့်ကြ၏။ သင်တို့၏တွေးခေါ်ပုံသည် လက်တွေ့ဘဝနှင့် မအပ်စပ်နေနှင့်ပြီဖြစ်ကြောင်းကို သင်တို့ မသိကြသလော။ ဤလောကဝယ် အခက်အခဲနှင့် ဒုက္ခဆင်းရဲတို့ကို ကြံ့ကြံ့ခံခဲ့သော သင့်အား သနားကရုဏာအနန္တနှင့် အကြင်နာမေတ္တာ အနန္တရှိသော ကယ်တင်ရှင်သည် သူနှင့်အတူ ခေါ်ဆောင်သွားရန် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မလွဲမသွေ ကြွလာမည်ဖြစ်ပြီး၊ သင်၏ မကျေနပ်ချက်များကို ပြေရာပြေကြောင်းလုပ်ပေးကာ မတရားဖိနှိပ်ခံခဲ့ရပြီး ချုပ်ချယ်ခံခဲ့ရသော သင့်အစား လက်တုံ့ပြန်မှု အရယူလိမ့်မည်ဖြစ်သည်ဟု သင်တို့ တွေးမြဲတွေးနေသည်။ သင်သည် အပြစ်တရားနှင့် ပြည့်နှက်နေသည် မဟုတ်လော။ ဤလောကထဲတွင် ဒုက္ခဆင်းရဲခဲ့ရပြီးသောသူမှာ သင် တစ်ယောက်တည်းလော။ သင်ကိုယ်တိုင်သည် စာတန်၏အုပ်စိုးမှုအောက်သို့ ကျရောက်ပြီး ဒုက္ခဆင်းရဲခံပြီးဖြစ်သည်၊ ဘုရားသခင်အနေဖြင့် သင်၏ မကျေနပ်ချက်များကို ပြေရာပြေကြောင်းလုပ်ပေးရန် အမှန်တကယ် လိုအပ်နေဆဲလော။ ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်၏ ရန်သူများသာဖြစ်ကြသည် မဟုတ်လော။ လူ့ဇာတိခံဘုရားသခင်ကို မယုံကြည်သော သူများသည် အန္တိခရစ်များဖြစ်ကြသည် မဟုတ်လော။ သင်၏ ကောင်းမှုများသည် မည်သည်အတွက် အရေးပါသနည်း။ ၎င်းတို့သည် ဘုရားသခင်အား ကိုးကွယ်သော စိတ်နှလုံး၏နေရာကို အစားထိုးနိုင်သလော။ ကောင်းမှုအချို့ကို ပြုရုံသက်သက်ဖြင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သင်မရနိုင်သလို ဘုရားသခင်သည် သင်၏ မကျေနပ်ချက်များကို ပြေရာပြေကြောင်းလုပ်ပေးမည် မဟုတ်ဘဲ သင့်အနေဖြင့် မတရားဖိနှိပ် ချုပ်ချယ်ခံခဲ့ရသည်ဆိုရုံမျှနှင့် သင့်အပေါ် ပြုခဲ့ကြသည့် မတရားမှုများအတွက် ဘုရားသခင်က လက်တုံ့ပြန်ပေးမည် မဟုတ်။ ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို မသိဘဲ၊ ကောင်းမှုများကို ပြုသောသူများ အားလုံးသည်လည်း ပြစ်တင်ဆုံးမခြင်းကို ခံကြရသည် မဟုတ်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်ရုံမျှသာ ယုံကြည်သည်၊ သင့်အပေါ် ပြုခဲ့သော မတရားမှုများကို ဘုရားသခင်က တရားသဖြင့် ပြုပေးရန်နှင့် လက်တုံ့ပြန်ပေးရန်သာ သင်အလိုရှိပြီး၊ နောက်ဆုံးတွင် သင် ဂုဏ်ယူဝင့်ကြွားနိုင်မည့် နေ့တစ်နေ့ဖြစ်သော သင်၏နေ့အား ဘုရားသခင်က သင့်ကိုပေးရန် သင်အလိုရှိသည်။ သို့သော်လည်း သင်သည် သမ္မာတရားကို အာရုံပြုရန် ငြင်းဆန်သည်သာမက၊ သမ္မာတရားဖြင့် အသက်ရှင်နေထိုင်ရန် ဆာငတ်ခြင်းလည်း သင်၌ မရှိ။ ခက်ခဲပြီး အနှစ်သာရမဲ့သော ဤအသက်တာထဲမှ လွတ်မြောက်နိုင်စွမ်းကား သင်၌ သာ၍မရှိပေ။ ထိုအစား သင်၏အသက်တာကို ဇာတိပကတိ၌ အသက်ရှင်နေစဉ်နှင့် သင်၏အပြစ်တရားနှင့်ပြည့်သော အသက်တာကို အသက်ရှင်နေစဉ်တွင် သင်၏နစ်နာချက်များကို ပုံမှန်ပြန်ဖြစ်စေရန်နှင့် သင်၏ ဖြစ်တည်မှု၏ မြူမှိုင်းကို ခွင်းပေးရန် ကူညီစောင်မဖို့ ဘုရားသခင်အား မျှော်လင့်တကြီးဖြင့် သင် ကိုးစားသည်။ သို့သော် ယင်းသည် ဖြစ်နိုင်သလော။ အကယ်၍ သမ္မာတရားကို သင်ပိုင်ဆိုင်ပါက ဘုရားသခင်နောက် သင် လိုက်နိုင်မည် ဖြစ်သည်။ အကယ်၍ သင်သည် အသက်ရှင်နေထိုင်ခြင်းရှိပါက ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သရုပ်သကန်တစ်ခု ဖြစ်နိုင်သည်။ အကယ်၍ သင်၌ အသက်ရှိပါက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သင် ခံစားမွေ့လျော်နိုင်သည်။ သမ္မာတရားကို ပိုင်ဆိုင်သောသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားမွေ့လျော်နိုင်ကြ၏။ ဘုရားသခင်သည် သူ့အား စိတ်နှလုံး အကြွင်းမဲ့ချစ်ပြီး အခက်အခဲများနှင့် ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံသော သူများအား တရားသဖြင့်ဖြစ်စေမည်မှာ သေချာသည်၊ သို့သော် မိမိတို့ကိုယ်ကိုသာ ချစ်ပြီး စာတန်၏ လိမ်လည်လှည့်ဖြားမှုများ၏ သားကောင်ဖြစ်သွားသော သူများကိုမူ တရားသဖြင့်ဖြစ်စေခြင်း မရှိချေ။ သမ္မာတရားကို မချစ်သောသူများ၏ အထဲတွင် ကောင်းမြတ်ခြင်း မည်သို့ရှိနိုင်မည်နည်း။ ဇာတိပကတိကိုသာ ချစ်သောသူများ၏အထဲတွင် ဖြောင့်မတ်ခြင်း မည်သို့ရှိနိုင်မည်နည်း။ ဖြောင့်မတ်ခြင်းနှင့် ကောင်းခြင်းတို့ကို သမ္မာတရားထံ ရည်ညွှန်းခြင်းအားဖြင့်သာ ပြောကြသည် မဟုတ်လော။ ယင်းတို့ကို ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ ချစ်သောသူများအတွက် သီးသန့်ထားသည် မဟုတ်လော။ သမ္မာတရားကို မချစ်သောသူနှင့် ပုပ်ပျက်သော အလောင်းကောင်များသာ ဖြစ်သောသူ- ဤလူများအားလုံးတို့သည် ဆိုးယုတ်ခြင်းကို လက်သင့်ခံထားကြသည် မဟုတ်လော။ သမ္မာတရားဖြင့် အသက်ရှင် မနေထိုင်နိုင်သောသူများ အားလုံးသည် သမ္မာတရား၏ ရန်သူများဖြစ်ကြသည် မဟုတ်လော။ ထိုသို့ဆိုပါက သင်တို့ရော အဘယ်သို့ရှိသနည်း။

အကယ်၍ သင်သည် ဤအမှောင်၏ လွှမ်းမိုးမှုများထဲမှ လွတ်မြောက်နိုင်ပြီး ထိုမစင်ကြယ်သောအရာများနှင့် သင့်ကိုယ်သင် ကင်းကွာစေနိုင်ပါက၊ အကယ်၍ သင်သည် သန့်ရှင်းသောသူ ဖြစ်လာနိုင်ပါက သင်သည် သမ္မာတရားကို ပိုင်ဆိုင်လိမ့်မည်။ ၎င်းသည် သင်၏သဘာဝဗီဇ ပြောင်းလဲသွားခြင်း မဟုတ်ဘဲ၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ ဇာတိပကတိကို စွန့်လွှတ်နိုင်ခြင်းသာ ဖြစ်သည်။ ဤအရာသည် သန့်ရှင်းစေခြင်းကို ခံရပြီးသောသူများ ပိုင်ဆိုင်သော အရည်အသွေး ဖြစ်သည်။ သိမ်းပိုက်ခြင်းအမှု၏ အဓိကပန်းတိုင်မှာ သမ္မာတရားကို လူသား ပိုင်ဆိုင်နိုင်ရန်အတွက် လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် သမ္မာတရားကို နားလည်သည်မှာ နည်းလွန်းခြင်းကြောင့် ဖြစ်သည်။ ဤကဲ့သို့သော လူတို့အပေါ် သိမ်းပိုက်သော အမှုကို လုပ်ဆောင်ရန်မှာ အကြီးမားဆုံးသော အရေးပါမှုဖြစ်သည်။ သင်တို့အားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်သို့ ကျရောက်ခဲ့ပြီး အလွန်အမင်း ထိခိုက်ခံခဲ့ရသည်။ ထို့ကြောင့် ဤအမှု၏ ပန်းတိုင်မှာ လူ့သဘာဝဗီဇကို သင်တို့သိစေရန် လုပ်ဆောင်ပေးခြင်းဖြစ်ပြီး ထိုသို့ဖြင့် သမ္မာတရားဖြင့် အသက်ရှင်နေထိုင်နိုင်စေရန် ဖြစ်သည်။ စုံလင်စေခြင်းခံရခြင်းသည် ဖန်ဆင်းခံသတ္တဝါအားလုံး လက်ခံသင့်သော အရာတစ်ခု ဖြစ်သည်။ အကယ်၍ ဤအဆင့်၏အမှုတွင် လူတို့အား စုံလင်စေခြင်း တစ်ခုတည်းသာ ပါဝင်ပါက၊ ၎င်းကို ဗြိတိန် သို့မဟုတ် အမေရိက သို့မဟုတ် အစ္စရေးတွင် လုပ်ဆောင်နိုင်ခဲ့လိမ့်မည်။ ၎င်းကို မည်သည့်တိုင်းနိုင်ငံမဆို၏ လူတို့အပေါ်တွင် လုပ်ဆောင်နိုင်ခဲ့လိမ့်မည်။ သို့သော်လည်း သိမ်းပိုက်ခြင်းအမှုမှာ သီးသန့်ရွေးချယ်ပြီး လုပ်သောအမှုဖြစ်သည်။ သိမ်းပိုက်ခြင်း အမှု၏ ပထမအဆင့်မှာ ရေတိုဖြစ်သည်၊ ထို့အပြင် စာတန်အား အရှက်ရစေရန်နှင့် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ရန် ယင်းကို အသုံးပြုပေလိမ့်မည်။ ဤသည်မှာ သိမ်းပိုက်ခြင်းအမှု၏ ကနဦးအမှုတည်း။ စုံလင်စေခြင်းခံရဆိုသည်မှာ ရေရှည်အပြောင်းအလဲပြီးမှသာ ရနိုင်သည့်အရာ ဖြစ်သောကြောင့်၊ ဘုရားသခင်ကို ယုံကြည်သော မည်သည့်ဖန်ဆင်းခံမဆို စုံလင်စေခြင်းခံရနိုင်သည်ဟု ဆိုနိုင်၏။ သို့သော်လည်း အသိမ်းပိုက်ခံရရန်မှာမူ ကွဲပြားသည်။ သိမ်းပိုက်ရန်အတွက် နမူနာနှင့် စံပြပုံစံမှာ အဝေးဆုံးတွင် နောက်ကျ ကျန်ရစ်နေသောသူ၊ အနက်ဆုံးသော အမှောင်ထဲတွင် အသက်ရှင်သောသူ ဖြစ်ရမည်။ ၎င်းတို့သည် အဆင့်အတန်း အနိမ့်ကျဆုံးသောသူ၊ ဘုရားသခင်ကို အသိအမှတ်ပြုရန် မလိုလားဆုံးသောသူနှင့် ဘုရားသခင်အား နာခံခြင်း မရှိဆုံးသောသူများ ဖြစ်ရမည်။ ဤသည်မှာ လူသည် သိမ်းပိုက်ခံရကြောင်းကို သက်သေခံနိုင်သော လူအမျိုးအစား အတိအကျ ဖြစ်သည်။ သိမ်းပိုက်ခြင်းအမှု၏ အဓိကရည်မှန်းချက်ပန်းတိုင်မှာ စာတန်ကို အနိုင်ယူရန် ဖြစ်သော်လည်း၊ လူတို့ကို စုံလင်စေခြင်း၏ အဓိကရည်မှန်းချက်ပန်းတိုင်မှာ လူတို့ကို ရယူရန် ဖြစ်သည်။ ယင်းမှာ အသိမ်းပိုက်ခံရပြီးသည့် နောက်ပိုင်းတွင် ဤသိမ်းပိုက်ခြင်း အမှုကို ဤနေရာ၌၊ သင်တို့ကဲ့သို့သော လူများအပေါ်၌ ဆောင်ရွက်ပြီး ဖြစ်ကြောင်းကို လူတို့ သက်သေခံနိုင်စေရန် ဖြစ်သည်။ ရည်ရွယ်ချက်မှာ အသိမ်းပိုက်ခံရပြီးသည့်နောက်တွင် လူတို့ကို သက်သေခံစေရန် ဖြစ်သည်။ စာတန်အား အရှက်ရစေခြင်း ရည်မှန်းချက်ပန်းတိုင်ကို အထမြောက်စေရန် ဤအသိမ်းပိုက်ခံရသော လူတို့ကို အသုံးပြုမည်။ ထိုသို့ဖြစ်လျှင် သိမ်းပိုက်ခြင်း၏ အဓိကနည်းလမ်းမှာ အဘယ်နည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကြောင့်၊ လူတို့အကြွင်းမဲ့ လက်ခံယုံကြည်လာကြစေရန်အလို့ငှာ- ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်မှု၊ ကျိန်ဆဲခြင်းနှင့် ထုတ်ဖော်ခြင်းတို့ဖြစ်သည့်- ဖြောင့်မတ်သော စိတ်သဘောထားကို အသုံးပြုလျက် လူတို့ကို သိမ်းပိုက်ခြင်း ဖြစ်သည်။ လူတို့ကို သိမ်းပိုက်ရန်နှင့် ၎င်းတို့ကို အပြည့်အဝ လက်ခံယုံကြည်လာကြစေရန်အတွက် နှုတ်ကပတ်တော်၏ လက်တွေ့ကျခြင်းနှင့် သြဇာအာဏာကို အသုံးပြုခြင်း- ဤသည်မှာ သိမ်းပိုက်ခံရခြင်းသည် မည်သည့်အရာဖြစ်သည်ကို ဆိုလိုခြင်းဖြစ်၏။ စုံလင်စေခြင်းခံရပြီးသူများသည် သိမ်းပိုက်ခံရပြီးသည့်နောက်တွင်၊ နာခံခြင်း ရရှိနိုင်ကြသည်သာမက၊ တရားစီရင်ခြင်းအမှုနှင့်သက်ဆိုင်သည့် အသိပညာကိုလည်း ရနိုင်ကြကာ ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်း ရှိကြပြီး ဘုရားသခင်ကိုလည်း သိလာနိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ချစ်မြတ်နိုးသောလမ်းကြောင်းကို တွေ့ကြုံခံစားပြီး သမ္မာတရားနှင့်လည်း ပြည့်ဝလာကြ၏။ ဘုရားသခင်၏အမှုကို မည်ကဲ့သို့ တွေ့ကြုံခံစားရမည်ကို ၎င်းတို့ သင်ယူကြပြီး ဘုရားသခင်အတွက် ဒုက္ခဆင်းရဲ ခံနိုင်စွမ်းရှိလာနိုင်ကာ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒများ ရှိလာနိုင်ကြသည်။ စုံလင်စေခြင်း ခံရပြီးသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခံစားခဲ့ကြရသည့်ကျေးဇူးကြောင့်၊ သမ္မာတရားကို အမှန်တကယ် သိနားလည်မှုရှိသူများ ဖြစ်ကြသည်။ သိမ်းပိုက်ခံရသူများသည် သမ္မာတရားကို သိသော်လည်း၊ သမ္မာတရား၏ အဓိပ္ပာယ်အစစ်အမှန်ကို လက်မခံကြသူများ ဖြစ်သည်။ သိမ်းပိုက်ခံရပြီးနောက်တွင် ၎င်းတို့ နာခံကြသည်၊ သို့သော်လည်း ၎င်းတို့၏ နာခံခြင်းမှာ ၎င်းတို့ လက်ခံရရှိခဲ့သော တရားစီရင်မှု၏ ရလဒ်ကြောင့်သာ လုံးလုံးဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားများစွာ၏ အဓိပ္ပာယ်အစစ်အမှန်ကို သိနားလည်ခြင်း လုံးဝမရှိကြ။ ၎င်းတို့သည် သမ္မာတရားကို နှုတ်ဖြင့် အသိအမှတ်ပြုကြသော်လည်း၊ သမ္မာတရားထဲ ဝင်ရောက်ခြင်း မရှိသေးပေ။ ၎င်းတို့သည် သမ္မာတရားကို နားလည်သဘောပေါက်သော်လည်း သမ္မာတရားကို အမှန်တကယ် တွေ့ကြုံမခံစားကြရသေးချေ။ စုံလင်စေခြင်းခံနေခံရသူတို့အပေါ် ပြုသောအမှုတွင် အသက်အထောက်အမနှင့်အတူ ပြစ်တင်ဆုံးမခြင်းများ၊ တရားစီရင်မှုများ ပါဝင်သည်။ သမ္မာတရားထဲ ဝင်ရောက်ခြင်းကို တန်ဖိုးထားသူတစ်ဦးသည် စုံလင်စေခြင်းခံရမည့်သူ တစ်ဦးဖြစ်သည်။ စုံလင်စေခြင်းခံရမည့်သူနှင့် သိမ်းပိုက်ခံရမည့်သူတို့အကြား ကွာခြားချက်မှာ ၎င်းတို့အနေဖြင့် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်း ရှိ မရှိတွင် တည်၏။ စုံလင်စေခြင်းခံရပြီး သူများသည် သမ္မာတရားကို နားလည်သဘောပေါက်သူ၊ သမ္မာတရားထဲ ဝင်ရောက်ပြီးသူနှင့် သမ္မာတရားဖြင့် အသက်ရှင်သူများ ဖြစ်ကြသည်။ စုံလင်စေခြင်းကို မခံရနိုင်သူများသည် သမ္မာတရားကို နားလည်သဘောပေါက်ခြင်း မရှိသူနှင့် သမ္မာတရားထဲ မဝင်ရောက်သူ၊ ဆိုလိုသည်မှာ သမ္မာတရားဖြင့် အသက်မရှင်သောသူများ ဖြစ်ကြသည်။ အကယ်၍ ယင်းသို့သော လူများသည် ယခုအခါ အကြွင်းမဲ့ နာခံနိုင်စွမ်း ရှိပါက၊ ၎င်းတို့သည် သိမ်းပိုက်ခြင်းကို ခံကြရမည် ဖြစ်သည်။ အကယ်၍ သိမ်းပိုက်ခံရသောသူများသည် သမ္မာတရားကို မရှာဖွေပါက၊ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လိုက်နာသော်လည်း သမ္မာတရားဖြင့် အသက်ရှင်နေထိုင်ခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို ရိပ်ခနဲမြင်ကာ ကြားသော်လည်း၊ သမ္မာတရားဖြင့် အသက်ရှင်နေထိုင်ခြင်းကို တန်ဖိုးမထားပါက၊ ၎င်းတို့သည် စုံလင်စေခြင်းကို မခံရနိုင်ပေ။ စုံလင်စေခြင်းခံရမည့် လူတို့သည် စုံလင်ခြင်းသို့သွားရာ လမ်းကြောင်းတစ်လျှောက် ဘုရားသခင်၏ ပြဌာန်းချက်များအတိုင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြလေသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေကြပြီး ၎င်းတို့သည် စုံလင်စေခြင်းကို ခံကြရသည်။ သိမ်းပိုက်ခြင်းအမှု မပြီးဆုံးမီအထိ အဆုံးတိုင် လိုက်သောသူ မည်သူမဆိုသည် သိမ်းပိုက်ခံရသောသူ ဖြစ်သော်လည်း၊ စုံလင်စေခြင်းခံရသူတစ်ဦးဟု ထိုသူအား မဆိုနိုင်ပေ။ “စုံလင်စေခြင်း ခံရသူများ” ဟုဆိုရာ၌ သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသည့်နောက်တွင် သမ္မာတရားအား လေ့လာလိုက်စားနိုင်ပြီး ဘုရားသခင်၏ရယူခြင်းကို ခံရနိုင်သောသူများကို ရည်ညွှန်းသည်။ ယင်းသည် သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသည့်နောက် အတိဒုက္ခထဲတွင် ခိုင်ခံ့စွာ ရပ်တည်ပြီး သမ္မာတရားဖြင့် အသက်ရှင်နေထိုင်သူများကို ရည်ညွှန်းသည်။ သိမ်းပိုက်ခံရခြင်းအဖြစ်နှင့် စုံလင်စေခြင်းခံရခြင်းအဖြစ်တို့ကို ကွဲပြားစေသည့် အရာသည် အမှု၏အဆင့်များ၌ ကွာခြားမှုများနှင့် လူများ သမ္မာတရားကို နားလည်ပြီး သမ္မာတရားထဲသို့ ဝင်ရောက်သည့်အတိုင်းအတာ ကွာခြားမှုများ ဖြစ်သည်။ စုံလင်စေခြင်း လမ်းကြောင်းပေါ် တက်ရောက်ခြင်း မရှိသေးသောသူအားလုံး၊ ဆိုလိုသည်မှာ သမ္မာတရားကို မပိုင်ဆိုင်သူတို့သည် အဆုံးတွင် ပယ်ထုတ်ခြင်းကို ခံရဦးမည် ဖြစ်သည်။ သမ္မာတရားကို ပိုင်ဆိုင်ပြီး သမ္မာတရားဖြင့် အသက်ရှင်နေထိုင်သော သူများသာလျှင် ဘုရားသခင်၏ လုံးလုံးလျားလျား ရယူခြင်းကို ခံရနိုင်သည်။ ဆိုလိုသည်မှာ ပေတရု၏ ပုံသဏ္ဌာန် ဖြင့် အသက်ရှင်နေထိုင်သော သူများသည် စုံလင်စေခြင်းခံရသောသူများ ဖြစ်ကြပြီး အခြားသူအားလုံးမှာ သိမ်းပိုက်ခံရသောသူများ ဖြစ်ကြသည်။ သိမ်းပိုက်ခံရသောသူ အားလုံးအပေါ် ပြုသောအမှုတွင် ကျိန်ဆဲခြင်းများ ချမှတ်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် အမျက်ဒေါသပြခြင်းတို့ ပါဝင်ပြီး ၎င်းတို့ထံသို့ ရောက်လာသောအရာမှာ ဖြောင့်မတ်ခြင်းနှင့် ကျိန်ဆဲခြင်းများ ဖြစ်သည်။ ထိုသို့သောလူအပေါ် အမှုပြုခြင်းသည် ဟိတ်ဟန်မရှိဘဲ သို့မဟုတ် ယဉ်ကျေးသိမ်မွေ့မှု မရှိဘဲ ထုတ်ဖော်ခြင်း ဖြစ်သည်- ၎င်းတို့အနေဖြင့် ၎င်းတို့၏အတွင်းမှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ကိုယ်တိုင် သိမြင်ပြီး အပြည့်အဝ လက်ခံယုံကြည်ရန်အလို့ငှာ ၎င်းတို့၏အတွင်းမှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ရန် ဖြစ်သည်။ လူသားသည် အကြွင်းမဲ့ ကျိုးနွံနာခံလာသည့်အခါ၊ သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသည်။ လူအများစုသည် သမ္မာတရားကို နားလည်ရန် မရှာဖွေကြသေးလျှင်ပင် သိမ်းပိုက်ခြင်းအမှုသည် ပြီးဆုံးသွားပြီး ဖြစ်လိမ့်မည် ဖြစ်သည်။

သင် စုံလင်ခြင်းခံရမည်ဆိုပါက၊ ပြည့်မီရမည့် စံများ ရှိသည်။ သင်၏သန္နိဌာန်၊ သင်၏ဇွဲလုံ့လနှင့် သင်၏အသိစိတ်အားဖြင့်၊ ပြီးလျှင် သင်၏ လေ့လာလိုက်စားမှုအားဖြင့် သင်သည် အသက်ကို တွေ့ကြုံခံစားနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေနိုင်လိမ့်မည်။ ယင်းသည် သင်၏ ဝင်ရောက်မှု ဖြစ်ပြီး ဤအရာများသည် စုံလင်စေခြင်း လမ်းကြောင်းပေါ်တွင် လိုအပ်သောအရာများ ဖြစ်ကြသည်။ စုံလင်စေခြင်း အမှုကို လူ အားလုံးအပေါ်တွင် ပြုနိုင်သည်။ ဘုရားသခင် နောက်လိုက်သူ မည်သူမဆို စုံလင်စေခြင်းခံရနိုင်ပြီး စုံလင်စေခြင်းခံရရန် အခွင့်အရေးနှင့် အရည်အချင်းများ ရှိသည်။ ဤနေရာတွင် ပုံသေ စည်းမျဉ်းစည်းကမ်း မရှိပေ။ လူတစ်ဦး စုံလင်စေခြင်း ခံရနိုင်ခြင်း ရှိ မရှိဆိုသည်မှာ ထိုလူ၏ လေ့လာလိုက်စားမှုအပေါ်တွင် အဓိက မူတည်သည်။ သမ္မာတရားကို မြတ်နိုးသောလူများနှင့် သမ္မာတရားဖြင့် အသက်ရှင်နေထိုင်နိုင်သော လူများသည် စုံလင်စေခြင်း ဧကန်အမှန် ခံရနိုင်ကြသည်။ သမ္မာတရားကို မမြတ်နိုးသော လူများသည် ဘုရားသခင်၏ ချီးကျူးခြင်းကို မခံကြရ။ ၎င်းတို့သည် ဘုရားသခင် တောင်းဆိုသော အသက်ကို မပိုင်ဆိုင်ကြသည့်အပြင်၊ ၎င်းတို့ကို စုံလင်စေ၍ မရပေ။ စုံလင်စေခြင်းအမှုသည် လူတို့အား ရရန်အတွက်သာ ဖြစ်ပြီး စာတန်အား ရင်ဆိုင် တိုက်ခိုက်ခြင်းအလုပ်၏ အစိတ်အပိုင်းတစ်ခု မဟုတ်ပေ။ သိမ်းပိုက်ခြင်းအမှုသည် စာတန်အား ရင်ဆိုင် တိုက်ခိုက်ရန်အတွက်သာ ဖြစ်သည်၊ ဆိုလိုသည်မှာ စာတန်အား အနိုင်ယူရန် လူသားအား သိမ်းပိုက်ခြင်းကို အသုံးပြုခြင်း ဖြစ်သည်။ သိမ်းပိုက်ခြင်း အမှုသည် အဓိက အမှု ဖြစ်ပြီး အသစ်ဆုံး အမှုဖြစ်ကာ ထိုအမှုသည် ခေတ်ကာလ အားလုံးတွင် မည်သည့်အခါမျှ မလုပ်ခဲ့ရသေးသော အမှု ဖြစ်သည်။ အမှု၏ ဤအဆင့်၏ရည်မှန်းချက်ပန်းတိုင်မှာ စာတန်ကို အောင်နိုင်ရန် လူအားလုံးကို သိမ်းပိုက်ရန် အဓိကအားဖြင့် ဖြစ်သည်ဟု ဆိုနိုင်သည်။ လူများကို စုံလင်စေခြင်းအမှု- ယင်းသည် အမှု အသစ် မဟုတ်ပေ။ ဘုရားသခင်၏ ဇာတိပကတိ၌အမှု အတောအတွင်းဝယ် အမှုအားလုံး၏ ရည်မှန်းချက်ပန်းတိုင်၏ အနှစ်သာရမှာ လူတို့အား သိမ်းပိုက်ရန် ဖြစ်သည်။ ယင်းမှာ ကားစင်တင်သတ်ခံခြင်းအားဖြင့် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်းသည် အဓိကအမှုဖြစ်ခဲ့သည့်အချိန် ကျေးဇူးတော်ခေတ်ကကဲ့သို့ ဖြစ်သည်။ “လူတို့အား ရခြင်း” မှာ ဇာတိပကတိ၌ လုပ်ဆောင်သော အမှုအပြင် အပိုဖြစ်ပြီး ကားစင်တင်သတ်ခံခြင်း နောက်ပိုင်းမှသာ လုပ်ဆောင်ခဲ့၏။ ယေရှုကြွလာခဲ့ပြီး သူ၏အမှုကို လုပ်ဆောင်ခဲ့သည့်အချိန်က သူ၏ရည်မှန်းချက်ပန်းတိုင်မှာ စာတန်၏ စွမ်းအားကို အောင်မြင်ရန် သူကားစင်တင်သတ်ခံခြင်းကို အဓိကအသုံးပြုပြီး သေခြင်းနှင့် မရဏနိုင်ငံ၏ ချည်နှောင်မှုအပေါ် အနိုင်ယူရန် ဖြစ်သည်- ဆိုလိုသည်မှာ စာတန်အား အောင်နိုင်ရန် ဖြစ်သည်။ ယေရှု ကားစင်တင်သတ်ခံရပြီးသည့် နောက်ပိုင်းမှသာ ပေတရုသည် စုံလင်ခြင်း လမ်းကြောင်းပေါ်သို့ ဖြည်းဖြည်းနှင့်မှန်မှန်တက်ခဲ့ခြင်း ဖြစ်သည်။ ပေတရုသည် ယေရှု အမှုပြုနေခဲ့စဉ် အချိန်က ယေရှုနောက် လိုက်ခဲ့သူများအကြား တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်မှာ မှန်သော်လည်း၊ သူသည် ထိုအချိန်အတောအတွင်းက စုံလင်စေခြင်း မခံခဲ့ရသေးပေ။ အတိအကျဆိုရလျှင် ယေရှုသည် သူ၏ အမှုကို လုပ်ဆောင်ပြီးမြောက်ခဲ့ပြီး နောက်ပိုင်းမှသာ ပေတရုသည် သမ္မာတရားကို တဖြည်းဖြည်း နားလည်ခဲ့ပြီးနောက် စုံလင်လာခဲ့ခြင်း ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် အဓိကကျပြီး အရေးကြီးသော အမှု၏ အဆင့်တစ်ဆင့်ကို အချိန်တိုအတွင်း လုပ်ဆောင်ပြီးစီးရန်အတွက်သာ ကမ္ဘာမြေကြီးပေါ်သို့ လာရောက်ခြင်းဖြစ်ပြီး လူတို့အား စုံလင်စေခြင်းငှာ ၎င်းတို့အကြား ကမ္ဘာမြေကြီးပေါ်တွင် ရေရှည်နေထိုင်ရန် မဟုတ်ပေ။ သူသည် ထိုအမှုကို မလုပ်ဆောင်ပေ။ သူသည် သူ၏ အမှုကို လက်စသတ်ရန် လူသား လုံးလုံးလျားလျား စုံလင်စေခြင်းခံရသည့် အချိန်အထိ မစောင့်ပေ။ ထိုအရာသည် သူ၏ လူ့ဇာတိခံယူခြင်း၏ ရည်မှန်းချက်ပန်းတိုင်နှင့် အရေးပါမှု မဟုတ်ပေ။ သူသည် လူသားမျိုးနွယ်အား ကယ်တင်သော ရေတိုအမှုကို လုပ်ဆောင်ရန်သာ လာခြင်းဖြစ်ပြီး လူသားမျိုးနွယ်အား စုံလင်စေသော ရေရှည်အမှုကို လုပ်ဆောင်ရန်အတွက် လာခြင်းမဟုတ်ပေ။ လူသားမျိုးနွယ်အားကယ်တင်ခြင်း အမှုသည် ကိုယ်စားပြုသော အမှု၊ ခေတ်ကာလ အသစ်ကို စတင် နိုင်စွမ်းရှိသော အမှု ဖြစ်သည်။ ယင်းကို ကာလတိုအတွင်း လုပ်ဆောင်ပြီးစီးနိုင်သည်။ သို့သော်လည်း လူသားမျိုးနွယ်အား စုံလင်စေခြင်းမှာ လူသားတို့အား တိကျသော အဆင့်အတန်းတစ်ခုသို့ ရောက်စေရန်အတွက် ပြုစုပျိုးထောင်ပေးရန် လိုအပ်သည်၊ ယင်းကဲ့သို့သောအမှုသည် အချိန်ကြာမြင့်သည်။ ယင်းသည် ဘုရားသခင်၏ဝိညာဉ်တော်က လုပ်ဆောင်ရမည့်အမှု ဖြစ်သည်။ သို့သော် ယင်းကို လူ့ဇာတိ၌လုပ်ဆောင်သည့်အမှု အချိန်အတောအတွင်း ပြောသော သမ္မာတရားအုတ်မြစ်ပေါ်တွင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ယင်းကို သူ၏ လူသားမျိုးနွယ်အား စုံလင်စေခြင်း ရည်မှန်းချက်ပန်းတိုင် စွမ်းဆောင်ရရှိရန်အတွက် ရေရှည် ဦးဆောင်လမ်းပြသည့် အမှုကိုလုပ်ရန် တမန်တော်များကို ပေါ်ထွန်းစေခြင်း အားဖြင့်လည်း လုပ်ဆောင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ဤ အမှုကို မလုပ်ဆောင်ပေ။ ယင်းသည် သူ၏ အမှုတော်ထဲတွင် မပါဝင်ခြင်းကြောင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးရာတွင် လူသားနှင့်အတူ အဆက်မပြတ် လိုက်ပါနေခြင်းထက် လူတို့ နားလည်စေရန် အသက် လမ်းခရီး အကြောင်းကိုသာ ပြောပြပြီး လူသားမျိုးနွယ်အား သမ္မာတရားကိုသာ ပေးသည်။ ထို့ကြောင့် သူသည် လူသား သမ္မာတရားကို အကြွင်းမဲ့ နားလည်ပြီး သမ္မာတရားကို အကြွင်းမဲ့ ရရှိသည့် နေ့ရက်အထိ လူသားနှင့်အတူ လိုက်ပါနေလိမ့်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် စနစ်တကျ ဝင်ရောက်သည့်အခါ၊ လူသားသည် စုံလင်စေခြင်းခံရမည့် လမ်းကြောင်းမှန်ပေါ်သို့ ခြေချသည့်အခါ၊ သူ၏ ဇာတိပကတိ၌အမှု ပြီးဆုံးသည်။ ဤသည်မှာ သူသည် စာတန်အား လုံးလုံးလျားလျား အောင်နိုင်ပြီး လောကကြီးကို အောင်မြင်သော အချိန်လည်း အမှန်ပင် ဖြစ်သည်။ ထိုအချိန်တွင် လူသားသည် အဆုံး၌ သမ္မာတရားထဲသို့ ဝင်ရောက်ပြီးလိမ့်မည် ဟုတ် မဟုတ်ကို သူဂရုမစိုက်သည့်အပြင် လူသား၏ အသက်သည် ကြီးမြတ်သည် သို့မဟုတ် မပြောပလောက်သည်ကိုလည်း သူ ဂရုမစိုက်ပေ။ ထိုအရာများအနက် တစ်ခုမျှသည် ဇာတိပကတိ၌ သူ စီမံခန့်ခွဲနေသင့်သည့်အရာ မဟုတ်၊ ယင်းအရာများအနက် တစ်ခုမျှသည် လူ့ဇာတိခံဘုရားသခင်၏ အမှုတော်အတွင်း မရှိပေ။ သူသည် သူရည်ရွယ်ထားသော အမှုကို လုပ်ဆောင်ပြီးစီးသည့်အခါ၊ သူ၏ ဇာတိပကတိ၌အမှုကိုလည်း အပြီးသတ်မည်။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင် လုပ်သော အမှုသည် ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက် မလုပ်ဆောင်နိုင်သည့် အမှုသာ ဖြစ်သည်။ ထို့အပြင် ထိုအရာသည် ရေတို ကယ်တင်ခြင်းအမှု ဖြစ်ပြီး ကမ္ဘာမြေကြီး ပေါ်တွင် သူရေရှည် လုပ်ဆောင်မည့် အမှု မဟုတ်ပေ။

သင်တို့၏ အရည်အသွေးကို မြှင့်တင်ခြင်းသည် ငါ့အမှု၏လောကအတွင်း မရှိ။ သင်တို့၏ အရည်အသွေးသည် နိမ့်ကျလွန်းနေခြင်းကြောင့်သာ၊ ဤအရာကို လုပ်ရန် သင်တို့အား ငါခိုင်းခြင်း ဖြစ်သည်။ အမှန်အားဖြင့် ဤအရာသည် စုံလင်စေခြင်းအမှု၏ အစိတ်အပိုင်း မဟုတ်ပေ၊ ထို့ထက် ယင်းသည် သင်တို့အပေါ် လုပ်ဆောင်နေသော အပို အမှုသာ ဖြစ်သည်။ ယနေ့ သင်တို့အပေါ် လုပ်ဆောင် ပြီးစီးနေသော အမှုသည် သင်တို့ လိုအပ်သောအရာနှင့်အညီ လုပ်ဆောင်ခြင်း ဖြစ်၏။ ၎င်းသည် ပင်ကိုယ်လက္ခဏာရှိပြီး စုံလင်စေခြင်းခံနေရသော သူအယောက်တိုင်း ဝင်ရောက်သင့်သော လမ်းကြောင်း တစ်ခု မဟုတ်ပေ။ သင်တို့၏ အရည်အသွေးသည် အတိတ်အချိန်က စုံလင်စေခြင်းခံခဲ့ရသောသူ မည်သူထက်မဆို နိမ့်ကျသောကြောင့်၊ သင်တို့အပေါ်တွင် ဤအမှု လုပ်သောအခါ များလွန်းသော အတားအဆီးများ ရှိနေကြ၏။ စုံလင်စေခြင်း၏ ရည်မှန်းများမှာ ကွဲပြားကြခြင်းကြောင့်၊ ငါသည် ဤအမှု အပိုကို သင်တို့ကြား လုပ်ဆောင်နေခြင်း ဖြစ်၏။ အခြေခံအားဖြင့် ဘုရားသခင်သည် ကမ္ဘာမြေကြီးသို့ ကြွလာသည့်အခါ၊ သူသည် သူ၏ မှန်ကန်သော တရားဝင် လုပ်ပိုင်ခွင့်အတွင်း ဆက်ရှိပြီး သူ၏ အမှုကို လုပ်ဆောင်ကာ အခြားသော မသက်ဆိုင်သည့် အမှုအရာများဖြင့် စိတ်အနှောင့်အယှက် အဖြစ်မခံပေ။ သူသည် မိသားစု ကိစ္စများတွင် ဝင်ရောက်ပတ်သက်ခြင်းသော်လည်းကောင်း၊ လူတို့၏ ဘဝများထဲတွင် ပါဝင်ခြင်းသော်လည်းကောင်း မပြုပေ။ သူသည် ယင်းကဲ့သို့သော အသေးအဖွဲ ကိစ္စများတွင် လုံးဝ စိတ်မဝင်စားပေ၊ ၎င်းတို့သည် သူ၏ အမှုတော်၏ အစိတ်အပိုင်း မဟုတ်ပေ။ သို့သော်လည်း သင်တို့၏ အရည်အသွေးသည် ငါ တောင်းဆိုခဲ့သည်ထက် လွန်စွာ နိမ့်ကျပြီး စင်စစ်တွင် မည်သို့မျှ နှိုင်းယှဉ်၍မရသည်မှာ- ယင်းက အမှုအတွက် အစွန်းရောက်သော အဟန့်အတားများကို ဖြစ်ပေါ်စေသည်။ ထို့အပြင် ဤအမှုကို ဤတရုတ်နိုင်ငံရှိ လူတို့အကြား၌ လုပ်ဆောင်ရမည်။ သင်တို့သည် ပညာရေးညံ့ဖျင်းလှသောကြောင့်၊ သင်တို့ကိုယ်သင်တို့ ပညာသင်ရန် ထုတ်ပြောပြီး တောင်းဆိုရန်မှတစ်ပါး ငါ့၌ ရွေးစရာမရှိပေ။ ဤသည်မှာ အမှုအပို ဖြစ်ကြောင်း သင်တို့အား ငါ ပြောခဲ့ပြီးသော်လည်း၊ ယင်းသည် သင်တို့ ရယူရမည့်အရာလည်း ဖြစ်ပြီး၊ သင်တို့ စုံလင်သွားစေရန် အထောက်အကူပြုမည့်အရာ ဖြစ်သည်။ တကယ်တမ်းတွင် ပညာရေး၊ မိမိ၏ပြုမူနေထိုင်ခြင်းအကြောင်း အခြေခံအသိပညာနှင့် အသက်အကြောင်း အခြေခံ အသိပညာတို့အားလုံးသည် သင်တို့သဘာဝအလျောက် ပိုင်ဆိုင်သင့်သည့် အရာများ ဖြစ်ကြ၏။ ဤအရာများ အကြောင်းကို သင်တို့အား ငါပြောရန် မလိုအပ်သင့်။ သို့သော် သင်တို့၌ ဤအရာများ မရှိသည့် အားလျော်စွာ၊ သင်တို့ ကမ္ဘာလောကထဲသို့ မွေးဖွားလာပြီးနောက်တွင် သင်တို့ထဲသို့ ဤအရာများ သွတ်သွင်းပေးသည့် အမှုကို လုပ်ပေးရန်မှတစ်ပါး ငါ့တွင် အခြားရွေးစရာ မရှိပေ။ သင်တို့သည် ငါနှင့် ပတ်သက်ပြီး အယူအဆများစွာကို လက်သင့်ခံထားလျှင်ပင် ဤအရာကို သင်တို့ထံမှ ငါ တောင်းဆိုဆဲဖြစ်သည်၊ သင်တို့၏ အရည်အသွေးကို သင်တို့မြှင့်တင်ရန် ငါတောင်းဆိုဆဲ ဖြစ်သည်။ ငါ၏အမှုမှာ သင်တို့အား သိမ်းပိုက်ရန်၊ သင်တို့အား တရားစီရင်ခြင်းအားဖြင့် သင်တို့၏စုံလင်သော ခိုင်မာသည့် ထင်မြင်ယူချက်ကို ရယူရန်၊ ထိုနည်းအားဖြင့် သင်တို့ ဝင်ရောက်သင့်သော အသက်၏လမ်းခရီးကို ညွှန်ပြပေးရန်သာ ဖြစ်သောကြောင့် ဤအမှုကို လာ၍ လုပ်ရန်မှာ ငါ၏ ရည်ရွယ်ချက် မဟုတ်ပေ။ တစ်နည်းဆိုရလျှင် ငါသည် သင်တို့အား ငါ၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်ရန်လိုသည်ဟူသော အချက်အတွက်သာ မဟုတ်ပါက၊ သင်တို့ မည်မျှ ပညာတတ်ပါစေ၊ အသက်အကြောင်း နှံ့စပ်သိကျွမ်းခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေသည် ငါနှင့် လုံးဝမသက်ဆိုင်ပေ။ သိမ်းပိုက်ခြင်းအမှု၌ အကျိုးရလဒ်များ သေချာပေါက် ရရှိစေရန်နှင့် နောက်ဆက်တွဲအနေဖြင့် သင်တို့ စုံလင်စေရန်အတွက် ဤအရာအားလုံးကို ဖြည့်ထားပေးခြင်း ဖြစ်သည်။ ၎င်းသည် သိမ်းပိုက်ခြင်းအမှု၏ အစိတ်အပိုင်းတစ်ခု မဟုတ်။ သင်တို့၏အရည်အသွေး နိမ့်ကျခြင်းကြောင့်နှင့် သင်တို့သည် ပျင်းရိပြီး ပေါ့ဆသောသူ၊ မိုက်မဲပြီး ဉာဏ်နည်းသောသူ၊ အသက်မပါသောသူ ဖြစ်ပြီး လူနုံလူအဖြစ်ခြင်းကြောင့်- သင်တို့သည် အလွန့်အလွန် ပုံမှန် မဟုတ်သောကြောင့်- သင်တို့၏ အရည်အသွေးကို သင်တို့ ဦးဆုံး မြှင့်တင်ရန် ငါလိုအပ်သည်။ စုံလင်စေခြင်းခံလိုသူ မည်သူမဆို သတ်မှတ်ချက်အချို့နှင့် ပြည့်မီရမည်။ စုံလင်စေခြင်းခံရရန် လူတစ်ဦးသည် ရှင်းလင်း တည်ကြည်သောစိတ် ရှိပြီး အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်ရန် လိုလိုလားလား ရှိရမည်။ အကယ်၍ သင်သည် အနှစ်သာရမရှိသော အသက်တာဖြင့် အသက်ရှင်ရန် လိုလိုလားလား မရှိသောသူ၊ သမ္မာတရားကို လေ့လာလိုက်စားသောသူ၊ မိမိပြုသော အရာခပ်သိမ်း၌ အလွန် အလေးအနက်ထားသောသူ ဖြစ်ပြီး ထူးခြားစွာ သာမန် လူ့သဘောသဘာဝ ရှိသောသူ ဖြစ်ပါက၊ သင်သည် စုံလင်ခြင်းခံရရန် သတ်မှတ်ချက်များနှင့် ပြည့်မီသည်။

သင်တို့အကြား၌ လုပ်ဆောင်နေသော ဤအမှုသည် လုပ်ရန်လိုအပ်သော အမှုနှင့်အညီ သင်တို့ အပေါ် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤလူတို့ကို သိမ်းပိုက်ပြီးနောက် လူတစ်စုသည် စုံလင်စေခြင်း ခံရလိမ့်မည်။ ထို့ကြောင့် ယခုအမှု၏ ပမာဏများစွာသည် သင်တို့အား စုံလင်စေရန်ဟူသော ရည်မှန်းချက်ပန်းတိုင်အတွက် ပြင်ဆင်ပေးခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စုံလင်ခြင်းခံရနိုင်သော သမ္မာတရားကို ဆာငတ်နေသူ များစွာရှိသောကြောင့် ဖြစ်သည်။ အကယ်၍ သင်တို့အပေါ်၌ သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ခဲ့ပြီး ၎င်းနောက်တွင် နောက်ထပ်လုပ်သောအမှု မရှိတော့ပါက၊ သမ္မာတရားကို တမ်းတသော လူအချို့တို့သည် ယင်းကို မရရန်အကြောင်း ဖြစ်လိမ့်မည် မဟုတ်လော။ ယခုမျက်မှောက်အမှုသည် လူတို့အား နောက်ပိုင်းတွင် စုံလင်စေရန်အတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးဖို့ ရည်ရွယ်သည်။ ငါ၏အမှုသည် သိမ်းပိုက်ခြင်း အမှုမျှသာ ဖြစ်သော်လည်း ငါပြောသော အသက် လမ်းခရီးသည် လူတို့အား နောက်ပိုင်းတွင် စုံလင်စေရန် ပြင်ဆင်ပေးခြင်းပင် ဖြစ်သည်။ သိမ်းပိုက်ခြင်း ပြီးနောက် လာသော အမှုသည် လူတို့အား စုံလင်စေခြင်းအပေါ် ဗဟိုပြုပြီး ထိုသိမ်းပိုက်ခြင်းသည် စုံလင်စေခြင်းအမှုအတွက် အုတ်မြစ်တစ်ခု ချပေးရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ လူသားသည် သိမ်းပိုက်ခံရပြီးမှသာ စုံလင်စေခြင်းခံရနိုင်သည်။ ယခု မျက်မှောက်တွင် အဓိကအမှုတာဝန်မှာ သိမ်းပိုက်ရန် ဖြစ်သည်၊ နောက်ပိုင်းတွင် သမ္မာတရားကို ရှာဖွေကာ တောင့်တသောသူများသည် စုံလင်စေခြင်း ခံရလိမ့်မည်။ စုံလင်စေခြင်းခံရခြင်းတွင် သင့်၌ ဘုရားသခင်ကို ချစ်သော စိတ်နှလုံး ရှိသလော။ သင် ဤလမ်းကြောင်းကို လျှောက်ပြီးဖြစ်သည့်အတွက် သင်၏အတွေ့အကြုံတို့၏ နက်နဲမှုမှာ အဘယ်နည်း။ ဘုရားသခင်အပေါ် သင်၏ ချစ်ခြင်းသည် မည်မျှ သန့်စင်သနည်း။ သမ္မာတရားကို သင် မည်မျှ တိတိကျကျ လက်တွေ့လုပ်ဆောင်သနည်း ဟူသည့် လူတို့၏ နိုးကြားထကြွသော ဝင်ရောက်ခြင်း သွင်ပြင်များ ပါဝင်သည်။ စုံလင်စေခြင်းခံရရန် လူတစ်ဦးတွင် လူ့သဘာဝ၏ သွင်ပြင်အားလုံးနှင့်သက်ဆိုင်သည့် အခြေခံ အသိပညာ ရှိရမည်။ ယင်းသည် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်သည်။ သိမ်းပိုက်ခြင်း ခံရပြီးနောက် စုံလင်ခြင်းမခံနိုင်သောသူ အားလုံးသည် အသုံးတော်ခံ အရာဝတ္ထုများ ဖြစ်လာကာ ကန့်နှင့် ရောနှောသော မီးအိုင်ထဲသို့ နောက်ဆုံးတွင် အပစ်ချခံရဦးမည် ဖြစ်ပြီး အနက်ဆုံးသောတွင်းထဲသို့ ကျလိမ့်ဦးမည်။ အဘယ်ကြောင့်ဆိုသော် သင်၏ စိတ်သဘောထားသည် မပြောင်းလဲသေးဘဲ၊ သင်သည် စာတန်နှင့် သက်ဆိုင်ဆဲဖြစ်သောကြောင့် ဖြစ်၏။ အကယ်၍ လူသား တစ်ဦးသည် စုံလင်ခြင်းအတွက် အရည်အချင်းများ မရှိပါက၊ သူသည် သုံးမရသော သူ- သူသည် မီးဖြင့် စမ်းသပ်မှုကို မခံနိုင်သော အမှိုက်၊ တန်ဆာပလာ တစ်ခုသာ ဖြစ်လေစွ။ ယခုမျက်မှောက်တွင် ဘုရားသခင်အပေါ် သင်၏ ချစ်ခြင်းသည် မည်မျှ ကြီးမားသနည်း။ သင့်ကိုယ်သင် စက်ဆုပ်ရွံမုန်းခြင်းသည် မည်မျှ ကြီးမားသနည်း။ စာတန်ကို သင် မည်မျှ နက်နက်နဲနဲ အမှန်တကယ် သိသနည်း။ သင်တို့၏ သန္နိဌာန်ကို သင်တို့ ခိုင်ခံ့အောင် လုပ်ပြီးပြီလော။ လူ့သဘာဝထဲက သင်တို့၏ အသက်တာသည် ကောင်းစွာ ထိန်းကျောင်း ခံထားရသလော။ သင်တို့၏အသက်တာ ပြောင်းလဲခဲ့ပြီလော။ အသစ်သော အသက်တာတစ်ခုဖြင့် သင်တို့ အသက်ရှင်နေသလော။ သင်တို့၏ အသက်တာ အမြင်သဘောထား ပြောင်းလဲခဲ့ပြီလော။ အကယ်၍ ထိုအရာများ မပြောင်းလဲသေးပါက၊ သင် နောက်မဆုတ်သည့်တိုင် သင်သည် စုံလင်စေခြင်း မခံရနိုင်ပေ၊ ထို့ထက် သင်သည် သိမ်းပိုက်ခြင်းကိုသာ ခံရပြီးဖြစ်သည်။ သင့်ကို စမ်းသပ်ရန်အချိန် ရောက်သည့်အခါ သင်၌ သမ္မာတရား မရှိ၊ သင်၏ လူ့သဘောသဘာဝသည် ပုံမှန် မဟုတ်ဘဲ၊ သင်သည် ဝန်တင်တိရစ္ဆာန် တစ်ကောင်တမျှ နိမ့်ကျနေလိမ့်မည်။ သင်၏ တစ်ခုတည်းသော ကြိုးပမ်းအားထုတ်၍ ရရှိသောအရာသည် သိမ်းပိုက်ခံခဲ့ရခြင်း ဖြစ်လိမ့်မည်၊ သင်သည် ငါသိမ်းပိုက်သော အရာတစ်ခုမျှသာ ဖြစ်လိမ့်မည်။ သင်သည် သခင်၏ ကျာပွတ်စာ တစ်ခါ မိဖူးပြီးနောက် သခင်ကို မြင်သည့်အခါတိုင်း ဆိုးသွမ်းရန် ကြောက်ရွံ့ထိတ်လန့်သော မြည်းကဲ့သို့ ဖြစ်သွားသည်၊ သင်သည် အသိမ်းပိုက်ခံခဲ့ရသော မြည်းတစ်ကောင်မျှသာ ဖြစ်လိမ့်မည်။ အကယ်၍ လူတစ်ဦးသည် အပြုသဘောဆောင်သော ထိုသွင်ပြင်များ မရှိဘဲ ယင်းအစား အရာအားလုံး၌ မတုန်မလှုပ် ဖြစ်နေခြင်း၊ ကြောက်ရွံ့ခြင်း၊ တွန့်ဆုတ်ခြင်းနှင့် တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေကာ မည်သည့်အရာကိုမျှ ရှင်းလင်းစွာ သိမြင်နိုင်ခြင်းမရှိ၊ သမ္မာတရားကို လက်ခံနိုင်ခြင်းမရှိ၊ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း မရှိဆဲ၊ ထိုမျှပင်မက ဘုရားသခင်ကို ချစ်တတ်သော စိတ်နှလုံးလည်း မရှိ- အကယ်၍ လူတစ်ဦးသည် ဘုရားသခင်ကို မည်သို့ ချစ်ရမည်ကို နားလည်ခြင်း မရှိ၊ အဓိပ္ပာယ်ရှိသော အသက်တာဖြင့် မည်သို့ အသက်ရှင်ရမည်ကို မသိ၊ သို့မဟုတ် စစ်မှန်သော လူတစ်ဦး မည်သို့ ဖြစ်ရမည်ကို မသိပါက- ယင်းကဲ့သို့သော လူသည် ဘုရားသခင်အတွက် မည်ကဲ့သို့ သက်သေခံနိုင်မည်နည်း။ ဤအရာက သင်၏အသက်တာသည် တန်ဖိုးအနည်းငယ်သာရှိပြီး သင်သည် သိမ်းပိုက်ခံရသော မြည်းတစ်ကောင်သာ ဖြစ်ကြောင်း ပြသလိမ့်မည်။ သင်သည် အသိမ်းပိုက် ခံရလိမ့်မည် ဖြစ်သော်လည်း ယင်းက သင်သည် အဆင်းနီသော နဂါးကြီးကို ကျောခိုင်းခဲ့ပြီးဖြစ်ကြောင်းနှင့် ၎င်း၏အုပ်စိုးမှုထံ ကျိုးနွံနာခံရန် ငြင်းပယ်ပြီး ဖြစ်ကြောင်းမျှသာ ဆိုလိုလိမ့်မည်။ သင်သည် ဘုရားသခင်ရှိသည်ဟု ယုံကြည်ကြောင်း၊ ဘုရားသခင်၏ အစီအစဉ်အားလုံးကို နာခံလိုပြီး ညည်းညူစရာ မရှိကြောင်း ယင်းက ဆိုလိုလိမ့်မည်။ သို့သော်လည်း အပြုသဘောဆောင်သော သွင်ပြင်များအတွက်ဆိုလျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်ရှင်နေထိုင်နိုင်စွမ်းနှင့် ဘုရားသခင်ကို ထင်ရှားစေနိုင်စွမ်း ရှိသလော။ အကယ်၍ သင့်၌ ဤသွင်ပြင် တစ်စုံတစ်ခုမျှ မရှိပါက သင်သည် ဘုရားသခင်၏ ရယူခြင်းကို မခံရသေးဘဲ သင်သည် သိမ်းပိုက်ခံရသော မြည်းတစ်ကောင်သာ ဖြစ်ကြောင်း ယင်းကဆိုလိုသည်။ သင့်အထဲ၌ နှစ်လိုဖွယ်ရာ တစ်စုံတစ်ရာမျှ မရှိ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ အမှု မလုပ်။ သင်၏လူ့သဘာဝသည် ချို့တဲ့လွန်းနေ၏၊ သင့်အား ဘုရားသခင် အသုံးပြုရန် မဖြစ်နိုင်။ သင်သည် ဘုရားသခင်၏ အတည်ပြုခြင်း ခံရရန် လိုအပ်ပြီး မယုံကြည်သော လူ့တိရစ္ဆာန်များ နှင့် အသက်မရှိဘဲ လမ်းလျှောက်နေသော သူတို့ထက် အဆတစ်ရာ ပို၍ သာလွန်ရန် လိုအပ်သည်။ ဤအဆင့်သို့ရောက်သော သူများသာ စုံလင်စေခြင်းခံရရန် အရည်အချင်း ပြည့်မီသည်။ အကယ်၍ အကြင်သူသည် လူ့သဘာဝရှိပြီး အသိစိတ် ရှိမှသာလျှင် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်တော်သူ ဖြစ်သည်။ သင်တို့သည် စုံလင်စေခြင်းခံရပြီးသောအခါမှသာ လူသားဟူ၍ ယူဆခြင်းခံရနိုင်သည်။ စုံလင်စေခြင်း ခံရသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာများဖြင့် အသက်ရှင်သောသူများ ဖြစ်သည်။ ယင်းသို့သော သူများသာ ဘုရားသခင်ကို သာ၍ ထူးကဲစွာပင် သက်သေခံနိုင်ကြလေသည်။

အရှေ့သို့- အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍

နောက်တစ်ခုသို့- သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။