၇၇၆ ပေတရုသည် စစ်မှန်သော ယုံကြည်ခြင်းနှင့် ချစ်ခြင်းကို ကိုင်စွဲထားခဲ့၏ကျူး

ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းခဲ့ခြင်းနှင့် ဘုရားသခင်၏ စံနှုန်းများနှင့် မကိုက်ခဲ့ခြင်းကြောင့် နောင်တရ၍ အကြွေးတင်ရှိခြင်းကို အမြဲခံစားရရင်း ယေရှု၏ ရှေ့မှောက်သို့ ဆုတောင်းခြင်းဖြင့် မကြာခဏ ပေတရုလာလေ့ရှိခဲ့သည်။ ဤပြဿနာများက သူ၏ အကြီးမားဆုံးသော ဝန်ထုပ်များ ဖြစ်လာခဲ့သည်။ သူက၊ “ကျွန်ုပ်၌ ရှိသမျှအရာအားလုံးနှင့် ကျွန်ုပ်၏ ဖြစ်တည်မှုအားလုံးကို ကိုယ်တော့်ထံ တစ်နေ့ ကျွန်ုပ်ဆက်ကပ်ပါမည်၊ ပြီးလျှင် အဖိုးအတန်ဆုံး မည်သည့်အရာကိုမဆို ကိုယ်တော့်အား ကျွန်ုပ် ပေးပါမည်” ဟု ပြောခဲ့သည်။ သူက၊ “ဘုရားသခင်။ ကျွန်ုပ်၏ ဘဝသည် ဘာမျှထိုက်တန်ခြင်းမရှိပါ။ ကျွန်ုပ်ကိုယ်ခန္ဓာသည်လည်း ဘာမျှထိုက်ခြင်းမရှိပါ။ ကျွန်ုပ်တွင် ယုံကြည်ခြင်း တစ်ခုတည်းနှင့် ချစ်ခြင်းတစ်ခုတည်းသာ ရှိပါ၏။ ကျွန်ုပ်၏ စိတ်ထဲတွင် ကိုယ်တော်၌ ယုံကြည်ခြင်းရှိပြီး ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ကိုယ်တော့်အတွက် ချစ်ခြင်းရှိပါ၏။ ဤအရာနှစ်ခုသာ ကျွန်ုပ် ကိုယ်တော့်ကို ပေးဖို့ရှိပြီး အခြားမည်သည့်အရာမျှ မရှိပါ” ဟု ပြောခဲ့သည်။ ယေရှု၏ စကားများအားဖြင့် ပေတရု အလွန်ခွန်အားရခဲ့သည်၊ ထို့ကြောင့် ကားတိုင်ပေါ် သူရှိခဲ့ချိန်တွင်၊ “ဘုရားသခင်။ ကိုယ်တော့်ကို ကျွန်ုပ် ကျေနပ်လောက်အောင် မချစ်နိုင်ပါ။ ကျွန်ုပ်ကို သေဖို့ ကိုယ်တော်စေခိုင်းလျှင်ပင်၊ ကိုယ်တော့်ကို ကျွန်ုပ် ကျေနပ်လောက်အောင် မချစ်နိုင်သေးပါ။ ကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော် မည်သည့်နေရာတွင် စေလွှတ်ပါစေ၊ ကိုယ်တော်၏ အတိတ်က ကတိများကို ကိုယ်တော် ပြည့်စုံစေသည်ဖြစ်စေ၊ မပြည့်စုံစေသည်ဖြစ်စေ၊ နောက်ပိုင်းတွင် ကိုယ်တော် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပြီး ကိုယ်တော့်ကို ကျွန်ုပ် ယုံကြည်ပါ၏” ဟု ပြောနိုင်ခဲ့လေသည်။ သူ ဆုပ်ကိုင်ခဲ့သည်မှာ သူ၏ ယုံကြည်ခြင်းနှင့် စစ်မှန်သော ချစ်ခြင်းဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၇၅ သင်၏ ဒုက္ခမည်မျှပင်ကြီးပါစေ၊ ဘုရားကို ကြိုးစားချစ်ပါ

နောက်တစ်ခုသို့- ၇၇၇ ပေတရု၏အတွေ့အကြုံအား အတုယူခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၁၆၅ ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

၁လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင် ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး ဘုရားသည် ကျွန်ုပ်တို့ထဲ၌...

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။