၅၃ ဘုရားသခင်၏ ရှေ့မှောက်သို့ ပြန်လာရန်မှာ အမှန်တကယ် ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်

၁ ယခင်က၊ ကျွန်ုပ်သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာတို့ကို လိုကြီးသော လိုက်စားမှုမျှဖြင့် သခင့်ကို ယုံကြည်ခဲ့သည်။ ဘာသာရေး ဟိတ်ဟန်အလယ်တွင် အယူအဆများ၏ အကျဉ်းသားဘဝဖြင့် အဖမ်းခံရလျက် အသက်ရှင်ခဲ့သည်။ နေ့စဉ် ကျွန်ုပ် အပြစ်ပြုမိခဲ့ကာ ဝန်ခံခဲ့သည်။ အပြစ်တရား၏ ချည်နှောင်မှုများကို ကျွန်ုပ် မလွတ်မြောက်နိုင်ခဲ့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိဘဲနှင့် အမှောင်၊ စိတ်ဆင်းရဲမှုနှင့် နာကျင်မှုထဲတွင် ကျွန်ုပ် အသက်ရှင်ခဲ့သည်။ သို့သော် ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ် ကြားခဲ့ပြီး ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက်သို့ ချီမခံခဲ့ရသည်။ နေ့စဉ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် မွေ့လျော်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရသည်။ သမ္မာတရားကို နားလည်ပြီးနောက်၊ ကျွန်ုပ်၏ စိတ်နှလုံးတွင် အလင်းရှိပြီး ကျွန်ုပ်၏ အယူအဆများနှင့် နားလည်မှုလွဲခြင်းများ ပပျောက်သွားသည်။ သိုးသငယ်၏ မင်္ဂလာစားပွဲတောက်ကို ကျွန်ုပ် တက်ရောက်သည်- ဘုရားသခင်၏ ရှေ့တော်မှောက်တွင် အသက်ရှင်ရန်မှာ အမှန်တကယ် ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်ပေ။

၂ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့နှင့် မိတ်သဟာယပြုဖို့ ညီအစ်ကို မောင်နှမများ အတူတကွ စုဝေးကြသည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အားနည်းချက်များကို ရိုးရှင်းစွာနှင့် ပွင့်ပွင့်လင်းလင်း ကျွန်ုပ် ပြောဆိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အတွေ့အကြုံများမှ သိနားလည်ခြင်းကို မိတ်သဟာယပြုရင်း၊ ချစ်ခင်သော အားပေးမှုကို ကိုယ်တော် ပေးသည်။ ကျွန်ုပ်တို့ အချင်းချင်း ချစ်ကြသည်- ကျွန်ုပ်တို့ကြားတွင် အကွာအဝေးမရှိ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အသက်တာများတွင် မိတ်ဆွေများထဲမှ အရင်းနှီးဆုံးဖြစ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအလယ်တွင် ကျွန်ုပ်တို့ အသက်ရှင်ကာ စိတ်နှလုံး တစ်လုံးတစ်ဝတည်းဖြင့် ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ကြသည်။ ခိုက်ရန်ဖြစ်ခြင်းများ ရှိကောင်းရှိနိုင်သော်လည်း ကျွန်ုပ်တို့ မိမိတို့ကိုယ်ကိုယ် ဘေးဖယ်ထားပြီး အတူတကွ ဆုတောင်းကာ ရှာဖွေကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရလျက်၊ သမ္မာတရားကို ကျွန်ုပ်တို့ နားလည်ကာ ကျွန်ုပ်တို့၏ စိတ်နှလုံးများက လွတ်မြောက်ခြင်းခံရသည်။ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် ကျွန်ုပ်တို့ကို လမ်းပြရန် သူ၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်ရန်မှာ အမှန်တကယ် ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်ပေ။

၃ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းက ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ပြသသည်။ လူသား အပြစ်၏ အရင်းအမြစ်မှာ သူ၏ ဆိုးယုတ်သော သဘာဝဖြစ်သည်ကို ရှင်းလင်းစွာ ကျွန်ုပ် မြင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင်၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းကို ပြောင်းလဲရန် လမ်းကြောင်းတစ်ခု ကျွန်ုပ် ရှာတွေ့သည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း ထွက်လာခြင်းများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ယှဉ်၍ ကျွန်ုပ် အကဲဖြတ်ကာ တစ်ခုချင်းစီပေါ် စိတ်ဖြာလေ့လာကာ သုံးသပ်သည်။ သမ္မာတရားကို သနားလည်ပြီးသည့်နောက်၊ ကျွန်ုပ် လက်တွေ့လုပ်ဆောင်ပြီး ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းက တဖြည်းဖြည်း သန့်စင်စေခြင်းခံရပေ။ စမ်းသပ်မှုများကို ကျွန်ုပ် ကြုံရသည်နှင့်အညီ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို လမ်းပြကာ သူသည် အလွန် ချစ်ခင်ဖွယ်ဖြစ်သည်ကို ကျွန်ုပ် ခံစားရ။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်ုပ်တို့ကို သန့်ရှင်းစေကာ ကယ်တင်လေပြီ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မည်မျှနက်နဲသည်ကို ကျွန်ုပ် မြည်းစမ်းပြီးလေပြီ။ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ရန်မှာ အမှန်တကယ် ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်ပေ။

အရှေ့သို့- ၅၂ ဘုရားသခင်သည် ကျွန်ုပ်တို့အလယ်၌ ရှိသည်

နောက်တစ်ခုသို့- ၅၄ ကျွန်ုပ်နှလုံးသား ဆာလောင်တောင့်တ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။