၁၅၇ ထိုသို့သော လူတစ်စုရှိသည်

၁ ခရစ်တော်၏ ပလ္လင်တော်ရှေ့တွင် တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းတို့ကို ကျွန်ုပ်တို့ ခံရပြီးလေပြီ၊ သမ္မာတရားကို ကျွန်ုပ်တို့ နားလည်ပြီး လွတ်မြောက်ကြပြီ။ ညီအစ်ကို မောင်နှမများ အချင်းချင်း ချစ်ကြသည်၊ အသင်းတော် အသက်တာက နှိုင်းစရာမရှိသည့် ဝမ်းမြောက်မှုကို ယူဆောင်လာသည်။ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ပေးခြင်းခံရပြီ၊ ကျွန်ုပ်တို့ သီဆိုကခုန်ကြပြီး ဘုရားသခင်ကို အပြည့်အဝ ချီးမွမ်းကြသည်။ ကောင်းကင်ဘုံက သန့်ရှင်းသောမြို့တော်သည် ကမ္ဘာလောကသို့ ကြွလာပြီ၊ ပျော်ရွှင်ခြင်း အစပျိုးရာအရပ်၌ ကျွန်ုပ်တို့ အသက်ရှင်ကြသည်။

၂ အဝေးတွင် ရဲဥသြသံမြည်သည်၊ အဆင်းနီသော နဂါးကြီး၏ စစ်သားများ တံခါးကို ချိုးဖောက်ဝင်လာကြသည်။ သေနတ်ပစ်သံတစ်ချက် မြည်သည်၊ လူတိုင်းကို မလှုပ်ဖို့ သူတို့ ပြောသော်လည်း ကျွန်ုပ်တို့အားလုံး ခြေဦးတည့်ရာ အသည်းအသန် ထွက်ပြေးကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ ခါတိုင်းကဲ့သို့ ကျွန်ုပ်တို့ စည်းဝေးကြသည်၊ သတ္တိနည်းသူတို့မှာ အလွန်အမင်း ကြောက်လန့်ကြသည်။ အန္တရာယ်ရှိလင့်ကစား ဘုရားသခင်ကို အမှန်တကယ် တောင့်တသူတို့သည် ရှေ့ဆက်တိုးကြသည်၊ ဤကျဉ်းမြောင်းသော လမ်းကြောင်းကို လျှောက်ဝံ့ကြသူများ ရှိပါသည်။

၃ အစေခံသူတို့၏ စမ်းသပ်မှုက ကျွန်ုပ်တို့၏ စိတ်နှလုံးများကို ကြေမွစေသည်၊ စစ်ဆေးမှုအားဖြင့် ကျွန်ုပ်တို့၏ မျက်ရည်များမှာ မြစ်များထဲသို့ စီးဆင်းသွားကြသည်။ ကျွန်ုပ်တို့သည် အစေခံမှုကို အဆုံးထိလုပ်ဆောင်ဖို့ ကျမ်းသစ္စာများ ကျိန်ဆိုကြသည်၊ ကျွန်ုပ်တို့၏ မျှော်လင့်ချက်ကင်းမဲ့မှုမှတဆင့် ဘုရားသခင်၏ လက်တော်ကို ကျွန်ုပ်တို့ မြင်ရသည်။ အစေခံမှုပေးဖို့ ကျွန်ုပ်တို့ အလိုရှိနေသည်နှင့်အညီ၊ ဘုရားသခင်၏ လူများအဖြစ် ကျွန်ုပ်တို့ ပြောင်းလဲလာ။ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ ရောထွေးလျက်၊ ဘုရားသခင်ကို ကျွန်ုပ်တို့ အကြွေးတင်သည်ဟု အလွန်ခံစားကြရပေ။ ဘုရားသခင်အတွက် နွေးထွေးသော မေတ္တာစီးကြောင်းဖြင့် ဘုရားသခင်၏ အရွေးချယ်ခံလူတိုင်းက သူ့ကို ချစ်ကြသည်။

၄ သည်းထန်စွာရွာသော မိုးရေကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ တစ်ပိုဒ်ပြီးတစ်ပိုဒ် ကျွန်ုပ်တို့ကို တရားစီရင်ရန် လာလေသည်၊ ၎င်းတို့က ကျွန်ုပ်တို့၏ စိတ်နှလုံးများကို ထက်မြသော ဓါးတစ်စင်းကဲ့သို့ ထိုးဖောက်သည်။ ကျွန်ုပ်တို့အားလုံး သိမ်းပိုက်ခံရပြီး မီးအားဖြင့် ညှင်းဆဲခံရသည့်အလား ပြောမပြနိုင်လောက်သော နာကျင်မှုကို ခံစားရင်း မိမိကိုယ်ကို မြေပေါ်တွင် ပျပ်ဝပ်ကြသည်။ ကျွန်ုပ်တို့ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်ကာ အရှက်ရကြသည်၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးမှု အမှန်တရားက နောက်ဆုံးတွင် အပြည့်အဝ ထုတ်ဖော်ပြခံရလေပြီ။ သမ္မာတရားကို ကျွန်ုပ်တို့ နားလည်ကြပြီး မိမိတို့ကိုယ်ကို သိကြပြီ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအားလုံးကို ညည်းညူခြင်းမရှိ ကျွန်ုပ်တို့ လက်ခံကြသည်။

၅ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို ကျွန်ုပ် လုံးလုံး အခိုင်အမာယုံကြည်ပေ။ စမ်းသပ်မှုများနှင့် အတိဒုက္ခများမှတစ်ဆင့် ကယ်တင်ခြင်း ကျေးဇူးတော်ကို ကျွန်ုပ်ရရှိပြီ။ ကျွန်ုပ်တို့၏ ယုံကြည်မှုမှာ ပိုမိုလက်တွေ့ကျလာသည်၊ ကျွန်ုပ်တို့၌ စစ်မှန်သောယုံကြည်ခြင်း ရှိပြီး ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို ကျွန်ုပ်တို့ချီးမွမ်းကြသည်။ စမ်းသပ်မှုများနှင့် အတိဒုက္ခများတစ်လျှောက်လုံး၊ ဘုရားအပေါ် ကျွန်ုပ် မှီခို။ လူ့ဇာတိခံသည် လက်တွေ့ကျသော ဘုရားသခင် ဖြစ်သည်။ စွန့်ခွာဖို့ ကျွန်ုပ်ကို လုပ်၍မရနိုင်၊ အစေခံသူတစ်ဦးဖြစ်ခြင်းသည် ကျွန်ုပ်၏ မိတ်ဆွေကောင်း ဖြစ်လာလေပြီ။

၆ လူသစ်တစ်ဦးဖြစ်လာဖို့ ကျွန်ုပ်၏ ဆုံးဖြတ်ချက်ကို ကျွန်ုပ် ချမှတ်ပြီ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် လူ့သဘောသဘာဝ၏ လက္ခဏာများ ဖြစ်ကြသည်။ ဒုစရိုက်မှုပြုသူတို့သည် မကောင်းမှုပြုကြပြီး ထုတ်ဖော်ခြင်းနှင့် သုတ်သင်ဖယ်ရှင်းခြင်း ခံရသည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးသောသူတို့သည် ဘုရားသခင်၏ သဘောကျခြင်းခံရသည်။ ဘုရားသခင်နောက်သို့ လိုက်လျှောက်ဖို့ ကျွန်ုပ်တို့၏ဆန္ဒကို ချိုးနှိမ်၍မရ၊ ကျွန်ုပ်တို့သည် သေသည်အထိ ဆက်လက် သစ္စာရှိမည်။ စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများက အောင်မြင်သော သူများတစ်စုကို ပြုလုပ်ခဲ့ပြီ။ သမ္မာတရားကို ကျွန်ုပ်တို့ ရှာဖွေလိုက်စားပြီး အားလုံး၌ လှပသော သက်သေခံချက်များရှိကြသည်၊ ဘုရားသခင်ကို ချစ်သောသူများသည် စုံလင်စေခြင်းခံကြရသည်။

အရှေ့သို့- ၁၅၆ ဘုရားအပေါ်ထားရှိသောချစ်ခြင်း ဘယ်တော့မှ မပြောင်းလဲပါ

နောက်တစ်ခုသို့- ၁၅၈ ဘုရားရဲ့စိတ်နှလုံးကို ဘယ်သူ ညှာတာထောက်ထားသလဲ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။