ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၆)

အချက် ၁၄- အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ချက်ချင်းပင် ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့ (အပိုင်း ၅)

အသင်းတော်၌ ဖယ်ရှားခြင်းအလုပ်အပေါ် ခေါင်းဆောင်များနှင့် အမှုဆောင်များ ထားရှိသင့်သည့် သဘောထား

ဤနှစ်တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များနှင့် ပါဝင်ပတ်သက်သော လူအမျိုးမျိုး၏ သရုပ်သကန်များအပေါ် အဆက်မပြတ် မိတ်သဟာယဖွဲ့နေခဲ့ကြသည်။ မိတ်သဟာယ၏ အကြောင်းအရာများသည် လူအမျိုးမျိုး၏ အမျိုးမျိုးသော ပြဿနာများ ပါဝင်လျက် ပို၍ပို၍ အသေးစိတ်ကျပြီး တိကျလာခဲ့သည်၊ ပြီးလျှင် ဤလူတို့၏ တိကျသော သရုပ်သကန်များနှင့် ၎င်းတို့ကို ခွဲခြားသတ်မှတ်သင့်သည့် အမျိုးအစားများအပေါ် မိတ်သဟာယဖွဲ့ခြင်းသည်လည်း အလွန် တိကျပြီး ရှင်းလင်းခဲ့ပြီးဖြစ်သည်။ ဤအသေးစိတ်ကျသော ပြဿနာများကို ပို၍ တိတိကျကျနှင့် ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့လေလေ၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုအတွက် ပို၍ အပြုသဘောဆောင်သော အကူအညီနှင့် လမ်းပြမှုကို ပေးသင့်လေလေဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ အလုပ်လုပ်ရန်နှင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန်အတွက် ပို၍ လမ်းညွှန်မှုနှင့် အထောက်အကူကို ပေးသင့်လေလေ ဖြစ်သည်။ သို့ရာတွင် မည်သို့ပင်မိတ်သဟာယပြုပါစေ၊ မိတ်သဟာယသည် မည်မျှပင် တိကျပါစေ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်ရှိ လူအမျိုးမျိုးနှင့် ပြဿနာအမျိုးမျိုးကို မည်သို့ကိုင်တွယ်ဖြေရှင်းပြီး စီမံခန့်ခွဲရမည်ကို ရှင်းလင်းခြင်း မရှိကြသေးပေ။ လူအမျိုးမျိုး၏ ပြဿနာများကို အလွန် ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည့်တိုင် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူစားအမျိုးမျိုးကို မည်သို့ ပိုင်းခြားသိမြင်ပြီး ဆက်ဆံရမည်ကို မသိမြင်နိုင်ကြသေးပေ။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအတိုင်း မလုပ်ဆောင်နိုင်ကြသေးသကဲ့သို့ အသင်းတော်ရှိ လူအမျိုးမျိုးနှင့် ပြဿနာအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန် သမ္မာတရားကိုလည်း အသုံးမပြုနိုင်ကြသေးပေ။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ ထိုသို့သော လူတို့သည် သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့ကြသည်။ လူအမျိုးမျိုး၏ သရုပ်သကန်များအပေါ် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် လူတစ်ဦးသည် အသင်းတော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သူများနှင့် မထမ်းဆောင်သူများ၊ သမ္မာတရားကို လိုက်စားသူများနှင့် မလိုက်စားသူများ၊ နာခံပြီး ကျိုးနွံနာခံတတ်သူများနှင့် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသူများအပေါ် အခြေခံကျသော ပိုင်းခြားသိမြင်မှုတစ်ခု ရှိသင့်ပြီး ၎င်းတို့အတွက် ကျိုးကြောင်းဆီလျော်သော စီစဉ်မှုများ ပြုလုပ်သင့်သည်။ သို့ရာတွင် အသင်းတော်ရှိ လူအမျိုးမျိုး၏ အခြေအနေကို ကြည့်လျှင် သိသာထင်ရှားစွာ ဆိုးယုတ်သော လူများကိုသာ ရှင်းလင်းပစ်ပြီးဖြစ်သည်၊ များစွာသော မယုံကြည်သူများကိုမူ စေ့စေ့စပ်စပ် ရှင်းလင်းပစ်ခြင်း မရှိသေးပေ။ အသင်းတော်၌ ဖယ်ရှားခြင်းအလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းကို မတက်ကြွစွာ ကိုင်တွယ်မည့်အစား၊ လူ့အကြိုက်လိုက်သူများအဖြစ် ပြုမူဆောင်ရွက်မည့်အစား သို့မဟုတ် သိသာထင်ရှားသော ဆိုးယုတ်သည့်လူများကို ဖယ်ရှားရုံမျှဖြင့် အရာရာသည် တည်ငြိမ်ပြီး အဆင်ပြေသွားပြီဟု တွေးထင်မည့်အစား ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို အမြန်ဆုံး ဖယ်ရှားရန် ဘုရားသခင်၏ အလုပ်နှင့် ပူးပေါင်းဆောင်ရွက်သင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အဖွဲ့တစ်ခုချင်းစီ၏ အလုပ်ကို တက်ကြွစွာ စစ်ဆေးသင့်သည်၊ အဖွဲ့ဝင်တစ်ဦးချင်းစီ၏ အခြေအနေများကို မှန်မမှန် စစ်ဆေးသင့်သည်၊ အရေအတွက် ဖြည့်ပေးရုံမျှသာ ရှိနေသော မယုံကြည်သူတစ်ဦးတလေ ရှိမရှိကိုဖြစ်စေ၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ရန် အပျက်သဘောဆောင်ခြင်းနှင့် အယူအဆများကို ဖြန့်ဝေနေသော မယုံကြည်သူများ ရှိမရှိကိုဖြစ်စေ စစ်ဆေးသင့်ပြီး တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ဤလူတို့ကို စေ့စေ့စပ်စပ် ဖော်ထုတ်ပြီး ရှင်းလင်းပစ်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်၊ ၎င်းတို့သည် ဘာသိဘာသာ မနေသင့်ပေ၊ အလုပ်လုပ်ရန် အထက်မှ အမိန့်များနှင့် တိုက်တွန်းချက်များကို စောင့်မနေသင့်ပေ၊ ညီအစ်ကိုမောင်နှမများအားလုံးက တောင်းဆိုသည့်အခါမှသာ အနည်းငယ် လုပ်ဆောင်ခြင်းမျိုးလည်း မဖြစ်သင့်ပေ။ ၎င်းတို့၏ အလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး ကိုယ်တော်အပေါ် သစ္စာစောင့်သိသင့်သည်။ ၎င်းတို့ ပြုမူရန် အကောင်းဆုံးနည်းလမ်းမှာ ပြဿနာများကို တက်ကြွစွာ သိရှိပြီး ဖြေရှင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် အထူးသဖြင့် ဤမျက်မှောက်ခေတ် နှုတ်ကပတ်တော်များနှင့် မိတ်သဟာယဖွဲ့ခြင်းကို အခြေခံအဖြစ် လုပ်ဆောင်ရန် ရှိသည့်အခါတွင် ဘာသိဘာသာ မနေရပေ။ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဖြင့် လက်တွေ့ကျသော ပြဿနာများနှင့် အခက်အခဲများကို စေ့စေ့စပ်စပ် ဖြေရှင်းရန်နှင့် ၎င်းတို့၏ အလုပ်ကို လုပ်ဆောင်သင့်သည့်အတိုင်း အတိအကျ လုပ်ဆောင်ရန် အလျင်ဦးအောင် လုပ်ဆောင်သင့်သည်။ ၎င်းတို့သည် အလုပ်၏ တိုးတက်မှုကို မဆိုင်းမတွ လက်ဦးမှုယူကာ နောက်ဆက်တွဲလုပ်ဆောင်သင့်သည်၊ အထက်မှ အမိန့်များနှင့် တိုက်တွန်းချက်များကို အမြဲ စောင့်နေကာ ထိုအခါမှ အင်တင်တင်ဖြင့် ဆောင်ရွက်ခြင်းကို အစဉ်သဖြင့် ပြု၍မရပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အစဉ်သဖြင့် အပျက်သဘောဆောင်ပြီး တက်ကြွမှုမရှိဘဲ စစ်မှန်သောအလုပ်ကို မလုပ်ဆောင်ပါက ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံရန် မထိုက်တန်ပေ၊ ပြီးလျှင် ဖြုတ်ချခြင်း ခံရသင့်ပြီး ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို ပြုပြင်ခြင်း ခံရသင့်သည်။ ယခုအခါ များစွာသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်တွင် အလွန်ပင် ဘာသိဘာသာနိုင်ကြသည်။ ၎င်းတို့သည် အထက်မှ အမိန့်များပို့ပြီး ၎င်းတို့ကို တိုက်တွန်းအားပေးပြီးနောက်တွင်သာ အလုပ်အနည်းငယ်ကို အစဉ်သဖြင့် လုပ်ဆောင်ကြသည်၊ သို့မဟုတ်ပါက ၎င်းတို့သည် ခိုကပ်ပြီး အချိန်ဆွဲကြသည်။ အချို့သော အသင်းတော်များရှိ အလုပ်သည် အတော် ကမောက်ကမဖြစ်နေသည်၊ ထိုနေရာများတွင် တာဝန်များ ထမ်းဆောင်ကြသည့် လူအချို့သည် မယုံနိုင်လောက်အောင် ခိုကပ်ပြီး ဝတ်ကျေတမ်းကျေဖြစ်ကြကာ မည်သည့် စစ်မှန်သော ရလဒ်များကိုမျှ မရရှိကြပေ။ ဤပြဿနာများသည် အလွန်ပင် ပြင်းထန်နေပြီးဖြစ်ကာ သဘာဝအားဖြင့် ဆိုးရွားလှသော်လည်း ထိုအသင်းတော်များ၏ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အရာရှိများနှင့် အရှင်သခင်များကဲ့သို့ ပြုမူနေကြဆဲ ဖြစ်သည်။ ၎င်းတို့သည် မည်သည့် စစ်မှန်သော အလုပ်ကိုမျှ မလုပ်ဆောင်နိုင်သည်သာမက ပြဿနာများကို မသိရှိနိုင် သို့မဟုတ် မဖြေရှင်းနိုင်ကြပေ။ ဤသည်မှာ အသင်းတော်အလုပ်ကို မလှုပ်မယှက်ဖြစ်စေပြီး ရပ်တန့်သွားစေသည်။ အသင်းတော်တစ်ခု၏ အလုပ်သည် ကြီးမားသော ရှုပ်ထွေးမှုထဲတွင် ရှိနေပြီး စနစ်တကျဖြစ်ခြင်း လက္ခဏာ မရှိသည့်နေရာတိုင်းတွင် အာဏာကိုင်စွဲထားသော အယောင်ဆောင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦး သေချာပေါက် ရှိနေသည်။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး အာဏာကိုင်စွဲသည့် အသင်းတော်တိုင်းတွင် အသင်းတော်အလုပ်သည် ပျက်စီးယိုယွင်းပြီး လုံးဝ ရှုပ်ထွေးနေသည်၊ ဤအရာနှင့်ပတ်သက်၍ သံသယဖြစ်စရာ မရှိပေ။ ဥပမာအားဖြင့် အမေရိကန် အသင်းတော်များရှိ ပြဿနာများစွာသည် ငါကိုယ်တိုင် မျက်စိဖြင့်တပ်အပ်၊ နားနှင့်ဆတ်ဆတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ငါ မြင်တွေ့ခဲ့ပြီးဖြစ်သော ပြဿနာအများစုကို ထိုနေရာ၌ပင် ဖြေရှင်းခဲ့သည်၊ အခြားအချို့အတွက်မူ အမေရိကန် အသင်းတော်များ၏ ခေါင်းဆောင်များကို ဖြေရှင်းရန် ငါ တောင်းဆိုခဲ့သည်။ သို့ရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်အများစုမှာ အလွန် တက်ကြွမှုမရှိဘဲ လုပ်ဆောင်ကြသည်၊ နောက်ဆက်တွဲလုပ်ဆောင်မှုများမှာ အလွန်နှေးကွေးပြီး စွမ်းဆောင်ရည်မှာ အလွန်နိမ့်ကျလျက် ၎င်းတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာအများစုမှာ အထက်မှ အမိန့်များနှင့် တိုက်တွန်းမှုများပြီးနောက်တွင်မှသာ လုပ်ဆောင်ခြင်း ဖြစ်သည်။ အထက်က အလုပ်ကို စီစဉ်ပြီးနောက် ၎င်းတို့သည် ခဏတာ အလုပ်များကြလိမ့်မည်၊ သို့သော် ထိုအလုပ်အနည်းငယ် ပြီးသွားသည်နှင့် ၎င်းတို့သည် မည်သည့်တာဝန်များကို လုပ်ဆောင်သင့်သည်ကို နားမလည်သောကြောင့် နောက်ဆက်တွဲ ဘာလုပ်ရမည်ကို မသိကြတော့ပေ။ ၎င်းတို့သည် မိမိတို့ ထမ်းဆောင်သင့်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ နယ်ပယ်အတွင်း ကျရောက်သော အလုပ်နှင့်ပတ်သက်၍ မည်သည့်အခါမျှ ရှင်းလင်းခြင်း မရှိကြပေ၊ ၎င်းတို့၏ အမြင်တွင် လုပ်ဆောင်ရန် လိုအပ်သော အလုပ် မရှိပေ။ လူတို့က လုပ်ဆောင်ရန် လိုအပ်သော အလုပ် တစ်ခုမျှ မရှိဟု တွေးထင်သည့်အခါတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ (၎င်းတို့သည် ဝန်ထုပ်ဝန်ပိုးကို မထမ်းကြပါ။) တိတိကျကျ ပြောရလျှင် ၎င်းတို့သည် ဝန်ထုပ်ဝန်ပိုးကို မထမ်းကြပေ၊ ၎င်းတို့သည် အလွန် ပျင်းရိပြီး သက်သောင့်သက်သာရှိမှုကို တပ်မက်ကြသည်၊ တတ်နိုင်သည့်အခါတိုင်း တတ်နိုင်သမျှ အနားယူကြပြီး အပိုအလုပ်များကို ရှောင်ရန် ကြိုးစားကြသည်။ ဤပျင်းရိသော လူတို့သည် မကြာခဏ ဤသို့ တွေးကြသည်၊ “ငါ အဘယ့်ကြောင့် ထိုမျှ စိတ်ပူသင့်သနည်း။ များစွာ စိုးရိမ်ပူပန်ခြင်းက ငါ့ကို အမြန်အိုမင်းခြင်းသာ ဖြစ်စေမည်။ ယင်းကိုလုပ်ဆောင်ခြင်းမှလည်းကောင်း၊ အလွန်ပင် ပြေးလွှားသွားလာ အလုပ်များခြင်းမှလည်းကောင်း၊ ကိုယ့်ကိုယ်ကိုယ် အလွန်ပင် ခြေကုန်လက်ပန်းကျအောင် လုပ်ဆောင်ခြင်းမှ ငါသည် မည်သို့ အကျိုးအမြတ် ရမည်နည်း။ ငါ အလွန်နွမ်းနယ်သွားကာ နေထိုင်မကောင်းဖြစ်လျှင် မည်သည့်အရာ ဖြစ်မည်နည်း။ ကုသမှုအတွက် ပေးချေရန် ငါ့တွင် ပိုက်ဆံမရှိ။ ပြီးလျှင် ငါအသက်ကြီးသည့်အခါတွင် မည်သူက ငါ့ကို ပြုစုစောင့်ရှောက်မည်နည်း” ဟူ၍ ဖြစ်သည်။ ဤပျင်းရိသော လူတို့သည် ဤမျှ ဘာသိဘာသာနေပြီး ခေတ်နောက်ကျနေကြသည်။ ၎င်းတို့တွင် သမ္မာတရား တစ်စက်မျှ မရှိဘဲ မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်သော လူတစ်စုသာ ဖြစ်သည် မဟုတ်လော။ ၎င်းတို့အားလုံးသည် နားဝေတိမ်တောင်ဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို သတိမမူကြဘဲ ယင်း၌ စိတ်ဝင်စားမှု မရှိကြပေ၊ သို့ဖြစ်လျှင် ၎င်းတို့သည် မည်သို့ ကယ်တင်ခြင်း ခံရနိုင်မည်နည်း။ အဘယ်ကြောင့် လူတို့သည် သက်ရှိလူသေများကဲ့သို့ အမြဲတမ်း စည်းကမ်းမရှိဘဲ ပျင်းရိနေကြသနည်း။ ဤသည်မှာ ၎င်းတို့၏ သဘာဝပြဿနာနှင့် သက်ဆိုင်သည်။ လူ့သဘာဝတွင် ပျင်းရိခြင်းတစ်မျိုး ရှိသည်။ လူတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်နေပါစေ ၎င်းတို့ကို ကြီးကြပ်ပြီး တိုက်တွန်းရန် တစ်စုံတစ်ဦးကို အမြဲ လိုအပ်ကြသည်။ တစ်ခါတစ်ရံ လူတို့သည် ဇာတိပကတိကို အလေးထားကြသည်၊ ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာရှိမှုကို တပ်မက်ကြပြီး မိမိတို့ကိုယ်တိုင်အတွက် တစ်စုံတစ်ခုကို အမြဲ ထိမ်ချန်ထားကြသည်၊ ဤလူတို့သည် နတ်ဆိုးဆန်သော ရည်ရွယ်ချက်များ၊ စဉ်းလဲသော အကြံအစည်များဖြင့် ပြည့်နေကြသည်၊ ၎င်းတို့သည် အမှန်တကယ် လုံးဝ မကောင်းကြပေ။ ၎င်းတို့သည် မည်သည့် အရေးကြီးသော တာဝန်ကို လုပ်ဆောင်နေပါစေ ၎င်းတို့၏ အကောင်းဆုံး လုပ်ဆောင်နိုင်သည်ထက် လျှော့လုပ်ဆောင်ကြသည်။ ဤသည်မှာ တာဝန်မဲ့ခြင်းနှင့် သစ္စာမစောင့်သိခြင်း ဖြစ်သည်။ ယနေ့ ငါ ဤအရာများကို ပြောဆိုခဲ့ခြင်းမှာ သင်တို့ အလုပ်တွင် ဘာသိဘာသာမနေရန် သတိပေးဖို့ရန် ဖြစ်သည်။ ငါပြောသမျှ မည်သည့်အရာကိုမဆို သင်တို့ လိုက်လျှောက်နိုင်ရမည်။ ငါသည် အသင်းတော်အသီးသီးသို့ သွားပြီး သင်တို့သည် အလုပ်များစွာ လုပ်ဆောင်ခဲ့ကြောင်း၊ အလွန်အကျိုးရှိစွာ အလုပ်လုပ်ခဲ့ကြောင်း၊ အလုပ်မှာ အလွန် လျင်မြန်စွာ တိုးတက်နေကြောင်း၊ ကျေနပ်ဖွယ်အဆင့်သို့ ရောက်ရှိခဲ့ကြောင်းနှင့် လူတိုင်းက မိမိတို့၏ အကောင်းဆုံးကို ကြိုးစားလုပ်ဆောင်ခဲ့ကြကြောင်းတို့ကို သိရှိခဲ့ရလျှင် သို့မဟုတ် မြင်တွေ့ခဲ့ရလျှင် ငါသည် အတော်အတန် ကျေနပ်မိမည် ဖြစ်သည်။ ငါသည် အသင်းတော်အသီးသီးသို့ သွားပြီး ကဏ္ဍအားလုံးရှိ အလုပ်တိုးတက်မှုမှာ နှေးကွေးနေသည်ကို မြင်တွေ့ခဲ့ရလျှင် ယင်းက သင်တို့သည် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ မထမ်းဆောင်ခဲ့ကြောင်းနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ ပုံမှန်အရှိန်အဟုန်နှင့်အညီ လိုက်မလုပ်ဆောင်နိုင်ခဲ့ကြောင်း သက်သေပြနေမည်ဖြစ်သဖြင့် ထိုအခါ ငါ၏ စိတ်အခြေအနေ မည်သို့ဖြစ်မည်ဟု သင်တို့ ထင်သနည်း။ ငါသည် သင်တို့ကိုတွေ့ရ၍ ဝမ်းမြောက်နေဦးမည်လော။ (မဟုတ်ပါ။) ငါ ဝမ်းမြောက်မည် မဟုတ်ပေ။ ဤအလုပ်ကို သင်တို့ထံ အပ်နှံထားပြီးဖြစ်ကာ ပြောရန်လိုအပ်သည့်အရာအားလုံးကို ငါ ပြောဆိုပြီးဖြစ်သည်။ လက်တွေ့လုပ်ဆောင်ခြင်း၏ တိကျသော စည်းမျဉ်းများနှင့် လမ်းကြောင်းတို့ကိုလည်း သင်တို့အား ပြောပြပြီးဖြစ်သည်။ သို့တိုင် သင်တို့သည် မပြုမူ၊ အလုပ်မလုပ်ဘဲ သင်တို့ကို ငါ ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ပြီး တိုက်တွန်းရန်၊ သင်တို့ကို ပြုပြင်ရန် သို့မဟုတ် ပြုမူဆောင်ရွက်ဖို့ အမိန့်ပေးရန်ကိုပင် စောင့်ဆိုင်းနေကြသည်။ ဤနေရာတွင် မည်သည့်ပြဿနာ ရှိနေသနည်း။ ဤအရာကို စိတ်ဖြာလေ့လာဆွေးနွေးသင့်သည် မဟုတ်လော။ သိသိသာသာ လုပ်ဆောင်သင့်သည့်အလုပ်ကို သင်တို့ မလုပ်ဆောင်ဘဲ ယင်းကို မထမ်းရွက်နိုင်သည့်အခါ သင်တို့အပေါ် ငါ သဘောထားကောင်း ထားနိုင်မည်လော။ (မထားနိုင်ပါ။) အဘယ်ကြောင့် သင်တို့အပေါ် ငါ သဘောထားကောင်း မထားနိုင်ရသနည်း။ (ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အလွန် တာဝန်မဲ့ကြပါသည်။) အကြောင်းမှာ သင်တို့သည် မိမိတို့၏ တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့နှင့် အစွမ်းသတ္တိရှိသမျှဖြင့် ထမ်းဆောင်ရမည့်အစား ဝတ်ကျေတမ်းကျေသာ ထမ်းဆောင်နေကြသောကြောင့် ဖြစ်သည်။ မိမိတို့၏ တာဝန်များတွင် သစ္စာစောင့်သိသောသူတစ်ဦးသည် အနည်းဆုံးအနေဖြင့် သူ၏စွမ်းအားကို အကုန်အစင် ထုတ်သုံးသင့်သော်လည်း သင်တို့သည် ဤအရာကိုပင် မစွမ်းဆောင်နိုင်ကြပေ။ သင်တို့သည် အလွန်အမင်း စံမမီပါတကား။ သင်တို့၏ အစွမ်းအစ မလုံလောက်ခြင်းကြောင့် မဟုတ်ဘဲ သင်တို့၏ စိတ်သဘောထား မမှန်ကန်ခြင်းနှင့် သင်တို့ တာဝန်မဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ သင်တို့၏ စိတ်နှလုံးထဲတွင် သင်တို့၏ တာဝန်များကို မထမ်းဆောင်နိုင်ရန် တားဆီးနေသည့် အဓိပ္ပာယ်မဲ့သော အရာအချို့ ရှိနေသည်။ ထို့အပြင် လူ့အကြိုက်လိုက်သူများဖြစ်ခြင်းဟူသည့် စိတ်နေစိတ်ထားက အသင်းတော်၌ ဖယ်ရှားခြင်းအလုပ်အား လုပ်ဆောင်ခြင်းမှ သင်တို့ကို ဟန့်တားလေသည်။ အသင်းတော်၌ ဖယ်ရှားခြင်း၏ အရေးပါမှုကို သင်တို့ သိကြသလော။ အဘယ်ကြောင့် ဘုရားသခင်က အသင်းတော်၌ ဖယ်ရှားလိုသနည်း။ အသင်းတော်ကို မသန့်စင်ခြင်း၏ အကျိုးဆက်များမှာ အဘယ်အရာများ ဖြစ်သနည်း။ သင်တို့အားလုံးသည် ဤကိစ္စများနှင့်ပတ်သက်၍ မရှင်းလင်းကြသကဲ့သို့ သမ္မာတရားကိုလည်း မရှာဖွေကြပေ။ ယင်းက သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးမထားကြောင်း သက်သေပြသည်။ သင်တို့သည် မိမိတို့ရာထူး၏ သာမန်ဖြစ်သော၊ ပုံမှန်အလုပ်အနည်းငယ်ကိုသာ လုပ်ဆောင်လိုစိတ်ရှိပြီး အထူးသဖြင့် အခြားသူများကို စိတ်ခုစေနိုင်သည့် အထူးတာဝန်များကို ရှောင်ဖယ်ကြသည်။ သင်တို့အားလုံးသည် ဤတာဝန်များကို အခြားတစ်စုံတစ်ဦးထံ လွှဲအပ်ရန် ပို၍နှစ်သက်ကြသည်။ ဤသည်မှာ သင်တို့ တွေးခေါ်ပုံ မဟုတ်လော။ ဤသည်မှာ ဖြေရှင်းသင့်သည့် ပြဿနာတစ်ရပ် မဟုတ်လော။ သင်တို့က “ကျွန်ုပ်၏ အစွမ်းအစမှာ ညံ့ဖျင်းသည်၊ သမ္မာတရားကို ကျွန်ုပ်၏ နားလည်မှုမှာ နည်းပါးပြီး ကျွန်ုပ်တွင် အလုပ်အတွေ့အကြုံ လုံလောက်စွာ မရှိပါ။ ကျွန်ုပ်သည် အသင်းတော် ခေါင်းဆောင်တစ်ဦး မဖြစ်ခဲ့ဖူးသကဲ့သို့ အသင်းတော် သန့်စင်ခြင်းအလုပ်ကိုလည်း မလုပ်ဆောင်ခဲ့ဖူးပါ” ဟု အမြဲ ပြောဆိုကြသည်။ ဤသည်မှာ ဆင်ခြေများပေးနေခြင်း မဟုတ်လော။ အသင်းတော်၌ ဖယ်ရှားခြင်းအလုပ်ကို အလွန်ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ အန္တိခရစ်များ၊ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို ရှင်းလင်းခြင်းသည် အလွန်ရိုးရှင်းသော ကိစ္စတစ်ရပ် ဖြစ်သည်။ ထိုစည်းမျဉ်းအနည်းငယ်သည် အမှန်တကယ် နားလည်ရန် ထိုမျှ ခက်ခဲပါသလော။ ထိုသို့သော ရိုးရှင်းသည့် ပြဿနာများကို အလွန်ရှင်းလင်းစွာ ရှင်းပြထားသည့်တိုင် လူတို့ နားမလည်သေးပါက ယင်းက အဘယ်အရာကို ညွှန်ပြသနည်း။ ယင်းက ၎င်းတို့၏ အစွမ်းအစသည် လူ၏ဘာသာစကားကို နားမလည်နိုင်လောက်အောင် အလွန် ညံ့ဖျင်းခြင်းကိုဖြစ်စေ၊ သို့မဟုတ် ၎င်းတို့သည် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို အာရုံမစိုက်ဘဲ လူယုတ်မာများသာ ဖြစ်ခြင်းကိုဖြစ်စေ ညွှန်ပြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များထဲတွင် ညံ့ဖျင်းသော အစွမ်းအစရှိသူ အချို့ အသေအချာရှိပြီး စစ်မှန်သောအလုပ်တွင် မပါဝင်သည့် လူ့အကြိုက်လိုက်သူများ အချို့လည်း သေချာပေါက် ရှိပေမည်။ သင့်တော်သော အလုပ်များကို ပစ်ပယ်ထားပြီး မကောင်းမှုများကို မဆင်မခြင် ကျူးလွန်သော လူယုတ်မာအချို့လည်း အသေအချာ ရှိပေမည်၊ ဤအခြေအနေအားလုံး တည်ရှိသည်။ ပထမဦးစွာ လုပ်သင့်လုပ်ထိုက်သော အလုပ်များကို ပစ်ပယ်ထားသော ဤလူယုတ်မာများကို ရှင်းလင်ပစ်ရန် လိုအပ်သည်။ စစ်မှန်သောအလုပ်ကို လုပ်ဆောင်နိုင်သူ မည်သူ့ကိုမဆို အသုံးပြုသင့်သည်၊ ခေါင်းဆောင်များအဖြစ် ပြုမူနေသော လူ့အကြိုက်လိုက်သူများကို အသေအချာ ဖြုတ်ချသင့်ပြီး လူ၏ဘာသာစကားကို နားလည်နိုင်ကာ စစ်မှန်သောအလုပ်အချို့ကို လုပ်ဆောင်နိုင်သည့် ညံ့ဖျင်းသော အစွမ်းအစရှိသူများကိုမူ ဆက်လက်ထားရှိသင့်သည်။ ဤပြဿနာများကို ဤပုံစံဖြင့် ဖြေရှင်းသင့်သည်။ ဘုရားသခင် မိတ်သဟာယဖွဲ့ပြီးနောက် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြေရှင်းသင့်သည့် အသင်းတော်အလုပ်ရှိ ပြဿနာများကို သင် ရှင်းလင်းစွာ မြင်နိုင်ပါက ဆက်လက်၍ မနှောင့်နှေးနေဘဲ ယင်းတို့ကို ချက်ချင်း ဖြေရှင်းသင့်သည်။ အထက်မှ ကိုယ်တိုင်ကိုယ်ကျ တာဝန်များ ခန့်အပ်ရန် သို့မဟုတ် အမိန့်များ ထုတ်ပြန်ရန် စောင့်ဆိုင်းရန်မလိုဘဲ သင်က အလျင်ဦးအောင် လုပ်ဆောင်နိုင်သင့်သည်။ မည်သည့်ပြဿနာများ ပေါ်ပေါက်သည်ဖြစ်စေ အလုပ်ကို မထိခိုက်မီ ယင်းတို့ကို ဖြေရှင်းသင့်သည်။ အထက်က ပြဿနာများကို စတင်စုံစမ်းစစ်ဆေးခြင်း မပြုမီတွင်ပင် ပြဿနာများနှင့်ပတ်သက်၍ သင်၏ နားလည်မှုနှင့် ဖြေရှင်းနည်းများ၊ ယင်းတို့ကို ကိုင်တွယ်ရန် စည်းမျဉ်းများနှင့် ကိုင်တွယ်ခြင်း၏ ရလဒ်များကို သင် တင်ပြပြီးဖြစ်သင့်သည်။ ယင်းသို့ဆိုလျှင် ကောင်းလိုက်မည်ဖြစ်ခြင်းပါတကား။ ထိုအခါ အထက်က သင့်အပေါ် မကျေမနပ် ဖြစ်နိုင်ဦးမည်လော။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်သည် မိမိ၏ တာဝန်ဝတ္တရားများ နယ်ပယ်အတွင်းရှိ အလုပ်ကို အစဉ်တစိုက် မမြင်တွေ့နိုင်လျှင်၊ သို့မဟုတ် သင့်တွင် အသိအမြင် သို့မဟုတ် စိတ်ကူးအချို့ ရှိသည့်တိုင် ဆက်လက်၍ အချိန်ဆွဲနေပြီး ပြုမူဆောင်ရွက်ခြင်း မရှိဘဲ အထက်က သင့်အတွက် တာဝန်များ စီစဉ်ပေးရန် အမြဲ စောင့်ဆိုင်းနေလျှင် ဤသည်မှာ တာဝန်ပျက်ကွက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်) ဤသည်မှာ ကြီးလေးသော တာဝန်ပျက်ကွက်ခြင်းပင် ဖြစ်သည်။ တာဝန်ကို မည်သို့ သဘောထားပြုမူသင့်သည်နှင့်ပတ်သက်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ အခန်းကဏ္ဍနှင့်အတူ ပါလာသော သဘောထားနှင့် တာဝန်ဝတ္တရားကို သင်တို့ ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ မိမိတို့၏ အလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အထက်၏ လိုအပ်ချက်များကို အနီးကပ် လိုက်နာသင့်သည်။ အထက်က မိတ်သဟာယဖွဲ့ခဲ့သည့် မည်သည့်အရာမဆိုကို သင်တို့ အကောင်အထည်ဖော်သင့်ပြီး နားလည်သည်နှင့်တစ်ပြိုင်နက် လျင်မြန်စွာ ပြုမူကာ အကောင်အထည်ဖော်သင့်သည်။ သမ္မာတရားဖြင့် ပြဿနာများကို ဖြေရှင်းခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အရေးကြီးဆုံးသော တာဝန်ဝတ္တရားဖြစ်ပြီး သင်တို့သည် တစ်စုံတစ်ရာ မလုပ်ဆောင်မီ အထက်က အလုပ်တာဝန်များ စီစဉ်ပေးသည်ကို ဘာသိဘာသာဖြင့် စောင့်ဆိုင်းမနေသင့်ပေ။ သင်တို့သည် အမြဲတစေ မည်သည့်အရာမျှမလုပ်ဘဲ စောင့်ဆိုင်းနေပါက သင်တို့သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန် မသင့်တော်ပေ၊ သင်တို့သည် ဤအလုပ်ကို မထမ်းရွက်နိုင်ဘဲ တာဝန်ကို ဝန်ခံကာ နှုတ်ထွက်ခြင်းသည်သာ တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်မှုတစ်ခု ဖြစ်ပေမည်။

ဘုရားသခင်ကို ယုံကြည်သော လူအမျိုးအစားသုံးမျိုး၏ သရုပ်သကန်များနှင့် အဆုံးသတ်များ

၁။ အလုပ်လုပ်ပေးသူများ

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှာ စုစုပေါင်း တစ်ဆယ့်ငါးခုရှိပြီး ငါတို့သည် တစ်ဆယ့်လေးခုမြောက်အထိ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြေရှင်းရန်လိုအပ်သည့် အသင်းတော်အတွင်းရှိ ပြဿနာများအပြင် ဤပြဿနာများတွင် ပါဝင်သော လူအမျိုးမျိုး၏ ကိစ္စရပ်များကို ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်းခန့်အထိ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ဤအရာအားလုံးသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ တာဝန်ယူထမ်းဆောင်ရန် လိုအပ်သည့် တာဝန်များနှင့် ၎င်းတို့ ဖြေရှင်းရန် လိုအပ်သည့် ပြဿနာများ ဖြစ်ကြသည်။ ဤအရာတွင် ကိစ္စရပ်များစွာ ပါဝင်သည်။ တစ်ဖက်တွင် ယင်းက ခေါင်းဆောင်များနှင့် အမှုဆောင်များ ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများကို ထိမိပြီး အခြားတစ်ဖက်တွင် အသင်းတော်ရှိ လူအမျိုးမျိုး၏ ကိစ္စရပ်အမျိုးမျိုးလည်း ပါဝင်သည်။ ဤကာလအတောအတွင်း ငါတို့၏ မိတ်သဟာယ၏ အဓိကအကြောင်းအရာမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့် အယောင်ဆောင်ခေါင်းဆောင်များကို ဖော်ထုတ်ခြင်း ဖြစ်သော်လည်း ဤအဓိကအကြောင်းအရာနှင့် သက်ဆိုင်သော လူအမျိုးမျိုး၏ ကိစ္စရပ်များနှင့် လူအမျိုးမျိုး၏ အခြေအနေများနှင့် အနှစ်သာရများ အကြောင်းတို့ကိုလည်း ငါတို့ များစွာ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ဟုတ်ပေ၏၊ ဤတိကျသော အကြောင်းအရာသည် အသင်းတော်၌ ဘုရားသခင်နောက်လိုက်သော လူအမျိုးမျိုးအပေါ် မတူညီသော အကျိုးသက်ရောက်မှုများ ရှိသည်။ ၎င်းတို့ထဲတွင် ဤမိတ်သဟာယအားလုံးကို ကြားပြီးသည့်တိုင် “ကျွန်ုပ်တွင် ကောင်းမွန်သော လူ့သဘာဝရှိသည်၊ ကျွန်ုပ်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အမှုအရာများကို စွန့်လွှတ်လိုစိတ်ရှိပြီး ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရန် အဖိုးအခပေးကာ ဆင်းရဲဒုက္ခခံလိုစိတ်ရှိသည်” ဟူသော သဘောထားကို ဆုပ်ကိုင်ထားဆဲဖြစ်သည့် လူအမျိုးအစားတစ်မျိုး ရှိသည်။ ၎င်းတို့သည် လူအမျိုးမျိုး၏ အခြေအနေ အမျိုးမျိုးကိုလည်းကောင်း၊ အခြေအနေအမျိုးမျိုးတွင် ပါဝင်သော သမ္မာတရားကိုလည်းကောင်း၊ ဤကာလအတောအတွင်း မိတ်သဟာယဖွဲ့ခဲ့သည့် လူတို့ နားလည်သင့်သော သမ္မာတရား စည်းမျဉ်းများကိုလည်းကောင်း ဂရုမစိုက်ကြပေ။ ဤသည်မှာ လူအမျိုးအစားတစ်မျိုး မဟုတ်လော။ ဤလူအမျိုးအစားသည် အလွန် ကိုယ်စားပြုမှုရှိသည် မဟုတ်လော။ (ဟုတ်ပါသည်) ဤလူအမျိုးအစားသည် အချို့သော အမြင်ရှုထောင့်တစ်ခုကို အမြဲ ဆုပ်ကိုင်ထားသည်။ ဤအမြင်ရှုထောင့်သည် အဓိကအားဖြင့် အဘယ်အရာဖြင့် ဖွဲ့စည်းထားသနည်း။ ငါ ယခုလေးတင် ဖော်ပြခဲ့သော အချက်သုံးချက် ဖြစ်သည်။ ပထမအနေဖြင့် ၎င်းတို့သည် မိမိတို့၏ လူ့သဘာဝ မဆိုးဟု ယုံကြည်ကြပြီး ကောင်းသည်ဟုပင် ယုံကြည်ကြသည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်ဟု ထင်ကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကိုလည်းကောင်း၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကိုလည်းကောင်း စစ်မှန်စွာ ယုံကြည်ကြပြီး လူ့ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိကြောင်း၊ ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ကျရောက်ကြောင်း ယုံကြည်ကြသည်၊ ယင်းမှာ “ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း” ၏ ကျယ်ပြန့်သော အနက်ဖွင့်ဆိုချက် ဖြစ်သည်။ တတိယအနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အမှုအရာများကို စွန့်လွှတ်နိုင်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် ဆင်းရဲဒုက္ခခံကာ အဖိုးအခပေးနိုင်သည်ဟု ယုံကြည်ကြသည်။ ဤအချက်သုံးချက်ကို ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဆုပ်ကိုင်ထားသော အခြေခံအကျဆုံး၊ အဓိကအကျဆုံးနှင့် အခရာအကျဆုံးသော အချက်များဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဟုတ်ပေ၏၊ ဤအရာများကို ဘုရားသခင်ကို ယုံကြည်ခြင်း၌ ၎င်းတို့၏ အရင်းအနှီးအဖြစ်လည်းကောင်း၊ ၎င်းတို့ လိုက်စားသော ပန်းတိုင်များအဖြစ်လည်းကောင်း၊ ပြုမူဆောင်ရွက်ရာတွင် ၎င်းတို့၏ လှုံ့ဆော်မှုနှင့် ဦးတည်ချက်အဖြစ်လည်းကောင်း မှတ်ယူနိုင်သည်။ ဤအချက်သုံးချက်ကို ပိုင်ဆိုင်ခြင်းသည် ကယ်တင်ခြင်းခံရရန် အခြေခံအခြေအနေသုံးရပ်အတွက် ၎င်းတို့ကို အရည်အချင်းပြည့်မီစေပြီး ဘုရားသခင် ချစ်ခင်ကာ လက်ခံသောလူများ ဖြစ်စေသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခု ဖြစ်သည်။ ဤအချက်သုံးချက်ရှိခြင်းသည် လူ့သဘာဝအနည်းငယ်ကိုသာ ညွှန်ပြသည်။ လူ့သဘာဝအနည်းငယ်ရှိရုံမျှဖြင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရနိုင်သလော။ လုံးဝ မရနိုင်ပေ။ ဘုရားသခင်သည် ကိုယ်တော်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူများကို အသိအမှတ်ပြုသည်။ ဤအချက်သုံးချက်သည် သမ္မာတရား လက်တွေ့ကျမှု၏ စံနှုန်းနှင့် မကိုက်ညီပေ။ ၎င်းတို့သည် အလုပ်လုပ်ပေးသူများ ဖြစ်ရန်အတွက် စံနှုန်းသုံးရပ်မျှသာ ဖြစ်သည်။ ဆက်လက်၍ သင်တို့ ရှင်းလင်းစွာ နားလည်စေရန် ဤအချက်သုံးချက်၏ အသေးစိတ်အချက်များကို ငါ မိတ်သဟာယဖွဲ့မည်။ ပထမအချက်မှာ ကောင်းမွန်သော လူ့သဘာဝရှိခြင်း ဖြစ်သည်။ မကောင်းမှုမပြုခြင်း၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို မဖြစ်စေခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မထိခိုက်စေခြင်းတို့သည် လုံလောက်သည်ဟု ၎င်းတို့ ယုံကြည်ကြပြီး ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်နိုင်ပြီး စည်းမျဉ်းများနှင့်အညီ ပြုမူနိုင်သည်ဟု ဆိုလိုကြောင်း ယုံကြည်ကြသည်။ ဒုတိယအချက်မှာ “ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း” ဖြစ်သည်။ ၎င်းတို့အတွက်မှာမူ ၎င်းတို့ “ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း” ဟူသည်မှာ ဘုရားသခင်၏ တည်ရှိမှုကိုဖြစ်စေ၊ အရာခပ်သိမ်းအပေါ် သူ၏ အချုပ်အခြာအာဏာ ကိုင်စွဲသည့်အချက်ကိုဖြစ်စေ မည်သည့်အခါမျှ သံသယမဝင်ခြင်း၊ လူ့ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ဟု ယုံကြည်ခြင်းဖြစ်ပြီး ယင်းက ၎င်းတို့ကို ဘုရားသခင်နောက်ကို အဆုံးတိုင် လိုက်လျှောက်နိုင်စေမည်ဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို ဘုရားသခင်ကို အမှန်တကယ် ယုံကြည်နေသမျှကာလပတ်လုံး သူ၏ အသိအမှတ်ပြုခြင်းကို ရရှိမည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ဘုရားသခင် မည်သို့ပင် ဦးဆောင်သည်ဖြစ်စေ၊ ပြုမူသည်ဖြစ်စေ၊ မည်သို့သော ပြဿနာများကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ ၎င်းတို့က “ဘုရားသခင်ကိုသာ ချစ်ပါ၊ ဘုရားသခင်နောက် လိုက်ပါ၊ ဘုရားသခင်ကို ကျိုးနွံနာခံပါ” ဟု ပြောဆိုကြသည်။ ပြဿနာများကို ဖြေရှင်းသည့် ၎င်းတို့၏ နည်းလမ်းမှာ အလွန်အမင်း ရိုးရှင်းလွန်းသည်။ ထိုသို့သော ယေဘုယျဆန်သော စကားများက မည်သည့်ပြဿနာများကိုမဆို ဖြေရှင်းနိုင်သလော။ တတိယအချက်မှာ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း၌ အမှုအရာများကို စွန့်လွှတ်နိုင်ခြင်းနှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခပေးနိုင်ခြင်းတို့ ဖြစ်သည်။ ဤအရာကို ၎င်းတို့ မည်သို့ လက်တွေ့လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောကြောင့် အသင်းတော်၏ အလုပ်တွင် လိုအပ်ချက်တစ်ခု ရှိသည့်အခါ သို့မဟုတ် ဘုရားသခင်၏ အရေးတကြီး ရည်ရွယ်ချက်များကို ၎င်းတို့ ခံစားရသည့်အခါတွင် မိမိတို့၏ မိသားစုများ၊ အိမ်ထောင်များနှင့် အသက်မွေးဝမ်းကျောင်းများကို တက်တက်ကြွကြွ စွန့်လွှတ်နိုင်ကြပြီး မိမိတို့၏ လောကီရေးရာ အလားအလာများကို ဘေးဖယ်ထားကာ မည်သည့်အခါမျှ နောင်တရခြင်းမရှိဘဲ မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှုဖြင့် ဘုရားသခင်နောက်လိုက်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်ကြသည်။ ဘုရားအိမ်တော်က ၎င်းတို့အတွက် စီစဉ်ပေးသည့် မည်သည့်တာဝန်အတွက်မဆို အစားလျှော့ အအိပ်လျှော့ရသည်ဟု ဆိုလျှင်ပင် ၎င်းတို့သည် ဒုက္ခဆင်းရဲကို ခံနိုင်ရည်ရှိပြီး အဖိုးအခပေးနိုင်ကြသည်။ မည်မျှပင် နေထိုင်မှုအခြေအနေများ ခက်ခဲသည်ဖြစ်စေ၊ သို့မဟုတ် အချို့သော ဆိုးရွားသည့် ပတ်ဝန်းကျင်များတွင်ပင်ဖြစ်စေ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ ဆက်လက်ဇွဲရှိနိုင်ကြသည်။ ဤအချက်သုံးချက်အပြင်၊ သမ္မာတရားနှင့် သက်ဆိုင်သော အခြားကဏ္ဍအားလုံးကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့နှင့် မသက်ဆိုင်ဟု ထင်ရသည်။ ၎င်းတို့သည် မိမိတို့အတွက် ကောင်းသည် သို့မဟုတ် မှန်သည်ဟု ထင်ရသည့်အရာကို လုပ်ဆောင်ကြသည်။ ဘုရားသခင်က လူကို ပြောပြထားသည့် လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ အမျိုးမျိုးသော စည်းမျဉ်းများနှင့် ပတ်သက်၍လည်းကောင်း၊ ဘုရားသခင် ဖော်ထုတ်ထားသည့် လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ အခြေအနေများ၊ သရုပ်သကန်များနှင့် အနှစ်သာရတို့နှင့် ပတ်သက်၍လည်းကောင်း၊ ၎င်းတို့သည် အနည်းငယ်သိသည်ဖြစ်စေ လုံးဝမသိသည်ဖြစ်စေ အဆင်ပြေသည်ဟု ထင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးမှုကို ဆန်းစစ်ရန်နှင့် မိမိတို့၏ ချို့တဲ့မှုများကို ဖြည့်ဆည်းရန် အမျိုးမျိုးသော စည်းမျဉ်းများကို အတိအကျ စေ့စေ့စပ်စပ် ရှာဖွေရန် မလိုအပ်ဟုလည်းကောင်း၊ အခြားသူများက ၎င်းတို့၏ အမျိုးမျိုးသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မိတ်သဟာယဖွဲ့သည်ကို ကြားနာဖို့ စုဝေးပွဲများကို မကြာခဏ တက်ရောက်ရန်၊ ထို့နောက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် စသည်တို့ မလိုအပ်ဟုလည်းကောင်း ခံစားကြရသည်။ ဤနည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန်ဒုက္ခများလွန်းပြီး မလိုအပ်ဟု ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် စိတ်သဘောထား ပြောင်းလဲခြင်းတို့အပေါ် အပေါ်ယံနားလည်မှုတစ်ခုအပြင် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးများဖြင့် ဘုရားသခင်နောက်လိုက်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကြသည်။ ဤလူအမျိုးအစားသည် အတော်အတန် ကိုယ်စားပြုမှုရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မိမိတို့ကိုယ်ကို အခြေခံအကျဆုံးသော သတ်မှတ်ချက်တစ်ခု သတ်မှတ်ထားပြီး ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် အခြေခံအကျဆုံးသော သဘောထားတစ်ခု ထားရှိကြသည်။ ဤအရာအပြင် ၎င်းတို့သည် သမ္မာတရား၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်း၊ ပြုပြင်ခြင်းခံရခြင်းအပြင် လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် အမျိုးမျိုးသော အခြေအနေများ၊ သရုပ်သကန်များ စသည်တို့ကို လျစ်လျူရှုကြသည်။ ၎င်းတို့သည် ဤပြဿနာများကို မည်သည့်အခါမျှ စဉ်းစားဆင်ခြင်ခြင်း သို့မဟုတ် တွေးတောခြင်း မပြုကြပေ။ ဆိုလိုသည်မှာ ဤလူတို့သည် မိမိတို့ကိုယ်ကို လူ့သဘာဝကောင်းရှိသူများ၊ လူကောင်းများဖြစ်ပြီး ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများဟု မှတ်ယူကြသည်။ ပြီးလျှင် လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကို အသိအမှတ်ပြုသည့်တိုင် ဘုရားသခင် ဖော်ထုတ်သည့် လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ တိကျသော အခြေအနေများနှင့် သရုပ်သကန်များကို အလေးမထားကြဘဲ ဤအရာများကို စုံစမ်းစစ်ဆေးရာတွင် မည်သည့်ကြိုးစားအားထုတ်မှုကိုမျှ မထည့်သွင်းကြပေ။ ဤသည်မှာ လူစားတစ်မျိုး မဟုတ်လော။ ဤလူစားမျိုး၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ရှိသော အမြင်များနှင့် တိကျသော သရုပ်သကန်များသည် အတော်အတန် ကိုယ်စားပြုမှုရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ဤလူတို့၏ ရှုထောင့်အမြင်များ၊ ကယ်တင်ခြင်းခံရခြင်းအပေါ် ၎င်းတို့၏ နားလည်မှုနှင့် လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားတို့ကို ထည့်သွင်းစဉ်းစားလျက် ဤလူတို့ကို မည်သည့်အမျိုးအစားထဲတွင် ထားရှိသင့်သနည်း။ (နားဝေတိမ်တောင်ဖြစ်သော ယုံကြည်ခြင်းရှိပြီး သမ္မာတရားကို မလိုက်စားသောသူများ ဖြစ်ပါသည်။) ဤသည်မှာ အပေါ်ယံ သွင်ပြင်မျှသာ ဖြစ်သည်။ ဤလူတို့ကို အမှန်တကယ် မည်သို့ အမျိုးအစားခွဲခြားသင့်သနည်း။ အသင်းတော်တွင် ထိုသို့သော လူများစွာ ရှိသလော။ (ဟုတ်ပါသည်။) တိကျသော ပြဿနာများကို ဆွေးနွေးပြီး သက်ဆိုင်ရာ သမ္မာတရားများကို မိတ်သဟာယဖွဲ့သည့်အခါတိုင်း ၎င်းတို့သည် အိပ်ချင်လာသည်၊ ငိုက်မျဉ်းသည်၊ သို့မဟုတ် စိတ်ဝင်စားမှု မပြဘဲ စိတ်ရှုပ်ထွေးလာသည်။ ၎င်းတို့အား မည်သည့်အလုပ်ကိုဖြစ်စေ၊ မည်သည့်တာဝန်ကိုဖြစ်စေ ခန့်အပ်ပါက အခက်အခဲ သို့မဟုတ် ပင်ပန်းနွမ်းနယ်မှုကို မရှောင်လွှဲဘဲ ဆက်လက်၍ လုပ်ဆောင်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဤအလုပ်မျိုး လုပ်ဆောင်ခြင်းကဲ့သို့ ဖြစ်လျှင် အလွန်ကောင်းမည်ဖြစ်ပြီး ထိုအခါ ၎င်းတို့ စိတ်အားထက်သန်လာမည်ဟု ၎င်းတို့ ထင်ကြသည်။ ဒုက္ခဆင်းရဲကို ခံနိုင်ရည်ရှိရန်၊ အဖိုးအခပေးရန်နှင့် အလုပ်တွင် အားထုတ်ရန် အချိန်ကျရောက်သောအခါ ၎င်းတို့သည် စစ်မှန်သော လေးနက်မှုကို ပြသကြသည်။ သို့သော် ဤစစ်မှန်သော လေးနက်မှုနှင့် စိတ်အားထက်သန်မှုသည် သစ္စာစောင့်သိခြင်းနှင့် တူညီပါသလော။ ၎င်းသည် သမ္မာတရား စည်းမျဉ်းများကို နားလည်ပြီးနောက် လူတစ်ဦး၌ ရှိသင့်သော သရုပ်သကန် ဖြစ်သလော။ (မဟုတ်ပါ။) ငါ၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ဤလူတို့ကို မည်သည့်အမျိုးအစားထဲတွင် ခွဲခြားသင့်သည်ကို သင်တို့ မြင်နိုင်သလော။ (အလုပ်လုပ်ပေးသူများ ဖြစ်ပါသည်။) မှန်ပေသည်။ ဤလူများသည် အလုပ်လုပ်ပေးသူများဖြစ်ကြပြီး ဤသည်မှာ အလုပ်လုပ်ပေးသူများ ဘုရားသခင်ကို ယုံကြည်သည့်ပုံစံ ဖြစ်သည်။

ငါတို့သည် အန္တိခရစ်တို့၏ သဘာဝ အနှစ်သာရနှင့် အမျိုးမျိုးသော သရုပ်သကန်များအပြင် အန္တိခရစ်တို့၏ စိတ်သဘောထားရှိသော်လည်း အမှန်တကယ်တွင် အန္တိခရစ်များမဟုတ်သောသူတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းဖြင့် စတင်ခဲ့ကြသည်။ ယခုအခါ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များနှင့် သက်ဆိုင်သော အမျိုးမျိုးသော လူစားတို့၏ သရုပ်သကန်များနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့နေကြသည်။ မိတ်သဟာယဖွဲ့ခဲ့သော အကြောင်းအရာများသည် အန္တိခရစ်များနှင့် အယောင်ဆောင် ခေါင်းဆောင်များအကြောင်း ဖြစ်ခဲ့သော်လည်း အချက်တစ်ချက်ချင်းစီက ထိတွေ့ဆက်စပ်နေသော တိကျသည့် ပြဿနာများနှင့် သရုပ်သကန်များသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပြင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ စိုးမိုးမှုအောက်တွင် ဖြစ်ပေါ်လာသော အမျိုးမျိုးသော အခြေအနေများနှင့် သရုပ်သကန်များနှင့်လည်း သက်ဆိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့သည် လူနည်းစုသာ ဖြစ်ကြသော်လည်း အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့၏ စိတ်သဘောထားများအပြင် ၎င်းတို့၏ အမျိုးမျိုးသော အခြေအနေများနှင့် သရုပ်သကန်များသည် လူတစ်ဦးစီတိုင်းတွင် မတူညီသော အတိုင်းအတာများအထိ တည်ရှိနေသည်။ ယခုအခါ ဤပြဿနာများကို ဤမျှ အသေးစိတ်ကျကျ မိတ်သဟာယဖွဲ့ပြီးဖြစ်သဖြင့် သမ္မာတရားကို လိုက်စားသောသူတို့သည် ဆက်လက်၍ သမ္မာတရားကို လိုက်စားရာ၌လည်းကောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာ၌လည်းကောင်း၊ သမ္မာတရား စည်းမျဉ်းများကို နားလည်ရာ၌လည်းကောင်း၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရာ၌လည်းကောင်း လမ်းခရီးနှင့် ဦးတည်ချက် ပို၍ ရှိလာမည်ဖြစ်ပြီး ပို၍ ရှင်းလင်းသော ပန်းတိုင်များ ရှိလာမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် ကောင်းသောအရာဖြစ်ပြီး ဝမ်းမြောက်စရာ အကြောင်းရင်းတစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ ယုံကြည်ခြင်း၌ မှတ်တိုင်အသစ်တစ်ခုကို စတင်စိုက်ထူနေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများ၊ ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများ သို့မဟုတ် စကားလုံးများနှင့် အယူဝါဒများ၊ ဆောင်ပုဒ်များအောက်တွင် ဆက်လက် အသက်မရှင်ကြတော့ပေ။ ထိုအစား ၎င်းတို့တွင် လက်တွေ့လုပ်ဆောင်ရန်အတွက် ပို၍ ခိုင်မာသော လမ်းညွှန်ချက်များနှင့် ပန်းတိုင်များ ရှိလာပြီး လိုက်နာရန် ပို၍ တိကျသော စည်းမျဉ်းများလည်း ရှိလာသည်မှာ ပြောစရာမလိုပေ။ အချို့သော အခြေအနေများအောက်တွင် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်နှင့် ပါဝင်ပတ်သက်သော သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်၊ သို့မဟုတ် လူတို့တွင် မည်သို့သော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးမှုများ ရှိသည်၊ ၎င်းတို့ကို မည်သို့ ဆက်ဆံသင့်သည်၊ ၎င်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့ ရှာဖွေရမည် စသည်ဖြင့် အန္တိခရစ်များနှင့် အယောင်ဆောင်ခေါင်းဆောင်များဟူသည့် မိတ်သဟာယဖွဲ့ခဲ့သော အဓိက အကြောင်းအရာနှစ်ခုသည် ဤအကြောင်းအရာများနှင့် အများအားဖြင့် သက်ဆိုင်နေသည်။ သမ္မာတရားကို လိုက်စားသောသူတို့အတွက်မူ သမ္မာတရားကို ပို၍ တိတိကျကျ မိတ်သဟာယဖွဲ့လေ ၎င်းတို့တွင် လက်တွေ့လုပ်ဆောင်ရန် လမ်းခရီး ပို၍ရှိလေ ဖြစ်သည်။ သမ္မာတရားကို ပို၍ တိတိကျကျ မိတ်သဟာယဖွဲ့လေ လူတို့၏ စိတ်နှလုံးများသည် ပို၍ တောက်ပကာ ကြည်လင်ပြတ်သားလာလေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပို၍ သိရှိနားလည်နိုင်လေ၊ ၎င်းတို့ ဆက်လက်၍ မည်သည့်အရာထဲသို့ ဝင်ရောက်သင့်သည်နှင့် ဆက်လက်၍ မည်သည့်ပြဿနာများကို ဖြေရှင်းရန် လိုအပ်သည်ကို ပို၍ သတိပြုမိလေ ဖြစ်သည်။ ယခုလေးတင် အလုပ်လုပ်ပေးသူများအဖြစ် ဖော်ပြခဲ့သော လူအမျိုးအစားနှင့်ပတ်သက်၍မူ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖြစ်ပေါ်လာသော အမျိုးမျိုးသော အခြေအနေများနှင့် ဖြေရှင်းရန် လိုအပ်သော ဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ အမျိုးမျိုးသော ပြဿနာများအကြောင်းကို ငါတို့ ကျယ်ကျယ်ပြန့်ပြန့် မိတ်သဟာယဖွဲ့ပြီးနောက်တွင် ၎င်းတို့သည် မလှုပ်မယှက် ရှိနေဆဲဖြစ်ကြသည်။ မလှုပ်မယှက် ရှိနေခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင် မိန့်ကြားခဲ့သော ကယ်တင်ခြင်းလမ်းခရီးတို့နှင့်ပတ်သက်၍ ရှင်းလင်းခြင်းမရှိသေးဘဲ နားလည်သဘောပေါက်နိုင်ခြင်းလည်း မရှိသေးဟု ဆိုလိုသည်။ ပို၍ ဆိုးရွားသည်မှာ များစွာသော အနှစ်သာရပိုင်းဆိုင်ရာ သရုပ်သကန်များနှင့် ပြဿနာများကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် ၎င်းတို့က “ကျွန်ုပ်သည် လူ့သဘာဝကောင်းရှိသည်၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်၊ ဘုရားသခင်ကို ကျွန်ုပ်၏ ယုံကြည်ခြင်း၌ အမှုအရာများကို စွန့်လွှတ်လိုစိတ်ရှိသည်၊ ပြီးလျှင် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရန် အဖိုးအခပေးလိုစိတ်နှင့် ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံလိုစိတ်လည်း ရှိသည်၊ ဤသည်မှာ လုံလောက်ပါသည်” ဟု ထင်နေဆဲ ဖြစ်ကြသည်။ အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို မဆန်းစစ်ကြသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်လည်း မိမိတို့ကိုယ်ကို မနှိုင်းယှဉ်ကြဘဲ ထိုအစား ၎င်းတို့၏ ကိုယ်ပိုင် လူသားဆိုင်ရာ ကောင်းမြတ်မှုကိုဖြစ်စေ၊ ၎င်းတို့တွင်ရှိသော အသိတရားနှင့် ဆင်ခြင်တုံတရား အနည်းငယ်ကိုသာဖြစ်စေ အခြေခံ၍ ပြဿနာများကို ဖြေရှင်းရန် ကြိုးစားကြသည်။ အချို့လူများသည် ထပ်ခါတလဲလဲ သည်းခံလျက် ချုပ်တည်းခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို အားကိုးကြပြီး အခြားသူများမှာမူ အဓိကကျသော ပြဿနာများကို သာမည ပြဿနာများကဲ့သို့ ဖြစ်စေကာ ထို့နောက် သာမည ပြဿနာများကို ပြဿနာမရှိသကဲ့သို့ ဖြစ်စေလျက် လောကီရေးရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များကို အားကိုးကြသည်မှာ ပြောစရာမလိုပေ။ ၎င်းတို့ လိုက်စားသော ပန်းတိုင်မှာ “ဘုရားသခင်၏ အမှုတော် နိဂုံးချုပ်သည့်နေ့တွင် ကျွန်ုပ်သည် ရှင်းလင်းပစ်ခြင်းမခံရဘဲ အသင်းတော်၌ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်နေဆဲဖြစ်လျှင် ယင်းမှာ လုံလောက်ပြီဖြစ်သည်။ ကျွန်ုပ်တွင် မိမိကိုယ်ကို စစ်မှန်သော နားလည်မှု ရှိမရှိ၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြေရှင်းပြီးခြင်း ရှိမရှိ၊ ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံမှု ရှိမရှိ၊ ကျွန်ုပ်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူ ဟုတ်မဟုတ်၊ ထိုအရာများမှာ ပြောပလောက်ခြင်းမရှိသော သာမည ပြဿနာများသာ ဖြစ်သည်။ သင်သည် အရာရာတိုင်းကို အရေးလုပ်နေသည်၊ သမ္မာတရားကို ဤမျှ အသေးစိတ်ကျကျ မိတ်သဟာယဖွဲ့နေသည်၊ အသေးငယ်ဆုံးသော ပြဿနာများကိုပင် အဆုံးမရှိ မိတ်သဟာယဖွဲ့ရန် တင်ပြနေသည်၊ ကျွန်ုပ်တို့ကို အစဉ် ပိုင်းခြားသုံးသပ်စေသည်၊ ကျွန်ုပ်သည် သမ္မာတရားနှင့်ပတ်သက်သော ဤမိတ်သဟာယဖွဲ့ခြင်းများကို နားထောင်လိုစိတ် လုံးဝမရှိပါ၊ ကျွန်ုပ် လုံးဝ စိတ်မဝင်စားပါ။ ဘုရားသခင်၏ နေ့ရက် ရောက်ရှိလာသည့်အခါ ကျွန်ုပ်တို့ နိုင်ငံတော်ထဲသို့ တိုက်ရိုက် ဝင်ရောက်နိုင်လျှင် ကောင်းလိုက်မည်ဖြစ်ခြင်းပါတကား” ဟူ၍ ဖြစ်သည်။ လူတိုင်း၏ စိတ်ရှည်မှုတွင် ယင်း၏အတိုင်းအတာနှင့်ယင်း ရှိသည်မှာ မှန်သော်လည်း ထိုသို့သောလူများ၏ စိတ်ရှည်မှုမှာမူ အကန့်အသတ်မရှိပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့သည် မိမိတို့တွင် လူ့သဘာဝကောင်းရှိသည်ဟုလည်းကောင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသောကြောင့်လည်းကောင်း၊ ဘုရားသခင်ကို ယုံကြည်သူများအနေဖြင့် အမှုအရာများကို စွန့်လွှတ်နိုင်စွမ်းရှိသောကြောင့်လည်းကောင်း ဖြစ်သည်၊ ပြီးလျှင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် အဖိုးအခပေးလိုစိတ်နှင့် ဒုက္ခဆင်းရဲကို ခံနိုင်ရည်ရှိလိုစိတ် ရှိကြသောကြောင့် ဖြစ်သည်၊ မည်သည့်အရာနှင့်မဆို ရင်ဆိုင်ရသည့်အခါ ၎င်းတို့တွင် ကိုယ်ပိုင်ဖြေရှင်းနည်းများ ရှိကြပြီး အဆုံးတွင် မိမိတို့၏ တာဝန်များကို စွဲမြဲစွာ ထမ်းဆောင်နိုင်ကာ ခိုင်မာစွာ ရပ်တည်နိုင်ကြဆဲ ဖြစ်သည်။ သို့သော် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ မည်သို့ပင် ဇွဲရှိပါစေ၊ သို့မဟုတ် မည်သည့်နည်းလမ်းများဖြင့် အဆုံးတိုင် သည်းခံပါစေ၊ ၎င်းတို့၏ စေ့ဆော်မှု မည်သို့ပင်ဖြစ်စေကာမူ အချက်တစ်ချက်မှာ သေချာသည်၊ ၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံခြင်း မရှိသကဲ့သို့ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း မည်သည့်အခါမျှ နားမလည်ကြပေ။ ပို၍ တိတိကျကျဆိုရလျှင် ဤလူတို့သည် ဖောက်ပြန်ပျက်စီးခြင်းရှိသည်ကို ဝန်မခံကြသကဲ့သို့ ဘုရားသခင် ဖော်ထုတ်ခဲ့သော လူတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှ ပေါ်ပေါက်လာသော အမျိုးမျိုးသော အခြေအနေများနှင့် ပြဿနာများကိုလည်း အသိအမှတ်မပြုကြပေ။ ၎င်းတို့သည် ရံဖန်ရံခါ ဤအခြေအနေများနှင့်လည်းကောင်း၊ ပြဿနာများနှင့်လည်းကောင်း မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆမှု ရှိလျှင်ပင် ယင်းကို အေးစက်သော ချဉ်းကပ်နည်းဖြင့် သဘောထားပြုမူကြကာ “လူတိုင်းသည် တန်းတူ ဖောက်ပြန်ပျက်စီးကြသည်။ အားလုံး၏ သဘာဝ အနှစ်သာရမှာ နတ်ဆိုးများနှင့် စာတန်၏ သဘာဝ အနှစ်သာရ ဖြစ်သည်၊ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ ရန်သူများ ဖြစ်ကြသည်။ ဤသည်မှာ မည်သူမျှ မပြောင်းလဲနိုင်သော အမှန်တရားတစ်ခု ဖြစ်သည်။ သို့သော် လူတစ်ဦးသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရာ၌ ဇွဲရှိနေသရွေ့ ဘုရားသခင်သည် ၎င်းတို့ကို သေချာပေါက် အသိအမှတ်ပြုမည်ဖြစ်ပြီး အဆုံးတိုင် ဇွဲရှိသောသူတို့သည် အောင်မြင်သောသူများ ဖြစ်ကြလိမ့်မည်” ဟု ပြောဆိုကြသည်။ ၎င်းတို့၏ ရှုထောင့်အမြင်များမှ အကဲဖြတ်ကြည့်သော် ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ ယုံကြည်ခြင်း၌ အတော်အတန် အားကြိုးမာန်တက် ရှိကြသော်လည်း အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေခြင်းနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့သည် စကားတစ်ခွန်းမျှ မပြောနိုင်ဘဲ တိတ်ဆိတ်သွားကြသည်။ စုဝေးပွဲများတွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် အချိန်ကျသည့်အခါ ၎င်းတို့သည် ငိုက်မျဉ်းလာပြီး နားမဝင်တော့ပေ။ သင်က ၎င်းတို့ကို “သင်သည် သင်၏ တာဝန်၌ နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ တွေ့ကြုံခံစားသနည်း” ဟု မေးလျှင် ၎င်းတို့က “အသင်းတော်က ကျွန်ုပ်ကို လုပ်ဆောင်ရန် စီစဉ်ပေးသည့် မည်သည့်အရာကိုမဆို ကျွန်ုပ် လုပ်ဆောင်ပါသည်။ ဤအရာသည် တွေ့ကြုံခံစားရန် လိုအပ်သလော” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် နားမလည်ကြဟု ထင်ရသည်။ ထို့နောက် သင်က ၎င်းတို့ကို “သင်၌ ထုတ်ဖော်ပြနေသော မည်သည့် ဖောက်ပြန်ပျက်စီးခြင်း ရှိသနည်း။ သင့်ကိုယ်သင် မည်သို့ နားလည်သနည်း” ဟု မေးလျှင် ၎င်းတို့က “ကျွန်ုပ်သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဘုရားသခင်ကို ချစ်ရုံသာ ဖြစ်သည်၊ မည်သည့်ပြဿနာများ ရှိနိုင်မည်နည်း” ဟု ပြောဆိုကြသည်။ ၎င်းတို့၏ တွေးခေါ်ပုံမှာ ထိုမျှ ရိုးရှင်းလှသည်။ ဤသည်မှာ ၎င်းတို့၏ အမြင်ဖြစ်သည်၊ “ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဤကဲ့သို့ ဖြစ်သင့်သည်။ အဘယ်ကြောင့် ဤမျှများပြားသော သာမည ပြဿနာများနှင့်ပတ်သက်၍ ပူပန်ရမည်နည်း။ သင်တို့သည် အမှုအရာများကို အလွန် ရှုပ်ထွေးအောင် လုပ်နေကြသည်” ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ပြီး အလုပ်များကို လုပ်ဆောင်သည့်အခါ သမ္မာတရား စည်းမျဉ်းများကို မည်သည့်အခါမျှ မရှာဖွေဘဲ ရည်ရွယ်ချက်ကောင်းများ၊ စိတ်အားထက်သန်မှုတို့ဖြင့်သာ ပြုမူကြသည်။ ပို၍ တိတိကျကျဆိုရလျှင် ၎င်းတို့သည် အသိတရားနှင့် ဆင်ခြင်တုံတရားတို့၏ စိုးမိုးမှုအောက်တွင် ပြုမူဆောင်ရွက်ကြလျက် “ငါသည် ကြီးမားသော အတိုင်းအတာအထိ ဒုက္ခဆင်းရဲခံပြီး အဖိုးအခပေးခဲ့ပြီးဖြစ်သည်၊ ငါသည် ကြီးမားသော အတိုင်းအတာအထိ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေခဲ့ပြီးဖြစ်သည်၊ ငါ့ထံမှ ပို၍ မတောင်းဆိုပါနှင့်။ ငါသည် ဤအတိုင်း ကောင်းပါသည်၊ ငါသည် လူကောင်းတစ်ဦးဖြစ်ပြီး ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပါသည်” ဟု တွေးထင်ကြသည်။ ဤလူတို့သည် ထိန်းမနိုင်သိမ်းမရ ပွင့်အံထွက်သည့် အချိန်များလည်း ရှိသည်မှာ ပြောစရာမလိုပေ၊ ထိုအခါတွင် ၎င်းတို့၏ စရိုက်မှန်များ ပေါ်လွင်လာသည်။ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများစွာကို ကရားရေလွှတ် တတွတ်တွတ် ပြောဆိုနိုင်သော်လည်း စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု တစ်စက်မျှ မရှိကြချေ။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့တွင် အသက်မရှိပေ။ အသက်မရှိခြင်းဟူသည်မှာ အတိအကျအားဖြင့် အဘယ်အရာကို ရည်ညွှန်းသနည်း။ (၎င်းတို့တွင် သမ္မာတရားမရှိပါ။) သမ္မာတရားမရှိခြင်းသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ (၎င်းတို့သည် သမ္မာတရားကို မချစ်ကြသကဲ့သို့ လိုက်စားခြင်းလည်း မရှိကြပါ။) ၎င်းတို့သည် သမ္မာတရားကို ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေနှင့်ပင် မသက်ဆိုင်ပေ၊ တိတိကျကျဆိုရလျှင် ၎င်းတို့သည် သမ္မာတရားကို လက်မခံကြပေ။ အချို့က “၎င်းတို့သည် သမ္မာတရားကို လက်မခံဟု ကိုယ်တော် မည်သို့ ပြောနိုင်သနည်း။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဤမျှ ဒုက္ခဆင်းရဲခံပြီး ဤမျှ ကြီးမားသော အဖိုးအခကို ပေးကာ မိုးလင်းမှ မိုးချုပ်အထိ ကြိုးစားအလုပ်လုပ်ကြသည်၊ ၎င်းတို့တွင် သမ္မာတရားမရှိဟု ကိုယ်တော် မည်သို့ ပြောနိုင်သနည်း” ဟု ပြောကောင်းပြောနိုင်သည်။ ဤသို့ပြောဆိုခြင်းသည် ၎င်းတို့ကို မတရားစွပ်စွဲရာရောက်သလော။ သို့သော် သင်သည် ဤလူတို့ကို ကြည့်လျှင် ၎င်းတို့၏ ဆင်းရဲဒုက္ခခံခြင်းနှင့် အဖိုးအခပေးခြင်းတို့၏ နောက်ကွယ်တွင် ၎င်းတို့ လုပ်ဆောင်သမျှသည် သမ္မာတရား စည်းမျဉ်းများ၏ ဘောင်အတွင်း၌ ရှိပါသလော။ ၎င်းတို့ လုပ်ဆောင်သမျှတွင် စည်းမျဉ်းများကို ရှာဖွေကြသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြင့် ဘုရားသခင်ရှေ့မှောက်သို့ လာကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားအိမ်တော်က တောင်းဆိုသော စည်းမျဉ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်ကြသလော။ မလုပ်ဆောင်ကြပေ၊ ယင်းတို့အားလုံးသည် လူသား၏ လုပ်ဆောင်ချက်များ၊ လူသား၏ ချုပ်တည်းမှုများသာ ဖြစ်သည်။ သမ္မာတရားကို လက်မခံခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ အဓိက သရုပ်သကန်မှာ အဘယ်နည်း။ ယင်းမှာ တစ်စုံတစ်ခုကို မလုပ်ဆောင်မီ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ တက်ကြွစွာ မရှာဖွေကြသကဲ့သို့ သမ္မာတရား၏ စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုလည်း မည်သည့်အခါမျှ အလေးအနက် မစဉ်းစားကြဘဲ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း တစ်သဝေမတိမ်း လက်တွေ့လုပ်ဆောင်ခြင်းလည်း မရှိခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော အတွေးအခေါ်များနှင့် သဘောထားများကို ထားရှိကြသလော။ ဘုရားသခင် ဖော်ထုတ်ခဲ့သော လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ အမျိုးမျိုးသော သရုပ်သကန်များအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို လက်ခံကြသလော။ ဤနှုတ်ကပတ်တော်များသည် အချက်အလက်မှန်များဖြစ်ကြောင်း ဝန်ခံကြသလော။ ဤတိကျသော သရုပ်သကန်များသည် ဖောက်ပြန်ပျက်စီးခြင်း၏ ထုတ်ဖော်မှုများဖြစ်ကြောင်း အသိအမှတ်ပြုကြသလော။ ၎င်းတို့သည် အပြင်ပန်းတွင် သဘောတူညီကြောင်း ခေါင်းညိတ်ခြင်း သို့မဟုတ် ဝန်ခံခြင်း ပြုကောင်းပြုနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင်မူ လက်မခံကြပေ၊ လျစ်လျူရှုကြသည်။ လျစ်လျူရှုခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ တိတိကျကျဆိုရလျှင် ယင်းမှာ လက်မခံခြင်း၊ ရှင်းလင်းသော သဘောထားမရှိခြင်း၊ သိသာသော အတိုက်အခံလုပ်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းမရှိခြင်းတို့ကို ဆိုလိုသော်လည်း ဘုရားသခင် မိန့်ကြားခဲ့သော ဤနှုတ်ကပတ်တော်များအပေါ် အေးစက်သော သဘောထားပြုမူခြင်း၏ သဘောထားကို ခံယူခြင်း ဖြစ်သည်။ “အေးစက်သော သဘောထားပြုမူခြင်း” ဟု ပြောဆိုခြင်းသည် အနည်းငယ် စိတ်ကူးသက်သက်မျှဖြစ်၏။ တိတိကျကျဆိုရလျှင် ၎င်းတို့က “သင်က လူများသည် မာနထောင်လွှားပြီး လှည့်ဖြားတတ်သည်ဟု ဆိုသည်၊ သို့သော် မည်သူက လှည့်ဖြားခြင်းမရှိသနည်း။ မည်သူက အနည်းငယ် ပါးနပ်ခြင်းမရှိသနည်း။ မည်သူက မာနထောင်လွှားခြင်း သို့မဟုတ် မောက်မာခြင်း အချို့ကို မပြသသနည်း။ ဤသည်မှာ အဘယ်အရေးကြီးသနည်း။ လူတစ်ဦးသည် ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခကို ပေးနိုင်သရွေ့ ယင်းမှာ လုံလောက်ပြီ” ဟု တွေးထင်ခြင်း ဖြစ်သည်။ ဤသည်မှာ လက်မခံခြင်း၏ သဘောထားနှင့် တိကျသော သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သမ္မာတရားကို လက်မခံခြင်း ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားသည် လျစ်လျူရှုခြင်းနှင့် လက်မခံခြင်းတို့ ဖြစ်သည်။ သို့ဖြစ်၍ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ပေးသော အကဲဖြတ်ချက်များနှင့် သတိပေးချက်များ၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွက် ပေးသော လမ်းညွှန်ချက်များနှင့် အကူအညီများကိုပင် ၎င်းတို့ လက်ခံနိုင်ကြသလော။ (မခံနိုင်ပါ။) သို့ဆိုလျှင် ငါ့ကို ပြောလော့၊ ၎င်းတို့၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ ၎င်းတို့သည် ဤအရာများကို အဘယ်ကြောင့် လက်မခံနိုင်ကြသနည်း။ ဤသို့ပြောဆိုခြင်းအတွက် သင်၏ သက်သေအထောက်အထားမှာ အဘယ်မှာနည်း။ ဥပမာအားဖြင့် သင်က ၎င်းတို့ကို “သင်သည် သင်၏ တာဝန်ကို ဤသို့ ပေါ့ဆသောပုံစံဖြင့် မထမ်းဆောင်နိုင်ပါ၊ ဤသည်မှာ ဝတ်ကျေတမ်းကျေဖြစ်သည်” ဟု ပြောဆိုသည့်အခါ ၎င်းတို့၏ မည်သည့် သရုပ်သကန်များက ၎င်းတို့ သမ္မာတရားကို လက်မခံကြောင်း သက်သေပြသနည်း။ (၎င်းတို့က “ကျွန်ုပ်သည် ယင်းအပေါ် ကျွန်ုပ်၏ စိတ်ကိုနှစ်ပြီးဖြစ်ပါသည်၊ ကျွန်ုပ်သည် ဒုက္ခဆင်းရဲခံပြီး အဖိုးအခပေးခဲ့ပြီးဖြစ်ပါသည်။ ကျွန်ုပ် ဝတ်ကျေတမ်းကျေဖြစ်နေသည်ဟု သင် မည်သို့ ပြောနိုင်မည်နည်း” ဟု ပြောဆိုကြပါမည်။) ဤသည်မှာ ၎င်းတို့ မိမိတို့ကိုယ်ကို အပြစ်ကင်းလွတ်အောင် ပြောဆိုနေခြင်း ဖြစ်သည်။ ၎င်းတို့သည် တစ်ခါတစ်ရံ ဆင်ခြေများကို ရှာဖွေမည် မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဝန်ခံလျှင်ပင် ၎င်းတို့သည် “ငါ ဝတ်ကျေတမ်းကျေဖြစ်ခဲ့သည်၊ ဖြစ်ခဲ့တော့ရော မည်သည့်အရာဖြစ်သနည်း။ မည်သူက စိတ်မကြည်လင်သော နေ့ရက်များ မရှိသနည်း။ မည်သူက ပုံမှန် စိတ်ခံစားချက်များကို မတွေ့ကြုံခံစားရသနည်း။ သို့သော် ငါ ဝတ်ကျေတမ်းကျေဖြစ်ခဲ့သည်ကို ဝန်မခံနိုင်ပါ၊ ယင်းကို ဖုံးကွယ်ရန် ဆင်ခြေတစ်ခု ရှာရန် လိုအပ်ပါသည်။ ငါ မျက်နှာမပျက်နိုင်ပါ” ဟု ထင်နေဆဲ ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့ကိုယ်ကို လိမ်လည်လှည့်ဖြားစွာ ခုခံကာကွယ်ရန် အကြောင်းပြချက်များနှင့် ဆင်ခြေများစွာကို ရှာဖွေကြပြီး ၎င်းတို့ ဝတ်ကျေတမ်းကျေ ဖြစ်ခဲ့သည်ဟူသောအချက်ကို ဝန်မခံကြ၊ ဤကိစ္စနှင့်ပတ်သက်၍ မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို အသိအမှတ်မပြုကြ၊ အခြားလူများထံမှ လမ်းညွှန်ချက်များကိုလည်း လက်မခံကြပေ။ ဤသည်မှာ သမ္မာတရားကို လက်မခံခြင်း၏ တိကျသော သရုပ်သကန်တစ်ခု ဖြစ်သည်။ တကယ့်အခြေအနေများနှင့် ရင်မဆိုင်ရသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို “ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော လူကောင်းတစ်ဦး” အဖြစ် မှတ်ယူကြသည်။ အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဤအရာကို အကာအကွယ်တစ်ခုအဖြစ် ဆက်လက် အသုံးမပြုနိုင်တော့သော်လည်း မိမိတို့ကိုယ်ကို အပြစ်ကင်းလွတ်အောင် ပြောဆိုရန်နှင့် ခုခံကာကွယ်ရန်၊ ပြဿနာကို ဖုံးဖိရန်၊ အဆုံးသတ်ရန် လုံလောက်သော အကြောင်းပြချက်များကို ရှာဖွေနေဆဲဖြစ်ပြီး ထို့နောက် “လူ့သဘာဝကောင်းရှိသော၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော၊ စွန့်လွှတ်နိုင်စွမ်းရှိသော၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဒုက္ခဆင်းရဲခံနိုင်ပြီး အဖိုးအခပေးနိုင်သော လူကောင်းတစ်ဦး” အဖြစ် မိမိတို့ကိုယ်ကို ဆက်လက် ရှုမြင်ကြသည်။ တိတိကျကျပြောရလျှင် ထိုသို့သောလူများ၏ သရုပ်သကန်များ၊ အနှစ်သာရမှာ အလုပ်လုပ်ပေးသူများ၏ သရုပ်သကန်များ၊ အနှစ်သာရပင် ဖြစ်သည်။ ဤအုပ်စုသည် အသင်းတော်၌ သိသာထင်ရှားသော အချိုးအစားတစ်ခုအထိ ရှိနေသည်။ အချိုးအစား မည်သို့ပင်ဖြစ်စေ အဆုံးတွင် ဤပုဂ္ဂိုလ်များသည် အမှန်တကယ် ဒုက္ခဆင်းရဲခံနိုင်ပြီး အဖိုးအခ ပေးနိုင်လျှင်၊ မည်သည့် ကြီးမားသော ပြစ်မှားခြင်းများကိုမျှ မကျူးလွန်ဘဲ၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မချိုးဖောက်ဘဲ သို့မဟုတ် ကိုယ်တော်၏ စိတ်သဘောထားကို မပြစ်မှားဘဲ အဆုံးတိုင် သည်းခံပြီး ဇွဲရှိနိုင်လျှင် ၎င်းတို့သည် သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများ၊ ကျန်ရစ်နိုင်သော အလုပ်လုပ်ပေးသူများ ဖြစ်ကြသည်။ ဤသည်မှာ အတော်အတန် ကြီးမားသော ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ ဘုရားသခင်၏ အလိုတော်ကိုလည်း မလိုက်နာနိုင်ကြ၊ ဘုရားသခင်အတွက် သက်သေမခံနိုင်ကြ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အတွက် သက်သေခံသူများအဖြစ်လည်း မဆောင်ရွက်နိုင်ကြပေ၊ ဤကောင်းချီးမင်္ဂလာကို လက်ခံရရှိခြင်းသည် အတော်ပင် ကောင်းနေပြီ ဖြစ်သည်။ သမ္မာတရားကို မလိုက်စားဘဲ မည်သည့်အရာကို ရရှိရန် မျှော်လင့်နိုင်မည်နည်း။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်ရခြင်းသည် မဆိုးတော့ပေ။ အချို့လူများက “ဤပုဂ္ဂိုလ်များသည် ဘုရားသခင်၏ လူများ ဖြစ်လာရန် ဖြစ်နိုင်သလော” ဟု မေးကြသည်။ ဖြစ်နိုင်ပေသည်။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ဤပုဂ္ဂိုလ်များသည် စွန့်လွှတ်နိုင်ပြီး ဒုက္ခဆင်းရဲခံနိုင်ခြင်းကို အခြေခံ၍ သမ္မာတရားကို လက်ခံနိုင်လျှင်၊ မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို အသိအမှတ်ပြုပြီး မှန်ကန်စွာ ရင်ဆိုင်နိုင်လျှင်၊ ထို့နောက် ယင်းကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လျှင်၊ လူသားဆိုင်ရာ ကောင်းမြတ်မှု သို့မဟုတ် လူသားဆိုင်ရာ ချုပ်တည်းမှု၊ သည်းခံမှုနှင့် ဇွဲလုံ့လတို့အပေါ် အခြေခံ၍ မပြုမူဘဲ သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ သို့မှသာ အဆုံးတွင် ၎င်းတို့၏ စိတ်သဘောထားသည် အပြောင်းအလဲအချို့ကို ကြုံတွေ့နိုင်ပြီး ထိုအခါ ၎င်းတို့တွင် ဘုရားသခင်၏ လူများ ဖြစ်လာရန် အခွင့်အရေးအချို့ ရှိပေသည်။ သို့သော် ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူသည် စိတ်သဘောထား ပြောင်းလဲခြင်းနှင့် မသက်ဆိုင်လျှင်၊ သမ္မာတရားကို လက်ခံခြင်းနှင့် ကယ်တင်ခြင်းခံရခြင်းတို့နှင့် မသက်ဆိုင်လျှင် ၎င်းတို့ ဘုရားသခင်၏ လူများ ဖြစ်လာရန် အခွင့်အရေးမှာ သုညဖြစ်သည်၊ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများကို ဆက်ဆံခြင်းအတွက် စည်းမျဉ်းမှာ အဘယ်နည်း။ ဤလူတို့ကို ကြည်လင်ပြတ်သားသော စိတ်ရှိလာစေရန် အကြီးမားဆုံးသော ကြိုးပမ်းအားထုတ်မှု ပြုလုပ်ဖို့ ဖြစ်သည်။ ၎င်းတို့ကို ကြည်လင်ပြတ်သားသော စိတ်ရှိလာစေခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့ကို အကောင်အထည်မပေါ်နိုင်သော အိပ်မက်များ မမက်စေရန် တားဆီးဖို့ ဖြစ်သည်။ အချို့က “အကောင်အထည်မပေါ်နိုင်သော အိပ်မက်များ မက်ခြင်းဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း” ဟု မေးကောင်းမေးနိုင်သည်။ ယင်းမှာ လူတို့သည် မိမိတို့ကိုယ်ကို “လူ့သဘာဝကောင်းရှိခြင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း၊ စွန့်လွှတ်နိုင်စွမ်းရှိခြင်းနှင့် အဖိုးအခပေးလိုစိတ်ရှိခြင်း” အဖြစ် မှတ်ယူကြပြီး ထို့နောက် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရရန် မျှော်လင့်သည့်အခါ ဖြစ်သည်၊ ယင်းမှာ မဖြစ်နိုင်ပေ။ “လူ့သဘာဝကောင်းရှိခြင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း၊ စွန့်လွှတ်နိုင်စွမ်းရှိခြင်းနှင့် အဖိုးအခပေးလိုစိတ်ရှိခြင်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိရန် ဦးတည်နိုင်သည်” ဟူသော ရှုထောင့်အမြင်ကို စွဲကိုင်ထားခြင်းသည် မှားယွင်းပြီး မိုက်မဲကြောင်း ၎င်းတို့ကို ရှင်းလင်းစွာ သိမြင်စေရမည်။ ဤအရည်အသွေးများရှိခြင်းက လူတစ်ဦးသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပြီးဖြစ်ကြောင်း မဆိုလိုသကဲ့သို့ ကောင်းသော အပြုအမူအနည်းငယ်ရှိခြင်းသည်လည်း လူတစ်ဦးသည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု မဆိုထားနှင့်၊ လူတစ်ဦး ကယ်တင်ခြင်းခံရနိုင်သည်ဟု မဆိုလိုကြောင်း၊ ၎င်းတို့၏ ရှုထောင့်အမြင်များသည် အဓိပ္ပာယ်မဲ့ပြီး ရယ်ဖွယ်ကောင်းကာ ဘုရားသခင် ဖော်ပြခဲ့သော သမ္မာတရားနှင့် မကိုက်ညီဘဲ လုံးဝ သဟဇာတမဖြစ်ကြောင်း ၎င်းတို့ကို ရှင်းလင်းစွာ သိမြင်စေရမည်။ ဘာသာရေးဆိုင်ရာ အယူအဆများကို ခေါင်းမာစွာ စွဲကိုင်ထားသော ဤလူတို့အတွက်မူ ၎င်းတို့ကို ကူညီသင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သမ္မာတရားကို ၎င်းတို့အား မိတ်သဟာယဖွဲ့ပေးသင့်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်သေးလျှင်၊ သင်သည် သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့သည် ဉာဏ်မပွင့်ဘဲ ရှာဖွေရန် ရည်ရွယ်ချက်ကို မပြလျှင် ၎င်းတို့ကို အတင်းအကျပ်ခိုင်းရန် မလိုအပ်တော့ပေ။ ၎င်းတို့သည် အဆုံးတိုင် အလုပ်လုပ်ပေးသူများအဖြစ်သာ ရှိနိုင်ကြမည် ဖြစ်သည်။

၂။ ဘုရားသခင်၏ လူများ

သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများ၏ သရုပ်သကန်များအကြောင်း မိတ်သဟာယဖွဲ့ပြီးနောက် အခြားလူအမျိုးအစားတစ်မျိုး၏ သရုပ်သကန်များအကြောင်းကို ပြောကြစို့။ ဘုရားသခင်၏ အမျိုးမျိုးသော ဖော်ထုတ်မှုများနှင့် လူအမျိုးမျိုး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် တရားစီရင်မှုများကို ကြားပြီးနောက် ဤပုဂ္ဂိုလ်တစ်ဦးချင်းစီသည် နှိုင်းယှဉ်ကြည့်လျှင် မိမိတို့၏ ကိုယ်ပိုင်အတိတ်မှ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်မှုများနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ စိုးမိုးမှုအောက်တွင် ဖြစ်ပေါ်လာသည့် ဘုရားသခင်နှင့် သမ္မာတရားအပေါ်ထားသော သဘောထားအမျိုးမျိုးကို ပို၍ စဉ်းစားကြသည်။ ၎င်းတို့သည် မိမိတို့၏ အမျိုးမျိုးသော သရုပ်သကန်များကို ဆင်ခြင်သုံးသပ်ပြီး သိရှိလာကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆကြသည်၊ မိမိတို့၏ တာဝန်အပေါ်ထားသော သဘောထားကို ဆန်းစစ်ကြပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင်လည်းကောင်း၊ ဘုရားသခင် စီစဉ်ဖွဲ့စည်းထားသော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအလယ်တွင် ၎င်းတို့ ထုတ်ဖော်ပြသည့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးမှုများကိုလည်းကောင်း ဆန်းစစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်မှု၊ ဖော်ထုတ်မှုနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို လက်ခံရန် ကြိုးစားရင်း အသေးစိတ်အချက် တစ်ခုချင်းစီတိုင်းမှ မိမိတို့ကိုယ်ကို ဆန်းစစ်ပြီး သိရှိကြသည်။ ဤပုဂ္ဂိုလ်တစ်ဦးချင်းစီသည် အလုပ်လုပ်ပေးသူများထက် မည်သည့်နည်းလမ်းများဖြင့် ပိုကောင်းသနည်း။ ၎င်းတို့သည် သမ္မာတရားကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်းကောင်း၊ ဘုရားသခင် ဖော်ထုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတိုင်းကိုလည်းကောင်း တက်ကြွစွာ၊ အပြုသဘောဆောင်စွာဖြင့် လက်ခံနိုင်သည်။ တစ်ခါတစ်ရံ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်း၊ ရှောင်ရှားခြင်း သို့မဟုတ် လက်လျှော့ရန် စဉ်းစားခြင်းပင် ရှိနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားကို မိမိတို့ကိုယ်တိုင် လက်ခံလာစေရန် လှုံ့ဆော်မှုတစ်ခုကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ ဤလှုံ့ဆော်မှုသည် အဘယ်အရာဖြစ်သနည်း။ ယင်းမှာ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့ကို ပြောင်းလဲစေနိုင်သည်။ လူတစ်ဦးသည် သမ္မာတရားကို လက်ခံသရွေ့ ဤပြဿနာများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားလုံးကို ဖြေရှင်းနိုင်ပြီး ထိုအခါ ထိုသူသည် ကယ်တင်ခြင်းခံရနိုင်သည်။ ငါသည် ကယ်တင်ခြင်းခံရလိုပါက ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး သမ္မာတရားကို လက်ခံရမည်” ဟူ၍ ဖြစ်သည်။ ဥပမာအားဖြင့် ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းနှင့်ပတ်သက်သည့် သမ္မာတရားကို ကြားသည့်အခါ အချို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်လာကြပြီး ၎င်းတို့ ပြုလုပ်သည့် လှည့်ဖြားခြင်းနှင့် ကောက်ကျစ်ခြင်းအပြင် ၎င်းတို့၏ မသိမသာ ဒုက္ခပေးပြီး ကောက်ကျစ်ဆိုးယုတ်သော အသွင်အပြင်များကို ပို၍ ရှင်းလင်းစွာ မြင်တွေ့လာကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် သို့မဟုတ် စိတ်အာရုံတွင် ကျန်ရှိနေသေးသော မိမိတို့၏ အတိတ်မှ လိမ်လည်မှုများနှင့် လှည့်ဖြားသည့်နည်းလမ်းများကို ပြန်လည်အမှတ်ရကြသည်၊ ယင်းတို့သည် ရုပ်ရှင်ထဲမှ ဇာတ်ဝင်ခန်းများကဲ့သို့ ၎င်းတို့၏ စိတ်ထဲတွင် အထပ်ထပ်အခါခါ ပြန်လည်မြင်ယောင်လာပြီး ၎င်းတို့ကို ပို၍ ရှက်ရွံ့ကာ နာကျင်ပြီး ဝမ်းနည်းလာစေသည်။ အဆက်မပြတ် မိမိကိုယ်ကို ဆန်းစစ်ခြင်းနှင့် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းတို့ ပြုလုပ်ပြီးနောက် ၎င်းတို့သည် ရာဇဝတ်သားများကဲ့သို့ ခံစားကြရပြီး ချက်ချင်းပင် လုံးဝ အားအင်ကုန်ခမ်းကာ မတ်တပ်မရပ်နိုင်တော့ပေ။ ၎င်းတို့သည် မိမိတို့မှာ လူကောင်းများမဟုတ်ဘဲ ဆိုးယုတ်သောသူများဖြစ်သည်ဟု ခံစားကြရပြီး ၎င်းတို့သည် ကံကောင်းထောက်မ၍ ဘုရားသခင်ကို တိုက်ရိုက် အတိုက်အခံမလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းမှာ အမှန်ပင် သီသီလေး လွတ်မြောက်ခြင်း ဖြစ်ကြောင်း တွေးထင်ကြသည်။ ထို့နောက် ၎င်းတို့သည် လူတစ်ဦးအနေဖြင့် ဤကဲ့သို့ ရှုံးနိမ့်ရန် မလိုလားဘဲ နိုးကြားလာကြပြီး “ငါသည် အသစ်တစ်ဖန် ပြန်လည်စတင်ရမည်ဖြစ်ပြီး ရိုးသားသောလူတစ်ဦး ဖြစ်ရမည်၊ သို့မဟုတ်လျှင် ငါသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံရနိုင်ပေ။ ကယ်တင်ခြင်းခံရရန် ငါသည် ရိုးသားသောလူတစ်ဦး ဖြစ်ရမည်။ ငါသည် ယခု လုံးဝ လက်မလျှော့နိုင်ပေ” ဟု သန္နိဋ္ဌာန်ချကြသည်။ ဤလူများသည် သမ္မာတရားကို အစောပိုင်းတွင် လက်ခံသည်ဖြစ်စေ၊ နောက်ပိုင်းတွင် လက်ခံသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ နားလည်သဘောပေါက်မှုသည် နက်ရှိုင်းသည်ဖြစ်စေ၊ အပေါ်ယံဆန်သည်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားသည် အလွန်အမင်း မနှစ်မြို့ခြင်း သို့မဟုတ် အတိုက်အခံလုပ်ခြင်း ဖြစ်ဖို့ဝေးစွ၊ မထီမဲ့မြင်ပြုခြင်းမဟုတ်ချေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တက်ကြွစွာ အသိအမှတ်ပြုပြီး လက်ခံကြကာ ထို့နောက် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ရန် အစဉ်အသင့်ရှိနေကြသည်။ ၎င်းတို့ ပြုမူဆောင်ရွက်သည့်အခါ သို့မဟုတ် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် စည်းမျဉ်းများကို ရှာဖွေရန် အစွမ်းကုန်ကြိုးစားပြီး ထို့နောက် ဤစည်းမျဉ်းများအတိုင်း သတိရှိစွာ ပြုမူဆောင်ရွက်ကြသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် သတ်သတ်မှတ်မှတ်ဖြစ်သော စည်းမျဉ်းများကို မရှာဖွေနိုင်လျှင် သို့မဟုတ် ဦးတည်ရာကို နားမလည်နိုင်လျှင်ပင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ၊ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီစွာ ထမ်းဆောင်ရန် ဖြစ်သည်။ ဤလူများ၏ လူ့သဘာဝနှင့် အလုပ်လုပ်ပေးသူများ၏ လူ့သဘာဝတို့သည် အများအားဖြင့် တူညီကြသည်၊ မြင့်ခြင်းနှင့် နိမ့်ခြင်း သို့မဟုတ် မြင့်မြတ်ခြင်းနှင့် ယုတ်ညံ့ခြင်းဟူ၍ ခြားနားချက်မရှိပေ။ ဤလူအမျိုးအစားထဲမှ များစွာသောသူတို့သည် မိမိတို့ကိုယ်ကို “လူ့သဘာဝကောင်းရှိခြင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း၊ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် စွန့်လွှတ်နိုင်စွမ်းရှိခြင်း၊ မိမိ၏ တာဝန်ကို ထမ်းဆောင်ရန် အဖိုးအခပေးလိုစိတ်နှင့် ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်ခြင်း” အဖြစ် ရှုမြင်ကြသည်မှာ ပြောစရာမလိုပေ။ သို့သော် ဤလူများနှင့် အလုပ်လုပ်ပေးသူများအကြား ခြားနားချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် လူတို့ကို ဖော်ထုတ်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့၏ သဘောထားသည် လျစ်လျူရှုခြင်းမဟုတ်၊ ရှောင်တိမ်းခြင်းမဟုတ်ဘဲ တက်ကြွစွာနှင့် စိတ်ရင်းမှန်ဖြင့် လက်ခံခြင်း ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့သည် စိတ်ဆင်းရဲပြီး စိတ်မချမ်းမသာဖြစ်လျှင်ပင်၊ မိမိတို့၏ ထုတ်ဖော်ခံရသော ဖောက်ပြန်ပျက်စီးမှုအပေါ် ဒေါသထွက်ခြင်းကို ဖော်ပြလျှင်ပင် နောက်ဆုံးတွင် ၎င်းတို့သည် ယင်းတို့ကို မှန်ကန်စွာ ရင်ဆိုင်နိုင်ကြသေးသည်၊ တက်ကြွစွာ လက်ခံကြပြီး လက်ဦးမှုဖြင့် လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်ကြသည်။ ဤသည်မှာလည်း လူအမျိုးအစားတစ်မျိုး မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူများသည် အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုခြင်း မရှိကြသလော။ (ဟုတ်ပါသည်။) ဤလူများ များစွာ ရှိသလော။ (မများပါ။) ယခုအခါ များစွာမရှိသော်လည်း ၎င်းတို့၏ အရေအတွက် တိုးပွားလာမည်ဟု မျှော်လင့်ချက်ရှိသည်။ သို့ဆိုလျှင် ဤလူများကို မည်သည့်အမျိုးအစားထဲသို့ ခွဲခြားထည့်သွင်းသင့်သနည်း။ ဤတိကျသော သရုပ်သကန်များသည် ဤလူများက သမ္မာတရားကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လက်ခံနိုင်ကြောင်း ညွှန်ပြနိုင်သလော။ (ညွှန်ပြနိုင်ပါသည်။) ၎င်းတို့ ညွှန်ပြနိုင်သည်။ သဘောပေါက်နားလည်နိုင်စွမ်း ညံ့ဖျင်းသော အချို့လူများသည် သမ္မာတရားကို ပို၍ နှေးကွေးစွာ လက်ခံကြသော်လည်း ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့သည် သမ္မာတရားကို လက်ခံကြပြီး ယင်းထဲသို့ တက်ကြွစွာ ဝင်ရောက်လိုသော စိတ်သဘောထားရှိကြသည်။ တစ်စုံတစ်ဦးက အလင်းသစ် သို့မဟုတ် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသော လက်တွေ့လုပ်ဆောင်ခြင်းအတွက် လမ်းခရီးများကို မိတ်သဟာယဖွဲ့သည့်အခါတိုင်း ၎င်းတို့၏ မျက်လုံးများသည် အရောင်တောက်လာသည်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ရှင်းလင်းလာပြီး “နောက်ဆုံးတွင်မူ တစ်စုံတစ်ယောက်က ဤအလင်းကို မိတ်သဟာယဖွဲ့ခဲ့ပြီ။ ဤသည်မှာ ငါလိုအပ်သောအရာ ဖြစ်သည်” ဟု တွေးလျက် ဝမ်းမြောက်ကြသည်။ ၎င်းတို့သည် မိမိတို့ လိုအပ်နေသောအရာကို အစဉ်သဖြင့် နားလည်နိုင်ကြသည်၊ ၎င်းတို့ အရေးတကြီး လိုအပ်ပြီး ကင်းမဲ့နေသော အလင်းနှင့် ဉာဏ်အလင်းရခြင်းကို ရရှိနိုင်ကြပြီး ၎င်းတို့၏ ညီအစ်ကိုမောင်နှမများ မိတ်သဟာယဖွဲ့သော စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုမှ ၎င်းတို့ လိုအပ်သော သမ္မာတရား စည်းမျဉ်းများကို ရှာဖွေနိုင်ကြသည်။ ဤတိကျသော သရုပ်သကန်များကို အခြေခံ၍ ၎င်းတို့၏ စိတ်နှလုံးများသည် သမ္မာတရားကို မတောင့်တကြသလော။ (တောင့်တကြပါသည်။) ဤလူများသည် သမ္မာတရားကို ချစ်မြတ်နိုးသည်ဟု ငါတို့ ပြောဆိုပါက ဤပြောဆိုချက်သည် အလွန် ဓမ္မဓိဋ္ဌာန်ကျခြင်း သို့မဟုတ် တိကျမှန်ကန်ခြင်း မရှိပေ။ သို့သော် ၎င်းတို့၏ တိကျသော သရုပ်သကန်များကို အခြေခံ၍ ဤလူများသည် သမ္မာတရားကို တောင့်တကြသည်။ ဤတောင့်တခြင်းသည် အဘယ်မှ လာသနည်း။ ယင်းမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် ၎င်းတို့၏ မျှော်လင့်ချက်မှလည်းကောင်း၊ ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် ကြုံတွေ့ရသော အမျိုးမျိုးသော ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းရန် ၎င်းတို့၏ မျှော်လင့်ချက်မှလည်းကောင်း၊ သမ္မာတရား၌ တိုးတက်မှုရရှိရန်၊ ပို၍ နှိုက်နှိုက်ချွတ်ချွတ် လေ့လာရန် ၎င်းတို့၏ မျှော်လင့်ချက်မှလည်းကောင်း၊ ထို့အပြင် စည်းမျဉ်းများဖြင့် အမှန်တကယ် ပြုမူနိုင်ရန်၊ လမ်းကြောင်းတစ်ခုဖြင့် လက်တွေ့လုပ်ဆောင်နိုင်ရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်မှုများမှ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သည်ကို၊ ယင်းတို့ကို မည်သို့ဖြေရှင်းပြီး ဖယ်ရှားရမည်ကို ပို၍ တိကျစွာ အသိအမှတ်ပြုနိုင်ရန် ၎င်းတို့၏ မျှော်လင့်ချက်မှလည်းကောင်း လာခြင်း ဖြစ်သည်။ ဤလူများသည် ရာထူးအဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၊ မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းကို ခေါင်းမာစွာ တစိုက်မတ်မတ် လုပ်ဆောင်ခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း၊ မာနထောင်လွှားခြင်း၊ လှည့်ဖြားတတ်ခြင်း သို့မဟုတ် စိတ်နှလုံးမာကျောခြင်းကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအတွင်း၌ မကြာခဏ အသက်ရှင်နေထိုင်ကြလျှင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဆက်မပြတ် စားသုံးခြင်းနှင့် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းမှတစ်ဆင့် ဤသိသာထင်ရှားသော ပြဿနာများကို တဖြည်းဖြည်း ဆန်းစစ်ပြီး ဖော်ထုတ်သွားမည် ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် ဤအရာများကို ပြဿနာများအဖြစ်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်မှုများအဖြစ်၊ သမ္မာတရားနှင့် မကိုက်ညီသောအရာ၊ ဘုရားသခင် မုန်းတီးသောအရာအဖြစ် အသိအမှတ်ပြုနိုင်သည်။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သတိပြုမိပြီးနောက် ၎င်းတို့သည် ယင်းတို့ကို ဖြေရှင်းရန်နှင့် ဖယ်ရှားရန် သာ၍ပင် တောင့်တကြသည်။ ဤသည်မှာ သမ္မာတရားအတွက် ၎င်းတို့၏ တောင့်တခြင်း၏ ရင်းမြစ်တစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းတို့တွင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် လိုအပ်ချက်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန် အရေးတကြီး စိတ်သဘောထား ရှိကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ထုတ်ဖော်ပြခဲ့သည်ကို ရှာဖွေတွေ့ရှိသည်ဖြစ်စေ၊ ၎င်းတို့ ကြုံတွေ့ရသည့် မည်သည့် ပြဿနာများ သို့မဟုတ် အခက်အခဲများပင်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် တိကျမှန်ကန်သော အဖြေများကို ရှာဖွေရန်၊ ဘုရားသခင်က လူထံမှ အဘယ်အရာကို တောင်းဆိုသည်ကို နားလည်ရန်နှင့် ယင်းတို့ကို ဖြေရှင်းရန် မည်သည့်သမ္မာတရားများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုသင့်သည်ကို နားလည်ရန် ပို၍ စိတ်အားထက်သန်ကြသည်။ သမ္မာတရားအတွက် ၎င်းတို့၏ တောင့်တခြင်း၏ တိကျသော သရုပ်သကန်များနှင့် ရင်းမြစ်များမှာ ဤအရာများ ဖြစ်ကြသည်။ ဤသို့ပြောခြင်းသည် ဓမ္မဓိဋ္ဌာန်ကျသော ပြောဆိုချက်တစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) ဤလူများကို သမ္မာတရားကို ချစ်မြတ်နိုးသည်ဟု မဆိုနိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးပါက အလွန် တက်ကြွကြမည်ဖြစ်ပြီး ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များသည် ပို၍ အပြုသဘောဆောင်မည် ဖြစ်သည်။ သို့သော် ဤလူများ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ၎င်းတို့၏ အမှန်တကယ်ဖြစ်သော ဝိညာဉ်ရင့်ကျက်မှုအပေါ် အခြေခံ၍ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးသည့်အဆင့်သို့ မရောက်ရှိသေးဘဲ ယင်းကို တောင့်တရုံသာ ရှိသေးသည်။ ဤပြောဆိုချက်သည် အတော်ပင် ဓမ္မဓိဋ္ဌာန်ကျပြီးဖြစ်သည်။ သို့ဆိုလျှင် ဤလူများ၏ အမျိုးမျိုးသော သရုပ်သကန်များကို ကြည့်ရှုလျက် ၎င်းတို့ကို မည်သည့်အမျိုးအစားထဲသို့ ခွဲခြားထည့်သွင်းသင့်သနည်း။ တိကျမှန်ကန်စွာ ပြောရလျှင် ဤလူများသည် ဘုရားသခင်၏ လူများဟူသည့် အမျိုးအစားနှင့် သက်ဆိုင်သည်။ ဤအခိုင်အမာဆိုချက်တွင် အခြေခံအကြောင်းရင်းတစ်ခု ရှိသည်။ အဘယ်အခြေခံအကြောင်းရင်းနည်။ ဤလူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အခြားသူများ၏ စိတ်သဘောထားများနှင့် တူညီသည်။ လူ့သဘာဝအရ ၎င်းတို့၏ လူ့သဘာဝသည် ကောင်းသည်ဟု မဆိုနိုင်သကဲ့သို့ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် စုံလင်သောသူများဖြစ်သည်ဟုလည်း မဆိုနိုင်ပေ၊ ၎င်းတို့အများစုသည် သာမန် လူ့သဘာဝရှိကြသည်။ “သာမန်” ဟူသည်မှာ ဤနေရာတွင် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ အတိုင်းအတာတစ်ခုအထိ အသိတရားနှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ခြင်းကို ဆိုလိုသည်။ သို့သော် ဤသည်မှာ အရေးကြီးဆုံးသော ကဏ္ဍမဟုတ်ပေ။ အရေးအကြီးဆုံးမှာ အဘယ်အရာနည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ကြားပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဖော်ထုတ်ထားသော လူအမျိုးမျိုး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြောင်း ကြားပြီးနောက် ၎င်းတို့သည် လျစ်လျူရှုခြင်းမရှိဘဲ စိတ်လှုပ်ရှားကာ ူတစ်စုံတစ်ခုကို ဆောင်ရွက်ကြမည် ဖြစ်သည်။ တစ်စုံတစ်ခုကို ဆောင်ရွက်ခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များနှင့် ဤသမ္မာတရားများကို ကြားပြီးနောက် ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်း၌ ဆက်လက်အသက်ရှင်ပြီး ၎င်းတို့၏ ယခင် နေထိုင်မှုပုံစံအတိုင်း ဆက်လက်နေထိုင်ရန် မလိုလားတော့ခြင်း ဖြစ်သည်။ ထိုအစား ၎င်းတို့သည် ယခင်က အားကိုးခဲ့သော အမျိုးမျိုးသော အတွေးအခေါ်များ၊ ရှုထောင့်အမြင်များနှင့် ဖြစ်တည်မှုနည်းလမ်းများ၊ နေထိုင်မှုပုံစံတို့ကို ပြောင်းလဲရန် ကြိုးပမ်းကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင်လည်းကောင်း၊ ဘုရားသခင် စီစဉ်ဖွဲ့စည်းထားသော အမျိုးမျိုးသော အခြေအနေများတွင် သမ္မာတရားကို တက်ကြွစွာ ရှာဖွေကြပြီး မဆင်မခြင် တစ်ဇွတ်ထိုး ပြုမူမည့်အစား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံအဖြစ်၊ လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများအဖြစ် အသုံးပြုကြသည်။ ၎င်းတို့၏ လူ့သဘာဝ၊ အစွမ်းအစ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ တောင်းဆိုချက်များအပေါ် ၎င်းတို့၏ သဘောထားများနှင့် ရှုမြင်ပုံများ စသည်တို့မှကြည့်လျှင် ဤလူများသည် ဘုရားသခင် ကယ်တင်ရန် ရည်ရွယ်ထားသောသူများ အတိအကျ ဖြစ်ကြသည်။ ၎င်းတို့သည် အလုပ်လုပ်ပေးသူများထက် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် ပိုရှိကြသည်။ ကယ်တင်ခြင်းခံရရန် သမ္မာတရားကို လက်ခံပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်သောသူများသာလျှင် ဘုရားသခင်၏ လူများအဖြစ် သတ်မှတ်ခံရသည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်သည် အတော်ပင် လျော်ကန်သင့်မြတ်သည် မဟုတ်လော။ (သင့်မြတ်ပါသည်။) ယင်းသည် အသင့်တော်ဆုံး ဖြစ်သည်။ ကယ်တင်ခြင်းခံရခြင်းသည် အားအနည်းငယ် စိုက်ထုတ်ပြီး ကျန်ရစ်နိုင်ရန် အဖိုးအခ အနည်းငယ်ပေးကာ ထို့နောက် အရာအားလုံး ပြီးဆုံးသွားခြင်းအကြောင်း မဟုတ်ပေ။ ကယ်တင်ခြင်းခံရနိုင်သောသူများ၏ အခြေအနေမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို လက်ခံပြီး တွေ့ကြုံခြင်းမှတစ်ဆင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြေရှင်းခံရသည့် အခြေအနေတစ်ခု ဖြစ်သည်။ ဤဖြစ်စဉ်တွင် ၎င်းတို့သည် ဘုရားသခင်ကို သိလာကြသည်၊ မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နားလည်လာကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စစ်မှန်ပြီး တိကျသော တွေ့ကြုံမှုများ ရှိလာကြကာ ထိုသို့ဖြင့် ဘုရားသခင်အတွက် သက်သေခံနိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် သက်သေခံချက်ပေးနိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ မည်သည့်ကဏ္ဍများအကြောင်း သက်သေခံကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်းကို သက်သေခံကြသည်။ ဤသည်မှာ ကယ်တင်ခြင်းရရှိပြီးနောက် လူတစ်ဦး၌ ထင်ရှားပေါ်လွင်နိုင်သည့်အရာ ဖြစ်သည်။ လူများသည် ကယ်တင်ခြင်းခံရပြီးနောက် ဤရလဒ်များကို အဘယ်ကြောင့် စွမ်းဆောင်ရရှိနိုင်သနည်း။ ၎င်းတို့သည် ဤအရာကို မိမိတို့ကိုယ်ကို “လူ့သဘာဝကောင်းရှိခြင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း၊ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် စွန့်လွှတ်နိုင်စွမ်းရှိခြင်း၊ မိမိ၏ တာဝန်ကို ထမ်းဆောင်ရန် အဖိုးအခပေးလိုစိတ်ရှိခြင်း” ဟု မှတ်ယူသောကြောင့် စွမ်းဆောင်ရရှိခြင်း မဟုတ်ပေ။ တစ်ခုတည်းသောအကြောင်းရင်း၊ ပြီးလျှင် အရေးအကြီးဆုံးသောအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အသက်အဖြစ် လက်ခံနိုင်ခြင်း၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ မိမိတို့၏ မူလ၊ ဟောင်းနွမ်းသော နေထိုင်မှုနည်းလမ်းများနှင့် နေထိုင်မှုအပေါ် ရှုမြင်ပုံများကို ဘေးဖယ်ထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အသက်သစ်အဖြစ် ခံယူခြင်းတို့ကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကျင့်ကြံပြုမူရန်၊ အမှုအရာများကို လုပ်ဆောင်ရန်၊ ဘုရားသခင်နောက်လိုက်ရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံရန်နှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံအဖြစ် အသုံးပြုကြသည်။ ဤသည်မှာ ထိုသို့သောလူများ၌ စွမ်းဆောင်ရရှိနိုင်သော ရလဒ် ဖြစ်သည်။ ကယ်တင်ခြင်းရရှိရန် အရေးကြီးဆုံးသော ကဏ္ဍမှာ အဘယ်အရာဖြစ်သနည်း။ (သမ္မာတရားကို လက်ခံနိုင်ခြင်း ဖြစ်ပါသည်။) မှန်ပေသည်။ သမ္မာတရားကို လက်ခံနိုင်ခြင်းသည် အဓိကသော့ချက် ဖြစ်သည်။

အချို့လူများက “ကျွန်ုပ်သည် ဘုရားသခင်အတွက် အဆုံးတိုင် ကိုယ့်ကိုယ်ကိုယ် အသုံးခံပါက ဘုရားသခင်သည် ကျွန်ုပ်ကို ကြီးစွာ ကောင်းချီးပေးမည်လော” ဟု ပြောဆိုကြသည်။ သင်သည် သမ္မာတရားကို လက်မခံသော်လည်း အဆုံးတိုင် ဘုရားသခင်နောက်ကို လိုက်ရန်၊ နောက်ဆုံးအချိန်အထိ အလုပ်လုပ်ပေးရန် ဆက်လက်ဇွဲရှိနိုင်ပြီး ထိုအတောအတွင်း ကြီးမားသော ပြစ်မှားခြင်းများမရှိဘဲ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိပါက ထိုသို့သောအခြေအနေများအောက်တွင် ဘုရားသခင်သည် သင့်ကို ကျန်ရစ်ခွင့်ရသော သစ္စာစောင့်သိသည့် အလုပ်လုပ်ပေးသူတစ်ဦးအဖြစ် မှတ်ယူလိမ့်မည်။ အချို့လူများက “ကျန်ရစ်ခြင်းသည် အဘယ်သို့သော ကောင်းချီးမင်္ဂလာဖြစ်သနည်း” ဟု မေးကြသည်။ ယင်းသည် သေးငယ်သော ကောင်းချီးမင်္ဂလာ မဟုတ်ပေ။ အခွင့်အရေးနှင့် ဖြစ်နိုင်ချေရှိပါက သင်သည် ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်ကို မြင်တွေ့ရနိုင်ပြီး ဤသည်မှာ နောက်ခေတ်တွင် ဘုရားသခင် မည်သို့အမှုပြုမည်အပေါ် မူတည်သည်။ ကျန်ရစ်ပြီး နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ အသက်ရှင်ရန် အခွင့်အရေးရှိပါက ထိုကောင်းချီးမင်္ဂလာသည် အတော်ပင် ထူးမြတ်ပေသည်။ ဤကောင်းချီးမင်္ဂလာသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းသည် “ကျွန်ုပ်သည် လူ့သဘာဝကောင်းရှိသည်၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်၊ ကျွန်ုပ်သည် စွန့်လွှတ်နိုင်သည်၊ အဖိုးအခပေးလိုစိတ်ရှိပြီး ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရန် ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်သည်” ဟူသော ရှုမြင်ပုံကို ဆုပ်ကိုင်ထားရင်း သစ္စာစောင့်သိစွာ အလုပ်လုပ်ပေးခြင်းဖြင့် စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ အလုပ်လုပ်ပေးသူများသည် ကျေနပ်ရောင့်ရဲရကောင်းမှန် မသိသင့်သလော။ (သိသင့်ပါသည်။) ၎င်းတို့သည် ဤကောင်းချီးမင်္ဂလာကို ရရှိရန် ကျေနပ်ရောင့်ရဲသင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပင် လက်မခံပေ၊ သို့တိုင်အောင် ဘုရားသခင်သည် သင်၏ သစ္စာစောင့်သိမှုနှင့် အဆုံးတိုင် အလုပ်လုပ်ပေးနိုင်စွမ်းကို မြင်သောကြောင့်၊ ဤကာလအတွင်း စွန့်ခွာခြင်းမရှိဘဲ၊ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း သို့မဟုတ် သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ခြင်းမရှိဘဲ၊ ကြီးမားသော ပြစ်မှားခြင်းများကို ကျူးလွန်ခြင်းမရှိဘဲနေသောကြောင့် ကိုယ်တော်သည် သင့်အား ဤကောင်းချီးမင်္ဂလာနှင့် ကျေးဇူးတော်ကို ပေးသနားတော်မူသည်။ လူသားမျိုးနွယ်ကို ဖန်ဆင်းချိန်မှစ၍ ဤသည်မှာ သစ္စာစောင့်သိစွာ အလုပ်လုပ်ပေးရုံသာရှိပြီး ကယ်တင်ခြင်း မရရှိခဲ့သော ဖောက်ပြန်ပျက်စီးသည့် လူသားများကို ဘုရားသခင် ပေးသနားသည့် အကြီးမြတ်ဆုံးသော လက်ဆောင် ဖြစ်သည်။ သင်သည် အားအနည်းငယ်သာ စိုက်ထုတ်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပင် လက်မခံပေ။ ထိုသို့သော ကြီးမားသည့် ကောင်းချီးမင်္ဂလာကို လက်ခံရရှိနိုင်ခြင်းသည် အတော်ပင် ကောင်းမွန်နေပြီဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏ အလွန်ကြီးမားသော ကျေးဇူးတော် ဖြစ်သည်။ အခြားအမျိုးအစားမှာ ငါတို့ ယခုလေးတင် ပြောဆိုခဲ့သော ဘုရားသခင်၏ လူများ ဖြစ်ကြသည်။ ဘုရားသခင်၏ လူများ လက်ခံရရှိသော ကောင်းချီးမင်္ဂလာများသည် အလုပ်လုပ်ပေးသူများ လက်ခံရရှိသော ကောင်းချီးမင်္ဂလာများထက် သေချာပေါက် ပို၍ ကြီးမြတ်သည်။ သို့ဆိုလျှင် ဘုရားသခင်၏ လူများ၏ ကောင်းချီးမင်္ဂလာကား အဘယ်နည်း။ ကျန်ရစ်နိုင်ရုံ သို့မဟုတ် ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်ကို မြင်တွေ့ရန် အခွင့်အရေးရှိရုံမျှကဲ့သို့ မရိုးရှင်းသည်မှာ ပြောစရာမလိုပေ။ သာ၍များပြားသော ကောင်းချီးမင်္ဂလာများ ရှိသေးသော်လည်း ငါတို့သည် ယင်းတို့ကို ဤနေရာတွင် ဆွေးနွေးမည်မဟုတ်ပေ။ ထိုအကြောင်းကို ပြောဆိုခြင်းသည် လက်တွေ့မကျသည့်အပြင် သင်တို့ကို ငါပြောလျှင်ပင် သင်တို့သည် ယခု နားလည်မည်မဟုတ်သကဲ့သို့ ရရှိမည်လည်း မဟုတ်ပေ။ ဘုရားသခင်၏ လူများသည် ဘုရားသခင် ကယ်တင်ရန် ရည်ရွယ်ထားသောသူများ ဖြစ်ကြပြီး လူသားမျိုးနွယ်အားလုံးထဲတွင် ၎င်းတို့သည် အကြီးမြတ်ဆုံးသော ကောင်းချီးမင်္ဂလာများကို လက်ခံရရှိကြသည်၊ ဤသည်မှာ လုံးဝ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင်၏ အမှုတော်တွင်၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ အမှုတော်အတွင်း၌ ဘုရားသခင်၏ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်ခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်နှင့် ၎င်းတို့၏ ဖြစ်တည်မှုအတွက် စည်းမျဉ်းများအဖြစ် သဘောထားနိုင်ခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် ခံယူခြင်းအားဖြင့်လည်းကောင်း စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်လျက် ဘုရားသခင်အတွက် ခိုင်မာပြီး အားကောင်းသော သက်သေခံချက်ကို ပေးခဲ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ အသက်ရှင်နေထိုင်သည့်အရာ၊ မိမိတို့၏ အသက်ကို အသုံးပြု၍ စာတန်ကို တန်ပြန်တိုက်ခိုက်ပြီး ရှက်ကြောက်စေနိုင်သည်၊ လူသားမျိုးနွယ်အကြားတွင် ဘုရားသခင်အတွက် သက်သေခံနိုင်ပြီး ထိုသို့ဖြင့် ဘုရားသခင်ထံ ဘုန်းအသရေကို ဆောင်ကြဉ်းပေးနိုင်ကြသည်။ သို့ဖြစ်၍ ဘုရားသခင်၏ လူများသည် ဘုရားသခင် ကယ်တင်ရန် ရည်ရွယ်ထားသောသူများ၊ ကယ်တင်ခြင်းကို လက်ခံရရှိသောသူများ ဖြစ်ကြသည်။ အချို့လူများက “ဤပုဂ္ဂိုလ်တစ်ဦးချင်းစီသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အသက်အဖြစ် ခံယူနိုင်သောကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်နိုင်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်သောကြောင့် ယင်းက ၎င်းတို့ကို ဘုရားသခင်၏ ချစ်သားများ၊ ဘုရားသခင် နှစ်သက်တော်မူသောသူများ ဖြစ်စေသလော” ဟု ပြောဆိုကြသည်။ သင်သည် အလွန်အကျွံ စဉ်းစားနေခြင်းဖြစ်သည်၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်ရုံနှင့်ပင် လုံလောက်ပြီ။ ဘုရားသခင်က သင့်ကို သူ၏သား၊ သူ၏ကလေး သို့မဟုတ် သူ၏ချစ်သားဟု ခေါ်ပါက ယင်းမှာ ဘုရားသခင်၏ အမှုဖြစ်သည်၊ သို့သော် မည်သည့်အချိန်တွင်မဆို သင်သည် မိမိကိုယ်ကို ဘုရားသခင်၏ ချစ်သား၊ ဘုရားသခင်၏ သား သို့မဟုတ် ဘုရားသခင်၏ အသည်းကျော်ဟု မည်သည့်အခါမျှ မတောင်းဆိုရပေ။ သင်၏ ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်၍ ထိုသို့သော တောင်းဆိုမှုများကို မပြုလုပ်နှင့်၊ မိမိကိုယ်ကို ထိုသို့ မမှတ်ယူနှင့်၊ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်။ ဤသည်မှာ မှန်ကန်သည်။ တစ်နေ့တွင် သင်သည် ဘုရားသခင်၏ လူများအကြားတွင် ခေါ်ဆောင်ခြင်း ခံရလျှင်ပင်၊ သို့မဟုတ် သင်သည် ကယ်တင်ခြင်းခံရခြင်း၏ လမ်းခရီးပေါ်သို့ စတင်လျှောက်လှမ်းခဲ့ပြီးဖြစ်လျှင်ပင် သင်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်နေသေးသည်။ သင်သည် ဤသို့ တွေးထင်ပါက သင်လျှောက်လှမ်းနေသော လမ်းခရီးသည် မှန်ကန်သောလမ်းခရီးဖြစ်ကြောင်း သက်သေပြသည်။ သင်သည် ဘုရားသခင်၏ ချစ်သားဖြစ်ရန်၊ ဘုရားသခင် ချစ်မြတ်နိုးသောသူဖြစ်ရန်၊ ဘုရားသခင် နှစ်သက်တော်မူသောသူဖြစ်ရန် အစဉ်ရှာဖွေနေပါက သင်လျှောက်လှမ်းနေသော လမ်းကြောင်းသည် မှားယွင်းသောလမ်းခရီး ဖြစ်သည်၊ ဤလမ်းကြောင်းသည် မည်သည့်နေရာသို့မျှ မရောက်ရှိဘဲ သင်သည် ထိုသို့သော အကောင်အထည် မပေါ်နိုင်သည့် အတွေးမျိုးကို မတွေးသင့်ပေ။ ဘုရားသခင်သည် ထိုသို့သော နှုတ်ကပတ်တော်များကို ပြောဆိုခဲ့ဖူးသည်ဖြစ်စေ၊ မပြောဆိုခဲ့ဖူးသည်ဖြစ်စေ၊ လူတို့အား ထိုသို့သော ကတိတစ်ခုကို ပေးခဲ့သည်ဖြစ်စေ၊ မပေးခဲ့သည်ဖြစ်စေ သင်သည် မိမိကိုယ်ကို ဤသို့ မမှတ်ယူသင့်ပေ၊ ယင်းမှာ သင်ရရှိရန် ကြိုးစားသင့်သည့်အရာ မဟုတ်ပေ။ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်ရခြင်းသည် လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်၊ ဘုရားသခင်၏ လူများသည် ဖန်ဆင်းခံများအနေဖြင့် စံနှုန်းပြည့်မီပြီးဖြစ်သည်။ သင်သည် ယခုထက်ထိ ဖန်ဆင်းခံတစ်ဦး မဖြစ်သေးခြင်းမှာ ဝမ်းနည်းစရာတစ်ခုသာ ဖြစ်သည်။ သို့ဖြစ်၍ ထိုမရေရာသော၊ အထင်အမြင်မှားစေသော၊ အနှစ်မဲ့သောအရာများကို မလိုက်စားနှင့်။ ကယ်တင်ခြင်းခံရရန် လိုက်စားနိုင်ခြင်းသည် အတိုင်းအတာတစ်ခုအထိ ကယ်တင်ခြင်းခံရခြင်း၏ လမ်းခရီးပေါ်သို့ စတင်လျှောက်လှမ်းနေခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ လူများ၏ အဓိက လက္ခဏာများမှာ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ခြင်းနှင့် သမ္မာတရားကို ချစ်မြတ်နိုးကြောင်း ပြသခြင်းတို့ ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းနှင့် ကယ်တင်ခြင်းကို လိုက်စားခြင်း၏ ဖြစ်စဉ်တွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ အတွေးအခေါ်ဟောင်းများနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သည့် အမျိုးမျိုးသော အပျက်သဘောဆောင်သည့် အခြေအနေများနှင့် သရုပ်သကန်များကို မတူညီသော အတိုင်းအတာများအထိ ဖြေရှင်းနိုင်သည်၊ ဖယ်ရှားနိုင်သည်၊ ပြောင်းလဲနိုင်သည်။ ထို့နောက် ၎င်းတို့သည် ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၊ သမ္မာတရား စည်းမျဉ်းများကို နားလည်သောလူတစ်ဦးဖြစ်ခြင်း၊ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှုရှိသော လူတစ်ဦးဖြစ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်သောလူတစ်ဦး ဖြစ်ခြင်းဟူသည့် ဘုရားသခင်၏ တောင်းဆိုချက်များကို အသက်ရှင်နေထိုင်နိုင်သည်။ စံနှုန်းပြည့်မီပြီး စံသတ်မှတ်ချက်နှင့် ကိုက်ညီသော ဘုရားသခင်၏ လူများထဲမှ တစ်ဦး မည်သို့ဖြစ်ရမည်နှင့်ပတ်သက်၍မူ ငါတို့သည် ဤနေရာတွင် အသေးစိတ် ရှင်းပြမည်မဟုတ်ပေ၊ ယင်းမှာ ယနေ့ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်း၏ အကြောင်းအရာ မဟုတ်ပေ။

၃။ အငှားအလုပ်သမားများ

အလုပ်လုပ်ပေးသူများနှင့် ဘုရားသခင်၏ လူများအပြင် ဘုရားသခင် ရွေးချယ်ထားသောသူများထဲတွင် အသနားစရာ အကောင်းဆုံးဖြစ်သည့် အခြားသော လူအမျိုးအစားတစ်မျိုးလည်း ရှိသေးသည်။ ဘုရားသခင် ဖော်ပြခဲ့သော အမျိုးမျိုးသော သမ္မာတရားများနှင့် လူသားမျိုးနွယ်အပေါ် သူ၏ ဖော်ထုတ်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်အမျိုးမျိုးကို ကြားပြီးနောက်တွင် ၎င်းတို့၏ အပြုအမူ၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာနှင့် ၎င်းတို့၏ လိုက်စားမှုတို့သည် လုံးဝ ပြောင်းလဲခြင်းမရှိပေ။ သင်သည် ၎င်းတို့နှင့် သမ္မာတရားအကြောင်းကို မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့သည် တုံ့ပြန်မှုမရှိဘဲ နေကြသည်။ “ကျွန်ုပ် မပြောင်းလဲချင်ပါ။ ကျွန်ုပ် နေချင်သလို နေမည်၊ မည်သူမျှ ကျွန်ုပ်ကို မထိန်းချုပ်နိုင်ပါ။ သင်တို့ ကြိုက်သလိုလုပ်၊ ကျွန်ုပ် ဂရုမစိုက်ပါ။ ကျွန်ုပ် အခု စိတ်မကြည်ပါ၊ သို့ဖြစ်၍ သင်တို့အားလုံး ကျွန်ုပ်ကို လာမနှောင့်ယှက်နှင့်။ လာနှောင့်ယှက်လျှင် ကျွန်ုပ် ယဉ်ကျေးတော့မည် မဟုတ်” ဟူ၍ ဖြစ်သည်။ ၎င်းတို့က “ကျွန်ုပ်သည် လူ့သဘာဝကောင်းရှိသည်၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်၊ ကျွန်ုပ်သည် စွန့်လွှတ်နိုင်သည်၊ ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခပေးလိုစိတ်ရှိသည်” ဟူသည့် တိကျသော သဘောထား သို့မဟုတ် ရှုထောင့်အမြင်ဖြင့် မိမိတို့ကိုယ်ကို မမှတ်ယူကြသော်လည်း ညီအစ်ကိုမောင်နှမများကြားတွင် ပို၍ တိကျသော သဘောထားတစ်ခုကို ပြသကြသည်။ ဤသဘောထားမှာ အဘယ်နည်း။ ယင်းမှာ “ကျွန်ုပ် လုပ်ချင်သလို လုပ်မည်၊ ကျွန်ုပ် ကြိုက်ရာကို ပြုမည်။ မည်သူမျှ ကျွန်ုပ်ကို သမ္မာတရားလက်ခံရန် မတိုက်တွန်းသင့်၊ မည်သူမျှ ကျွန်ုပ်ကို ပြောင်းလဲရန် မကြိုးစားသင့်ပေ။ ကျွန်ုပ်ကို သမ္မာတရားလက်ခံရန် ကြိုးစားတိုက်တွန်းသူ မည်သူမဆိုသည် ကိုယ့်ဒုက္ခ ကိုယ်ရှာခြင်းသာ ဖြစ်သည်၊ မည်သူမဆို ကျွန်ုပ်ကို ပြုပြင်ရန် ကြိုးစားပါက ကျွန်ုပ် အသက်နှင့်လဲ၍ ပြန်တိုက်ခိုက်မည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ပြောခဲ့သော မည်သည့်နှုတ်ကပတ်တော်ကိုမျှ စိုးစဉ်းမျှ စိတ်မဝင်စားသကဲ့သို့ ဘုရားသခင် ပြုသည့်အမှုတော်ကိုလည်း စိတ်မဝင်စားပေ။ ညီအစ်ကိုမောင်နှမများက စုဝေးပွဲများအတွင်း သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း ထုတ်ဖော်ပြောကြသည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အမှုအရာများကို လုပ်ဆောင်ခြင်းဆိုင်ရာ စည်းမျဉ်းများအပြင် လူတို့ ဘုရားသခင်အပေါ် ထားရှိသင့်သော သဘောထားနှင့် လူလူချင်း ပေါင်းသင်းဆက်ဆံရာတွင် စောင့်ထိန်းသင့်သော စည်းမျဉ်းများနှင့်ပတ်သက်၍မူ ၎င်းတို့သည် မထီမဲ့မြင်ပြုသော သဘောထားဖြင့် ဆက်ဆံကြသည်မှာ ပြောစရာမလိုပေ။ အချို့သော ပုဂ္ဂိုလ်များသည် တာဝန်တစ်ခုကို ထမ်းဆောင်ကြသော်လည်း ဘုရားအိမ်တော်က တောင်းဆိုသော စည်းမျဉ်းများကို လုံးဝ လျစ်လျူရှုကြပြီး မိမိတို့ စီစဉ်ထားသည့်အတိုင်းသာ လုပ်ဆောင်ကြသည်။ သင်သည် ၎င်းတို့နှင့် စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် သင်၏ရှေ့တွင် သဘောတူကြသော်လည်း ထို့နောက် လှည့်ထွက်သွားကာ မိမိတို့၏ မကောင်းဆိုးဝါးသွင်ပြင်ကို ပြသလျက် မဆင်မခြင် တစ်ဇွတ်ထိုး ပြုမူကြတော့သည်။ အပြင်ပန်းတွင် ယဉ်ကျေးသော လူများကဲ့သို့ ထင်ရသော ပုဂ္ဂိုလ်များလည်း ရှိသေးသည်၊ သို့သော် သင်သည် ၎င်းတို့နှင့် စကားပြောဆိုသည့်အခါ ၎င်းတို့၏ ရှုမြင်ပုံများမှာ မမှန်ကန်၊ ၎င်းတို့၏ လေသံမှာ မမှန်ကန်၊ ပို၍ အရေးကြီးသည်မှာ ၎င်းတို့၏ စိတ်သဘောထားမှာ မမှန်ကန်သဖြင့် ၎င်းတို့နှင့် စကားပြောဆိုရန် မဖြစ်နိုင်ပေ။ သင်က ၎င်းတို့ကို “လောက၌ ဘုရားသခင် တည်ရှိသလော” ဟု မေးသည့်အခါ ၎င်းတို့က “ကျွန်ုပ် မသိပါ” ဟု ပြောသည်။ သင်က “ဤအရာကို ဤသို့ လုပ်ဆောင်သင့်သည်၊ ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်” ဟု ပြောသည်။ ၎င်းတို့က “သင်က ကျွန်ုပ်ကို မနှစ်မြို့ဘူးလား။ ကျွန်ုပ်ကို ပြဿနာရှာနေသလော။ သင်က ကျွန်ုပ်ကို နှင်ထုတ်ဖို့ ကြိုးစားနေခြင်းဖြစ်သလား” ဟု တုံ့ပြန်သည်။ သင်က “ဤသို့ ပြုမူခြင်းသည် အယူအဆများကို ဖြန့်ဝေခြင်းနှင့် အပျက်သဘောဆောင်မှုကို ပွင့်အံချခြင်းဖြစ်ပြီး အချို့သော ယုံကြည်သူအသစ်များကို ခလုတ်တိုက်လဲစေနိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားအိမ်တော်၏ စည်းမျဉ်းများကို လိုက်နာရမည်၊ လူလူချင်း ပေါင်းသင်းဆက်ဆံရာတွင် လိုက်နာသင့်သော စည်းမျဉ်းများကိုလည်း ရှင်းလင်းစွာ သိရှိရမည်။ ပြောဆိုပြုမူသည့်အရာက အခြားသူများကို တည်ဆောက်မှုမဖြစ်စေနိုင်လျှင် သို့မဟုတ် မကူညီနိုင်လျှင် အနည်းဆုံးအနေဖြင့် အခြားသူများအပေါ် ဆိုးကျိုးမသက်ရောက်စေသင့်ပေ။ ဤသည်မှာ ပုံမှန် လူ့သဘာဝရှိသူတစ်ဦး ပိုင်ဆိုင်သင့်သော ဆင်ခြင်တုံတရား ဖြစ်သည်” ဟု ပြောသည်။ ၎င်းတို့က “ကျွန်ုပ်ကို ပုံမှန် လူ့သဘာဝအကြောင်း ပြောနေခြင်းဖြစ်သလား၊ စည်းမျဉ်းများအကြောင်း သင်ပေးနေခြင်းဖြစ်သလား၊ သင့်ကိုယ်သင် မည်သူများ အောက်မေ့နေသနည်း။ သင်က ဘာမို့လို့လဲ။ ကျွန်ုပ် အပျက်သဘောဆောင်မှုကို ပွင့်အံချခြင်းမှာ အဘယ်အရာမှားသနည်း။ ခလုတ်တိုက်လဲသည့် ယုံကြည်သူအသစ်တစ်ဦး ရှိတိုင်း ယုံကြည်သူအသစ်တစ်ဦး လျော့နည်းသွားသည်။ ၎င်းတို့ကို မြင်ရသဖြင့် ကျွန်ုပ် စိတ်အနှောင့်အယှက် ဖြစ်စရာ မလိုတော့ပါ” ဟု ပြောသည်။ ၎င်းတို့နှင့် စည်းမျဉ်းများအကြောင်း ပြောဆိုခြင်းသည် အချည်းနှီးဖြစ်သကဲ့သို့ လူ့သဘာဝအကြောင်း ဆွေးနွေးခြင်းသည်လည်း အချည်းနှီးပင် ဖြစ်သည်။ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခြင်းကရော မည်သို့နည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဆိုင်ရာ မိတ်သဟာယဖွဲ့ခြင်းကိုလည်း နားမထောင်ကြပေ။ မည်သူမျှ ၎င်းတို့ကို မဝေဖန်ရဲ၊ မည်သူမျှ ၎င်းတို့ကို စိတ်အနှောင့်အယှက်မပေးရဲ သို့မဟုတ် ရန်မစရဲပေ။ အသင်းတော်၌ ထိုသို့သောလူများ ရှိသလော။ (ရှိပါသည်။) ရှင်းလင်းပစ်ခြင်းခံရသောသူများထဲတွင် ထိုသို့သော ပုဂ္ဂိုလ်များ အမှန်ပင် ရှိကြသည်။ ဤလူများသည် အလုပ်လုပ်ပေးသူများလော၊ ဘုရားသခင်၏ လူများလော၊ သို့မဟုတ် အဘယ်အရာများနည်း။ (၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရသော လူများဖြစ်ကြပါသည်။) ၎င်းတို့ကို အဘယ်ကြောင့် ဖယ်ရှားရှင်းလင်းခဲ့သနည်း။ (သမ္မာတရားကို လက်မခံခြင်းကြောင့်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းကြောင့် ဖြစ်ပါသည်။) ဤသည်မှာ ပြဿနာ၏ အနှစ်သာရ ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် သမ္မာတရားကို လက်မခံကြသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသနည်း။ အရင်းခံအကြောင်းရင်းမှာ အဘယ်အရာဖြစ်သနည်း။ (ဤလူများ၏ အနှစ်သာရမှာ မယုံကြည်သူများ၏ အနှစ်သာရ ဖြစ်ပါသည်။) မှန်သည်၊ ၎င်းတို့၏ အနှစ်သာရမှာ မယုံကြည်သူများ၏ အနှစ်သာရ ဖြစ်သည်။ အသင်းတော်၌ မယုံကြည်သူ အတော်များများ ရှိသော်လည်း မယုံကြည်သူအားလုံးသည် ဤကဲ့သို့ ဖြစ်ကြသလော။ (မဟုတ်ပါ။) အခြေခံအကျဆုံးသော လူ့ကိုယ်ကျင့်တရားနှင့် ပြုစုပျိုးထောင်မှုပင် ကင်းမဲ့သော ဤပုဂ္ဂိုလ်များသည် မယုံကြည်သူများ ဖြစ်သောကြောင့်သာ ဖယ်ရှားရှင်းလင်းခံရခြင်း ဖြစ်သလော။ ၎င်းတို့ကို အဘယ်ကြောင့် ဖယ်ရှားရှင်းလင်းခဲ့သနည်း။ အရင်းစစ်လျှင် ယင်းမှာ လူ့သဘာဝ၏ ပြဿနာဖြစ်သည်၊ ဤလူများတွင် ဆိုးရွားပြီး မလိုမုန်းထားသော လူ့သဘာဝရှိသည်။ တိတိကျကျဆိုရလျှင် ၎င်းတို့တွင် လူ့သဘာဝ ကင်းမဲ့သည်။ ၎င်းတို့တွင် လူ့သဘာဝ ကင်းမဲ့သောကြောင့် ၎င်းတို့သည် အဘယ်အရာများ ဖြစ်ကြသနည်း။ ၎င်းတို့သည် နတ်ဆိုးဆန်သော သဘာဝ ရှိသူများ ဖြစ်ကြသည်။ နတ်ဆိုးဆန်သော သဘာဝရှိသည့် လူများသည် တိရစ္ဆာန်များနှင့် နှိုင်းယှဉ်လျှင် မည်သို့ရှိသနည်း။ ငါထင်သည်မှာ ၎င်းတို့သည် တိရစ္ဆာန်များထက်ပင် ပို၍ဆိုးသည်၊ အချို့ တိရစ္ဆာန်များသည် နာခံတတ်ပြီး မကောင်းမှုပြုခြင်းကို ရှောင်ကြဉ်နိုင်သည်။ ဥပမာအားဖြင့် ခွေးများသည် အတော်ပင် ကောင်းနိုင်သည်၊ အချို့ခွေးများသည် လူသားများနှင့် ထူးကဲစွာဖြင့် အလွန်ပင် သင့်မြတ်နိုင်သော အလွန်ကောင်းသည့် အိမ်မွေးတိရစ္ဆာန်များ အမှန်ပင် ဖြစ်ကြသည်။ ၎င်းတို့သည် အထူးပင် နာခံတတ်ပြီး အသိတရားရှိကာ လူများပြောသမျှကို နားလည်ကြပြီး အိမ်တွင်း၌ မွေးမြူရန် သင့်တော်သည်။ ထိုသို့သော ခွေးများသည် နာခံမှုမရှိသော လူသားများထက် များစွာ ပို၍ကောင်းသည်။ ကောင်းသောခွေးများထက်ပင် ပို၍ဆိုးသော လူများစွာ ရှိသည်။ သို့ဆိုလျှင် ၎င်းတို့သည် လူသားများ ဖြစ်ကြသေးသလော။ မဟုတ်ပေ၊ ၎င်းတို့သည် လူသားများ မဟုတ်ကြပေ၊ ၎င်းတို့သည် လူသားမဟုတ်သော သတ္တဝါများ ဖြစ်ကြသည်။ လူများစွာသည် လူတို့၏ ဘာသာစကားကို နားမလည်ကြပေ၊ ၎င်းတို့နှင့် ဆက်သွယ်ပြောဆိုရန် မဖြစ်နိုင်ပေ။ မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့သည် သမ္မာတရားကို လက်မခံကြပေ၊ ပြုပြင်ခြင်းခံရသည့်အခါ ညည်းညူကြပြီး ဖယ်ရှားရှင်းလင်းခြင်းခံရသည့်အခါ ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းကြကာ မည်မျှပင် နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည်ဖြစ်စေ လုံးဝ ပြောင်းလဲခြင်းမရှိကြပေ။ ထိုသို့သောလူများကို ဘုရားအိမ်တော်၌ ဆက်၍နေခွင့်ပြုနိုင်သေးသလော။ (မပြုနိုင်ပါ။) ၎င်းတို့ကို နေခွင့်မပြုနိုင်ပေ။ ထိုသို့သော ပုဂ္ဂိုလ်များကို မည်သည့်အမျိုးအစားထဲတွင် ခွဲခြားသတ်မှတ်သင့်သနည်း။ ပထမဦးစွာ ဤပုဂ္ဂိုလ်များကို ဘုရားသခင် ရွေးချယ်ထားသောလူများထဲတွင် အမျိုးအစား သတ်မှတ်သင့်သလော။ (မသတ်မှတ်မသင့်ပါ။) ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများထဲတွင် မပါဝင်ပါက ၎င်းတို့ကို မည်သည့်အမျိုးအစားထဲတွင် ထားရှိသင့်သနည်း။ ဘုရားသခင် ရွေးချယ်ထားသောလူများထဲတွင် မပါဝင်ခြင်းကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ ဆိုလိုသည်မှာ ၎င်းတို့ ပြသပြီး အသက်ရှင်နေထိုင်သည့် လူ့သဘာဝ၏ ရှုထောင့်မှကြည့်လျှင် ယင်းမှာ မယုံကြည်သူများဖြစ်ခြင်းဟူသည့် ရိုးရှင်းသောကိစ္စ မဟုတ်ပေ၊ ၎င်းတို့၏ အနှစ်သာရသည် လူသားမဟုတ်ပေ။ မယုံကြည်သူများဖြစ်ကြသော လူများစွာရှိသည်၊ ၎င်းတို့အားလုံးသည် ဤပုဂ္ဂိုလ်များကဲ့သို့ ဆိုးရွားပြီး မလိုမုန်းထားကြသလော။ မဟုတ်ပါ။ ဘာသာတရား မရှိသူများကြားတွင်ပင် လူတိုင်းသည် ထိုမျှ ဆိုးယုတ်သည်မဟုတ်၊ အချို့လူများတွင် အခြေခံအကျဆုံးသော ကိုယ်ကျင့်တရားစံနှုန်းများ ရှိကြသည်။ သို့ဆိုလျှင် ဤပုဂ္ဂိုလ်များနှင့်ပတ်သက်၍ကော မည်သို့နည်း။ ၎င်းတို့တွင် ဘာသာတရား မရှိသူများ၌ရှိသော အခြေခံအကျဆုံးသော ကိုယ်ကျင့်တရားများနှင့် ပြုစုပျိုးထောင်မှုပင် ကင်းမဲ့နေသည်၊ ၎င်းတို့၏ ထုတ်ဖော်မှုများနှင့် ၎င်းတို့ အသက်ရှင်နေထိုင်သည့် အရာသည် တိကျမှန်ကန်စွာဆိုရလျှင် လူ့ကိုယ်ကျင့်တရား၏ စံနှုန်းများနှင့် မကိုက်ညီပေ။ ဤလူများ၏ အနှစ်သာရမှာ နတ်ဆိုးဆန်သော သဘာဝ ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့၏ အနှစ်သာရ ရှုထောင့်မှကြည့်လျှင် ဘုရားသခင်သည် ၎င်းတို့ကို ကယ်တင်သလော။ (မကယ်တင်ပါ။) ဘုရားသခင်သည် ၎င်းတို့ကို မကယ်တင်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့၏ လူ့သဘာဝသည် ဆိုးရွားပြီး မလိုမုန်းထားကာ ၎င်းတို့တွင် နတ်ဆိုးဆန်သော သဘာဝ ရှိသောကြောင့်ဖြစ်ပြီး သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ဘဲ အတိုက်အခံလုပ်ကြသောကြောင့် ဖြစ်သည်။ အမှန်တကယ်တွင် ဤသို့ပြောခြင်းသည် ၎င်းတို့ကို မြှင့်တင်ပေးရာရောက်သည်၊ တိတိကျကျဆိုရလျှင် ဤပုဂ္ဂိုလ်များသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် လက်မခံခြင်းဟူသည့် အဆင့်သို့မရောက်ဘဲ အပြုသဘောဆောင်သော အရာများကို အလွန်အမင်း မနှစ်မြို့ပြီး မုန်းတီးကြသည်။ ၎င်းတို့သည် အခြေခံအကျဆုံးသော အပြုသဘောဆောင်သည့်အရာများကိုပင် အလွန်အမင်း မနှစ်မြို့၊ မုန်းတီးပြီး အတိုက်အခံလုပ်ကြသည်၊ ပုံမှန် လူ့သဘာဝရှိသော လူတစ်ဦး လိုက်နာသင့်သော စည်းမျဉ်းများနှင့် ၎င်းတို့၌ ရှိသင့်သော ပြုစုပျိုးထောင်မှုတို့သည် ၎င်းတို့ကို စက်ဆုပ်ရွံရှာစေသည့် အရာများသာ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်သလော။ (၎င်းတို့သည် ထိုအဆင့်သို့ မမီကြပေ။) မှန်သည်၊ ၎င်းတို့သည် ထိုအဆင့်သို့ မမီကြပေ၊ ၎င်းတို့သည် အလုပ်လုပ်ပေးသူများပင် မဟုတ်ကြပေ။ အချို့လူများက “၎င်းတို့သည် အလုပ်လုပ်ပေးသူများပင် မဟုတ်သောကြောင့် ဘုရားအိမ်တော်အတွင်း၌ ၎င်းတို့ကို မည်သို့ သတ်မှတ်သနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်ထဲသို့ မည်သို့ ရောက်လာခဲ့ကြသနည်း” ဟု ပြောကြသည်။ ကျွန်ုပ်တို့သည် ၎င်းတို့ကို ရှင်းပြရမည်ဆိုလျှင်၊ အမျိုးအစားတစ်ခုထဲသို့ ထည့်သွင်းရမည်ဆိုလျှင် တိတိကျကျပြောရသော် ဤပုဂ္ဂိုလ်များသည် ဘာသာတရား မရှိသူများထဲမှ ခေါ်ဆောင်လာသော အငှားအလုပ်သမားများ သို့မဟုတ် ယာယီအလုပ်သမားများကဲ့သို့ ဖြစ်ကြသည်။ ဤအဓိပ္ပာယ်သည် ရှင်းလင်းသလော။ ဤသည်မှာ ၎င်းတို့၏ အမျိုးအစားဖြစ်သကဲ့သို့ ဘုရားအိမ်တော်၌ ၎င်းတို့ ပါဝင်သရုပ်ဆောင်သည့် ကဏ္ဍလည်း ဖြစ်သည်။ ၎င်းတို့သည် အလုပ်လုပ်ပေးသူများပင် မဟုတ်ကြပေ၊ ကျွန်ုပ်သည် ၎င်းတို့ကို အလုပ်လုပ်ပေးသူများအဖြစ် မမှတ်ယူပါ၊ ၎င်းတို့သည် မထိုက်တန်ပေ။ အလုပ်လုပ်ပေးသူများတွင် လူ့သဘာဝကောင်းရှိခြင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း၊ အဖိုးအခပေးလိုစိတ်ရှိခြင်းနှင့် ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်ခြင်းတို့ကဲ့သို့သော လက္ခဏာရပ်များ ပိုင်ဆိုင်ကြပြီး ၎င်းတို့သည် ဤအရာများကို အသက်ရှင်နေထိုင်ကြသည်။ ဤပုဂ္ဂိုလ်များတွင် ဤအရည်အသွေးများပင် ကင်းမဲ့နေသောကြောင့် ၎င်းတို့ကို အငှားအလုပ်သမားများအဖြစ် အမျိုးအစားခွဲခြားခြင်းသည် ၎င်းတို့အား အဆုံးစွန် ကြင်နာသနားမှုပြပြီး အလွန် ယဉ်ကျေးရာရောက်နေပြီ ဖြစ်သည်။ အငှားအလုပ်သမား သို့မဟုတ် ယာယီအလုပ်သမားဖြစ်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ အထူးကာလများအတွင်း အထူးလိုအပ်ချက်များကြောင့် ဘုရားအိမ်တော်သည် အချို့သော တာဝန်များကို ပြီးမြောက်စေရန် ကယ်တင်ခြင်းခံရခြင်းနှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်အချို့ကို ခေါ်ယူစုဆောင်းခြင်း ဖြစ်သည်။ ဤတာဝန်များ ပြီးမြောက်ပြီးနောက်တွင် ဤပုဂ္ဂိုလ်များ၏ စရိုက်မှန်များမှာ ဖော်ထုတ်ခြင်းခံရသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းမှ အတော်အတန် ဒုက္ခခံစားခဲ့ရပြီးဖြစ်ကာ ၎င်းတို့ကို သည်းမခံနိုင်လောက်သည့် အတိုင်းအတာအထိ စိတ်ကုန်လာပြီး ၎င်းတို့နှင့်ပတ်သက်၍ လုံလောက်သော ပိုင်းခြားသိမြင်နိုင်စွမ်းကိုလည်း ရရှိခဲ့ပြီးဖြစ်သည်။ ထိုသို့သော အခြေအနေများအောက်တွင် ဤပုဂ္ဂိုလ်များကို ရှင်းလင်းပစ်သင့်သည်၊ ဤသည်မှာ ထိုသို့သော လုပ်ဆောင်မှုများအတွက် အသင့်တော်ဆုံးသော အချိန်အခါ ဖြစ်သည်။ ဤပုဂ္ဂိုလ်များ မည်သို့ ဖြစ်ပေါ်လာသည်ကို ယခုလေးတင် ရှင်းလင်းစွာ ရှင်းပြခဲ့ပြီးဖြစ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ကယ်တင်ခြင်းခံရခြင်းနှင့် မသက်ဆိုင်သော အငှားအလုပ်သမားများဖြစ်ကြပြီး အသင်းတော်အလုပ်၏ အထူးကာလများအတွင်း ခေါ်ဆောင်ခြင်းခံရသူများ ဖြစ်ကြသည်။ အချိန်အတန်ကြာ အလုပ်ကြမ်းများလုပ်ပြီး အစေခံပြီးနောက်တွင် ဤပုဂ္ဂိုလ်များသည် ဘုရားအိမ်တော်အတွင်း၌ မဆင်မခြင် မကောင်းမှုများကို ကျူးလွန်ကြပြီး များပြားသော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေသည်။ ၎င်းတို့ ပါဝင်လုပ်ဆောင်သည့် ကဏ္ဍမှာ အပျက်သဘောဆောင်သော လူတစ်မျိုး၏ ကဏ္ဍဖြစ်သည်။ ၎င်းတို့သည် စာတန်နှင့် နတ်ဆိုးများ၏ စရိုက်မှန်ကို အပြည့်အဝ ထင်ဟပ်စေသည်၊ အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီး အသင်းတော်အသက်တာ၏ စည်းစနစ်ကို ဖျက်ဆီးကြသည်။ ပိုပြီး လက်တွေ့ကျကျ ပြောရလျှင် ဤပုဂ္ဂိုလ်များသည် ဘုရားအိမ်တော်၏ စက်ပစ္စည်းများ၊ စက်ယန္တရားများ၊ တန်ဖိုးကြီးပစ္စည်းများနှင့် အခြားအရာများစွာကို ပျက်စီးစေခြင်းကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သိသိသာသာ ထိခိုက်စေသည်ဟု ဆိုနိုင်သည်။ ဤပုဂ္ဂိုလ်များ၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများသည် လူပေါင်းများစွာအား ဒေါသထွက်စေခဲ့သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် လူအများအပြားကို သင်ခန်းစာများရရှိစေပြီး ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားစေကာ နတ်ဆိုးဟူသည် အဘယ်အရာ ဖြစ်သည်ကို၊ လူ့သဘာဝကင်းမဲ့ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသည်ကို သိရှိစေပြီး မယုံကြည်သူများ၏ စရိုက်မှန်များကို ရှင်းလင်းစွာ မြင်တွေ့စေခဲ့သည်မှာ ပြောစရာမလိုပေ၊ ၎င်းတို့သည် မယုံကြည်သူများ၏ အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များမှာ အဘယ်အရာဖြစ်သည်၊ ၎င်းတို့ မည်သည့်အရာကို လိုက်စားသည်၊ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာ၌ မည်သည့်အရာကို တောင့်တသည်၊ ဘုရားသခင်နှင့် သမ္မာတရားအပေါ် ၎င်းတို့ မည်သို့သော သဘောထားထားရှိသည်၊ မိမိတို့၏ တာဝန်များနှင့် အပြုသဘောဆောင်သောအရာများအပေါ် ၎င်းတို့ မည်သို့သော သဘောထားထားရှိသည်၊ ဘုရားအိမ်တော်က ပြုလုပ်သော အချို့သော စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ဤပုဂ္ဂိုလ်များ ထားရှိသော သဘောထားများကိုပင် ရှင်းလင်းပြီး ပို၍ တိကျသောနည်းလမ်းဖြင့် လူများကို မြင်တွေ့စေခဲ့သည်။ ဤမျှ တိကျလာသည့်အခါ ဤပုဂ္ဂိုလ်များ မိမိတို့၏ လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သည်၊ ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရနှင့် ၎င်းတို့ လိုက်စားသည့်အရာတို့သည် လုံးဝ ဖော်ထုတ်ခြင်းခံရသည်။ ထို့နောက် ဤပုဂ္ဂိုလ်များကို အသင်းတော်၌ ထားရှိခြင်းသည် မလိုအပ်ဟု ထင်ရသည်၊ ယင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကြီးစွာသော ဘေးဖြစ်စေမည်ဖြစ်ပြီး ၎င်းတို့ကို လုံးဝ အကျိုးပြုမည်မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့ ထွက်ခွာရမည့်အချိန် ဖြစ်သည်။ သို့ဆိုလျှင် ဘုရားအိမ်တော်သည် ၎င်းတို့အား သမ္မာတရားကို လက်ခံရန်နှင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် လုံလောက်သော အချိန်နှင့် အခွင့်အရေးများ ပေးခဲ့သည်ဟု ကျွန်ုပ်တို့ ပြောဆိုပါက ဤပြောဆိုချက်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သို့ဆိုလျှင် မည်သို့ ပြောဆိုသင့်သနည်း။ ဘုရားအိမ်တော်သည် ၎င်းတို့အား ပြန်လှည့်လာရန်အတွက် လုံလောက်သော အခွင့်အရေးများနှင့် အချိန်ကို ပေးခဲ့သော်လည်း နောက်ဆုံးရလဒ်က အချက်တစ်ချက်ကို ဖော်ပြသည်။ နတ်ဆိုးသည် မည်သည့်အချိန်၌မဆို နတ်ဆိုးသာဖြစ်ပြီး မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ အဆင်းနီသော နဂါးကြီးအား ဘုရားသခင်၏ အဆင့်အတန်းနှင့် ပင်ကိုလက္ခဏာကို အသိအမှတ်ပြုခိုင်းရန်မှာ ဖြစ်နိုင်သလော။ နတ်ဆိုးသဘာဝရှိသော ဤလူများကို ပြောင်းလဲစေပြီး စည်းမျဉ်းအချို့ကို လိုက်နာစေရန်မှာ ဖြစ်မြောက်နိုင်သလော။ (မဖြစ်မြောက်နိုင်ပါ။) ၎င်းတို့သည် ဤအရာကို မဖြစ်မြောက်နိုင်ပေ။ ၎င်းတို့အား အခွင့်အရေးများပေးခြင်းသည် ၎င်းတို့ သမ္မာတရားကို လက်ခံရန်၊ ဘုရားသခင်ပြုသော အမှုကို အသိအမှတ်ပြုရန် သို့မဟုတ် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူရန်အတွက်မဟုတ်ဘဲ ၎င်းတို့အား ပြန်လှည့်လာရန် အခွင့်အရေးများပေးရန်သာ ဖြစ်သည်။ ၎င်းတို့ ပြန်လှည့်လာခဲ့သည့် အနည်းငယ်သော လက္ခဏာပင် ရှိခဲ့ပါက ၎င်းတို့၏ နောက်ဆုံးအဆုံးသတ်သည် ပြောင်းလဲသွားနိုင်ကောင်း ပြောင်းလဲသွားနိုင်သည်။ သို့သော် ဤလူများသည် မိမိတို့အတွက် အဘယ်အရာက ကောင်းသည်ကို မသိကြပေ၊ ၎င်းတို့၏ နတ်ဆိုးသဘာဝသည် ထိုအတိုင်းပင် အစဉ်ရှိနေမည် ဖြစ်သည်။ ၎င်းတို့အား အချိန်မည်မျှ သို့မဟုတ် အခွင့်အရေးမည်မျှပင် ပေးစေကာမူ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာနှင့် ၎င်းတို့၏ အနှစ်သာရသည် ပြောင်းလဲမည်မဟုတ်ပေ၊ ဤသည်မှာ အမှန်တရား ဖြစ်သည်။ ထို့ကြောင့် ဤလူများကို ကိုင်တွယ်ရန် နောက်ဆုံးနည်းလမ်းမှာ ၎င်းတို့ကို မိမိတို့၏ တာဝန်များမှ ဖယ်ရှားခြင်း၊ အသင်းတော်မှ ထွက်ခွာစေခြင်းနှင့် ဘုရားအိမ်တော်နှင့် မည်သည့်ဆက်နွှယ်မှု သို့မဟုတ် ဆက်ဆံရေးမျှ မရှိစေရန် သေချာစေခြင်းပင် ဖြစ်သည်။ “ဤလူများသည် အတော်ပင် ငယ်ရွယ်သေးသည်၊ အချိန်ပေးလိုက်ပါက ၎င်းတို့သည် ထူးချွန်လာကြလိမ့်မည်။ ၎င်းတို့တွင် အလွန်ကောင်းသော အစွမ်းအစရှိသည်၊ ၎င်းတို့သည် အလွန်ပင် ဆုကျေးဇူးရှိပြီး ပင်ကိုစွမ်းရည် ရှိကြသည်။ ၎င်းတို့ သမ္မာတရားကို လက်ခံနိုင်ပါက ကောင်းလိုက်မည့်ဖြစ်ခြင်း။ ဘုရားအိမ်တော်သည် ပို၍ ချစ်ခင်ပြီး သည်းခံနိုင်ပါက၊ ၎င်းတို့အား နောင်တရရန် အခွင့်အရေးများ ပိုပေးပါက ၎င်းတို့ အသက်ကြီးလာသည့်အခါ ရလဒ်များမှာ ကွဲပြားသွားနိုင်ကောင်း ကွဲပြားသွားနိုင်သည်” ဟု ပြောဆိုလျက် ၎င်းတို့ ထွက်ခွာသွားသည်ကို မမြင်လိုဘဲ ၎င်းတို့ကို သနားကြသော ပုဂ္ဂိုလ်များ ရှိသလော။ ဤသို့ တွေးခေါ်သော လူစားမျိုးမှာ အဘယ်နည်း။ (နားဝေတိမ်တောင် ဖြစ်သောလူများ၊ မရှင်းမလင်း ဖြစ်နေသော လူများ ဖြစ်ပါသည်။) မှန်သည်။ ၎င်းတို့အားလုံးသည် နားဝေတိမ်တောင်ဖြစ်သော၊ မရှင်းမလင်းဖြစ်နေသော လူများ၊ လူယုတ်မာများသာ ဖြစ်ကြသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို မကယ်တင်ပေ၊ ဘုရားအိမ်တော်သည်လည်း ၎င်းတို့ကို နေခွင့်မပြုပေ၊ ၎င်းတို့အကြောင်း သနားစရာ အဘယ်အရာ ရှိသနည်း။ ဘုရားသခင်သည် ထိုသို့သောလူများကို ကယ်တင်မည်မဟုတ်ဟု ပြောသည့်တိုင် သင်ကမူ ၎င်းတို့အား နောင်တရရန် အခွင့်အရေးပေးသင့်သည်ဟု အကြံပြုသည်။ သင်သည် လူများကို ကယ်တင်နိုင်သလော။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ သင်သည် အခြားသူများကို သင်က ဘုရားသခင်ထက် ပို၍ ချစ်ခင်တတ်သည်ဟု ထင်စေရန် ကြိုးစားနေခြင်းဖြစ်သလော။ သင်၌ သမ္မာတရား လက်တွေ့ကျမှု ရှိသလော။ သင်သည် လူတစ်ဦး၏ အနှစ်သာရကို ထွင်းဖောက်မြင်နိုင်သလော။ လူများကို မည်သူက ကယ်တင်နိုင်သနည်း၊ ဘုရားသခင်လော သို့မဟုတ် သင်လော။ ဘုရားသခင်ကို ဆန့်ကျင်ဝံ့ခြင်းသည် အလွန်ပင် မာနထောင်လွှားပြီး မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ယူမှတ်ကာ ဆင်ခြင်တုံတရား ကင်းမဲ့လွန်းသည် မဟုတ်လော။ ဤသည်မှာ ကြီးစွာသော ပုန်ကန်မှုတစ်ခု မဟုတ်လော။ ဤသည်မှာ စာတန်နှင့် နတ်ဆိုးများက လူဝင်စားပြီး ဘုရားသခင်ကို ဆန့်ကျင်ရာ၌ အစဉ် ပျော်မွေ့နေခြင်း မဟုတ်လော။ ယခုလေးတင် ဖော်ပြခဲ့သော မယုံကြည်သူများသည် တိရစ္ဆာန်များထက်ပင် နိမ့်ကျသည်။ မည်သို့ပင် သမ္မာတရားကို ၎င်းတို့အား မိတ်သဟာယဖွဲ့စေကာမူ အသုံးမဝင်ပေ၊ ၎င်းတို့ကို ပြုပြင်ခြင်းသည်ပင် အချည်းနှီး ဖြစ်သည်။ ၎င်းတို့တွင် စာတန်၏ သဘာဝရှိပြီး မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ဟု ဆိုနိုင်သည်။ တစ်စုံတစ်ဦးသည် စာတန်အမျိုးအနွယ်ဖြစ်သော ထိုသူတို့အား နောင်တရရန် အခွင့်အရေးပေးလိုပါက ထိုသူတို့ကို ထိုသူကပင် ထောက်ပံ့ပါစေ ၎င်းတို့တွင် အမှန်တကယ် ချစ်ခြင်းမေတ္တာရှိမရှိကို ငါတို့ မြင်ရလိမ့်မည်။ သမ္မာတရားကို လုံးဝလက်မခံသော ထိုမယုံကြည်သူများသည် အသင်းတော်၌ အဆိုးဆုံးသောသူများ ဖြစ်ကြသည်၊ ၎င်းတို့အားလုံးသည် တိရစ္ဆာန်များကဲ့သို့ဖြစ်ပြီး ဆင်ခြင်တုံတရားမဲ့ကာ ကယ်တင်ခြင်းခံရရန် မဖြစ်နိုင်ပေ။ အတိတ်တွင်ဖြစ်စေ၊ ပစ္စုပ္ပန်တွင်ဖြစ်စေ ၎င်းတို့အပေါ် အသင်းတော်၏ ဆက်ဆံမှုသည် အသင့်တော်ဆုံးဖြစ်ခဲ့သည်၊ အသင်းတော်သည် ၎င်းတို့အား အလွန်ကြီးမားသော စိတ်ရှည်မှုနှင့် သည်းခံမှုကို ပြသခဲ့ပြီး လုံလောက်သော အခွင့်အရေးများကို ပေးခဲ့သည်။ သို့သော် ယခုအချိန်အထိ ၎င်းတို့သည် လုံးဝ မပြောင်းလဲခဲ့ဘဲ မိမိတို့၏ နည်းလမ်းများတွင် ပို၍ပင် ဆိုးရွားလာခဲ့သည်။ အစပိုင်းတွင် ဤလူများသည် မိမိတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ကောင်းချီးများအတွက် လိုအင်ဆန္ဒများဖြင့် ဘုရားသခင်ကို ယုံကြည်ရန် လာကြသည့်အခါ ၎င်းတို့သည် အနည်းငယ် ချုပ်တည်းနိုင်ကြပြီး အနည်းငယ်သော စိတ်အားထက်သန်မှုနှင့် ဇွဲလုံ့လဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကြသည်။ သို့သော် နောက်ဆုံးတွင် “ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည် သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားသခင်၏ အမှုကို သိရှိခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းကို ဆိုလိုပြီး ထိုမျှသာဖြစ်သည်” ကို ၎င်းတို့ မြင်တွေ့သည့်အခါ ဘုရားသခင်နှင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားအပြင် ၎င်းတို့၏ စရိုက်မှန်များသည်လည်း လုံးလုံးလျားလျား ဖော်ထုတ်ခြင်းခံရသည်။ အဘယ်အရာက ဖော်ထုတ်ခြင်းခံရသနည်း။ ၎င်းတို့သည် လူ့သဘာဝ၊ အသိတရားနှင့် ဆင်ခြင်တုံတရား ကင်းမဲ့ရုံသာမက အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပြီး၊ ဆိုးယုတ်ကာ ကြမ်းတမ်းကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို မထီမဲ့မြင်ပြုကြပြီး ဘုရားအိမ်တော်၏ တောင်းဆိုချက်များနှင့် စည်းမျဉ်းများ၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကိုပင် ရန်လိုမှုနှင့် အာခံမှုမျက်နှာထားဖြင့် ဆက်ဆံကြသည်။ ၎င်းတို့၏ ဤသရုပ်သကန်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများ ၎င်းတို့အပေါ် ခံစားရသော စက်ဆုပ်ရွံရှာမှုနှင့် ရွံမုန်းမှုကို ပိုမိုပြင်းထန်စေခဲ့ပြီး ဘုရားအိမ်တော်က ၎င်းတို့ကို သန့်စင်ဖယ်ရှားသည့် အရှိန်ကိုလည်း မြန်ဆန်စေခဲ့ကာ နောက်ဆုံးတွင် ၎င်းတို့ နေမည် သို့မဟုတ် ထွက်ခွာမည်ကို လျင်မြန်စွာ ဆုံးဖြတ်စေပြီး ၎င်းတို့၏ အဆုံးသတ်များနှင့် ကံကြမ္မာများကို ဆုံးဖြတ်ပေးခဲ့သည်။ ၎င်းတို့၏ အဆုံးသတ်များနှင့် ကံကြမ္မာများကို ၎င်းတို့ကိုယ်တိုင် ရှာယူခဲ့ခြင်းဖြစ်သည်၊ မည်သူတစ်ဦးတစ်ယောက်၏ လှုံ့ဆော်မှု သို့မဟုတ် သွေးထိုးမှုကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်၊ သို့မဟုတ် တစ်စုံတစ်ဦးက ဤလူများကို အတင်းအကျပ်ပြုလုပ်ခြင်း သို့မဟုတ် သွေးဆောင်ဖြားယောင်းခြင်းကြောင့်လည်း မဟုတ်၊ ပတ်ဝန်းကျင်အခြေအနေများကြောင့် ဖြစ်ပေါ်လာခြင်းလည်း သေချာပေါက် မဟုတ်ပေ၊ ၎င်းတို့၏ အဆုံးသတ်များနှင့် ကံကြမ္မာများသည် မိမိတို့ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်၊ ၎င်းတို့၏ ကိုယ်ပိုင်ရွေးချယ်မှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့် ၎င်းတို့ လျှောက်လှမ်းခဲ့သော လမ်းကြောင်းများက ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။ ဤလူများ၏ အဆုံးသတ်များနှင့် ကံကြမ္မာများကို သတ်မှတ်ပြီးဖြစ်သည်၊ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသောသူများ၏ စာရင်းမှ ရှင်းလင်းပစ်ခြင်းခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အလုပ်လုပ်ပေးသူများပင် မဟုတ်ကြတော့ပေ။ ၎င်းတို့ မည်သို့သော ကံကြမ္မာမျိုး ရှိလိမ့်မည်ကို သင် ကောင်းစွာ စိတ်ကူးကြည့်နိုင်သည်၊ ဤနေရာတွင် ဖော်ပြရန်ပင် မထိုက်တန်ပေ၊ အကြောင်းမှာ ၎င်းတို့သည် မထိုက်တန်သောကြောင့် ဖြစ်သည်။

ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရသော လူအမျိုးအစားနှင့်ပတ်သက်လာလျှင် ၎င်းတို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများ၏ သရုပ်သကန်များသာမက ၎င်းတို့၏ နေ့စဉ်အသက်တာများတွင် ၎င်းတို့ ထုတ်ဖော်သော မလိုမုန်းထားသည့် စကားလုံးများနှင့် ပြောဆိုချက်များသည် မြင်သာထင်ရှားလှသည်။ သို့တိုင်အောင် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤဆိုးယုတ်သောလူများကို ၎င်းတို့ အမှန်တကယ်ဖြစ်သည့်အတိုင်း ပိုင်းခြားသိမြင်နိုင်စွမ်း မရှိပေ၊ သို့မဟုတ် ၎င်းတို့၏ သဘာဝ အနှစ်သာရကို ထွင်းဖောက်မမြင်နိုင်ကြပေ။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့က ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများဖြစ်ကြောင်းကို သတိမမူမိကြဟု ထင်ရပြီး သို့ဖြစ်၍ ၎င်းတို့သည် ထိုသူတို့ကို အသင်းတော်မှ ရှင်းလင်းဖယ်ရှားရန် သို့မဟုတ် သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန် အစီအစဉ်များ မရှိကြပေ။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ၎င်းတို့၏ တာဝန်ကို ဆိုးဆိုးရွားရွား ပျက်ကွက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် နတ်ဆိုးသဘာဝရှိသော ဤလူတို့က ဘုရားအိမ်တော်၏ မည်သည့်စည်းမျဉ်းများကိုမျှ မလိုက်နာသည်ကိုလည်းကောင်း၊ ၎င်းတို့ သောင်းကျန်းနေပြီး အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာ၏ စည်းစနစ်ကို လက်လွတ်စပယ် နှောင့်ယှက်ကာ ဖျက်ဆီးနေသည်ကိုလည်းကောင်း အတိုင်းသား လက်ပိုက်ကြည့်နေကြသည်၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းဟူသော အကြောင်းပြချက်ဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေလျက် ရဲတင်းစွာနှင့် မဆင်မခြင် ပြုမူခြင်း၊ ဥပဒေမဲ့စွာ ကျင့်ကြံခြင်းတို့ကို ပြုလုပ်သည့်အခါတွင်ပင် ဤလူတို့ကို အလိုလိုက်ကြသေးသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေခြင်းတွင် များစွာသော အရာများ ပါဝင်သည်၊ ဥပမာ၊ ဘုရားအိမ်တော်၏ စက်ပစ္စည်းများနှင့် အမျိုးမျိုးသော ကိရိယာများကို ဖျက်ဆီးခြင်း၊ ၎င်း၏ အမျိုးမျိုးသော ရုံးသုံးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို ဖျက်ဆီးခြင်း၊ ဘုရားသခင်၏ ပူဇော်သက္ကာများကိုပင် ၎င်းတို့အလိုရှိသလို ဖြုန်းတီးခြင်း စသည်တို့ ဖြစ်သည်။ ပို၍ဆိုးရွားသည်မှာ ၎င်းတို့သည် အမျိုးမျိုးသော မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို လက်လွတ်စပယ် ထုတ်လွှင့်ကြပြီး ဘုရားသခင် ရွေးချယ်ထားသောလူများက မိမိတို့၏ တာဝန်များကို ငြိမ်သက်စွာ မထမ်းဆောင်နိုင်သည်အထိ၊ အားနည်းပြီး အပျက်သဘောဆောင်သောလူများက မိမိတို့၏ တာဝန်များကို စွန့်လွှတ်ပြီး ဘုရားသခင်နောက်လိုက်ရန် ယုံကြည်ခြင်း ပျောက်ဆုံးသည်အထိ နှောင့်ယှက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ဤဆိုးယုတ်သောလူများသည် ဤမကောင်းမှုအားလုံးကို ပြုလုပ်ကြသည်၊ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးပြီး ညီအစ်ကိုမောင်နှမများကို အန္တရာယ်ဖြစ်စေသော ဤဒုစရိုက်အမှုအားလုံးကို ကျူးလွန်ကြသည့်တိုင် ခေါင်းဆောင်များနှင့် အမှုဆောင်များကမူ မမြင်ချင်ယောင်ဆောင်၊ မကြားချင်ယောင်ဆောင်ကြသည်၊ ၎င်းတို့ထဲမှ အချို့က “ကျွန်ုပ် မသိခဲ့ပါ၊ မည်သူမျှ ကျွန်ုပ်ကို မပြောခဲ့ပါ” ဟုပင် ပြောဆိုကြသေးသည်။ ထိုတိရစ္ဆာန်များနှင့် နတ်ဆိုးများအုပ်စုသည် အသင်းတော်၌ ဖရိုဖရဲဖြစ်စေလျက် အကြီးအကျယ် ပျက်စီးစေခဲ့ပြီးဖြစ်၏။ သို့တိုင်အောင် ခေါင်းဆောင်များနှင့် အမှုဆောင်များမှာမူ လုံးဝ မသိရှိ၊ သတိမပြုမိဘဲ ရှိနေကြသည်။ ၎င်းတို့သည် လူသိမ်လူဖျင်းများ မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးသည် အဘယ်မှာနည်း။ ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် အကျိုးမရှိသော စကားစမြည်ပြောဆိုခြင်းတွင် ပါဝင်နေကြရုံသာ မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ လုပ်သင့်လုပ်ထိုက်သော တာဝန်များကို ပေါ့လျော့နေကြခြင်း မဟုတ်လော။ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များ တာဝန်ထမ်းဆောင်နေသည့် နေ့ရက်တိုင်းသည် အမျိုးမျိုးသော ဆိုးယုတ်သည့်လူများက အသင်းတော်ကို မဆင်မခြင် နှောင့်ယှက်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တရာယ်ပြုရန်အတွက် နောက်ထပ်တစ်ရက် တိုးလာခြင်းပင် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းသောကြောင့်သာ ထိုတိရစ္ဆာန်များအုပ်စုသည် မည်သည့်တာဝန်မျှ မထမ်းဆောင်ဘဲ၊ မည်သည့်စည်းမျဉ်းမျှ မလိုက်နာဘဲ တစ်နေ့လုံး အရည်မရ အဖတ်မရ အချိန်ဖြုန်းနေကြပြီး ဘုရားအိမ်တော်ကို ကပ်ရပ်မှီခိုကာ ဘုရားအိမ်တော်၏ အမျိုးမျိုးသော ရုပ်ဝတ္ထုဆိုင်ရာ အကျိုးကျေးဇူးများနှင့် သာယာဝပြောမှုကို လွတ်လပ်စွာ ပျော်မွေ့ခံစားနေကြခြင်း ဖြစ်သည်၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ စက်ယန္တရားများနှင့် ပစ္စည်းများကို ဖျက်ဆီးလျက် အသင်းတော်၏ အလုပ်ကို တမင်တကာပင် နှောင့်ယှက်ကြသေးသည်။ ၎င်းတို့သည် ဤသို့ ပြုမူကြသည့်တိုင် မည်သူကမျှ ၎င်းတို့ကို စိတ်အနှောင့်အယှက်ပေးခွင့် သို့မဟုတ် ရန်စခွင့်မရှိဘဲ ဘုရားအိမ်တော်၌ အေးဆေးသက်သာသော အသက်တာများကို အသက်ရှင်နေထိုင်ပြီး မိမိတို့နှစ်သက်ရာကို ပြုလုပ်ရန် မျှော်လင့်နေကြဆဲ ဖြစ်သည်။ ဤသည်မှာ အလွန်ဆိုးရွားသော ပြဿနာတစ်ခုဖြစ်သည့်တိုင် ခေါင်းဆောင်များနှင့် အမှုဆောင်များကမူ ယင်းကို ဘေးဖယ်ထားကြပြီး အခြားသူများက တိုင်ကြားသည့်အခါတွင်ပင် မဖြေရှင်းကြပေ၊ ၎င်းတို့သည် တကယ့်အလုပ်မလုပ်သော အမှိုက်သရိုက်များ မဟုတ်လော။ ဤသည်မှာ တာဝန်ကို ဆိုးဆိုးရွားရွား ပျက်ကွက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အချို့က “ကျွန်ုပ်သည် အခြားအလုပ်နှင့် အလုပ်ရှုပ်နေသောကြောင့် ပြဿနာကို မဖြေရှင်းခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ် လုံးဝ အချိန်မပေးနိုင်ခဲ့ပါ” ဟု ပြောဆိုကြသည်။ ဤစကားများသည် ခိုင်လုံသလော။ ဤမျှ ပြင်းထန်သော ပြဿနာတစ်ခုကို သင် မဖြေရှင်းလျှင် သင်သည် အဘယ်အရာနှင့်များ အလုပ်ရှုပ်နေသနည်း။ သင် အလုပ်ရှုပ်နေသော ကိစ္စရပ်များတွင် တန်ဖိုးတစ်ခုတလေရှိသလော။ သင်သည် သင်၏အလုပ်ကို ဦးစားပေးနိုင်စွမ်း ရှိသလော။ သင် မည်မျှပင် အလုပ်ရှုပ်နေပါစေ ပြဿနာဖြေရှင်းခြင်းကို ဦးစားပေးသင့်သည် မဟုတ်လော။ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူစားများကို ချက်ချင်း နားလည်ပြီး ကိုင်တွယ်ဖြေရှင်းခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ သင်သည် တကယ့်ပြဿနာများကို ဘေးဖယ်ထားပြီး အခြားကိစ္စများနှင့် အလုပ်ရှုပ်နေပါက တကယ့်အလုပ်ကို လုပ်ဆောင်နေသလော။ သင်သည် ပြဿနာတစ်ခုကို တွေ့ရှိလျှင် သို့မဟုတ် တစ်စုံတစ်ဦးက သင့်ထံ ပြဿနာတစ်ခုကို တိုင်ကြားလျှင် သင်သည် လက်ရှိလုပ်ဆောင်နေသော အလုပ်ကို ဘေးဖယ်ထားပြီး ပြဿနာ၏ ဇာစ်မြစ်သည် အဘယ်အရာဖြစ်သည်ကို ကြည့်ရှုရန် ချက်ချင်းပင် ထိုနေရာသို့ သွားသင့်သည်။ ယင်းမှာ အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီး ဖျက်ဆီးနေသော ဆိုးယုတ်သူတစ်ဦးဖြစ်ပါက သင်သည် ဤဆိုးယုတ်သူကို ဦးစွာ ရှင်းလင်းသင့်သည်။ ထို့နောက်တွင် အခြားပြဿနာများကို ဖြေရှင်းရန် လွယ်ကူသွားလိမ့်မည်။ သင်သည် ပြဿနာတစ်ခုကို တွေ့ရှိပြီး ယင်းကို မဖြေရှင်းဘဲ အလွန်အလုပ်ရှုပ်နေသည်ဟု အကြောင်းပြပါက သင်သည် အမှန်တကယ်တွင် အကျိုးမရှိဘဲ အလုပ်ရှုပ်နေခြင်းသာ မဟုတ်လော။ သင်သည် အဘယ်အရာနှင့်များ အလွန် အလုပ်ရှုပ်နေသနည်း။ ယင်းမှာ တကယ့်အလုပ် ဟုတ်သလော။ သင်သည် ယင်းကို ရှင်းလင်းစွာ ရှင်းပြနိုင်သလော။ သင်၏ အကြောင်းပြချက်များနှင့် ဆင်ခြေများသည် ခိုင်လုံသလော။ သင်သည် အဘယ်ကြောင့် ပြဿနာဖြေရှင်းခြင်းကို အရေးမကြီးဟု သဘောထားသနည်း။ သင်သည် အဘယ်ကြောင့် ပြဿနာများကို အချိန်နှင့်တစ်ပြေးညီ မဖြေရှင်းသနည်း။ သင်သည် အဘယ်ကြောင့် ဆင်ခြေများရှာပြီး သင် အလွန်အလုပ်ရှုပ်နေ၍ ယင်းတို့ကို ဂရုမစိုက်နိုင်ဟု ပြောဆိုကာ ကိစ္စများမှ ခေါင်းရှောင်ရန် ကြိုးစားသနည်း။ ဤသည်မှာ တာဝန်မဲ့ခြင်း မဟုတ်လော။ အသင်းတော်၌ ခေါင်းဆောင်တစ်ဦးအနေဖြင့် ပြဿနာ ဖြေရှင်းခြင်းကို ဦးစားမပေးခြင်း၊ အမျိုးမျိုးသော မဖြစ်စလောက် ကိစ္စများနှင့် အလုပ်ရှုပ်နေခြင်း၊ အရေးကြီးသော ပြဿနာများ တည်ရှိသည်ကို အသိအမှတ်မပြုနိုင်ခြင်း၊ အလုပ်တွင် အရေးကြီးမှုနှင့် အလျင်လိုခြင်းကို မခွဲခြားနိုင်ခြင်းနှင့် အရေးပါသောအချက်များကို သဘောမပေါက်နိုင်ခြင်းတို့သည် ထူးကဲစွာ ညံ့ဖျင်းသော အစွမ်းအစ၏ သရုပ်သကန်များဖြစ်ပြီး ထိုသို့သောလူသည် နားဝေတိမ်တောင် ဖြစ်သောသူတစ်ဦး ဖြစ်သည်။ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် နှစ်မည်မျှပင်ကြာအောင် ရှိနေပါစေ သင်သည် အသင်းတော်၏အလုပ်ကို ကောင်းစွာ မထမ်းဆောင်နိုင်ပေ။ သင်သည် တာဝန်ကို ဝန်ခံပြီး ရာထူးမှ နုတ်ထွက်သင့်သည်။ ခေါင်းဆောင်တစ်ဦးသည် အလွန်အမင်း ညံ့ဖျင်းသော အစွမ်းအစရှိပါက မည်သည့်လေ့ကျင့်မှုမျှ အသုံးမဝင်ပေ၊ ၎င်းသည် မည်သည့်အလုပ်ကိုမျှ ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်သည်မှာ သေချာသည်၊ ၎င်းသည် ဖြုတ်ချခံရပြီး ၎င်း၏ တာဝန်ခန့်အပ်မှုကို ပြင်ဆင်ခြင်းခံရမည့် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်သည့်အခါ အကျိုးဆက်များမှာ အဘယ်နည်း။ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သမျှ အရာအားလုံးသည် အသင်းတော်အတွက် ဘက်ပေါင်းစုံမှ ဆုံးရှုံးမှုများကို ဖြစ်စေသည်။ တစ်ဖက်တွင် အသင်းတော်၏ မရှိမဖြစ်လိုအပ်သော အလုပ်ကို ကောင်းစွာ မလုပ်ဆောင်ရသဖြင့် အသင်းတော်အလုပ်၏ အမျိုးမျိုးသော ကဏ္ဍများ၏ ထိရောက်မှုကို တိုက်ရိုက် အဟန့်အတားဖြစ်စေသည်။ တစ်ချိန်တည်းမှာပင် ယင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း ထိခိုက်စေပြီး သက်ရောက်မှု ရှိစေသည်။ အရေးအကြီးဆုံးမှာ ယင်းသည် နိုင်ငံတော် ဧဝံဂေလိတရား ပျံ့နှံ့ခြင်းကို သက်ရောက်မှု ရှိစေသည်။ ဤအကျိုးဆက်များအားလုံးသည် တကယ့်အလုပ် မလုပ်သော အယောင်ဆောင်ခေါင်းဆောင်များနှင့် တိုက်ရိုက် သက်ဆိုင်သည်။ ပို၍ ရှင်းလင်းစွာ ပြောရလျှင် ဤအရာအားလုံးသည် တကယ့်အလုပ်တွင် မပါဝင်သော အယောင်ဆောင် ခေါင်းဆောင်များကြောင့် ဖြစ်ရခြင်း ဖြစ်သည်။ အခြားသော ခေါင်းဆောင်များနှင့် အမှုဆောင်များက တကယ့်အလုပ်အချို့ကို တက်ကြွစွာ ပါဝင်လုပ်ဆောင်နိုင်ပြီး ပြဿနာဖြေရှင်းခြင်းကို အရှိန်မြှင့်ကာ အချိန်တိုအတွင်း ပြီးမြောက်စေလျှင် အယောင်ဆောင် ခေါင်းဆောင်များက ဘုရားအိမ်တော်အပေါ် သက်ရောက်စေသော အမျိုးမျိုးသော ဆုံးရှုံးမှုများသည် အနည်းငယ် သက်သာသွားမည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် ယင်းတို့ကို လျှော့ချနိုင်သည်။ ဘုရားအိမ်တော်သည် ပြဿနာများ ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ကိုင်တွယ်ဖြေရှင်းရန် သင့်ကို မတောင်းဆိုလျှင်ပင် အနည်းဆုံးအနေဖြင့် ပြဿနာများ တိုင်ကြားခံရသည်နှင့်တစ်ပြိုင်နက် သင်သည် ၎င်းတို့ကို ချက်ချင်း စတင်ဖြေရှင်းသင့်သည်၊ ညီအစ်ကိုမောင်နှမများထံမှ အခြေအနေကို စုံစမ်းမေးမြန်းပြီး ပြဿနာများကို မည်သို့ဖြေရှင်းရမည်ကို အခြားသော ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဆွေးနွေး မိတ်သဟာယဖွဲ့သင့်သည်။ ပြဿနာသည် ပြင်းထန်ပြီး သင် မည်သို့ဖြေရှင်းရမည်ကို မသိပါက ယင်းကို အထက်သို့ ချက်ချင်း တိုင်ကြားပြီး ဖြေရှင်းနည်းများကို ရှာဖွေသင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံး ပြီးမြောက်အောင်မြင်သင့်သည့်အရာ ဖြစ်သည်။ သို့သော် လက်ရှိပြဿနာမှာ ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို မဖြေရှင်းနိုင်လျှင်ပင် အထက်သို့ မတိုင်ကြားခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အရည်အချင်းမရှိမှု၊ အလွန်အမင်း ညံ့ဖျင်းသော အစွမ်းအစနှင့် တကယ့်အလုပ်လုပ်နိုင်စွမ်းမရှိခြင်းတို့ကို ဖော်ပြမိမည်ကို ကြောက်ရွံ့သောကြောင့် အထက်သို့ တိုင်ကြားရန် အလွန်ကြောက်ရွံ့ကြသည်၊ ၎င်းတို့သည် ဖြုတ်ချခံရမည်ကို စိုးရိမ်ကြသည်။ သို့တိုင်အောင် ၎င်းတို့သည် အလုပ်လုပ်ရန် ကိုယ်တိုင် ဦးဆောင်ဦးရွက် မပြုကြ၊ ၎င်းတို့သည် ထိုင်းမှိုင်း၍ ခံစားမှုမရှိဘဲ လှုပ်ရှားမှုတွင် နှေးကွေးကြသည်။ ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းမရှိဘဲ ၎င်းတို့သည် ကြုံရာကျပန်း နေထိုင်ကြရာ မဖြေရှင်းရသေးသော ပြဿနာများစွာ စုပုံလာစေပြီး သို့ဖြစ်၍ ဆိုးယုတ်သောလူများကို အခွင့်အရေးများ ပေးသကဲ့သို့ ဖြစ်စေသည်။ ဤအချိန်တွင် အယောင်ဆောင်ခေါင်းဆောင်များသည် အသုံးမကျသူများ ဖြစ်ကြောင်း မြင်တွေ့ရသဖြင့် ထိုဆိုးယုတ်သောလူများနှင့် ရည်မှန်းချက်ကြီးသောသူတို့သည် အခွင့်အရေးကို အရယူပြီး ဒုစရိုက်အမှုများကို လက်လွတ်စပယ် ကျူးလွန်ကြကာ အသင်းတော်ကို ဖရိုဖရဲဖြစ်စေပြီး ကမောက်ကမ ဖြစ်စေလျက် အလုပ်ကဏ္ဍအားလုံးကို ရပ်တန့်သွားစေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အဓိကတာဝန်ကို ထမ်းဆောင်သင့်သော်လည်း အခြားသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည်လည်း ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းခဲ့ကြပေ။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ကို ဆိုးရွားစွာ ပျက်ကွက်ခြင်း မဟုတ်လော။ အမှန်တကယ်တွင် အသင်းတော်၌ ဖြစ်ပေါ်သော ပြဿနာအများစုသည် ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကြောင့် ဖြစ်ပေါ်သော နှောင့်ယှက်မှုများနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများ၏ ဇာစ်မြစ်ကို ချက်ချင်း မဖော်ထုတ်နိုင်ပါက၊ ပြဿနာများကို ဖြစ်ပေါ်စေသော အဓိက လက်သည်များကို မရှာဖွေနိုင်သည့်အပြင် အကြောင်းရင်းများကို အခြားနေရာများတွင် အမြဲရှာဖွေနေပါက ၎င်းတို့သည် ပြဿနာများကို အခြေခံကျကျ ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ပြဿနာများသည် အနာဂတ်တွင် ဆက်လက်၍ ပေါ်ပေါက်လာမည် ဖြစ်သည်။ ပြဿနာရှာသူများ သို့မဟုတ် နောက်ကွယ်မှ ပြဿနာဖန်တီးသူများကို ဖမ်းမိပြီး တိုက်ရိုက် တာဝန်ခံခိုင်းပါက ဤသို့ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနည်းသည် အထိရောက်ဆုံး ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ယင်းသည် ထိုမယုံကြည်သူများနှင့် ဆိုးယုတ်သောလူများက ဆက်လက်၍ သောင်းကျန်းခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်းတို့ကို ဆက်လက်မပြုဝံ့ဖို့အတွက် သေချာစေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပြီးမြောက်အောင်မြင်သင့်သည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) အသင်းတော်၏ ပြဿနာများသည် အရေအတွက် တိုးပွားလာပြီး အချိန်နှင့်တစ်ပြေးညီ မဖြေရှင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်မဲ့မှုကြောင့်ဖြစ်သည်၊ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်များက သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့ပြီး တကယ့်အလုပ်ကို မလုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်ဟု အတိအကျ ပြောဆိုနိုင်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်၌ ဖြစ်ပေါ်သော အမျိုးမျိုးသော ပြဿနာများကို မဖြေရှင်းနိုင်ပါက ၎င်းတို့သည် ၎င်းတို့၏ ရာထူး၏ မူလတာဝန်ကိုလည်း သေချာပေါက် မထမ်းဆောင်နိုင်ပေ။ ဤနေရာတွင် ရှင်းလင်းစွာ နားလည်ရမည့် အခြေအနေများနှင့် အကြောင်းရင်းများစွာ ရှိသည်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အတွေ့အကြုံ မရှိသေးသူများ ဖြစ်ပါက ၎င်းတို့ကို စိတ်ရှည်စွာ ကူညီသင့်သည်၊ ပြဿနာများကို ဖြေရှင်းရန် ဦးဆောင်သင့်ပြီး ပြဿနာများကို ဖြေရှင်းသည့်ဖြစ်စဉ်တွင် အချို့အရာများကို သင်ယူကာ သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်စေသင့်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် တဖြည်းဖြည်း သင်ယူလာလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မှန်ကန်သောသူများ မဟုတ်ဘဲ သမ္မာတရားကို လုံးလုံးလျားလျား လက်ခံရန် ငြင်းပယ်ပြီး ထိုအစား ပြဿနာများကို ဖြေရှင်းရန် ဘာသာတရား မရှိသူများ၏ ရှုထောင့်အမြင်များနှင့် နည်းလမ်းများကို အသုံးပြုပါက ဤသည်မှာ သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီပေ။ ထိုသို့သောလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် မသင့်တော်ဘဲ အချိန်နှင့်တစ်ပြေးညီ ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်သည်၊ ထို့နောက် သင့်တော်သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်ရန် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပသင့်သည်။ ဤချဉ်းကပ်နည်းတစ်ခုတည်းကသာ ပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်သည်။ အသင်းတော် ခေါင်းဆောင်တစ်ဦးဖြစ်ရခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ဘဲ အချို့ပြဿနာများကို မကိုင်တွယ်နိုင်ခြင်းမှာ ရှောင်လွှဲ၍မရပေ။ သို့သော် လူတစ်ဦးသည် ဆင်ခြင်တုံတရားရှိပါက မိမိမဖြေရှင်းနိုင်သော ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ထိုပြဿနာများကို ကွယ်ဝှက်ခြင်းဖြစ်စေ၊ ဖုံးဖိခြင်းနှင့် လျစ်လျူရှုခြင်းတို့ကိုဖြစ်စေ မပြုသင့်ပေ။ ထိုအစား လူတစ်ဦးသည် ပြဿနာများ၏ ခုနစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းကို ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်မည့်၊ အနည်းဆုံးအနေဖြင့် ကြီးမားသော ပြဿနာများ ယာယီအားဖြင့် ဖြစ်ပေါ်လာခြင်းကို တားဆီးနိုင်မည့် ဖြေရှင်းနည်းတစ်ခုကို စုပေါင်းရှာဖွေရန် သမ္မာတရားကို နားလည်သော လူအချို့နှင့် တိုင်ပင်သင့်သည်။ ဤသည်မှာ ဖြစ်နိုင်သော နည်းလမ်းတစ်ခု ဖြစ်သည်။ ပြဿနာများကို အမှန်တကယ် မဖြေရှင်းနိုင်ပါက လူတစ်ဦးသည် အထက်ထံမှ ဖြေရှင်းနည်းများကို ရှာဖွေသင့်သည်၊ ဤသည်မှာ ပညာရှိသော ရွေးချယ်မှုတစ်ခု ဖြစ်သည်။ သင်သည် သိက္ခာကျမည်ကို ကြောက်ရွံ့သောကြောင့် သို့မဟုတ် သင်၏ အရည်အချင်းမရှိမှုအတွက် အထက်က သင့်ကို ပြုပြင်မည်ကို ကြောက်ရွံ့သောကြောင့် ပြဿနာများကို ဖုံးဖိပြီး မတိုင်ကြားပါက ဤသည်မှာ လုံးဝ ဘာသိဘာသာနေခြင်း ဖြစ်သည်။ သင်သည် မည်သည့်အရာလုပ်ရမှန်းမသိဘဲ ထိုင်းမှိုင်း၍ ခံစားချက်မဲ့သော လူမိုက်တစ်ဦးကဲ့သို့ ပြုမူပါက ဤသည်မှာ ကိစ္စများကို နှောင့်နှေးစေလိမ့်မည်။ ထိုသို့သော အခြေအနေများသည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့အတွက် အခွင့်အရေးများကို လွယ်ကူစွာ ပေးအပ်ပြီး ၎င်းတို့ ပြုမူဆောင်ရွက်ရန် ဖရိုဖရဲအခြေအနေကို အခွင့်ကောင်း ယူခွင့်ပေးသကဲ့သို့ ဖြစ်စေသည်။ ၎င်းတို့သည် ပြုမူဆောင်ရွက်ရန် ဖရိုဖရဲအခြေအနေကို အခွင့်ကောင်း ယူသည်ဟု အဘယ်ကြောင့် ဆိုရသနည်း။ အကြောင်းမှာ ၎င်းတို့သည် ဤအခွင့်အရေးကို အတိအကျ စောင့်ဆိုင်းနေသောကြောင့် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်ပြဿနာကိုမျှ မကိုင်တွယ်နိုင်သည့်အခါ၊ ဘုရားသခင် ရွေးချယ်ထားသောလူများသည် စိုးရိမ်ပူပန်ပြီး မသက်မသာခံစားနေရကာ ၎င်းတို့အပေါ် ယုံကြည်မှု ပျောက်ဆုံးနေပြီဖြစ်သည့်အခါ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့သည် ဤကွာဟချက်ကို အမြတ်ထုတ်ရန် ကြိုးစားနေကြသည်။ ၎င်းတို့သည် အသင်းတော်သည် ခေါင်းဆောင်မှု သို့မဟုတ် စီမံခန့်ခွဲမှုမရှိသော အခြေအနေတွင် ရှိသည်ဟု ထင်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများက ၎င်းတို့ကို အထင်ကြီးအောင်၊ ထောက်ခံအောင်၊ ခေါင်းဆောင်များနှင့်လည်းကောင်း၊ အမှုဆောင်များနှင့်လည်းကောင်း နှိုင်းယှဉ်လျှင် ၎င်းတို့တွင် ပိုကောင်းသော အစွမ်းအစရှိကြောင်း၊ ပြဿနာများကို ဖြေရှင်းရန်နှင့် ထွက်ပေါက်ကို ဦးဆောင်ရန် ပို၍စွမ်းဆောင်နိုင်ကြောင်း၊ ဖရိုဖရဲအခြေအနေကြားတွင် အခြေအနေကို ပို၍ကောင်းစွာ ပြန်လည်ထိန်းသိမ်းနိုင်ကြောင်း ယုံကြည်ေအောင် လုပ်ဆောင်ရန် မိမိတို့၏ စွမ်းရည်များကို ကြွားလုံးထုတ်ဖို့ ဤအခွင့်အရေးကို အသုံးပြုလိုကြသည်။ ဤသည်မှာ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့ အပြုလုပ်ဆုံးသော အရာ မဟုတ်လော။ ဤအချိန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အစွမ်းမရှိသည့်အခါ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့က ထရပ်ပြီး ပြဿနာများကို ဖြေရှင်းကာ ထွက်ပေါက်သို့ပင် ဦးဆောင်သည့်အခါ ဘုရားသခင် ရွေးချယ်ထားသောလူများသည် မည်သူ့ကို ယုံကြည်မည်နည်း။ သဘာဝအားဖြင့် ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့၏ အင်အားစုများကို ယုံကြည်ကြလိမ့်မည်။ ဤသည်မှာ အဘယ်အရာကို ပြသသနည်း။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသုံးမကျသူများဖြစ်ပြီး မည်သည့်အရာကိုမျှ မပြီးမြောက်စေဘဲ အရေးကြီးသော အခိုက်အတန့်များတွင် ရှုံးနိမ့်ကြောင်းကို ပြသသည်။ ထိုသို့သောလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ထိုက်သေးသလော။ အန္တိခရစ်တို့သည် သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့ပြီး တကယ့်အလုပ်ကို မလုပ်ဆောင်နိုင်သော်လည်း ၎င်းတို့အားလုံးသည် အတိုင်းအတာအမျိုးမျိုးဖြင့် ဆုကျေးဇူးအချို့ကို ပိုင်ဆိုင်ကြပြီး ပြင်ပကိစ္စရပ်များတွင် အတော်အတန် ပို၍ လိမ္မာပါးနပ်ကြသည်၊ ဤသည်မှာ ၎င်းတို့၏ အားသာချက်ကို အတိအကျ ဖွဲ့စည်းထားပြီး ၎င်းတို့က လူများကို အထင်အမြင်မှားစေနိုင်သည့် နည်းလမ်းလည်း ဖြစ်သည်။ သို့သော် ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာပါက ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ၎င်းတို့ အမှန်တကယ် အသုံးပြုနိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်၊ သမ္မာတရားကို နားလည်ရန်နှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် အမှန်တကယ် ဦးဆောင်နိုင်မည်လော။ လုံးဝ မဖြစ်နိုင်ပေ။ ၎င်းတို့တွင် ဆုကျေးဇူးအချို့ရှိပြီး စကားပြောကောင်းသော်လည်း ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု တစ်ခုမျှ လုံးဝ မရှိချေ။ ၎င်းတို့သည် အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် သင့်တော်သလော။ လုံးဝ မသင့်တော်ပါ။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများ ထွင်းဖောက်မြင်သင့်သည့်အရာ ဖြစ်သည်၊ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် လှည့်စားခြင်းကို မည်သည့်အခါမျှ မခံရရပေ။ မယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့သည် သမ္မာတရားကို လုံးဝ မလိုက်စားကြဘဲ သမ္မာတရား လက်တွေ့ကျမှု တစ်စက်မျှပင် မရှိကြပေ။ သို့ဖြစ်၍ ငါ့ကို ပြောလော့၊ ၎င်းတို့သည် “ယခုအခါတွင် အသင်းတော်၌ ကြီးကြပ်သည့်သူတစ်ဦးမျှ မရှိသော်ငြားလည်း ကျွန်ုပ်တို့သည် မိမိတို့ဘာသာ ဦးစီးဦးဆောင်ပြုရမည်။ ဘုရားအိမ်တော်၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်၍မရပါ၊ ဘုရားအိမ်တော်မှ တောင်းဆိုသော စည်းမျဉ်းများကို ပြောင်းလဲ၍မရပါ။ ကျွန်ုပ်တို့ လုပ်သင့်လုပ်ထိုက်သောအရာကို ကျွန်ုပ်တို့ လုပ်ဆောင်သင့်သည်။ လူတိုင်းသည် မိမိတို့ ထမ်းဆောင်သင့်သည့် တာဝန်များကို စောင့်ထိန်သင့်သည်၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ပြီး စည်းစနစ်ကျမှုကို အဖျက်အမှောင့်မလုပ်သင့်ပါ” ဟူသကဲ့သို့သော အသိတရားနှင့် ဆင်ခြင်တုံတရားရှိသည့် အရာတစ်ခုကို ပြောနိုင်မည်လော။ ၎င်းတို့သည် ဤကဲ့သို့သော အရာတစ်ခုကို ပြောနိုင်မည်လော။ (မပြောနိုင်ပါ။) လုံးဝ မပြောနိုင်ပေ။ ဤမယုံကြည်သူများနှင့် ဆိုးယုတ်သောလူများသည် အဘယ်သို့သော လုပ်ဆောင်ချက်များကို ပြုလုပ်ကြမည်နည်း။ ကြီးကြပ်ကွပ်ကဲမှုမရှိဘဲ ၎င်းတို့သည် မိမိတို့၏ တာဝန်များကိုပင် မထမ်းဆောင်ကြဘဲ စားခြင်း၊ သောက်ခြင်း၊ ကစားခြင်းနှင့် ပျော်ပါးခြင်းတို့တွင် စိတ်အလိုလိုက်ကာ အကျိုးမရှိသော စကားစမြည်ပြောဆိုခြင်း၊ နောက်ပြောင်ခြင်းနှင့် ပရောပရည်လုပ်ခြင်းတို့တွင်ပင် ပါဝင်ကြသည်။ အချို့သည် ဘာသာတရားမရှိသူလောက၏ ဗီဒီယိုများကို တစ်ညလုံး ကြည့်ရှုကြပြီးနောက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရင်း ညဉ့်နက်သည်ဟူသော ဆင်ခြေကို အသုံးပြုကာ ခိုကပ်ပြီး အလွန်အကျွံ အိပ်စက်ကြသည်။ ဤသည်တို့မှာ ဆိုးယုတ်သောလူများ၊ နတ်ဆိုးများနှင့်ဆိုင်သောသူများ၏ လုပ်ဆောင်ချက်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဤမကောင်းမှုများကို ကျူးလွန်သည့်အခါ ၎င်းတို့သည် အပြစ်ရှိစိတ် တစ်စက်တလေ ခံစားရသလော။ ၎င်းတို့သည် ရုတ်တရက် အသိတရားဝင်လာပြီး လူသားဆိုင်ရာ တာဝန်အချို့ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်နှင့် ဘုရားအိမ်တော်၊ အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိသောအရာတစ်ခုကို လုပ်ဆောင်ရန် ကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုမည်လော။ လုံးဝ လုပ်ဆောင်မည် မဟုတ်ပေ။ တစ်စုံတစ်ဦးက ကြည့်ရှုနေသည့်အခါ ၎င်းတို့သည် ဝမ်းစာအတွက်သာ မိမိတို့ကို အကောင်းမြင်စေသော အလုပ်အချို့ကို စိတ်မပါ့တပါနှင့် လုပ်ဆောင်ကြသည်။ ဤသည်မှာ ၎င်းတို့ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာ ဖြစ်သည်၊ ဤအရာမှလွဲ၍ ဤလူများတွင် ချီးကျူးစရာ လက္ခဏာ တစ်ခုမျှ မရှိပေ။ သို့ဖြစ်၍ ဤလူများ ဘုရားအိမ်တော်၌ ဆက်လက်နေထိုင်ခြင်းတွင် အဓိပ္ပာယ်တစ်ခုခု ရှိသေးသလော။ လုံးဝ အဓိပ္ပာယ်မရှိပေ။ ထိုသို့သောလူများသည် မလိုလားအပ်သော သူများဖြစ်ပြီ ၎င်းတို့ကို ရှင်းလင်းရမည်။

လူတစ်ဦးသည် သမ္မာတရားကို နှစ်သက်ခြင်း ရှိမရှိကို သင်မည်သို့ တိုင်းတာသနည်း။ သင်တို့ နားလည်စေရန် ငါ ဥပမာတစ်ခု ပေးမည်။ အချို့လူများသည် လုပ်ငန်းတစ်ခုတွင် ပါဝင်ကြပြီး ၎င်းတို့ ပို၍သင်ယူလေ၊ ၎င်းတို့၏ လေ့လာမှုကို ပို၍တိုးတက်စေလေ၊ ၎င်းတို့ ပို၍နားလည်လေ၊ ထို့နောက် ၎င်းတို့သည် ယင်းတွင် ပါဝင်ဆောင်ရွက်ရန် ပို၍ဆန္ဒရှိလာပြီး ထိုလုပ်ငန်းကို စွန့်ခွာရန် ဆန္ဒနည်းပါးလာလေ ဖြစ်သည်။ ဤသည်မှာ မည်သို့သော သရုပ်သကန်မျိုး ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့သည် ဤလုပ်ငန်းကို အမှန်တကယ် နှစ်သက်သည်ဟု ဆိုလိုသလော။ (ဆိုလိုပါသည်။) ၎င်းတို့ မည်မျှပင် ဒုက္ခဆင်းရဲ ခံရပါစေ၊ မည်သည့်အဖိုးအခပင် ဖြစ်ပါစေ၊ ၎င်းတို့ မည်မျှပင် ကြိုးစားအားထုတ်ပါစေ၊ ၎င်းတို့သည် ထိုလုပ်ငန်းတွင် နောင်တမရှိဘဲ၊ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ဆက်လက် လုပ်ဆောင်ကြသည်။ ဤသည်မှာ စစ်မှန်သော ချစ်ခင်တွယ်တာမှု၊ နက်ရှိုင်းသော၊ စိတ်ရင်းမှန်ဖြင့် နှစ်သက်ခြင်း ဖြစ်သည်။ အလုပ်တစ်ခုခုကို နှစ်သက်သည်ဟု အခိုင်အမာဆိုသော်လည်း အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ယူသည့် ဖြစ်စဉ်အတွင်း ဒုက္ခဆင်းရဲခံရန် သို့မဟုတ် အဖိုးအခပေးရန် ဆန္ဒမရှိသော၊ အလုပ်တွင် ပြဿနာများစွာ ပေါ်ပေါက်လာသည့်အခါ ဒုက္ခကို ကြောက်ရွံ့၍ ဖြေရှင်းနည်းများကို မရှာဖွေသော၊ ဤလုပ်ငန်းတွင် ပါဝင်ခြင်းသည် အနှောင့်အယှက် သို့မဟုတ် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်သည်ဟုပင် မကြာခဏ ခံစားရသော လူတစ်ဦးရှိသည် ဆိုပါစို့။ သို့သော် လုပ်ငန်းပြောင်းရန်မှာ မလွယ်ကူဘဲ ဤလုပ်ငန်းက ဆောင်ကြဉ်းပေးနိုင်သော ရုပ်ဝတ္ထုဆိုင်ရာ အကျိုးကျေးဇူးများကို ထည့်သွင်းစဉ်းစားလျက် ဤလူသည် ယင်းတွင် စိတ်မပါ့တပါနှင့် ပါဝင်သော်လည်း ဤလုပ်ငန်းတွင် မည်သည့်အခါမျှ ထူးချွန်သူတစ်ဦး ဖြစ်လာမည်မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် ဤလုပ်ငန်းကို အမှန်တကယ် နှစ်သက်သလော။ (မနှစ်သက်ပါ။) ၎င်းတို့ မနှစ်သက်သည်မှာ သိသာထင်ရှားပေသည်။ နောက်ထပ် လူအမျိုးအစားတစ်မျိုး ရှိသေးသည်၊ ယင်းမှာ အချို့သောလုပ်ငန်းကို နှစ်သက်ကြောင်း နှုတ်ဖြင့် ဖော်ပြပြီး ယင်းတွင် ပါဝင်ဆောင်ရွက်သော်လည်း အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ကောင်းစွာသင်ယူရန် ဒုက္ခဆင်းရဲခံခြင်း သို့မဟုတ် အဖိုးအခပေးခြင်းကို မည်သည့်အခါမျှ မပြုလုပ်သောသူ ဖြစ်သည်။ ၎င်းတို့သည် သင်ယူသည့် ဖြစ်စဉ်အတွင်း ထိုလုပ်ငန်းအတွက် စက်ဆုပ်ခြင်း သို့မဟုတ် ရွံမုန်းခြင်းကိုပင် ဖြစ်ပေါ်လာနိုင်ပြီး သင်ယူရန် တိုး၍ ဆန္ဒမရှိ ဖြစ်လာနိုင်သည်။ ၎င်းတို့၏ စက်ဆုပ်ခြင်းသည် အတိုင်းအတာတစ်ခုသို့ ရောက်ရှိသည့်အခါ ၎င်းတို့သည် လုပ်ငန်းပြောင်းလဲကြပြီး နောက်ပိုင်းတွင် ၎င်းတို့ ထိုလုပ်ငန်းတွင် ပါဝင်ခဲ့သည့်အချိန်က မည်သည့်ဖြစ်စဉ်၊ ဇာတ်လမ်းများ သို့မဟုတ် အခြားမည်သည့်အရာကိုမျှ ဖော်ပြရန် ဆန္ဒမရှိကြတော့ပေ။ ထိုသို့သောလူများသည် ထိုလုပ်ငန်းကို အမှန်တကယ် နှစ်သက်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် ယင်းကို မနှစ်သက်ကြပေ။ ၎င်းတို့သည် ထိုလုပ်ငန်းကို ပေါ့ပေါ့တန်တန် စွန့်လွှတ်နိုင်ပြီး စက်ဆုပ်ရွံရှာကာ လုပ်ငန်းပင် ပြောင်းလဲနိုင်သည်၊ ဤသည်မှာ ၎င်းတို့သည် ထိုလုပ်ငန်းကို အမှန်တကယ် မနှစ်သက်ကြောင်း သက်သေပြသည်။ ၎င်းတို့ ထိုလုပ်ငန်းကို စွန့်လွှတ်နိုင်သည့် အကြောင်းရင်းမှာ အချိန်၊ စွမ်းအင်နှင့် ကုန်ကျစရိတ်များစွာ ရင်းနှီးမြှုပ်နှံပြီးနောက် ထိုလုပ်ငန်းသည် ၎င်းတို့အား ၎င်းတို့ဆန္ဒရှိခဲ့သော ချမ်းသာသောဘဝကို အသက်ရှင်နေထိုင်ရန်ကိုဖြစ်စေ၊ ကောင်းမွန်သော ရုပ်ဝတ္ထုဆိုင်ရာ အကျိုးခံစားခွင့်များကို ခံစားရန်ကိုဖြစ်စေ အခွင့်မပေးခဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စိတ်နှလုံးထဲတွင် ထိုလုပ်ငန်းကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ ကျိန်ဆဲကြသည်၊ အခြားသူများကို ယင်းအကြောင်း စကားထဲထည့်ပြောခြင်းကိုပင် တားမြစ်ကြသည်၊ မိမိတို့ကိုယ်တိုင်လည်း နောက်ထပ် စကားထဲထည့်မပြောကြတော့ချေ၊ ပြီးလျှင် ယခင်က ဤလုပ်ငန်းတွင် ပါဝင်ခဲ့သည့်အတွက်လည်းကောင်း၊ ယင်းကို ဘဝတွင် မိမိတို့၏ ရည်သန်မျှော်မှန်းချက်နှင့် လိုက်စားရန် အမြင့်ဆုံးသော ပန်းတိုင်အဖြစ် မှတ်ယူခဲ့သည့်အတွက်ပင်လည်းကောင်း ရှက်ရွံ့သည်ဟု ခံစားကြရသည်။ ထိုလုပ်ငန်းကို ၎င်းတို့ အလွန်အမင်း မနှစ်မြို့နိုင်သည့် အတိုင်းအတာကို ကြည့်လျှင် ထိုလုပ်ငန်းအတွက် ၎င်းတို့၏ ကနဦးပြသခဲ့သော နှစ်သက်မှုသည် စစ်မှန်ခဲ့သလော။ (မစစ်မှန်ပါ။) ထိုလုပ်ငန်းကို အမှန်တကယ် နှစ်သက်သော လူအမျိုးအစား တစ်မျိုးတည်းသာ ရှိသည်၊ ထိုလုပ်ငန်းသည် ၎င်းတို့အား ကောင်းမွန်သော ရုပ်ဝတ္ထုဆိုင်ရာ အသက်တာ သို့မဟုတ် များပြားသော အကျိုးကျေးဇူးများ ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ ဤလုပ်ငန်းတွင် ၎င်းတို့ မည်မျှပင် အခက်အခဲများ ကြုံတွေ့ရပါစေ သို့မဟုတ် မည်မျှပင် ဆင်းရဲဒုက္ခ ခံရပါစေ၊ ၎င်းတို့သည် ယင်းတွင် မဆုတ်မနစ်ဘဲ အဆုံးတိုင်အောင် ဇွဲဖြင့် လုပ်ဆောင်နိုင်သည်။ ဤသည်မှာ စစ်မှန်သော နှစ်သက်တွယ်တာခြင်း ဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားကို နှစ်သက်ခြင်း ရှိမရှိနှင့်လည်း အလားတူပင် သက်ဆိုင်သည်။ သင်သည် အပြုသဘောဆောင်သောအရာများကို အမှန်တကယ် နှစ်သက်ပြီး အပြုသဘောဆောင်သောအရာများကို နှစ်သက်ခြင်းမှ သမ္မာတရားကို နှစ်သက်ခြင်းသို့ တိုးတက်လာပါက သင်သည် မည်သို့သော အခြေအနေများကို ကြုံတွေ့ရပါစေ သင်၏ ဘဝပန်းတိုင်ကို မပြောင်းလဲဘဲ သမ္မာတရားကို ရှာဖွေခြင်းနှင့် လိုက်စားခြင်းတွင် ဇွဲဖြင့် လုပ်ဆောင်လိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအား ပေါ့ပေါ့တန်တန် စွန့်လွှတ်နိုင်ပြီး ကယ်တင်ခြင်း၏ လမ်းခရီးကို စွန့်ပယ်နိုင်ပါက ဤသည်မှာ သမ္မာတရားကို အမှန်တကယ် ချစ်ခြင်း မဟုတ်ပေ။ သမ္မာတရားကို မလိုက်စားသော်လည်း စွန့်လွှတ်ခြင်းလည်း မရှိသောသူတို့အတွက်မူ ၎င်းတို့၏ ဇွဲလုံ့လအတွက် အကြောင်းရင်း တစ်ခုတည်းသာ ရှိသည်၊ ၎င်းတို့သည် ကောင်းသော အဆုံးသတ်နှင့် ပန်းတိုင်၊ ကောင်းသော အနာဂတ်အတွက် မျှော်လင့်ချက် အနည်းငယ်မျှ ရှိနေသမျှ ကံစမ်းရကျိုးနပ်သည်ဟု ထင်ကြပြီး အဆုံးတိုင်အောင် ဇွဲဖြင့် လုပ်ဆောင်သင့်သည်ဟု ထင်ကြသည်။ ဤဇွဲလုံ့လသည် လိုအပ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်၊ ဘေးအန္တရာယ်များ ကြီးထွားလာပြီး သွားစရာနေရာ အခြားမရှိသဖြင့် ၎င်းတို့သည်လည်း မထူးတော့သည့်အတူတူ ဤနေရာတွင် ဆက်လက်နေထိုင်ပြီး ကံစမ်းကြည့်လျှင် ပိုကောင်းမည်ဟု ယုံကြည်ကြသည်။ ထိုသို့သောလူများ၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို ချစ်ခြင်း တစ်စက်မျှပင် ရှိသလော။ (မရှိပါ။) ၎င်းတို့တွင် မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို ပထမဆုံး စတင်ယုံကြည်သည့်အခါ ဤလူများသည် လောကကို မုန်းတီးခြင်း၊ စာတန်ကို မုန်းတီးခြင်း၊ အပျက်သဘောဆောင်သောအရာများကို မုန်းတီးခြင်း၊ အပြုသဘောဆောင်သောအရာများကို နှစ်သက်ခြင်းနှင့် အလင်းကို တောင့်တခြင်းတို့အကြောင်းကိုလည်း ပြောဆိုကြသည်။ သို့သော် ၎င်းတို့သည် ဘုရားအိမ်တော်ထဲသို့၊ အသင်းတော်ထဲသို့ ဝင်ရောက်လာသည့်အခါ ၎င်းတို့၏ အပြုအမူမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့က အလုပ်လုပ်ပေးသူများဖြစ်ကြောင်း တွေ့ရှိသည့်အခါ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များ၊ အပြုအမူများနှင့် သဘာဝသည် ဘုရားသခင်ကို မနှစ်သက်စေကြောင်း သိရှိလာသည့်အခါ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် မည်သို့သော အပြုအမူမျိုးကို ပြသကြသနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်၌ မျက်နှာသာပေးခြင်း မခံရတော့ကြောင်း၊ ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည့်သူများဖြစ်ကြောင်းကို အာရုံခံမိသည့်အခါ၊ ခံစားရသည့်အခါ သို့မဟုတ် ထင်မြင်သည့်အခါ အချို့သည် ထွက်ခွာရန် ရွေးချယ်ကြသည်ဟု ဆိုနိုင်သည်။ အခြားသူများမှာမူ အသင်းတော်၌ စိတ်မပါ့တပါနှင့် နေထိုင်ကြသော်လည်း အခြေအနေကို လက်လွှတ်အရှုံးပေးလိုက်ကြကာ နောက်ဆုံးတွင် မဖြစ်မနေ ထွက်ခွာကြရသည်။ ထိုသို့သောလူများသည် သမ္မာတရားကို လုံးဝ မချစ်ကြပေ၊ ကောင်းချီးများအတွက် ၎င်းတို့၏ ဆန္ဒ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသည့်အခါ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ပြီး ကိုယ်တော်ထံမှ ထွက်ခွာသွားနိုင်သည်။ ဤအမျိုးမျိုးသော သရုပ်သကန်များသည် မတူညီသောလူများ၏ သမ္မာတရားအပေါ် သဘောထားများကို ပြသသည်။

၄။ ဤလူသုံးမျိုး၏ မတူညီသော အဆုံးသတ်များ

ငါတို့သည် လူသုံးမျိုးဖြစ်သည့် အလုပ်လုပ်ပေးသူများ၊ အငှားအလုပ်သမားများနှင့် ဘုရားသခင်၏ လူများတို့၏ လက္ခဏာများအကြောင်းကို ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ၎င်းတို့၏ လက္ခဏာများမှကြည့်လျှင် ၎င်းတို့၏ နောက်ဆုံးအဆုံးသတ်များသည် ဓမ္မဓိဋ္ဌာန်ကျသော ပတ်ဝန်းကျင်များ သို့မဟုတ် အခြေအနေများအားဖြင့် အဆုံးအဖြတ်ပေးခြင်းမဟုတ်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်လိုက်စားမှုများနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရအားဖြင့် အဆုံးအဖြတ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပေသည်။ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် လူတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသူမှာ ဘုရားသခင်ဖြစ်သော်လည်း ဘုရားသခင်သည် ဤအဆုံးအဖြတ်များကို လူတို့သည် သမ္မာတရားကို နှစ်သက်ခြင်း ရှိမရှိနှင့် သမ္မာတရားကို လက်ခံနိုင်စွမ်း ရှိမရှိအပေါ် အခြေခံ၍ ချမှတ်သည်မှာ ပြောစရာမလိုချေ။ အလုပ်လုပ်သူများသည်လည်း သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို နှစ်သက်ကြောင်း အခိုင်အမာပြောဆိုကြသော်လည်း အဆုံးတွင် ဘုရားသခင်၏အလုပ် နိဂုံးချုပ်သည့်အခါ ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ လွန်ကဲသော တောင်းဆိုချက်များနှင့် ဘုရားသခင်ကို ၎င်းတို့၏ သစ္စာဖောက်ခြင်းတို့သည် မပြောင်းလဲဘဲ ရှိနေဆဲဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အလုပ် ကာလအတွင်း၊ ဘုရားသခင်နောက်လိုက်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်အခါမျှ ဖြေရှင်းခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းခြင်း၏ အရင်းခံအကြောင်းရင်းမှာ ၎င်းတို့သည် အခြေခံအားဖြင့် သမ္မာတရားကို လက်မခံခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံရန် ဆန္ဒရှိသော်လည်း ၎င်းတို့ အမှန်တကယ် ဖော်ပြသည့်အရာမှာ သမ္မာတရား စည်းမျဉ်းများ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၏ နည်းလမ်းကို မည်သည့်အခါမျှ မရှာဖွေဘဲ စွန့်လွှတ်နိုင်စွမ်းနှင့် အဖိုးအခပေးလိုစိတ်တစ်ခုသာ ဖြစ်သည်။ နောက်ဆုံးရလဒ်မှာ ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့တွင် ဘုရားသခင်နှင့်ပတ်သက်၍ အသိပညာ စိုးစဉ်းမျှ မရှိခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြားလူများနှင့် စာတန်၏ရှေ့မှောက်တွင် ဘုရားသခင်ကို သစ္စာဖောက်ရန်နှင့် ကိုယ်တော်နှင့်ပတ်သက်သော ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများ၊ ကိုယ်တော်အပေါ် ၎င်းတို့၏ ကျိုးကြောင်းမဆီလျော်သော တောင်းဆိုချက်များကို ထုတ်ဖော်ပြောဆိုရန် စွမ်းဆောင်နိုင်ဆဲ ဖြစ်သည်။ ဘုရားသခင်၏အလုပ် နိဂုံးချုပ်သည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို “လူ့သဘာဝကောင်းရှိခြင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း၊ စွန့်လွှတ်နိုင်ပြီး ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်ခြင်း၊ သေချာပေါက် ကယ်တင်ခြင်းခံနိုင်ခြင်း” အဖြစ် မှတ်ယူနေဆဲဖြစ်ပြီး ဤအတွက် ၎င်းတို့သည် စိတ်အေးချမ်းသာစွာ ခံစားကြရသည်။ အမှန်တကယ်တွင် ၎င်းတို့သည် သမ္မာတရားကို လုံးဝ မလိုက်စားဘဲ အလုပ်လုပ်ပေးသူတစ်ဦး၏ လမ်းခရီးကို အစဉ်သဖြင့် လိုက်လျှောက်ခဲ့ကြသည်၊ သို့ဖြစ်၍ ၎င်းတို့သည် အစေခံသူတစ်ဦး၏ ပင်ကိုလက္ခဏာကို အစဉ်သဖြင့် ထိန်းသိမ်းထားကြသည်။ အခြားလူအမျိုးအစားဖြစ်သည့် အငှားအလုပ်သမားများနှင့်ပတ်သက်၍မူ ငါတို့ ဆွေးနွေးမည်မဟုတ်။ နောက်ထပ် အမျိုးအစားတစ်ခုမှာ ငါတို့ ယခုလေးတင် ဖော်ပြခဲ့သော ဘုရားသခင်၏ လူများ ဖြစ်ကြသည်။ ဘုရားသခင်နောက်လိုက်သည့်တစ်လျှောက်တွင် ၎င်းတို့သည် အလုပ်လုပ်ပေးသူများကဲ့သို့ပင် ကိုယ်တော်အတွက် မိမိတို့ကိုယ်ကို အသုံးခံကြသည်၊ ၎င်းတို့၏ အချိန်နှင့် စွမ်းအင်၊ ၎င်းတို့၏ လူငယ်ဘဝကိုပင် ဆက်ကပ်ကြပြီး ဒုက္ခဆင်းရဲများစွာကို ကြံ့ကြံ့ခံကာ အဖိုးအခများစွာကို ပေးဆပ်ကြသည်။ ဤသည်မှာ အလုပ်လုပ်ပေးသူများနှင့် တူညီသည်။ သို့ဆိုလျှင် မတူညီသည့်အရာမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်၏အလုပ် နိဂုံးချုပ်သည့်အခါ ဘုရားသခင်အပေါ် ၎င်းတို့၏ များပြားသော အယူအဆများ၊ စိတ်ကူးများနှင့် လွန်ကဲသော တောင်းဆိုချက်များသည် ဖြေရှင်းပြီးသား ဖြစ်လိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်းမှ ဘုရားသခင်ကို သိသာထင်ရှားစွာ အတိုက်အခံလုပ်သော ဖောက်ပြန်ပျက်စီးခြင်း၏ သရုပ်သကန်များ၊ အခြေအနေများနှင့် ထုတ်ဖော်မှုများသည် ဖယ်ရှားပြီးသား ဖြစ်လိမ့်မည်။ ကျန်ရှိနေသေးသော အရာများသည်လည်း ၎င်းတို့ အတွေ့အကြုံမှတစ်ဆင့် သမ္မာတရားကို တဖြည်းဖြည်း နားလည်လာသည့်အခါ သမ္မာတရားအားဖြင့် ဖြေရှင်းခြင်းခံရလိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လုံးလုံးလျားလျား ဖယ်ရှားပြီးခြင်း မရှိသေးသော်လည်း ၎င်းတို့၏ အသက်စိတ်သဘောထားသည် အပြောင်းအလဲအချို့ကို ကြုံတွေ့ခဲ့ပြီး ဖြစ်ပေမည်။ အချိန်အများစုတွင် ၎င်းတို့သည် မိမိတို့နားလည်သော သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်မှုများသည် သိသိသာသာ လျော့နည်းသွားလိမ့်မည်။ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင်မျှ ယင်းတို့ကို ထုတ်ဖော်မည်မဟုတ်ဟု ဆိုလိုခြင်းမဟုတ်သော်လည်း ဤလူများသည် အခြေခံလိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်၊ ၎င်းတို့သည် ရိုးသားရန် ဘုရားသခင်၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်၊ ၎င်းတို့သည် အခြေခံအားဖြင့် ရိုးသားသောလူများ ဖြစ်ကြလိမ့်မည်။ ထို့အပြင် ဤလူများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည့်အခါ သို့မဟုတ် ပြစ်မှားခြင်းများကို ကျူးလွန်သည့်အခါ သို့မဟုတ် ဘုရားသခင်အပေါ် အယူအဆများနှင့် ပုန်ကန်မှုများကို ထားရှိသည့်အခါ မည်သည့်ပတ်ဝန်းကျင်တွင် ပြုလုပ်သည်ဖြစ်စေ ၎င်းတို့တွင် နောင်တရသော သဘောထားတစ်ခု ရှိလိမ့်မည်။ ပြီးလျှင် အရေးအကြီးဆုံးသော နောက်တစ်ချက်ရှိသေးသည်၊ နောက်ဆုံးသော ကာလ၏ တရားစီရင်ခြင်းအလုပ်တွင် ဘုရားသခင် မည်သို့သော တိကျသည့် လုပ်ဆောင်ချက်များကို ပြုလုပ်သည်ဖြစ်စေ၊ ကိုယ်တော် မည်သို့ ပြုမူဆောင်ရွက်သည်ဖြစ်စေ၊ အနာဂတ်တွင် ကိုယ်တော် မည်သည့်အရာကို ပြုလုပ်ရန် ရည်ရွယ်သည်ဖြစ်စေ၊ လူသားမျိုးနွယ်၏ ကံကြမ္မာကို ကိုယ်တော် မည်သို့ စီစဉ်မည်ဖြစ်စေ၊ ကိုယ်တော် စီစဉ်သော ပတ်ဝန်းကျင်တွင် ၎င်းတို့ကိုယ်တိုင် မည်သို့ အသက်ရှင်နေထိုင်ရမည်ဖြစ်စေ ၎င်းတို့အားလုံးသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ရွေးချယ်မှုများကင်းမဲ့ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ အစီအစဉ်များနှင့် ကြံစည်မှုများ ကင်းမဲ့လျက် ကျိုးနွံနာခံသော စိတ်နှလုံးနှင့် ကျိုးနွံနာခံခြင်း၏ သဘောထားတစ်ခုကို ပိုင်ဆိုင်ကြလိမ့်မည်။ ဤအမျိုးမျိုးသော အပြုသဘောဆောင်သည့် သရုပ်သကန်များကြောင့် ၎င်းတို့သည် ဘုရားသခင် လိုအပ်သော၊ ကိုယ်တော်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းတည်း ဟူသော ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်သည့် လူစားမျိုး ဖြစ်နှင့်ပြီး ဖြစ်ပေမည်။ ၎င်းတို့သည် ဘုရားသခင် မိန့်တော်မူသည့်အတိုင်း “ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ကာ စုံလင်သောသူတစ်ဦး ဖြစ်ခြင်း” ဟူသော စစ်မှန်သော စံနှုန်းနှင့် ဝေးကွာနေဆဲ ဖြစ်သော်လည်း ဘုရားသခင်၏ စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်လာသည့်အခါ ၎င်းတို့သည် ရှာဖွေပြီး ကျိုးနွံနာခံနိုင်လိမ့်မည်၊ ဤသည်မှာ လုံလောက်ပေသည်။ ၎င်းတို့တွင် မကျေမနပ်ပြောဆိုခြင်းများ ရှိမည်မဟုတ်၊ ၎င်းတို့သည် စောင့်ဆိုင်းပြီး ကျိုးနွံနာခံရုံသာ ပြုကြလိမ့်မည်။ သင်တို့၏ လက်ရှိအခြေအနေများသည် ထိုသို့သောရလဒ်နှင့် အနည်းငယ် ကွာဝေးနေနိုင်သေးပြီး အချို့အတွက်မူ အလွန်ကွာဝေးပြီး လက်လှမ်းမမီနိုင်ဟု ထင်ရနိုင်သော်လည်း သင်သည် သမ္မာတရားကို လက်ခံနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ ဖြစ်တည်မှုအတွက် စည်းမျဉ်းနှင့် အခြေခံအုတ်မြစ်အဖြစ် သဘောထားနိုင်ပါက တစ်နေ့တွင် သင် သို့မဟုတ် သင်တို့အားလုံးသည် ကိုယ်တော် ချစ်တော်မူသော ဘုရားသခင်၏ စစ်မှန်သောလူများ ဖြစ်လာခြင်းနှင့် မဝေးတော့ဟု ယုံကြည်လော့၊ ထိုနေ့သည် မြင်နိုင်သော အကွာအဝေးတွင် ရှိသည်ဟု ယုံကြည်လော့။ ယင်းသည် လက်ရှိတွင် ပရောဖက်ပြုထားသည်ဖြစ်စေ၊ မြင်နိုင်သော အကွာအဝေးတွင် ရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ နောက်ဆုံးရလဒ်သည် စိတ်ကူးယဉ်မှုတစ်ခု မဟုတ်ဘဲ မကြာမီ အကောင်အထည်ဖော်ပြီး ပြည့်စုံလာမည့် အမှန်တရားတစ်ခု ဖြစ်သည်။ ဤအမှန်တရားသည် မည်သူ့အပေါ်တွင် အတိအကျ ဖြည့်ဆည်းခြင်းခံရမည်၊ မည်သည့်လူများအပေါ်တွင် ဖြည့်ဆည်းခြင်းခံရမည် ဆိုသည်မှာ သင်တို့သည် သမ္မာတရားကို အမှန်တကယ် မည်သို့ လိုက်စားသည်အပေါ်တွင် မူတည်သည်။ တစ်နည်းအားဖြင့်ဆိုသော် သင်သည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်နိုင်သည့် အတိုင်းအတာအထိ အမှန်တကယ် နှစ်သက်ခြင်း ရှိမရှိ၊ သို့မဟုတ် သင်သည် သမ္မာတရားကို အနည်းငယ်မျှသာ နှစ်သက်သော်လည်း ယင်းကို အပြည့်အဝ လက်ခံပြီး လက်တွေ့မလုပ်ဆောင်နိုင်ခြင်း ရှိမရှိကို နောက်ဆုံးရလဒ်က သင့်အား အဖြေပေးလိမ့်မည်။ ကောင်းပြီ၊ ဤခေါင်းစဉ်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် နိဂုံးချုပ်မည်။

ဆိုးယုတ်သောလူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် စံနှုန်းများနှင့် အခြေခံများ

၂။ လူ့သဘာဝကို အခြေခံ၍

ဆက်လက်၍ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သော အချက် ၁၄ ဖြစ်သည့် “အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ချက်ချင်းပင် ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့” နှင့်ပတ်သက်၍ မိတ်သဟာယပြုကြမည်။ အမျိုးမျိုးသော ဆိုးယုတ်သော လူတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် စံနှုန်းများကို အဓိက အမျိုးအစားသုံးခုအဖြစ် ခွဲခြားထားသည်။ ယခင်က ငါတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်အကြောင်း မိတ်သဟာယဖွဲ့ခဲ့ပြီးနောက် ၎င်းတို့၏ လူ့သဘာဝအကြောင်းကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။ လူတစ်ဦး၏ လူ့သဘာဝနှင့်ပတ်သက်၍ ငါတို့သည် မတူညီသော သရုပ်သကန်များစွာကိုလည်း အမျိုးအစားခွဲခြားခဲ့ကြသည်။ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သော သရုပ်သကန်အချို့မှာ အဘယ်အရာများ ဖြစ်သနည်း။ ယင်းတို့ကို ဖတ်ကြလော့။ (အမျိုးမျိုးသော ဆိုးယုတ်သော လူတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် ဒုတိယအချက်မှာ လူတစ်ဦး၏ လူ့သဘာဝနှင့် သက်ဆိုင်ပါသည်။ ပထမမှာ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုရသည်ကို နှစ်သက်ခြင်း၊ ဒုတိယမှာ အခွင့်ကောင်းယူရသည်ကို နှစ်သက်ခြင်း၊ တတိယမှာ အကျင့်ပျက်ခြင်းနှင့် ချုပ်တည်းမှုမရှိခြင်း၊ စတုတ္တမှာ လက်စားချေတတ်ခြင်း၊ ပဉ္စမမှာ မိမိ၏နှုတ်ကို မစောင့်စည်းနိုင်ခြင်းတို့ ဖြစ်ပါသည်။) ငါတို့သည် မိမိတို့၏နှုတ်ကို မစောင့်စည်းနိုင်ခြင်းနှင့်ပတ်သက်သည့် ပဉ္စမအချက်အထိ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ငါတို့သည် လူ့သဘာဝ၏ တိကျသော သရုပ်သကန်များအကြောင်းကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ အခြားအရာများအကြောင်းကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ ငါပြောခဲ့သည့်အတိုင်း၊ ယင်းသည် မတူညီသော လူစားမျိုးများအပေါ် မတူညီသော အကျိုးသက်ရောက်မှု ရှိလိမ့်မည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် နားထောင်ပြီးနောက် မိမိတို့ကိုယ်ကို ဆန်းစစ်ရန် အာရုံစိုက်ကြလိမ့်မည်၊ ၎င်းတို့သည် ငါ၏ မိတ်သဟာယဖွဲ့ခြင်းနှင့် မိမိတို့ကိုယ်ကို တိုင်းတာကြပြီး တက်ကြွ၍ အပြုသဘောဆောင်သော ဝင်ရောက်မှု ရှိကြလိမ့်မည်။ သို့သော် သမ္မာတရားကို မလိုက်စားသောသူများဖြစ်သည့် အလုပ်လုပ်ပေးသူများကမူ နားထောင်ရုံသာ နားထောင်ကြသည်။ ၎င်းတို့သည် ယင်းကို အလေးအနက်မထားသကဲ့သို့ နားထောင်ရာတွင်လည်း စိတ်မပါကြပေ။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် တရားဒေသနာများကို နားထောင်နေစဉ် အိပ်ပင်အိပ်ပျော်သွားနိုင်သည်။ ၎င်းတို့သည် ယင်းကို မခံယူနိုင်ဘဲ “ဤအသေးအဖွဲကိစ္စများကို နားထောင်ခြင်းက အဘယ်အသုံးဝင်သနည်း။ အချိန်ကုန်ခြင်းသာ ဖြစ်သည်၊ ငါ့လက်ရှိ အလုပ်ကိုပင် မပြီးသေးပါတကား” ဟုပင် တွေးထင်ကြသည်။ ၎င်းတို့သည် အားသွန်ခွန်စိုက်လုပ်ရန် လိုအပ်သော အလုပ်များကိုသာ အစဉ်အမြဲ စိတ်ဝင်စားနေကြသည်။ ၎င်းတို့သည် သစ္စာစောင့်သိမှုကို ပြသလျက် အားသွန်ခွန်စိုက် အလုပ်လုပ်ရန် အထူးပင် စိတ်အားထက်သန်ပြီး သစ္စာစောင့်သိကြသော်လည်း သမ္မာတရားနှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက်မူ စိတ်အားထက်သန်မှုကို လုံးဝ မစုစည်းနိုင်ကြပေ။ ဤသည်မှာ ထိုသို့သောလူများသည် သမ္မာတရားကို စိတ်မဝင်စားဘဲ အားသွန်ခွန်စိုက် အလုပ်လုပ်ရုံမျှဖြင့် ကျေနပ်နေကြကြောင်းကို ရှင်းလင်းစွာ ဖော်ပြသည်။ ဘုရားအိမ်တော်က သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ တူညီသော သဘောထားကို ထိန်းသိမ်းထားသည့် အခြားလူတစ်စုလည်း ရှိသေးသည်။ “ကျွန်ုပ်သည် အတိုက်အခံလုပ်ပြီး ဆန့်ကျင်ဘက်ပြုမည်သာ ဖြစ်သည်။ သင်က ကျွန်ုပ်၏ ပြဿနာများကို ထောက်ပြပြီး ကျွန်ုပ်၏ သရုပ်သကန်များ၊ ထုတ်ဖော်ပြမှုများနှင့် စိတ်သဘောထားများကို ဖော်ထုတ်လျှင်ပင် ကျွန်ုပ်သည် ဂရုပြုမည်မဟုတ်သကဲ့သို့ အလေးအနက်လည်း ထားမည်မဟုတ်ပါ။ ကျွန်ုပ် ဖော်ထုတ်ခံနေရသည်ကို အခြားသူများ သိသွားလျှင်ကော အဘယ်အရေးနည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ရှက်ကြောက်စိတ်မရှိဘဲ ဆက်လက်၍ အာခံပြီး အတိုက်အခံလုပ်နေကြသည်၊ ယင်းမှာ ကယ်တင်၍မရနိုင်သောအခြေအနေ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မတူညီသော လူစားမျိုးများ၏ သရုပ်သကန်များသည် ခွဲခြားသိမြင်နိုင်သည်။ သမ္မာတရားသည် ယင်းကို လိုက်စားသောသူတို့အတွက်ဖြစ်စေ၊ ယင်းကို မချစ်သော်လည်း အားသွန်ခွန်စိုက် အလုပ်လုပ်လိုစိတ်ရှိသောသူတို့အတွက်ဖြစ်စေ၊ သမ္မာတရားကို ရွံမုန်းပြီး အလွန်အမင်း မနှစ်မြို့သောသူတို့အတွက်ဖြစ်စေ သွားနှစ်ဖက်ပါသောဓား၊ စမ်းသပ်သောကျောက်တုံးတစ်ခုအဖြစ် ဆောင်ရွက်သည်။ ယင်းသည် သမ္မာတရားအပေါ် လူတို့၏ သဘောထားများကို အကဲဖြတ်နိုင်သကဲ့သို့ ၎င်းတို့ လျှောက်လှမ်းနေသော လမ်းကြောင်းကိုလည်း အကဲဖြတ်နိုင်သည်။

စ။ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးသဖြင့် မည်သူမျှ ရန်မစရဲခြင်း

ယခင်က ငါတို့သည် အမျိုးမျိုးသော ဆိုးယုတ်သောလူတို့၏ သရုပ်သကန် ငါးမျိုးကို ပိုင်းခြားသိမြင်ခြင်းအကြောင်း မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယနေ့တွင် ငါတို့သည် ဆဋ္ဌမအချက်ကို ဆက်လက်၍ မိတ်သဟာယပြုကြမည်။ ဆဋ္ဌမအချက်သည်လည်း ဆိုးယုတ်သောလူတစ်မျိုး၏ သရုပ်သကန်တစ်ခု ဖြစ်သည်၊ သို့မဟုတ် ထိုအစား လူတို့က ဤအမျိုးအစားကို ဆိုးယုတ်သည်ဟု မမှတ်ယူလျှင်ပင် လူတိုင်းက ၎င်းတို့ကို မနှစ်သက်ကြသေးသည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အကြောင်းမှာ ဤလူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောကြောင့်၊ ပုံမှန် လူ့သဘာဝ ကင်းမဲ့သောကြောင့်ဖြစ်ပြီး ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းသည် အထူးပင် ပြဿနာများပြီး ခက်ခဲကာ ရွံရှာမှုကို ဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။ ဤလူတို့၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ ယင်းမှာ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးသဖြင့် မည်သူမျှ ရန်မစရဲခြင်း ဖြစ်သည်။ အသင်းတော်၌ ထိုသို့သောလူများ ရှိသလော။ များများစားစား မရှိသော်လည်း သေချာပေါက် ရှိပါသည်။ ပြီးလျှင် ၎င်းတို့၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ သာမန်အခြေအနေများအောက်တွင် ဤလူတို့သည် မိမိတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ပြီး အခြားသူများနှင့် အတော်အတန် ပုံမှန်အတိုင်း ပေါင်းသင်းဆက်ဆံကြသည်၊ သင်သည် ၎င်းတို့ထံမှ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို မြင်တွေ့ရမည်မဟုတ်ပေ။ သို့သော် ၎င်းတို့၏ လုပ်ဆောင်ချက်များသည် သမ္မာတရား စည်းမျဉ်းများကို ဆန့်ကျင်ပြီး ၎င်းတို့ ပြုပြင်ခြင်းခံရသည့်အခါတွင်မူ ၎င်းတို့သည် မိမိတို့အတွက် ကလိမ်ကကျစ်ကျသော ဆင်ခြေများပေးရင်း သမ္မာတရားကို လုံးလုံးလျားလျား ငြင်းပယ်လျက် ဒေါသပေါက်ကွဲကြလိမ့်မည်။ ရုတ်တရက်ဆိုသလို သင်သည် ၎င်းတို့မှာ ဆူးများဖြင့် ဖုံးလွှမ်းနေသော ဖြူကောင်တစ်ကောင်ကဲ့သို့၊ မည်သူမျှ မထိဝံ့သော ကျားတစ်ကောင်ကဲ့သို့ ဖြစ်ကြောင်း သဘောပေါက်သွားသည်။ သင်က ဤသို့တွေးမိသည်။ “ငါ ဤလူနှင့် အချိန်အကြာကြီး ပေါင်းသင်းဆက်ဆံခဲ့ပြီး သူသည် လူ့သဘာဝကောင်းရှိသည်၊ နားလည်မှုရှိပြီး ပြောဆိုဆက်ဆံရလွယ်ကူသည်ဟု တွေးထင်ခဲ့ကာ သူသည် သမ္မာတရားကို လက်ခံနိုင်သူဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ သူက ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သောသူတစ်ဦး ဖြစ်လိမ့်မည်ဟု ငါမမျှော်လင့်ခဲ့ချေ။ နောင်တွင် သူနှင့် ပေါင်းသင်းဆက်ဆံရာ၌ ငါ ပို၍သတိထားရမည်၊ မလိုအပ်လျှင် ထိတွေ့ဆက်ဆံမှုကို အနည်းဆုံးဖြစ်အောင်လုပ်ပြီး သူ့ကို မဆွမိစေရန် ခပ်ခွာခွာ နေရမည်” ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သော ထိုသို့သောလူများကို သင်တို့ မြင်ဖူးသလော။ ယေဘုယျအားဖြင့် ၎င်းတို့ကို နားလည်သောသူတို့သည် ၎င်းတို့ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိကြပြီး ၎င်းတို့ကို အထူးပင် ယဉ်ကျေးစွာနှင့် သတိထား၍ စကားပြောဆိုကြသည်။ အထူးသဖြင့် သင်က ၎င်းတို့နှင့် စကားပြောသည့်အခါတွင် ၎င်းတို့ကို လုံးဝ စိတ်ထိခိုက်အောင် မလုပ်နိုင်ပေ၊ သို့မဟုတ်ပါက ယင်းသည် ၎င်းတို့နှင့် အဆုံးမရှိသော ပြဿနာကို ဖြစ်ပေါ်စေလိမ့်မည်။ အချို့လူများက “ဤရိုင်းစိုင်းသောလူများက အတိအကျ အဘယ်သူများနည်း။ ကျွန်ုပ်တို့ သူတို့ကို မကြုံဖူးသေးပါ” ဟု ပြောဆိုကြသည်။ ထိုသို့ဆိုလျှင် ငါတို့သည် ဤအကြောင်းကို အမှန်တကယ် ပြောဆိုရန် လိုအပ်ပေသည်။ ဥပမာအားဖြင့် ညီအစ်ကိုမောင်နှမများက မိမိတို့၏ အတွေ့အကြုံများကို မိတ်သဟာယဖွဲ့နေသည့်အချိန်တွင်၊ အချို့က မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများ သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခက်အခဲများကို ပြောဆိုသည့်အခါ အခြားသူများက အလားတူ အတွေ့အကြုံများ သို့မဟုတ် ခံစားချက်များ ရှိခဲ့ဖူးသဖြင့် စာနာမိမည်မှာ ရှောင်လွှဲ၍မရပေ။ ဤသည်မှာ အတော်အတန် ပုံမှန်ဖြစ်သည်။ နားထောင်ပြီးနောက် လူတစ်ဦးက ဤသို့တွေးထင်နိုင်သည်။ “ငါလည်း ထိုသို့အတွေ့အကြုံများ ရှိခဲ့ဖူးသည်၊ သို့ဖြစ်၍ ဤအကြောင်းအရာကို အတူတကွ မိတ်သဟာယပြုကြစို့။ သင်မည်သို့ ဖြတ်သန်းခဲ့ရသည်ကို ငါ ကြားလိုသည်။ သင်၏ မိတ်သဟာယက အလင်းရှိပြီး ငါ့ထံတွင်ရှိသော ပြဿနာနှင့် သက်ဆိုင်ပါက ယင်းကို ငါ လက်ခံပြီး ရလဒ်များက မည်သည့်အရာများဖြစ်မည်ကို မြင်တွေ့ရန် သင်၏ အတွေ့အကြုံများ၊ လမ်းကြောင်းများနှင့်အညီ ငါသည် ယင်းကို လက်တွေ့ကျင့်သုံးမည်” ဟူ၍ ဖြစ်သည်။ မိမိတို့ကိုယ်ကို သိကျွမ်းခြင်းအကြောင်း အခြားသူများ မိတ်သဟာယဖွဲ့သည်ကို ကြားသည့်အခါတွင်လည်းကောင်း၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အကျည်းတန်ခြင်းကို ချပြသည်ကို ကြားသည့်အခါတွင်လည်းကောင်း ဤသည်မှာ သူ့ကို သွယ်ဝိုက်သောနည်းဖြင့် ဖော်ထုတ်ပြီး တရားစီရင်နေခြင်းဖြစ်သည်ဟု ယုံကြည်ကာ စားပွဲကိုထုပြီး ဒေါသတကြီးပေါက်ကွဲခြင်းကို မထိန်းနိုင်သော လူစားတစ်မျိုးတည်းသာ ရှိသည်။ “မည်သူ၌ ဖောက်ပြန်ပျက်စီးခြင်း မရှိသနည်း။ မည်သူက လက်တွေ့အရှိတရားနှင့် ကင်းကွာနေသနည်း။ ကျွန်ုပ်အမြင်အရမူ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းသည် ကျွန်ုပ်ထက်ပင် ပို၍ဆိုးသေးသည်။ ကျွန်ုပ်ကို ပစ်မှတ်ထားရန်၊ ကျွန်ုပ်ကို ဖော်ထုတ်ရန် သင်တို့အားလုံး၌ မည်သည့်အရည်အချင်းများ ရှိသနည်း။ ကျွန်ုပ်အမြင်အရ သင်တို့သည် ကျွန်ုပ်ကို အခက်တွေ့အောင်လုပ်ပြီး ဖယ်ကြဉ်လိုကြသည်သာ ဖြစ်သည်။ ကျွန်ုပ်သည် ကျေးလက်ဒေသမှ လာပြီး သင်တို့အားလုံးကို မြှောက်ပင့်ရန် နှစ်လိုဖွယ်စကားများ မပြောတတ်သောကြောင့်သာ မဟုတ်သလော။ ကျွန်ုပ်၏ ပညာအရည်အချင်းသည် သင်တို့လောက် မမြင့်သောကြောင့်သာ မဟုတ်သလော။ ဘုရားသခင်ပင်လျှင် ကျွန်ုပ်ကို အထင်မသေးပေ၊ သို့ဖြစ်လျှင် ကျွန်ုပ်ကို အထင်သေးရန် သင်တို့ကို မည်သူက အခွင့်အရေး ပေးထားသနည်း” ဟူ၍ ဖြစ်လေသည်။ အခြားသူများက “ဤသည်မှာ ပုံမှန် မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်၊ သင့်ကို ပစ်မှတ်ထားခြင်း မဟုတ်ပေ။ လူတိုင်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အတူတူပင် မဟုတ်သလော။ တစ်စုံတစ်ယောက်က အကြောင်းအရာတစ်ခုအကြောင်း မိတ်သဟာယဖွဲ့ပြီး သူ၏ ဖောက်ပြန်ပျက်စီးသော အခြေအနေကို ပြောဆိုသည့်အခါ အခြားသူများက အလားတူ အခြေအနေမျိုး၌ ရှိနေကြသည်ကို တွေ့ရှိရမည်မှာ ရှောင်လွှဲ၍မရပေ။ သင်သည် အလားတူ အခြေအနေမျိုး ရှိသည်ဟု ခံစားရပါက သင်၏ အတွေ့အကြုံများအကြောင်းကိုလည်း မိတ်သဟာယဖွဲ့နိုင်ပါသည်” ဟု ပြောဆိုကြသည်။ ထိုအခါ သူက “ထိုသို့ဟုတ်ပါသလော။ လူတစ်ယောက်ထံမှ ထိုသို့သော မိတ်သဟာယဖွဲ့ခြင်းကို ကျွန်ုပ် သည်းခံနိုင်ကောင်း သည်းခံနိုင်မည်၊ သို့သော် သင်တို့ နှစ်ယောက်သုံးယောက်က ကျွန်ုပ်ကို အနိုင်ကျင့်ရန် အဘယ်ကြောင့် ဝိုင်းပြီး လုပ်ဆောင်နေကြသနည်း။ ကျွန်ုပ်ကို အနိုင်ကျင့်ရန် လွယ်ကူသည်ဟု သင်တို့ ထင်မှတ်နေကြသလော” ဟု ပြန်ပြောသည်။ သူပြောလေလေ သူ၏စကားများက ပို၍ အဓိပ္ပာယ်မဲ့လာလေ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သောလူများ ဤစကားများကို ပြောဆိုရာတွင် ဆင်ခြင်တုံတရား ရှိသလော။ (မရှိပါ။) အခြားသူများ၏ မိတ်သဟာယဖွဲ့ခြင်း အကြောင်းအရာသည် သင့်ကို ပစ်မှတ်ထားသည်ဟု သင် အမှန်တကယ် တွေးထင်ပါက သင်သည် ဤအကြောင်းအရာကို ဆွေးနွေးနိုင်သည် သို့မဟုတ် မိတ်သဟာယဖွဲ့နိုင်သည်၊ သင်၏ လယ်သမားနောက်ခံ၊ သင်၏ ပညာအရည်အချင်းနိမ့်ကျမှု သို့မဟုတ် လူများက သင့်ကို အထင်သေးခြင်းတို့ကို ဆွဲထည့်မည့်အစား ယင်းသည် သင့်ကို ပစ်မှတ်ထားခြင်း ဟုတ်မဟုတ် တိုက်ရိုက်မေးမြန်းနိုင်သည်။ ထိုအရာများကို ပြောဆိုခြင်းက အဘယ်အရာ အသုံးဝင်သနည်း။ ယင်းမှာ အမှားအမှန်အကြောင်း အဓိပ္ပာယ်မဲ့စွာ ပြောဆိုနေခြင်း မဟုတ်သလော။ ယင်းမှာ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးနေခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) ထိုသို့သောလူများသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု သင်တို့ မထင်ကြသလော။ (ထင်ပါသည်။) သူ ထိုသို့ ပွဲဆူအောင်လုပ်ပြီးနောက်တွင် သူသည် မည်သို့သော လူစားမျိုးဖြစ်သည်ကို လူတိုင်းသိသွားကြပြီး နောင် စုဝေးပွဲများတွင် မိတ်သဟာယဖွဲ့သည့်အခါ ၎င်းတို့သည် အစဉ်သတိထား၍ စကားပြောရပြီး သူ၏ မျက်နှာအမူအရာကို အကဲခတ်ရသည်။ သူ၏ မျက်နှာအမူအရာ ညှိုးငယ်သွားပါက အခြားသူများ စကားပြောရန် တုံ့ဆိုင်းသွားကြပြီး စုဝေးပွဲများတွင် မိတ်သဟာယဖွဲ့စဉ်အတွင်း လူတိုင်း မွန်းကျပ်သည်ဟု ခံစားကြရသည်။ ဤသည်မှာ သူ၏ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးခြင်းက ဖြစ်စေသော ဘောင်ခတ်ခြင်းနှင့် နှောင့်ယှက်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သောသူတို့သည် အကျိုးသင့်အကြောင်းသင့် ပြောဆို၍မရသောသူများ ဖြစ်ကြသည်၊ ထိုသို့သော ပုဂ္ဂိုလ်များသည် သမ္မာတရားကို လက်ခံကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းခံရရန် လုံးဝမဖြစ်နိုင်ပေ။

ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သော ဤလူစားမျိုး၌ အခြားသရုပ်သကန်တစ်ခု ရှိသေးသည်။ အချို့လူများသည် စုဝေးပွဲများအတွင်း အစဉ်သဖြင့် ဤသို့ပြောဆိုကြသည်။ “ကျွန်ုပ် ဝတ်ကျေတမ်းကျေ မလုပ်ဆောင်နိုင်တော့ပေ။ ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အာရုံစိုက်ရန် လိုအပ်သည်၊ ကျွန်ုပ်သည် စုံလင်မှုကို လိုက်စားရန် လိုအပ်သည်။ ကျွန်ုပ်သည် သဘာဝအားဖြင့် ထူးချွန်ရန် ကြိုးစားသူဖြစ်သည်။ ကျွန်ုပ် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ကောင်းမွန်စွာ လုပ်ဆောင်ရမည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အပြောသာရှိပြီး လက်တွေ့တွင်မူ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေဆဲဖြစ်ပြီး ၎င်းတို့ထမ်းဆောင်သော တာဝန်၌ ပြဿနာများစွာရှိကာ ဘုရားသခင်အတွက် သက်သေခံခြင်း၏ အကျိုးရရှိခြင်းနှင့် များစွာ ကွာဝေးနေသည်။ ခေါင်းဆောင်များက ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုရှိ ပြဿနာများကို ထောက်ပြပြီး ၎င်းတို့ကို ပြုပြင်သည့်အခါ ၎င်းတို့သည် ချက်ချင်းပင် ဒေါသထွက်လာပြီး ဤသို့ပြောဆိုကြသည်။ “ကျွန်ုပ် သိပြီးသားပါ။ သင်တို့အားလုံး ကျွန်ုပ်၏ကျောနောက်တွင် ကျွန်ုပ်၏ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ ညံ့ဖျင်းသည်ဟုဆိုကာ ကျွန်ုပ်ကို တရားစီရင်ကြသည်။ သင်တို့အားလုံး ကျွန်ုပ်ကို အထင်သေးကြ၍သာ မဟုတ်သလော။ ယင်းမှာ သေးငယ်သော အမှားတစ်ခုမျှသာ ဖြစ်သည်။ ကျွန်ုပ်ကို ဤကဲ့သို့ ပြုပြင်ရန် လိုအပ်သလော။ ထို့အပြင် မည်သူက အမှားမလုပ်တတ်သနည်း။ ကျွန်ုပ် ဝတ်ကျေတမ်းကျေ လုပ်ဆောင်သည်ဟု ပြောဆိုသည်၊ သင်သည်လည်း ယခင်က သင်၏အလုပ်တွင် ဝတ်ကျေတမ်းကျေ မလုပ်ခဲ့သလော။ ကျွန်ုပ်ကို ဝေဖန်ရန် သင်၌ အရည်အချင်းရှိသလော။ ကျွန်ုပ်၏ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ သင်တို့ထဲမှ မည်သူက ဤအလုပ်ကို တာဝန်ယူနိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ ထိုသို့သောလူများကို သင်တို့ မည်သို့ထင်သနည်း။ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို ၎င်းတို့သည် အခြားသူများက ၎င်းတို့၏ ချို့တဲ့မှုများကို ထောက်ပြရန် သို့မဟုတ် အကြံပြုချက်များပေးရန် ခွင့်မပြုပေ၊ ၎င်းတို့သည် တရားနည်းလမ်းကျသော ပြုပြင်ခြင်းကိုပင် လက်မခံကြပေ။ မည်သူပင် ထုတ်ဖော်ပြောဆိုပါစေ ၎င်းတို့သည် ထိုသူတို့ကို ဆန့်ကျင်ပြီး အတိုက်အခံလုပ်ကာ ဆင်ခြင်တုံတရားမဲ့သော စကားများကို ပြောဆိုလျက် ၎င်းတို့ အထင်သေးခံရသည်ဟု သို့မဟုတ် ၎င်းတို့သည် တစ်ယောက်တည်း အင်အားမဲ့သောကြောင့် အနိုင်ကျင့်ခံရသည်ဟု သို့မဟုတ် အခြားထိုသို့သောအရာများကိုပင် ပြောဆိုကြသည်။ ဤသည်မှာ အနိုင်ကျင့်ဗိုလ်ကျခြင်း၊ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးခြင်း မဟုတ်သလော။ ပြုပြင်ခြင်းခံရပြီးနောက် မိမိတို့၏ တာဝန်ကို စွန့်ပစ်သော အချို့လူများပင် ရှိသေးသည်။ “ကျွန်ုပ် ဤအလုပ်ကို ဆက်မလုပ်တော့ပေ။ သင်တို့ လုပ်နိုင်လျှင် လုပ်ကြလော့။ ထိုအချိန်တွင် သင်တို့သည် ကျွန်ုပ်မရှိဘဲ အလုပ်ကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း ရှိမရှိ ကျွန်ုပ် ကြည့်မည်” ဟူ၍ ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ဖျောင်းဖျရန် ကြိုးစားသော်လည်း ၎င်းတို့ နားမထောင်ကြပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့အား သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါတွင်ပင် ၎င်းတို့သည် လက်ခံရန် ငြင်းပယ်သည်၊ ၎င်းတို့သည် စတင်၍ ဟိတ်ဟန်များလာပြီး မိမိတို့၏ တာဝန်ကို စွန့်ပစ်ကြသည်။ စုဝေးပွဲများအတွင်း ၎င်းတို့သည် စူပုပ်နေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း သို့မဟုတ် မိတ်သဟာယဖွဲ့ခြင်း မပြုဘဲ အစဉ်သဖြင့် နောက်ဆုံးမှရောက်လာပြီး ပထမဆုံး ပြန်သွားတတ်သည်။ ၎င်းတို့ ထွက်ခွာသည့်အခါ ခြေဆောင့်ပြီး တံခါးကို ဆောင့်ပိတ်သွားကြရာ လူအများစုသည် ၎င်းတို့ကို မည်သို့ကိုင်တွယ်ရမည်ကို မသိဘဲ အကြံအိုက်နေကြသည်။ ထိုသို့သောလူများအပေါ် အမှုအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများနှင့် ပေါက်ကရစကားများကို ပြောဆိုကြသည်၊ ၎င်းတို့သည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး အရာဝတ္ထုများကိုပင် ပစ်ပေါက်ကြကာ အကျိုးသင့်အကြောင်းသင့် လုံးဝပြောဆို၍မရတော့ပေ။ အချို့၌ ပို၍ပင် ဆိုးရွားသော သရုပ်သကန်များ ရှိသည်၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို မနှုတ်ဆက်ပါက ၎င်းတို့သည် မကျေမနပ်ဖြစ်လာပြီး စုဝေးပွဲများအတွင်း အခွင့်ကောင်းယူကာ ဤသို့ အော်ဟစ်ငိုယိုကြသည်။ “သင်တို့အားလုံး ကျွန်ုပ်ကို အထင်သေးကြသည်ကို ကျွန်ုပ် သိပါသည်။ စုဝေးပွဲများအတွင်း သင်တို့အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ရန်နှင့် သင်တို့၏ ကိုယ်ပိုင်အတွေ့အကြုံဆိုင်ရာ နားလည်မှုများကို ဆွေးနွေးရန်သာ အာရုံစိုက်ကြသည်။ မည်သူမျှ ကျွန်ုပ်ကို ဂရုမစိုက်ပေ၊ မည်သူမျှ ကျွန်ုပ်ကို ပြုံးမပြပေ၊ ကျွန်ုပ် ထွက်ခွာသည့်အခါ မည်သူမျှ ကျွန်ုပ်ကို လိုက်မပို့ပေ။ သင်တို့သည် မည်သို့သော ယုံကြည်သူများ ဖြစ်ကြသနည်း။ သင်တို့၌ လူ့သဘာဝ အမှန်တကယ် ကင်းမဲ့ကြပါတကား” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၌ ဤကဲ့သို့ ကလေးတစ်ဦးကဲ့သို့ ပေါက်ကွဲကြသည်။ ၎င်းတို့သည် အသေးအဖွဲကိစ္စများအပေါ်တွင်ပင် ဒေါသထွက်ပြီး မိမိတို့၏ စုပုံနေသော မကျေနပ်ချက်များအားလုံးကို ထုတ်ဖော်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်နေခြင်းဖြစ်သည်မှာ ရှင်းလင်းသော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် သိကျွမ်းခြင်း မရှိသည့်အပြင် ပြောင်းလဲရန်ဖြစ်စေ၊ သမ္မာတရားကိုဖြစ်စေ လိုက်စားရန် ဆန္ဒလည်း မရှိကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏စိတ်ကို ဟန်ချက်ညီအောင် လုပ်ရန် အကြောင်းပြချက်အမျိုးမျိုးကို ရှာဖွေလျက် အခြားသူများ၌ အပြစ်ရှာကြသည်၊ ပြီးလျှင် ဤသို့ပြုလုပ်နေစဉ်တွင် မိမိတို့၏ မကျေနပ်ချက်များကို ထုတ်ဖော်ရန် အခွင့်အရေးများကို ရှာဖွေကြသည်။ ပို၍အရေးကြီးသည်မှာ ၎င်းတို့သည် လူများကြားတွင် ဂုဏ်သိက္ခာနှင့် အာရုံစိုက်မှုကို အတိုင်းအတာတစ်ခုအထိ ရရှိရန်အလို့ငှာ လူအများက ၎င်းတို့ကို သတိပြုမိပြီး ကြောက်ရွံ့စေရန် ရည်ရွယ်ကြသည်။ ဤကဲ့သို့သောလူများသည် အလွန်ပင် ဒုက္ခပေးလှပါတကား။ ၎င်းတို့ မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ မည်သူမျှ “မဟုတ်” ဟု မပြောဝံ့ပေ၊ မည်သူမျှ ၎င်းတို့ကို ပေါ့ပေါ့တန်တန် အကဲဖြတ်ခြင်း မပြုဝံ့ပေ၊ မည်သူမျှ ၎င်းတို့ကို ရင်ဖွင့်ပြီး မိတ်သဟာယဖွဲ့ခြင်း မပြုဝံ့ပေ။ ၎င်းတို့၌ အချို့သော ချို့ယွင်းချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို တွေ့ရှိလျှင်ပင် မည်သူမျှ ထောက်ပြခြင်း မပြုဝံ့ပေ။ စုဝေးပွဲများအတွင်း လူတိုင်းက မိမိတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် နားလည်မှုကို မိတ်သဟာယဖွဲ့သည့်အခါ ၎င်းတို့သည် “ပျားအုံ” ဖြစ်သော ဤလူကို တုတ်နှင့်ထိုးမိပြီး ပြဿနာဖြစ်မည်ကို ကြောက်ရွံ့သဖြင့် ဂရုတစိုက် ရှောင်ရှားကြသည်။ အချို့လူများသည် အိမ်၌ သို့မဟုတ် အလုပ်၌ မတရားဆက်ဆံခံရသည်ဟု ခံစားရပြီးနောက် သို့မဟုတ် မကျေနပ်မှုများနှင့် ရင်ဆိုင်ရပြီးနောက် စုဝေးပွဲများအတွင်း လာ၍ ထုတ်ဖော်ပြောဆိုကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ၎င်းတို့၏ ပေါက်ကွဲရာနှင့် ဒေါသဖြေစရာအဖြစ် ပြုလုပ်နေကြသည်မှာ ရှင်းလင်းပါသည်။ ၎င်းတို့ စိတ်ဆိုးသည့်အခါ အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများကို ပြောဆိုကြသည်၊ ငိုကြွေးကြပြီး ဒေါသတကြီး အော်ဟစ်ဆူပူကြသည်။ ထိုအခါ မည်သူက ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ဝံ့မည်နည်း။ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး အချို့စကားလုံးများက စိတ်ထိခိုက်စေသည့်အရာကို ထိမိသွားပါက ၎င်းတို့သည် မိမိကိုယ်ကို အဆုံးစီရင်မည်ဟု ခြိမ်းခြောက်ကြလိမ့်မည်။ ယင်းက ပို၍ပင် ပြဿနာများပေလိမ့်မည်။ ထိုသို့သောလူများနှင့် ပုံမှန် မိတ်သဟာယဖွဲ့ခြင်းသည် အလုပ်မဖြစ်ပေ၊ ပုံမှန် စကားပြောဆိုခြင်းသည် အလုပ်မဖြစ်ပေ၊ အလွန်နွေးထွေးလွန်းခြင်း သို့မဟုတ် အလွန်အေးစက်လွန်းခြင်း နှစ်မျိုးစလုံးသည် အလုပ်မဖြစ်ပေ၊ ၎င်းတို့ကို ရှောင်ရှားခြင်းသည် အလုပ်မဖြစ်ပေ၊ အလွန်နီးကပ်လွန်းခြင်းသည် အလုပ်မဖြစ်ပေ၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ ပျော်ရွှင်မှုနှင့်အညီ လိုက်၍ ပျော်ရွှင်ကြောင်း မပြပါကလည်း အလုပ်မဖြစ်ပေ၊ ဤလူများ အခက်အခဲအချို့ ကြုံတွေ့သည့်အခါ ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ စိတ်ဆင်းရဲမှုနှင့်အညီ စိတ်ဆင်းရဲမှု မပြနိုင်ပါကလည်း အလုပ်မဖြစ်ပေ။ ၎င်းတို့နှင့် မည်သည့်အရာမျှ အလုပ်မဖြစ်ပေ။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ဒေါသထွက်စေနိုင်သည်။ ၎င်းတို့ကို မည်သို့ပင် ဆက်ဆံပါစေ ၎င်းတို့သည် မည်သည့်အခါမျှ မကျေနပ်ကြပေ။ အချို့သောလူတို့၏ အခြေအနေများအကြောင်း ငါ၏ တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့ခြင်းများကပင် ၎င်းတို့ကို ဒေါသထွက်စေနိုင်သည်။ ယင်းက ၎င်းတို့ကို မည်သို့ ဒေါသထွက်စေသနည်း။ ၎င်းတို့က ဤသို့တွေးထင်ကြသည်။ “ဤသည်မှာ ကျွန်ုပ်ကို ဖော်ထုတ်နေခြင်း မဟုတ်ပါလော။ သင်သည် ကျွန်ုပ်နှင့် ထိတွေ့ဆက်ဆံဖူးခြင်းပင် မရှိသကဲ့သို့ ကျွန်ုပ် တိတ်တဆိတ် လုပ်ဆောင်ခဲ့သည့်အရာနှင့်ပတ်သက်၍လည်း သင့်ကို မည်သည့်အရာမျှ မပြောပြခဲ့ပေ။ သင် မည်သို့ သိနိုင်မည်နည်း။ တစ်စုံတစ်ယောက်က တိုင်တောခြင်း ဖြစ်ရမည်။ သင်နှင့် မည်သူက အဆက်အသွယ်ရှိသည်၊ မည်သူက တိုင်တောသည်၊ မည်သူက ကျွန်ုပ်ကို သတင်းပို့သည်ကို ကျွန်ုပ် ရှာဖွေရမည်၊ ကျွန်ုပ် သူ့ကို အလွတ်ပေးမည်မဟုတ်ပေ” ဟူ၍ ဖြစ်သည်။ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သော ဤလူစားမျိုးသည် မည်သည့်အရာနှင့်ပတ်သက်၍မဆို လွဲချော်သော အတွေးများ ရှိနိုင်ပြီး မည်သည့်အရာကိုမျှ မှန်ကန်စွာ မဆက်ဆံနိုင်ပေ။ ၎င်းတို့သည် အကျိုးသင့်အကြောင်းသင့် ပြောဆို၍မရသောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ရန် မဆိုထားနှင့်၊ ဆင်ခြင်တုံတရားသည် ၎င်းတို့နှင့် အတော်ပင် ကင်းကွာနေ၏။ ၎င်းတို့ အသင်းတော်၌ နေထိုင်ခြင်းသည် မည်သည့်အကျိုးကျေးဇူးမျှ မရှိဘဲ အန္တရာယ်ကိုသာ ဖြစ်စေသည်။ ၎င်းတို့သည် အမြန်ဆုံး ခါချပစ်သင့်သော ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်သည်၊ ၎င်းတို့ကို ချက်ချင်း ဖယ်ရှားပစ်သင့်သည်။

တရုတ်ပြည်၌ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဆင်းနီသော နဂါးကြီး၏ ဖိနှိပ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ဖြစ်စေပြီး နေအိမ်သို့မပြန်နိုင်ဘဲ လိုက်လံဖမ်းဆီးခံရသူများ အလွန်များပြားလှသည်။ သို့သော် အချို့လူများသည် ညှဉ်းပန်းနှိပ်စက်ခံရပြီး နေအိမ်သို့မပြန်နိုင်သည့်အခါ မိမိတို့သည် ဂုဏ် သို့မဟုတ် အရည်အချင်း ရရှိခဲ့သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဧည့်ခံသည့်မိသားစုများနှင့်အတူ နေထိုင်ကြပြီး လူများက ၎င်းတို့ကို လုပ်ကျွေးပြုစုရုံသာမက တစ်စုံတစ်ရာက ၎င်းတို့၏ ဆန္ဒကို အနည်းငယ် ဆန့်ကျင်သွားပါက သို့မဟုတ် ၎င်းတို့ အိမ်ကို လွမ်းဆွတ်လာပါက ပြဿနာရှာကြတော့သည်၊ ပြီးလျှင် အခြားသူများကလည်း ၎င်းတို့ကို ချော့မော့ပြီး သည်းခံကြရသည်။ ထိုသို့သောလူများသည် ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သောသူများ မဟုတ်သလော။ လူများစွာ ညှဉ်းပန်းနှိပ်စက်ခံနေရပြီး ဧည့်ခံသည့်မိသားစုများမှာ များများစားစားမရှိပေ။ ညီအစ်ကိုမောင်နှမများက နေအိမ်သို့မပြန်နိုင်သောသူတို့ကို မေတ္တာတရားကြောင့်သာ ဧည့်ခံကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ထိုသူတို့ကို လမ်းပေါ်၌ နေထိုင်ရခြင်းမှ ကင်းဝေးစေပြီး မိမိတို့၏ နေအိမ်များတွင် နေထိုင်ခွင့်ပြုကြသည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော် မဟုတ်သလော။ သို့ဆိုင်အောင် အချို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို တန်ဖိုးထားရန် ပျက်ကွက်ရုံသာမက ညီအစ်ကိုမောင်နှမများ၏ မေတ္တာကိုလည်း မြင်ရန် ပျက်ကွက်ကြသည်။ ထိုအစား ၎င်းတို့သည် နစ်နာသည်ဟု ခံစားရပြီး ညည်းညူကာ ရိုင်းစိုင်းစွာပင် ပြုမူကြလိမ့်မည်။ ညီအစ်ကိုမောင်နှမများ၏ နေအိမ်များရှိ နေထိုင်မှုအခြေအနေများသည် စင်စစ်အားဖြင့် မိမိ၏နေအိမ်ထက် အနည်းငယ် ပိုကောင်းမွန်ပါသည်။ အထူးသဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းတို့နှင့်ပတ်သက်လျှင် ညီအစ်ကိုမောင်နှမများ၏ နေအိမ်များတွင် နေထိုင်ခြင်းသည် မိမိ၏နေအိမ်တွင် နေထိုင်ခြင်းထက်ပင် ပိုကောင်းပြီး သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် ညီအစ်ကိုမောင်နှမများ ရှိနေခြင်းသည် တစ်ယောက်တည်း အထီးကျန်နေခြင်းထက် အစဉ်သဖြင့် များစွာ ပိုကောင်းပါသည်။ အချို့ဒေသများတွင် နေထိုင်မှုအခြေအနေများ အနည်းငယ် ချို့တဲ့နေလျှင်ပင် ပျမ်းမျှနေထိုင်မှု အဆင့်အတန်းတစ်ခုကိုမူ ရရှိနေဆဲဖြစ်သည်။ အရေးကြီးဆုံးမှာ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့်အတူ နေထိုင်နိုင်ခြင်း၊ မကြာခဏ စုဝေးပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်ခြင်း၊ သမ္မာတရားများကို ပိုမိုနားလည်လာခြင်းနှင့် မိမိတို့၏ လိုက်စားမှုပန်းတိုင်များမှာ အဘယ်အရာဖြစ်သည်ကို သိရှိလာခြင်းတို့ ဖြစ်သည်။ သို့ဖြစ်၍ သမ္မာတရားကို လိုက်စားသောသူတို့သည် ထိုအဖိုးအခကို ပေးဆပ်နိုင်ပြီး ထိုဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိကြသည်။ လူအများစုသည် ဤအရာအပေါ် မှန်ကန်သော သဘောထားရှိကြသည်၊ ထိုဆင်းရဲဒုက္ခသည် ခံရကျိုးနပ်ကြောင်းနှင့် ယင်းမှာ ၎င်းတို့ ကြုံတွေ့ရမည့်အရာဖြစ်ကြောင်း သိရှိလျက် ဘုရားသခင်ထံမှ ယင်းကို ခံယူနိုင်ကြသည်။ ၎င်းတို့သည် ယင်းကို မှန်ကန်စွာ ချဉ်းကပ်နိုင်သည်။ သို့သော် ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သော အချို့လူများသည် အမှုအရာများကို ဤနည်းလမ်းဖြင့် လုံးဝ သဘောပေါက်နားလည်နိုင်ခြင်းမရှိပေ။ ၎င်းတို့သည် တစ်ပတ်ကြာ အိမ်မပြန်နိုင်ခြင်းကို သည်းခံနိုင်ကောင်း သည်းခံနိုင်မည်၊ သို့သော် နှစ်ပတ်ကြာပြီးနောက် ၎င်းတို့သည် စိတ်အပြောင်းအလဲမြန်လာပြီး တစ်လ သို့မဟုတ် နှစ်လကြာသောအခါ ရိုင်းစိုင်းလာကာ ဤသို့ပြောဆိုကြသည်။ “အဘယ်ကြောင့် သင်တို့၏မိသားစုက ပျော်ရွှင်စွာ အတူတကွရှိနိုင်ပြီး ကျွန်ုပ်ကမူ ကျွန်ုပ်၏မိသားစုထံ မပြန်နိုင်ရသနည်း။ အဘယ်ကြောင့် ကျွန်ုပ်၌ လွတ်လပ်ခွင့်မရှိဘဲ သင်တို့အားလုံးကမူ အလိုရှိသလို ဝင်ထွက်သွားလာနိုင်ကြသနည်း” ဟူ၍ ဖြစ်သည်။ အခြားသူများက ဤသို့ပြန်ပြောကြသည်။ “ဤသည်မှာ အဆင်းနီသော နဂါးကြီးထံမှ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်သလော။ ဘုရားသခင်၏ နောက်လိုက်များအနေဖြင့် ကျွန်ုပ်တို့သည် ထိုသို့သော ဆင်းရဲဒုက္ခကို ခံရသည်မှာ သဘာဝကျသည် မဟုတ်သလော။ ဤဆင်းရဲဒုက္ခအနည်းငယ်က အဘယ်များ အရေးကြီးသနည်း။ အခြေအနေများကို ထောက်ရှုသော် အဘယ်အရာကို ဇီဇာကြောင်စရာ ရှိသေးသနည်း။ အခြားသူများက ဤဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်လျှင် သင် အဘယ်ကြောင့် မခံနိုင်ရသနည်း” ဟူ၍ ဖြစ်သည်။ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သောသူတို့သည် ဆင်းရဲဒုက္ခကို လုံးဝ မခံစားလိုကြပေ။ ၎င်းတို့ အဖမ်းခံရပြီး ထောင်ထဲသို့ အပို့ခံရပါက ၎င်းတို့သည် ယုဒများ ဖြစ်လာကြမည်မှာ သေချာသည်။ ဧည့်ခံသည့်မိသားစုနှင့် နေထိုင်ရာတွင် မည်မျှပင် ဆင်းရဲဒုက္ခရှိနိုင်မည်နည်း။ ပထမအချက်အနေဖြင့် အစားအစာသည် လူတို့စားသုံးသည့် အစာပင်ဖြစ်သည်၊ ဒုတိယအချက်အနေဖြင့် မည်သူမျှ သင့်ကို အခက်တွေ့အောင် မလုပ်ပေ၊ တတိယအချက်အနေဖြင့် မည်သူမျှ သင့်ကို အနိုင်မကျင့်ပေ။ သင် အိမ်မပြန်နိုင်ဘဲ သင်၏မိသားစုနှင့် ပြန်လည်မဆုံစည်းနိုင်ခြင်းသာ ရှိသည်၊ ထိုဆင်းရဲဒုက္ခအနည်းငယ်သည် ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သောလူများအတွက် လုံးဝ လက်မခံနိုင်စရာ ဖြစ်နေသည်။ အခြားသူများက ၎င်းတို့အား သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ ၎င်းတို့သည် ယင်းကို ခံယူရန် ငြင်းပယ်ကြပြီး ဤသို့သောစကားများကို ပြောဆိုကြသည်။ “ထိုကြီးကျယ်သော အယူဝါဒများအကြောင်း ကျွန်ုပ်ကို ဩဝါဒမခြွေနှင့်။ ကျွန်ုပ်သည် သင်ထက်မနည်း နားလည်ပါသည်၊ ဤအရာအားလုံးကို ကျွန်ုပ် သိပါသည်။ ကျွန်ုပ် မည်သည့်အခါတွင် အိမ်ပြန်နိုင်မည်ကိုသာ ပြောပါ။ အဆင်းနီသော နဂါးကြီးက ကျွန်ုပ်၏အိမ်ကို စောင့်ကြည့်ခြင်းကို မည်သည့်အခါတွင် ရပ်မည်နည်း။ အဆင်းနီသော နဂါးကြီးက ကျွန်ုပ်ကို ဖမ်းဆီးခြင်းကို မခံရဘဲ ကျွန်ုပ် မည်သည့်အချိန်တွင် အိမ်ပြန်နိုင်မည်နည်း။ ကျွန်ုပ် မည်သည့်အချိန်တွင် အိမ်ပြန်နိုင်မည်ကို မသိလျှင် မထူးတော့သည့်အတူတူ ကျွန်ုပ် အသက်မရှင်ဘဲ နေခြင်းက ပိုကောင်းပေမည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် နောက်တစ်ကြိမ် ပွဲဆူအောင်လုပ်ကြပြန်သည်၊ ဆက်၍ပြောဆိုရင်း မြေကြီးပေါ်တွင် ထိုင်ချကာ ကန်ကျောက်၍ ငိုယိုကြသည်၊ ပို၍ ကန်ကျောက်လေ ၎င်းတို့ ပို၍ဒေါသထွက်လေဖြစ်ပြီး ငိုကြွေးမြည်တမ်းခြင်းနှင့်အတူ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲကြပြန်သည်။ အခြားသူများက “သင်၏အသံကို တိုးတိုးပြောပါ။ သင် ဤကဲ့သို့ ဆက်လုပ်နေပြီး အိမ်နီးချင်းများ ကြားသွားပါက ဤနေရာ၌ သူစိမ်းများ နေထိုင်နေသည်ကို သိရှိသွားပြီး ကျွန်ုပ်တို့ ဖော်ထုတ်ခံရမည် မဟုတ်လော” ဟု ပြောဆိုကြသည်။ ၎င်းတို့က “ကျွန်ုပ် ဂရုမစိုက်ပေ၊ ကျွန်ုပ် ပွဲဆူအောင်လုပ်မည်သာဖြစ်သည်။ သင်တို့အားလုံး အိမ်ပြန်နိုင်ကြသော်လည်း ကျွန်ုပ်ကမူ မပြန်နိုင်ပေ။ ယင်းမှာ တရားမမျှတပေ။ သင်တို့လည်း ကျွန်ုပ်ကဲ့သို့ အိမ်မပြန်နိုင်သည်အထိ ကျွန်ုပ် ပွဲဆူအောင်လုပ်မည်” ဟု ပြန်ပြောကြသည်။ ၎င်းတို့၏ ထိန်းမနိုင်သိမ်းမရသော ပေါက်ကွဲမှုသည် မလျော့သွားသည့်အပြင် ၎င်းတို့၏ မကောင်းကြံလိုစိတ် ပေါ်လာသည်၊ မည်သူမျှ ၎င်းတို့အား အကျိုးသင့်အကြောင်းသင့် ပြောဆို၍မရ၊ မည်သူမျှ ၎င်းတို့ကို မဖျောင်းဖျနိုင်ပေ။ ၎င်းတို့၏ စိတ်အခြေအနေ အနည်းငယ် ကြည်လင်လာသည့်အခါ ၎င်းတို့သည် တိတ်ဆိတ်သွားပြီး ပြဿနာရှာခြင်းကို ရပ်တန့်လိုက်သည်။ သို့သော် မည်သူသိနိုင်မည်နည်း၊ မည်သည့်နေ့တွင်မဆို ၎င်းတို့သည် နောက်တစ်ကြိမ် ထိန်းမနိုင်သိမ်းမရ ပြဿနာရှာနိုင်သည်။ ၎င်းတို့သည် အပြင်ထွက် လမ်းလျှောက်ပြီး လွတ်လပ်စွာနေရန် လိုကိုလိုအပ်သည်၊ အိမ်ထဲတွင် အသံကျယ်ကျယ် ပြောဆိုရန် လိုကိုလိုအပ်သည်၊ ၎င်းတို့သည် အိမ်ပြန်ရန် အစဉ်အမြဲ ကြံစည်နေလိမ့်မည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ဤသို့သတိပေးကြသည်။ “အိမ်ပြန်ခြင်းသည် အလွန်အန္တရာယ်များလှသည်၊ ရဲများက နေရာကို စောင့်ကြည့်နေပြီး လေ့လာစောင့်ကြည့်နေသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့က “ကျွန်ုပ် ဂရုမစိုက်ပေ၊ ကျွန်ုပ် ပြန်ချင်သည်။ သူတို့ ကျွန်ုပ်ကို ဖမ်းလျှင် ဖမ်းပါစေ။ ဘာများ အရေးကြီးသနည်း။ အဆိုးဆုံးအနေဖြင့် ကျွန်ုပ် ယုဒတစ်ယောက် ဖြစ်သွားရုံသာ ဖြစ်သည်” ဟု ပြန်ပြောကြသည်။ ဤသည်မှာ ရူးသွပ်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ယုဒတစ်ယောက်ဖြစ်လိုကြောင်း ပေါ်တင်ပြောဆိုကြသည်။ မည်သူက ၎င်းတို့ကို ဧည့်ခံဝံ့မည်နည်း။ မည်သူက ယုဒတစ်ယောက်ကို ဧည့်ခံလိုသနည်း။ (ဧည့်မခံလိုပါ။) ထိုသို့သောလူသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဟုတ်သလော။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအဖြစ် ဧည့်ခံကြသည်။ ၎င်းတို့၏ လူ့သဘာဝ အနည်းငယ် ချို့တဲ့ပါက သည်းခံနိုင်ကောင်း သည်းခံနိုင်မည်၊ သမ္မာတရားကို မလိုက်စားခြင်းကိုလည်း သည်းခံနိုင်ကောင်း သည်းခံနိုင်မည်။ သို့သော် ၎င်းတို့သည် အသင်းတော်ကို သစ္စာဖောက်ပြီး ယုဒတစ်ယောက်ဖြစ်လာခြင်းဖြင့် ညီအစ်ကိုမောင်နှမများကို အန္တရာယ်ပြုနိုင်စွမ်းရှိပြီး ထိုသို့ဖြင့် လူများစွာကို ၎င်းတို့၏နေအိမ်များသို့ မပြန်နိုင်အောင် သို့မဟုတ် ၎င်းတို့၏တာဝန်များကို ပုံမှန်အတိုင်း မထမ်းဆောင်နိုင်အောင် ပြုလုပ်နိုင်သည်၊ ဤအကျိုးဆက်များကို မည်သူက ခေါင်းခံနိုင်မည်နည်း။ သင်သည် ဤကဲ့သို့သော ရန်သူမျိုးကို ဧည့်ခံဝံ့မည်လော။ ၎င်းတို့ကို ဧည့်ခံခြင်းသည် သင့်အနေဖြင့် ကိုယ့်ပြဿနာကိုယ်ရှာနေခြင်းသာ ဖြစ်သည် မဟုတ်သလော။

ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သောလူတို့သည် ပြုမူဆောင်ရွက်သည့်အခါ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကိုသာ တွေးတောကြပြီး မိမိတို့ နှစ်သက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စကားများသည် အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများနှင့် မိစ္ဆာဒိဋ္ဌိအယူများမှလွဲ၍ မည်သည့်အရာမျှမဟုတ်ဘဲ ၎င်းတို့သည် အသိခေါက်ခက်အဝင်နက်သူများ ဖြစ်ကြသည်။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားသည် လျှံထွက်နေသည်။ မိမိတို့အတွက် ဒုက္ခကို လက်ယပ်ခေါ်သလို ဖြစ်မည်စိုးသောကြောင့် မည်သူကမျှ ၎င်းတို့နှင့် မပတ်သက်ဝံ့သလို မည်သူကမျှ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ချင်စိတ်မရှိပေ။ အခြားလူတို့သည် ၎င်းတို့ကို စိတ်ထဲရှိသည့်အတိုင်းပြောရန် ရင်တမမဖြစ်ကြကာ ၎င်းတို့ မနှစ်သက်သည့်၊ သို့မဟုတ် ၎င်းတို့၏ ဆန္ဒများနှင့် မကိုက်သည့် စကားတစ်ခွန်းပြောမိလျှင် ယင်းကို မလွတ်တမ်းအသုံးချပြီး တရားလွန်ဖြစ်သော စွပ်စွဲမှုများကို ပြုလုပ်မည်ကို စိုးရွံ့ကြသည်။ ဤသို့သောသူများက မဆိုးယုတ်သလော။ အသက်ရှင်နေသော မကောင်းဆိုးဝါးများမဟုတ်လော။ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့် စိတ်မချရသော တွေးခေါ်စဉ်းစားမှုရှိသည့်သူများအားလုံးသည် အသက်ရှင်နေသော မကောင်းဆိုးဝါးများဖြစ်သည်။ တစ်စုံတစ်ယောက်က အသက်ရှင်နေသော မကောင်းဆိုးဝါးတစ်ကောင်နှင့် အဆက်အဆံပြုသောအခါ ခဏတာ ပေါ့ဆမှုလေးဖြင့် သူ့ကိုယ်သူ ဘေးဒုက္ခဖြစ်စေနိုင်သည်။ ဤသို့သော သက်ရှိမကောင်းဆိုးဝါးများသည် အသင်းတော်တွင်ရှိနေလျှင် ပြဿနာကြီးဖြစ်လိမ့်မည် မဟုတ်လော။ (ဟုတ်သည်။) ဤသက်ရှိမကောင်းဆိုးဝါးများသည် ဝုန်းဒိုင်းကြဲကာ ဒေါသူပုန်ထပြီးသည့်နောက်တွင် လူသားတစ်ယောက်ကဲ့သို့ ခဏတာ စကားပြောနိုင်ပြီး တောင်းပန်ကောင်း တောင်းပန်နိုင်သည်။ သို့သော် နောက်ပိုင်းတွင် ပြောင်းလဲမည်မဟုတ်ပေ။ သူတို့၏ စိတ်အခြေအနေသည် မည်သည့်အချိန်တွင် ဆိုးရွားသွားမည်ကိုလည်းကောင်း၊ သူတို့၏ ယုတ္တိမတန်သော အကြောင်းပြချက်များကို ကရားရေလွှတ် တတွတ်တွတ်ရွတ်ရင်း နောက်တစ်ကြိမ် ဒေါသတကြီး ပြုမူကြမည်ကိုလည်းကောင်း မည်သူမျှ မသိနိုင်ပေ။ သူတို့၏ ဒေါသတကြီးပြုမူခြင်းနှင့် စိတ်ခံစားချက် ပွင့်အံချမှု၏ ပစ်မှတ်သည် အကြိမ်တိုင်းတွင် မတူညီသကဲ့သို့ ထိုသို့ ပွင့်အံချမှု၏ အရင်းအမြစ်နှင့် နောက်ခံအကြောင်းအရာသည်လည်း ကွဲပြားခြားနား၏။ ဆိုလိုသည်မှာ မည်သည့်အရာမဆို သူတို့၏ ဒေါသကို ဆွပေးနိုင်သည်၊ မည်သည့်အရာမဆို သူတို့ကို စိတ်တိုင်းမကျ ဖြစ်စေနိုင်သည်၊ မည်သည့်အရာမဆို သူတို့ကို ဒေါသတကြီး ထိန်းမနိုင်သိမ်းမရ ပြုမူခြင်းတို့ဖြင့် တုံ့ပြန်စေနိုင်၏။ အလွန် ကြောက်မက်ဖွယ်ကောင်းလှ၏။ အလွန် ဒုက္ခများလှ၏။ ဤစိတ်ဖောက်ပြန်သော ဆိုးယုတ်သည့်လူများသည် အချိန်မရွေး စိတ်ဖောက်ပြန်သွားနိုင်၏။ ၎င်းတို့သည် မည်သည့်အရာကို လုပ်နိုင်စွမ်းရှိသည်ကို မည်သူမျှ မသိပေ။ ထိုသို့သောလူများကို ငါ အလွန်အမင်း မုန်းတီးသည်။ ထိုလူတစ်ယောက်ချင်းစီတိုင်း ဖယ်ရှားခြင်း ခံရသင့်သည်။ ၎င်းတို့အားလုံးကို ရှင်းလင်းပစ်ရမည်။ ၎င်းတို့နှင့် ငါထိတွေ့ဆောင်ရွက်လိုခြင်းမရှိပေ။ ၎င်းတို့သည် အတွေးတွင် နားဝေတိမ်ဆောင်ဖြစ်ပြီး စိတ်သဘောထားက ကြမ်းကြုတ်သည်။ ၎င်းတို့သည် ယုတ္တိမရှိသော အကြောင်းပြချက်များ၊ နတ်ဆိုးဆန်သော စကားများနှင့် ပြည့်နေသည်။ ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့သည် ထိုအရာများအကြောင်းကို စိတ်မြန်လက်မြန် ရင်ဖွင့်ကြသည်။ ၎င်းတို့ထဲမှ အချို့သည် စိတ်ထဲရှိသည်များကို ပေါက်ကွဲထွက်သည့်အခါ ငိုကြွေးကြသည်၊ အချို့က အော်ဟစ်ကြသည်၊ အချို့က ခြေဆောင့်ကြပြီး ခေါင်းခါကာ ခြေလက်များကို ဝှေ့ယမ်းကြသူအချို့ပင် ရှိသေးသည်။ ၎င်းတို့သည် တိရစ္ဆာန်များသာဖြစ်ပြီး လူသားများမဟုတ်ကြပေ။ အချို့သော ထမင်းချက်များသည် ဒေါသထွက်သည်နှင့် အိုးခွက်ပန်းကန်များကို ပစ်ပေါက်ကြသည်၊ ဝက် သို့မဟုတ် ခွေးမွေးမြူသော အခြားသူများမှာမူ ဒေါသထွက်သည်နှင့် ဤတိရစ္ဆာန်များကို ကန်ကျောက်ရိုက်နှက်ကြပြီး ၎င်းတို့၏ ဒေါသအားလုံးကို ထိုတိရစ္ဆာန်များအပေါ် ပုံချကြသည်။ ဤပုဂ္ဂိုလ်များသည် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ အစဉ် ဒေါသဖြင့် တုံ့ပြန်ကြသည်၊ ၎င်းတို့သည် ဆင်ခြင်သုံးသပ်ရန် မိမိတို့ကိုယ်ကို စိတ်တည်ငြိမ်အောင် မလုပ်သကဲ့သို့ ဘုရားသခင်ထံမှလည်း ယင်းကို မခံယူကြပေ၊ ၎င်းတို့သည် ဆုမတောင်းကြသကဲ့သို့ သမ္မာတရားကို မရှာဖွေကြ၊ အခြားသူများနှင့် မိတ်သဟာယဖွဲ့ရန်လည်း မရှာဖွေကြပေ။ ၎င်းတို့၌ ရွေးချယ်စရာမရှိသည့်အခါ သည်းခံကြသည်၊ သည်းခံလိုစိတ် မရှိသည့်အခါတွင်မူ ပေါက်ကွဲကြပြီး အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများကို ပြောဆိုကာ အခြားသူများကို စွပ်စွဲပြီး ပြစ်တင်ရှုတ်ချကြသည်။ ၎င်းတို့သည် ဤသို့သောစကားများကို မကြာခဏ ပြောဆိုကြသည်။ “သင်တို့အားလုံး ပညာတတ်ဖြစ်ပြီး ကျွန်ုပ်ကို အထင်သေးကြသည်ကို ကျွန်ုပ် သိပါသည်”၊ “သင်တို့၏မိသားစုများ ချမ်းသာကြွယ်ဝပြီး ကျွန်ုပ် ဆင်းရဲသောကြောင့် သင်တို့ ကျွန်ုပ်ကို အထင်အမြင်သေးကြသည်ကို ကျွန်ုပ် သိပါသည်”၊ သို့မဟုတ် “ကျွန်ုပ်၏ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ်မရှိသောကြောင့် သင်တို့ ကျွန်ုပ်ကို အထင်အမြင်သေးကြသည်ကို ကျွန်ုပ် သိပါသည်၊ ကျွန်ုပ် သမ္မာတရားကို မလိုက်စားသောကြောင့် သင်တို့ ကျွန်ုပ်ကို အထင်အမြင်သေးကြသည်ကို ကျွန်ုပ် သိပါသည်” ဟူ၍ ဖြစ်သည်။ မိမိတို့၏ များပြားလှသော ပြဿနာများကို သိသာထင်ရှားစွာ သိရှိနေသော်လည်း ၎င်းတို့သည် ထိုပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြသကဲ့သို့ အခြားသူများနှင့် မိတ်သဟာယဖွဲ့ရာတွင် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းအကြောင်းကိုလည်း မဆွေးနွေးကြပေ။ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကို ပြောဆိုသည့်အခါ ၎င်းတို့သည် မိမိအမှားကို ဖုံးကွယ်ရန် သူတစ်ပါးအပေါ် ပြန်လည်အပြစ်တင် စွပ်စွဲကာ ပြဿနာများနှင့် တာဝန်အားလုံးကို အခြားသူများအပေါ်သို့ တွန်းပို့ကြပြီး ၎င်းတို့၏ အပြုအမူအတွက် အကြောင်းရင်းမှာ အခြားသူများက ၎င်းတို့ကို မတရားဆက်ဆံသောကြောင့် ဖြစ်သည်ဟုပင် ညည်းညူကြသည်။ ၎င်းတို့၏ ဒေါသတကြီး အော်ဟစ်ဆူပူမှုများနှင့် အသိဉာဏ်မဲ့သော ပြဿနာရှာမှုများသည် အခြားသူများကြောင့် ဖြစ်ပေါ်လာရသည့်အလား၊ အခြားလူတိုင်းက အမှားကျူးလွန်သူများဖြစ်ပြီး ၎င်းတို့မှာမူ ဤနည်းလမ်းအတိုင်း ပြုမူရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိသဖြင့် တရားနည်းလမ်းကျစွာ မိမိတို့ကိုယ်ကို ကာကွယ်နေခြင်းဖြစ်သည့်အလားပင် ဖြစ်သည်။ ၎င်းတို့ မကျေနပ်သည့်အခါတိုင်း အခြားလူတိုင်းက မှားယွင်းသည့်အလား၊ ၎င်းတို့သာလျှင် ကောင်းသောလူများဖြစ်ပြီး အခြားလူတိုင်းက လူယုတ်မာများဖြစ်သကဲ့သို့ မိမိတို့၏ မကျေမချမ်းဖြစ်ခြင်းကို စတင်ထုတ်ဖော်ပြီး အဓိပ္ပာယ်မဲ့သောစကားများကို ကရားရေလွှတ် တတွတ်တွတ် ပြောဆိုကာ မိမိတို့၏ အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများကို မလျှော့တမ် ပြောဆိုကြသည်။ ၎င်းတို့ မည်မျှပင် ဒေါသတကြီး အော်ဟစ်ဆူပူသည်ဖြစ်စေ၊ မည်မျှပင် အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများကို ပြောဆိုသည်ဖြစ်စေ ၎င်းတို့အကြောင်း အကောင်းပြောဆိုရန် တောင်းဆိုကြသည်။ ၎င်းတို့ အမှားလုပ်သည့်အခါတွင်ပင် အခြားသူများက ၎င်းတို့ကို ဖော်ထုတ်ခြင်း သို့မဟုတ် ဝေဖန်ခြင်းပြုရန် တားမြစ်ကြသည်။ သင်သည် ၎င်းတို့၏ အသေးအဖွဲ ပြဿနာတစ်ခုကိုပင် ထောက်ပြပါက ၎င်းတို့သည် သင့်ကို အဆုံးမရှိသော အငြင်းပွားမှုများထဲသို့ ဆွဲသွင်းလိမ့်မည်။ ထိုအခါ သင်သည် ငြိမ်းချမ်းစွာ နေထိုင်ရန် မေ့လိုက်၍ရပြီဖြစ်သည်။ ဤသည်မှာ မည်သို့သော လူစားမျိုးနည်း။ ဤသည်မှာ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သောသူတစ်ဦးဖြစ်ပြီး ထိုသို့ပြုလုပ်သောသူတို့သည် ဆိုးယုတ်သောလူတို့ ဖြစ်ကြသည်။

ယေဘုယျအားဖြင့် ဆင်ခြင်တုံတရားမဲ့ကာ တစ်ဇွတ်ထိုးနိုင်သည့် စိတ်အနှောင့်အယှက်ပေးသော လူများသည် ကြီးမားသည့် ဖောက်ပြန်သော သို့မဟုတ် ဆိုးယုတ်သော မည်သည့်လုပ်ဆောင်ချက်များကိုမျှ မကျူးလွန်နိုင်သော်လည်း ၎င်းတို့၏အကျိုးစီးပွားများ၊ ဂုဏ်သတင်း၊ သို့မဟုတ် ဂုဏ်သိက္ခာတို့ ပါဝင်လာသောအခိုက်တွင် ၎င်းတို့သည် ချက်ချင်းဆိုသလို ဒေါသတကြီး ပေါက်ကွဲကြသည်၊ ဝုန်းဒိုင်းကြဲလျက် ထိန်းမနိုင်သိမ်းမရသော ပုံစံဖြင့် ပြုမူကြပြီး မိမိကိုယ်ကို အဆုံးစီရင်ရန်ပင် ခြိမ်းခြောက်ကြသည်။ ငါ့ကို ပြောလော့။ အကယ်၍ ထိုကဲ့သို့သောအဓိပ္ပါယ်မရှိသည့်၊ ရိုင်းစိုင်းသည့် လူတစ်ဦးသည် မိသားစုတစ်စုအတွင်းတွင် ပေါ်ထွက်လာပါက တစ်မိသားစုလုံး ဆင်းရဲဒုက္ခ ခံစားရကြလိမ့်မည် မဟုတ်လော။ ထိုအခါတွင် မိသားစုသည် ငိုကြွေးအော်ဟစ်ခြင်းများဖြင့် ပြည့်နှက်ကာ ဝရုန်းသုန်းကားအခြေအနေတွင် နစ်မြုပ်ကြရလိမ့်မည်ဖြစ်ပြီး အသက်ရှင်နေထိုင်ဖို့ မခံမရပ်နိုင်လောက်အောင် ဖြစ်သွားကြလိမ့်မည်။ အချို့အသင်းတော်များတွင် ထိုကဲ့သို့သောလူများရှိကြသည်။ အရာအားလုံးက ပုံမှန်အတိုင်း ရှိနေသောအချိန်တွင် ယင်းက မသိသာနိုင်သော်လည်း ၎င်းတို့သည် မည်သည့်အချိန်တွင် ရုတ်တရက် ထပေါက်ကွဲပြီး မိမိတို့ကိုယ်ကို ထုတ်ဖော်နိုင်မည်ကို သင်မည်သည့်အခါမျှ မသိနိုင်ပေ။ ထိုကဲ့သို့သော လူများ၏အဓိကသရုပ်သကန်များတွင် ဝုန်းဒိုင်းကြဲလျက် ဒေါထခြင်း၊ ယုတ္တိမရှိသော အငြင်းအခုံစကားများခြင်းဖြင့် စကားကြောရှည်ခြင်းနှင့် အများပြည်သူရှေ့၊ အခြားလူများအကြားတို့တွင် ဆဲဆိုခြင်းတို့ ပါဝင်သည်။ ဤကဲ့သို့သော အပြုအမူများသည် တစ်လတစ်ကြိမ် သို့မဟုတ် နှစ်ဝက်တစ်ကြိမ်မျှသာ ပေါ်ပေါက်လျှင်ပင် ၎င်းတို့သည် လူအများစု၏အသင်းတော်အသက်တာသို့ ခြားနားသော အနှောင့်အယှက်အဆင့်များကို ဆောင်ယူလာလျက် ကြီးမားသောပူပင်သောကနှင့် အခက်အခဲတို့ကို ဖြစ်စေသည်။ အကယ်၍ လူတစ်ဦးသည် ဤလူစားမျိုးထဲတွင် ပါဝင်လာကြောင်း အမှန်တကယ် ခိုင်မာလျှင် ၎င်းကို မဆိုင်းမတွ ကိုင်တွယ်သင့်ပြီး အသင်းတော်မှနေ၍ ဖယ်ထုတ်ပစ်သင့်သည်။ “ဤလူများသည် ဒုစရိုက်အမှုတစ်ခုခုကို မလုပ်ကြပါ။ ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် ယူဆ၍ မရနိုင်ပါ။ ကျွန်ုပ်တို့သည် ၎င်းတို့နှင့်ပတ်သက်ပါက သည်းခံပြီး စိတ်ရှည်သင့်သည်” ဟု လူအချို့က ပြောနိုင်သည်။ ငါ့ကိုပြောလော့။ ထိုကဲ့သို့သောလူများကို မကိုင်တွယ်ဘဲနေဖို့ အဆင်ပြေမည်လော။ (မဟုတ်ပါ၊ အဆင်မပြေပါ။) အဘယ်ကြောင့် အဆင်မပြေရမည်နည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏လုပ်ရပ်များသည် လူအများစုထံသို့ ကြီးမားသောဒုက္ခနှင့် စိတ်အနှောင့်အယှက်တို့ကို ဖြစ်စေသောကြောင့်ဖြစ်ပြီး အသင်းတော်အသက်တာကိုလည်း အဖျက်အမှောင့်လုပ်ခြင်းများဖြစ်စေသည်။) ဤအဆုံးသတ်အရ အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်သောသူများသည် ဆိုးယုတ်သောလူများ သို့မဟုတ် အန္တိခရစ်များ မဟုတ်ကြသည့်တိုင်အောင် ၎င်းတို့ကို အသင်းတော်တွင် ဆက်ရှိမနေစေသင့်သည်မှာ ရှင်းနေသည်။ အကြောင်းမှာ ထိုကဲ့သို့သောလူများသည် သမ္မာတရားကို မချစ်ကြဘဲ အလွန်အမင်း မနှစ်မြို့သည့်အပြင် ၎င်းတို့ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာကြာ ယုံကြည်သည်ဖြစ်စေ သို့မဟုတ် တရားဒေသနာမည်မျှများများ ၎င်းတို့ကြားရပါစေ၊ ၎င်းတို့သည် သမ္မာတရားကို လက်ခံကြလိမ့်မည် မဟုတ်ပေ။ မကောင်းသည့်တစ်ခုခုကို ၎င်းတို့လုပ်မိပြီး ပြုပြင်ခြင်းခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဝုန်းဒိုင်းကြဲ၍ ဒေါထကြပြီး ပေါက်ကရပြောကြတော့သည်။ ၎င်းတို့ကို လူတစ်ဦးက သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုသောအခါတွင်ပင်လျှင် ၎င်းတို့သည် ယင်းကို လက်မခံကြပေ။ ၎င်းတို့ကို မည်သူမျှ အကျိုးသင့်အကြောင်းသင့်ပြော၍ မရကြချေ။ ၎င်းတို့အား သမ္မာတရားနှင့်ပတ်သက်၍ ငါ မိတ်သဟာယ ပြုသောအခါတွင်ပင်လျှင် ၎င်းတို့သည် အပေါ်ယံတွင် နှုတ်ဆိတ်၍ နေကောင်းနေနိုင်သော်လည်း အတွင်းစိတ်ထဲတွင်မူ ယင်းကို လက်မခံကြပေ။ တကယ့်လက်တွေ့အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့လာရသောအခါတွင်မူ ၎င်းတို့သည် အမြဲတမ်း ပြုမူနေကျအတိုင်းပင် ဆက်လက်ပြုမူနေကြသေးသည်။ ငါ၏စကားများကို ၎င်းတို့ နားမထောင်ကြပေ၊ ထို့ကြောင့် သင်တို့၏ အကြံဉာဏ်ကို ၎င်းတို့က လက်ခံဖို့ဆိုသည်မှာ ပို၍ပင် နည်းလိမ့်မည်။ ဤလူများသည် ကြီးမားသော ဒုစရိုက်မှုကြီးများကို မကျူးလွန်ကောင်း မကျူးလွန်နိုင်ကြသော်လည်း ၎င်းတို့သည် သမ္မာတရားကို စိုးစဉ်းမျှပင် လက်မခံကြချေ။ ၎င်းတို့၏ သဘာဝအနှစ်သာရကို ကြည့်လျှင် ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ကင်းမဲ့ကြရုံသာမက ၎င်းတို့သည် မလိုအပ်သော ပြဿနာဖြစ်စေနိုင်သည့်အပြင် အကျိုးသင့်အကြောင်းသင့်မဟုတ်သည်လည်း ဖြစ်နိုင်ကြသည်။ ထိုကဲ့သို့သောလူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရနိုင်သလော။ လုံးဝ မရနိုင်ပေ။ သမ္မာတရားကို လုံးဝ လက်မခံသူများသည် မယုံကြည်သူများဖြစ်၏။ ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်ကြသည်။ ကိစ္စများက ၎င်းတို့ဖြစ်စေချင်သကဲ့သို့ မဖြစ်ကြသောအခါ ၎င်းတို့သည် ဝုန်းဒိုင်းကြဲ၍ ဒေါထကြသည်၊ ယုတ္တိမရှိသော အငြင်းအခုံစကားများကို ဆက်တိုက်ပြော၍ စကားကြောရှည်ကြပြီး သမ္မာတရားကို မည်မျှမိတ်သဟာယဖွဲ့ပါစေ နားမထောင်ကြပေ။ ထိုကဲ့သို့သောလူများသည် ဆင်ခြင်တုံတရားမဲ့ပြီး တစ်ဇွတ်ထိုးဆန်စွာ ပြဿနာရှာသူများဖြစ်ကြသည်၊ စင်စစ်ကို နတ်ဆိုးများနှင့် မကောင်းသောဝိညာဉ်များ ဖြစ်ကြသည်။ ၎င်းတို့သည် လူ့တိရစ္ဆာန်များထက် ပို၍ဆိုးပေသည်။ ၎င်းတို့သည် မမှန်ကန်သော ဆင်ခြင်တုံတရားရှိသည့် စိတ်ရောဂါသည်များဖြစ်ကာ မည်သည့်အခါမျှ အစစ်အမှန် နောင်တရဖို့ မတတ်နိုင်ကြပေ။ အသင်းတော်တွင် ၎င်းတို့ ကြာကြာနေလေ၊ ဘုရားသခင်နှင့် ပတ်သက်သည့်အယူအဆများ ၎င်းတို့တွင် ပို၍များများ ဖြစ်လေဖြစ်ကာ ဘုရားအိမ်တော်ထံမှ အကျိုးအကြောင်းမသင့်သည့် တောင်းဆိုမှုများကို ၎င်းတို့ ပို၍များများ ပြုကြလေဖြစ်သည့်အပြင် အသင်းတော်အသက်တာသို့ ပို၍ကြီးမားသော အဖျက်အမှောင့်လုပ်ခြင်းနှင့် အန္တရာယ်တို့ ဖြစ်ပေါ်စေလေဖြစ်သည်။ ဤသည်က ဘုရားသခင် ရွေးချယ်သည့်လူများ၏ အသက်ဝင်ရောက်မှုနှင့် အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုတို့အပေါ် ထိခိုက်စေသည်။ အသင်းတော်၏အလုပ်သို့ ၎င်းတို့၏ ထိခိုက်နစ်နာစေမှုသည် ဆိုးယုတ်သောလူများ၏ ထိခိုက်နစ်နာစေမှုထက် ပို၍မနည်းချေ။ ၎င်းတို့ကို အသင်းတော်မှနေ၍ ခပ်စောစောပင် ဖယ်ထုတ်သင့်သည်။ “၎င်းတို့သည် အနည်းငယ် ထိန်းမနိုင်သိမ်းမရရုံသာ ဖြစ်သည် မဟုတ်လား။ ၎င်းတို့သည် ဆိုးယုတ်သောလူများ ဖြစ်သည်အထိ မရောက်ကြသေးသောကြောင့် ၎င်းတို့အား ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံပါက ပို၍ ကောင်းမည် မဟုတ်လော။ ၎င်းတို့အား ကျွန်ုပ်တို့ ဆက်ခေါ်ထားပါက ၎င်းတို့ ပြောင်းလဲနိုင်ပြီး ကယ်တင်ခြင်း ခံရကောင်း ခံရနိုင်သည်” ဟူ၍ လူအချို့က ပြောကြသည်။ သင့်ကို ငါ ပြောမည်၊ ယင်းမှာ မဖြစ်နိုင်ပေ။ ၎င်းနှင့်ပတ်သက်ပြီး “ဖြစ်နိုင်ကောင်းသည်” ဆိုသည်မှာ မရှိပေ။ ဤလူများသည် ကယ်တင်ခြင်းခံရဖို့ လုံးဝ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လက်ခံဖို့ မဆိုထားနှင့်၊ နားပင်မလည်နိုင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ မရှိကြပေ။ ၎င်းတို့၏ စဉ်းစားတွေးခေါ်ပုံ လုပ်ငန်းစဉ်များသည် ပုံမှန် မဟုတ်ကြသည့်အပြင် ၎င်းတို့တွင် ကျင့်ကြံပြုမူခြင်းအတွက် လိုအပ်သော အခြေခံအကျဆုံး သာမန်လူ့အသိပင်လျှင် မရှိကြပေ။ ၎င်းတို့သည် အခြေအမြစ်ရှိသော ဆင်ခြင်တုံတရား ကင်းမဲ့သည့်လူများဖြစ်ကြသည်။ ဘုရားသခင်သည် ထိုကဲ့သို့သောလူများကို လုံးဝ မကယ်တင်ပေ။ အနည်းငယ် ပို၍ပုံမှန်ကျသော တွေးခေါ်မှုရှိပြီး အစွမ်းအစ ပိုကောင်းသောသူများပင်လျှင် သမ္မာတရားကို လုံးဝလက်မခံပါက ကယ်တင်ခြင်းမခံနိုင်ကြပေ၊ အခြေအမြစ်ရှိသော ဆင်ခြင်တုံတရား မရှိသောသူတို့အတွက်မူ ပြောစရာမလိုပေ။ ထိုသို့သောလူများကို မေတ္တာဖြင့် ဆက်ဆံနေဆဲဖြစ်ပြီး ၎င်းတို့အတွက် မျှော်လင့်ချက် ထားရှိနေခြင်းသည် အလွန်ပင် မိုက်မဲပြီး အသိဉာဏ်မဲ့ခြင်း ဖြစ်သည် မဟုတ်သလော။ ငါသည် သင်တို့ကို ယခု အမှန်တရား ပြောနေခြင်းဖြစ်သည်။ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်ပြီး အသိခေါက်ခက် အဝင်နက်သူတို့အား အသင်းတော်မှ ဖယ်ရှားခြင်းသည် လုံးဝ မှန်ကန်သည်။ ယင်းသည် အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့အပေါ် ၎င်းတို့၏ နှောင့်ယှက်မှုကို အခြေခံကျကျ ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန် ဖြစ်သည်။ မည်သည့်အသင်းတော်၌မဆို ထိုသို့သော ဆင်ခြင်တုံတရား မဲ့သည့်လူများ ရှိနေပါက ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ၎င်းတို့အကြောင်းကို သတင်းပို့သင့်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သော သတင်းပို့ချက်များကို လက်ခံရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းသင့်သည်။ ဤသည်မှာ ဆဋ္ဌမလူစားမျိုးဖြစ်သည့် ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သောသူတို့ကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်း ဖြစ်သည်။

ဆ။ တစ်သမတ်တည်း ဖောက်ပြန်ခြင်း

သတ္တမအမျိုးအစားမှာ ဖောက်ပြန်သော အပြုအမူများတွင် ပါဝင်သောသူများဖြစ်ပြီး အများအားဖြင့် ပြောလေ့ရှိသော အုပ်စုတစ်စု ဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝ၏ သရုပ်သကန်များသည် သွေးခွဲစကားများ ပြောဆိုခြင်း သို့မဟုတ် ဒုစရိုက်အမှုများ ပြုလုပ်ပြီး နှောင့်ယှက်မှုများ ဖြစ်စေခြင်းကဲ့သို့သော အရာမရှိဘဲ ထိုမျှ ဆိုးယုတ်ခြင်းမရှိသော်လည်း ၎င်းတို့၌ လိင်မတူသူများနှင့် ၎င်းတို့၏ ဆက်ဆံရေးများတွင် ပြဿနာများနှင့် အဖြစ်အပျက်များ အစဉ်ပေါ်ပေါက်လာသည်ဟူသော ဘုံလက္ခဏာတစ်ခု ရှိကြသည်။ အခွင့်အရေးများ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထိုသို့သော ပြဿနာများသည် ၎င်းတို့အတွက် အစဉ်ပေါ်ပေါက်လာနေပြီး အခွင့်အရေးများ မရှိပါက ၎င်းတို့က အခွင့်အရေးများကို ဖန်တီးကြရာ ထိုသို့သော “ဇာတ်လမ်းများ” မှာ မည်သို့ဖြစ်စေ ဖြစ်ပေါ်လာမည်သာ ဖြစ်သည်။ မည်သို့သောအခြေအနေတွင်မဆို၊ အခြားသူသည် မည်သူဖြစ်သည်ဖြစ်စေ သို့မဟုတ် ထိုသူသည် ၎င်းတို့နှင့် မည်မျှပင် ဝေးကွာသည်ဖြစ်စေ ထိုသို့သော အဖြစ်အပျက်များသည် ၎င်းတို့အတွက် အခါအားလျော်စွာ ဖြစ်ပေါ်တတ်သည်။ မည်သို့သော အဖြစ်အပျက်များ ဖြစ်သနည်း။ ၎င်းတို့သည် တစ်စုံတစ်ဦးနှင့် ချိန်းတွေ့ခြင်း သို့မဟုတ် တစ်စုံတစ်ဦးနှင့် အစဉ်ရင်းနှီးလိုခြင်း သို့မဟုတ် တစ်စုံတစ်ဦးအပေါ် ခံစားချက်များ ဖြစ်ပေါ်လာခြင်း သို့မဟုတ် တစ်စုံတစ်ဦးကို မျက်စိကျခြင်းတို့အပြင် အခြားထိုသို့သော အမှုအရာများ ဖြစ်ကြသည်။ ၎င်းတို့သည် ကာမဂုဏ်ဆိုင်ရာ တပ်မက်စိတ်များ၏ လွှမ်းမိုးမှုကို အစဉ်မပြတ် ခံရလျက် ပုံမှန်အတိုင်း အသက်ရှင်နေထိုင်ရန်နှင့် မိမိတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်ရန် အစဉ်ပျက်ကွက်ကြသည်။ ဆိုလိုသည်မှာ သာမန်လူများသည် ထိုသို့သော ပြဿနာများတွင် ပါဝင်မည်မဟုတ်သည့် သာမန်အခြေအနေများတွင် ၎င်းတို့သည် မကြာခဏ ပါဝင်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အထူးအခြေအနေများကိုမျှ မလိုအပ်သကဲ့သို့ ၎င်းတို့အတွက် အခွင့်အရေးများ ဖန်တီးပေးရန် မည်သူ့ကိုမျှ မလိုအပ်ဘဲ ဤအဖြစ်အပျက်များသည် သဘာဝအတိုင်းပင် ဖြစ်ပေါ်လာတတ်သည်။ ထိုသို့သော အဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် အကျိုးဆက်များ မည်သို့ပင်ဖြစ်စေ လူတစ်စု သို့မဟုတ် လူတစ်ဦးတစ်ယောက်သည် ယင်းအတွက် အဖိုးအခပေးဆပ်ရသည်သာ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အဖိုးအခများကို ပေးဆပ်ရသနည်း။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှု ထိခိုက်သည်၊ အသင်းတော်အလုပ် နှောင့်နှေးကြန့်ကြာပြီး အဟန့်အတားဖြစ်စေသည်၊ အချို့သော လူငယ်များသည် စိတ်အနှောင့်အယှက်ဖြစ်ရပြီး စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်ကာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတို့အပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးသွားကြသည်၊ အချို့လူများဆိုလျှင် မိမိတို့၏ တာဝန်များကိုပင် ဆုံးရှုံးသွားကြသည် သို့မဟုတ် စွန့်လွှတ်လိုက်ကြသည်။ ဖောက်ပြန်သော အပြုအမူများတွင် ပါဝင်သောသူတို့သည် အလွန်ဒုက္ခပေးတတ်ကြသည်။ အခြေအနေတိုင်းတွင် လိင်မတူသူများသည် ၎င်းတို့ထံသို့ တိုးဝင်ချဉ်းကပ်ကာ ပရောပရည်လုပ်ကြပြီး ကျီစယ်နောက်ပြောင်ခြင်းကိုပင် ပြုလုပ်လျက် ၎င်းတို့၏ ပတ်ပတ်လည်တွင် ဝိုင်းဝိုင်းလည်နေကြသည်။ အနှစ်သာရပိုင်းဆိုင်ရာ ပြင်းထန်သော ပြဿနာများ မပေါ်ပေါက်လာနိုင်သော်လည်း ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် ၎င်းတို့၏ ပုံမှန်အခြေအနေများကို ဆိုးရွားစွာ နှောင့်ယှက်ကြသည်။ ၎င်းတို့ သွားလေရာတိုင်းတွင် အခြားသူများအတွက်၊ အလုပ်အတွက်နှင့် အသင်းတော်အတွက် ဒုက္ခများနှင့် နှောင့်ယှက်မှုများကို ဆောင်ကြဉ်းကြပြီး မည်သည့်အခွင့်အရေးတွင်မဆို ၎င်းတို့ ဆွဲဆောင်မှုရှိသည်ဟု ထင်မြင်သော လိင်မတူသူများကိုပင် သွေးဆောင်ဖြားယောင်းကာ ၎င်းတို့နှင့် ဆက်ဆံရေးများ တည်ထောင်ကြသည်။ ဤသည်မှာ အလွန်အမင်း အနှောင့်အယှက်ဖြစ်စေသည်။ သူသည် တစ်စုံတစ်ဦးကို စွဲလန်းသွားသည်နှင့်တစ်ပြိုင်နက် ထိုသူသည် ဘုရားသခင်ကို ပုံမှန်အတိုင်း ယုံကြည်ရန် သို့မဟုတ် မိမိ၏ တာဝန်များကို ထမ်းဆောင်ရန် မစွမ်းနိုင်တော့ဘဲ ကံဆိုးမိုးမှောင်ကျရန် ကြမ္မာပါလာတော့သည်။ အကျိုးဆက်များမှာ စိတ်ကူး၍ပင်မရနိုင်ပေ။ ထိုသူသည် သွေးဆောင်ဖြားယောင်းသူနှင့် အဆက်အသွယ်မလုပ်ဘဲ သို့မဟုတ် မတွေ့ဘဲ မနေနိုင်တော့ပေ၊ ပြီးလျှင် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အလုပ်များနေစဉ်တွင် အိမ်ထောင်ပြုရန် သို့မဟုတ် အခြေတကျနေထိုင်ရန် မစွမ်းနိုင်ဘဲ ထိုဆက်ဆံရေးသည်လည်း မပြတ်တောက်နိုင်ဘဲ ရှိနေသည်။ အဆုံးတွင် မည်သို့ဖြစ်သနည်း။ ၎င်းတို့သည် အလွန်နာကျင်စွာဖြင့် ဆိုးဆိုးရွားရွား ဒုက္ခခံစားကြရတော့သည်။ ၎င်းတို့သည် ကပ်ဘေးများတွင် အပြစ်ဒဏ်ပေးခြင်းခံရသည်အထိ သည်းခံနေပါက ၎င်းတို့အတွက် လုံးဝပြီးဆုံးသွားပြီဖြစ်ပြီး ကယ်တင်ခြင်းရရန် ၎င်းတို့၏ မျှော်လင့်ချက်မှာ ပျက်သုဉ်းသွားပြီ ဖြစ်သည်။ အချို့သည် တစ်ကြိမ်ပြစ်မှားပြီး ပြုပြင်ခြင်းခံရသည့်အခါ နောင်တမရဘဲ ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ်ပင် ပြစ်မှားလျက် နှစ်နှစ် သို့မဟုတ် သုံးနှစ်အတွင်းတွင် ဆက်ဆံရေး သုံးခု သို့မဟုတ် လေးခုအထိ ထားရှိကြရာ ယင်းမှာ ဘုရားသခင် ရွေးချယ်ထားသောလူတို့နှင့် အသင်းတော်အသက်တာအတွက် နှောင့်ယှက်မှုတစ်ခု ဖြစ်ပေါ်စေပြီး ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ၎င်းတို့အား စက်ဆုပ်ရွံရှာစေသည်။ ဤသည်မှာ ၎င်းတို့အပေါ် တစ်သက်တာလုံး နောင်တရစေမည့် အစွန်းအထင်းတစ်ခုကို ချန်ထားခဲ့လေသည်။

အချို့လူများသည် အတော်အသင့် ရုပ်ရည်ကောင်းမွန်ပြီး အထိုက်အလျောက် ကျက်သရေရှိကာ အချို့သော ဆုကျေးဇူးများနှင့် ပါရမီများ ရှိသောကြောင့် သို့မဟုတ် အရေးကြီးသော အလုပ်အချို့ကို တာဝန်ယူထားသောကြောင့် လိင်မတူသူများသည် ယင်ကောင်များကဲ့သို့ ၎င်းတို့ကို ဝန်းရံလျက် အစဉ်ကပ်တွယ်နေကြသည်။ အချို့က ၎င်းတို့အား အစားအသောက်များ ကျွေးမွေးကြသည်၊ အချို့က ၎င်းတို့၏ အိပ်ရာကို ခင်းပေးကြသည်၊ အချို့က ၎င်းတို့၏ အဝတ်များကို လျှော်ဖွပ်ပေးကြသည်၊ အချို့က ၎င်းတို့အတွက် ကျန်းမာရေးအားဖြည့်ဆေးများနှင့် အလှကုန်များ ဝယ်ပေးကြပြီး လက်ဆောင်ငယ်များ ပေးကြသည် စသည်တို့ ဖြစ်သည်။ ၎င်းတို့သည် မည်သူလာသည်ဖြစ်စေ ငြင်းပယ်လေ့မရှိဘဲ၊ အခြားသူများ၏ ထိုသို့သော အပြုအမူသည် မသင့်လျော်ကြောင်းကို မိမိတို့စိတ်နှလုံးထဲ၌ သိရှိသော်လည်း မည်သည့်အခါမျှ ငြင်းပယ်ခြင်းမရှိဘဲ လိင်မတူသူများစွာကို တစ်ချိန်တည်းတွင် သွေးဆောင်ဖြားယောင်းကြသည်။ ထိုလူများသည် ၎င်းတို့အား အစေခံရန် အခွင့်အရေးအတွက် အချင်းချင်း ပြိုင်ဆိုင်ကြပြီး တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်ကာ မနာလိုဖြစ်နေကြစဉ်တွင် ဖောက်ပြန်သောသူမှာမူ မိမိကိုယ်ကို အလွန်ဆွဲဆောင်မှုရှိသည်ဟု ယုံကြည်လျက် ထိုခံစားချက်ကို မွေ့လျော်နေသည်။ အမှန်စင်စစ် အမျိုးသားနှင့် အမျိုးသမီးတို့၏ ကိစ္စရပ်များကို အရွယ်ရောက်ပြီးသူများ ကောင်းစွာနားလည်ကြပြီး အချို့သော အရွယ်မရောက်သေးသူများပင် နားလည်ကြသည်၊ လူမိုက်များ၊ ဉာဏ်ရည်မမီသူများ သို့မဟုတ် စိတ်ရောဂါသည်များသာလျှင် နားမလည်ကြပေ။ ဤလူများသည် လိင်မတူသူတစ်ဦးကို အစေခံရန်နှင့် စိတ်ကျေနပ်စေရန် အဘယ်ကြောင့် ဤမျှ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်နေကြသနည်း။ ယင်းမှာ သွေးဆောင်ဖြားယောင်းလိုခြင်းကြောင့်သာ ဖြစ်သည် မဟုတ်လော။ ရှင်းရှင်းလင်းလင်း ပြောရန် မလိုအပ်ပေ၊ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို လူတိုင်းသိကြသည်။ ယင်းမှာ လူတို့ ကောင်းစွာသိရှိထားသော အမှုအရာ၊ သိသာထင်ရှားစွာ မသင့်လျော်သော အမှုအရာဖြစ်သော်လည်း ထိုသူသည် ယင်းကို မငြင်းပယ်ဘဲ တိတ်တဆိတ် လက်ခံသည်၊ ယင်းကို မည်သို့ခေါ်သနည်း။ ယင်းကို ပရောပရည်လုပ်ခြင်းဟု ခေါ်သည်။ ယင်းမှာ အမျိုးသားနှင့် အမျိုးသမီးတို့အကြား သွေးဆောင်ဖြားယောင်းခြင်းနှင့် ပတ်သက်ကြောင်း ၎င်းတို့သိကြသော်လည်း ဇာတိပကတိ၏ ကာမဂုဏ်ဆိုင်ရာ တပ်မက်စိတ်များကို ဖြည့်ဆည်းခြင်းမှ ရရှိသော ရင်ဖိုလှိုက်မောမှုအတွက် ၎င်းတို့သည် မငြင်းပယ်လိုကြပေ။ ၎င်းတို့သည် ဤခံစားချက်မှာ လောကရှိ မည်သည့်အရသာရှိသော အစားအစာထက်မဆို သာ၍ကောင်းသော ပျော်ရွှင်မှုတစ်မျိုးဖြစ်သည်ဟု ခံစားရသောကြောင့် မငြင်းပယ်ကြခြင်း ဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်က မငြင်းပယ်သည့်အခါ ၎င်းတို့ကို သွေးဆောင်ဖြားယောင်းနေသူများသည် မိမိတို့ကိုယ်ကို ထိုသူနှစ်သက်သောသူဟု ထင်မှတ်ကာ ထိုအခြေအနေကို စိတ်ထဲ၌ မွေ့လျော်လျက် သာ၍ပင် ပျော်ရွှင်ကြသည်။ ပြီးလျှင် ထိုသူကမူ အမှန်တကယ် ဆက်ဆံရေးတစ်ခု မဖြစ်ပေါ်သရွေ့ ယင်းမှာ မည်သည့်ပြင်းထန်သော အရာအဖြစ်မျှ မသတ်မှတ်ဟုလည်းကောင်း၊ ဘာသာတရားမရှိသူများအကြားရှိ ဖောက်ပြန်ခြင်းမှာ ဤသည်ထက် များစွာ ပိုဆိုးသည်ဟုလည်းကောင်း၊ ဤသည်မှာ ပုံမှန်ချိန်းတွေ့ခြင်းနှင့် ဆင်တူသော သွေးဆောင်ဖြားယောင်းခြင်းဟု အများဆုံး သတ်မှတ်ခံရသည်ဟုလည်းကောင်း တွေးထင်သည်။ သို့သော် ချိန်းတွေ့ခြင်းသည် ဤကဲ့သို့ ဖြစ်သင့်ပါသလော။ ယနေ့ တစ်ယောက်၊ နက်ဖြန် တစ်ယောက်ဖြင့် မည်သူနှင့်မဆို မဆင်မခြင် အကြိမ်ကြိမ်အခါခါ ချိန်းတွေ့ခြင်းနှင့် သွေးဆောင်ဖြားယောင်းခြင်းတို့တွင် ပါဝင်နေသည်။ ၎င်းတို့ သွားလေရာရာ၌ ထိုသို့သော ဖောက်ပြန်သည့်လူများသည် မိမိတို့၏ ကာမဂုဏ်ဆိုင်ရာ တပ်မက်စိတ်များကို ထုတ်လွှတ်ရန်၊ ဂုဏ်ဖော်ရန်နှင့် သွေးဆောင်ဖြားယောင်းခြင်းတွင် ပါဝင်ရန် ဦးစားပေးကြသည်။ ၎င်းတို့ သွေးဆောင်ဖြားယောင်းသည့်လူ ပိုများလေ ၎င်းတို့ ပို၍ ပျော်ရွှင်လေ ဖြစ်သည်။ အဆုံးတွင် မည်သို့ဖြစ်သွားသနည်း။ အကြိမ်ကြိမ် ဂုဏ်ဖော်ပြီးနောက် အချို့ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ အပြုအမူကို ပိုင်းခြားသိမြင်လာပြီး အထက်အဆင့်ခေါင်းဆောင်များထံ စုပေါင်း၍ စာရေးတိုင်ကြားကြသည်။ စုံစမ်းစစ်ဆေးမှုတစ်ခုက ၎င်းတို့၏ အဆိုများကို အတည်ပြုလိုက်ပြီး ဖောက်ပြန်သောသူသည် အသင်းတော်မှ သန့်စင်ဖယ်ရှားခြင်းခံရသည်။ မည်သို့ဖြစ်သွားသည်ကို မြင်ပြီလော။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ ၎င်းတို့၏ လမ်းခရီးသည် ထိုနေရာတွင် အဆုံးမသတ်သွားပေလော။ ၎င်းတို့၏ အဆုံးသတ်သည် ဖော်ထုတ်ခြင်းခံရလေပြီ။ လူတို့ သည်းမခံနိုင်သော ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူများသည် ဘုရားသခင်အတွက် သာ၍ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ ဤလူများ ပြသသော အပြုအမူသည် လူအချင်းချင်းအကြား သင့်လျော်သော ဆက်ဆံရေးများကို ကိုယ်စားမပြုသကဲ့သို့ ပုံမှန်လူသား၏ လိုအပ်ချက်များကိုလည်း ထင်ဟပ်ခြင်းမရှိပေ။ ၎င်းတို့၏ လုပ်ရပ်များကို စကားလုံးတစ်လုံးတည်းဖြင့်သာ ဖော်ပြနိုင်သည်၊ ယင်းမှာ “ဖောက်ပြန်ခြင်း” ဖြစ်သည်။ ဖောက်ပြန်ခြင်းသည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ လိင်မတူသူများနှင့် မဆင်မခြင် ဆက်ဆံခြင်း၊ တာဝန်မဲ့စွာဖြင့် အခြားသူများကို မိမိအလိုအတိုင်း သွေးဆောင်ဖြားယောင်းခြင်း၊ လိင်မတူသူများကို ဆွဲဆောင်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို ဆိုလိုသည်။ ယင်းမှာ ကာမဂုဏ်နှင့် ကစားခြင်းဖြစ်ပြီး အဖိုးအခ သို့မဟုတ် အကျိုးဆက်များကို ထည့်မစဉ်းစားဘဲ ထိုသို့ပြုလုပ်ခြင်း ဖြစ်သည်။ အကယ်၍ နောက်ဆုံးတွင် တစ်စုံတစ်ဦးက ထောင်ချောက်မိသွားပြီး ၎င်းတို့နှင့် ချစ်ရည်လူးသော ပရောပရည်လုပ်ခြင်းတွင် ပါဝင်လာပါက ၎င်းတို့က “ကျွန်ုပ်က နောက်နေတာပါ၊ သင်က အတည်ယူနေတာလား။ ကျွန်ုပ် တကယ်တော့ အဲ့ဒီလိုစိတ်မရှိပါဘူး၊ သင်က အပိုတွေးနေတာပါ” ဟု ပြောဆိုလျက် အသိအမှတ်မပြုတော့ပေ။ ဤသည်မှာ လူတို့ကို စုံစမ်းသွေးဆောင်နေသည့် နတ်ဆိုးတစ်ကောင် မဟုတ်လော။ လူတစ်ဦးကို စုံစမ်းသွေးဆောင်ပြီးနောက် ၎င်းတို့သည် အခြားသူများကို သွေးဆောင်ဖြားယောင်းလျက် ၎င်းတို့၏ နောက်ပစ်မှတ်ကို ရှာဖွေကြသည်။ ၎င်းတို့သည် မည်မျှ ဆိုးရွားပြီး ကောက်ကျစ်လိုက်ပါသနည်း။ တစ်စုံတစ်ဦးကို သွေးဆောင်ဖြားယောင်းပြီးနောက် ၎င်းတို့သည် အသိအမှတ်မပြုကြပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ထိုသို့သောလူ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး ရောယှက်မိသွားပါက ယင်းမှာ စက်ဆုပ်ရွံရှာဖွယ် မကောင်းပေလော။ (ဟုတ်ပါသည်။) မဆင်မခြင် သွေးဆောင်ဖြားယောင်းသောလူများသည် မုန်းတီးဖွယ်ကောင်းသလော။ (ဟုတ်ပါသည်။) ဘုရားအိမ်တော်သည် အစကတည်းကပင် ပြောဆိုခဲ့သည်မှာ အကယ်၍ လူတစ်ဦးသည် အိမ်ထောင်ပြုသင့်သောအရွယ်သို့ ရောက်ရှိပြီး အရွယ်ရောက်ပြီးသူဖြစ်ပါက ဘုရားအိမ်တော်သည် ၎င်းတို့၏ ပုံမှန်ချိန်းတွေ့ခြင်းကို သို့မဟုတ် ၎င်းတို့၏ အိမ်ထောင်ပြုပြီး ပုံမှန်နည်းလမ်းဖြင့် အတူတကွ နေထိုင်ခြင်းကို မဆန့်ကျင်ဘဲ ထိုသို့ပြုလုပ်ရန် ၎င်းတို့အား ခွင့်ပြုပြီး လွတ်လပ်ခွင့်ပေးသည် ဟူ၍ဖြစ်သည်။ သို့ရာတွင် အခြေအနေများစွာ ရှိသည်၊ ဖောက်ပြန်သော အပြုအမူများတွင် ပါဝင်ခြင်းကို ခွင့်မပြု၊ မဆင်မခြင် သွေးဆောင်ဖြားယောင်းခြင်းနှင့် ပရောပရည်လုပ်ခြင်း၊ လိင်မတူသူများကို ပေါ့ပေါ့ဆဆ နှောင့်ယှက်ခြင်းတို့ကို ခွင့်မပြုပေ။ ဘုရားအိမ်တော်သည် ချိန်းတွေ့ခြင်းကို မကန့်သတ်သော်လည်း မဆင်မခြင် သွေးဆောင်ဖြားယောင်းခြင်းကိုမူ ခွင့်မပြုပေ။ မဆင်မခြင် သွေးဆောင်ဖြားယောင်းခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ မည်သည့်လိင်မတူသူကိုမဆို နှောင့်ယှက်ခြင်း၊ ထိုသို့ပြုလုပ်ပြီးနောက်တွင်လည်း ထိုသို့ပြုလုပ်ခဲ့ကြောင်း ဝန်မခံခြင်းကို ဆိုလိုသည်။ ၎င်းတို့ နှောင့်ယှက်သောလူများသည် ၎င်းတို့၏ စစ်မှန်သော ချစ်သူများမဟုတ်ပေ၊ ၎င်းတို့သည် ရေရှည်ဆက်ဆံရေးများတွင် ပါဝင်ရန် သို့မဟုတ် အိမ်ထောင်ပြုရန် ရည်ရွယ်ခြင်းမရှိဘဲ သွေးဆောင်ဖြားယောင်းရန်၊ အခြားသူကို ကစားစရာအဖြစ် သဘောထားရန်၊ ၎င်းတို့ထံမှ အခွင့်အရေးယူရန်၊ စိတ်လှုပ်ရှားမှု ရှာဖွေရန်၊ အဖော်များစွာနှင့် ပတ်သက်ရန်၊ ကာမဂုဏ်လိုက်စားသူကဲ့သို့ ပြုမူရန်သာ ဆန္ဒရှိကြသည်၊ ဤသည်ကို ဖောက်ပြန်ခြင်းဟု ခေါ်သည်။ အသင်းတော်၌ ဖောက်ပြန်ခြင်းကို ခွင့်မပြုပေ၊ အကယ်၍ ဖြစ်ပေါ်လာပါက ပါဝင်ပတ်သက်သူများကို လူများကို ရှင်းလင်းပစ်ခြင်းဆိုင်ရာ စည်းမျဉ်းများအတိုင်း ကိုင်တွယ်သင့်သည်။ ဧဝံဂေလိအဖွဲ့များအတွင်းတွင်မူ ဧဝံဂေလိတရားကို ဟောပြောသောသူများအတွက် ထိုသို့သောအခြေအနေများ ဖြစ်ပေါ်လာရန် ခွင့်မပြုသည်မှာ ပြောစရာမလိုပေ၊ ၎င်းတို့သည် အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်များမှဖြစ်စေ၊ သာမန်အသင်းတော်များမှဖြစ်စေ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဧဝံဂေလိတရား ဟောပြောခြင်းဟူသော အကြောင်းပြချက်ကို အသုံးပြု၍ အခြားသူများကို မဆင်မခြင် သွေးဆောင်ဖြားယောင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ရန် လိင်မတူသူများကိုသာ ရွေးချယ်ခြင်း သို့မဟုတ် လိင်မတူသူများကိုသာ ဧဝံဂေလိတရား ဟောပြောခြင်း၊ ထိုသို့ဖြင့် မသင့်လျော်သော ဆက်ဆံရေးများတွင် ပါဝင်ရန် အခွင့်အရေးယူခြင်းတို့ကို ပြုလုပ်ပါက ဤသည်မှာ ဘုရားသခင်၏ ဧဝံဂေလိအလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခြင်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သောလူများကို ချက်ချင်း သန့်စင်ဖယ်ရှားရမည်။

လိင်မတူသူများကို ရှာဖွေပြီး ဖောက်ပြန်သော အပြုအမူများတွင် ပါဝင်ရန်အလို့ငှာ အချို့လူများသည် အသက်အရွယ်ကို လုံးဝမထောက်ထားဘဲ အသက်ကန့်သတ်ချက်လည်း မရှိပေ။ ၎င်းတို့သည် အရှက်တရား တစ်စက်မျှမရှိဘဲ တတ်နိုင်သမျှ များများ သွေးဆောင်ဖြားယောင်းရန် ကြိုးစားကြသည်။ အချို့သည် လိင်မတူသူများကို သွေးဆောင်ဖြားယောင်းရာတွင် မိမိတို့၏ ဇာတိပကတိ၏ ကာမဂုဏ်ဆိုင်ရာ တပ်မက်စိတ်များကို ဖြည့်ဆည်းရုံသာမက အခြားတစ်ဖက်အား ၎င်းတို့၏ နေထိုင်စရိတ်ကို ပေးဆောင်ရန်၊ ၎င်းတို့အတွက် ပစ္စည်းများ ဝယ်ပေးရန် စသည်တို့ကိုပင် တောင်းဆိုကြလိမ့်မည်။ အကယ်၍ သင်တို့သည် ထိုသို့သောလူများကို တွေ့ရှိပါက သို့မဟုတ် တစ်စုံတစ်ဦးက ထိုသို့သော ဖြစ်ရပ်များကို တိုင်ကြားပါက ၎င်းတို့ကို ချက်ချင်း ကိုင်တွယ်သင့်သည်။ တစ်ခုတည်းသော ဖြေရှင်းချက်မှာ ဤလူများကို ရှင်းလင်းပစ်ရန်၊ ၎င်းတို့ကို အမြဲတမ်း ရှင်းလင်းပစ်ရန် ဖြစ်သည်။ အကြောင်းမှာ ထိုသို့သော ပြဿနာများရှိသော လူများအတွက် ယင်းမှာ လုံးဝ ယာယီပြဿနာတစ်ခု မဟုတ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ အိမ်ထောင်ရှိသူများအတွက် အထူးသဖြင့် သက်ဆိုင်သည်၊ အိမ်တွင် အိမ်ထောင်ဖက်ရှိနေသော်လည်း ၎င်းတို့သည် ဧဝံဂေလိတရား ဟောပြောခြင်းကို အကြောင်းပြချက်လုပ်၍ လိင်မတူသူများကို သီးသန့်ပစ်မှတ်ထားနေဆဲ ဖြစ်သည်။ ၎င်းတို့သည် ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ မည်သည့်အမျိုးအစားကိုမဆို ရှာဖွေကြပြီး အကယ်၍ ၎င်းတို့နှစ်သက်သော တစ်စုံတစ်ဦးကို တွေ့ရှိပါက ဧဝံဂေလိတရားကိုပင် မဟောပြောတော့ဘဲ၊ ဘုရားသခင်ကိုပင် မယုံကြည်တော့ဘဲ ထိုသူနှင့် ခိုးရာလိုက်ပြေးကောင်း လိုက်ပြေးနိုင်သည်။ ထိုသို့သောလူများကို စောစီးစွာ တွေ့ရှိနိုင်ပါက ၎င်းတို့အား နောက်ထပ်အခွင့်အရေး မပေးဘဲ၊ နောက်ထပ် စောင့်ကြည့်လေ့လာရန် မလိုအပ်ဘဲ ဧဝံဂေလိတရား ဟောပြောသောသူများ၏ အဖွဲ့ထဲမှ လျင်မြန်စွာနှင့် အမြဲတမ်း ရှင်းလင်းပစ်သင့်သည်။ သင်နားလည်သလော။ အချို့က “အချို့အတွက် ဘဝက ခက်ခဲပါသည်။ အကယ်၍ ၎င်းတို့က မိသားစုတစ်ခု ဖွဲ့စည်းရန် လိင်မတူသူတစ်ဦးကို သွေးဆောင်ဖြားယောင်းပြီး အခြားသူက ဘုရားသခင်ကို ယုံကြည်နိုင်ကာ ၎င်းတို့ကို ထောက်ပံ့နိုင်မည်ဆိုလျှင် ယင်းမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသောကိစ္စ ဖြစ်မည် မဟုတ်လော” ဟု ဆိုကြသည်။ ငါသင်တို့ကို ပြောမည်၊ ထိုသို့သောလူများကို တတ်နိုင်သမျှ စောစီးစွာ ရှင်းလင်းပစ်ရန် လိုအပ်သည်၊ ၎င်းတို့သည် မိသားစုဘဝအတွက် လုံးဝမဟုတ်ဘဲ ဖောက်ပြန်သော အပြုအမူများတွင် ပါဝင်ရန်အတွက်သာ ဖြစ်သည်။ အဘယ်ကြောင့် ငါသည် ဤမျှသေချာနေရသနည်း။ အကယ်၍ ၎င်းတို့သည် ဖောက်ပြန်သော အပြုအမူများတွင် ပါဝင်သည့် အမျိုးအစားမဟုတ်ခဲ့ပါက ဘုရားသခင်ကို ယုံကြည်လာပြီးနောက် ၎င်းတို့သည် ထိုသို့သော အပြုအမူများကို လုံးဝ ဆက်လက်ပြုလုပ်တော့မည်မဟုတ်ဘဲ ယင်းတို့ကို စက်ဆုပ်ရွံရှာဖွယ်အဖြစ် တွေ့ရှိကြလိမ့်မည်၊ အထူးသဖြင့် ၎င်းတို့သည် အိမ်ထောင်ရှိသူများဖြစ်ပါက သာ၍ပင် ဖြစ်သည်။ ယခုအခါ တစ်ကမ္ဘာလုံးရှိ ခေတ်ရေစီးကြောင်းများသည် ဖောက်ပြန်ပြီး ကောက်ကျစ်ဆိုးယုတ်သည်၊ လူတို့သည် မိမိတို့၏ ကာမရာဂကို လိုက်လျောကြပြီး မည်သည့်ချုပ်တည်းမှုမျှ မလိုအပ်ဘဲ မည်သူက လိင်မတူသူများကို ပို၍ သွေးဆောင်ဖြားယောင်းနိုင်သည်ကို ယှဉ်ပြိုင်ကြသည်၊ အကြောင်းမှာ ဤလူ့အဖွဲ့အစည်းနှင့် ဤလူသားမျိုးနွယ်သည် ဤလုပ်ရပ်များကို ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် မထီမဲ့မြင်ပြုခြင်း မရှိသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ လူတို့က အကယ်၍ ၎င်းတို့သည် ဖောက်ပြန်သော အပြုအမူများတွင် ပါဝင်ခြင်းနှင့် မိမိတို့၏ ဇာတိပကတိကို ရောင်းချခြင်းတို့မှတစ်ဆင့် ငွေရှာနိုင်ပါက ယင်းမှာ ကျွမ်းကျင်မှု သို့မဟုတ် စွမ်းဆောင်နိုင်မှု၏ အမှတ်အသားတစ်ခုဖြစ်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် ယင်းကို ဂုဏ်ယူဖွယ်ရာအဖြစ် ရှုမြင်ကြသည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်လာပြီးနောက် ဤကိစ္စရပ်များအပေါ် လူတို့၏ အမြင်များသည် လုံးဝ ပြောင်းလဲသွားသည်။ ၎င်းတို့သည် ဇာတိပကတိ၏ ကာမရာဂဆိုင်ရာ တပ်မက်စိတ်များကို ဆက်ဆံရန် မှန်ကန်သောနည်းလမ်းကို ရှာဖွေတွေ့ရှိကြသည်၊ ယင်းမှာ ပထမဦးဆုံးနှင့် အဓိကအားဖြင့် ချုပ်တည်းခြင်း ပါဝင်သည်။ လူတစ်ဦးသည် မည်သို့ ချုပ်တည်းနိုင်မည်နည်း။ လူတို့သည် အရှက်တရားကို သိရန်နှင့် အရှက်တရားသိစိတ် ရှိရန် လိုအပ်သည်။ ယင်းကို ပုံမှန် လူ့သဘာဝဟု ခေါ်သည်။ လူတိုင်းတွင် ကာမရာဂဆိုင်ရာ တပ်မက်စိတ်များ ရှိကြသော်လည်း လူတို့သည် မိမိတို့ကိုယ်ကို ချုပ်တည်းရန်၊ အရှက်တရားသိစိတ် ရှိရန် သိရှိဖို့ လိုအပ်သည်။ ၎င်းတို့တွင် ဤသို့သော အတွေးအချို့ ရှိနေလျှင်ပင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောကြောင့် မိမိတို့ကိုယ်ကို ချုပ်တည်းသင့်သည်။ ၎င်းတို့သည် မိမိတို့၏ စိတ်ထဲရှိ မသင့်လျော်သော အတွေးများကို လုံးဝ လိုက်နာခြင်းမပြုရ၊ ယင်းတို့ကို လိုက်လျောခြင်းမှာမူ သာ၍ပင် မပြုရ။ ၎င်းတို့သည် ဤပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သော ယုံကြည်သူအသစ်များ ဖြစ်နေလျှင်ပင် လူ့ကိုယ်ကျင့်တရား၏ အခြေခံအကျဆုံးသော စံနှုန်းများနှင့် မိမိတို့ကိုယ်ကို တိုင်းတာသင့်ဆဲ ဖြစ်သည်။ အကယ်၍ သင်သည် ဤအဆင့်ရှိ ချုပ်တည်းမှုကိုပင် ကင်းမဲ့နေပါက သင်သည် ပုံမှန် လူ့သဘာဝနှင့် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ကင်းမဲ့နေခြင်း ဖြစ်သည်။ တိရစ္ဆာန်အမျိုးမျိုးအားလုံးသည် ဤကိစ္စနှင့်ပတ်သက်၍ တိကျသော စည်းစနစ်တစ်ခုကို နာခံပြီး စည်းမျဉ်းများကို လိုက်နာကြကာ မဆင်မခြင် မပြုမူကြပေ၊ လူသားများအနေဖြင့် လူတို့သည် မဆင်မခြင် ပြုမူရန် သာ၍ပင် မဖြစ်နိုင်ဘဲ သာ၍ပင် ကြီးမားသော ချုပ်တည်းမှု ရှိသင့်သည်။ အကယ်၍ သင်သည် ဤအဆင့်ရှိ ချုပ်တည်းမှုနှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းပင် ကင်းမဲ့နေပါက သင်သည် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ရန် မည်သို့ မျှော်လင့်နိုင်မည်နည်း။ အကယ်၍ သင်သည် သင်၏ ကိုယ်ပိုင် ဆိုးယုတ်သော ကာမရာဂကိုပင် မဖြေရှင်းနိုင်ပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သို့ ဖြေရှင်းနိုင်မည်နည်း။ ဘုရားသခင်ကို ဆန့်ကျင်ပြီး သစ္စာဖောက်သော သင်၏ သဘာဝကိုမူ ဖြေရှင်းရန် သာ၍ပင် မဖြစ်နိုင်တော့မည် မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ သင်သည် ဇာတိပကတိ၏ ကာမရာဂတည်းဟူသော ဤအရေးကိုပင် ကောင်းစွာမကိုင်တွယ်နိုင်ပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် မည်သို့ မျှော်လင့်နိုင်မည်နည်း။ ယင်းအကြောင်းကို စဉ်းပင်မစဉ်းစားနှင့်။ သင်သည် ယင်းကို စွမ်းဆောင်နိုင်မည် မဟုတ်ပေ။

အချို့လူများသည် ဧဝံဂေလိတရားကို ဟောပြောနေစဉ် ချိန်းတွေ့ရန် အခွင့်အရေးများကို အစဉ်ရှာဖွေကြပြီး ထိုသို့သော အဖြစ်အပျက်များသည် မကြာခဏ ဖြစ်ပွားတတ်သည်။ မိမိတို့၏ သင့်လျော်သော အလုပ်များကို လျစ်လျူရှုလျက် အချစ်ရေးတွင် အကျင့်ပါနေသူများကို ရှင်းလင်းပစ်ပြီး ကိုင်တွယ်ခဲ့ပြီးဖြစ်ကာ၊ ရံဖန်ရံခါ ပြစ်မှားသူများကိုမူ သတိပေးထားသည်။ ကောက်ကျစ်ဆိုးယုတ်သော ဤစိတ်သဘောထားများရှိသည့် ဤပုဂ္ဂိုလ်များသည် သင့်လျော်သော အခြေအနေများကို တွေ့ရှိပြီး ၎င်းတို့ ချစ်သူအဖြစ် သတ်မှတ်သော တစ်စုံတစ်ဦးနှင့် ကြုံတွေ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် ကောင်းချီးများ ရရှိရန် ၎င်းတို့၏ ရည်ရွယ်ချက်သည် ၎င်းတို့၏ ဆိုးယုတ်သော ကာမရာဂအလယ်တွင် ထိုသို့ဖြင့် ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် အချစ်ရေးတစ်ခုထဲသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် ကောင်းချီးခံစားရရန် ၎င်းတို့၏ ရည်ရွယ်ချက်ကိုပင် စွန့်လွှတ်ကာ အခြားအရာအားလုံးကို လျစ်လျူရှုပြီး ဇာတိပကတိ၏ ပျော်ရွှင်မှုကိုသာ လိုက်စားကြသည်။ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပြစ်မှားပြီးနောက် ၎င်းတို့သည် အနည်းငယ် မိမိကိုယ်ကို အပြစ်တင်ခြင်းနှင့် စိတ်မချမ်းမသာဖြစ်ခြင်းကို ခံစားရနိုင်သော်လည်း သုံးကြိမ် သို့မဟုတ် လေးကြိမ်အပြီးတွင်မူ ယင်းသည် ဖောက်ပြန်ခြင်း ဖြစ်လာသည်။ ဖောက်ပြန်ခြင်း စတင်သည်နှင့်တစ်ပြိုင်နက် လူ့သဘာဝ၏ အနိမ့်ဆုံးစည်းဖြစ်သော အရှက်တရားသည် ကျိုးပေါက်သွားပြီဖြစ်သောကြောင့် ၎င်းတို့သည် မိမိကိုယ်ကို အပြစ်တင်ခြင်း သို့မဟုတ် စိတ်မချမ်းမသာဖြစ်ခြင်းကို မခံစားရတော့ပေ။ ၎င်းတို့သည် ဖောက်ပြန်ခြင်းကို ရှက်ဖွယ်အဖြစ် မမှတ်ယူတော့ဘဲ ထိုသို့ဖြင့် ယင်းတွင် ဆက်လက်ပါဝင်ကြသည်။ ဖောက်ပြန်ခြင်းတွင် ဆက်လက်ပါဝင်နိုင်သောသူများသည် မည်သည့်ချုပ်တည်းမှုမျှ မပြဘဲ မိမိတို့၏ ကာမဂုဏ်ဆိုင်ရာ တပ်မက်စိတ်များတွင် အထူးပင် လိုက်လျောကြသည်။ ထိုသို့သော ပုဂ္ဂိုလ်များကို အသင်းတော်၌ ခွင့်မပြုဘဲ သန့်စင်ဖယ်ရှားပစ်ရမည်၊ ၎င်းတို့ကို အလိုမလိုက်ကြနှင့် သို့မဟုတ် ၎င်းတို့ကို ဆက်လက်ထားရှိရန် မည်သည့်ဆင်ခြေမျှ မပေးကြနှင့်။ ဘုရားအိမ်တော်သည် ဧဝံဂေလိတရား ဟောပြောရန် လူ မရှားပါ၊ ဤသည်မှာ ဘုရားသခင်၏ နာမတော်ကို ဆိုးရွားစွာ ဂုဏ်သရေပျက်စေသည့်အတွက် နေရာဖြည့်ရန် ထိုသို့သော တဏှာကြီးသူများကို မလိုအပ်ပေ။ ထို့ကြောင့် အကယ်၍ တစ်စုံတစ်ဦးက တိုင်ကြားလျှင် သို့မဟုတ် သင်ကိုယ်တိုင် ဧဝံဂေလိတရား ဟောပြောသောအဖွဲ့အတွင်း၌ ထိုသို့သော ပုဂ္ဂိုလ်များကို တွေ့ရှိပါက သင်သည် မည်သို့လုပ်ဆောင်ရမည်ကို သိသင့်သည်။ အကယ်၍ အချို့သော ယုံကြည်သူအသစ်များတွင် ဤပြဿနာရှိပါက သင်တို့သည် ဖောက်ပြန်ခြင်း အပြုအမူများကို ကျူးလွန်သူများအပေါ် အသင်းတော်၏ စည်းမျဉ်းများနှင့် သဘောထားများမှာ အဘယ်အရာဖြစ်သည်ကို လူတိုင်းအား သိစေလျက် ဤပြဿနာနှင့်စပ်လျဉ်း၍ သမ္မာတရားကို ဦးစွာ မိတ်သဟာယဖွဲ့သင့်သည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့အား ယင်းထဲသို့ ကျမသွားစေရန်နှင့် ဧဝံဂေလိတရား ဟောပြောခြင်းကို ထိုသို့သော အပြုအမူများတွင် ပါဝင်ရန် အခွင့်အရေးအဖြစ် အသုံးမပြုစေရန် ကြိုတင်သတိပေးချက်တစ်ခု ပေးသင့်သည်၊ သို့မဟုတ်ပါက နောက်ဆုံးတွင် သက်ဆိုင်ရာ သမ္မာတရားစည်းမျဉ်းများကို ကြိုတင်မိတ်သဟာယမဖွဲ့ခဲ့သည့်အတွက် တာဝန်ရှိသူများ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များကို အပြစ်တင်ကြလိမ့်မည်။ ထို့ကြောင့် ထိုသို့သော အဖြစ်အပျက်များ မဖြစ်ပွားမီ၊ အချို့လူများက ထိုသို့သော ပုဂ္ဂိုလ်များနှင့် ကိစ္စရပ်များအပေါ် ဘုရားအိမ်တော်၏ သဘောထားကို မသိရှိမီ၊ လူတို့သည် ဤပြဿနာများအပေါ် မရှင်းမလင်းဖြစ်နေသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စရပ်များမှာ မည်သို့သော အပြုအမူနှင့် သဘာဝအောက်တွင် အကျုံးဝင်သည်ကိုလည်းကောင်း၊ ထိုသို့သော ကိစ္စရပ်များနှင့် ပုဂ္ဂိုလ်များအပေါ် ဘုရားအိမ်တော်၏ သဘောထားမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း ၎င်းတို့အား သိရှိစေရန် ဤစည်းမျဉ်းများကို ရှင်းလင်းပြတ်သားစွာ မိတ်သဟာယဖွဲ့ရမည်။ ဤစည်းမျဉ်းများကို စေ့စေ့စပ်စပ် မိတ်သဟာယဖွဲ့ပြီးနောက် အကယ်၍ ၎င်းတို့သည် ဤစည်းမျဉ်းများကို သိရှိနေသော်လည်း မိမိတို့၏ နည်းလမ်းအတိုင်းသာ ဆက်လက်စွဲကိုင်ပြီး ဇွတ်တိုးလုပ်ကြမည်ဆိုလျှင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး ရှင်းလင်းပစ်ရမည်။ အကယ်၍ ထိုသို့သော ပုဂ္ဂိုလ်များ အသင်းတော်၌ ပေါ်ပေါက်လာပြီး အခြားသူများကို သွေးဆောင်ဖြားယောင်းခြင်းဖြင့် အဖြစ်အပျက်များကို မကြာခဏ ဖြစ်ပွားစေပါက သို့မဟုတ် လိင်မတူသူများကို မကြာခဏ နှောင့်ယှက်မှုများ ဖြစ်စေပါက ၎င်းတို့တွင် ပြဿနာများ သေချာပေါက် ရှိနေသည်။ အမှန်တကယ် ပြဿနာများ မဖြစ်ပွားခဲ့လျှင်ပင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤပုဂ္ဂိုလ်များကို သတိပေးပြီး ကိုင်တွယ်သင့်သည် သို့မဟုတ် လူတို့ တာဝန်ထမ်းဆောင်သည့် နေရာများမှ ၎င်းတို့ကို ဖယ်ရှားသင့်သည်၊ ပြင်းထန်သော အခြေအနေများတွင်မူ ၎င်းတို့ကို တိုက်ရိုက် ရှင်းလင်းပစ်သင့်သည်။ လူ့သဘာဝ၏ သရုပ်သကန်များနှင့်စပ်လျဉ်း၍ သတ္တမကဏ္ဍအပေါ် ကျွန်ုပ်တို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် အဆုံးသတ်ပါသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်

အရှေ့သို့- ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၅)

နောက်တစ်ခုသို့- ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၇)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။