၁၆၁ ခရစ်ယာန်တို့၏ နှလုံးသားများထဲက နှုတ်ကပတ်တော်များ

၁ တရုတ်ပြည်တွင် ဘုရားသခင်ကို ယုံကြည်ပြီး၊ သက်သေခံရန် အဘယ်ကြောင့် အလွန် ခက်ခဲရပါသနည်း။ တရုတ်ကွန်မြူနစ်ပါတီ သည် ဘုရားသခင်နှင့် ခရစ်ယာန်များအတွက် အဘယ်ကြောင့် ထိုသို့သော အလွန်အမင်း မုန်းတီးမှု ရှိပါသနည်း။ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဘာသာရေး ယုံကြည်မှု လွတ်လပ်ခွင့်ကို ပြဋ္ဌာန်းသည့်အချိန်တွင်၊ အဘယ်ကြောင့် တရုတ်ကွန်မြူနစ်ပါတီသည် ခရစ်ယာန်များကို ဖမ်းဆီးပြီး နှိပ်စက်ညှင်းပန်းပါသနည်း။ ညီအစ်ကို မောင်နှမများစွာသည် ရဲများ၏ နောက်ယောင်ခံလိုက်ခံရပြီး၊ စောင့်ကြည့်စစ်ဆေးခံခဲ့ကြရသည်။ များစွာသောသူတို့သည် ထောင်ထဲသို့ ထည့်ခံကြရပြီး၊ သေသည်အထိ ညှင်းပန်းခံရသည်၊ များစွာသော သူတို့မှာ မိမိတို့၏ အိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် သိသာထင်ရှားစွာပင် ဘဝ၌ မှန်ကန်သော လမ်းကြောင်း ဖြစ်သည်၊ သို့သော် ယင်းသည် သွားပုပ်လေလွင့်ပြောခံရပြီး အပုပ်ချခံရသည်။ ဘုရားသခင်ကို သက်သေခံကြသည့် ခရစ်တော်၏ နောက်လိုက်များသည် အဖမ်းခံရပြီး နှိပ်စက်ခံကြရသည်။ လူနှစ်ဦး သို့မဟုတ် သုံးဦးသည် ဘုရားသခင်၌ ယုံကြည်ခြင်းအကြောင်း ပြောဆိုလျှင်၊ တရားမဝင် စုဝေးမှုတစ်ခု ကျင်းပပြုလုပ်သကဲ့သို့ သူတို့ ရှုတ်ချခံကြရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုဖို့ သူတို့ စုဝေးကြသည့်အခါ၊ လူထုငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်ခြင်းနှင့် ပတ်သက်၍ စွပ်စွဲခံကြရသည်။ လမ်းနှင့် လမ်းသွယ်တိုင်းတွင် ကင်မရာများ တိုးပွားလာကြသည်၊ အရပ်ဝတ်အရာရှိများနှင့် သူသျှိုများက နေရာတကာတွင် ရှိပြီး၊ နည်းနည်းမျှ သတိလစ်ဟင်းရုံဖြင့်၊ ဘုရားသခင်ကို ယုံကြည်သူတို့ အဖမ်းခံရနိုင်ပြီး ထောင်ချခံရနိုင်သည်။ မည်သည့်အချိန်တွင် ကျွန်ုပ်တို့ စုဝေးပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိုးရိမ်မှုမရှိဘဲ ဖတ်ရှုနိုင်သနည်း။ ကျွန်ုပ်၏ နှလုံးသား ငိုကြွေးသည်။ ဘုရားသခင်ကို ယုံကြည်ဖို့၊ ခရစ်တော်နောက်လိုက်ပြီး သက်သေခံဖို့မှာ မှန်ကန်ပြီး သင့်တော်သည်။ ကျွန်ုပ်သည် ခရစ်ယာန်တစ်ဦးဖြစ်ပြီး၊ လွတ်လပ်မှုရှိသော ကမ္ဘာလောကကို ကျွန်ုပ် တောင်းတမိပါသည်။

၂ တရုတ်ကွန်မြူနစ်ပါတီသည် ဘုရားသခင်ကို ၎င်း၏ မဆုတ်မနစ် ရန်လိုခဲ့ပြီး အိမ်အသင်းတော်များကို ချေမှုန်းသုတ်သင်လေသည်။ ၎င်းသည် အွန်လိုင်း မီဒီယာများကို အသုံးပြုရင်း ခရစ်ယာန်များကို သွားပုပ်လေလွင့်ပြောသည်၊ ခရစ်ယာန်များကို တစ်ဖက်စွန်းရောက်စွာ ရှာဖွေဖို့၊ အမျိုးစုံကြိုးစားပြီး နေရာတကာ ပိုက်ကွန်ကို ပစ်ရင်း ရဲအင်အားကို စစ်စည်းရုံးသည်။ ပြည်သူလူထုကို ခရစ်ယာန်များအား သတင်းပို့ရန်နှင့် သူတို့အပေါ် အနီးကပ်စောင့်ကြည့်ရန် တိုက်တွန်းလေသည်၊ ခရစ်တော်ကို ၎င်း၏ လိုက်လံဖမ်းဆီရာတွင် ဘာအတွက်ကြောင့်မှ မရပ်တန့်ဘဲ၊ ခရစ်တော် မျိုးဖြုတ်ခံရသည့်အခါမှသာ ပျော်ရွှင်လိမ့်မည်ဖြစ်သည်။ ယင်းသည် အသင်းတော်များကို ဝိုင်းပြီး၊ ခရစ်ယာန်များ နေစရာ မရှိအောင် ချန်ထားရစ်သည်။ ကျွန်ုပ်တို့ ဘုရားသခင်ကို ယုံကြည်မှုနှင့် ခရစ်တော်နောက်လိုက်ခြင်းတွင် ယုတ္တိမတန်သည့်အရာ သို့မဟုတ် တရားမဝင်သည့်အရာ ဘာမျှမရှိပါ။ အဘယ်ကြောင့် တရုတ်ကွန်မြူနစ်ပါတီသည် ခရစ်ယာန်များကို နှိပ်စက်ညှင်းပန်းပြီး၊ ဘဝတွင် သူတို့၏ လုပ်ပိုင်ခွင့်ကို ပိတ်ပင်ပါသနည်း။ လူသားမျိုးနွယ်ကို ကယ်တင်ရန် ခရစ်တော်၏ သမ္မာတရား ဖော်ပြခြင်းကို အဘယ်ကြောင့် ရှုတ်ချပြီး ဖိနှိပ်ပါသနည်း။ သမ္မာတရားကို ရှာဖွေခြင်းမှ၊ ခရစ်တော်နောက်လိုက်ခြင်း နှင့် လူ့ဘဝ၏ မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းခြင်းမှ လူတို့ကို အဘယ်ကြောင့် ၎င်းက တားဆီးပါသနည်း။ လူသားအလယ်တွင် ကယ်တင်ရှင်၏ ကြွရောက်ခြင်းကို ဟောပြောခြင်းနှင့် သက်သေခံခြင်းတို့အား အဘယ်ကြောင့် တားမြစ်ပါသနည်း။ ဤအရာကို သင်က နိုင်ငံတော် အစိုးရဟု ခေါ်ပါသလား။ ဥပဒေများ၊ ကောင်းကင်နှင့်ဆိုင်သော အခြေခံသဘောတရားများက အဘယ်မှာနည်း။ လူ့အခွင့်အရေးများက အဘယ်မှာနည်း။ လွတ်လပ်မှုက အဘယ်မှာနည်း။ တရုတ်ပြည်သည် နတ်ဆိုး၏ မြေအောက်အကျဉ်းတိုက် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ဖို့၊ ခရစ်တော်နောက်လိုက်ပြီး သက်သေခံဖို့မှာ မှန်ကန်ပြီး သင့်တော်သည်။ ကျွန်ုပ်သည် ခရစ်ယာန်တစ်ဦးဖြစ်ပြီး၊ ဘဝ၏ လမ်းခရီးကို ရွေးချယ်ရန်မှာ ကျွန်ုပ်၏ လုပ်ပိုင်ခွင့် ဖြစ်သည်။

အရှေ့သို့- ၁၆၀ ဗရုတ်သုတ်ခနိုင်သော လမ်းကြောင်းတစ်ခုက ကျွန်ုပ်ကို သာ၍ပင် စိတ်ပိုင်းဖြတ်ချက်ချစေသည်

နောက်တစ်ခုသို့- ၁၆၂ အလင်း၏ လမ်းကြောင်းဆီသို့ ပြေးခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။